Switch Mode

အပိုင်း(၄၀၃)

ဦးလေး

အမျိုးသမီးက ကျိုးယုကို ဝမ်းနည်းစွာ ပွေ့ဖက်ထား၏။ သူက သူ့ယောက်ျားကို အကူအညီ တောင်းသည့်ဟန်ဖြင့် ကြည့်နေသည်။

ကျိုးယုအဖေက အနည်းငယ် စဉ်းစားကာ ပြော၏။ “သောင်းချန်…ဒီကလေးက ဆွံ့အနေတာ…”

“ဆွံ့အတာလား…။ ပြသနာမရှိပါဘူး…” အဘိုးအိုက သူ့လက်ချောင်းကို ဖျတ်ခနဲ လှုပ်ရှားလိုက်ရာ အမျိုးသမီးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သူက ကျိုးယုကု လှမ်းဆွဲပြီး ပြုံး၍ ပြောလိုက်သည်။ “အဆင်ပြေသွားမှာပါ ကလေး… ငါနဲ့လိုက်ခဲ့ပါ…”

ကျိုးယု၏မျက်နှာက ကြောက်ရွံ့မှုဖြင့် ပြည့်နေ၏။ သူမခန္ဓာကိုယ်လေးက တုန်ယင်လို့နေသည်။ သူမပါးလေးနှစ်ဖက်မှာ မျက်ရည် စီးကြောင်းလေးများ လိမ့်ဆင်းလာ၏။ သူမက သုံးနှစ်ကလေးငယ်လေးသာ ရှိသေးသည်။ ထို့ကြောင့် အခုချိန်၌ အလွန်အမင်း ကြောက်လန့်လျက်ရှိနေသည်။

ကျိုးယုအဖေက လက်သီးကျစ်ကျစ်ဆုတ်၍ စကားပြောဟန် ပြင်လိုက်သည့်အခါ အဘိုးအိုသည် မျက်မှောင်ကြုတ်သွားသည်။ သူက အေးစက်စွာ ပြောလိုက်၏။ “မင်းတို့ကလေးကို ရွေးချယ်ခဲ့တာ မင်းတို့အတွက် ကံကောင်းမှုပဲ။ ဆူဆူညံညံ မလုပ်နဲ့…”

ထိုအခိုက်တွင် ရွာလူကြီးက ကျိုးယု၏မိဘများထံသို့ တည်ငြိမ်စွာ လှမ်းလျှောက်လာခဲ့သည်။

အဘိုးအိုက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ငါက ဒီမှာ ရှိနေတာ မင်းတို့ကလေးကို ခိုးဖို့မဟုတ်ဘူး။ သူ့အနာဂတ် ကောင်းစားစေဖို့ပဲ။ မင်းတို့က အနာဂတ်မှာ သူမနဲ့ ပြန်တွေ့ဖို့ အခွင့်အရေးတွေ အများကြီး ရှိနေသေးတာပဲ…” ထိုသို့ပြောပြီးနောက် သူက ကျိုးယုကို ခေါ်၍ ရွာတံခါးပေါက်သို့ ဦးတည်၍ လမ်းလျှောက်သွားသည်။

ကျိုးယုက အလွန်အမင်း ကြောက်ရွံ့နေသဖြင့် စတင်၍ ငိုလေသည်။ သူမငိုသံထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နေ၏။

“အဖေ…အမေ…”

နူးညံသော အသံလေးက သူမပါးစပ်ကနေ ရုတ်တရက် ထွက်ပေါ်လာ၏။ အဘိုးအိုက ရယ်မောလိုက်သည်။ “သူမက စွံ့အနေတယ်ဆို၊ ခု ပိုကောင်းသွားပြီ…”

“ယုအာ…” အမျိုးသမီး၏ပါးပြင်ထက်မှ မျက်ရည်များ လိမ့်ဆင်းကျလာ၏။ သူမက သူ့သမီးနောက်သို့ ပြေး၍ လိုက်ဟန်ပြင်သည်။သို့သော် သူ့ယောက်ျားက တားဆီး၍ ပြောလိုက်သည်။ “ဒါက သူမကံတရားပဲလေ…”

အဘိုးအိုက ရွာထဲမှ ထွက်သွားပြီးနောက် သူက ကျိုးယုကို ကြည့်လေ ပို၍ ပျော်ရွှင်မိလေ ဖြစ်နေ၏။ “အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး…ဟား…ဟား…။ ဒါနဲ့ဆိုရင် ငါက အခြေခံ တည်ဆောက်ခြင်း အလယ်အလတ် အဆင့်ကို ချိုးဖျက်နိုင်ပြီ။ ကောင်မလေး…ငါမင်းကို မနှိပ်စက်ပါဘူး။ မင်း အသက်ကြီးလာရင် ငါ့တပည့်အဖြစ် လက်ခံပေးပါ့မယ်…”

သူက ဓားပျံကို ထုတ်၍ ကလန်သို့ ပျံရန် ပြင်လိုက်သည်။ ထိုအချိန်၌ ကျိုးယုက သူ့လက်ကို ကိုက်ခဲ့လိုက်၏။ သို့ရာတွင် သုံးနှစ်အရွယ် ကလေးငယ်လေးက မည်သို့ သန်မာနိုင်ပါ့မည်နည်း။

သည်အပြုအမူက အဘိုးအိုကို မျက်မှောင်ကြုတ်သွားစေ၏။ သူက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ “မင်းက ကိုယ့်အတွက် ဘာကောင်းလဲဆိုတာ မသိဘူးပဲ…” ထိုသို့ပြောပြီးနောက် သူက ကျိုးယုလေးကို ရိုက်ရန် လက်မြှောက်လိုက်၏။ သူက သည်ကလေးကို သင်ခန်းစာ ပေးလိုနေသည်။ ထိုမှသာ သည်ကလေးမလေးက တစ်လမ်းလုံး မငိုရဲတော့မည် ဖြစ်သည်။

“မင်း…လုပ်ရဲလား…”

အဘိုးအိုက လက်မြှောက်လိုက်စဉ်မှာပင် သူ့ခန္ဓာကိုယ်က အေးစက်သွားပြီး နောက်ကျော၌ ချွေးများ ရွှဲနစ်သွား၏။ သူ့ရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။

အဘိုးအိုက သူ့လက်ကို အလျင်အမြန် အောက်ပြန်ချ၍ လေးစားစွာ ပြောသည်။ “စီနီယာ…ဂျူနီယာ…”

သူစကားပြောလို့ မပြီးသေးခင်မှာပင် ဝမ်လင်းက သူ့အင်္ကျီစကို ဝှေ့ယမ်းလိုက်ရာ အဘိုးအိုက အားကောင်းသော လေကြမ်းတစ်ခု တိုက်ခိုက်ခံရပြီး လွင့်စင်သွား၏။

ဝမ်လင်းက ကျိုးယုလေးကို စူးစိုက်ကာ ကြည့်နေသည်။ လွန်ခဲ့သောတစ်နှစ်က သူက ထိုင်ယန်ကို ကလန်သို့ပြန်၍ ပြောကြားခဲ့သည်။ အခု သူကိုယ်တိုင် ကျိုးယုလေးကို စောင့်၍ ကြည့်နေခြင်း ဖြစ်၏။ သူက အစောပိုင်းကတည်းက ထွက်လာချင်ခဲ့သော်လည်း အဘိုးအိုက ကျိုးယုကို ခေါ်၍ ထွက်ခွာသွားခါနီးကျမှ ထွက်လာရန် ဆုံးဖြတ်ခဲ့၏။

ကျိုးယုက ဝမ်လင်းကို ကြည့်၍ သူ့မျက်လုံးထဲ၌ ကြောက်ရွှံမှုများ ပျောက်ကွယ်သွားပြီး စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာ၏။

ကျိုးယုက ကြွပ်ဆတ်ဆတ် အသံလေးနဲ့ ပြောလိုက်သည်။ “ဦး…ဦးလေး…”

“ဦးလေး…” ဝမ်လင်းက သက်ပြင်းချ၍ ပြောလိုက်သည်။ “ဦးလေးရှိလာပါ…အဆင်ပြေတယ်မလား…”

ကျိုးယုမျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပို၍အားကောင်းလာခဲ့သည်။ သူမက ဘာကြောင့်မှန်းမသိဘဲ သူ့ရှေ့ရှိဦးလေးနှင့် ကြီးမားသော ဆက်နွှယ်နေမှုကို ခံစားမိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လင်းက ကျိုးယုလေးကို ကောက်ချီလိုက်သည်။သူက သူမကို စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ဖုံးကွယ်ထားလိုက်သည်။ အကြောင်းကတော့ သူမက ပျံသန်းနေစဉ် အေးစက်စက်လေများကို ထိတွေ့မိပြီး ကြောက်ရွံ့မှာ ဆိုးသောကြောင့် ဖြစ်သည်။

ဝမ်လင်းက ကောင်းကင်ထက်သို့ ခုန်တက်၍ ကျိုးယုလေးကို ပွေ့ချီထားရင်း ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းက ကျိုးယုနှင့်အတူ စေတီအောက်၌ ပြန်ပေါ်လာခဲ့သည်။ စေတီဘေး၌ အရင်တုန်းက အိမ်လေးကဲ့သို့ ကျောက်တုံးအိမ်လေး တစ်အိမ် ရှိနေခဲ့၏။

ဝမ်လင်းက ကျိုးယုကို အောက်သို့ ချ၍ နူးညံ့စွာ ပြောလိုက်သည်။ “ငါတို့ အိမ်‌ရောက်ပြီ…”

ည၌ ကျိုးယုက အိပ်ပျော်သွားချိန်တွင် ဝမ်လင်းက အိပ်ယာဘေးနားကနေ သူမ၏ မျက်နှာသေးသေးလေးကို ငေးမောကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဝမ်အာ…ခုချိန်မှာ နင့်စဦးစိတ်ဝိညာဉ်က မတည်ငြိမ်သေးဘူး။ ဒါကြောင့် နင့်မှတ်ဉာဏ်တွေ ပြန်ရဦးမှာ မဟုတ်ဘူး။ နင် အသက်ဆယ့်ကိုးနှစ်ကျရင် နင်ပြန်လာရမယ်…”

သူက ကျိုးယုကို စူးစိုက်ကြည့်နေရင်း သူ့စိတ်ထဲ၌ လီမူဝမ်အကြောင်းများ တဖျပ်ဖျပ် ပေါ်လာခဲ့တော့သည်။

သူက သက်ပြင်းချပြီးနောက် ဝမ်လင်းက ကျိုးယုလေးကို စောင်ခြုံပေး၍ အခန်းထဲမှ ထွက်လာခဲ့သည်။

ကျိုးယုက သူနှင့်မတူညီပေ။ သူ့အတွက်က ကျင့်ကြံခြင်းက သူ့အတွက် ခွန်အားဖြစ်စေ၏။ သို့သော် သုံးနှစ်ကလေးငယ်အတွက် ကတော့ သူ့ခန္ဓာကိုယ်အတွက် အစားအသောက်သာ အဓိက အကျဆုံးပင်။

ဝမ်လင်းက မီးဖိုချောင်တစ်ခု တည်ဆောက်၏။ ထို့နောက် စားစရာများ ဝယ်ရန် ထွက်ခွာသွားလေ၏။ နှစ်ပေါင်း ငါးရာကျော် မချက်ပြုတ်ခဲ့သည့် လူတစ်ယောက်က ခု ကျိုးယုလေးအတွက် စတင် ချက်ပြုတ်နေရတော့သည်။

ကျိုးယုလေးက မနက်ခင်း နိုးထလာချိန်၌ သူမအရင်ဆုံးမြင်ရသည့် မြင်ကွင်းက ဝမ်လင်း တိတ်ဆိတ်စွာ ကျင့်ကြံနေခြင်းကို ဖြစ်၏။ သူမက သူမလက်မောင်းလေးပေါ် မေးတင်၍ ဝမ်လင်းကို ကြည့်နေလျက်ရှိသည်။

ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့ပြီး ကျိုးယုလေး၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးသည်။ “ကဲ ဗိုက်ဆာပြီလား…”

ကျိုးယုက ခေါင်းညိတ်၏။

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းရာ ယာဂုတစ်ခွက် ပေါ်လာခဲ့သည်။ သူက ကျိုးယုကို အစားအသောက် ကျွေးပြီးသည့်နောက် ကျိုးယုလေးက သူ့ကို မေးလိုက်၏။ “ဦးလေး…ဘာလို့ ဒီခွက်က ပျံနိုင်ရတာလဲ…”

ဝမ်လင်းက ပြုံးမိ၏။ သူက မည်သို့မျှမဆိုတော့ပဲ ဆက်လက်၍ မျက်လုံးမှိတ်ကာ လေ့ကျင့်လေ၏။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။ ဝမ်လင်းက သူ့တစ်ဘဝလုံးကို နစ်မြုပ်၍ ကျိုးယုလေး ကြီးပြင်းလာနေသည်ကို စောင့်ကြည့်နေခဲ့သည်။ သည်ခံစားချက်က သူ့စိတ်ထဲတွင် သေမျိုးတစ်ယောက် ကဲ့သို့သော ခံစားမှုကို တစ်ဖန်ဖြစ်ပေါ်စေခဲ့၏။

သည်ခံစားချက်သည် အလွန်တည်ငြိမ်ပြီး ငြိမ်းအေးသော ခံစားချက်ပင်။

တစ်ည၌ ဝမ်လင်းက ကျင့်ကြံနေစဉ်တွင် ကျောက်တုံးအိမ်လေးထဲမှ အော်သံတစ်ခု ကြားလိုက်ရသည်။ ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက အခန်းထဲမှ ချက်ချင်း ဝင်သွားခဲ့သည်။ သူက ကျိုးယုလေးသည် သူ့ကိုခြုံပေးထားသည့် စောင်များကို ကန်ထုတ်၍ သူ့လက်လေးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ရှိနေ၏။

“ဦးလေး…သမီးကို ကယ်ပါ…၊ဦးလေး…အဖေ…အမေ…”

ဝမ်လင်းက ညာလက်ဖြင့် ကျိုးယုလေး၏ ဦးခေါင်းကို ထိလိုက်သည်။ သူက စိတ်ဝိညာဉ်စွမ်းအင် အချို့ကို သူမထံသို့ ပို့လွှတ်လိုက်၏။ သိပ်မကြာခင်တွင် ကျိုးယုလေးက တည်ငြိမ်သွားပြီး မျက်လုံးပွင့်လာခဲ့သည်။ သူမ မျက်လုံးလေးများက ကြယ်ကလေးများအလား ကြည်လင်တောက်ပနေ၏။

ဝမ်လင်းကို တွေ့မြင်လိုက်သည့်အခါ သူမက စတင်၍ ငိုကြွေးပြီး ဝမ်လင်းကို မည်သို့ ဖြစ်ပျက်ခဲ့သည်အား ပြောပြလေ၏။ ဝမ်လင်းက ပြုံးလိုက်၏။ သူမပြောခဲ့သည်က အိပ်မက်အကြောင်းပင်။ သူမက အိပ်မက်ထဲ၌ မှောင်မဲနေသောတစ်နေရာ၌ ရှိနေခဲ့သည်။ သူမ၏ အဖေ၊ အမေနှင့် ဦးလေးပင် သူမကို ထိုအမှောင်ထဲ၌ တစ်ယောက်တည်း ထားခဲ့သည်။ ကျိုးယုလေးက ဤကဲ့သို့ အိပ်မက်မက်နေခြင်းသာ။

“ဒါလေးကို ကိုင်ထား။ နောက်တစ်ခါ ဒီလိုမျိုး အိပ်မက်မက်ရင် ဒီခေါင်းလောင်းလေးကို တီးလိုက်…” ထိုသို့ပြောပြီးနောက် ဝမ်လင်းက ခေါင်းလောင်းလေးတစ်ခုကို ထုတ်၍ သူမလက်ကလေးထဲသို့ ထည့်ပေးလိုက်သည်။

သည်ခေါင်းလေင်းက ချူးစစ်ပိုင် သူ့ကိုပေးခဲ့သော ခေါင်းလောင်းပင်။ သူက သည်ခေါင်းလောင်းကို လေ့လာပြီးနောက် ဝမ်လင်းက သည်ခေါင်းလောင်းသည် ရှေးဟောင်းကျင်ကြံသူများ သူ့ကို ပေးခဲ့သောခေါင်းလောင်းနှင့် တစ်နေရာတည်းမှ လာခြင်းဖြစ်ကြောင်း သိလိုက်၏။

သူက ၎င်းကို လေ့လာပြီးနောက် ခေါင်းလောင်းသုံးခုကို အသုံးပြု၍ နည်းလမ်းအချို့ကို လေ့လာနိုင်ခဲ့သည်။ ဝမ်လင်းက သည်ခေါင်းလောင်းများ၏ စွမ်းအားကြောင့် ပျော်ရွှင်ခဲ့မိသည်။

သည်ခေါင်းလောင်းများက တစ်ခုနှင့်တစ်ခုကြား ထူးဆန်းသော ဆက်နွှယ်မှုအချို့လည်း ရှိနေ၏။ တစ်ယောက်ယောက်က သည်ခေါင်းလောင်းများထဲက တစ်ခုကို ကိုင်ဆောင်ထားလျှင် အခြားတစ်ယောက်သည် မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ သည်အခြားတစ်ယောက်သည်လည်း တစ်စုံတစ်ခုကို ခံစားမိမည် ဖြစ်၏။

ဝမ်လင်းက ချူးစစ်ပိုင်၏ သိုလှောင်အိတ်ထဲက နောက်ထပ် ဓားအိမ်တစ်ခုကိုပါ တွေ့ရှိခဲ့၏။

ဝမ်လင်းက ဓားအိမ်ကို စမြင်တုန်း အချိန်တွင် သူက သူ့တွင်ရှိနှင့်ပြီးသော ဓားအိမ်သုံးခုကို ထုတ်ယူ၍ နှိုင်းယှဉ်ကြည့်ခဲ့၏။ နှိုင်းယှဉ်ကြည့်လျှင် သည်ဓားအိမ်လေးခုက အတိအကျတူနေခဲ့၏။ ၎င်းတို့ပေါ်ရှိ အစီအရင် အကွက်များသာ ခြားနားခြင်း ရှိ၏။

မျက်စိတစ်မှိတ် အတွင်း နှစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်လေပြီ။

ကျိုးယုလေးက ငါးနှစ်အရွယ်သို့ ရောက်ရှိလာခဲ့လေပြီ။

သည်နှစ်နှစ်အတွင်း ဝမ်လင်းက ရယ်ရမလား ငိုရမလား မသိ ဖြစ်ခဲ့ရ၏။ ကျိုးယုက တိတ်တဆိတ် နေခြင်းထက် ပို၍ ဆော့ကစားလာခဲ့၏။ သူ အနားမှာ မရှိသည့်အချိန်တိုင်း သူမက ခေါင်းလောင်းကို ထုတ်၍ ဆော့ကစားလေ့ရှိသည်။ ထိုအခါ ဝမ်လင်းက ချက်ချင်း သူ့အနားသို့ ရောက်လာခဲ့ရ၏။

ဝမ်လင်းက သည်အဖြစ်က လက်ခံနေရ၏။ သူက သူမကို ထိုသို့ မဆော့ကစားရန်လည်း မပြောခဲ့ချေ။

သို့ရာတွင် ကျိုးယုက လူတော်ကလေးဖြစ်၏။ သူက အကြိမ်အနည်းငယ် ခေါင်းလောင်းကို တီးခတ်ပြီးနောက် ထပ်မံ၍ တီးခတ်ခြင်းမပြုဘဲ သူမ၏ရတနာတစ်ခုကဲ့သို့ သူနှင့်နီးကပ်စွာ သိမ်းဆည်းထား၏။

သည်နှစ်နှစ်အတွင်း ဝမ်လင်းက သူမကို သူ့မိဘများနှင့်တွေ့ရန် တစ်ကြိမ်ခေါ်သွားသေး၏။ သို့သော် သူတို့အိပ်ပျော်နေသည့် အချိန်တွင်သာ ခေါ်သွားခြင်းဖြစ်သည်။

သည်နေ့တွင် ဝမ်လင်းက ကျင့်ကြံလျက်ရှိ၏။ သူက မျက်လုံးဖွင့်လိုက်သည့် အခါ ကျိုးယုက လက်ထဲတွင် ယာဂုခွက်ကို ကိုင်ထား၍ စေတီထံမှ လှမ်းလျှောက်၍ လာနေသည်ကို တွေ့လိုက်ရသည်။ သူမက သူ့လျှာလေးကို သပ်၍ ဝမ်လင်းထံပြေး၍ လာကာ ပြောလိုက်၏။ “ဦးလေး…၊ ဦးလေး…။ သမီးအသက်ကြီးတဲ့ အစ်မကြီးချောချော တစ်ယောက်ကို တွေ့ခဲ့တယ်။ ဒါပေမဲ့ သူမက ယာဂုမစားဘူး…”

ကျိုးယုလေးနှစ်အရွယ်တုန်းက သူမသည် စေတီထဲသို့ တိတ်တဆိတ်သွားခဲ့၏။ သူက အမျိုးသမီးအလောင်းကို တွေ့မြင်ခဲ့သည်။ ထို့နောက် ကျိုးယုက အမျိုးသမီးအလောင်း အကြောင်းကို စတင်တွေးတောနေခဲ့၏။

တစ်ခါတုန်းက သူမက ဝမ်လင်း ပြုလုပ်ပေးထားသည့် ယာဂုကို အမျိုးသမီး အလောင်းကို သွား၍ တိုက်ကျွေးရန် ကြိုးစားကြည့်သေးသည်။

ဝမ်လင်းက တကယ့်ကို ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ သို့သော် သူက သူမကို တားဆီးခြင်း မပြုချေ။ တကယ်တော့ သူမက ငယ်ရွယ်လွန်းနေသေး၏။ သည့်အတွက်ကြောင့်လည်း သူက သူမ ဆန္ဒရှိသလို ပြုမူနေထိုင်ခိုင်းခဲ့၏။

သို့ရာတွင် သူက အမျိုးသမီးအလောင်းနှင့် ပတ်သက်၍ သူမကို အလေးအနက်ပြောခဲ့၏။ သို့သော် ကျိုးယုက သည်အမကြီးချောချောသည် ဘာကြောင့် အိပ်ပဲအိပ်နေပြီး လုံးဝမစားသောက်သည်ကို နားမလည်ခဲ့ချေ။

ဝမ်လင်းက အကူအညီမဲ့စွာ ပြောလိုက်၏။ “သမီးရဲ့ အမကြီးက မစားဘူး။ ဒါကြောင့် သူ့ရှိကို ထပ်ပြီး ယာဂုတွေ မယူသွားတော့နဲ့နော်…” ဝမ်လင်းက အနည်းငယ် ရှုပ်ထွေးမှုကို ခံစားမိ၏။ ကျိုးယုက သူ့ကိုကျ ဦးလေးလို့ ခေါ်၍ အမျိုးသမီး အလောင်းကိုကျ အစ်မကြီးချောချောဟု ခေါ်နေခဲ့သည် မဟုတ်လား။ တစ်နေ့မှာ ‌စီနီယာကျောက်ရီသာပြန်လာပြီး သည်အကြောင်းကိုသာ ကြားလျှင် သူ့အသွင်က မည်သို့ဖြစ်နေမည်နည်း။

“သူက ဗိုက်မဆာဘူးလား…။ သမီးက တစ်နေ့မစားရရင် တစ်နေ့ ဗိုက်တကယ်ဆာလာရော …” ကျိုးယုလေးက ဝမ်လင်းကို သူ့မျက်လုံး ပြုးပြူးလေးဖြင့် ကြည့်ကာ ပြောလိုက်၏။ “သမီးက သူမနားမှာ ယာဂုခွက်ကို သွားထား ထားလိုက်မယ်။ သူမက နိုးလာရင် စားလို့ရတာပေါ့။ ဦးလေးက သမီးနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့…”

ဝမ်လင်းက ခါးသက်စွာ ပြုံးမိ၏။ သူက တစ်ခုခု ပြောရန်ဟန်ပြင်ပြီးမှ သူ့အသွင်က ပြောင်းလဲသွား၏။ သူက အကွာအဝေးတစ်ခုသို့ ကြည့်၍ ပြောလိုက်သည်။ “ယုအာလေး… စေတီထဲသွားတော့နော်…”

“ဟုတ် …။ လူဆိုးတွေ ထပ်ရောက်လာပြန်ပြီလား။ သူတို့က တကယ့်ကို စိတ်အနှောင့်အယှက် ပေးတာပဲ…” ကျိုးယုက ခေါင်းညိတ်၍ စေတီထဲသို့ ယာဂုခွက်လေးကိုင်ကာ ပြန်ဝင်သွားလေ၏။

လွန်ခဲ့သောတစ်နှစ်က အခြားကျင့်ကြံမှု နိုင်ငံများက ကျင့်ကြံသူများစွာသည် သည်နေရာသို့ ရောက်လာပြီး စန်နူးကို လာ၍ စိန်ခေါ်ကြ၏။

အစပိုင်း၌ ဝမ်လင်းက သူတို့ကို လျစ်လျူရှုထားခဲ့၏။သူက စေတီ၏နယ်ပယ်ကို အသုံးပြု၍ သူတို့ကို အနားကပ် မလာနိုင်အောင် ပြုလုပ်ထားသည်။ သို့ရာတွင် သူတို့က ရပ်တန့်ခြင်းမရှိဘဲ ပို၍ ရိုင်းပြလာခဲ့၏။ သူတို့က တောင်များတွင် ရတနာများကို ထားရှိ၍ သူ့ကို ထောက်လှမ်းနေကြသည်။

တစ်ည၌ ကျိုးယုက အိပ်ပျော်လို့နေသည်။ သူက ရတနာလက်နက် တစ်ခုကြောင့် နိုးလာခဲ့ပြီး သူမကို ထိတ်လန့်သွားစေ၏။ ထိုအခါ သူမက ငိုယို၍ ဝမ်လင်းထံသို့ ပြေးလာခဲ့သည်။

သည်လိုဖြစ်သည့်အခါ ဝမ်လင်းသည် စေတီအပြင်ဘက်သို့ ထွက်သွား၏။ သူပြန်လာသည့်အခါ ခေါင်းခုနစ်ခေါင်းက တောင်ပတ်လည်၌ ကျန်ရစ် နေလေခဲ့တော့သည်။ ထိုသို့ဖြစ်ပြီးနောက် မည်သူကမျှ ညဘက်တွင် ဆူဆူညံညံ မလုပ်ရဲတော့ချေ။

သို့သော် သူ့ကို စိမ်ခေါ်သည့်သူများက ဆက်လက်၍ ရောက်ရှိလာနေမြဲပင်။ သူတို့က ကျော်ကြားသော စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

သူက သူတို့ကို စတင်သတ်ဖြတ်ခဲ့ပြီး လွယ်လွယ်ကူကူ ခွင့်မလွှတ်ခဲ့ချေ။ သူက စိန်ခေါ်သူတစ်ယောက် ရောက်လာတိုင်း သတ်ပစ်ခဲ့လေ၏။ ထိုအခါမှသာသူ့ကို စိန်ခေါ်သည့်လူများက တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။ သို့သော် အခု လူတစ်ယောက် ပေါ်လာခဲ့ပြန်သည်။

တောင်များကြားကနေ အေးစက်စက်အသံတစ်ခု လွင့်ပျံလာ၏။ “စန်နူး … ရွှမ်ယွဲ့မှ လျောင်ဖန်က ငှက်မွေးတောင် ယပ်တောင်ကို ပြန်ယူဖို့အတွက် ဒီနေရာကို ရောက်လာခဲ့ပါတယ် …”

***

Comment

Leave a Reply

Options

not work with dark mode
Reset