Switch Mode

အပိုင်း (၃၆၃)

တာအိုရှာဖွေ

သူက နေဝင်ချိန်မှာ သေဆုံးချင်ရင် မနက်ခင်းမှာ မှန်ကန်တဲ့ လမ်းကြောင်းကို ရလိမ့်မယ်။

သည်လက်ကောက်က အဖြူရောင် အလင်းပမာဏ အမြောက်အမြား ထုတ်လွှတ်ပြီး စုစည်းသွားကာ အမည်းရောင် တွင်းတစ်ခုက အနီရောင်လိပ်ပြာ၏ နောက်၌ ထွက်ပေါ်လာခဲ့သည်။

သည်တွင်းက ယဇ်ပလ္လင်တစ်ခုနှင့်တူသည့် နေရာတစ်ခုကို ထုတ်ဖော်၏။ သည်နေရာက ဟင်္သာပြဒါးနိုင်ငံပင်။

“စန်နူး … ငါနင့်ကို မှတ်ထားလိုက်ပြီ။ ငါက ဒီလက်ကောက်ကို အသုံးပြလိုက်ရတဲ့ အတွက် ကျင့်ကြံမှုတစ်ဆင့် လျော့ခဲ့ရပြီ။ ဒါ နင်တွန်းအားပေးခဲ့တာ။ ငါဒါကို မှတ်ထားတယ် …”

အနီရောင်လိပ်ပြာ၏ အသံထဲ၌ အမုန်းတရားများ ပြင်းထန်စွာ ပါဝင်သည်။ သူမက နောက်သို့ လျင်မြန်စွာ ဆုတ်၍ အမည်းရောင်တွင်းထဲသို့ ပျံသန်းသွား၏။

အေးချမ်းမှု ပွင့်လင်းခြင်းလက်ကောက်။ သည်လက်ကောက်သည် သာမန်စွမ်းရည်တစ်ခု အပြင် နောက်ထပ် စွမ်းရည်တစ်ခု ရှိသေး၏။ သည်စွမ်းရည်က ကောင်းကင်ဘုံနယ်မြေကနေ ဟင်္သာပြဒါးနိုင်ငံသို့ လုံခြုံစွာ ပြန်ရောက်နိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်း တစ်ခုကို ဖွင့်လှစ်ခြင်း ဖြစ်သည်။

သည်လက်ကောက်က ကောင်းကင်ဘုံနယ်မြေကနေ ဟင်္သာပြဒါးနိုင်ငံက ရရှိခဲ့သောအရာ ဖြစ်သည်။ ထို့ကြောင့် သည်စွမ်းရည်က အံ့ဖွယ်ဟု မဆိုသာတော့ပေ။ အနီရောင်လိပ်ပြာက မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိနေခြင်းပင်။ သို့ရာတွင် ၎င်းလက်ကောက်ကို အသုံးပြုရန် ပေးဆပ်ရသည့် တန်ဖိုးမှာ အလွန်ကြီးမား၏။ သူမက ဟင်္သာပြဒါးနိုင်ငံသို့ ပြန်ရောက်သည်နှင့် သူမကျင့်ကြံမှု အဆင့်သည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်မှ အလယ်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်၏။

ဝမ်လင်း၏ ခန္ဓာကိုယ်ထဲရှိ စိတ်ခံစားချက်မဲ့ နယ်ပယ်သည် စတင်လျော့နည်းသွား၏။

အနီရောင်လိပ်ပြာက ထွက်ခွာသွားတော့မည်ကို ကြည့်ရင်း သူက အလွန် စိတ်အနှောင့်အယှက် ဖြစ်မိသည်။ သည်လက်ကောက် ကြောင့်သာ မဟုတ်လျှင် သူမက သည်နေ့ မုချသေရတော့မည် ဖြစ်သည်။ သူမ ဟင်္သာပြဒါးနိုင်ငံသို့ ပြန်ရောက်သွားသည်နှင့် သည်လို သတ်ဖြတ်နိုင်ရန် အခွင့်ရေးကောင်းရရန် အလွန်ခက်ခဲသွားပြီ မဟုတ်လော။

ဝမ်လင်းက လှမ်းအော်လိုက်သည်။ “အနီရောင်လိပ်ပြာ … ဒါဘာလဲကြည့်လိုက် …”

ဝမ်လင်းက သူ့လက်ကို မြှောက်ပြလိုက်သည်။ ရုတ်တရက် ငှက်မွေးနှစ်ချောင်းသာ ကျန်သည့် ယပ်တောင်တစ်ခု ရှိနေသည်။

အနီရောင်လိပ်ပြာက သည်ယပ်တောင်ကို ကြည့်၍ တုန်လှုပ်သွားသည်။ သူမက ခဏတာပင် သတိလွတ်သွားရ၏။

“စီနီယာအစ်မရဲ့ ယပ်တောင် …”

ဝမ်လင်းက သူမသည်လို သတိလွတ်သွားသည်ကို လိုချင်ခြင်းပင်။ သူက သည်အခိုက်တွင် ခန္ဓာကိုယ်ထဲက ခံစားချက်မဲ့ နယ်ပယ်ကို ကြံ့ကြံ့ခံကာ သူက သည်ယပ်တောင်ကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူ့မူလ စိတ်ဝိညာဉ်ကလည်း ရှေ့သို့ ပျံသန်း ထွက်ခွာသွားသည်။

သူမူလစိတ်ဝိညာဉ်က သည်ယပ်တောင်ကို ဖမ်းဆုပ်လိုက်ပြီး ငှက်မွေးတစ်ချောင်းကို ဆွဲနှုတ်လိုက်သည်။ ယပ်တောင်က စတင် လောင်ကျွမ်းသွားပြီး ဝမ်လင်းနှင့်တူသည့် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။

သည်အရိပ် ထွက်ပေါ်လာသည်နှင့် သူ့မူလစိတ်ဝိညာဉ်က အော်ဟစ်လိုက်သည်။ “ပေါက်ကွဲလိုက်စမ်း …”

ဘုန်း …။

အရိပ်က ပေါက်ကွဲသွားပြီး အဖျက်အဆီး အားတစ်ခုက အနီရောင်လိပ်ပြာထံသို့ တိုးဝင်သွားသည်။

အနီရောင်လိပ်ပြာက မျက်နှာ ပျက်သွားသည်။သူမက နောက်သို့ အလျင်အမြန်ဆုတ်၏။ သူမက အမည်းရောင် တွင်းထဲသို့ ရောက်နေခဲ့လေပြီ။ သို့သော် ထိုအခိုက်တွင် ဝမ်လင်း မူလစိတ်ဝိညာဉ်က ရောက်ရှိလာခဲ့သည်။

“နေဦး…”

ဝမ်လင်းက သူ့လက်ကို ဆန့်ထုတ်၍ အနီရောင်လိပ်ပြာအား ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်သည်။

အနီရောင်လိပ်ပြာက ခုခံရန် ပြင်လိုက်စဉ်မှာပင် အရိပ်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တုန်ခါလှိုင်းများက သူမကို နာကျင်သွားစေပြီး နောက်ထပ်သွေးတစ်လုတ် အန်လိုက်ရပြသည်။ ထိုအချိန်တွင် ဝမ်လင်းလက်က ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ဝမ်လင်းက အရာအားလုံးကိုရင်းလိုက်ခြင်း ဖြစ်သည်။သူက မူလစိတ်ဝိညာဉ်ကို ထွက်ခွာသွားစေပြီး သူ့ခန္ဓာကိုယ်ထိခိုက်မှုကို လျစ်လျူရှူ၍ တိုက်ခိုက်ခြင်း ဖြစ်သည်။

အနီရောင်လိပ်ပြာ ကသူမညာလက်ကို မြှောက်၍ တိုက်ခိုက်မှုကို ခုခံသည်။ အဖြူရောင် အလင်းတန်းတစ်ခုက သူမခန္ဓာကိုယ်မှ တောက်ပသွားသည်။ သည်အလင်းတန်းက မူလစိဝိညာဉ်အတွက် အလွန် အန္တရာယ်ကြီးသည်။ ဝမ်လင်း သူ့မူလစိတ်ဝိညာဉ်က မြန်ဆန်စွာ အားနည်းလာသည်ကို ခံစားမိ၏။

ဝမ်လင်းက လက်ဖြင့်ခုတ်ချလိုက်ရာ အနီရောင်လိပ်ပြာ၏ ညာဘက်လက်က ဆုတ်ပြဲပြုတ်ထွက်သွားသည်။ ဝမ်လင်းက အနီရောင်လိပ်ပြာက လက်တစ်ဖက် ပြတ်သွားရင်းနှင့် တွင်းပေါက်ထဲသို့ ဝင်ရောက်သွားပြီး ထိုတွင်းကလည်း ပြန်လည် ပိတ်ဆို့သွားသည်။

ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိသည်။သူက နောက်ထပ် ငှက်မွေးတစ်ချောင်းကို သူ့မူလ စိတ်ဝိညာဉ်ဖြင့် ဖမ်းကိုင်၍ သူ့ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ဝင်ရောက်လိုက်သည်။

“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်တွေက သတ်ဖို့ အရမ်းခက်တာပဲ …” ဝမ်လင်းက သူ့တွင် ကျန်နေသေးသော ငှက်မွှေးနှင့် အနီရောင်လိပ်ပြာ၏ ညာလက်ကို ဆုပ်ကိုင်၍ ဝင်ပေါက်သို့ တစ်ဟုန်ထိုး လစ်တော့သည်။

သူက သူ့တွင် ရှိသော အရာအားလုံးကို သုံးစွဲခဲ့၏။သူက သူမကို သတ်ဖြတ်နိုင်တော့မည် အခိုက်အတန့်မှာပင် အနီရောင်လိပ်ပြာက သူ့အသက်ကယ် ရတနာကို အသုံးပြု၍ လွတ်မြောက် သွားခဲ့သေးသည်။ သူမက အားအနည်းဆုံးချိန် ဖြစ်နေသည်ပင် သတ်ဖို့ရန် ခက်ခဲနေဆဲပင်။

“ငါက သူမကို မသတ်လိုက်နိုင်ပေမဲ့ လက်တစ်ဖက် ရနိုင်ခဲ့တယ်။ ငါက ဒီလက်ကို အသုံးပြုပြီး သူ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်မှာပဲ အမြဲတမ်း ရပ်တန့်နေဖို့ ကျိန်ဆဲမှု မရေမတွက်နိုင်အောင် လုပ်နိုင်တယ်…” ဝမ်လင်းက မကောင်းဆိုးဝါးတစ်ကောင်အလား ဖြစ်နေခဲ့၏။

“ငါ့ကျင့်ကြံမှုအဆင့်က မလုံလောက်သေးဘူး။ ငါသာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်ဆိုရင် ဒီနေ့တိုက်ပွဲ ရလဒ်က ခြားနားသွားလိမ့်မယ် …” ဝမ်လင်းက နောက်တစ်ကြိမ် သက်ပြင်းချမိ၏။

သူနှင့် အနီရောင်လိပ်ပြာကြားရှိ တိုက်ပွဲသည် သိပ်မကြာလှချေ။ အသက်ရှူ အနည်းငယ်အတွင်း ဖြစ်ပျက် သွားခဲ့ခြင်းပင်။

“အရူးကောင် …။ သူက တကယ်ကို ရူးနေတာပဲ…” အလောင်းကောင် ကလန်မှ အဘိုးအိုက အမျိုးသမီး အလောင်းကို ကျောက်ရီထံ ပစ်ပေးလိုက်ပြီး ဆဲရေးကာ ဝင်ပေါက်ရှိရာသို့ ပျံသန်းနေ၏။ သို့ရာတွင် ထိုအခိုက်မှာပင် ဝင်ပေါက်မှ တုန်ခါသံများ ကြားလိုက်ရပြီး ၎င်းက ပြိုကျသွားတော့သည်။

အဘိုးအိုက ဝင်ပေါက်ကို ကြည့်၍ ကြောင်သွား၏။ သူက မျက်နှာပျက်သွားသည်။ သူသာမက ချီဟူလည်း မှင်တက်သွားသည်သာ ဖြစ်၏။

