Switch Mode

အပိုင်း(၄၈)-မြို့တော်သို့ပြန်သွားခြင်း

ရှီမာယူယူ စစ်သူကြီးအိမ်တော်ပြန်သွားချိန်တွင်တော့ အိမ်စောင့်သည် အံ့သြလွန်း၍ ချက်ချင်းပင် ငိုတော့မည့် ပုံပေါက်နေသည်။

“ငါးယောက်မြောက်သခင်လေး၊ ပြန်လာပြီလား”

ရှီမာယူယူ ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် “ဟုတ်တယ် ပြန်လာပြီ အဘိုးဘယ်မှာလဲ”

“စစ်သူကြီးက အခုလေးတင်ပြန်ရောက်တယ်” အိမ်စောင့်ကပြန်ပြောလိုက်သည် “ကျွန်တော် သူတို့ကို ချက်ချင်းသွားအသိပေးလိုက်ပါမယ်”

ထိုသို့ပြောပြီးနောက် ထိုသူသည် အထဲသို့အလျင်အမြန်ပြေးသွားလေသည်။ ပြေးရင်းနှင့်အော်လိုက်သည်မှာ “ငါးယောက်မြောက်သခင်လေးပြန်လာပြီ၊ ငါးယောက်မြောက်သခင်လေးပြန်လာပြီ”

ရှီမာယူယူ ပျော်ရွှင်စရာကိစ္စကဲ့သို့ ထိုသူအော်ပြေးနေသည်ကို ကြည့်ကာ ခေါင်းကိုရမ်းလိုက်ပြီး တောက်ပသော အပြုံးဖြင့် အထဲသို့ဦးတည်ဝင်သွားလိုက်လေသည်။

“ယူယူပြန်လာပြီလား၊ ဘယ်မှာလဲ”

“ညီလေး ငါးပြန်လာပြီလား၊ နောက်ဆုံးတော့ အဲကောင်ပြန်လာပြီပဲ”

“ငါးယောက်မြောက်သခင်လေး နောက်ဆုံးတော့ပြန်လာပြီ”

“…….”

ရှီမာယူယူ အရှေ့ခြံဝင်းကိုဖြတ်ပြီးချိန်မှာ သူမအရှေ့တွင် ကျယ်ပြန့်သော ပုခုံးတစ်စုံသည် ပိတ်ထားနေသည်။ သူမ ချက်ချင်းပင် နွေးထွေးစွာဖြင့် ပွေ့ဖက်လိုက်သည်။

“အဘိုး” ရင်းနှီးနေသော ရနံ့အား ရှုရှိုက်လိုက်ရင်း ရှီမာယူယူ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။

“နောက်ဆုံးတော့ ပြန်လာဖို့ဆုံးဖြတ်လိုက်တယ်ပေါ့” ရှီမာလိုင်သည် ရှီမာယူယူအား တင်းကျပ်စွာပွေ့ဖက်လိုက်သည်။ သူ၏အသံသည် စိတ်ခံစားမှုကြောင့် စို့နင့်နေသည်။

“အဘိုး သမီးအဆင်ပြေခဲ့တယ် ဘာမှမဖြစ်ပါဘူး” ရှီမာယူယူသည် ရှီမာလိုင်၏နောက်ကျောအား ပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။

“ညီလေး ငါး မင်းနောက်ဆုံးတော့ပြန်လာပြီပဲ၊ ဒီထက်သာ ကြာနေရင် ငါတို့တွေမင်းကို လိုက်ရှာဖို့အစီအစဉ်ဆွဲနေကြတာ” ရှီမာရန်နှင့် ကျန်သောသူများသည် ခြံဝင်းသို့ပြေးထွက်လာကြကာ ရှီမာလိုင်၏ ပွေ့ဖက်ထားသော လက်များအတွင်းမှ ချောင်းကြည့်နေသော ရှီမာယူယူအားမြင်လိုက်လေသည်။

“အဘိုး ကဘက်လိုက်တာပဲ၊ အရင်ကဒီလို အဖက်မခံဖူးဘူး” ရှီမာယူလီ ညည်းညူလိုက်သည်။

“မင်း လပိုင်းလောက်ပျောက်သွားရင်လည်း မင်းကိုဖက်ပေးနိုင်ပါတယ်” ရှီမာလိုင်သည် ရှီမာယူလီအားပြန်ပြောလိုက်သည်။

“ညီလေး ငါး ပြီးခဲ့တဲ့လတွေမှာ မင်းဘယ်ရောက်နေခဲ့တာလဲ၊ မင်းကြောင့် ငါတို့စိတ်ပူလို့သေတော့မယ်” ရှီမာယူရွှီ လျှောက်လာလေသည်။ ရှီမာယူယူ လုံခြုံစိတ်ချရပြီကိုမြင်တော့မှပင် သူ၏စိုးရိမ်သော စိတ်များတည်ငြိမ်သွားတော့သည်။

“ဟုတ်ပြီ၊ မင်းဘာလို့လေးခုမြောက် ဖြတ်လမ်းဝင်္ကပါကိုသွားခဲ့တာလဲ၊ ပြီးတော့ နေရာစိမ်းကိုတောင် ပို့ခံရတာလား” ရှီမာယူမင်မေးလိုက်သည်။

“ပြောရရင်တော့ရှည်တယ်၊ စကားမပြောခင် အရင်အထဲဝင်ရအောင်” ရှီမာယူယူပြောလိုက်သည်။

“ကောင်းပြီ”

ခန်းမထဲသို့ လျှောက်လာလိုက်ကာ ရှီမာယူယူထိုင်ပြီးသည်နှင့် သူမအတွေ့အကြုံများကို ပြောပြတော့သည်။

“ဘုန်း” ရှီမာယူယူအကြောင်းစုံအား အစပိုင်းနားထောင်ပြီးသည်နှင့် ရှီမာလိုင် စားပွဲအားရိုက်လိုက်လေသည်။ “သမီးကို ဒုက္ခရောက်အောင်လုပ်တဲ့ သူတကယ်ရှိတာလား”

“ငါပြောတာ မင်းအဲဒီလေးခုမြောက် ဖြတ်လမ်းဝင်္ကပါကိုဝင်သွားတာ မင်းကိုတွန်းလိုက်တဲ့သူရှိလို့ပေါ့” ရှီာယူလီပြောလိုက်သည်။ “ငါတို့မနက်ဖြန် ကျောင်းကိုသွားပြီး အဲလူကို ဆွဲခေါ်ပြီး ဒီလောကမှာ ထိခိုက်အောင် လုပ်လို့မရတဲ့သူတွေရှိတယ်ဆိုတာ သိအောင်ပြောမယ်”

“နေပါဦး စိတ်လျော့ကြပါ၊ အဲလိုလုပ်လို့ကတော့ အလုပ်မဖြစ်ဘူး” သူမ အစ်ကိုများသည် တိုက်ပွဲဝင်ရန် ပြင်ဆင်နေသကဲ့သို့ဖြစ်နေသည်ကို ရှီမာယူယူမြင်လိုက်သည်။ “ကျွန်တော့် အဖြစ်အပျက်ကို ဆက်နားထောင်မှာလား”

“ညီလေး ငါး၊ ဆက်ပြောပါ မင်းဘယ်ကိုပို့ခံလိုက်ရတာလဲ”

“ပူလွောင်တောင်တန်း” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဘာပြောတယ်”

“မင်းတကယ်ပဲ ပူလွောင်တောင်တန်းကို အပို့ခံရတာလား၊ ဒါဆိုဘယ်လိုဖြစ်ပြီး ဘာဒဏ်ရာမှမရဘဲ ပြန်လာတာလဲ”

“စိတ်ချပါ ကျွန်တော် ကျန်းမာပါတယ်” ရှီမာယူယူပြုံး၍ ပြောလိုက်သည်။

သူမ အဆင်ပြေကြောင်းပြရန် မတ်တတ်ရပ်ပြီး လှုပ်ရှားပြရသေးသည်။

“ပူလွောင်တောင်တန်းက ဝိညာဉ်သားရဲတွေအရမ်းများတယ်၊ ဝိညာဉ်သခင်အများစုတောင် မစွန့်စားရဲကြဘူး၊ မင်း အန္တရာယ်ရှိတဲ့အခြေအနေကို မကြုံခဲ့ရဘူးမလား” ရှီမာယူယူအား စိုးရိမ်စွာဖြင့်မေးလိုက်သည်။

“ညီလေး ငါး မင်းဒဏ်ရာရလာရင် ငါတို့ကို သေချာပေါက်ပြောနော်” ရှီမာရန်သည် ရှီမာယူယူအား ကြည့်လိုက်သည်။ သူတို့အား တစ်စုံတစ်ရာကို သူမဖုံးကွယ်ထားမည်ကို စိုးရိမ်သည်။

သူတို့ပင် ပူလွောင်တောင်တန်းကို မသွားရဲပါ၊ ဝိညာဉ်သခင်ဖြစ်ရန် အခုမှစပြီး စတင်ကျင့်ကြံနေသော ရှီမာယူယူဆိုပြောစရာမလိုပေ။

“ကျွန်တော် အဆင်ပြေပါတယ်” ရှီမာယူယူ ထပ်ပြီးလေးလေးနက်နက်ပြောလိုက်သည်။ သူတို့ သူမအားမယုံကြည်နိုင်သည့်ပုံပေါက်နေ၍ ရာဟွောင်ကိုပင် ခေါ်ပြလိုက်ရသည်။

ရာဟွောင်ထွက်လာည်နှင့် သူ၏သူတော်စင်အဆင့် စွမ်းအားသည် ခန်းမတစ်ခုလုံးပြည့်နှက်သွားတော့သည်။

“သခင်” ရာဟွောင် အကြောဆန့်လိုက်ကာ ရှီမာယူယူဘေးသို့လာလိုက်သည်။

“ဒါက ကျွန်တော်ပူလွောင်တောင်တန်းမှာရှိတုန်းက စာချုပ်ချုပ်ထားတဲ့ သားရဲပဲ၊ ဒါက သူတော်စင်အဆင့် သားရဲပဲ၊ ဘယ်လိုအန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာမဆို သူကလာကယ်တာလေ” သူတို့၏ မယုံကြည်သော မျက်နှာများကြောင့် ရှီမာယူယူသည် ရာဟွောင်၏စိတ်ချရမှုကို ပြရတော့သည်။

ရာဟွောင်သည် ရှီမာယူယူအားကြည့်လိုက်သည်။ အချိန်တိုင်းတွင် သူမသည် သူမဘက်တွင်ပါအောင်လုပ်နိုင်သည်။ သူဘာမှ မပြုခဲ့သလိုမျိုးပင် ခံစားရသည်။ ရှီမာယူယူ၏ ချောက်လန့်သော အကြည့်ကိုတွေ့သောအခါ သူ့ခေါင်းကို အနည်းငယ် နိမ့်လိုက်သည်။

“ဒီသူတော်စင်အဆင့် သားရဲက လေ့ကျင့်မထားဘူးပဲ၊ ဘယ်ဆိုစာချုပ်ချုပ်လိုက်တာလဲ” ရှီမာလိုင် ရာဟွောင်အား ရှုပ်ထွေးသော အကြည့်နှင့် နားမလည်တော့သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“သမီး သူ့ကိုတွေ့တော့ တခြားဝိညာဉ်သားရဲကြောင့် သူဒဏ်ရာရထား တယ်လေ၊ သူလွတ်မြောက်လာပြီး မြစ်ဘေးမှာလဲနေတာ၊ ပြီးတော့ သမီးကယ်တော့ သူကအရင် သခင်အဖြစ်သတ်မှတ်တာပဲ” ရှီမာယူယူ ပိပိရိရိ လိမ်လိုက်သည်။

သူမ ရာဟွောင်ကိုကယ်တယ်ဆိုတာဘာလဲ၊ သူမကယ်ခဲ့သည်မှာ ဝူလင်းယူကိုလေ။

သို့သော် သူတို့ကြားချင်သော အကြောင်းကို ဇာတ်လမ်းဆင်ပြောရသည်မှာလည်း ယဉ်ကျေးမှုတစ်ခုပင်။ ပြီးသည့်နောက်တွင်တော့ အကြောင်းအရာများသည် အကျိုးအကြောင်းဆီလျော်သွားတော့သည်။

“ဟုတ်တယ်၊ သမီး ပူလွောင်တောင်တန်းမှာ လူတစ်ယောက်ကိုလည်းကယ်ခဲ့တယ်၊ ပြီးတော့ သူကျေးဇူးတင်တဲ့အနေနဲ့ ဆေးလုံးနှစ်လုံးပေးခဲ့တယ်၊ အဲအချိန်မှာ သမီး အဘိုးကိုအရမ်းပေးချင်ခဲ့တာ” ရှီမာယူယူ အဆင့်မြင့်ဆေးနှစ်လုံးပါဝင်သော ကျောက်စိမ်းပုလင်းအားထုတ်ယူလိုက်လေသည်။

သူမ ရှီမာလိုင်၏စားပွဲတွင် ဆေးနှစ်လုံးအားတင်လိုက်ပြီးနောက် သူမထိုင်နေရာသို့ပြန်လာလိုက်လေသည်။

“ဒီဆေးတွေက ဘာအမျိုးအစားတွေလဲ” ရှီမာယူလီ ကျောက်စိမ်းပုလင်းထဲမှ ဆေးများကိုမြင်သည်နှင့် စိတ်လှုပ်ရှားသွားကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ဒီဆေးတွေက အဆင့်ကိုတက်စေတဲ့ဆေးတွေပဲ” ရှီမာယူယူပြောလိုက်သည်။ “အဘိုးက ဒီနေရာမှာရပ်နေခဲ့တာ ကြာပြီလေ၊ ဒီဆေးတွေနဲ့ဆိုရင် အဘိုးအဆင့်တက်ဖို့ဖြစ်နိုင်တယ်”

“တကယ်လား” ထိုစကားကိုကြားသောအခါတွင် ညီအစ်ကိုလေးယောက်လုံးသည် အလွန်အမင်းစိတ်လှုပ်ရှားသွားကြလေသည်။

“အဘိုး ဒါတွေက တကယ်ပဲ အဆင့်တက်စေတဲ့ဆေးတွေလား” ရှီမာရန်မေးလိုက်လေသည်။

ရှီမာလိုင် ခေါင်းညိတ်ပြကာ သူ့မျက်လုံးများသည် မျက်ရည်များဝဲနေတော့သည်။

ထို အဆင့်တက်စေသော ဆေးများသည် ပျောက်ဆုံးနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ တောင်တန်းတွင် ရှီမာယူယူ ဘယ်လိုလူကိုကယ်ခဲ့မှန်း သူ မသိပါ၊ ထိုသူတွင် ဒီလိုဆေးမျိုးပိုင်ဆိုင်နေသည်။

“ဒါက အရမ်းထူးဆန်းတာပဲ” ရှီမာယူရန် ယပ်တောင်အားခပ်လိုက်ကာ “အဘိုးသာ အဆင့်တက်မယ်ဆိုရင် နာလန်မျိုးနွယ်က လာပြဿနာရှာမယ်ဆိုရင်တောင် စိုးရိမ်စရာမလိုတော့ဘူးပဲ”

“နာလန်မျိုးနွယ်က ဘာလို့လဲ” ရှီမာယူယူမေးလိုက်သည်။ “ကျွန်တော်မရှိတဲ့ လေးလမှာ ဘာတွေဖြစ်ခဲ့တာလဲ”

“တကယ်တော့ အရမ်းတော့အရေးမကြီးပါဘူး” ရှီမာယူရန် ရှင်းပြသည် “နာလန်မိသားစုရဲ့ အဘိုးက သိပ်မကြာခင်က အဘိုးနဲ့အဆင့်တူတဲ့ ပြီးပြည့်စုံတဲ့ဝိညာဉ်ဖြစ်သွားပြီလေ”

“အဲ နာလန်မိသားစုက ကျွန်တော်တို့နဲ့လိုက်ပြိုင်နေတာပဲ ဒါပေမယ့် သူတို့ရဲ့အားက အဘိုးနဲ့မယှဉ်နိုင်လို့ နောက်ဆုတ်နေသေးတာ၊ တကယ်လို့ သူတို့အဘိုးက အဆင့်တက်သွားလို့ နောက်ကျရင် သူတို့ဘဝင်မြင့်သွားကြမှာပဲ”

“အခုတော့ အဘိုးက အဆင့်တက်သွားရင် သူတို့ထပ်ပြီး ဖိအားဖြစ်သွားကြမှပဲ၊ အဲကျမှ သူတို့မောက်မာနိုင်ကြ ဦးမလားစောင့်ကြည့်ဦးမယ်” ရှီမာလိုင်ပြောလိုက်သည်။

“နီလန် မျိုးနွယ်…” ရှီမာယူယူ လက်အားဆန့်ထုတ်လိုက်ကာ မေးစေ့အားထိလိုက်ပြီး မျက်လုံးများသည် ထူးဆန်းစွာ တောက်ပသွားလေသည်။

“ကျွန်တော်တို့မှာဆေးရှိတော့ အဘိုးကအဆင့်အမြန်တက်နိုင်မှာပဲ” ရှီမာယူရွှီပြောလိုက်လေသည်။

“အမှန်ပဲ မနက်ဖြန်ကို ငါ နန်းတော်ကိုသွားပြီး ဘုရင်မင်းမြတ်ကို ခွင့်သွားတိုင်မယ်၊ ပြီးရင် ငါပြန်လာပြီး တံခါးပိတ် ကျင့်ကြံရတော့မယ်” ရှီမာလိုင်ပြောလိုက်သည်။ “အဲအချိန်အတွင်း မင်းတို့အားလုံး နာလန်မျိုးနွယ်ရဲ့ လှုပ်ရှားမှုတွေကနေ သတိထားနေရတော့မယ်”

“အဲလိုလုပ်ပါမယ် အဘိုး အေးအေးချမ်းချမ်းတံခါးပိတ် ကျင့်ကြံပါ” ရှီမာရန်ပြောလိုက်သည်။

“ညီလေး ငါး၊ မင်းပြန်လာပြီဆိုတော့ ကျောင်းကိုသွားချင်သေးလား” ရှီမာယူလီမေးလိုက်သည်။

“မင်းရဲ့ ဆရာဖန်ကျိရှင်းကတော့ မင်းကို အခုထိစိတ်ပူနေတုန်းပဲ၊ သုံးလေးရက်ခြားလောက် မင်းအခြေအနေကို သူလာမေးတယ်”

“ဆရာဖန်ကလား” သူဒီလောက် သူမအားဂရုစိုက်လိမ့်မယ်ဟု ရှီမာယူယူမထင်ခဲ့ပါ။ သူမစဉ်းစားကာ ပြောလိုက်သည် “ကျွန်တော်ကျောင်းကို ပြန်မသွားခင် အဘိုးတံခါးပိတ်ကျင့်ကြံတာ ပြီးအောင် စောင့်သွားပါမယ်၊ အိမ်မှာ လုပ်စရာတွေလည်းရှိလို့ပါ”

“ဒါဆို မင်းကိုထိခိုက်အောင်လုပ်တာ ဘယ်သူလဲဆိုတာ ငါ့ကိုပြော၊ ငါသွားပြီး မင်းကိုယ်စား လက်စားချေပေးမယ်” ရှီမာယူလီ ကြေညာလိုက်သည်။

“မလိုပါဘူး၊ ကျွန်တော် မပျော်တော့ဘူးဆိုင်ရင် ကျွန်တော့ရန်သူတွေကို လက်စား သေချာပေါက်ချေရမယ်လေ၊ အဲဒါနဲ့ပတ်သတ်လို့စိတ်ပူစရာမလိုပါဘူး” ရှီမာယူယူပြောလိုက်သည်။ “ကျွန်တော် ကျောင်းကိုပြန်တာနဲ့ သူမနဲ့ ဖြည်းဖြည်းချင်းကစားသွားမှာပါ….”

Comment

Leave a Reply

Options

not work with dark mode
Reset