Switch Mode

အပိုင်း( ၃၉၀)

ချမ်းသာကြွယ်ဝခြင်းဓား

ခြင်သားရဲက မိုးကြိုးဖားပြုတ်သားရဲကို အလွန် သတိထားနေ၏။ ထို့ကြောင့် ၎င်းက အသံများ ထုတ်လွှတ်လျက်ရှိသည်။

မိုးကြိုးဖားပြုတ်သားရဲ ကလည်း ခြင်သားရဲကို ရန်စသည့် အကြည့်ဖြင့် ကြည့်သည်။

ဝမ်လင်းက ပြုံး၍ မိုးကြိုးဖားပြုတ် ရှေ့သို့ ခုန်လိုက်သည်။ သူက သားရဲနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် စူးစိုက် ကြည့်နေကြသည်ကို လျစ်လျူရှုထားပြီး စေတီထံသို့ လှမ်းလျှောက်လာ၏။

စေတီရှေ့၌ သူက လက်နှစ်ဖက်ကိုယှက်၍ အသက်ဝဝရှုသွင်းလိုက်ပြီး ပြောသည်။ “စီနီယာ … ဂျူနီယာက သင့်ကို နှစ်တစ်ထောင်ကြာ စောင့်ရှောက်ပေးဖို့ စီနီယာ ကျောက်ရီက ဂျူနီယာကို ပြောထားခဲ့ပါတယ်။ မသေမျိုးသင်္ချိုင်းက အလွန် အန္တရာယ်များပါတယ်။ ဒါ့ကြောင့် စီနီယာက ဂျူနီယာက ကောင်းကင်ဘုံဓား ငှားပေးဖို့ တောင်းဆိုပါတယ် …”

ထိုသို့ ပြောပြီးနောက် ဝမ်လင်းက ဦးညွှတ်လိုက်ပြီး စေတီထံသို့ လှမ်းလျှောက်သွားသည်။

စေတီ ပထမထပ်၌ ဝမ်လင်းက အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး အလောင်းကို တွေ့လိုက်ရသည်။ အမျိုးသမီး အလောင်းက ကောင်းကင်ဘုံကျောက်စိမ်း ခုတင်ပေါ်၌ လဲလျောင်းလျက် ရှိသည်။ သူမဘေး၌ ကောင်းကင်ဘုံဓား နှစ်လက်အသေးနှင့် အကြီး တစ်ခုရှိနေ၏။ ၎င်းဓားများက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများ ထုတ်လွှတ်လျက်ရှိသည်။

ကောင်းကင်ဘုံဓားများကို ကြည့်၍ ဝမ်လင်းက စဉ်းစားနေ၏။ သူ့အကြည့်က ဓားအသေးထက် ဓားအကြီးပေါ်သို့ ကျရောက်သွားသည်။

ဝမ်လင်းကို သည်ဓားကို ပထမဆုံး တွေ့မြင်ချိန်၌ သူနှင့် ရင်းနှီးသလို ခံစားမိသည်။ သို့ရာတွင် အတိတ်တုန်းက သည်ဓားအကြောင်း တွေးကြည့်ရန် အလွန်အန္တရာယ် များခဲ့သည်။ သူက ပြန်ရောက်လာပြီး ကတည်းက လီမူဝမ်နှင့်အတူ တစ်ချိန်လုံး အချိန်ပေးခဲ့ပြီး အခြားအရာများကို တွေးတောစဉ်းစားရန် အချိန်မရှိခဲ့ပေ။

ခု သူက ၎င်းဓားကို ကြည့်၍ ရင်းနှီးသလို ခံစားချက်က ပိုတိုးလာခဲ့၏။

“ဒီဓားကို ငါအရင်က တစ်နေရာမှာ မြင်ဖူးသလိုလိုပဲ …” ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဓားထံသို့ လက်ဆန့်တန်းလိုက်သည်။ သူက လက်ထဲတွင် ကောင်းကင်ဘုံဓားကို ကိုင်ဆောင်ထားသည့် အချိန်၌ မသက်မသာ ဖြစ်မှုကို မခံစားရချေ။

တကယ်တော့ သည်ဓားက ဓားတစ်ချောင်းအသွင် မရှိဘဲ ထောင့်မှန်စတုဂံပုံ လက္ခဏာ ရှိနေ၏။

“လက္ခဏာ …” ဝမ်လင်းက မှင်တက်စွာဖြင့် အနည်းငယ် စဉ်းစားနေသည်။ အချိန် အတန်ကြာပြီးနောက် သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး အော်လိုက်သည်။ “ချမ်းသာကြယ်ဝခြင်း”

ဒါက ချမ်းသာကြွယ်ဝခြင်းပဲ။

ဝမ်လင်းက ဟုန်ယွီကလန်တုန်းက သူက သူ့ဆရာထံမှ ရသော တုန်ကင်ဖြင့် ဓားတစ်လက ရွေးချယ်ခဲ့သည်။ သူ ရွေးချယ်ခဲ့သော ဓားသည် ဟုန်ယွီကလန်ရှိ ရယ်စရာ အကောင်းဆုံး ဓားတစ်လက် ဖြစ်သည့် ချမ်းသာကြွယ်ဝခြင်း ဓားပင် ဖြစ်သည်။

ဝမ်လင်းက စေတီထံမှ စိတ်ရှုပ်ထွေးမှုများနှင့် ပြန်ဆင်းလာခဲ့၏။ သူက စေတီအပြင်ဘက်၌ မတ်တတ်ရပ်၍ ဓားကြီးကို ကြည့်နေသည်။

နှစ်ပေါင်းလေးရာ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည့် မှတ်ဉာဏ်များက သူ့စိတ်ထဲ၌ ပြန်လည် တရိပ်ရိပ် ပြန်ပေါ်လာခဲ့သည်။ သူက ချမ်းသာကြွယ်ဝခြင်း ဓားကို ပထမဆုံး တွေ့ခဲ့သည့် အချိန်ကို ပြန်စဉ်းစား ကြည့်နေရင်းဖြင့် သူက အလွန် နောင်တရစွာ ခံစားနေရ၏။ သူက ရွှေရောင်အပြည့်ဖြင့် ပြုလုပ်ထားသည့် ဓားတစ်လက်ကို ပြန်မှတ်မိလိုက်သည်။ သို့ရာတွင် ၎င်းဓားသည် မျက်နှာပြင်ကို ရွှေဖြင့် ဖုံးအုပ်ထားသည့် ဓားအရည်အသွေးကြောင့် တောက်ပခြင်း မရှိခဲ့ပေ။

သည်ရွှေဖုံးအုပ်ထားခြင်းကို ဓားတန်ဖိုးကို ဖုံးကွယ်ထားခြင်း မပြုနိုင်ပေ။ သည်ရွှေအောက်၌ အများဆုံး တွေ့ရတက်သည့် သံအမျိုးအစားသာ ရှိနေသည်။

သူ့လက်ထဲရှိ ဓားကို ကိုင်ဆောင်ထားရင်း ဝမ်လင်းက ချမ်းသာကြွယ်ဝခြင်း ဓားပေါ်ရှိ ကြီးမားသည့် ကျောက်မျက်နှစ်ခုကို ပြန်မှတ်မိလိုက်သည်။ သို့ရာတွင် သည်ကျောက်မျက်နှစ်ခုက မည်သည့် စိတ်ဝိညာဉ်စွမ်းအင်မှ ထွက်ပေါ်နေခဲ့ခြင်း မရှိချေ။ သူတို့က အကြည့်ခံသပ်သပ်၊ အလှသပ်သပ်သာ ဖြစ်သည်။

ချမ်းသာကြွယ်ဝခြင်း ဓား၏ ဓားလက်ကိုင်ရှိ ပန်းဖွားပင် ရွှေများဖြင့် ပြုလုပ်ထားသည်ကို သူက ပြန်မှတ်မိလိုက်၏။

သည်ဓားက သူ့သိုလှောင်အိတ် ဖျက်ဆီးခံရချိန်တုန်းက ပျောက်ကွယ်သွားခဲ့သည်။

အခု ကောင်းကင်ဘုံဓားကြောင့်သာ မဟုတ်လျှင် သူက ၎င်းချမ်းသာ ကြွယ်ဝခြင်းဓားကို မှတ်မိမည် မဟုတ်ချေ။

သို့ရာတွင် သည်ဓားနှစ်လက်ထဲက ချမ်းသာကြွယ်ဝခြင်း ဓားသည် ကြီးမားသည့် ကျောက်မျက်နှင် ရွှေပန်းဖွားများက လွဲ၍ ကျန်သည့်အရာများက ကောင်းကင်ဘုံဓားနှင့် တုန်လှုပ်ဖွယ် တူနေခဲ့၏။

ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်နေ၏။ သည်ချမ်းသာကြွယ်ဝခြင်း ဓားကို ဖန်တီးခဲ့တဲ့လူက ကောင်းကင်ဘုံဓားကိုများ မြင်ဖူးနေခဲ့တာလား။

သည် ဟုန်ယွီကလန်က စီနီယာကျောက်က အများဆုံးမှ စဦးစိတ်ဝိညာဉ် အဆင့်သာ ဖြစ်ပေလိမ့်မည်။ သူက ဘယ်လိုများ ကောင်းကင်ဘုံနယ်မြေကို သွားခဲ့ပြီး အဖြူရောင်ဝတ်စုံနှင့် အမျိုးအမီး မဆင့်ခေါ်ခင်က ကွယ်ပျောက်နေသေည့် သည်ကောင်းကင်ဘုံဓားကို မြင်ဖူးနိုင်ပါ့မလဲ။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက ချမ်းသာကြွယ်ဝခြင်း ဓားပေါ်ရှိ လက္ခဏာကို မှတ်တမ်းတင်ထားသော သည်စီနီယာ အသက်ရှင်စဉ် အချိန်ကို ပြန်စဉ်းစား ကြည့်နေ၏။

သည်လူက ဟုန်ယွီကလန်၌ အစတုန်းက အသုံးမဝင်ခဲ့လောက်ချေ။ သို့သော် သူက ဟုန်ယွီကလန်ကို ကပ်ဘေးတစ်ခု ကနေ တစ်ကြိမ် ကယ်တင် ပေးနိုင်ခဲ့သည့်ပုံပင်။ ထို့နောက် သူက သေသွားချိန်မှာ သည်ဓားကြီးကို နောက်လာမည့် တပည့်များအတွက် ချန်ထားခဲ့သည့်ပုံပင်။

“လုံးဝသုံးစား မရတဲ့လူက ဟုန်ယွီကလန်ကို ကယ်တင်နိုင်စွမ်း ရှိခဲ့တယ်။ ငါ့အထင် ဒီလိုအဖြစ်မျိုးက သိပ်အများကြီး ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ခုလိုမျိုး တွေးကြည့်တော့လည်း ဒီစီနီယာမှာ လျှို့ဝှက်ချက်အချို့ ရှိနေတဲ့ပုံပဲ …”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက သူ့လက်ထဲရှိ ကောင်းကင်ဘုံဓားကို ထပ်မံ ကြည့်ရှုလိုက်ပြန်၏။

“ကောင်းကင်ဘုံဓားက ၎င်းရဲ့ စိတ်ဝိညာဉ် ဆုံးရှုံးသွားခဲ့ပြီးပြီ။ ဒါကြောင့် တော်တော်လေး အားနည်းနေပြီ။ ငါက ဒါကို စွမ်းအားအပြည့်နဲ့ သုံးချင်ရင် ဒီဓားအတွက် စိတ်ဝိညာဉ်တစ်ခု လိုလိမ့်မယ် …” ထိုသို့တွေးမိပြီး ဝမ်လင်းက သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်သည်။

“ရှုလီကော ထွက်လာခဲ့ …”

သိုလှောင်အိတ်ထဲမှ မကောင်းဆိုးဝါး ရှုလီကောက ထွက်ပေါ်လာ၏။ သူက ထွက်ပေါ်လာပြီးနောက် သူ့ရင်ဘတ်ကို သူပုတ်လိုက်သည်။ သူ့ကြည့်ရသည်မှာ အလွန် စိတ်လှုပ်ရှားနေသည့် ပုံပင်။

ရှုလီကောက အကြိမ်အနည်းငယ် အသံပြုသည်။ “နောက်ဆုံးတော့ ငါထွက်လာရပြီ။ ဟားဟား …”

ထိုအခိုက်တွင် မိုးကြိုးဖားပြုတ်နှင့် ခြင်သားရဲက တစ်ကောင်နှင့်တစ်ကောင် ကြည့်နေရာမှ သူတို့အကြည့်များက ရှုလီကောထံသို့ ကျရောက်သွား၏။

ရှုလီကောက သည်သားရဲနှစ်ကောင်ကို တွေ့မြင်လိုက်ချိန်၌ ပြန်လည် တိတ်ဆိတ်သွားသည်။

ဝမ်လင်းက လက်ဆန့်တန်း၍ ရှုလီကောကို ဆုပ်ကိုင်လိုက်သည်။ ရှုလီကောက ဝမ်လင်းသူ့ကို ကောင်းကင်ဘုံဓားထဲသို့ ပစ်သွင်းလိုက်ချိန်၌ ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

ဓားက ရုတ်တရက် တုန်ခါသွားပြီး ၎င်းဓားပေါ်ရှိ ရွှေရောင်ကလည်း မှိန်ဖျော့သွားသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်၍ သူ့နဖူးထံသို့ လက်ညွှန်လိုက်သည်။ လေလွင့်ဝိညာဉ်များက တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီး ကောင်းကင်ဘုံဓားထဲသို့ ဝင်ရောက်သွား၏။

ဓားအရောင်က တစ်ဖန် နက်မှောင်သွားပြန်သည်။ သိပ်မကြာခင် ၎င်းဓားက အနက်ရောင်သို့ ပြောင်းသွား၏။

ဝမ်လင်းက သူ့ညာလက်ဖြင့် ဓားပေါ်သို့ ဖိချသည်။ အချိန်အနည်းငယ် စဉ်းစားပြီးနောက်တွင် သူက သူ့ကိုသူ ခပ်တိုးတိုး ပြောလိုက်၏။ “လေလွင့်ဝိညာဉ်တွေကို ဓားစိတ်ဝိညာဉ် အဖြစ် အသုံးပြုပြီး ဓားရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို အသက် သွင်းနိုင်လောက်တယ်။ ငါက ဝိညာဉ်ဝါးမျိုသူ စိတ်ဝိညာဉ်ကိုသာ အသုံးပြုမယ်ဆိုရင် ဒီဓားရဲ့စွမ်းအားကို ပိုထုတ်ဖော် လာနိုင်သင့်တယ်။ စိတ်မကောင်းစရာက ငါ့မှာ အချိန်မရှိဘူး။ ဒါပေမဲ့ငါက အနာဂတ်မှာ ဝိညာဉ်ဝါးမျိုသူ တစ်ကောင်ကိုတော့ သွားဖမ်းရမယ် …”

ဝမ်လင်းက မတ်တတ်ရပ်၍ ဓားကို သိမ်းဆည်းလိုက်သည်။ ထို့နောက်သူက စေတီကို ထိလိုက်ရာ ၎င်းစေတီက ချက်ချင်း ပြန်ကျုံ့သွား၏။ ထို့နောက် စေတီကိုပါ သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းလိုက်၏။

ထို့နောက် ဝမ်လင်းက အသက်ဝဝရှူသွင်း၍ မိုးကြိုးဖားပြုတ်သားရဲနှင့် ခြင်သားရဲကိုကို ပြန်လည် သိမ်းဆည်းလိုက်သည်။

တရုတ်ဇီးသီး ကျေးရွာ၏ အဘိုးအို ကျိုး၏ အိမ်၌ အမျိုးသမီး တစ်ယောက်သည် မိန်းကလေး ငယ်ပေါက်စလေးကို နူးညံ့စွာ ကြည့်နေ၏။

