ဘီလူနတ်ဆိုးကလန်က ဘိုးဘေးက မာန်သွင်းလိုက်၏။ ခြေလှမ်းအနည်းငယ်လှမ်းပြီး သူက အက်ကွဲကြောင်းထံ လျှောက်လှမ်းလာပြီး စွန်ထိုင်နောက်သို့ လိုက်လာ၏။
ဟင်္သာပြုဒါးနိုင်ငံကုန်းမြေ၏ မြောက်ဘက်ပိုင်းတွင် အလင်းတန်းနှစ်ခုက ကောင်းကင်ကို ဖြတ်၍ ပျံသန်းနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
စွန်ထိုင်ကပျံသန်းနေစဉ် သူ့မျက်နှာက ရှုံ့မဲ့နေသည်။ သူက ကျိန်ဆဲလိုက်၏။
“ငါက မင်းကို တကယ်ကြောက်လန့်နေတယ်လို့ ထင်နေတာလား … ”
သူ့ညာလက်က ချိပ်တံဆိပ်တစ်ခုကို ဆွဲ၍ ဝမ်လင်းနဖူးထက်သို့ ဖိချသည်။ ထို့နောက် သူက ဝမ်လင်း ခန္ဓာကိုယ်အောက်ဘက်ရှိ ထူထဲသော တောအုပ်ထဲသို့ ပစ်ချလိုက်သည်။
ဝမ်လင်းက အောက်သို့ ကျရောက်သွားသည့် အခိုက်တွင် သူက ကြိုးစားရုန်းကန်၍ ကြာပွင့်သဏ္ဌာန်ထိုင်လိုက်၏။ သူက သက်လတ်ပိုင်းလူကြီး၏ နယ်ပယ်နှင့် စွန်ထိုင်၏ ချိပ်ပိတ်မှုတို့ကို ဆန့်ကျင်နိုင်ရန် စတင်ကျင့်ကြံ၏။
သူက ခုချိန်၌ သတိပြန်လည်လာပြီ ဖြစ်သည်။ သည့်ကြောင့် စွန်ထိုင်က ကောင်းမွန်သော ရည်ရွယ်ချက် မရှိကြောင်းကိုလည်း သိနေသည်။ စွန်ထိုင်က ဝမ်လင်းကို လာရောက် ကယ်တင်ခြင်း ကတော့ သူ့အတွက် သေတာထက်စာရင် ကောင်းနေသေး၏။
ဘီလူးနတ်ဆိုကလန်က ဘိုးဘေးက သူတို့နောက်သို့ လိုက်ပါလို့နေသည်။ သူ့ပုဆိန် ဝှေ့ယမ်း၍ သူက ပုဆိန်စွမ်းအင်များကို ပို့လွတ်၍ တိုက်ခိုက်နေ၏။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ စွန်ထိုင်ရှေ့က လေထုသည် ပေါက်ကွဲသွား၏။ မရေမတွကနိုင်သောအက်ကြောင်းလေးများပင် ဖြစ်ပေါ်သွားစေသည်။
စွန်ထိုင်က ကျိန်ဆဲပြန်၏။ သူက လေထဲသို့ လက်ညွှန်သည်။ အစိမ်းရောင် အလင်းတန်းသုံးခုက ပျံသန်းထွက်သွား၏။ သည်အလင်းတန်းသုံခုက အလောင်းကောင် သုံးကောင်သို့ ပြောင်း၍ ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးထံသို့ တိုးဝင်သွားသည်။
စွန်ထိုင်က အော်ဟစ်၏။
“ပေါက်ကွဲလိုက်စမ်း … ”
ဘန်း … ဘန်း … ဘန်း … ။
ကောင်းကင်ဘုံပင် နှစ်ခြမ်းကွဲသွားနိုင်သည့် ပေါက်ကွဲသံများက ကောင်းကင်ထက်၌ တွေ့နေရသည်။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အားက ဘီလူးနတ်ဆိုးကလန်၏ဘိုးဘေးကို နောက်သို့ ဆယ့်နှစ်ပေခန့် ဆုတ်သွားစေ၏။
စွန်ထိုင်အသွင်က ကြမ်းကြုတ်နေ၏။ သူက ရှေ့သို့ ထိုးတက်သည်။ တစ်ချိန်တည်းမှာ သူ့ညာလက်က ဧရာမလက်ဝါးကြီး အသွင်သို့ပြောင်း၍ ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးက ိုဖိနှိပ်ချလာသည်။
ဘိုးဘေးမျက်နှာက ရှုံ့မဲ့နေသည်။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်၌သာ ရှိသေးသူဖြစ်၏။ သူ့တွင် အားကောင်းသော ခန္ဓာကိုယ်နှင့်သွေးမျိုးဆက်သာ မရှိလျှင် သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူထံက ဝမ်လင်းကို ခိုးယူဝံ့မည် မဟုတ်ချေ။ သို့ရာတွင် ဝမ်လင်းက သူ့ကလန်အတွက် အလွန်အရေးကြီးနေ၏။ ထို့ကြောင့် သူက တိုက်ခိုက်ရန် တစ်နည်းသာ ရှိတော့သည်။
ဧရာမလက်ဝါးကြီးက စိတ်ဝိညာဉ်စွမ်းအင်များထက်ပိုလွန်သော စွမ်းအားများပါဝင်နေ၏။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူများက ကောင်းကင်နှင့် မြေကြီးထံမှ စိတ်ဝိညာဉ် စွမ်းအင်များကို အသုံးမပြုတော့ချေ။ သူတို့အတွက် သူတို့ကျင့်ကြံမှုအဆင့်ကို တိုးတက်အောင် ပြုလုပ်ပေးသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များသာ လိုအပ်၏။
ထို့ကြောင့် သူတို့တိုက်ခိုက်မှုတွင် နဂိုအားဖြင့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်အချို့ ပုန်းအောင်းပါဝင်နေသည်။ အစောပိုင်းတုန်းက သက်လတ်ပိုင်းလူကြီးနှင့် ဘိုးဘေးတို့ ဝမ်လင်းကို တိုက်ခိုက်တုန်းကတော့ သူတို့က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုခြင်း မရှိချေ။ တကယ်တော့ သူတို့တွင် ကောင်းကင်ဘုံကျောက်စိမ်းပြားမရှိလျှင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်က ပြန်လည်ဖြည့်ဆည်း၍ မရချေ။ ထို့ကြောင့် သူတို့က ၎င်းစွမ်းအင်ကို ဂရုမစိုက်ဘဲ အသုံးမပြုချေ။
ကောင်းကင်ဘုံကျောက်စိမ်းပြားများက ရရှိရန် အလွန်ခက်၏။
သည့်အတွက်ကြောင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူများစွာ ရှိမနေခြင်းနှင့် သူတို့ကြားတွင်လည်း အသေအကြေ တိုက်ပွဲများကို အနည်းငယ်သာ တိုက်ခိုက်ကြခြင်း ဖြစ်၏။
ယေဘုယျအားဖြင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်က ၎င်းစွမ်းအင်ကို ထည့်သွင်း အသုံးပြုလျှင် သူတို့စွမ်းအားက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းမည်သာ ဖြစ်၏။
ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုခြင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်နှင့် ၎င်းအဆင့် အထက်များကို အတုမရှိခြင်းကို ဖြစ်ပေါ်စေလေ၏။
သည်စွန်ထိုင်၏ လက်ဝါးတိုက်ချက်က မည်သည့်နည်းစနစ်မျှမပါဝင်ဘဲ ရိုးရှင်းသော်လည်း ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်းများ ထည့်သွင်းပါဝင်နေ၏။
ထို့ကြောင့် သည်လက်ဝါးရိုက်ချက်က ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးကို တုန်လှုပ် သွားစေခဲ့၏။
သူ့မျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်ကို သူ့လက်ထဲသို့ ထည့်သွင်းလိုက်၏။ သည့်နောက် သူ ပုဆိန်ကိုလွှဲရိုက်ချ၍ လက်ဝါးချက်ဖြင့် တွေ့ဆုံစေသည်။
ဘုန်း … ။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ မြေကြီးကအပိုင်းအပိုင်းအစစ ဖြစ်ကုန်၏။ ကောင်းကင်ထက်၌လည်း သက်တံရောင်အလင်းများ ပြည့်နေပြီး တုန်ခါလှိုင်းများ ထွက်ပေါ် နေ၏။
အနီးအနားရှိ တောင်ကြီးတစ်လုံးသည်လည်း ထက်ပိုင်းပြတ်သွားခဲ့သည်။
သည်တိုက်ပွဲ တုန်ခါလှိုင်းများက လျင်မြန်စွာ ဖြစ်ပေါ်လာပြီး လျင်မြန်စွာ ပြန်ပျောက် ကွယ်သွား၏။ တကယ်တော့ သူတို့နှစ်ယောက်လုံးက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အများကြီး ထည့်သွင်းအသုံးမပြုခဲ့ချေ။
ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးခန္ဓာကိုယ်က တုန်ခါနေပြီး ပါးစပ်ထောင့်၌ သွေးများစီးကျနေသည်။ သူက အလွန်ဒေါသထွက်သွား၏။ သို့သော် သူက စွန်ထိုင်ထံသို့ တိုးဝင်သွားခြင်း မရှိချေ။ ထိုအစား သူကပြိုကျနေသော တောအုပ်ထဲသို့ တဟုန်ထိုးပြေးဝင်သည်။
“ငါက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ ငါက မင်းကို မသတ်နိုင်ဘူးဆိုတာ မယုံဘူး။ ငါက ဘီလူးနတ်ဆိုးကလန်ရဲ့ အလောင်းကောင်အတွက် ကောင်းမွန်တဲ့ ဂုဏ်ပြုခံရမှုတစ်ခုတော့ ရတော့မှာ သေချာတယ် … ”
စွန်ထိုင်က နှာခေါင်းရှုံ့၏။ သူက ရှေ့သို့ ထိုးတက်၍ သူ့လက်ကို လေထဲသို့ မြှောက်သည်။ သည့်နောက်သူက အော်ဟစ်၏။
“မိုးကြိုး”
ပေါက်ကွဲသံတစ်ခုနှင့်အတူ အနက်ရောင် လျှပ်စီးတန်းတစ်ခုက ကောင်းကက်ထက်ကနေ ဆင်းသက်လာ၏။
စွန်ထိုင်က အော်ဟစ်လိုက်၏။
“ငါက ကောင်းကင်ဘုံမိုးကြိုးနိုင်ငံမှ နှစ်တစ်ရာကြာ လေ့ကျင့်ဖို့ ကြီးမားတဲ့ တန်ဖိုး ပေးဆပ်ပြီးတဲ့ နောက်မှာ ငါ့မိုးကြိုးနယ်ပယ်ကို ရရှိခဲ့တယ်။ မင်းက ဘီလူးနတ်ဆိုး ကလန်ခွဲလေးရဲ့ အဖွဲ့ဝင်လေးပဲ ရှိပါသေးတယ်။ သေလိုက်စမ်း … ”
ဘီလူးနတ်ဆိုး ကလန်၏ဘိုးဘေးအသွင်က လျှပ်စီးနက်ကို မြင်လိုက်သည့်အခါ နက်မှောင်လို့သွား၏။ သူက မာန်သွင်း၍ သူ့ခန္ဓာကိုယ်ကို ပေသုံးဆယ် ပိုရှည်စေလိုက်သည်။ သည့်နောက် ကျဆင်းလာသော မိုးကြိုးလျှပ်စီးကို လက်သီးဖြင့် ထိုးထည့်လိုက်၏။
ဘုန်း … ။
နောက်ထပ်ကျယ်လောင်သော အသံကြီး မြည်ဟည်းသွား၏။ လျှပ်စီးတန်းက ဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းသွားပြီး သူ့မျက်နှာကို ဖြူရော်သွားစေသည်။ သူ့ပါးစပ်ထောင့်မှလည်း သွေးများပို၍ စီးကျလာခဲ့သည်။ သူက စွန်ထိုင်ကို ကြည့်နေ၏။
ထိုအခိုက်တွင် ရွှမ်ယွဲ့မှ သက်လတ်ပိုင်းလူကြီးက ဝမ်လင်းလေ့ကျင့်နေသည့်နားသို့ တည်နေရာ ရွှေ့ပြောင်း၍ ရောက်လာခဲ့သည်။ သူက ကောက်ကျစ်စွာ ပြုံး၍ ဝမ်လင်းကို သတ်ရန် သူ့လက်ကို မြှောက်လိုက်၏။
ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ပြီး ကြမ်းကြုတ်စွာကြည့်၏။ သူက အစောပိုင်းလေးကတည်းက ပြန်လည်ကောင်းမွန်ရန် ကြိုးစားနေခဲ့သည်။ သို့သော် သည်လူ၏ ရေနွေးကြမ်း ရနံ့နယ်ပယ်နှင့် စွန်ထိုင်၏ ချိပ်ပိတ်မှုတို့ကြောင့် သူက မည်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုမျှ ပြန်မဖြည့်တင်းနိုင်ခဲ့ချေ။ သူက ဆေးလုံးအချို့ကို ထုတ်သောက်တာ တောင်မှ ဆေးလုံးထံက စိတ်ဝိညာဉ်စွမ်းအင်များသည်ပင် သည်ချိပ်ပိတ်မှုများ၏ စုပ်ယူခြင်းကို ခံလိုက်ရပေသည်။
အခုလက်ရှိတွင် သူ့စိတ်ဝိညာဉ်စွမ်းအင်များက အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူ ထက်ပင် နည်းနေသေး၏။ သူ့တွင် ချီစုဆောင်းမှုအလွှာသုံး ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ပမာဏသာ ကျန်ရှိတော့၏။ ၎င်းရှိနေသောစိတ်စွမ်းအင်များပင် တဖြည်းဖြည်း ကျဆင်းနေလေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များ အားလုံး ကုန်ဆုံသွားပါက သူသည် သေမျိုး တစ်ယောက်ကဲ့သို့ ဖြစ်သွားပေမည်။ ထိုအချိန်တွင် သေမျိုးသိုင်းပညာရှင် တစ်ယောက်ပင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိပေ၏။
သူ့မူလ စိတ်ဝိညာဉ်ကလည်း အလွန်တရာ အားနည်းနေခဲ့ပြီ ဖြစ်၏။ ၎င်းက အချိန်မရွေးပျက်စီးတော့မည့်ဟန် ရှိနေသည်။ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲကနေလည်း ထွက်ခွာ သွားနိုင်စွမ်း မရှိတော့ချေ။ သည်တစ်ကြိမ်က အတိတ်တုန်းက သူ့ခန္ဓာကိုယ် ဆုံးရှုံးခဲ့သည့် အကြိမ်ကလွဲ၍ သူ့ဘဝတွင် အပြင်းထန်ဆုံး ဒဏ်ရာရခြင်း ဖြစ်သည်။
သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက ညာလက်ဖြင့် ဝမ်လင်းထံသို့ ဖိချလိုက်၏။
သို့သော် ထိုအခိုက်တွင် ကောင်းကင်ထက်မှ အနက်ရောင် လျှပ်စီးတန်းတစ်ခုက ရုတ်တရက် ဆင်းသက်လာ၏။ သက်လတ်ပိုင်းလူကြီးအသွင်က ပြောင်းလဲသွားပြီး သူက သူ့စွမ်းအား အပြည့်သုံး၍ နောက်သို့ ဆုတ်၏။ သို့ရာတွင် လျှပ်စီးအလင်းတန်းက မျက်စိပါသည့်အလား သူ့နောက်သို့ လိုက်လာခဲ့၏။
မျက်စိတစ်မှတ်အတွင်း လျှပ်စီးတန်းကော၊ သက်လတ်ပိုင်း လူကြီးကော ပျောက်ကွယ် သွားလေ၏။
“ဟမ် … မင်းက ငါ့ရှေ့မှာ ခိုးကြောင်ခိုးဝှက် လုပ်ရဲတယ်ပေါ့ … ” စွန်ထိုင်က နှာခေါင်းရှုံ့၍ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်၏။ အစောပိုင်းတုန်းက သူသည် ဘီလူးနတ်ဆိုး ကလန်ကဘိုးဘေးကို ကြောက်လန့်စေခဲ့သည်။ အခုသူက ဝမ်လင်းနှင့် ပတ်သက်၍ သေချာအောင်လုပ်ရဦးမည် ဖြစ်သည်။
သူက သည်အချိန်တွင် သူ့မူလစိတ်ဝိညာဉ် ဖျက်ဆီးခံရခြင်းမှ ကာကွယ်ရန် ဝမ်လင်းကို လုံးဝ ချိပ်ပိတ်မှု ပြုလုပ်မည်ဟု ဆုံးဖြတ်ထားခဲ့၏။
ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးမျက်လုံးထဲ၌ ထူးဆန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ သူက စွန်ထိုင်ကို ကြည့်၍ ပြောလိုက်သည်။
“ငါက ဒီလူ့ကို ခေါ်သွားပြီး နောက်ခုနစ်ရက်နေရင် ပြန်လာပေးမယ် … ”
စွန်ထိုင်က ချက်ချင်းပြန်ပြောလိုက်သည်။
“ မဖြစ်နိုင်ဘူး … ”
သူက ဒီလူ ဝမ်လင်းကို ခေါ်သွားတာကို မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။ ၎င်းက သူ့မူလစိတ်ဝိညာဉ်ကို အခြားလူတစ်ယောက်၏ လက်ထဲ၌ ထားရှိခြင်း မဟုတ်ပါလား။
ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက အနည်းငယ်စဉ်းစား၍ ပြောလိုက်သည်။
“ကြည့်ရတာ မင်းက ငါ့ကို ဖိအားပေးနေတာပဲ။ ဒါက ငါစိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ရောက်ရှိပြီးတဲ့နောက် ပထမဆုံး အကြိမ် အဖြစ် သွေးမျိုးဆက်ကို အသုံးပြုမှာ ဖြစ်တယ်။ ငါ့တိုက်ခိုက်မှုကို ခံယူလိုက် … ”
သူက ထိုသို့ပြောပြီးနောက် အသက်ဝဝရှူသွင်းသည်။ သူ့ခေါင်းပေါ်ရှိ သွေးကြောများက ထောင်ထွက်နေ၏။ သူက ကြီးမားသောနာကျင်မှုကို တောင့်ခံနေရသည့်ပုံပင်။ သိပ်မကြာခင်တွင် သူ့နောက်၌ ဧရာမဝဲကတော့ကြီး တစ်ခု ဖြစ်ပေါ်လာသည်။
သည်ဝဲကတော့က ဖြည်းညှင်းစွာလည်ပတ်နေရင်း ၎င်းအထဲကနေ အနက်ရောင်အလင်းများ ထုတ်လွှတ်နေ၏။ ၎င်းဝဲကတော့ ထံမှ ထူးဆန်းသောအားများက ပျံ့နှံ့လာခဲ့သည်။
စွန်ထိုင်အသွင်ကပြောင်းလဲသွားသည်။ ထိုအခိုက်၌ ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးက အော်ဟစ်လိုက်၏။
“ပြောင်း … ”
သူ့နောက်ရှိ ဝဲကတော့ကြီးက ရုတ်တရက် မြန်ဆန်စွာ လှည့်ပတ်လာပြီး အားကောင်းလွန်းသော စုပ်အားတစ်ခု ဖြစ်ပေါ်လာ၏။ သို့ရာတွင် သည်စုပ်အားက ပတ်ဝန်းကျင်ကို သက်ရောက်ခြင်း မရှိဘဲ စွန်ထိုင်တစ်ဦးတည်းထံသို့သာ သက်ရောက်လို့နေ၏။
စွန်ထိုင်က ချက်ချင်းပင် ဝဲကတော့ထံက အားကောင်းသော စုပ်အားက သူ့ကို ဆွဲခေါ်နေသည်ကို ခံစားမိ၏။ သူက အံကြိတ်၍ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို လှည့်ပတ်စီးဆင်းစေသည်။ သူက လေထဲသို့ လက်ညွှန်၏။ အနီရောင် ခေါင်းတလားတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
စွန်ထိုင်က လက်ဝါးဖြင့် ထိုခေါင်းတလားကို ရိုက်၍ အက်ကွဲစေလိုက်သည်။ ကောင်လေးတစ်ယောက်၏ ခန္ဓာကိုယ်က ထိုခေါင်းတလားထဲကနေ မြောလွင့်လာ၏။
“ပြောင်း … ”
ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးက ထပ်မံ၍ အော်ဟစ်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများက ပို၍ ရုန်းကြွလာသည်။ သွေးမျိုးဆက်စွမ်းရည်သည် သူ့ခန္ဓာကိုယ်ကို အလွန်ဖိအား ပေးနေ၏။ သူ့ကျင့်ကြံမှုအဆင့်က လုံလောက်အောင်မြင့်မားခြင်း မရှိသေးသောကြောင့် သူက သည်အခြေအနေကို အသက်ရှုစာအချိန်အနည်းငယ်သာ ထိန်းထားနိုင်စွမ်း ရှိ၏။
ဝဲကတော့ ရူးသွပ်ဖွယ် လှည့်ပတ်လာပြီး စွန်ထိုင်းကို စွဲငင်လေသည်။ သူက တုံ့ဆိုင်းစွာ ကြည့်၍ အော်ဟစ်လိုက်၏။
“နတ်ဆိုးကလေး … သူ့ကိုသတ် … ”
ကောင်လေးက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့၏။ သူ့မျက်လုံးကနေ နတ်ဆိုး အလင်းတန်းများ ထုတ်လွှတ်နေသည်။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ ဘီလူးနတ်ဆိုး ကလန်၏ ဘိုးဘေးထံသို့ ရောက်ရှိသွား၏။ ၎င်း၏ အမြန်နှုန်းက တည်နေရာ ရွှေ့ပြောင်းခြင်း ထက်ပင် မြန်ဆန်နေသေးသည်။
ဘီလူးနတ်ဆိုးကလန်က သည်ကောင်လေးသည် သူ့ရှေ့သို့ ရောက်လာပြီး သူ့ရင်ဘတ်ကို တိုက်ခိုက်လိုက်သည်ကို တွေ့မြင်လိုက်၏။ သူက အဖျက်အဆီးအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။
သူက သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ့မူလစိတ်ဝိညာဉ်ကလည်း ခန္ဓာကိုယ်မှ လျင်မြန်စွာ စွန့်ခွာ၍ သိုလှောင်အိတ်ထဲသို့ ဝင်ရောက်လိုက်သည်။ ကောင်လေးက ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ခန္ဓာကိုယ်ကို တစ်ချက် ထပ်ကန်ထုတ်ပြန်သည်။
သို့ရာတွင် စွန်ထိုင်သည်လည်း ဝဲကတော့ထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရ၏။ သူက အထိတ်တလန့် အော်ဟစ်လိုက်ပြီး တဖြည်းဖြည်း ပျောက်ကွယ်လို့သွား၏။
ဘီလူးနတ်ဆိုးကလန်က သွေးမျိုးဆက်စွမ်းအားက ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေး၏ ကျင့်ကြံမှုအဆင့်နိမ့်ကျသဖြင့် တိုက်ခိုက်ခြင်း စွမ်းရည် ရှိမနေခဲ့ချေ။ သို့ရာတွင် ၎င်းက တစ်စုံတစ်ယောက်ကို ဟင်္သာပြဒါးဂြုဟ်ကနေ အလွန်ဝေးကွာသော ကြယ်များဆီသို့ တည်နေရာရွှေ့ပြောင်း ပစ်နိုင်စွမ်း ရှိ၏။
ဝဲကတော့ ပျောက်ကွယ်သွားသည့်နောက် စွန်ထိုင်လည်း ပျောက်ကွယ်သွားလေ၏။
လေထဲ၌ မြောလွင့်နေသော ကောင်လေးသာကျန်ခဲ့တော့သည်။ သူက အနည်ငယ် တုံ့ဆိုင်းပြီးနောက် ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးနောက်သို့ လိုက်ပါသွားလေ၏။
ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက ဝမ်လင်းကို ဆွဲခေါ်သွားရန် အချိန်မရှိခဲ့ချေ။ သူက အထိတ်တလန့်အော်ဟစ်ပြီးနောက် လွတ်မြောက်ရန် ထွက်ပြေးရလေသည်။ ကောင်လေးကလည်း သူ့နောက်မှလိုက်ပါသွားပြီး နှစ်ယောက်စလုံး ပျောက်ကွယ်လို့သွား၏။
ဝမ်လင်းက ခုမှ စိတ်သက်သာရာရ၍ သက်ပြင်းချနိုင်တော့သည်။ သူက ကြိုးစား၍ မတ်တတ် ရပ်လိုက်ပြီး တောအုပ်ထဲသို့ လမ်းလျှောက်သွား၏။ သူက ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ခန္ဓာကိုယ်က ပို၍အားနည်းသွားနေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များ သည်လည်း လျော့နည်းလာနေ၏။
ရွှမ်ယွဲ့က လီယွမ်ဖန်၏နယ်ပယ်နှင့် စွန်ထိုင်၏ ချိပ်ပိတ်မှုတို့က ပေါင်းစပ်သွားခဲ့ပြီး သူ့စွမ်းအားကို ချိပ်ပိတ်ပစ်လေသည်။ လက်ဖက်ရွက်၏ပုံရိပ်က ပို၍ ပီပြင်လာခဲ့ပြီး ဝမ်လင်း နဖူးထက်၌ အမှတ်အသားတစ်ခု အဖြစ်သို့ပင် ပြောင်းသွားခဲ့သည်။
သည်အမှတ်အသားက ထူးဆန်းသောပုံစံရှိနေ၏။ သည်ပုံစံက စွန်ထိုင်၏ ချိပ်တံဆိပ် အသွင်ပင် ဖြစ်သည်။
ဝမ်လင်းက ခါးသီးစွာ ပြုံး၍ အချိန်အတန်ကြာ လမ်းလျှောက်နေခဲ့သည်။ သူက သူ့ကိုယ်ပေါ်သို့ တောင်တစ်လုံး ဖိနှိပ်ထားသလို ခံစားနေရသည်။ သူက ခြေတစ်လှမ်းပင် မနည်းကြိုးစား၍ လျှောက်နေရ၏။ သူက တောအုပ်ထဲကထွက်လာသည့်အခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ် စွမ်းအင်များ အားလုံးသည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူ့ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများသည်လည်း အလွန်ဆိုးရွား လွန်းနေခဲ့သည်။ သူက သူ့ကိုယ်တွင်း ကလီစာများထံမှပင် နာကျင်မှုကို ခံစားနေရသည်။ သူ့မူလစိတ်ဝိညာဉ်ကလည်း အလွန်အားနည်းပြီး ပျက်စီးလုနီးပါး ဖြစ်နေ၏။ သူက တောအုပ်ထဲက ထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသော နေရောင်ခြည်ကို ခံစားမိလိုက်၏။ သူ့ခန္ဓာကိုယ်က အမှန်တကယ်ပင်အားနည်းလွန်းနေခဲ့၏။ သူက မြေပေါ်သို့ ပစ်လှဲမကျသွားခင် မြင်ကွင်းတစ်ခုလုံး အမှောင်ကျသွားလေတော့၏။
***