အပိုင်း(၅၀)-မိုရှား

မျက်လုံးစူးလိုက်တာ….

ထိုလူထံမှ စိုက်ကြည့်ခြင်းခံရပြီးနောက် ရှီမာယူယူအေးခဲသွားသလိုခံစားရသည်။

သူ့ခန္ဓာကိုယ်မှ ထွက်လာသော ရောင်ဝါသည် အားအင်ပြန်ပြည့်ခါစ ဝူလင်းယူထက်ပင် အားကောင်းသည်။ အဆပေါင်းမည်မျှလဲတော့ ဘယ်သူမှပြောနိုင်မည်မဟုတ်ပေ။

ရှီမာယူယူ စိတ်ကိုတည်ငြိမ်စွာထားကာ တူကိုယူ၍ ဝိညာဉ်ကျောက်တုံး အား ခေါက်လိုက်ပြီး ပြောလိုက်သည်။ “ငါက မွေးကတည်းက သတ္တိရှိခဲ့တာ၊ ဒါပေမယ့်အခုမင်းပြောပုံအရဆိုရင် မင်းဟာလူသားမဟုတ်ဘူးလား”

“အမ်… ငါက မြင့်မြတ်တဲ့နတ်ဆိုးမျိုးနွယ်ကပဲ.. ငါကမင်းလို နိမ့်ကျတဲ့လူသားနဲ့ ဘယ်လိုလုပ်ယှဉ်ပြောလို့ရမလဲ” ထိုသူကပြောလိုက်သည်။

“နတ်ဆိုးမျိုးနွယ် ဟုတ်လား..”  ရှီမာယူယူ ဝိညာဉ်ကျောက်တုံးအား ကောက်ယူလိုက်ကာ မတ်တတ်ရပ်ပြီး သူ့အား အရွယ်အစားတိုင်းရင်း ပြောလိုက်သည်။ “မင်းရဲ့ သံသယဝင်စရာကောင်းတဲ့ပုံစံကို ကြည့်ပါဦး.. မင်းက လူသားနဲ့တောင်မတူဘူး၊ မင်းက နတ်ဆိုးမျိုးနွယ်ကဆိုတာတောင် ငါမထင်ဘူး၊ ပြီးတော့ နတ်ဆိုးမျိုးနွယ်က လူကဘယ်လိုလုပ် ဒီနေရာမှာ အဆုံးသတ်ရတာလဲ.. ဒီနေရာမှာ လှည့်လည်ပြီးတောင်လျှောက်သွားနေသေးတယ်”

“ဟမ်” ရှီမာယူယူ၏ စကားလုံးများနောက်ကွယ်တွင် လှောင်ပြောင်ခြင်းအရိပ်အယောင်များအား နားထောင်၍ ထိုသူသည် ချက်ချင်းပင် သူ၏ခေါင်းအား လှည့်လိုက်သည်။

“မင်းရဲ့နာမည်က ဘာလဲ” ရှီမာယူယူမေးလိုက်သည်။

သူ..သူမကို လျစ်လျူရှုလိုက်သည်။

“ငါ မင်းကို ဟိတ် ဟိတ်လို့ တစ်သက်လုံးခေါ်လို့မရဘူးလေ ဟုတ်တယ်မလား.. ဒါမှမဟုတ် မင်းကို ခွေးလို ကြောင်လို ဆက်ဆံရမှာလား” ရှီမာယူယူမေးလိုက်သည်။

ထိုသူ စိတ်ခုစွာဖြင့် ပြောလိုက်သည် “မိုရှား..”

မိုရှား… ထင်ထားတဲ့အတိုင်း နတ်ဆိုးတွေရဲ့ မျိုးနွယ် ‘မို’ ပဲ၊ ရှီမာယူယူပြောလိုက်သည် “အဲအချိန်က အဲထင်ယောင်ထင်မှားဖြစ်စေတဲ့ တည်ဆောက်မှုက မင်းလုပ်ထားတာလား”

ငြိမ်သက်ဆဲပင်…

သူနှင့် ညှိနှိုင်းရန် နည်းလမ်းရှိတော့မည်မဟုတ်ပေ…

“ဒီလိုရှိတယ်” ရှီမာယူယူပြောလိုက်သည်။ “ငါ့လိုလူမှာ လက်စားချေဖို့ အစီအစဉ်တွေရှိတယ်.. ငါ့ကို ထင်ယောက်ထင်မှား တည်ဆောက်မှုမှာ အချိန်အတော်ကြာပိတ်ထားတဲ့ မင်းလိုလူအတွက် ဒီနာကြည်းချက်ကို ငါဘယ်လိုဖြေရှင်းမယ် မင်းထင်လဲ”

စကားပြောရင်းနှင့်ပင် သူမလက်ထဲရှိ ဝိညာဉ်ကျောက်တုံးအား တူဖြင့် ညင်သာစွာ ထုနေသည်။

ရှီမာယူယူ ပြုမူနေသည်ကို မိုရှားကြည့်ပြီး သူ၏ အကြည့်များသည် အမှောင်ကျသွားသည်။ သူဒေါသကို ချုပ်တည်းကာပြောလိုက်သည်။ “မင်းဘယ်လိုဖြေရှင်းချင်လို့လဲ”

“မင်းက ဒီကျောက်တုံးရဲ့ စောင့်ရှောက်သူဆိုတဲ့အချက်ကပဲ မင်းက သာမာန်လူထက် ပိုအားကောင်းတယ်ဆိုတာ ပြနေတယ်၊ မင်းငါ့ကို အကျိုးအမြတ်နည်းနည်းလောက်မပေးချင်ဘူးလား” ရှီမာယူယူ ပျင်းရိစွာပြောလိုက်သည်။

မိုရှား ရှီမာယူယူအား အချိန်အတန်ကြာကြည့်နေပြီးနောက်တွင်တော့ သူ့အကြည့်များသည် ဖြေးဖြေးချင်း ကြည်လင်လာသည်။ အချိန်ခဏအကြာတွင် သူစကားစ,ပြောလေသည် “မင်း အကျိုးအမြတ်ရချင်တယ်ဆိုရင်တော့ အဲဒါက မဖြစ်နိုင်ဘူး.. ဒါပေမယ့် မင်းငါ့ကို ကတိတစ်ခုတော့ ပေးရမယ်”

“ဘာကိုလဲ..” ရှီမာယူယူမေးလိုက်သည်။

“ငါ ငါ့ရဲ့ ခန္ဓာကိုယ်ကို ရှာမတွေ့ခင်မှာ ငါဒီမှနေချင်တယ်” မိုရှားပြောလိုက်သည်။

“ကိစ္စမရှိပါဘူး..” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

ဒီ ဝိညာဉ်ပုလဲသည်အလွန်ကြီးသည်၊ အထဲတွင် ဒီလို ကျောက်တုံးဘယ်လောက်ပင် ရှိပါစေ ကိစ္စမရှိပေ။

“ငါစကားမဆုံးသေးဘူး..” မိုရှားပြောလိုက်သည်။

“ဒါဆို မင်းဆက်ပြောပါ..” ရှီမာယူယူ သူမမေးစေ့အားကိုင်ကာ သူမအတွက် မည်ကဲ့သို့အကျိုးအမြတ်ကို သူယူဆောင်မလဲဆိုတာ စဉ်းစားရင်း သူ့အားကြည့်လိုက်သည်။

“မင်း ငါ့ရဲ့ ခန္ဓာကိုယ်ကို ကူရှာပေးရမယ်” မိုရှား မပီသစွာပြောလိုက်သည်။

“မင်းတောင်းတဲ့ တောင်းဆိုချက်ကလည်း” သူ ထိုအရာကို ကြားသည်နှင့် ငိုချင်စိတ်ပေါက်သွားကာ ပြောလိုက်သည်။ “မိုးကောင်းကင်နဲ့ မြေကြီးက ဒီလောက်ကျယ်တာ မင်းရဲ့ ခန္ဓာကိုယ်ကို ငါဘယ်သွားရှာရမှာလဲ၊ ငါက မင်းရဲ့ နတ်ဆိုးလောက ကိုတောင်သိတာမဟုတ်ဘူး”

“ငါ့ရဲ့ ခန္ဓာကိုယ်က နတ်ဆိုးလောကမှာ မဖြစ်မနေရှိရမယ်လိုတော့မဟုတ်ဘူး” မိုရှားပြောလိုက်သည်။

“ဘာလို့လဲ..” ရှီမာယူယူမေးလိုက်သည်။

“အဲအချိန်တုန်းက ငါ့ရဲ့ ဝိညာဉ်က ဖိအားပေးပြီး အခွဲခံလိုက်ရတယ်၊ တစ်ဝက်က ဒီနေရာမှာ ဝင်နေရပြီး တစ်ဝက်ကတော့ ပြန်ဝင်စားသွားတာဖြစ်နိုင်တယ်” မိုရှားပြောလိုက်သည်။ “ဒါပေမယ့် ငါ့ရဲ့ ဝင်စားတာက နတ်ဆိုး တိုင်းပြည်မှာ မဖြစ်မနေတော့မဟုတ်ဘူး”

“ဒါဆို ငါရှာဖို့က ပိုပြီးလမ်းပျောက်သွားပြီလေ မဟုတ်ဘူးလား” ရှီမာယူယူပြောလိုက်သည်။

“မင်းမရှာနိုင်ဘူးဆိုရင်တောင် ကြိုးစားလို့ရပါသေးတယ်၊ တကယ်လို့ငါက မင်းကို ကိစ္စတွေမှာ ကူညီတယ်ဆိုရင် မင်းငါ့ကို လုံလုံလောက်လောက်ပြန်ပေးရမယ်ဆိုတာ သိသာနေတာပဲ” မိုရှားပြောလိုက်သည်။

“ဘာအကျိုးအမြတ်လဲဆိုတာ အရင်ပြောဦး၊ မင်းရဲ့တောင်းဆိုချက်ကို သဘောတူရင် ဘယ်လိုစွဲမက်စရာ အခွင့်အရေးတွေရမလဲလို့” ရှီမာယူယူ ပြောရင်းနှင့်ပင် သူမ၏ မျက်လုံးများသည် အရောင်တောက်လာသည်။

“သားရဲထိန်းကျောင်းနည်း အင်ပါယာသိုင်းကျမ်း” မိုရှား စိတ်မဝင်စားသလိုပြောလိုက်သည်။

“သားရဲထိန်းကျောင်းနည်း အင်ပါယူသိုင်းကျမ်း ဟုတ်လား..” ထောင့်တွင်ရှိနေသော ဝိညာဉ်လေးသည် အော်လိုက်သည်။ “အဲဒါ တကယ်ကောင်းတဲ့ဟာပဲ သခင် မင်းမြန်မြန်သဘောတူလိုက်တော့”

“အဲဒါက ဒီအတိုင်း သားရဲထိန်းကျောင်းနည်း အင်းပါယာသိုင်းကျမ်းပါပဲ၊ သားရဲထိန်းကျောင်းတဲ့သူတွေက ရှားပေမယ့် ငါ့အတွက်က သားရဲထိန်းကျောင်းသူမဖြစ်လည်း ဒီလိုဟာကို မလိုအပ်ဘူး၊ ငါလုပ်ပေးရမှာနဲ့ ပြန်ရမှာနဲ့ မတန်သေးဘူး” ရှီမာယူယူခေါင်းခါလိုက်ကာ ပြောလိုက်သည်။

“သားရဲထိန်းကျောင်းနည်း အင်ပါယာသိုင်းကျမ်းက ရှေးတုန်းက ပစ္စည်းပဲ” မိုရှားပြောလိုက်သည်။

“ရှေးတုန်းကတည်းက ဟုတ်လား” ရှီမာယူယူ မျက်လုံးများ မှေးကာ မိုရှားကြည့်ကာပြောလိုက်သည် “အဲတော့ ဘာလုပ်ရမှာလဲ”

“မင်းက တုံးလိုက်တာ၊ အခုခေတ် သားရဲထိန်းကျောင်းတဲ့သူတွေက ရိုးရှင်းတဲ့နည်းလမ်းတွေပဲသုံးကြတာ၊ သူတို့က သားရဲတွေကို ဘယ်လိုယဉ်အောင် ဘယ်လိုထိန်းရမလဲဆိုတာပဲ သိတာ၊ သားရဲထိန်းကျောင်းနည်း အင်ပါယာသိုင်းကျမ်းက အဲဒီနည်းလမ်းတွေထက် အဆရာပေါင်းများစွာ ပိုပြီးအားကောင်းတယ်” ဝိညာဉ်လေးသည် ရှီမာယူယူဘေးတွင် ရပ်ကာပြောလိုက်သည်။ “ငါ့ရဲ့ အရင် အရင် အရင့် သခင်က ဒီသားရဲထိန်းကျောင်းနည်း အင်ပါယာသိုင်းကျမ်းကို ရှာရင်း သူ့ဘဝတစ်ခုလုံးကို ကုန်ဆုံးခဲ့တာ၊ ဒါပေမယ့်သူ သေသာသွားတာ ရှာမတွေ့ခဲ့ဘူး”

“အဲဒါက အဲလောက်တောင် ကြီးကျယ်တာလား” ရှီမာယူယူမယုံကြည်နိုင်သေးပေ။

“ဒါပေါ့ အဲဒါက အရမ်းကြီးကျယ်တယ်” ဝိညာဉ်လေး အခိုင်အမာပြောလိုက်သည်။ “ပိုအရေးကြီးတာက ဒီသားရဲထိန်းကျောင်းနည်း အင်ပါယာသိုင်းကျမ်းကပျောက်နေတာအချိန်အတော်ကြာပြီ၊ ပြီးတော့ အခုချိန်မှာရှာဖို့ဆိုတာ ပိုမဖြစ်နိုင်တော့ဘူး”

တစ်ယောက်နှင့်တစ်ယောက် ရေရွတ်နေသော ရှီမာယူယူနှင့် ဝိညာဉ်လေးအားကြည့်၍ မိုရှားမျက်ခုံးတွန့်လိုက်သည်။ တစ်ချိန်ထဲတွင် သူပြောလိုက်သည် “မင်းရဲ့ ဆုံးဖြတ်ချက်ကို မြန်မြန်ချတော့”

“ဒါဆိုလည်းကောင်းပြီလေ” ရှီမာယူယူ ဝိညာဉ်လေးအား ပွေ့လိုက်ကာ သူ့အား ပြန်ပြောလိုက်သည်။ “မင်းပြောသလိုလုပ်မယ်ဆိုရင် အပေးအယူကပြီးသွားပြီ”

“ကောင်းတယ်” သူစကားပြောဆိုပြီးသည်နှင့် ရှီမာယူယူရှေ့တွင် လေပေါ်ပေါ်လာကာ သူမ သတိမပြုမိခင်အချိန်တွင် သူမနှုတ်ခမ်းပေါ်သို့ အနမ်းခြွေလိုက်လေသည်။

“မင်းဘာလုပ်တာလဲ” ရုပ်ပိုင်းဆိုင်ရာ ခံစားမှုမရှိသော်လည်း ရှီမာယူယူ နောက်သို့ဆုတ်ကာ မိုရှားအား စိုက်ကြည့်လိုက်သည်။