ဝမ်လင်း ရောက်လာသည့် အချိန်တွင် ဝင်ပေါက်က ပြိုကျသွားခဲ့ပြီး ဖြစ်နေ၏။ သူက ချက်ချင်းပင် လှည့်၍ အောက်သို့ အမြန်ဆင်းလိုက်သည်။ သည်အစိတ်အပိုင်းက အထပ်များစွာ ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် သူက အထက်သို့ ထပ်မံ ပျံသန်းတက်နိုင်မည် မဟုတ်ပေ။ သူက အောက်သို့သာ ဆက်၍ဆင်းသာရုံသာ တက်နိုင်သည်။

ကျောက်ရီနှင့် အဘိုးအိုတို့ တိုက်ခိုက်နေစဉ်တွင် သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ သည်ဧရိယာကို တိတ်တဆိတ် ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ အခုချိန်တွင် သူ့၌ ဦးတည်ရာတစ်ခု ရှိနေ၏။ သူက ချက်ချင်း မပျက်စီးနိုင်သည့် နေရာတစ်ခုခုပေါ်ရှိ တွင်းပေါက်နားသို့ ရောက်သွားသည်။

သူက တုံ့ဆိုင်းခြင်း မရှိဘဲ ထိုအထဲသို့ ခုန်ဝင်သည်။

အလောင်းကောင် ကလန်မှ အဘိုးအိုသည် နောက်သို့လှည့်၍ နတ်ဘုရားအာရုံကို ဖြန့်ကြက်သည်။ သူက ဝမ်လင်းဝင်သွားသော တွင်းပေါ်ထဲသို့ ဦးတည် ပျံသန်းသွားပြီး လိုက်ဝင်သွား၏။ချီဟူက သိုလှောင်အိတ်ထဲကနေ ကြယ်သံလိုက် အိမ်မြှောင်ကို ထုတ်လိုက်သည်။ သို့သော် ၎င်းက အသုံးပြရန်အတွက် ပျက်စီးလွန်းနေပြီ ဖြစ်သည်။ သူက ၎င်းကို မည်သို့ ပြန်ပြုပြင်ရမှန်း မသိချေ။ အကူအညီမဲ့စွာဖြင့် သူက အဘိုးအိုနောက်မှ လိုက်လာသည်။ အခုချိန်တွင် သူ့အတွက် အရေးကြီးဆုံး အရာသည် သူ့အသက်သာ ဖြစ်၏။

“ထန်အာ … ကြည့်ပါဦး။ နင့်ကို ခိုးယူသွားတဲ့လူက လွတ်မြောက်အောင် ကြိုးပမ်းနေပြီ။ ငါ ပြောခဲ့ပါတယ်။ နင့်ကို ခိုးယူဖို့ ကြိုးစားရဲတဲ့လူတိုင်း သေရလိမ့်မယ်။ ပြီးရင် ငါတို့နှစ်ယောက် ဟင်းလင်းပြင်မှာ အတူ ပျောက်ကွယ်သွားကြမယ်။ ဒါက…ဘယ်လို ထူးဆန်းတာလဲ။ ငါက တစ်စုံတစ်ခုကို မှတ်မိလိုက်တယ်။ တစ်ခုခုပဲ။ ထန်အာ…” ကျောက်ရီက အမျိုးသမီး အလောင်းကို ထွေးပိုက်ထားလေ၏။သို့သော် သူ့စိတ်နှစ်မှုက ရှူပ်ထွေးမှုတချို့ ရှိသည်။

သူက အမျိုးသမီး၏ နှုတ်ခမ်းကို နမ်းရှုပ်လိုက်သည်။

ဝမ်လင်းက ဥမင်ထဲသို့ဝင်ရောက်၍ လျင်မြန်စွာ ဆင်းသက်သည်။ တတိယအလွှာက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သည်အလွှာအားလုံးက တဖြည်းဖြည်း ပြိုကျမည်ဖြစ်သည်။ တတိယအလွှာက ခုချိန်၌ အန္တရာယ်အကင်းနေရာ တစ်ခုဖြစ်သည်။

ဝမ်လင်းက အောက်သို့ ဆင်းသက်နေရင်း တွေးနေ၏။ “ဒီနေရာကနေ ထွက်သွားလို့ရမယ့် နည်းလမ်းက ချီဟူရဲ့ ကြယ်သံလိုက် အိမ်မြှောင်ဘဲရှိတယ်…”

သူက ဆက်လက်၍ ဆင်းသက်နေရင်းဖြင့် အဆုံး၌ အလင်းရောင်တစ်ခုကို လှမ်းတွေ့လိုက်သည်။သို့ရာတွင် သူက ချက်ချင်းထိုထဲသို့ မဝင်ဘဲ ဥမင်နံရံကို ထွေးပွေ့လိုက်သည်။

အသက်ရှူစာ အနည်းငယ် ကြာပြီးနောက် ပုံရိပ်တစ်ခုက ဥမင်ထဲသို့ဖြတ်၍ မြန်ဆန်စွာ ပျံသန်းလာသည်။ သည်လူက ဝမ်လင်းကို ဖြတ်ကျော်သွားသည့်အခိုက်တွင် သူက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ထိုအလင်းရှိရာသို့ ပျံသန်းလာသည်။

သိပ်မကြာခင်မှာ ချီဟူက အောက်သို့ ဆင်းသက်လာသည်။ သူက ဝမ်လင်းကို မှင်တက်၍ ကြည့်သည်။ “ချီဟူ…ငါတို့ကျင့်ကြံမှုအဆင့်က ဒီနေရာမှာ အားနည်းတယ်။ ငါတို့က အလောင်းကောင်ကလန်က အဘိုးအိုကို သေချာဂရုစိုက်ရမယ်…”

ချီဟူက ခေါင်းညိတ်ပြသည်။ သူတို့နှစ်ယောက်က သည်ဥမင်ထဲကနေ တစ်ချိန်တည်းထွက်လာကြသည်။

သူတို့က ထွက်လာပြီးပြီးချင်း ကြောင်ငေးမိသွားကြသည်။ သူတို့ရှေ့၌ ထူးဆန်းအံ့ဖွယ်နန်းတော်အစုများ ပေါ်လာ၏။ သည်နန်းတော်များက မျက်စိတစ်ဆုံးရှိနေပြီး စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ နန်းတော်အလယ်က အံ့ဖွယ်အကောင်းဆုံးပင် ဖြစ်သည်။ အကွာအဝေးတစ်ခုမှပင် သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်၏ ဖိအားကို ခံစားရသည်။

ချီဟူက လေအေးတစ်ချက်ကို ရှိုက်သွင်းသည်။ “သည်အလယ်နန်းတော်က ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေနဲ့ ပြုလုပ်ထားတာလား…”

ဝမ်လင်း၏နတ်ဘုရားအာရုံက ချီဟူထက် ပိုအားကောင်း၏။ ထို့ကြောင့် သူက အလယ်နန်းတော်က သန့်စင်သည့် ကောင်းကင်ဘုံ ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ၎င်းအထဲ၌ စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ရောနှောနေခြင်း ဖြစ်သည်။

သို့သော် မည်သို့ပင်ဖြစ်စေ သည်နန်းတော်ပိုင်ရှင်၏ စွမ်းအားသည် အလွန်အားကောင်း လှသည်သာ ဖြစ်သည်။

“ကောင်းကင်ဘုံ ဘုရင်နန်းတော်…” အကွာအဝေးတစ်ခုမှ ပျောက်ရွှင်သော အသံကို ကြားလိုက်ရသည်။ သူ့မျက်နှာပေါ်၌ တုန်လှုပ်မှုများ ဖြစ်ပေါ်သွားပြီး ကျယ်လောင်စွာ ရယ်မောသည်။

“ဒါက ဘယ်ကောင်းကင်ဘုံ ဘုရင်ရဲ့ နန်းတော်လည်းတော့ မသိဘူး။ ဒါပေမဲ့ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ဒီအထဲမှာ ကောင်းကင်ဘုံ အလောင်းကောင်တွေတော့ ရှိမှာပဲ…” အဘိုးအိုက ရယ်မော၍ နန်းတော်တစ်ခုထဲသို့ လှမ်းဝင်သွားသည်။

ထိုအခိုက်တွင် ကျောက်ရီက အမျိုးသမီး အလောင်းကို သယ်လာရင်းဖြင့် ထွက်ပေါ်လာသည်။ သူက ရှေ့သို့ ဆက်လျှောက်သွားသည်။ ၎င်းက ဖြည်းညင်းစွာ လျှောက်လှမ်းသည်ဟု ထင်ရသော်လည်း အဘိုးအိုရှေ့သို့ ဖျတ်ခနဲ ရောက်လာသည်။

ကျောက်ရီက လက်ထဲရှိ အမျိုးသမီး အလောင်းကို ကြည့်၍ ပြောသည်။ “ထန်အာ … ငါသူ့ကိုသတ်ပြီးရင် ဟင်းလင်းပြင်ထဲ သွားကြစို့။ ငါက အားနည်းတယ်လို့ ခံစားနေရပြီ။ ဒါပေမဲ့ ငါက တစ်ခုခု နားလည်လာပြီလို့ ခံစားရတယ်။ ငါက အတိတ်က တစ်ခုခုကို မှတ်မိသလိုပဲ။ ငါ နင်ဘယ်သူလဲ ပြန်မှတ်မိသလိုလိုပဲ…”

အဘိုးအိုအသွင်က ချက်ချင်း ပြောင်းလဲသွားပြီး နောက်သို့ ဆုတ်၏။

ကျောက်ရီက ခေါင်းမော့ကာ အဘိုးအိုကို ကြည့်၍ သူ့ထံသို့ တိုးဝင်ကာ ရိုက်ချသည်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားဖြင့် တိုက်ခိုက်ခံရခြင်းက တစ်စုံတစ်ယောက် အတွက် အမှန်ပင် အိပ်မက်ဆိုး ဖြစ်ပေလိမ့်မည်။

အဘိုးအိုက အမူအရာ ပျက်ယွင်းသွားပြီး လျင်မြန်စွာ ရှောင်လိုက်ရ၏။

အဘိုးအိုက ဒေါသတကြီးအော်၏။ “ကျောက်ရီ…မင်းယူသွားပြီလား။ ငါက အလောင်းကောင်ကို မင်း ပြန်ပေးပြီးပြီးလေ။ ဒီနေရာမှာ အခြား အလောင်းကောင်တွေလည်း အများကြီး ရှိတယ်။ မင်းသွားချင်ရင် သွားပါ။ ဘာကြောင့် မင်းက ငါ့နောက်က လိုက်လာနေသေးတာလဲ…”

ကျောက်ရီက အမျိုးသမီးအလောင်းကို ညင်သာစွာ ကြည့်၍ နှဖူးကို နမ်းရှိုက်သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်၏။ သူက မျက်လုံးပြန်ဖွင့်သည့် အချိန်တွင် မျက်လုံးထဲ၌ ရှင်းလင်းမှုသာ ရှိနေသည်။ သည်လိုရှင်းလင်းမှုက ကျောက်ရီမျက်လုံးထဲ၌ တစ်ခါမှ မပေါ်ခဲ့ဖူးပေ။ သူက ခြေတစ်လှမ်း ရှေ့သို့တိုးသည်။ ရုတ်တရက် ကောင်းကင်ထက်၌ မိုးခြိမ်းသံကြီး ပေါ်ထွက်လာသည်။

သည်အသံကြီး ဖြစ်ပေါ်လာသည့် အတောအတွင်းမှာပင် ကျောက်ရီက ကြယ်ပျံအလား အဘိုးအိုထံသို့ တိုးဝင်သွားသည်။

ပတ်ဝန်းကျင် ကောင်းကင်က စတင်ပြိုကျလာသည်။

ဆုတ်ပြဲသံများက ကောင်းကင်ထက်၌ ပဲ့တင်ထပ်နေသည်။ မမြင်ရသော လက်တစ်ဖက်က ကောင်းကင်ကို ဆုတ်ဖြဲသွားသည်။

“ငါ့နယ်ပယ်က ရူးသွပ်မှု။ ငါ့တာအိုက ထန်အာ။ ထန်အာအတွက် သေဖို့ဆိုရင် ငါက လုံးဝကျေနပ်တယ် …” ကျောက်ရီအသံက ထိုကြယ်ပျံထဲမှ ထွက်ပေါ်လာခဲ့သည်။

သည်ကြယ်ပျံက ကောင်းကင်ကိုဖြတ်၍ ပျံသန်းသည်။ ပေါက်ကွဲသံ တစီစီများပါ ဖြစ်ပေါ်လာ၏။

“ငါ…ကျောက်ရီက ဘဝနောက်ဆုံးအချိန် ရောက်နေပြီ။ ဒါပေမဲ့ လုံးဝ နောင်တမရဘူး…”

အဘိုးအိုအသွင်က ပြောင်းလဲသွားပြီး သူက ဆဲရေး၍ နောက်သို့ဆုတ်သည်။ သူက ကျောက်ရီက သေဆုံးတော့မည်ကို သိသည်။သူက အချိန်အနည်းငယ် စွဲထားနိုင်ရုံဖြင့် ကျောက်ရီက ပျောက်ကွယ်သွားမည် ဖြစ်သည်။

“ငါက ဘဝအဆုံးသတ်ကို မတွေးမိခဲ့ဘူး။ ငါ့ကိုယ်ပိုင် မူလစိတ်ဝိညာဉ်က လောင်ကျွမ်း နေတာကြောင့် ငါက ခုနားလည်ခဲ့ပြီ …” ကျောက်ရီအသံက နောင်တရဟန် အနည်းငယ်ဖြင့် ကောင်းကင်ကို ဖြတ်သန်း၍ နောင်တရဟန် ကြည့်သည်။

ကောင်းကင်က နက်မှောင်လာ၏။ စွမ်းအားကောင်းသော ဖိအားက ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ဝမ်လင်းခန္ဓာကိုယ်က ခုခံရန် မည်သည့်စွမ်းအားမှ မရှိတော့ပေ။ သူက ကောင်းကင်ထက်မှ ဖိအားကြောင့် မလှုပ်ရှားနိုင် ဖြစ်စေသည်။

သူက ချီဟူကိုကြည့်သည်။ သူက ပို၍ပင် စိုးနေသေးသည်။ ချီဟူက သည်ဖိအားကို ကြိုတင် ပြင်ဆင်မထားသည့် အတွက် မည်သည့် ခုခံနိုင်သည့် စွမ်းအင်မှ မရှိပေ။

မြေပြင်အောက်ခြေရှိ နန်းတော်များက ဖိအားအောက်၌ အလယ်ဗဟို နန်းတော်က လွဲ၍ အုတ်ကျိုးအုတ်ပဲ့ ဖြစ်ကုန်သည်။ သို့သော် ၎င်းနန်းတော်ပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကြသည်။

ဝမ်လင်းက စိတ်ထဲ၌ တုန်လှုပ်နေသည်။ သူက လောင်ကျွမ်းနေသော ကြယ်ပျံကို ကြည့်၍ တုန်လှုပ်မိသည်။ သူ့စိတ်အခြေအနေ ခွန်အားဖြင့်ပင် သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်ခါနေသည်။

“ဒီတာအို … ကံမကောင်းစွာနဲ့ ဒါက ငါ့ဘဝ အဆုံးသတ် ဖြစ်နေတာပဲ။ ဆရာက တစ်ခါက ပြောခဲ့ဖူးတယ်။ တာအိုကို ရှာဖွေတဲ့လူက နေဝင်ချိန်မှာ သေဖို့ဆန္ဒရှိမယ်ဆိုရင် မနက်ခင်းမှာ မှန်ကန်တဲ့ လမ်းကြောင်းကို ရနိုင်တယ်တဲ့။ ဒါက ဘာကို ဆိုလိုခြင်းလဲ …”

***

Comment

Leave a Reply

Options

not work with dark mode
Reset