ယုအာ … မင်းအဖေက မင်းခန္ဓာကိုယ်အတွက် အားဖြစ်စေဖို့ ဂျင်းဆင်းတချို့ ရခဲ့တယ်။ “နင့်ခန္ဓာကိုယ်လေးဟာ အခြားကလေးတွေထက် ဘာကြောင့်များ အားနည်းနေရတာလဲ ငါ မသိတော့ဘူး …”

သည်ကလေးငယ်လေး အိပ်ပျော်သွားသည့် အချိန်၌ သည်အမျိုးသမီးသည် ကလေးလေး၏ နဖူးကို ခေါင်းငုံ့၍ နမ်းလိုက်သည်။ ထို့နောက် သူမက မီးဖိုးချောင်ထဲသို့ သွား၍ အစားအသောက် အတွက် သွားရောက် ပြင်ဆင်လေသည်။

အမျိုးသမီး ထွက်သွားချင်းချင်းမှာပင် နောက်ထပ် လူတစ်ယောက်က အခန်းထဲ၌ ပေါ်လာခဲ့သည်။

ဝမ်လင်းက ကလေးငယ်လေးကို နူးညံ့စွာ ကြည့်နေ၏။ သူက ကလေးငယ်လေးကို နူးညံ့စွာ ထိတွေ့လိုက်၏။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ဝမ်အာ …”

“ငါက ငါတို့နှစ်ယောက် နတ်ဆိုးပင်လယ်မှာ တွေ့ဆုံခဲ့တဲ့ နှစ်၊ လ၊ နေ့ တွေကို မေ့သွားပေမဲ့ နင်ငါ့ကို ကြည့်တက်တဲ့ ဝမ်းနည်းစရာ အပြုံးလေးကိုတော့ ခုထိ မှတ်မိနေဆဲပါ …”

ကလေးငယ်လေး၏ မျက်တောင်လေးများက တုန်ခါနေ၏။ သူမက မျက်လုံးကြည်ကြည်လေးဖြင့် ဝမ်လင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။

သူမ စဦးစိတ်ဝိညာဉ်က နိုးထခြင်း မရှိသေးသောကြောင့် ခန္ဓာကိုယ်က မှတ်ဉာဏ်များကို ဆုပ်ကိုင်ထားရန်ပင် အလွန်အားနည်း နေခဲ့သည်။ သူမက သူ့နာမည်ကို မမှတ်မိသော်လည်း သူ့အသံ၊ သူ့ပုံပန်းသွင်ပြင်နှင့် သူ့အပေါ် ခံစားချက်များကိုတော့ သူမထံ၌ ထာဝရ ထွင်းထုထားလေသည်။

ဝမ်လင်းထံသို့ ကြည့်နေသော မိန်းကလေးငယ် အကြည့်က ကြည်လင်ခြင်း မရှိတော့ဘဲ ရှုပ်ထွေးဟန် ပေါ်နေသည်။ သည်ကလေးငယ်လေး၏ မျက်လုံးထဲမှ မျက်ရည်စများက သူမပင် မသိဘဲ ကျဆင်းလာခဲ့၏။

ဝမ်လင်းက ကလေးငယ်လေးကို ကြည့်၍ သူ့နှလုံးသားက နာကျင်နေရသည်။

“နင်က ငါ့အတွက် မျက်ရည်တစ်စက် ကျဆင်းပေးတာနဲ့ ငါက နင့်နှလုံးသားထဲမှာ ရှိတဲ့ အရာအားလုံးကို မြင်နိုင်ပါတယ်ဟာ …”

ဝမ်လင်းက သည်မိန်းကလေးငယ် ပေါက်စလေးကို အချိန်အတန်ကြာ ကြည့်ရှုနေသည်။ အချိန်တစ်ခု ကုန်ဆုံးသွားသော်လည်း မိန်းကလေးငယ် ပေါက်စလေးကလည်း သူ့ကို ဆက်၍ ကြည့်နေတုန်းပင်။

“ငါနင့်ကို လာပြန်ခေါ်မှာပါ …” ဝမ်လင်းက ပြန်မထွက်သွားခင် နူးညံ့စွာ ပြောလိုက်၏။

သူ လှည့်ထွက်သွားမလိုဟန် ပြင်လိုက်စဉ် ကလေးငယ်လေးက စတင် ငိုရှိုက်လေသည်။

အခြားအခန်း တစ်ခုထဲ၌ ချက်ပြုတ်နေသော အမျိုးသမီးက ကလေးငယ်ရှိရာ အခန်းထဲသို့ အလျင်အမြန် ဝင်လာခဲ့ပြီး သူမကို ကောက်ချီ၍ ချော့မြူလိုက်သည်။

မိန်းကလေးငယ်လေး၏ ငိုသံက သိပ်မကြာခင် တိတ်သွား၏။ သို့သော် သူမက အခန်းအပြင်သို့ ဆက်၍ ကြည့်နေတုန်းပင်။ သူမမျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုများ ရှိနေ၏။

ထိုင်ယန်က လိုဏ်ဂူထဲ၌ ခြေချိတ်၍ ထိုင်နေပြီး သည်ကလေးငယ်လေးကို စောင့်ကြပ်နေ၏။ သူက လွန်ခဲ့တဲ့နှစ်တည်းက သည်နေရာသို့ လာရောက်၍ လေ့ကျင့်နေခြင်းပင်။ လွန်ခဲ့သော နှစ်ဝက်က လုဖန်က သူ့ကို လူချင်းလဲရန် သတင်းပို့ လွှတ်ခဲ့သော်လည်း သူက ငြင်းဆိုခဲ့သည်။

ထိုင်ယန်က ကျင့်ကြံခြင်း လောကသို့ ဝင်ရောက်လာသည့် အချိန်က စပြီး လွန်ခဲ့သော တစ်နှစ်ကလို အတွေ့အကြုံမျိုး လုံးဝ မကြုံခဲ့ဖူးပေ။ သူက တစ်ရွာလုံးကို နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ နေ့တိုင်း စောင့်ကြည့်နေခဲ့သည်။ သူက ရွာထဲရှိ အိမ်တိုင်း၊ လူတိုင်းကို သိနေခဲ့သည်။

သည်ခံစားချက်က အလွန်ထူးဆန်းလှ၏။ တကယ်တော့ သိပ်မကြာသေးခင်က သူ့ကျင့်ကြံခြင်းကို ဆက်မလုပ်ဘဲ သူ့ကိုသူ သည်သေမျိုးကမ္ဘာထဲ၌ နစ်မြုပ်ထား၏။

ဝမ်လင်းက လိုဏ်ဂူရှိရာသို့ လျှောက်လာခဲ့သည်။ သူက ထိုင်ယန်ကို တွေ့မြင်လိုက်သည့် အချိန်တွင် အာရုံစိုက်၍ ကြည့်လိုက်မိသည်။

ထိုင်ယန်က အလျင်အမြန် ထလာပြီး ဝမ်လင်းကို နှုတ်ဆက်လိုက်၏။

ဝမ်လင်းက ပြောလိုက်သည်။ “လုဖန်နဲ့ယှဉ်ရင် မင်းက မဆိုးဘူး။ မင်းက ဒီလိုဆက်လုပ်နေမယ် ဆိုရင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းက စဦးစိတ်ဝိညာဉ် အထွတ်အထိပ် အဆင့်ကို အရင်ဆုံး ရောက်ဖို့ လိုတယ်ဆိုတာ မှတ်ထားပါ …”

ထိုင်ယန်က အလျင်အမြန်‌ ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လင်းက အနည်းငယ် စဉ်းစား၍ သူ့အချိန်နယ်ပယ် သစ်သားပန်းပုရုပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူကပြောလိုက်၏။ “ငါ မင်းကို ဒါပေးခဲ့မယ်။ ကောင်းကောင်း လေ့လာပါ …”

ထိုင်ယန်က သစ်သားပန်းပုရုပ်ကို စူးစိုက်ကြည့်နေ၏။

ထို့နောက် ဝမ်လင်းက ခြင်သားရဲ အပေါ်တွင် ထိုင်၍ မသေမျိုးသင်္ချိုင်းသို့ ဦးတည်သွားတော့သည်။

ထိုအခိုက်တွင် နတ်ဆိုးပင်လယ်ထဲရှိ အပျက်အစီးကြယ်များ ကြားတွင် တစ်စုံတစ်ခုက နိုးကြားလာ၏။

ရှေးဟောင်းနတ်ဘုရား နယ်မြေ၏ သွေးပင်လယ်ထဲ၌လည်း သွေးပင်လယ်က အစကနှင့် အလွန်ခြားနားနေခဲ့ပြီ ဖြစ်သည်။ တိုင်လုံးကြီး အများစုကလည်း ပျောက်ကွယ် သွားခဲ့ကြပြီ ဖြစ်သည်။ ထာဆန် ထိုင်နေသည့် တိုင်တစ်လုံးသာ ကျန်ရှိတော့သည်။

သွေးပင်လယ်ထဲ၌ ရှိသော ကျင့်ကြံသူ အရေအတွက်ကလည်း တစ်ရာပင် မရှိတော့ချေ။ သူတို့တစ်ယောက်ချင်းစီ၏ နဖူးထက်၌လည်း အနီရောင် စူးချွန်တစ်ခု ရှိနေ၏။ သူတို့အားလုံးက တိတ်ဆိတ်စွာ လေ့ကျင့်လျက် ရှိနေကြသည်။

သူတို့ထဲ၌ ဝမ်လင်းသိသော ရှေးဟောင်း အင်ပါယာကဲ့သို့ လူအချို့လည်း ရှိနေကြသည်။

သူတို့တစ်ယောက်ချင်းစီက သွေးနံနှင့်တူသည့် နတ်ဆိုးအော်ရာကို ထုတ်လွှတ်လျက်ရှိသည်။ သူတို့က ကျင့်ကြံနေစဉ် နတ်ဆိုးပင်လယ်ထဲရှိ သွေးများက သူတို့ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေကြ၏။

တိုင်လုံးပေါ်၌ ဆံပင်ရှည် အနီရောင်နှင့် လူကြီး တစ်ယောက် ထိုင်နေ၏။ သူက ခေါင်းငုံ့ထားလျက် ရှိနေသည်။

သူ့အောက်ဘက်တွင်တော့ သူ့လက်သည်းဖြင့် ထွင်းထုထားသည့် မရေမတွက်နိုင်သော ဓားများ ရှိနေကြသည်။

၎င်းဓားပေါ်၌ စကားလုံး တစ်ခုကို ထပ်ခါထပ်ခါ ထွင်းထုထားသည်။

“ဝမ်လင်း …”

သည်အနီရောင် ဆံပင်ရှည်နှင့် လူကြီးကတော့ ရှေးဟောင်းနတ်ဘုရား၏ ခွန်အား အမွေအနှစ်ကို ရရှိခဲ့သူဖြစ်သည့် ထာဆန်ပင်။ သူ့ဆံပင်များက သူ့မျက်နှာကို ဖုံးအုပ်ထားလျက် ရှိနေသည်။ သို့သော် သူ့မျက်လုံးထဲရှိ မုန်းတီးမှုကိုတော့ မြင်တွေ့နိုင်ပေသည်။

“ဝမ်လင်း … ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်ရဲ့ သက်တမ်းက အကန့်အသတ်ကို ရောက်လာမှာပါ။ ဒီလိုအကန့်အသတ်ကို ရောက်လာတာနဲ့ ငါက ဒီနေရာကနေ လွတ်မြောက်နိုင်ပြီ။ ဝမ်လင်း … မင်းမသေသေးတာ ပိုကောင်းတယ်။ ငါ့အတွက် ရှေးဟောင်းနတ်ဘုရားရဲ့ မှတ်ဉာဏ် အမွေအနှစ်ကို ငါ့အတွက် မင်းဆက်လက် ထိန်းသိမ်းပေးထားဦး …”

***

Comment

Leave a Reply

Options

not work with dark mode
Reset