“အပေးအယူကို တံဆိပ်နှိပ်တာ” မိုရှားပြောလိုက်သည်။ “ငါတို့နတ်ဆိုးမျိုးနွယ်မှာဆို ဒီလိုပဲလုပ်ကြတာပဲ”

“အဲလိုဆိုလည်း မင်းဒီလိုလုပ်ဖို့မလိုပါဘူး” ရှီမာယူယူ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

“ငါက အခုဝိညာဉ်ပဲရှိသေးတာလေ၊ ဒါက ငါလုပ်နိုင်တဲ့တစ်ခုတည်းသော အရာပဲ” မိုရှားပြေလိုက်သည်။

ရှီမာယူယူ ဒေါသထွက်သွားသော်လည်း ထုတ်ဖော်ခြင်းမပြုတော့ပဲ သူမနှုတ်ခမ်းအား ခပ်ကြမ်းကြမ်းသုတ်လိုက်ခြင်းကြောင့် သူမနှုတ်ခမ်းများသည် ပို၍ပင်အနီရောင်သန်းလာသည်။

“မင်းပြောတဲ့ အဲဒီသားရဲထိန်းကျောင်းနည်း အင်ပါယာသိုင်းကျမ်းက ဘယ်လိုလဲ” သူမ မိုရှားအား ဓားသွားသကဲ့သို့ စိုက်ကြည့်ပြီးမေးလိုက်သည်။

မိုရှား နီရဲသွားသော သူမနှုတ်ခမ်းအားကြည့်ပြီးနောက် ဝိညာဉ် ကျောက်တုံးထဲသို့ဝင်ကာ ပြောလိုက်သည်။ “ဒီ ဝိညာဉ်ကျောက်တုံးကို မင်းရဲ့ နဖူးပေါ်မှာထားလိုက်”

ရှီမာယူယူ သူပြောသည့်အတိုင်းလုပ်လိုက်သည်။ သူမနဖူးနှင့် ဝိညာဉ် ကျောက်တုံးအားထိလိုက်သည်နှင့် နာကျင်စွာခံစားရပြီး သူမခေါင်းထဲသို့ တစ်စုံတစ်ရာဝင်သွားသည်ကိုခံစားမိသည်။ သူမ ပြန်ကောင်းရန်အချိန်မှာ ကြာသွားသည်။

“ဒီကောင်က တမင်တကာလုပ်တာနေမှာ” သူမ နဖူးအား ကိုင်ပြီးပြောလိုက်သည်။

“သခင် သားရဲထိန်းကျောင်းနည်း အင်ပါယာသိုင်းကျမ်းကို မြန်မြန်ထုတ်သုံးကြည့်” ဝိညာဉ်လေးပြောလိုက်သည်။

“ကောင်းပြီ” ရှီမာယူယူ သူမမျက်လုံးများမှိတ်လိုက်သည်။ သူမ ခေါင်းထဲတွင် အရင်ကမရှိခဲ့သော အချက်အလက်များရှိနေသည်ကို သူမခံစားမိသည်။ သူမခေါင်းထဲတွင် ရွှေရောင်စာလုံးနှင့်ရေးထားသော ‘သားရဲထိန်းကျောင်းနည်း အင်ပါယာသိုင်းကျမ်း’ ဆိုသည့် အဖုံးနှင့်စာအုပ် ချက်ချင်းပင် ပေါ်လာသည်။

သူမ အချက်အလက်များကိုစုစည်းလိုက်ချိန်တွင် ထိုအချက်အလက်များ သည် အရည်အသွေးမြင့်ကြောင်းကို သူမ သိလိုက်ရသည်။ ပို၍ အထင်ကြီးစရာကောင်းသည်မှာ သားရဲထိန်းကျောင်းနည်း အင်ပါယာ သိုင်းကျမ်းအား သုံးလိုက်သော် ဝိညာဉ်သားရဲသည် ပိုင်ရှင်နှင့် စာချုပ်ချုပ် လိုက်ချိန်တွင် သူတို့၏ကိုယ်ပိုင် အားအင်လည်းပို၍ တိုးနိုင်စေသည့် အချက်ပင်။ ထို့အပြင် အနာဂတ်တွင် ပိုင်ရှင်သည် အဆင့်တက်လာသည်နှင့် ဝိညာဉ်သားရဲလည်း အဆင့်တက်လာမည်ဖြစ်သည်။

“သေစမ်း၊ ဒါက အဆင့်ကိုတောင်တက်စေတယ်၊ ငါအရင်ကဒါမျိုးကို မကြားဖူးပါဘူး” သူမ ဖတ်ပြီးချိန်တွင်တော့ ရှီမာယူယူအော်လိုက်သည်။

ဒီသားရဲထိန်းကျောင်းနည်း အင်ပါယာသိုင်းကျမ်းသည် ရိုးရှင်းသည်။ တခြားသားရဲထိန်းကျောင်းနည်းများနှင့် အသုံးပြုပုံတူညီသည်။ ဝိညာဉ်သားရဲများထိန်းကျောင်းခြင်းသည် ဝိညာဉ်စွမ်းအင်များစွာလိုအပ်သည်၊ ထို့ကြောင့် သူမကိုယ်ပိုင် ဝိညာဉ်စွမ်းအင်များတိုးလာချိန်တွင် အဆင့်မြင့်သော ဝိညာဉ်သားရဲများကို သူမထိန်းကျောင်းနိုင်မည်။

“ဒီဟာနဲ့ ဝိညာဉ်သားရဲဖမ်းကြည့်မလား” ရှီမာယူယူ ပျော်ရွှင်စွာ ပြေလိုက်သည်။

“ငါတို့သဘောတူထားတာမမေ့နဲ့” မိုရှားသည် ဝိညာဉ်ကျောက်တုံးထဲမှ ပြောလိုက်သည်။

“ငါသိပါတယ်..” ရှီမာယူယူ မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “မင်းမှာ ဒီလိုရှေးကျတဲ့ဟာရှိတာမောင် ဒီလိုသေးတဲ့ ဝိညာဉ်ကျောက်တုံးထဲမှာ နှစ်အကြာကြီးနေနိုင်တယ်နော်၊ မင်းက အရင်တုန်းက အရမ်းအားကြီးတဲ့သူ ဖြစ်ခဲ့မယ်ထင်တယ်၊ မင်းရဲ့ သရုပ်မှန်ကိုငါ့ကိုပြောပြမယ်ဆိုရင် မင်းရဲ့ သရုပ်မှန်ကို အခြေခံပြီးငါရှာရတာပိုလွယ်သွားမယ်”

“ငါသူ့ကိုတွေ့ရင် ငါသူ့ဆီမှာ ဆွဲယူခံရမှာပဲ၊ အဲချိန်ကျရင် ငါအလိုလိုမင်းကို ပြောပြီးသားဖြစ်သွားလိမ့်မယ်” ထိုသို့ပြောပြီးနောက် သူထပ်ပြီးပြောဖို့ကို ငြင်းဆန်လိုက်သည်။ ဝိညာဉ်ကျောက်တုံးသည်လည်း တောက်ပခြင်းမရှိတော့ပေ။

“ရော့” ရှီမာယူယူ ဝိညာဉ်ကျောက်တုံးအား ဝိညာဉ်လေးဆီပစ်ပေးလိုက် ပြီး ပြောလိုက်သည်။ “ဒါကို လုံခြုံအောင် သိမ်းထားပေး”

ဝိညာဉ်လေး ကျောက်တုံးအား ဖျောက်လိုက်သည့်အခါမှာတော့ ဝိညာဉ်ကျောက်တုံးသည် သူတို့ရှေ့မှ ပျောက်ကွယ်သွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset