ဝမ်လင်းနှင့် အနီရောင်လိပ်ပြာတို့ တိုက်ပွဲပြီးသည့်နောက် စန်နူးနာမည်သည် ပို၍ ဂုဏ်သတင်း ကြီးလာခဲ့၏။ သူအသုံပြုခဲ့သော ရတနာများကိုလည်း အမျိုးမျိုးသော ကျင့်ကြံခြင်းနိုင်ငံများမှ တမန်တော်များက တွေ့မြင်ခဲ့ကြပေသည်။ တမန်တော်များက သူတို့၏ အသီးသီးသော ဆိုင်ရာနိုင်ငံများသို့ ပြန်သွားပြီးနောက် သည်သတင်းက ပျံ့နှံ့သွားသည်။
အတားအဆီးအလံ၊ ကောင်းကင်ဘုံဓားနှင့် နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားတို့သည် ကျင့်ကြံသူများ ကြားတွင် အပြောများဆုံး ဖြစ်လာခဲ့၏။
စန်နူးဆိုသည့်လူက ဟင်္သာပြဒါးနိုင်ငံဂြိုဟ်တွင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်အောက်တွင် နံပါတစ်ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာ ဟင်္သာပြဒါးတောင်က အနီရောင်လိပ်ပြာသည် တံခါးပိတ်ကျင့်ကြံ၍ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်သို့ ချိုးဖျက်ရန် ရည်ရွယ်နေသည့် အကြောင်းကိုပါ သတင်းဖြန့်ခဲ့သည်။ မည်သူကမျှ ထိုအရာအတွက် မေးခွန်းမထုတ်ကြချေ။ အနီရောင်လိပ်ပြာက တိုက်ပွဲအတွင်း အဆင့်ချိုးဖြတ်မှုတစ်ခု ရရှိခဲ့သည့်အတွက် တံခါးပိတ်၍ ကျင့်ကြံသူက သဘာဝပင် ဖြစ်၏။
သို့ရာတွင် အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာသည့်အခါ လူအများက စန်နူး ပျောက်နေသည်ကို သတိထားမိလာကြသည်။
သူ မည်သည့်နေရာသို့ ရောက်နေသည်ကို ဘယ်သူမျှ မသိကြချေ။ စန်နူးက ဟင်္သာပြဒါးတောင်၏ အမိန့်ကို လက်ခံရန် သွားရောက်ချိန်တွင် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။
သည်ကိစ္စက မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။ ဟင်္သာပြဒါး ခေါင်းစီးကို ဆုပ်ကိုင်ထားသည့် အဘိုးအိုကလည်း တံခါးပိတ် လေ့ကျင့်ရာမှ ထွက်ပေါ်လာပြီး မြောက်အရပ်သို့ သွားရောက်ကြည့်ရှုသည်။
လွန်ခဲ့သောသုံးရက်က ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်အချို့ပါဝင်သော လှိုင်းများက သည်နေရာမှ ထွက်ပေါ်လာခဲ့သည်။ သည်အရာက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ နှစ်ယောက်က သည်နေရာတွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုလိုနေခြင်းပင်။
သည့်အပြင်သူက ဘီလူးနတ်ဆိုးကလန်၏ သွေးမျိုးစက်စွမ်းအားကိုပင် ခံစားမိခဲ့သည်။
ဟင်္သာပြဒါးဂြိုဟ်၏ ခေါင်းစီးတစ်ဖြစ်သူ ဟင်္သာပြဒါးဆိုသည့် ပုဂ္ဂိုဟ်က စွမ်းအား ကောင်းလှသော်လည်း သူက အရာအားလုံးကို ကြိုသိနိုင်သည့် နတ်ဘုရားတော့ မဟုတ်ချေ။ ဟင်္သာပြဒါးဂြိုဟ်က ကြီးမားပြီး ရှုပ်ထွေးလှသည်။ သည့်အတွက်ကြောင့် သူက စုံစမ်းသည့်အခါ သည်စန်နူးကိစ္စတွင် ရွှမ်ယွဲ့နှင့်ဘီလူးနတ်ဆိုးကလန်တို့က ပါဝင်ပတ်သက် နေကြောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့၏။
သူက နောက်ထပ် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်၏ ပုံရိပ်ကိုတော့ မသိနိုင်ခဲ့ချေ။
သည့်အပြင် သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်ကြည့်သည့်အခါ စန်နူး၏တည်နေရာကိုပင် ရေးတေးတေးသာ ခံစားမိခဲ့၏။ သူက စန်နူ၏ နေရာအတိအကျကို မထောက်လှမ်းနိုင်ခဲ့ချေ။ သည်အရာက သူ့ကို အံ့အားသင့်သွားစေ၏။
သူက ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ပြင်းထန်သော ဒဏ်ရာကြောင့် ပျက်စီးသွားခဲ့ပြီဟု ခန့်မှတ်လိုက်၏။ သည့်အတွက်ကြောင့် သူက ဝမ်လင်း၏တည်နေရာကို မထောက်လှမ်းနိုင်ခြင်း မဟုတ်လား။
သို့ရာတွင် သူ့မျက်လုံးထဲ၌ ဝမ်လင်းက လျိုမေကျင့်ကြံခြင်းအတွက် ဆေးပြင်းဖိုပင် တစ်ခုသာ ဖြစ်သည်။ ဝမ်လင်းက သူ့အတွက် အရေးကြီးသလို တစ်နည်းအားဖြင့် အရေးလည်း မကြီးပေ။
“လျိုမေ … ဟင်္သာပြဒါးကုန်းမြေရဲ့ မြောက်ဘက် အစွန်းပိုင်းကို သွားလိုက် … ။ အဲ့မာ ဝမ်လင်း ရှိနေတယ် … ” ဟင်္သာပြဒါးနိုင်ငံ၏ ခေါင်းစီးဖြစ်သူ အဘိုးအိုက လျိုမေကို ထိုသို့ လှမ်းညွှန်ကြားချက် ပို့ပြီးနောက် တံခါးပိတ် ကျင့်ကြံရန် ပြန်ထွက်သွား၏။
ရွှမ်ယွဲ့၏လုပ်ဆောင်ချက်များက သူ့ဆန္ဒကို ဆန့်ကျင်နေခဲ့သည်။ သူတို့က အနာဂတ်၌ ကျိန်းသေပေါက် အန္တရာယ်ကြုံရမည် ဖြစ်၏။
လျိုမေ၏ ပုံရပ်က ဟင်္သာပြဒါးတောင်ပေါ်ကနေ ပျံဝဲနေဆင်းသာလာပြီး သူမက ဟင်္သာပြဒါးကုန်းမြေ၏ မြောက်အရပ်အစွန်းသို့ အလင်းတန်းတစ်ခုလို ပျံသန်းသွားတော့သည်။
ခုချိန်၌ ဟင်္သာပြဒါးတောင်၏ အငူစွန်းတစ်ခုပေါ်၌ အနီရောင် မျက်နှာလွှားဇာနှင့် အမျိုးသမီး တစ်ယောက်သာ မတ်တတ်ရပ်လျက် ရှိနေ၏။ သူ့မမျက်လုံးများက ဗလာနယ်လို ဖြစ်နေပြီး သူမထံ၌လည်း မည်သည့် အသက်ဓာတ်မျှ ရှိမနေခဲ့ချေ။
သူမခြေထောက်အောက်၌ တောက်ပသော အနီရောင်ပန်းတစ်ပွင့် ရှိနေသည်။ လေတိုက်ခတ်သည့်အခါ သည်ပန်းက တုန်ခါသွားပြီး လေနှင့် အတူလွင့်မြော၏။ သို့သော် ၎င်းပန်းက ရုန်းကန်ကြီးထွားနေဆဲပင်။
ချင်းဖန်အသွင်က သည်အမျိုးသမီးနောက်၌ ပေါ်လာခဲ့သည်။ သူက အမျိုးသမီးအောက်ရှိ ပန်းကို လက်ညွှန်လိုက်ရာ ၎င်းပန်းက အမှုန်အမွှားဖြစ်သွားလေ၏။
“နှလုံးမဲ့ … နင့်မူလစိတ်ဝိညာဉ်ရဲ့ သေးငယ်တဲ့အပိုင်းအစတစ်ခုက တစ်နေရာမှာ ပုံးအောင်းနေတာ ငါသိတယ်။ ဒါပေမဲ့ ငါထိန်းချုပ်မှုအောက်မှာ ဆိုရင် နင်က ဒုတိယ ဇီရှင်း မဖြစ်နိုင်တော့ပါဘူး … ”
ချန်းဖန်က သူ့ညာလက်ဖြင့် အမျိုးသမီး၏ မျက်နှာကို ထိလိုက်သည်။ သူက မကောင်းဆိုးဝါးဆန်စွာ ပြုံး၏။
တစ်လခန့်ကြာပြီးနောက် … .။
ဟင်္သာပြဒါးနိုင်ငံကုန်းမြေ၏ မြောက်ဘက်ပိုင်းရှိ ရွာလေးတစ်ရွာတွင် လူငယ်တစ်ယောက်က ရွာအဝင်ရှိ ကျောက်တုံးတစ်တုံးအပေါ်၌ ထိုင်နေ၏။ သူ့မျက်နှာက ထိန့်လန့်ဖွယ် အမှတ်အသား များဖြင့် ပြည့်နေသည်။ သည်အမှတ်အသားများက သူ့မျက်နှာကို ရုပ်စိုးစေ၏။ သူ့မျက်လုံးများ ကလည်း မှိန်ဖျော့လို့နေသည်။
သူက အကွာအဝေး တစ်ခုသို့ ငေးကြည့်နေသည်။ သူ့မျက်လုံးများက အာရုံစိုက်ထားခြင်း ကင်းမဲ့၏။ သည်မျက်လုံးအကြည့်ထဲ၌ ဝမ်းနည်းမှုနှင့် စိတ်ရှုပ်ထွေးမှုတို့သာ ပါဝင်နေသည်။
ရွာဝင်ပေါက်သို့ ဖြတ်သွားသော ရွာသားများသည် သည်လူငယ်ကို မနှစ်မြို့စွာ ကြည့်၍ ရှောင်ကွင်းသွားကြသည်။
လူငယ်အသွင်က ရွာသားများ သူ့ကို ဖြတ်ကျော်ကွေ့ပတ်သွား သော်လည်း ပြောင်းလဲမှုမရှိချေ။ သူက အကွာအဝေးတစ်ခုသို့သာ ငေးမြဲငေးနေ၏။
သိပ်မကြာခင်တွင် ပန်းပွင့်ကွက်များ ဖော်ဆောင်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်က အမောတကော ရောက်လာခဲ့သည်။ သူမနောက်၌လည်း နွားပေါက်စ အရွယ်လောက်ရှိသည့် ခွေးတစ်ကောင် လိုက်ပါလာ၏။ ု ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယေံကို ည့်ထ ကင်းမသိတခါ စန်နူး၏တည်နေနေသည်ကို သတိထားမိလာကြသည်
သည်မိန်းကလေးက အသက် (၁၄) ၊ (၁၅) လောက်သာ ရှိဦးမည်။ သူမမျက်နှာက ဖြူဖွေးပြီး မျက်လုံးများက ပြူးကျယ်သည်။
သည်မိန်းကလေးက လူငယ်နှင့် ပေသုံးဆယ်ခန့်တွင် ရပ်၍ လှမ်းအော်လိုက်၏။
“ရုပ်ဆိုးဆွံ့အကြီး … နင့်ကို ငါ့အဖေက ညစာစားဖို့ ခေါ်ခိုင်းလိုက်တယ် … ”
လူငယ်ကလှည့်၍ သည်မိန်းကလေးကို ကြည့်သည်။ သူက မတ်တတ်ထရပ်လိုက်၏။ သူ့ခြေထောက်များက ကျောက်တုံးပေါ်တွင် ထိုင်တာကြာသွားသဖြင့် အနည်းငယ် ထုံထိုင်းနေသည်။ သည့်ကြောင့် သူက ပြန်လဲကျလု ဖြစ်သွားပြီး ကြိုးစား၍ ရပ်လိုက်ရ၏။ မိန်းကလေးက ဒါကို ကြည့်၍ ရယ်မောနေသည်။
“စွံ့အ … မြန်မြန်လုပ် … ငါ ဗိုက်ဆာနေပြီ … ”
မိန်းကလေးက ပြန်လှည့်၍ ရွာထဲသို့ ပြန်လျှောက်သွားသည်။ သူမနောက်က ခွေးကလည်း သူ့နောက်လိုက်ပါသွား၏။
လူငယ်က ခပ်ဖြည်းဖြည်း မိန်းကလေး နောက်မှ လိုက်သွား၏။ သူက ရွာထဲသို့ ကြည့်နေရင်း သူ့မျက်ဝန်းထဲရှိ ဝမ်းနည်းမှုကို ပိုနက်ရှိုင်းသွားလေ၏။
ရွာဝင်ပေါက်နားရှိ အိမ်တစ်အိမ်တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်က ထိုင်လျက် ရှိနေသည်။ သူက အပြာရောင်အင်္ကျီက အကြမ်များစွာ လျှော်ဖွတ်ထားသဖြင့် အဖြူဘက်သို့ပင် ကူးနေခဲ့သည်။
အိမ်ခြံဝင်းထဲ၌ ဆေးပင်များလည်း စိုက်လို့ထား၏။ လေအဝှေ့တွင် ဆေးရနံ့များက ပြန့်နှံ့လို့နေသည်။
မိန်းကလေးက ခြံဝင်းထဲသို့ ဝင်ရင် လူကြီးဘေး၌ ထိုင်လိုက်ပြီး ပြောလိုက်သည်။
“အဖေ … သမီး ဆွံ့အကို ပြန်ခေါ်လာခဲ့ပြီ … ”
သည်လူကြီးက မျက်မှောင်ကြုတ်သွားသည်။ သူက သူ့သမီးကို ကြည့်၍ ဟောက်လိုက်၏။
“နင့်ကို နင် ယဉ်ကျေးအောင်နေစမ်း … သူ့ကို ဦးလေးလို့ ခေါ် … ”
မိန်းကလေးက သူ့အဖေကို လျှာထုတ်ပြလိုက်ပြီး ဘာမှပြန်မပြေချေ။ သည့်နောက်သူမက
လူကြီးက မတ်တတ် ရပ်၍ လူငယ်ကိုကြည့်ကာ ပြောလိုက်သည်။
“ညီလေး … သူ့ကို စိတ်မရှိပါနဲ့။ အာယိက အမြဲအဲ့လိုပဲ။ လာလာ မင်း ဘယ်လောက် နေပြန်ကောင်းနေပြီလဲ ကြည့်ရအောင် … ”
လူငယ်က ခေါင်းညိတ်၍ အမျိုးသားဘေး၌ ဝင်ထိုင်၏။ သူက သူ့ပိန်ခြောက်ခြောက် လက်ကို ဆန့်ပေးလိုက်သည်။ သူ့လက်က အရိုးပေါ် အရေတင်သည့်အတိုင်း ဖြစ်နေခဲ့၏။
လူကြီးက သူ့လက်ဖြင့် လူငယ့်လက်ကို ဖိကိုင်လိုက်သည်။ ခဏအကြာတွင်သူက ပြုံး၍ ပြောလိုက်သည်။
“ညီလေး … မင်း နေပြန်ကောင်းလာနေပါပြီ။ ငါ မင်းကို ဆေးအချို့ ထပ်ပေးမယ်။ အဲ့နောက် မင်းက အားရှိအောင် နေရင် နေပြန်ကောင်းသွားမှာပါ … ”
လူငယ်က အနည်းငယ်စဉ်းစား၍ ခေါင်းညိတ်ပြသည်။
သက်လတ်ပိုင်းလူကြီးက လူငယ့်ကို ကြည့်၍ သက်ပြင်းချမိသည်။ သူက သည်လူငယ်ကို လွန်ခဲ့သောလက တောထဲသို့ ထင်းသွားခုတ်တုန်းက တွေ့ခဲ့ခြင်းဖြစ်သည်။ သည်လူငယ်က သူတွေ့သည့်အချိန်၌ သေမလိုဖြစ်နေခဲ့သည်။ သူက သမားတော် တစ်ယောက်ဖြစ်သလို အဖေတစ်ယောက်လည်း ဖြစ်သည်။ သည့်အတွက်ကြောင့်ဘဲသူက လူငယ်ကို ခေါ်လာ၍ ဆေးကုပေးခဲ့သည်။
သည်လူငယ်၏ ဒဏ်ရာများက အလွန်ပြင်းထန်လှ၏။ သူ့ကိုယ်တွင်းအင်္ဂါများပင် ထိခိုက်နေခဲ့သည်။ သက်လတ်ပိုင်းလူကြီးက သူ့ကို ပျောက်အောင်ကုသပေးဖို့ ယုံကြည်ချက်မရှိပေ။ သူက ကံတရားကိုသာ ပုံအပ်ထားခဲသည်။ သို့ရာတွင် လူငယ်ခန္ဓာကိုယ်က ထူးဆန်းနေ၏။ ဆယ်ရက်ခန့်ကြာပြီးနောက် သူ့ခန္ဓာကိုယ်က ပြန်ကောင်းလာခဲပြီး သတိပြန်ရလာခဲ့၏။
သို့သော် သူက သတိပြန်ရလာသည့်အခါ သက်လတ်ပိုင်း လူကြီးကို တွေ့လိုက်သော်လည်း မည်သည့် စကားမျှ ဆိုခြင်းမရှိချေ။ သူက စွံ့အနေသူဖြစ်ပေလိမ့်မည်။
ထိုအခိုက်တွင် အမျိုးသမီးတစ်ယောက်က အိမ်ထဲကနေ ထွကလာခဲ့၏။ သူ့နောက်တွင်တော့ စောနက မိန်းကလေး လိုက်ပါလာသည်။ သူတို့နှစ်ယောက်က ထမင်း၊ ဟင်းများကို သယ်လာပြီး စားပွဲပေါ်၌ နေရာချသည်။
မိန်းကလေးက နှုတ်ခမ်းစူကာ ပြောလိုက်သည်။
“အမေ … သမီး ဆွံ့အနဲ့ အတူထမင်းမစားချင်ဘူး။ သူက ရုပ်ဆိုးတော့ သမီးက ဒီမှာ စားလို့သောက်လို့ ရမှာ မဟုတ်ဘူး … ”
“နင် … ”
သက်လတ်ပိုင်းလူကြီးက သူ့သမီးကို စူးစိုက်ကြည့်၏။ အမျိုးသမီးက သူ့သမီးရှေ့တွင် မတ်တတ်ထရပ်လိုက်ပြီး ဟင်းအချို့ကို ယူခပ်၍ ဇလုံထဲ ထည့်သည်။
“အာယိ … သွား အိမ်ထဲသွားစား … ”
မိန်းကလေးက နှုတ်ခမ်းစူလိုက်၏။ သူက တစ်ခုခု ပြောဟန်ပြင်လိုက်စဉ် လူငယ်က သူ့တုန်ချိသောလက်ဖြင့် ဇလုံကိုလှမ်းယူသည်။ သူက မတ်တတ် ထရပ်ပြီး ခြံဝင်းထဲသို့ လှမ်းထွက်သွားပြီး ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်သည်။ သည့်နောက်သူက ဇလုံထဲရှိ ထမင်းကိုကြည့်၍ စဉ်းစားနေသည်။
ကျင့်ကြံခြင်းကမ္ဘာ၌ မည်သူကမျှ သူရှိနေသောနေရာကို မသိကြချေ။ သူကတော့ ဝမ်လင်းပင် ဖြစ်၏။
အလွန်ရေပန်းစား ကျော်ကြားနေသည့် တစ်ယောက်က ယခုလိုအခြေအနေသို့ ရောက်နေခဲ့ရသည်။ သည်အရာများက ရွှမ်ယွဲ့နိုင်ငံနှင့် ဘီလူးနတ်ဆိုး ကလန်တို့ကြောင့် ဖြစ်လေ၏။
ဝမ်လင်းက သူ့လက် တုန်ချည့်ချည့်ဖြင့် ထမင်းဇလုံကို ကျောက်တုံးပေါ်သို့ တင်လိုက်သည်။ သူက ခါးသီးစွာ ပြုံးမိသည်။ လွန်ခဲ့သောတစ်လက သူ့မူလစိတ်ဝိညာဉ်သည် ပျက်စီးသွားခဲ့ရသည်။
၎င်းက ပျက်စီးသွားသော်လည်း လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးချေ။ ၎င်းက သူ့ခန္ဓာကိုယ်ထဲ၌ အပိုင်းပိုင်းကွဲကာ ရှိလို့နေသည်။ သို့ရာတွင် အချိန်သာကုန်လာသည်နှင့်အမျှ သူ့မူလစိတ်ဝိညာဉ် အပိုင်းအစများက တဖြည်းဖြည်း ပျောက်ကွယ်လာနေ၏။
သူ့အပြင်ပိုင်းခန္ဓာကိုယ်ကလည်း ပြင်းစွာထိခိုက်ထားသည်။ ကံကောင်းမှု အချို့ကြောင့်သာ သူ့မူလ စိတ်ဝိညာဉ်ပြိုကွဲစဉ် ထုတ်လွှတ်သွားသော စိတ်ဝိညာဉ်စွမ်းအင် အချို့ကြောင့်သာ သူ့ခန္ဓာကိုယ်က ခုလောက် ပြန်၍ သက်သာလာခြင်းဖြစ်သည်။
သို့သော် အခုလက်ရှိ သူသည် စိတ်တိဉာဉ် စွမ်းအင်များဆုံးရှုံးနေပြီး သေမျိုးတစ်ယောက်နှင့် မခြားလှချေ။ သူက ထမင်းဇလုံတစ်ခုကိုတောင် မနည်းကိုင်ထားနေရ၏။ အခုချိန်၌ သေမျိုး တစ်ယောက်က လက်သီးတစ်ချက်ဖြင့်ပင် သူ့ကို မြေပေါ်သို့ လွင့်စဉ်ကျသွားအောင်လုပ်နိုင်ပေသည်။
သူ့မူလ စိတ်ဝိညာဉ်ပျက်စီးသွားမှုက ချူနိုင်ငံရှိ သူ့မူလခန္ဓာကိုယ်အပေါ်သို့ အကျိုး သက်ရောက်မှု ရှိလိမ့်မည်လို့တော့ မျှော်လင့်မထားချေ။ ၎င်းက နှစ်ခြိုက်စွာအိပ်ပျော်နေပြီး နိုးထမလာသေးချေ။ သည်အရာက ဝမ်လင်းအတွက် သတင်းဆိုးပင်။
သူ့မူလခန္ဓာကိုယ်ကသာ အိပ်မပျော်နေဘူးဆိုလျှင် သူ့မူလခန္ဓာကိုယ်က သူ့ကို လာရောက်ခေါ်ယူနိုင်မည် ဖြစ်သည်။ သည့်နောက် သူက စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ဝသောနေရာ၌ ကျင့်ကြံနိုင်မည် ဖြစ်သည်။ သို့သော် ခုချိန်၌ သည်အရာအားလုံးက အခိုးအငွေ့လို လွင့်ပြယ်ကုန်ပြီ ဖြစ်သည်။
သူက ဆွံ့အခြင်း မရှိချေ။ သူက စကားပြောလိုစိတ်မရှိခြင်းသာ။
ရေနွေကြမ်းရနံ့နယ်ပယ်ကြောင့် ဖြစ်ပေါ်လာသည့် အမှတ်အသားများက သူ့ကို အလွန်ရုပ်ဆိုးစေခဲ့သည်။ သည်ရွာလေးထဲရှိ သည်လင်မယားကလွဲလို့ မည်သူကမျှ သူ့ကို ကြင်နာစွာ မဆက်ဆံချေ။
စိတ်ဝိညာဉ်စွမ်းအင် မရှိသည့်အတွက် သူက သူ့သိုလှောင်အိတ်ကို ဖွင့်လှစ်နိုင်ခြင်း မရှိချေ။ ခုလက်ရှိ သူ့အခြေအနေက သေမျိုးတစ်ယောက်လုံးလုံးလို ဖြစ်နေခဲ့သည်။ ဝမ်လင်းက သက်ပြင်းချ၍ ဇလုံထဲက ထမင်းများကို စားနေလိုက်၏။
“နောက်ကိုးနှစ်အတွင်း ဝမ်အာက ကောင်းကင်ဘုံရဲ့ ပြန်လည်မွေးဖွားခြင်းစက်ဝိုင်းနဲ့ ထပ်ပြီး ရင်ဆိုင်ရတော့မယ် … ”
ဝမ်လင်းက နောက်ဆုံးထမင်းလုပ်ကို မျိုချလိုက်ပြီး ပြတ်သားသော အကြည့်ကို ဖော်ထုတ်လိုက်၏။
သည်လပြီးသည်နှင့် သူက သူ့ကျင့်ကြံမှုအဆင့်ကို ပြန်ရမည့် နည်းလမ်းကို ကြိုးစား ရှာဖွေမည် ဖြစ်သည်။
နယ်ပယ်နှင့်ချိပ်တံဆိပ်သာ ပျက်စီးသွားလျှင် သူက သူ့ကျင့်ကြံမှုအဆင့်ကို ပြန်ရနိုင်မည် ဖြစ်၏။ သို့သော် သူက၎င်းအရာနှစ်ခုကို ချိုးဖျက်ရန်ကြိုးစားတိုင်း ရှုံးနိမ့်ရ၏။
ညနက်ချိန်၌ ဝမ်လင်းက ခြံဝင်းထဲရှိ နွားတင်းကုပ်ထဲတွင် လဲလျောင်းလို့နေသည်။ သူက တဖြည်းဖြည်း အိပ်ပျော်သွားလေ၏။ ခုချိန်၌ သူ့ခန္ဓာကိုယ်သည် အလွန်အားနည်းနေပြီး တစ်ရွေးမျှပင် အင်အားမရှိတော့ချေ။
နောက်နေ့မနက်ခင်း စောစောတွင် သက်လတ်ပိုင်းလူကြီးက သူ့ကျောဘက်၌ ခြင်တောင်း တစ်လုံးလွယ်၍ ဆေးပင်အချို့သွားရှာရန် တောင်များဆီသို့ ထွက်သွားလေသည်။
ဝမ်လင်းက မျက်လုံးဖွင့်လိုက်ပြီး ကြာပွင့်သဏ္ဌာန် ထိုင်ချသည်။ သူက သစ်သားနွားတင်းကုပ်ထဲ၌ တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။ ခဏအကြာတွင် သူက သက်ပြင်းချသည်။ သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မျှ ရှိမနေသည့်အတွက် ကျင့်ကြံရန် မဖြစ်နိုင်တော့ပေ။ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းထူထပ်သော နေရာတွင်သာဆိုရင်တော့ သူက အတင်းအကြပ်ကျင့်ကြံပြီး သူ့ခန္ဓာကိုယ်ပေါ်၌ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြစ်ပေါ်စေနိုင်သေး၏။
သူက ခါးသီးစွာ ခေါင်းရမ်း၍ နွားတင်းကုပ်ထဲက ထွက်လာခဲ့၏။ သူ့ခန္ဓာကိုယ်ကလည်း ခုထိအားနည်းလို့နေဆဲသာ။
ထိုအခိုက်၌ မိန်းကလေးက အိမ်ထဲကနေ လမ်းလျှောက်ထွက်လာ၏။ သူက ဝမ်လင်းကို မြင်လိုက်သည့်အခါ နှုတ်ခမ်းစူ၍ ပြောသည်။
“ဦးလေးဆွံ့အ … နင် ဒီမှာနေရာ တစ်လရှိနေပြီ။ နင် ထွက်မသွားသေးဘူးလား … ။ ငါ့အိမ်က ချမ်းသာတဲ့ အိမ်မဟုတ်ဘူး။ ငါတို့မှာ နင့်စားဖို့အတွက် ပိုလျှံနေတာမရှိဘူး … ”
အမျိုးသမီးက အိမ်ထဲကနေထွက်လာပြီး သူ့သမီးကို ဆူလိုက်၏။
“အာယိ … နင့်အဖေက သူ့ကို ဦးလေးလို့ခေါ်ဖို့ ပြောတာ ဘယ်နှကြိမ်ရှိနေပြီလဲ … ”
မိန်းကလေးက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ရှိုးချိုင် … ငါ့နောက်လိုက်ခဲ့ … ”
ထိုသို့ပြောပြီးနောက် သူမက ခြံတံခါးပေါက်သို့ ထွက်သွား၏။ ခြံထောင်းရှိ ခွေးကလည်း သူမနောက်သို့ အမြီးလှုပ်ကာ လိုက်သွားတော့သည်။
အမျိုးသမီးက ဝမ်လင်းကို ကြည့်၍ တောင်းပန်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“ဒီကလေးက ကောင်းကောင်း နားမလည်သေးလို့ပါ။ သူ့ကို စိတ်ထဲမထားပါနဲ့ … ။ သူ့အဖေက ခု တောင်တွေဆီသွားပြီး ဆေးပင်သွားခူးနေတာ။ သူက နင့်ခန္ဓာကိုယ်ဟာ အားနည်းနေတုန်းလို့ ပြောတယ်။ ဒါ့ကြောင့် ဒီမှာပဲ လွတ်လွတ်လပ်လပ် နေနိုင်ပါတယ်။ နင် ပြန်ကောင်းသွားမှ ထွက်သွားပေါ့ … ”
မျက်စိတစ်မှိတ်အတွင်း လဝက်ကုန်သွားခဲ့ပြန်၏။ သည်လဝက်တွင် သက်လတ်ပိုင်း လူကြီး၏ ဆေးဝါးများကြောင့် ဝမ်လင်းခန္ဓာကိုယ်က နည်းနည်း အားပြန်ရှိလာခြင်း ဖြစ်သည်။ ညနက်ချိန် တစ်ညတွင် ဝမ်လင်းက တင်းကုပ်ထဲကနေ လမ်းလျှောက်ထွက်လာ၏။ သူက သတ်လတ်ပိုင်း လူကြီးနေသော အိမ်လေးကို သေချာကြည့်သည်။ သည့်နောက် သူက ခြံဝင်းထဲသို့ ဆက်သွားသည်။
သူက သည်အိမ်ကနေ ထွက်သွားတော့မည် ဖြစ်၏။
***