သည်တစ်လခွဲအတွင်း ဝမ်လင်းက ရိက္ခာခြောက်အချို့ကို စုဆောင်း၍ ထုပ်ပိုးထားခဲ့သည်။ သူက လရောင်အောက်တွင် ရွာလေးထဲသို့ ဖြတ်လျှောက်၍ သွားနေသည်။
သည်အခိုက်တွင် သူက လွန်ခဲ့သောနှစ်ပေါင်းငါးရာက အကြောင်းကို ပြန်တွေးမိသွား၏။ သူက ဟုန်ယွီကလန်၏ ပယ်ချခြင်းကို ခံရတုန်းက အိမ်ကနေ ခုလိုညသန်းခေါင်တွင်ပင် ထွက်လာခဲ့၏။ သူက ထိုသို့ထွက်လာလိုက်ကတည်းက သူ့ခရီးက စတင်ခဲ့သည်။
ဝမ်လင်းက သက်ပြင်းချကာ အကွာအဝေးတစ်ခုဆီသို့ ဆက်၍ လျှောက်သွား၏။
သူက ခုချိန်တွင် ဘယ်သွားရမှန်းမသိချေ။ သူက အစီအရင်၏ ရွှေ့ပြောင်းခြင်း ခံလိုက်ရကတည်းက သူမည်သည့်နေရာသို့ ရောက်နေမှန်း ရှာဖွေချိန်မရခဲ့ချေ။ ခုချိန်၌ သူက စိတ်ဝိညာဉ်သွေးကြောတစ်ခုကို ရှာတွေ့ချင်နေမိသည်။ သို့မှသာ သူက စိတ်ဝိညာဉ်စွမ်းအင်အချို့ကို ရရနိုင်ပြီး နယ်ပယ်နှင့်ချိပ်တံဆိပ်ကို သူ့ကိုယ်ပေါ်မှ ပယ်ဖျက်သည့် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်မည်ဖြစ်၏။
ညနက်နက်တွင် လေအေးများ တိုက်ခိုက်သဖြင့် ဝမ်လင်းခန္ဓာကိုယ်က တုန်ယင်နေ၏။ ဝမ်လင်းက ခါးသက်စွာပြုံး၍ သူက အစစ်အမှန်သေမျိုးတစ်ယောက်ကဲ့သို့ မည်မျှကြာအောင် နေနေရဦးမည်အား တွေးနေခဲ့၏။
သူက ပထမတစ်ကြိမ် သေမျိုးတစ်ယောက်လို ကျင့်ကြံတုန်းက ခုတစ်ကြိမ်ထက် အဆများစွာ သာသေး၏။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက အသက်မနည်းရှူနေရသည်။ သူက ဖြည်းဖြည်းချင်း ဆက်သွားနေ၏။ ခုနစ်ရက်ကြာပြီးသည့်နောက် သူက လမ်းမကြီးတစ်ခုပေါ်သို့ ရောက်လာခဲ့သည်။
သူက သူ့တွင်စိတ်ဝိညာဉ် စွမ်းအင်များ မရှိတော့သော်လည်း အာရုံခံနိုင်စွမ်းတော့ ရှိနေသေး၏။ သူက စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် ရှိသော နေရာများကို ရှာတွေ့ခဲ့သေးသည်။ သို့သော် သူကမည်မျှပင် ကြိုးစားကျင့်ကြံပါစေ သူ့ခန္ဓာကိုယ်ထဲသို့ မည်သည့်စိတ်ဝိညာဉ် စွမ်းအင်ကိုမျှ စုဆောင်းနိုင်စွမ်း မရှိ ဖြစ်ရသည်။
ဝမ်လင်းက ခါးသီးစွာတွေးနေမိသည်။
“ဖြစ်နိုင်တာကတော့ ဒေသခံကလန်တွေကသာ စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းတဲ့နေရာတွေ ရှိနေမှာ … ”
သို့သော် သူက အခုလက်ရှိ သူ့အခြေအနေနှင့် ကလန်တစ်ခုသို့ မည်သို့ဝင်ရောက်နိုင် ပါ့မည်နည်း။
ဝမ်လင်းက သက်ပြင်းချ၏။ သူက ကောင်းကင်ထက်ကို မော့ကြည့်သည်။ သူ့စိတ်နှလုံးထဲ၌ မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နေခဲ့သည်။ သို့သော် သည်ခံစားချက်က အလျင်အမြန် ပြန်ပျောက်ကွယ်သွား၏။ သူက သူ့စိတ်ကိုသူ ပြတ်သားစွာဆုံးဖြတ်သည်။ သူက အသက်ဝဝရှူသွင်း၍ ခပ်တိုးတိုးပြောလိုက်သည်။
“ရွှမ်ယွဲ့နဲ့ ဘီလူးနတ်ဆိုးကလန် … ငါက ဒီအဖျက်အပျက်ကို မေ့မပစ်နိုင်ဘူး။ တနေ့ ငါက မင်းတို့ငါ့ကို လုပ်ခဲ့တာထက် အဆတစ်ရာ ပြန်ပေးဆပ် ခိုင်းပြမယ် … ”
သူက ဆုံးဖြတ်ချက်ပြန်သားဟန်ဖြင့် မတ်တတ်ရပ်၍ ရှေ့သို့ ထပ်မံလျောက်သွားပြန်သည်။
သို့သော် ထိုအခိုက်တွင် သူ့နောက်မှာ မြင်းခွာသံများကြားလိုက်ရ၏။ သည်အသံများက အိပ်ပျော်နေသော ညကို ဆူညံသွားစေ၏။
ဝမ်လင်းက အသံကြားလိုက်ပြီးပြီးချင်း မြင်းနက်အုပ်စုတစ်စုသည် တစ်ကောင်ပြီး တစ်ကောင် ရောက်ရှိလာ၏။ မြင်းများပေါ်၌ လူသတ်သမား မျက်နှာများနှင့် ဗလတောင့်တောင့် လူများထိုင်၍လိုက်ပါလာကြသည်။ သူတို့ထဲကတစ်ယောက်က မြင်းဖြင့်ဖြတ်ကျော်သွားစဉ် ဝမ်လင်းကို မြင်လိုက်သည်။ သူက မြင်းဇက်ကြိုးကို ဆွဲ၍ ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။
“ဟားဟား ဘယ်လောက်တောင်ရုပ်စိုးတဲ့ ကောင်လဲ … ငါတို့အတွက်တော့ ကံကောင်းတာပဲ … ”
ထိုသို့ပြောပြီးနောက်သူက ဝမ်လင်းကို လှမ်းဆွဲယူလိုက်သည်။
ရှေ့ကနေ အော်သံတစ်ခု ထွက်ပေါ်လာ၏။
“မာလေး … မင်း ဘာလုပ်နေတာလဲ … ”
“သူဌေး … ငါက ကံကောင်းစေတဲ့အရာတစ်ခုကို တွေ့ခဲ့တာပါ။ ငါတို့က ဒီရုပ်ဆိုးကောင်ရဲ့ ခြေလက်တွေကို ဖြတ်ပြီး လမ်းပေါ်မှာချထားရင် ကောင်းကင်စွမ်းအားပို့ဆောင်ရေးအဖွဲ့ရဲ့ လှည်းတွေကို ပိတ်ဆို့ထားနိုင်တယ်။ ဒါက ငါတို့ ညီကိုတွေကို အသုံးပြုတာထက် ပိုကောင်းလိမ့်မယ် … ”
မျက်နှာတွင် ဓားရာကြီး ရှိသော ဗလတောင့်တောင့်လူကြီးက သူ့မြင်းကို အမိန့်ပေး၍ ရှေ့သို့ ဆက်သွားလေသည်။
သည်လူကြီးက ရှေ့သို့ တိုးသွားပြီး ဝမ်လင်းကို မြှောက်၍ ပြုံးကာ ပြောလိုက်သည်။
“သူဌေးဒီမှာကြည့် … ”
ဝမ်လင်းက မျက်လုံးမှိတ်ထားလျက်ရှိသည်။ သူက အလွန်ဒေါသထွက်နေခဲ့သည်။ သေမျိုးကမ္ဘာရှိ သိုင်းပညာရှင်အချို့ကပင် သူကို ခုလိုမျိုး အရှက်ခွဲနိုင်နေ၏။
သူတို့နှစ်ယောက်ရှေ့တွင် ရှိနေသော မြင်းပေါ်ရှိ လူကြီးက ဝမ်လင်းကို ကြည့်၍ ခေါင်းညိတ်ပြသည်။
“ကောင်းပြီ … .သူ့ကို ခေါ်လာခဲ့ … ”
မြင်းဆယ့်ရှစ်ကောင်အုပ်စုက အကွာအဝေးတစ်ခုသို့ မြင်းကဆုန်ပေါက်၍ ဆက်သွားကြ၏။
သူတို့အုပ်စုက လမ်းမကြီး၏ ကီလိုမီတာ (၁၅၀၀) အကွာရှိ လမ်းစုံတွင် ရပ်တန့်လိုက်ကြ၏။ သည့်နောက် သူတို့အားလုံးက မျက်နှာဖုံးများ တပ်ဆင်လိုက်ကြပြီး လမ်းမဘေးရှိ နေရာအနှံ့တွင် နေရာယူ၍ ပုံးအောင်းလိုက်ကြသည်။
သည်လူများ၏ လှုပ်ရှားမှုများက ကျွမ်းကျင်လို့နေ၏။ သူတို့က အခုလိုမျိုး အကြိမ်များစွာ လုပ်ဖူးသည်မှာ ရှင်းလင်းလှ၏။
မျက်စိတစ်မှိတ်အတွင်း လမ်းပေါ်တွင်ကျန်ခဲ့သည့်လူဆို၍ ဝမ်လင်းနှင့်မျက်နှာပေါ်တွင် ဓားအမာရွတ်ကြီး ရှိနေသည့်သူတို့ နှစ်ယောက်သာ ကျန်ခဲ့လေ၏။ သူက ဝမ်လင်းကို တစ်နေရာတွင် ချိတ်ဆွဲထားလိုက်၏။
“ညီခြောက်..အစ်ကိုရဲ့မြင်းကို ယူသွားပေး … ”
သူက ထိုသို့ပြောလိုက်ပြီးသည်နှင့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက် ထွက်ပေါ်လာပြီး သူ့မြင်းကို အဝေးကို ဆွဲခေါ်သွား၏။
“ကောင်စုတ်လေး … မင်းကိုယ်မင်း ကံမကောင်းဘူးလို့သာ ထင်မှတ်နေလိုက်တော့ … ”
ဗလတောင့်တောင့်လူကြီးက ရက်စက်စွာပြုံး၍ ဝမ်လင်းကို လမ်းပေါ်သို့ ချသည်။ သည့်နောက် သူက ဝမ်လင်း၏ပခုံးနှင့် ခြေထောက်များကို လက်ဖြင့်ထိုးဆွပစ်သည်။
အက်သံတချို့ထွက်ပေါ်လာပြီးနောက် ဝမ်လင်း၏ပုခုံးနှင့် ခြေထောက်များက စုတ်ပြဲသွားသည်။ နာကျင်မှုက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ သူ့နဖူးထက်၌လည်း ချွေးသီးများပြန်နေ၏။ သူက သည်လူကြီးကို ကြည့်နေသည်။ ဝမ်လင်းက ထိုလူကြီး၏မျက်နှာကို သူ့မှတ်ဉာဏ်ထဲ၌ လောင်ကျွမ်းပေါင်းစပ်နေ၏။
မျက်နှာဓားအမာရွတ်နှင့်လူကြီးက နှာခေါင်းရှုံ့လိုက်၏။ သူက ဆေးအနှစ်ကို ထုတ်၍ ဝမ်လင်းကို လိမ်းကျံလိုက်သည်။ သည့်နောက် သူက ချုံပုတ်များထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။
ဝမ်လင်းက မြေကြီးပေါ်တွင် လှဲလျက်ရှိနေ၏။ သူ့ခန္ဓာကိုယ်က သတ်ဖြတ်လိုမှု စိတ်ဆန္ဒများဖြင့် ပြည့်နေသည်။ သူက ဘဝတွင် အခုလိုမျိုး တစ်ခါမှ ပြုမူဆက်ဆံ ခံရခြင်းမျိုး မရှိခဲ့ဖူးချေ။ သို့သော် သူ့ခန္ဓာကိုယ်က အချိန်၌ အလွန်အားနည်းနေခဲ့သည် မဟုတ်လား။
အချိန်ကတဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ တစ်နာရီလောက်ကြာပြီးနောက် မြင်းလှည်း သံများက အကွာအဝေး တစ်ခုမှ ထွက်ပေါ်လာပြီး ပိုပိုနီးလာခဲ့၏။
သည်မြင်းလှည်းများက ရုတ်တရက် ရပ်တန့်သွားပြီး တစ်ယောက်က ဆင်းလာ၍ လမ်းပေါ်တွင်လဲနေသော ဝမ်လင်းကို စစ်ဆေးကြည့်လိုက်ပြီး လှမ်းအော်လိုက်၏။
“ခေါင်းဆောင် … လူသေတစ်ယောက်ပါ … ”
ထိုသို့ပြောပြီးနောက်သူက ဝမ်လင်းကို လမ်းဘေးသို့ ကန်ချ၍ မြင်းလှည်းပေါ်သို့ ပြန်တက်လိုက်၏။
မြင်းလှည်းက ဆက်၍ ရှေ့သို့ တိုးလာခဲ့သည်။ သို့သော် မြင်းလှည်းက လမ်းဘေး ကန်ချခံရသည့် ဝမ်လင်းနားသို့ ရောက်လာပြီး ဖြတ်ကျော်သွားမည့်ဟန် ရှိနေစဉ် မီးတုတ်များက ရုတ်တရက် ထွန်းလင်းသွားပြီး ရယ်သံများက လေထဲ၌ ပြည့်နှက်သွား၏။
“ကောင်းကင်စွမ်းအားပို့ဆောင့်ရေးအဖွဲ့ … ငါက မင်းတို့ တစ်လမ်းလုံးသယ်လာတဲ့ဟာကို မလုယက်နိုင်ဘူးလို့ ထင်နေတာလား … ”
ကျယ်တောင်သောအသံက တောအုပ်ထဲကနေ ထွက်ပေါ်လာပြီးနောက် ကြမ်းကြုတ်သည့် လူရှစ်ယောက်က တောအုပ်ထဲကနေ ထွက်ပေါ်လာခဲ့၏။
တစ်စုံတစ်ယောက်က ဝမ်လင်းကို လိမ်းကျံပေးခဲ့သော ဆေးအနှစ်များကို မီးတုတ်ဖြင် ထိလိုက်သည်။ ဝမ်လင်းကိုယ်ပေါ်ရှိ ဆေးအနှစ်များက အခိုးအငွေ့ဖြစ်သွားပြီး မြင်းလှည်းများကို ဖုံးလွှမ်းသွားလေ၏။
“မီးတိမ်အဆိပ် … ”
မြင်းရထားထဲက အော်သံတစ်ခု ထွက်ပေါ်လာသည်။ သိပ်မကြာခင်တွင် ပို့ဆောင်ရေး အဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက်က သူတို့ခွန်အားများ ဆုံးရှုံးသွားသည်ကို ခံစားလိုက်ရသည်။
“မှန်တာပေါ့ … ဒါက မီးတိမ်သူရဲကောင်း ဆယ့်ရှစ်ယောက် အသုံးပြုတဲ့ အထူးအဆိပ်ပဲ။ ဟားဟား … ဒီအဆိပ်က မီးနဲ့ အသက်သွင်းလိုက်ရုံနဲ့ သွေးထဲ ရောက်သွားလိမ့်မယ်။ ဒီနေ့ မင်းတို့ဘယ်သူ့မှ မလွတ်နိုင်တော့ဘူး … ”
အစုလိုက်အပြုံလိုက်သတ်ပွဲကြီး စတင်တော့၏။ ငါးမိနစ်အတွင်း ပို့ဆောင်ရေး အဖွဲ့ တစ်ဝက်ကျော်က အသတ်ခံလိုက်ရတော့သည်။
အော်ဟစ်ငြီးတွားသံများက ညအချိန်၌ ပဲ့တင်ထပ်နေလို့နေသည်။ သည် ဓားပြ ဆယ့်ရှစ်ယောက်က ရက်စက်ကြမ်းကြုတ်လှသည်။ သူတို့က မီးတုတ်အလင်းရောင်ဖြင့် ပို့ဆောင်ရေးအဖွဲ့ဝင်များကို လိုက်သတ်နေ၏။
“ဟားဟား … အစ်ကိုကြီး … ဒီမှာ မိန်းမသုံးယောက်တောင်။ ငါတို့ပြန်သွားရင် ပျော်ရွှင်ဖို့အတွက် လုံလောက်ပြီ … ”
မျက်နှာဓားအမာရွတ်နှင့် လူကြီးက တစ်ယောက်၏ ခေါင်းကို ဖြတ်လိုက်ပြီး အမျိုးသမီး တစ်ယောက်ကို ဆွဲယူလိုက်၏။ သည်အမျိုးသမီး၏ လှပသောမျက်နှာလေးက ဖြူရော် ကြောက်ရွှံ့နေသည်။
မျက်နှာဓားအမာရွတ်နှင့် လူကြီးက ရယ်မောနေ၏။ သူက အမျိုးသမီးကို အနည်းငယ် ထိုင်လိုက်ပြီး သူ့ကျောပေါ်သို့ ဆွဲပွေ့လိုက်သည်။
ကျန်သည့် ဓားပြနှစ်ယောက်လည်း အမြန်ရောက်လာပြီး အခြားအမျိုးသမီးနှစ်ယောက်ကို ဆွဲပွေ့၍ ရယ်မောနေကြ၏။ သိပ်မကြာခင်တွင် လမ်းဘေးမှ မြင်းများလည်း ထွက်ပေါ်လာကြသည်။
ခေါင်းဆောင်လူဝကြီးက မြင်းလှည်းပေါ်က သေတ္တာတစ်လုံးကို ဆွဲယူ၍ အထဲကို ဖွင့်ကြည့်လိုက်သည်။ သူက ကျေနပ်စွာဖြင့် အော်ပြောလိုက်၏။
“ညီကိုတို့ … သွားကြစို့ … ”
သည်လူများက မြင်းများပေါ်သို့ တက်၍ ငိုယိုနေသော အမျိုးသမီးသုံးယောက်ကို ဆွဲခေါ်၍ ထွက်ခွာဟန် ပြင်သည်။
မျက်နှာဓားအမာရွတ်နှင့်လူကြီးက ဝမ်လင်းထံသို့ ရောက်သွားပြီး သူကပြောလိုက်သည်။
“သူဌေး … ဒီကောင်က ခုထိအသက်ရှူနေတုန်းပဲ။ ငါတို့က သူ့ကို နောက်ထပ်နည်းနည်း ထပ်ပြီး အသုံးချလို့ ရသေးတယ် … ”
ခေါင်းဆောင်လူဝကြီးက ခေါင်းညိတ်ပြသည်။ သည့်နောက်သူက သူ့မြင်းကိုစီး၍ ထွက်ခွာသွားတော့၏။
မျက်နှာ ဓားအမာရွတ်နှင့်လူက ဝမ်လင်းကို နောက်တစ်ယောက်ထံသို့ ကန်ထုတ်လိုက်သည်။ သည်လူက ဝမ်လင်းကို ဖမ်း၍ သယ်လာခဲ့၏။ သူတို့အားလုံးက အော်ဟစ်၍ မြင်းများ ဒုန်းဆိုင်းစီးကာ သွေးနံ့လှိုင်နေသောလူသေများကို ထားခဲ့၍ ထွက်ခွာသွားကြတော့သည်။
မနက်ခင်းတွင် နေသာလာသည့်အခါ သည်ဓားပြဆယ့်ရှစ်ယောက်က တောင်ကြော တစ်ဝိုက်သို့ ရောက်လာကြ၏။ သည်တောင်ကြောနေရာတွင် ရွာကြီးတစ်ရွာ ရှိနေ၏။ သည်ရွာထိပ်တွင် သစ်သာပြားကြီးတစ်ခု ထောင်ထားပြီး မီးတိမ်ကျေးရွာ ဟူသည့် စာလုံးသုံးလုံးကို ရေးထိုးထားလေသည်။
“လူတိုင်းပြန်ရောက်ပြီ … တံခါးဖွင့်ကြ … ”
ရွာဂိတ်တံခါးပွင့်သွားပြီး လူဆယ့်ရှစ်ယောက်က ရွာထဲသို့ ဝင်လာကြ၏။ သိပ်မကြာခင်တွင် ရွာက အသက်ဝင်လာတော့သည်။
သည့်နောက် မျက်နှာဓားအမာရွတ်ရှိသည့်လူကြီးက အမျိုးသမီးကို ခေါ်၍ မြင်းပေါ်က ဆင်းကာ ပြောလိုက်သည်။
“သူဌေး..ငါအရင်ဆုံး သွား ပျော်ပါးလိုက်တော့မယ် … ”
ထိုသို့ပြောပြီးသည်နှင့် သူက အိမ်တစ်လုံးထဲသို့ ဝင်သွားလေ၏။ မကြာခင်တွင် အမျိုးသမီး၏ ထိတ်လန့်တကြား အော်ဟစ်သံ၊ အော်ညည်းသံတို့ကို ကြားရလေသည်။
သည်ဓားပြများအားလုံးက သည်လိုအရာနှင့် အသားကျနေသည့်ပုံပင်။ သည့်အတွက်ကြောင့် သူတို့အားလုံးက ရယ်မောလိုက်ကြ၏။ အခြားအမျိုးသမီး နှစ်ယောက်သည်လည်း ထိုသို့ ခေါ်သွားခြင်း ခံရ၏။
ဝမ်လင်းကိုတော့ ရွာအနောက်ဘက်ရှိ ရေများရှိနေသော အချုပ်ခန်းထဲသို့ ပစ်သွင်းထားလိုက်ကြ၏။
သည်အချုပ်ခန်း လှောင်အိမ်က လုံးဝမှောင်မည်းနေသည်။ သည်အချုပ်ခန်းက အလင်းလည်းမရှိသလို အသံပင် မကြားရချေ။ သူက သူ့ခြေထောက်အောက်တွင် မည်သည့်အရာကိုမျှ မခံစားမိပေ။ အကြောင်းကတော့ ဝမ်လင်းသည် လေထဲ၌ တွဲလွဲချိတ်ဆွဲထားခြင်း ခံလိုက်ရသောကြောင့်ပင်။
သူ့ခန္ဓာကိုယ်က လေထဲ၌ တွဲလွဲကြီးဖြစ်နေပြီး ရှေ့နောက်လှုပ်ယမ်းနေသည်။ ဝမ်လင်းက အောက်စိုက်ကျနေသော ခေါင်းကို လှုပ်ရှားလိုက်ရာ သူ့လက်မောင်းနှင့် ခြေထောက်များက ရုတ်တရက် မီးနှင့်ရှို့သလို နာကျင်မှုကို ခံစားလိုက်ရ၏။
ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့သည်။ သူက တဖြည်းဖြည်း ပြန်၍ တည်ငြိမ်သွား၏။
သည်အခိုက်တွင် အတန်လှမ်းသည့်နေရာတစ်ခုမှ ထိန့်လန့်တကြား အော်သံတစ်ခုကို လွင့်ပျံ့လာ၏။ သည်နေရာက တိတ်ဆိတ်နေသည့်အတွက် သည်အော်သံက တရစ်ရစ်ဝဲနေသည့် အလား ထင်မှတ်ရသည်။
သူ့စိတ်ဝိညာဉ စွမ်းအင်များ ဆုံးရှုံးသွားခြင်းနှင့် မူလစိတ်ဝိညာဉ် ပျက်စီးသွားပြီးနောက် ဝမ်လင်းက အရင်တုန်းကလို အကြည့်တစ်ချက်ဖြင့် အရာအားလုံး စေခိုင်းနိုင်သည်ဟု မခံစားရတော့ချေ။ သူ့ပတ်ဝန်းကျင်က လုံးဝမှောင်မည်းနေသော်လည်းသူက သူသည် နေရာအသေးစား တစ်ခုတွင် ချုပ်နှောင်ခံထားရသည်ကို သိထား၏။ သူ့လက်နှစ်ဖက်လည်း ချုပ်နှောင်ထားခံရပြီး သူ့ခန္ဓာကိုယ်က အေးစက်စက်ရေထဲတွင် တွဲလွဲချထားခံရသည်။
သူ့လည်ပင်းထိမြုပ်နေသော ရေအရောင်ကိုပင် သူက မမြင်ရချေ။ သည်ရေများထံကနေ ဆိုးရွားစွာ ပျို့အန်စေလောက်သည့် အနံ့အသက် ဆိုးများလည်း ထွက်ပေါ်နေသည်။
ဝမ်လင်းက အသက်ရှူနိင်ရန် သူ့ခေါင်းကို တတ်နိုင်သမျှ မော့လိုက်၏။ သည်နေရာက စောနက အော်ဟစ်သံ ပျောက်ကွယ်သွားသည့်အခါ တစ်ဖန်ပြန်၍ လုံးလုံးလျာလျာ တိတ်ဆိတ်သွားပြန်လေ၏။
“ကြည့်ရတာ အရာအားလုံးကို ဆုံးရှုံးသွားတဲ့ ကျင့်ကြံသူတစ်ယောက်က သေမျိုး တစ်ယောက် ထက်တောင် ပိုဆိုးရွားလွန်းနေတဲ့ပုံပင် … ”
ဝမ်လင်းမျက်လုံးများက တည်ငြိမ်လျက်ရှိနေ၏။ သူက စိတ်ထဲက တောက်လောင်နေသော ဒေါသကို မျက်လုံးထဲ၌ ကောင်းစွာ ဖုံးကွယ်ထားလေ၏။
ကောင်းကင်ကို ရွေ့၊ မြေပြင်ကို တုန်ခါစေနိုင်သည့် ဝမ်လင်းက ဆက်မတည်ရှိတော့ချေ။ ဝမ်လင်းက သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ဆုံးရှုံ့းခဲ့သလို မူလစိတ်ဝိညာဉ်လည်း ပျက်စီးခဲ့ရသည်။ သူ့တွင် သေမျိုးတစ်ယောက်၏ ခွန်အားပင် မကျန်ရှိတော့ချေ။ သူက သိုလှောင်အိတ်ကိုပင် ဖွင့်နိုင်စွမ်း မရှိ ဖြစ်ရ၏။
သူက သူ့သိုလှောင်အိတ်ကိုပါ ဆုံးရှုံးသွားရ၏။ သူ့သိုလှောင်အိတ်ကို သည်သေမျိုး သိုင်းပညာရှင်များ ယူဆောင်သွားခြင်း ဖြစ်၏။
သည်အချိန်၌ လျိုမေ၏လှပသောပုံရပ်လေးက မီးတိမ်ကျေးရွာထဲ၌ ပျံသန်းသွား၏။ သူမက အောက်သို့ ငုံ့၍မကြည့်ချေ။ သူမက သူရှာနေသောလူက သည်ရွာတွင် ရှိနေသည်ကို မသိခဲ့ချေ။
ဝမ်လင်းက အနည်းငယ်စဉ်းစားနေ၏။ သူ့မျက်လုံးများကလည်း တောက်ပသထက် တောက်ပလာခဲ့သည်။ သည် ရေများနှင့် အချုပ်ခန်းက သူရွာက ထွက်လာကတည်းက တွေ့ခဲ့သော အခြားနေရာများ၏ စိတ်ဝိညာဉ်စွမ်းအင်များထက် သိပ်သည်းလို့နေသည်။
သည်စိတ်ဝိညာဉ်စွမ်းအင်များက တောင်တန်းများထံကနေ ရောက်လာခြင်းမဟုတ်ဘဲ သည်ရေများထံကနေ ထွက်ပေါ်လာနေခြင်း ဖြစ်၏။
***