Switch Mode

အပိုင်း(၃၆၀)

ပိုင်ဆိုင်မှု

သက်လတ်ပိုင်းလူကြီးက ပြုံးလိုက်၏။ သူ့အကြည့်က အနီရောင်လိပ်ပြာပေါ်သို့ ကျရောက်သွားပြီးနောက် ဝမ်လင်းထံသို့ ရောက်ရှိသွားသည်။ “ဒီကောင်လေးက မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်နိုင်တာပဲ။ ကြည့်ရတာ ငါ့ကို လမ်းမှာကတည်းက သတိထားမိတယ်နဲ့ တူတယ် …”

ဝမ်လင်းက တည်ငြိမ်လေးစားစွာ ပြန်ပြောသည်။ “ဂျူနီယာက ဒီလိုခံစားချက် ရှိခဲ့ပေမဲ့ မသေချာခဲ့ပါဘူး …”

ချီဟူနှင့် အနီရောင်လိပ်ပြာတို့သည် ဝမ်လင်းစကားကို ကြားလိုက်သည့်အခါ သူတို့အမူအရာများသည် ထူးဆန်းသလို ဖြစ်သွားကြသည်။

သက်လတ်ပိုင်းလူကြီးက ပြောလိုက်၏။ “ဒီနေရာမှာရှိခဲ့တဲ့ ကျောက်စိမ်း ခေါင်းတလားက အစကတည်းက ငါယူသွားခဲ့ပြီးပြီး။ မင်းတို့သုံးယောက် ထွက်သွားသင့်ပြီ …”

ချီဟူက မချိပြုံးပြုံး၍ ခပ်မြန်မြန် ခေါင်းညိတ်လိုက်၏။

အနီရောင်လိပ်ပြာ၏ မျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက ရေကန်ကို ကြည့်သည်။ သို့သော် သူမက တိတ်ဆိတ်နေဆဲပင်။

သက်လတ်ပိုင်း လူကြီးက ပြုံး၍ ထပ်ပြောလိုက်ပြန်သည်။ “ဒီနေရာက တတိယအလွှာပဲ။ မင်းတို့သုံးယောက်က သေမှာမကြောက်ရင် ကြိုးစားကြည့်နိုင်တယ်။ ဝင်ပေါက်က ဒီရေကန်ပဲ…”

ထိုအခိုက်တွင် ပေါက်ကွဲသံ တစီစီ ကြားလိုက်ရပြီးနောက် လူရိပ်တစ်ခုက ထပ်မံ ရောက်ရှိလာကြ၏။

“ဟားဟား … လူစုံနေတာပဲ …” သည်ပုံရိပ်က လေထဲ၌ရပ်နေ၏။သူက ဆံဖြူအဘိုးအိုပင် ဖြစ်သည်။

သက်လတ်ပိုင်း လူကြီးအသွင်က နက်မှောင်သွား၏။ သူကအဘိုးအိုကိုကြည့်၍ မေးလိုက်သည်။ “ဆရာ … သင့်ရည်ရွယ်ချက်က ငါ့နောက် လိုက်လာဖို့လား…”

အဘိုးအိုက ရယ်မောလိုက်သည်။ “ငါ့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ငါက တတိယအလွှာကို စိတ်ဝင်စားမိရုံပဲ။ ဘာလဲ…၊ မင်းက ငါ့ကို ဝင်ခွင့်မပြုချင်ဘူးလား…”

သက်လတ်ပိုင်းလူကြီးက အေးစက်စွာ နှာခေါင်းရှုံ့၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ခြေတစ်ချက် စောင့်နင်းလိုက်၏။

ဘန်း …။

ရေကန်က ပေါက်ကွဲထွက်လာပြီး ရေများက ဘေးသို့ ရွေ့လျားသွား၏။ ထိုအောက်တွင် ဥမင်လိုဏ်ခေါင်း တစ်ခုထွက်ပေါ်လာ၏။ သက်လတ်ပိုင်းလူကြီးက ထိုဥမင်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

အဘိုးကလည်း နောက်မှ လျင်မြန်စွာ လိုက်ဝင်သွား၏။

အနီရောင်လိပ်ပြာက အံကြိတ်မိသည်။ သူမ၏ဆုံးရှုံးမိသည့် သည်တစ်ကြိမ်တွင် အလွန်များပြားနေပြီ ဖြစ်သည်။ သူမက တစ်ခုခုမရရှိဘဲ ထွက်သွားရန် ဆန္ဒမရှိပေ။ သို့သော် သည်အမေ့ခံ နေရာတစ်ခုသည် သူမအတွက် နောက်ဆုံး ကြိုးစားခွင့် ဖြစ်နေ၏။ သူမစိတ်ထဲ၌ သည်ဥမင်ထဲသို့ အလျင်စလို ဝင်ရောက်လိုနေခဲ့သည်။

ချီဟူက ဝမ်လင်းကို လှမ်းကြည့်၍ ပြုံးကာပြောလိုက်သည်။ “အစ်ကိုစန် … အစ်ကို အထဲကိုဝင်မှာလား၊ ဒါမှမဟုတ် ထွက်သွားမှာလား…”

ဝမ်လင်းက တည်ငြိမ်စွာ ရှိနေဆဲပင်။ သူက အမေးဖြင့် ပြန်ဖြေလိုက်၏။ “အစ်ကိုချီဟူ … ကျောက်ရီကဘယ်သူလဲ …”

ချီဟူအသွင်က အထိန့်တလန့်ဖြစ်နေ၏။ သူက အနည်းငယ် တုံ့ဆိုင်းသွား၏။ ထိုအစား သူက နှုတ်ဖြင့်မပြောဘဲ အသံမက်ဆေ့သာ ဝမ်လင်းထံသို့ လှမ်းပို့လိုက်သည်။ “အစ်ကိုစန် … ဒီလူက ဟင်္သာပြဒါးဂြိုဟ်ရဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း မွန်းစတားအိုကြီး အနည်းငယ်ထဲက တစ်ယောက်ပဲ။ သူ့ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားတယ်။ ဒါပေမဲ့ သူ့ကို “အလောင်းချစ်သူ” လို့ အခြားနာမည်တစ်ခု ပေးထားကြတယ် …”

ဝမ်လင်းက မှင်တက်သွား၏။ “အလောင်းချစ်သူ…”

ချီဟူက ခပ်မြန်မြန် ထပ်ပြောလိုက်၏။ “ဒါကို ကျယ်ကျယ်မပြောနဲ့။ သူသာ ကြားသွားမယ်ဆိုရင် မင်းကျိန်းသေပေါက် သေရလိမ့်မယ် …” သူက လက်နှစ်ဖက်ယှက်၍ ထပ်မံပြောဆိုလိုက်၏။ “အစ်ကိုစန် …ငါတော့ အောက်ဆင်းကြည့်ချင်တယ်။ ငါတို့အတူသွားရင် ဘယ်လိုလဲ…”

ဝမ်လင်းက အနည်းငယ်စဉ်းစား၍ ခေါင်းညိတ်ပြသည်။ သူတို့နှစ်ယောက် ရေကန်အောက်ရှိ ဥမင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်သွားကြသည်။

ဥမင်က အလွန်နက်ခြင်းမရှိပေ။ အကြောင်းမှာ သူတို့နှစ်ယောက် ခဏလေးဖြင့် ၎င်းကို လျင်မြန်စွာ ဖြတ်ကျော် လာနိုင်ခဲ့ကြသော ကြောင့်ပင်။ သူတို့က ဥမင်ကိုဖြတ်၍ သလင်းကျောက် ကမ္ဘာထဲသို ဝင်ရောက်သွား၏။

သည်နေရာက အဖြူရောင်သလင်းကျောက်များဖြင့် ဖုံးအုပ်ထား၏။သည်သလင်းကျောက်များက အားကောင်းသော ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်လွှတ်လျက်ရှိပြီး နေရာတိုင်းတွင် မြောလွင့်လျက်ရှိနေ၏။

အကွာအဝေးတစ်ခုတွင် အနီရောင်လိပ်ပြာက ဘူးသီးခြောက်ဖြင့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို စုဆောင်းနေသည်။

ချီဟူက ပျော်ရွှင်သွားပြီး အစိမ်းရောင် အဝတ်အိတ်တစ်ခုကို ထုတ်ယူလိုက်၏။ သူက ထိုအိတ်ကို လှုပ်ယမ်းလိုက်ရာ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက အထဲသို့ ဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာ သူက သလင်းကျောက် တစ်ခုပေါ်သို ခြေချ၍ ၎င်းကို ထုရိုက်လိုက်သည်။ သတ္တုချင်း ထိတိုက်သံများကို ကြားလိုက်ရ၏။သို့သော် သည်သလင်းကျောက် များက လှုပ်ပင်မလှုပ်ချေ။

ဝမ်လင်းမျက်လုံးများ ကလည်း တလက်လက်ဖြစ်နေသည်။ သူက သစ်သားပိုင်းကို ထုတ်၍ အနီးအနားရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူနေသည်။

သူတို့သုံးယောက်က အာရုံစိုက်၍ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကိုသာ စုပ်ယူနေကြသည်။

ဝမ်လင်း၏ သစ်သားပိုင်းက အခြားနှစ်ယောက်၏ရတနာများလောက် ကောင်းမွန်ခြင်း မရှိပေ။ ထို့ကြောင့် သူ့စုပ်ယူနှုန်းက နှေးကွေးနေ၏။

သို့သော် ကျယ်လောင်သော လှိုက်သံတစ်ခုက အကွာအဝေးတစ်ခုမှ ကြားလိုက်ရပြီး ကျောက်ရီ၏အသံက သူတို့ထံသို့ ရောက်လာခဲ့၏။

“လူအိုကြီး မင်းငါ့နောက်ကပဲ ဘာလို့လိုက်နေတာလဲ။ ဒီနေရာမှာ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်တွေ အများကြီး ရှိနေတယ်။ ဒါတွေကို စုဆောင်းရမဲ့အစား ဘာလို့ ငါ့နောက်ပဲ လိုက်နေရာတာလဲ …”

“ငါက မင်းပေါ်ကနေ အလောင်းရနံ့ကို ရနေတယ်။ ဒါကြောင့် ငါမင်းနောက်က လိုက်ဖို့လိုနေတာ …”

သူတို့နှစ်ယောက် စကားပြောဆိုနေစဉ်၌ အလင်းတန်းနှစ်ခုက ဝမ်လင်းတို့ သုံးယောက်ထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။

သက်လတ်ပိုင်းလူကြီး၏ မျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက လက်မြှောက်၍ သူ့နောက်ဘက်သို့ ဖမ်းဆုပ်လိုက်သည်။ ထိုအခါ သူ့နောက်၌ ဧရာမစုပ်ဝဲတစ်ခု ဖြစ်ပေါ်လာ၏။ သည်စုပ်ဝဲက အားကောင်းသော စုပ်ယူအားများဖြင့် ပြည့်နေသည်။

ပတ်ဝန်းကျင်ရှိ သလင်းကျောက်များက အက်ကွဲလာကြပြီး ၎င်းတို့ပေါ်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာ၏။

သလင်းကျောက် အများကြီးက ပျက်စီးသွားပြီး စုပ်ဝဲထဲသို့ ပျံသန်း ဝင်လာခဲ့ကြသည်။

အဘိုးအို၏အသွင်က ပြောင်းလဲသွားသည်။ သူက လက်ဟန်တစ်ခု လျင်မြန်စွာ လှုပ်ရှား၏။ ဧရာမ အခေါင်းတစ်ခုက သူ့နောက်တွင် ဖြစ်ပေါ်လာသည်။ သည်ခေါင်းတလားက ညိုညစ်ညစ် အရောင်ရှာကာ အလောင်းကောင် တစ်ကောင်က ၎င်းအခေါင်းပေါ်တွင် မတ်တတ်ရပ်နေပြီး အဘိုးအိုက ပတ်ဝန်းကျင်ရှိ စုပ်ယူအားများကို ခုခံလိုက်သည်။

သူတို့နှစ်ယောက်လုံးက နည်းစနစ်များ အသုံးပြုလိုက်သည့် အခိုက်တွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက ကမောက်ကမ ဖြစ်ကုန်ကြသည်။

အဘိုးအိုက ဝဲကတော့ကို စူးစိုက်ကြည့်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အန္တရာယ်ပေးနိုင်သော စိတ်ဝိညာဉ်နိယာမ … ဟားဟား၊ ဒီတော့ မင်းက ကျောက်ရီပေါ့။ အလောင်းချစ်သူ ကျောက်ရီ။ ငါက မင်းရှိမှာ ဘာလို့ ဒီလောက်အားကောင်းတဲ့ သေခြင်းရနံ့ ရှိနေတာလဲဆိုတာကို သိချင်နေတာ…”

ထို့နောက်သူက အလောင်းခေါင်းတလားကို ပုတ်လိုက်ရာ လက်သည်းခြစ်သံလို အသံများထွက်လာ၏။ သည်အသံများက နားထဲသို့ ခပ်စူးစူး ဖောက်ဝင်နေသည်။ ၎င်းက အားကောင်းသော စွမ်းအင်များ ပါဝင်နေသည်။ တစ်ချိန်တည်းမှာ ခေါင်းတလားထဲမှ အမည်းရောင် အခိုးငွေ့များ ထွက်လာပြီး ကြီးမားသည့် လက်ကြီးတစ်ဖက်အသွင် ဖြစ်ပေါ်သွားသည်။

သည်လက်ကြီးက လုံးဝနက်မှောင်နေပြီး စုပ်ဝဲထံသို့ ဆန့်ထွက် တိုးဝင်သွားသည်။

ဘန်း…။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တတိယအလွှာက ပြင်းထန်စွာ တုန်ခါလာသည်။ အောက်ခြေများပင် ကွဲအက်လာပြီး မရေမတွက်နိုင်သော သလင်းကျောက်များကည်း ဖုန်မှုန်အဖြစ်သို့ ပြောင်းသွားသည်။ အက်ကွဲကြောင်းများကလည်း လေထဲ၌ ဖြစ်ပေါ်လာပြီး ပါးစပ်ကြီးဟနေသည့် အလား ထင်မှတ်ရသည်။

ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အများအပြားက သည်အက်ကွဲကြောင်းကြီးများ ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း သည်နေရာတွင် ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များ မကျန်ရှိတော့ပေ။

ကျောက်ရီ၏ အမူအရာက နက်မှောင်နေသည်။ သူက ပြောလိုက်၏။ “အလောင်းကောင်ကလန်။ မင်းက အလောင်းကောင် ကလန်ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်ရမယ်။ ငါတို့နှစ်ယောက် တိုက်ခိုက်ရင် ဒီအစိတ်အပိုင်းက ပျက်စီးသွားလိမ့်မယ်။ အစိတ်အပိုင်းတစ်ခုတည်း ပြိုကျသွားရင်တောင် ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့က လွတ်မြောက်အောင် လုပ်နိုင်တယ်။ ဒါပေမဲ့ ငါပြောလိုက်မယ်။ ဒီနေရာက အစိတ်အပိုင်းခြောက်ခု ထပ်နေတာ။ အစိတ်အပိုင်းတစ်ခု ပြိုကျတာနဲ့ အကုန်ပြိုကျမှာပဲ။ အဲဒီအချိန်ကြရင် အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်တောင် လွတ်မြောက်နိုင်တာ့မှာ မဟုတ်ဘူး …”

အဘိုးအို၏အသွင်က ပြောင်းလဲသွားသည်။ သူ့မျက်လုံးများက တလက်လက်ဖြစ်နေသည်။ သူက ခေါင်းတလားကို ပြန်သိမ်းကာ ပျောက်ကွယ်သွားသည်။ သူက အနီရောင် လိပ်ပြာအနား၌ ပြန်ပေါ်လာခဲ့လေသည်။

အနီရောင်လိပ်ပြာက ခေါင်းငဲ့၍ ကြည့်လိုက်သည်။ အဘိုးအိုက သူမကို ပြုံး၍ ကြည့်နေ၏။ သူ့အပြုံးက နက်မှောင်မှုများ ပြည့်နေသည်။

“ကောင်မလေး … ငါမင်းရဲ့ခန္ဓာကိုယ်ကို ခဏငှားချင်တယ် …”

ရုတ်တရက် သူ့ခန္ဓာကိုယ်မှ အမည်းရောင် အခိုးငွေ့များ ထွက်ပေါ်လာပြီး အနီရောင်လိပ်ပြာ ခန္ဓာကိုယ်ထဲသို့ မြွေသေးသေးလေးများ ကဲ့သို့ ဖောက်ဝင်သည်။

ပထမဆုံးအကြိမ် အဖြစ် အနီရောင်လိပ်ပြာက အလွန်အမင်း ကြောက်လန့်သွားသည်။ သူမက ရုန်းကန်လျှင်လည်း အသုံးမဝင်သည်ကို သိ၏။ ထို့ကြောင့် သူမက ညာလက်ကို မြှောက်လိုက်ရာ ကျောက်စိမ်းလက်ကောက် တစ်ခု ထွက်ပေါ်လာသည်။ သူမက ထက်ရှစွာ အော်လိုက်သည်။ “စီနီယာ … ဒါကိုသိလား…”

အဘိုးအို၏ မျက်လုံးများက အလေးအနက် ဖြစ်သွားသည်။ “ဒီလက်ကောက်သည် ဟင်္သာပြဒါးဂြိုဟ်၏ အဓိကတပည့်များ၏ သင်္ကေတဖြစ်တဲ့ ငြိမ်းအေးပွင့်လင်းခြင်း လက်ကောက်ဖြစ်တယ်…”

သည်မြွေသေးသေးလေးလိုအခိုးငွေ့များက သူမဒွာရပေါက်ထဲသို့ ဝင်ရောက်နေသဖြင့် သူမမျက်နှာက အစိမ်းရောင်နှင့် အမည်းရောင် တစ်လှည့်စီ ပြောင်းနေသည်။ သူမက အားတင်းရုန်းကန်၍ ပြောလိုက်သည်။ “ဒီလက်ကောက်က ငါ့စိတ်ဝိညာဉ်နဲ့ ချိတ်ဆက်ထားတယ်။ ငါသေသွားရင် ဒါက ပေါက်ကွဲသွားလိမ့်မယ်။ အဲဒီလိုဆိုရင် ဒီအစိတ်အပိုင်းက ပြိုကျသွားလိမ့်မယ်။ ဒါဆိုရင် စီနီယာလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ လွတ်မြောက်နိုင်မယ် ဆိုရင်တောင် ဟင်္သာပြဒါးဂြိုဟ်မှာ ခြေချစရာနေရာ ရှိမှာမဟုတ်ဘူး။ ဒီလက်ကောက်က ဟင်္သာပြဒါးနိုင်ငံရဲ့ အဓိကတပည့် သင်္ကေတပဲ။ သူတို့က စီနီယာကို အထူးနည်းလမ်းသုံးပြီး ရှာနိုင်စွမ်းရှိကြတယ်။ ဒီလိုဆိုရင် စီနီယာက ဟင်္သာပြဒါးဂြိုဟ်ရဲ့ အမဲလိုက်ခြင်းကို ခံရလိမ့်မယ် …”

အဘိုးအိုက မျက်မှောင်ကြုတ်သွားသည်။ သူက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ “ကောင်မလေး … စိတ်အေးအေးထားပါ။ ငါမင်းကို မသတ်ပါဘူး …” ထိုသို့ပြောပြီးနောက် သူက ကျောက်ရီထံသို့ ခေါင်းမော့၍ ကြည့်လိုက်သည်။ ကျောက်ရီ … ငါက ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ကို ငှားပြီး မင်းနဲ့တိုက်ခိုက်မယ်။ ဒီလိုနည်းနဲ့ ငါတို့တိုက်ခိုက်ရင် ဒီအစိတ်အပိုင်းက ပြိုကျသွားမှာ မဟုတ်ဘူး။ မင်းလည်း တစ်ယောက်ယောက် ရွေးပါ…”

ကျောက်ရီအသွင်က ရှုံ့တွနေသည်။ သူက မေးလိုက်၏။ “မင်း ဘာလိုချင်လည်း အတိအကျပြောပါ …”

အဘိုးအိုက နှာခေါင်းရှုံ့၏။ “မင်းမှာ ကောင်းကင်ဘုံ ကျင့်ကြံသူရဲ့ အလောင်းရှိနေတယ်။ ငါ့အနံ့ခံနိုင်တဲ့ နှခေါင်းက မမှားနိုင်ဘူး။ ငါ အဲဒီအလောင်းလိုချင်တယ်…”

နဂါးများပင် ထိလွယ်ရှလွယ် ကြေးခွံများရှိ၏။ တစ်စုံတစ်ယောက်က ၎င်းကြေးခွံကို သွားထိခြင်းက နဂါး၏ဒေါသကို သွားစခြင်းပင်။

ကျောက်ရီအတွက် သူ့အထိအခိုက် မခံနိုင်သည့်အရာသည် သည်အမျိုးသမီး အလောင်းဖြစ်၏။

ထန်အာ … တစ်စုံတစ်ယောက်က နင့်ကို ခိုးယူချင်နေတယ်။ နင့်ကို ခိုးယူခြင်တဲ့ လူတိုင်းက သေရမယ်။ သေကိုသေရမယ် … သေရမယ်။ ကျောက်ရီမျက်လုံးများက ထူးဆန်းသည့် အလင်းများ ထွက်ပေါ်လာပြီး အဘိုးအိုအား ကြည့်သည်။ ထို့နောက် သူက ချီဟူကို လက်ညှိုးလှမ်းထိုး၍ ပြောလိုက်သည်။ “မင်း…လာခဲ့…”

ချီဟူအသွင်က ရုပ်ဆိုးလို့သွားသည်။ သူက တုံ့ဆိုင်းသွားသော်လည်း မငြင်းဆိုရဲပေ။ ထို့ကြောင့်သက်ပြင်းချ၍ ကျော်ရီထံသို့ ပျံသန်းလာခဲ့၏။

ကျောက်ရီ၏ အမည်အသိ နည်းစနစ်တစ်ခုခုကြောင့် သက်တံတစ်ခု ဖြစ်ပေါ်လာသည်။ ထိုသက်တံက ချီဟူနှဖူးပေါ်သို့ ဝင်ရောက်သွားသည်။ ချီဟူက ထိုအလင်းကို အလိုအလျောက်ခုခံမိသည်။

ကျောက်ရီက တည်ငြိမ်စွာ ပြောလိုက်၏။ “ငါ့ကိုယ်ပွားတစ်ခါ ဖြစ်လာပြီးရင် မင်းမသေသေးသ၍ ငါ့နယ်ပယ် အတွေ့အကြုံကို ရယူနိုင်လိမ့်မယ် …”

ချီဟူက တုံ့ဆိုင်းသွားပြီးနောက် ခုခံခြင်းမပြုတော့ပေ။ သူ့မျက်လုံးများက တောက်ပသည်ထက် တောက်ပလာသည်။ သူ့ကျင်ကြံမှုအဆင့်ကလည်း ရုတ်တရက် ထိုးတက်သွား၏။

“ဟားဟား … ဒီသုံးယောက်ထဲမှာ ငါက ဒြပ်စင်ငါးမျိုး ခန္ဓာကိုယ်ကို ရွေးချယ်ခဲ့တယ်။ မင်းက ရှေးဟောင်းဘီလူး နတ်ဆိုးကလန်ကို ရွေးခဲ့တယ်။ နောက်ဆုံးကျန်တဲ့ တစ်ယောက်က အသုံးမဝင်တဲ့ သာမန်တစ်ယောက်ပဲ …” အဘိုးအိုက ကျယ်လောင်စွာ ရယ်မော၍ ဝမ်လင်းအား လှမ်းကြည့်လိုက်သည်။

ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။ သူက အဘိုးအိုကို အေးစက်စက်ကြည့်၍ လှည့်ထွက်သွား၏။ သူက သည်ကိစ္စတွင် ပါဝင်လိုခြင်း မရှိပေ။ ထို့ကြောင့် သူက ထွက်သွားလို့ ပြောခံရသည်နှင့် ထွက်သွားရုံသာ ရှိသည်။

အနီရောင်လိပ်ပြာ၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ “စီ … စီနီယာ … သူ့ကိုသတ်ပေးပါ။ သူ့ကိုသတ်ပေးရင် ငါခုခံမှု မလုပ်တော့ဘူး။ ငါသင့်ကို အပြည့်အဝ ကူညီပေးမယ်။ ဒါပေမဲ့ နင်က ငါ့လုံခြုံမှုအတွက် ကတိပေးရမယ် …”

အဘိုးအိုက အံ့အားသင့်သွား၏။ သူက ခေါင်းမော့၍ တစ်ချက်ကြည့်လိုက်ရာ သူ့မျက်လုံးက လက်ခနဲဖြစ်သွား၏။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် အပြည့်အစုံ မဟုတ်သည့် အတားအဆီးအလံကို ထုတ်ကာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ “အနီရောင်လိပ်ပြာ … နင်က ဒီနေရာကို ပြိုကျသွားစေချင်တယ် ဆိုရင် နင်ကြိုးစား ကြည့်နိုင်တယ် …”

“အတားအဆီးအလံ …” အဘိုးအိုက ဝမ်လင်းလက်ထဲရှိ အတားအဆီးအလံကို ကြည့်လိုက်သည်။ သူက အသက်ဝဝ ရှူသွင်းမိသွား၏။

“ဒီအတားအဆီးအလံက အပြည့်အစုံအဆင့် အတားအဆီး ၉၉ခုသို့ ရောက်ရှိဖို့ တစ်ခုပဲ လိုတော့တယ်ဟ။ ဒီကောင်လေးက မလိမ်ဖူးပဲ။ သူသာ အတားအဆီး နောက်တစ်ခုကို ထည့်သွင်း လိုက်သည်နှင့် နတ်ဘုရားပြစ်ဒဏ် အလင်းတန်းကို ဆင့်ခေါ်နိုင်တော့မှာ ဖြစ်တယ်။ ဒီကောင်းကင်ဘုံနယ်မြေမှာ ရှိတဲ နတ်ဘုရားပြစ်ဒဏ်က အပြင်ဘက်ထက် ပိုမိုစွမ်းအားကြီးတယ်။ ဒီနတ်ဘုရားပြစ်ဒဏ် ပေါ်လာတာနဲ့ ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး …”

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သူက ဥမင်ဝင်ပေါက်တွင် ရပ်တန့်နေပြီး အကွာအဝေးတစ်ခုမှ အထဲရှိ လေးယောက်ကို စိုက်ကြည့်နေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset