Switch Mode

အပိုင်း(၄၀၅)

“စစ်ထူ…”

ဝမ်လင်း မျက်လုံးများက အလေးအနက် ဖြစ်နေ၏။ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရာ သူ့တစ်ကိုယ်လုံးသည် သက်တံရောင် အလင်းများဖြင့် ဖုံးအုပ်သွားပြီး ပျောက်ကွယ်သွား၏။

ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်း၌ အလင်းမျက်လုံးများက ခုထိရှိနေသေး၏။ သူက ၎င်းတို့ကို မကြည့်ဘဲ ရှေ့သို့ ဆက်၍သွား၏။

သိပ်မကြာခင်တွင် သူက စစ်ထူနန်စိတ်ဝိညာဉ် ရှိသော နေရာသို့ ရောက်လာခဲ့သည်။

စစ်ထူနန်၏ ဧရာမစိတ်ဝိညာဉ်ကြီး၏ ဘေး၌ သူ့မိဘနှစ်ပါး၏ စိတ်ဝိညာဉ်နှစ်ခုလည်း ရှိနေခဲ့သည်။ သူတို့က ညင်သာသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေ၏။ သည်အလင်းတန်းက ဝမ်လင်းကို အနည်းငယ် တည်ငြိမ်သွားစေခဲ့သည်။ သူက သူ့မိဘနှစ်ပါး ရှေ့တွင် ဒူးထောက်ချ၍ အချိန်အတန်ကြာ စူးစိုက်ကြည့်နေသည်။ ထို့နောက် သူက စစ်ထူနန်စိတ်ဝိညာဉ် ရှိရာသို့ လှည့်၍ ကြည့်သည်။

စစ်ထူနန်က ထိုနေရာတွင် မျက်လုံးမှိတ်၍ ထိုင်လျက်ရှိနေသည်။ သူ့ခန္ဓာကိုယ်က အစကလောက် မှိန်ဖျော့ခြင်း မရှိတော့ချေ။ ၎င်းစိတ်ဝိညာဉ်က အနည်းငယ် ပြန်ကောင်းမွန် လာခဲ့သည်ဟု ပြော၍ ရ၏။

ဝမ်လင်းက စစ်ထူနန်စိတ်ဝိညာဉ်ကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “စစ်ထူနန်စိတ်ဝိညာဉ်က ဒီနေရာမှာ ရှိနေတာပဲ။ ဘာကြောင့် ဟိုလူက သူ့ကိုယ်သူ စစ်ထူနန်လို့ ခေါ်ဝေါ်ရတာလဲ။ သူတို့က နာမည်တူတာ ဖြစ်နိုင်မလား။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကို သိနေကြတယ်…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့အသွင်က အလေးအနက် ဖြစ်လာခဲ့သည်။

“စစ်ထူက ငါ့ကို တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့အတွက် သူက ဟင်္သာပြဒါးဂြိုဟ် အပြင်ဘက်က ကျင့်ကြံသူတွေရဲ့ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ သူ့ခန္ဓာကိုယ်ကလည်း ပျက်စီးသွားခဲ့ရပြီး သူ့စိတ်ဝိညာဉ်ကို ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ ဝင်ပုန်းပြီး ဒီဘေးဒုက္ခကို ရှောင်လွှဲခဲ့တယ်…”

ဝမ်လင်းမျက်လုံးက ပို၍ပို၍ တောက်ပလာခဲ့သည်။ သူက သူ့ကိုယ်သူ စစ်ထူနန်လို့ ခေါ်သည့်လူအကြောင်းကို ပြန်စဉ်းစားနေ၏။ သည်လူက အနက်ရောင် အခိုးအငွေ့များကနေ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အနက်ရောင် အခိုးအငွေ့များကလည်း လက်မောင်းထံမှ ဖြစ်ပေါ်လာခြင်းပင်။

“စစ်ထူရဲ့ ခန္ဓာကိုယ်က တစ်ယောက်ယောက်ရဲ့ ယူဆောင်ခြင်းခံရပြီး စိတ်ဝိညာဉ် တစ်ပိုင်းတစ်စနဲ့ သန့်စင်ခံထားရတာ ဖြစ်နိုင်မလား…” ဝမ်လင်းက စိတ်ထဲ၌ အကြမ်းဖျင်း ခန့်မှန်းနိုင်ရုံသာ ရှိပြီး သေချာမသတ်မှတ်နိုင်ချေ။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူက သက်ပြင်းချ၍ ခါးသက်စွာပြုံး၏။ “စီနီယာ စစ်ထူ… ဒီလက်မောင်းသာ စီနီယာဟာဆိုရင် ငါက စီနီယာပြောခဲ့ဖူးသလို ဟင်္သာပြဒါးနိုင်ငံရဲ့ နံပါတ်တစ် ကျင့်ကြံသူဖြစ်တယ် ဆိုတာကို ယုံကြည်မိလိမ့်မယ်…”

ဝမ်လင်းက ခေါင်းယမ်းလိုက်ပြန်သည်။ အဆုံးသတ်၌ သူက စစ်ထူနန်၏ ပြောဆိုမှုကို ယုံကြည်ရန် မရေမရာ ဖြစ်နေဆဲပင်။ သည်သိပ်ပြီးမယုံကြည်မှုက သူပို၍ ကျင့်ကြံလေလေ ပိုဖြစ်လာလေဖြစ်သည်။ တကယ်တော့ ဟင်္သာပြဒါးဂြိုဟ်၏ နံပါတ်တစ်ကျင့်ကြံသူသည် ဟင်္သာပြဒါးဆိုသည့် နာမည်ဖြင့် လူတစ်ယောက်ဖြစ်နေသည် မဟုတ်လား။

အတိတ်တုန်းကသာ စစ်ထူနန်သည် ဟင်္သာပြဒါးမဟုတ်လျှင် သူက နံပါတ်တစ်ကျွမ်းကျင်သူ မဖြစ်နိုင်တော့ချေ။

သည့်အပြင် စစ်ထူနန်က ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ၌ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး သူခုချိန်အပြင်သို့ ပြန်ရောက်လာမည်ဆိုလျှင်ပင် သူက နံပါတ်တစ်ကျင့်ကြံသူဖြစ်ရန် လုံလောက်အောင် သန်မာတော့မည် မဟုတ်ချေ။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သက်ပြင်းချ၍ ပုတီးစေ့ထဲကနေ ထွက်လာခဲ့တော့၏။

ရွှမ်ယွဲ့နိုင်ငံ။

တော်ဝင် ရေခဲကျောင်းဆောင်အတွင်း၌ အလွန်တရာ ကြည့်ကောင်းသော သက်လတ်ပိုင်းလူကြီး တစ်ယောက် ထိုင်နေခဲ့သည်။သူ့ရှေ့တွင် အနီရင့်ရောင် ရေနွေးကြမ်းတစ်အိုး ရှိနေ၏။

သူ့အပြင် နောက်ထပ် အမျိုသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် မတ်တတ်ရပ်လျက် ရှိနေသည်။ သူတို့နှစ်ယောက်လုံးက ဆံပင်များ စွတ်စွတ်ဖြူလျက်ရှိ၏။

သက်လတ်ပိုင်းလူကြီးက ဝါးရေနွေးခွက်တစ်ခွက်ကို ကောက်ယူ၍ ရေနွေးအိုးထဲက ရေနွေးအချို့ကို သွန်ငှဲ့လိုက်သည်။ ထို့နောက်သူက ရေနွေးအိုးထဲသို့ ရေခဲတုံးတစ်တုံးကို ထည့်၏။ သူက လက်ချောင်းဖြင့် ညွှန်လိုက်ရာ ရေခဲတုံးက အရည်ပျော်သွားပြီး ရေများ ဆူပွက်သွားသည်။

ချိုသက်သက်မွှေးရနံ့ တစ်ခုက ရေနွေးကြမ်းအိုးမှ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးအား ဖုံးလွှမ်သွားသည်။

သက်လတ်ပိုင်း လူကြီးက ရေများကို လောင်းထည့်၍ နောက်ထပ် ရေခဲတစ်တုံးကို ထပ်ထည့်သည်။ ထို့နောက်သူက ၎င်းရေခဲကို အရည်ပျော်၍ တစ်ဖန်ဆူပွက်စေပြန်သည်။ သည်တစ်ကြိမ်တွင် နှစ်သက်ဖွယ် အမွှေးရနံ့တစ်ခုက ရေနွေးကြမ်းအိုးထဲကနေ ထွက်ပေါ်လာခဲ့သည်။ သည်နှစ်သက်ဖွယ်ရနံ့က ချိုသက်သက်ရနံ့ကို ဖယ်ရှား၍ ခန်းမထဲ၌ နေရာယူသွား၏။

ခန်းမတစ်ခုလုံးက သည်နှစ်သက်ဖွယ် အမွှေးရနံ့နှင့် ကြိုင်ကြိုင်သင်းနေခဲ့သည်။ သည်ရနံ့က ခန်းမအပြင်ဘက်ထိ အားကောင်းစွာ ပျံ့နှံ့နေ၏။

“ငါက ထျန်ချွဲငှက်မွေးတောင် ရနံ့နဲ့ ပတ်သက်လို့ ဘယ်တော့မှ ငြီးငွေ့သွားမှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် ငါက ဒီရနံ့ကို နေ့တိုင်းတောင် ရနေချင်သေးတယ်…” ကံမကောင်းစွာနဲ့ ဒီရေနွေးကြမ်းက ရှားပါးလွန်းနေတယ်။ ငါက ခု ဒါကို ဟင်္သာပြဒါးနိုင်ငံကနေ နည်းနည်းပဲရနေတာပဲ။ မင်းတို့နှစ်ယောက်လုံး ကံကောင်းကြတယ်။ ဒီကိုလာပြီး ဒီရေနွေးကြမ်းကို မြည်းစမ်းကြည့်…” သက်လတ်ပိုင်းလူကြီးက ရေနွေးကြမ်းအိုးထဲကနေ ခွက်သုံခွက်ထဲသို့ ရေနွေးကြမ်း အချို့ကို သွန်ငှဲ့လိုက်သည်။

ရေနွေးကြမ်းသုံးခွက်ငှဲ့ပြီးနောက် ရေနွေးကြမ်းအိုးထဲ၌ ဘာမျှမကျန်ခဲ့တော့ချေ။

အဘိုးအိုနှင့် အဘွားအိုတို့က လာရောက်၍ ရေနွေးကြမ်းခွက်များကို ကောက်ယူ၍ သောက်လိုက်ကြသည်။ သို့ရာတွင် အဘွားအို၏စိတ်ထဲ၌ အဖုအထစ်တစ်ခု ရှိနေခဲ့သည်။ သူက ရေနွေးကြမ်းကို သောက်သုံးပြီးနောက် ပြောလိုက်၏။ “ကလန်ခေါင်းဆောင်၊ ငါတို့ရေနွေးကြမ်းလည်း သောက်ပြီးပြီးဆိုတော့ ကျေးဇူးပြု၍ စန်နူးကို သတ်မဲ့အကြောင်း ပြောပြပေးပါ…”

သက်လတ်ပိုင်းလူကြီးက အဘွားအိုသည် ရေနွေးကြမ်းကို ဖြုန်းတီးသလို သောက်ပစ်သည့်အတွက် သူ့စိတ်ထဲ၌ နာကျင်သွားမိ၏။။ ထို့နောက် သူကပြောလိုက်၏။ “ဒီစန်နူးက ဘာမှမဟုတ်ပါဘူး။ သူ့ကို ဟင်္သာပြဒါးနိုင်ငံ ဒီ့ပြင်အခြားလူတွေကို သွားပြီး မသတ်ဖို့သာ ပြောမထားဘူးဆိုရင် သူက တစ်ယောက်ယောက် လက်ချက်နဲ့ သေနေလောက်ပြီ…”

အဘွားအိုက ခေါင်းမော့၍ ပြောလိုက်သည်။ “ဒါပေမဲ့ သူက ငါတို့ အနီရောင်လိပ်ပြာရဲ့ လက်တစ်ဖက်ကိုတောင် ဖြတ်ရဲခဲ့တယ်လေ။ အနီရောင်လိပ်ပြာက ရွှမ်ယွဲ့ရဲ့ မျှော်လင့်ချက်ပဲ။ ကလန်ခေါင်းဆောင် သင်လည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရှိခဲ့တာ သူမကြောင့်ပဲလေ…”

အဘိုးအိုကတော့ ခေါင်းညိမ့်၍ ရေနွေးကြမ်းကိုသာ နည်းနည်းချင်း သောက်နေခဲ့လေ၏။

သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများက အေးစက်လာခဲ့သည်။ သူက အဘွားအိုကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ငါ မမေ့ပါဘူး။ နင်ငါ့ကို လာပြီး သတိပေးဖို့ မလိုဘူး…”

အဘွားအိုက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဆက်ပြောပြန်သည်။ “ ငါက ကလန်ခေါင်းဆောင် စန်နူးနဲ့ပတ်တတ်ပြီး ဘယ်လိုလုပ်ဆောင်မလဲဆိုတာ သိချင်မိပါတယ်…”

သက်လတ်ပိုင်းလူကြီးက ရေနွေးကြမ်းခွက်ကို ကောက်၍ တစ်ငုံသောက်ကာ ဆက်ပြောသည်။ “ဒီစန်နူးမှာ မိုးကြိုးဖားပြုတ် သားရဲတစ်ကောင်၊ ခေါင်းလောင်းတစ်စုံ၊ မရေမတွက်နိုင်တဲ့ အတားအဆီးတွေ ဖန်တီးနိုင်တဲ့ အလံငယ်တစ်ခု ပိုင်ဆိုင်ထားတယ်။ ဒါ့အပြင် လျောင်ဖန်က စန်နူးဟာ တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကိုပါ သိကျွမ်းထားတယ်လို့ သေချာပြောနေတယ်။ ဒီအရာတွေက တကယ်တော့ အရေးမကြီးဘူး။ စန်နူးနဲ့ပတ်သက်ပြီး အရေးကြီးဆုံးက သူ့မှာ ရှိတဲ့အလံကနေ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့ အော်ရာပါဝင်နေတဲ့ အလံငယ်တစ်ခုပဲ…”

အဘွားအိုက တုန်လှုပ်သွားမိ၏။ သူက ဆက်ပြောပြန်သည်။ “ကြည့်ရတာ ကလန်ခေါင်းဆောင်က ဒီလူနဲ့ပတ်သက်လို့ ကောင်းကောင်း စုံစမ်းထားတာပဲ…”

သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်ကာ ဆက်ပြော၏။ “ဟင်္သာပြဒါးတောင်က မျက်စိကျတဲ့ တစ်ယောက်ကို ငါက စိတ်မဝင်စားပဲ နေနိုင်ပါ့မလဲ။ ဟင်္သာပြဒါးတောင်က သူ့ကို အနီရောင်လိပ်ပြာနဲ့ တိုက်ခိုက်ဖို့တောင် သတ်မှတ်ခဲ့တယ်။ ဟင်္သာပြဒါးရဲ့ ခေါင်းစီးက အနီရောင်လိပ်ပြာပဲ ဖြစ်ရမယ်။ ငါက တခြားတစ်ယောက်ကို ဘယ်လိုလုပ် ဒီလိုဖြစ်ဖို့ ခွင့်ပြုပေးနိုင်ပါ့မလဲ။ ငါက လျောင်ဖန်ကို ငါ့ရတနာတွေ ယူသွားခိုင်းပြီး တချို့အရာလေးတွေ သင်ကြားခိုင်းခဲ့တယ်…”

အဘွားအိုက လေးစားစွာ ခေါင်းငုံ၏။ သူက ဆက်၍ ပြောဆိုခြင်း မပြုတော့ချေ။

သက်လတ်ပိုင်းလူကြီးက နောက်ထပ် ရေနွေးကြမ်းတစ်ငုံသောက်၍ ဖြည်းညင်းစွာ ဆက်ပြောသည်။ “ခုချိန်က သူ့ကို သတ်ရမဲ့အချိန် မဟုတ်သေးဘူး။ ငါတို့က သူနဲ့ အနီရောင်လိပ်ပြာတို့ရဲ့ တိုက်ပွဲပြီးတဲ့ထိ စောင့်ရလိမ့်မယ်။ ဒီအချိန်ကျရင် သူနိုင်နိုင်ရှုံးရှုံး ငါကိုယ်တိုင် သူ့ကိုသတ်မယ်။ ဒီလူက လွတ်မြောက်အောင် လုပ်နိုင်စွမ်းမှာ ထူးချွန်တယ်။ ငါက ဘီလူးနတ်ဆိုးကလန်က ငါ့မိတ်ဆွေတွေဆီကနေ သတင်းရတာတော့ သူတို့ရဲ့ ကြယ်သံလိုက် အိမ်မြှောင်တောင် သူ့ထက်ထဲမှာ ဖြစ်နိုင်တယ်တဲ့။ ဒီကြယ်သံလိုက် အိမ်မြှောင်နဲ့ဆိုရင် သူက လေဟာနယ်ဖွင့်ပြီး ဟင်းလင်းပြင်ထဲ ဝင်ရောက်နိုင်တယ်။ အဲဒီကျရင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ဘယ်သူကမှ သူ့ကို ဖမ်းနိုင်တော့မှာ မဟုတ်ဘူး…”

အဘွားအိုက မျက်မှောင်ကြုတ်သွား၏။ သူခေါင်းမော့၍ ထပ်မေးလိုက်သည်။ “ကလန်ခေါင်းဆောင် ဆိုလိုတာက…”

သက်လတ်ပိုင်းလူကြီးက ထပ်မံရှင်းလင်းပြသည်။ “ငါတို့က သူ့ကို သတ်ချင်ရင် တစ်ချီတည်းနဲ့ အောင်မြင်မှ ရမယ်။ ငါကိုယ်တိုင်လှုပ်ရှားရင် သူက သေချာပေါက် ထွက်ပြေးလိမ့်မယ်။ ဒါကြောင့် ငါတို့က စပြီးတိုက်ခိုက်တာနဲ့ သူ့ကို လေဟာနယ် အက်ကြောင်းဖွင့်လို့ မရအောင် အစီအရင်တစ်ခု ချမှတ်ရမယ်။ ပြီးရင် ဘီလူး နတ်ဆိုးကလန်ကိုလည်း အကူအညီ တောင်းထားသေးတယ်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်နှစ်ယောက်နဲ့ဆိုရင် သူက ဘယ်လောက်ပဲ စွမ်းအားရှိပါစေ သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ပဲ ရှိသေးတာမလား။ ငါက ဒီလိုလုပ်ဆောင်မယ်ဆိုရင် သူ့ကိုသတ်ဖို့ ကျိန်းသေပေါက် အောင်မြင်လိမ့်မယ်…”

အဘွားအိုမျက်နှာပေါ်ရှိ လေးစားမှုက ပို၍ တိုးလာခဲ့သည်။

ထိုအခိုက်တွင် အဘိုးအိုက ရေနွေးကြမ်းခွက်ကိုချ၍ မေးလိုက်သည်။ “ငါတို့က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အလတ် အဆင့်လေးသာ ရှိတဲ့သူနဲ့ပတ်သက်ပြီး အဲဒီလောက်လုပ်ဖို့ လိုလိုလား…”

သက်လတ်ပိုင်းလူကြီးက ပြုံး၍ မေးလိုက်၏။ “မင်းက သူ့နယ်ပယ်က ဘာလဲဆိုတာ သိလား…”

“အို…” အဘိုးအိုက ခေါင်းမော့ကြည့်၏။

“အနီရောင်လိပ်ပြာရဲ့ အပြောအရဆိုရင် ဒီလူရဲ့နယ်ပယ်က သေခြင်းရှင်ခြင်းနယ်ပယ် (ပြန်လည်မွေးဖွားခြင်း စက်ဝန်း) ဖြစ်တယ်။ ဒီလိုနယ်ပယ်မျိုးကို နားလည်ထားတဲ့သူက ခန့်မှန်းလို့မရနိုင်ဘူး။ သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ဆိုရင်တောင်မှပေါ့…” သက်လတ်ပိုင်းလူကြီး၏ မျက်လုံးထဲ၌ စိုးရိမ်မှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။

အဘွားအိုက အနည်းငယ် စဉ်းစားပြီးနောက် သက်ပြင်းချသည်။ သူမက စန်နူးကို သတ်ချင်ရသည့် အကြောင်းရင်းသည် အနီရောင်လိပ်ပြာ ငယ်ရွယ်စဉ်တုန်းက သူမက သူ့အနာဂတ်နဲ့ ပတ်သက်လို့ စစ်ဆေးခဲ့ဖူးသောကြောင့် ဖြစ်၏။ အနာဂတ်တွင် အနီရောင်လိပ်ပြာက ဘေးကပ်ဆိုးတစ်ခုကို ရင်ဆိုင်ရမည် ဖြစ်သည်။

သူမစိတ်ပူသည်က သည်ဘေးကပ်ဆိုးသည် စန်နူးဖြစ်နေမည်ကိုပင်။

အချိန်က ရွေ့လျားနေပြီး မျက်စိတစ်မှိတ်အတွင်း ငါးနှစ်ကုန်ဆုံးသွားပြန်၏။

ကျိုးယုလေးသည် ခုဆို ဆယ်နှစ်အရွယ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ သည်ကလေးမလေးက အတော်လည်း ကြီးထွားလာခဲ့၏။ သူက ပို၍လည်း မယဉ်မကျေး ဖြစ်လာခဲ့သည်။ သူက စေတီထဲရှိ အစ်မကြီးချောချောကို သွား၍ အစားအသောက် ကျွေးရန်လည်း စိတ်မဝင်စားခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ သူမက သည်အစ်မကြီးချောချော အကြောင်း တွေးမိနေသေးသော်လည်း အစားအသောက်တော့ ထပ်မံ၍ကျွေးခြင်း မပြုတော့ချေ။ သူမ၏ ခြေရာများက သည်အနီးအနားရှိ တောင်တန်းများတွင် ခြေချင်းလိမ့်နေခဲ့သည်။ သူမက ငယ်သေးသော်လည်း ရဲရင့်လှ၏။ ကျားများနှင့်အခြား သားရိုင်းများက သူမ၏ နှောင့်ယှက်မှုကို မကြာခဏ ခံရသည်။

တကယ်တော့ သူမရဲ့စွမ်းရည်က ကျားများနှင့် အခြားသားရိုင်းများကို ကြောက်ရွံ့စရာမလိုချေ။ ထိုင်ယန်က လွန်ခဲ့သောလေးနှစ်က သည်နေရာကို ရောက်လာခဲ့သည်။ သူက စဦးစိတ်ဝိညာဉ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သို့ရာတွင် သူက ခုထိ စဦး စိတ်ဝိညာဉ်အဆင့်နှင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကြား ကွာခြားချက် မျဉ်းပါးတစ်ခုကို မဖြတ်ကျော်နိုင်သေးချေ။ ထို့ကြောင့် သူက အရာအားလုံးကို စွန့်လွှတ်ပြီး ဝမ်လင်းနောက်သို့ ထပ်မံ၍ လိုက်ပါရန် ရောက်ရှိလာခဲ့၏။

သူနှင့်ပူးပေါင်း၍ သည်ကျိုးယုလေးက ပို၍ မောက်မာလာခဲ့၏။ သည်ကလေးမက နေ့တိုင်းတိုင်းလိုလို ဆော့ကစား၍ ပျော်နေလေ့ရှိသည်။

ဝမ်လင်းက လွန်ခဲ့သော ငါးနှစ်လုံးလုံး သူ့အခြေခံကို သိပ်သည်းအောင် လုပ်နေရင်း စိတ်ဝိညာဉ်ပုံစံ အလယ်အဆင့်ကို ကျော်ဖြတ်ရန် ကြိုးစားရင်း အချိန်ကုန်ဆုံးခဲ့၏။ သို့ရာတွင် သူက မည်မျှကြိုးစားပါစေ ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။

ဝမ်လင်းက သူသည် ပိတ်ဆို့မှု ဖြစ်နေသည်ကို သိလေ၏။သူက သည်အဆင့်ကိုသာ မဖြတ်ကျော်နိုင်လျှင် သူ့ကျင့်ကြံမှုအဆင့်က သည်နေရာ၌ ထာဝရ တစ်ဆို့နေတော့မည် ဖြစ်သည်။

သည်ငါးနှစ်အတွင်း သူ့ကို လာရောက်၍ စိန်ခေါ်သူများသည်လည်း အများကြီး လျော့နည်းသွားကြသည်။ သို့သော် စန်နူး၏ကျော်ကြားမှုက တိုး၍လာနေဆဲပင်။သူက ကျင့်ကြံသူအများအပြား၏ စကားဝိုင်းတွင်ခေါင်းစဉ်တစ်ခုလို ဖြစ်နေခဲ့၏။

သည်နေ့သည် အနီရောင်လိပ်ပြာနှင့် သူတိုက်ခိုက်ရန်အတွက် ဟင်္သာပြဒါးတောင်က ချိန်းဆိုချက် ပေးထားသည့် ဆယ်နှစ်မြောက် နေ့ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ဝက်က ဟင်္သာပြဒါးနိုင်ငံက တမန်တော်တစ်ယောက် ရောက်လာပြီး တောင်ကြား အပြင်ဘက်၌ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု နေရချသွားခဲ့သည်။ သည်တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က တစ်ကြိမ်သာ အသုံးပြုနိုင်၏။ သို့သော် သည်အစီအရင်က သူ့ကို ဟင်္သာပြဒါးနိုင်ငံသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်လေ၏။

ဖန်ယုရှန်က တောင်ကြား အပြင်ဘက်၌ လေးစားစွာ မတ်တတ်ရပ်လျက် ရှိသည်။ သူက လွန်ခဲ့သော ဆယ်ရက်ကတည်းက ရောက်ရှိနေပြီး ဝမ်လင်းကို လွန်ခဲ့သော ဆယ်နှစ်က သဘောတူညီချက်အရ စိန်ခေါ်စာကို လာရောက်ပေးခြင်းပင်။

သည်ဆယ်ရွက်အတွင်း ဝမ်လင်းက သူသွား၍ တိုက်ခိုက်သင့်သလား၊ မသင့်ဘူးလား စဉ်းစားနေခဲ့၏။

အတိတ်တုန်းက အနီရောင် လိပ်ပြာနှင့် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အတွက် ဟင်္သာပြဒါးနိုင်ငံက သူ့ကို ခုထိ ဗွေယူခြင်း မပြုသေးချေ။ ဝမ်လင်းက သည်အရာနှင့် ပတ်သက်၍ မြှုပ်ကွက်တစ်ခု ရှိနေလိမ့်မည်ဟု ခံစားမိနေသည်။သူက ဟင်္သာပြဒါးနိုင်ငံက သူ့ကို အဓိက တပည့်အဖြစ် လက်ခံလိုခြင်းများ ဖြစ်နိုင်မလားဟု ခန့်မှန်းမိ၏။

အတိတ်တုန်းက အနီရောင်လိပ်ပြာလိုမျိုး ဟင်္သာပြဒါးနိုင်ငံက သူ့ကို တပည့်အဖြစ် လက်ခံလိုနေခြင်းလား။

သည်အရာသည် တိုက်ပွဲအတွက် အကြောင်းပြချက်တစ်ခု ဖြစ်နိုင်၏။ ဟင်္သာပြဒါးနိုင်ငံ၏ မွန်းစတားအိုကြီးများသာမက ဟင်္သာပြဒါးဂြိုဟ်တစ်ခုလုံး သည်လို ထင်မြင်ထားသည်မှာ ဖြစ်နိုင်၏။

တကယ်တော့ အနီရောင်လိပ်ပြာက နာမည်ကျော်လွန်းသည်။ သူမကြောင့် မဟာမိတ်ကလန်လေးခု နိုင်ငံ ဖျက်ဆီးခံရပြီး ရွှမ်ယွဲ့နိုင်ငံသည်လည်း အဆင့်ငါးနိုင်ငံသို့ ကြမ်းတမ်းစွာ မြင့်တက်လာနိုင်ခဲ့သည်။ သည်လိုအရာမျိုးက ဟင်္သာပြဒါးဂြိုဟ်၏ သမိုင်းတွင် ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိချေ။

သည့်အတွက်ကြောင့်လည်း အနီရောင်လိပ်ပြာ၏ နာမည်ကို ကျင့်ကြံသူ အများစုက သိရှိနေကြသည်။

စန်နူးက အနီရောင်လိပ်ပြာကို ချနင်း၍ ရုတ်တရက်ပေါ်လာမှုက သူ့ကို ပို၍ ကျော်ကြားစေခဲ့သည် မဟုတ်လား။

ခု သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲက ဂြိုဟ်ရှိ လူတိုင်း၏ စိတ်ဝင်စားမှု ဗဟိုချက် ဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်တွင် မည်သူက နိုင်သည်ဖြစ်စေ ကြီးမားသော ကံကောင်းမှုတစ်ခုကို လက်ခံရရှိမည်သာ ဖြစ်၏။

လူတိုင်းက ဤကဲ့သို့ သိရှိထားကြလေသည်။ ဝမ်လင်းကလည်း သည်အချက်ကို အဘယ်သို့ နားမလည်ဘဲ နေပါ့မည်နည်း။

သူက ဟင်္သာပြဒါးနိုင်ငံ၏ မွန်းစတားအိုကြီးများသည် သူတို့နှစ်ယောက်ကြား မည်သူအနိုင်ရမည်ကို စောင့်ကြည်နေလိုသည်ကို သိပေ၏။

စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း အဆင့် သို့မဟုတ် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် တစ်ယောက်ကသာ အနီရောင်လိပ်ပြာ၏ လက်တစ်ဖက်ကို ဖြတ်တောက်ခဲ့ပါက သည်လူသည် ကျိန်းသေအသတ်ခံရမည် ဖြစ်၏။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်ဖြစ်သူ ဝမ်လင်းက သူမ၏ လက်တစ်ဖက်ကို ဖြတ်တောက် ယူနိုင်ခဲ့သည့်အတွက် မွန်းစတားအိုကြီးများနှင့် လူတိုင်း၏ အမြင်ကို ဖမ်းစားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဝမ်လင်းက သည်နှစ်များတွင် အခြားလူများသူ့ကို သတ်ခြင်းမှ အကာအကွယ် ပေးခံထားရခြင်း ဖြစ်ပေ၏။

ဝမ်လင်းမျက်လုံးများက တလက်လက်ဖြစ်နေပြီး သူက သူ့စိတ်ကိုယ် သူအသင့်ပြင်လိုက်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset