Switch Mode

အပိုင်း(၃၅၉)

အမျိုးသမီးအလောင်းက ပိုကောင်းတယ်…။

ချီဟူ ရောက်ရှိလာပြီးနောက် သူ့မျက်လုံးက လက်ခနဲဖြစ်သွားပြီး ပြောလိုက်သည်။

“ဒါက ပထမအလွှာပဲ…”

သူက ခေါင်းငုံ၍ ကြည့်ကာ စဉ်းစားနေသည်။

ဝမ်လင်းကလည်း ပတ်ပတ်လည်ကို ကြည့်၍ ရုတ်တရပ် ပြောလိုက်သည်။

“ဒီနေရာမှ နောက်ထပ်တစ်လွှာ ရှိသေးတယ်မလား အစ်ကိုစန်နူး…”

အနီရောင်လိပ်ပြာက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“အသုံးမဝင်တဲ့ မေးခွန်းပဲ ။ တကယ်တော့ ဒါက ဒုတိယ အလွှာ။ ကောင်းကင်ဘုံနယ်မြေမှာ အစိတ် အပိုင်းတွေက ထပ်လျက်ရှိနေတာပဲ…”

ဝမ်လင်းက အေးစက်စွာပြန်ပြောလိုက်သည်။

“နုံအလိုက်တာ…”

အနီရောင်လိပ်ပြာက နုံအသည်ဟု ထပ်ခေါ်ရသည့် အတွက် ဝမ်လင်းကို သတ်ဖြတ်လိုသည့် စိတ်ဆန္ဒဖြင့် လှမ်းကြည့်သည်။

ချီဟူက ပြုံး၍ ပြောလိုက်သည်။

“အစ်ကို စန်နူး ပြောတာက ဒုတိယ အလွှာကိုလား။ ငါ့ဘိုးဘေးကတော့ တတိယအလွှာ ပါရှိလောက်သေးတယ်လို့ ခန့်မှန်းခဲ့တယ်…”

ဝမ်လင်းက တိတ်ဆဲနေမြဲပင်။ သူက သူ့တို့နှစ်ယောက်မှ တစ်ယောက်ယောက် လိုက်ပါလာသည့် အန္တရာယ် အငွေ့အသက်ကို ခံစားမိသည်။ သို့သော် သူက နတ်ဘုရား အာရုံဖြင့် ဖြန့်ကျက် ကြည့်သော်လည်း မည်သည့်အရာကိုမျှ တွေ့ရှိခြင်း မရှိပေ။

“ငါတွေ့ပြီ။ လိုက်ခဲ့ကြ…”

ချီဟူက ရှေ့သို့ပျံသန်းသွား၏။

ချီဟူက ပျံသန်းနေရင်း နေရာတစ်ခုရှိ တွင်းပေါက်တစ်ပေါက်ရှိရာနေရာသို့ ရောက်လာခဲ့သည်။ သူက အထဲသို့ ခုန်ဝင်၏။အနီရောင်လိပ်ပြာကလည်း သူနှင့်အတူလိုက်ပါခုန်ဝင်လိုက်သည်။

ဝမ်လင်းကလည်း အနည်းငယ် စဉ်းစား၍ အောက်သို့ ခုန်ဆင်းချသွားသည်။

သူတို့သုံးယောက် ဝင်ရောက်သွားပြီး သိပ်မကြာခင်မှာ သက်လတ်ပိုင်းလူကြီးက တွင်းပေါက် နားသို့ ရောက်လာခဲ့သည်။ အဖြူရောင် ဝတ်ဆုံနှင့် အမျိုးသမီးအလောင်းကို သူ့လက်ထဲ၌ ကိုင်ထား လေ၏။

သူက အလောင်းကောင်ကို ကြည့်၍ ခေါင်းရမ်း လိုက်သည်။ ထို့နောက်သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။

“ထန်အာ…ဒီဂျူနီယာတွေက ဒီနေရာကိုလာတာ ဘာမှ ရမှာ မဟုတ်တော့ဘူး။ ဒီကျောက်စိမ်း ခေါင်းလောင်းက ငါစေတီအဖြစ် ဖန်တီးခဲ့ပြီးပြီး။ ကံမကောင်းစွာနဲ့ ဒီခေါင်းလောင်းက နှစ်ထောင်ချီပြီး သုံးခဲ့တဲ့အတွက် ခြောက်သွေ့ လာခဲ့ပြီ။ ထန်အာ…စိတ်မပူပါနဲ့။ ငါမင်းအတွက် ကောင်းကင်ဘုံ ကျောက်စိမ်း ပြားတွေ ရှာဖွေပေးမှာပါ…”

ထို့နောက်သူက အမျိုးသမီး၏နှဖူးကို နမ်းရှိုက်လိုက်သည်။ထို့နောက်သူက မျက်မှောင် ကြုတ်သွား၏။ သူက လက်ဝှေ့ရမ်း၍ အမျိုးသမီးအလောင်းကို ပြန်သိမ်းဆည်းလိုက်ရာ စေတီပါ‌ပျောက်ကွယ် သွား၏။သူက ကောင်းကင်ပေါ်သို့ မော့ကြည့်နေ၏။

သူက ကောင်းကင် အက်ကွဲကြောင်းထဲမှ အဘိုးအို တစ်ယောက် ထွက်လာသည်ကို လှမ်းတွေ့လိုက်ရ၏။

“ငါက ဒီလို သေးသိမ်တဲ့နေရာကို ရောက်လာ ခဲ့ရတာလဲ။ ငါက ကောင်းကင်ဘုံ နယ်မြေရဲ့ အစိတ်အပိုင်း အကုန်လုံးကို စစ်ဆေးပြီးပြီး ကောင်းကင်ဘုံ ကျင့်ကြံသူ အလောင်း တစ်ခုတောင် မတွေ့ခဲ့ရဘူး…”

သူက သက်ပြင်းချ၍ အောက်သို့ ဆင်းသက်လာရာ သက်လတ်ပိုင်း လူကြီးကို လှမ်းမြင်လိုက်သည်။

သက်လတ်ပိုင်း လူကြီးက ဟင်္သပြဒါးဂြိုဟ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး ဖြစ်သော်လည်း သူအဘိုးအိုကို မသိပေ။ သည်အဘိုးအိုက သူ့နှင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံခြင်း တူသည့် ဟင်္သာပြဒါးဂြိုဟ်မှ လာခဲ့သည့် လူတစ်ယောက်ဖြစ်သည်။

သူက အဖိုးအိုကိုကြည့်၍ စကားတစ်ခွန်းမှ မဆိုတော့ဘဲ တွင်းပေါက်ထဲသို့ ခုန်ဆင်းလိုက်သည်။

“ကောင်းပြီ…ငါ့ကို လစ်လျူတယ်ပေါ့၊ ရိုင်းလိုက်တာ…”

အဘိုးအိုက ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းလူကြီး ဝင်သွားသော တွင်းပေါ်က ထဲသို့ လှမ်းကြည့်ပြီး ပြန်ထွက်ခွာမလို ခုပ်စဉ် သူ့နှခေါင်းက အနံ့တစ်ခုကို ရလိုက်၏

“အာ သေခြင်းရနံ့ (လူသေအနံ့) …ဟုတ်တယ်..ဒီအနံ့ပဲ ။ဒါက အမျိုးသမီး အလောင်း ဖြစ်မယ်။ ဟားဟား …အမျိုးသမီး အလောင်းဆို ပိုတောင်ကောင်းသေးတယ်..”

အဘိုးအိုမျက်လုံးက တောက်ပသွားပြီး သူက သက်လတ်ပိုင်း လူကြီး ခုန်ချသွားသော တွင်းပေါ် ထဲသို့ ခုန်ဝင်လိုက်သည်။

ဝမ်လင်းတို့အုပ်စုက တွင်းပေါက်ထဲသို့ ခုန်ချပြီး လျင်မြန်စွာအောက်သို့ ဆက်ဆင်းလာကြသည်။ သူတို့က အချိန်မည်မျှကြာမြင့်နေပြီမှန်းပင် မသိတော့ချေ။သို့သော် အောက်ဘက်မှ ခုခံအားသည် ပို၍ အားကောင်းလာခဲ့၏။

သူတို့သုံးယောက် အောက်သို့ဆက်ဆင်းလေလေ အောက်ဘက်မှ ခုခံအားသည်ပို၍ အားကောင်း လာလေဖြစ်နေသည်။ သူတို့က နေရာတစ်ခုသို့ ရောက်လာသည့်အခါ အရှိန်များ စတင်၍ နှေးလာကြ၏။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ အချိန်မည်မျှ ရှိသွားမှန်းမသိချေ။ ချီဟူက ရှေ့ကနေလှမ်းအော်၏။

“ငါတို့ရောက်ပြီ…”

ဝမ်လင်းကလည်း ရှေ့သို့ တစ်ဟုန်ထိုး အားစိုက်လိုက်ရာ သူတို့ သုံးယောက်သည် တစ်ပြိုင်နက်တည်း လှိုဏ်ဂူ တစ်ခုတည်ရှိရာ နေရာသို့ ရောက်လာခဲ့ကြသည်။

သူတို့ ရောက်လာသည့် အခိုက်တွင် ဝမ်လင်းက နတ်ဘုရား အာရုံဖြင့် ဖြန့်ကျက်ကြည့်လိုက်ရာ သူ့အသွင်က ထူးဆန်းသွား၏။

သည်နေရာက သိပ်မကြီးမားပဲ ပေတစ်ထောင်ခန့်အကျယ်သာ ရှိသည်။သည်နေရာ အလယ် ဗဟိုတွင် ရေကန်တစ်ကန် အမှန်ပင် ရှိနေသည်။

သို့ရာတွင် မည်သည့်ကျောက်စိမ်းခေါင်းတလားမှ ရှိမနေချေ။ထိုခေါင်းတလားပေါ်ရှိ ဓားများ ဆိုလျှင်တော့ ပြောနေစရာပင် လိုမည် မဟုတ်ချေ။ရတနာများ မရှိသည်ကလွဲ၍ ၎င်းက ကျောက်စိမ်းပြား ထဲ၌ ပြသထားသည့် နေရာနှင့် ထပ်တူတူညီနေ၏။

ချီဟူက သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်၍ မှင်တက်နေသည်။ သူက သည်နေရာသို့ရောက်ရန် များစွာ အားထုတ် ခဲ့ရသည်။ သို့သော် ရောက်လာလသည့် အခါ အခုလို ဖြစ်နေလိမ့်မည်လို့ သူက လုံးဝ မတွေးထင်ထားမိချေ။

အနီရောင် လိပ်ပြာက နှခေါင်းရှုံ့လိုက်၏။ သူက ဒေါသသံဖြင့် ပြောလိုက်သည်။ ချီဟူ… နင်ပြောတဲ့ နေရာက ဒီနေရာလား။ ဒီနေရာကို ရောက်ဖို့အတွက် ငါက ပန်းဝတ်ဆံတစ်ခုကို အသုံး ပြုခဲ့ရတယ်။ နင်ငါ့ကို ဖြေရှင်းချက် ကောင်းကောင်း ပေးဖို့လိုတယ်။ ဒီနေ့ ဒီတိုင်းပြီးသွားလို့ မရဘူး…”

ဝမ်လင်းကလည်း ပတ်ဝန်းကျင်ကို ကြည့်၍ မချင့်ပြုံးပြုံးလိုက်သည်။ သူက အနီရောင် လိပ်ပြာကဲ့သို့ ဒေါသထွက်ခြင်း မရှိပေ။ တကယ်တော့ သူက သည်ခရီးစဉ်တွင် မည်သည့် အရာကိုမျှ ဆုံးရှုံးခဲ့ခြင်း မရှိပေ။ ခရမ်းရွှေရောင်ကျောက်တုံကိုပင် သူက ရခဲ့သေးသည် မဟုတ်လော။ သူက သည်လိုတွေးမိပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေ၏။

အနီရောင် လိပ်ပြာကလည်း ဒေါသတကြီးမဖြင့် ရတနာများတွေ့လို့တွေ့ငြား မျှော်လင့်ချက်ဖြင့် ဘေးပတ်ဝန်းကျင်တွင် လိုက်ရှာနေ၏။

ချီဟူက ကြောင်ရီစွာဖြစ်နေပြီး သူကိုယ်သူပြောလိုက်၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ ။ ရှီးဇူးဒီ နေရာကို ရောက်ပြီးနောက်မှာ တစ်ယောက်ယောက်က ရတနာတွေကို ယူသွားခဲ့တာလား။ ဟုတ်တယ်….ဒီလိုပဲ ဖြစ်ရမယ်….”

သူက ခေါင်းရမ်း၍ အနီရောင်လိပ်ပြာနှင့် ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။

“နင်တို့နှစ်ယောက်ကို တောင်းပန်ပါတယ်။ ငါက ဒီလိုဖြစ်လာ လိမ့်မယ်လို့ မမျှော်လင့် မိပါဘူး…”

အနီရောင် လိပ်ပြာက ထိန်းချုပ်နိုင်စွမ်းမဲ့သွားပြီး ချီဟူကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။

“ချီဟူ…နင်က ဒီနေရာကို ငါစွမ်းအားကို ငှားရမ်းအသုံးပြုပြီးရောက်လာခဲ့တာ။ ဒီနော့ နင့်မှာ နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိရမယ်။ နင် ဒါကို ရှင်းရှင်းလင်းလင်း မပြောဘူးဆိုရင် ငါတို့ ကလန်နှစ်ခုရဲ့ ဆက်ဆံရေးကို မထောက်လို့ ငါ့ကို အပြစ်လာမတင်နဲ့…”

ဝမ်လင်းက သေချာရှာဖွေနေသော်လည်း မည်သည့်အရာကိုမျှ တွေ့ရခြင်း မရှိပေ။ သူက ရေကန်ထဲသို့ နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ကြည့်ရာ အောက်ခြေကို မမြင်ရချေ။

ချီဟူက အနိရောင်လိပ်ပြာ၏ စကားများကို ကြားသည့်အခါ ဒေါသတကြီးဖြစ်သွား၏။သို့သော် သူက ချက်ခြင်း ပြန်ထိန်းချုပ်၍ ပြောလိုက်သည်။

“အနီရောင်လိပ်ပြာ ငါနင့်ကို ပိုကောင်းတဲ့ ဖြေရှင်းချက် ပေးမှာပါ။ ဒါပေမဲ နင်ထင်နေတဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခု ဆိုတာကတော မှားနေပြီ။ ငါကလည်း ဘီလူးနတ်ဆိုး ကလန်က လူငယ် ဆရာသခင် တစ်ယောက်ဖြစ်တယ်။ဒီတော့ ငါ့စကားငါတည်ပါတယ်…”

အနီရောင်လိပ်ပြာက နှခေါင်းရှုံ့၍ စကားပြောမလို ပြင်လိုက်စဉ် ဝမ်လင်းက ဖြတ်၍ ပြောလိုက်၏။

“ချီဟူ…သင့်ဘိုးဘေးက ဒီနေရာမှ တတိယအလွှာ ရှိတယ်လို့ ပြောခဲ့တယ်မလား…”

ချီဟူက ကြောင်သွား၏။ သူက ပြန်ပြောလိုက်သည်။

“အစ်ကိုစန်နူး…မှန်ပါတယ်။ သူက အဲလို ပြောခဲ့ပါတယ်…”

အနီရောင်လိပ်ပြာက လှောင်၍ပြောလိုက်၏။

“ရှီဇူး…နင့်ဒီရှီဇူးကပဲ ဒီနေရာမှာ ရတနာတွေရှိတယ်လို့ ပြောခဲ့တာမလား…”

ချီဟူက အနီရောင်လိပ်ပြာကို မကျေမနပ်လှမ်းကြည့်လိုက်၏။ ထို့နောက်သူက ဝမ်လင်းထံသို့ လှမ်းလျောက် သွား၍ ရေကန်ကို ကြည့်နေသည်။

ဝမ်လင်းက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဒီနေရာက တတိယအလွှာရှိမယ်ဆိုရင် ဝင်ပေါက် က ရေကန်ပဲဖြစ်လိမ့်မယ်…”

အနီရောင်လိပ်ပြာကလည်း ရေကန်အနားသို့ ရောက်လာခဲ့၏။

ထိုအခိုက်တွင် တစ်စုံတစ်ယောက် တွင်းပေါ်ထဲကနေ ဆင်းသက်လာခဲ့သည်။ သူက ခြေတစ်လှမ်း တည်းဖြင့် သူတို့ရှေ့ရှိ ရေကန်ပေါ်သို့ ရောက်ရှိသွား၏။

အားကောင်းသော ဖိအားက သူတို့ပေါ်သို့ သက်ရောက်လာသည်။ ချီဟူမျက်နှာက ချက်ချင်းဖြူရောသွားပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ ထို့နောက်သူက နောက်သို့ဆုတ်သွား၏။

အနီရောင်လိပ်ပြာကလည်း တုန်လှုပ်စွာဖြင့်နောက်သို့ ဆုတ်သွားရ၏။

ဝမ်လင်းက အစောပိုင်းကတည်းက သူတို့နောက်မှ လူတစ်ယောက်လိုက်ပါနေသည်ကို သတိထား မိသည်။ ထို့ကြောင့် လူတစ်ယောက်ပေါ်လာသည်နှင့် သူက နောက်သို့ ချက်ချင်း ဆုတ်ပြီး ဖြစ်နေသည်။ သို့သော် သူက သည်ဖိအား၏ သက်ရောက်မှုကို ခံလိုက်ရသော်လည်း သူက ဒဏ်ရာ မရခဲ့ပေ။

“အယ်…”

ထိုလူက ဝမ်လင်းကို လှမ်း၍ကြည့်ကာ ဘူးသီးခြောက်ထဲမှ အရက်တစ်ငုံကို သောက်လိုက်သည်။

ချီဟူက အော်လိုက်၏။

“ဒြပ်စင်ငါးခုကလန်…ကျောက်ရီ…”

သက်လတ်ပိုင်းလူကြီးက ပြုံးကာ မေးလိုက်သည်။

“ဘီလူးနတ်ဆိုး ကလန်က ကောင်လေးက ငါ့ကို သိနေတာလား…”

အနီရောင် လိပ်ပြာသည်လည်း ကျောက်ရီ၏ နာမည်ကို ကြားဖူးလေသည်။ သူမ၏ ရန်လိုသော အကြည့်ကို ချက်ချင်း ပြန်သိမ်းထားလိုက်ရသည်။

ချီဟူက လေးစားစွာဖြင့် ပြောဆိုလိုက်သည်။

“ဘီလူးနတ်ဆိုး ကလန်က ဂျူနီယာချီဟူက စီနီယာနာမည်ကို လူငယ် ဘဝကတည်းက သိခဲ့တာပါ…”

သူက ဘီလူးနတ်ဆိုး ကလန်တွင် လူငယ်ဆရာသခင် တစ်ယောက်အဖြစ် မေးဖွားခဲ့သည့် အတွက် ကလေး ဘဝကတည်းက မိသားစု၏ အရေးပေးခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူက စိတ်ဝိညာဉ် အသွင် ပြောင်းခြင်း အဆင့်နှင့်အထက် ကျင့်ကြံသူများ၏ ပုံတူများကို မြင်တွေ့ခဲ့ဖူးပေသည်။ သည်အတွက်ကြောင့် သူက အနီရောင် ဘူးသီးခြောက်နှင့် သက်လတ်ပိုင်း လူကြီးကို တွေ့လိုက်သည်နှင့် မည်သူ မည်ဝါမှန်း ချက်ချင်း သိခဲ့ခြင်းဖြစ်သည်။

****

Comment

Leave a Reply

Options

not work with dark mode
Reset