ဝိညာဉ်သခင်ကုန်သည်များအသင်းသည် တိုင်းပြည်ရှိဝိညာဉ်သင်များ၏ ကိစ္စအဝဝကို တာဝန်ယူရသည့် ဝိညာဉ်သခင်များစွာတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။ ဝိညာဉ်သခင်များသည် အဖွဲ့အစည်း၏ စည်းကမ်းများကို လိုက်နာရပြီး အပြန်အလှန်အနေဖြင့် အဖွဲ့အစည်းမှ သူတို့အား ကာကွယ်ပေးသည်။
တူညီစွာပင် တခြားကျွမ်းကျင်နယ်ပယ်တွင်လည်း ကိုယ်ပိုင် အဖွဲ့အစည်းများရှိကြသည်။ အဂ္ဂိရတ်ဆရာများသည် အဂ္ဂိရတ်အသင်း၊ လက်နက်ကျိုချက်သူအသင်း၊ သားရဲထိန်းကျောင်းသူအသင်းနှင့် ကြေးစားစစ်သည်များပင် သူတို့ကိုယ်ပိုင်အသင်းများရှိကြသည်။
ထိုအဖွဲ့အစည်းများသည် တစ်ပေါင်းတည်းလုပ်ဆောင်ကြပြီး သီးခြားလုပ်လေ့မရှိပေ။
အဖွဲ့အစည်းတိုင်းတွင် ပင်မအရင်းအမြစ်များ ကွဲပြားစွာရှိကြပြီး မြို့တိုင်း၏ ဖြတ်လမ်းဝင်္ကပါသည် ဝိညာဉ်သခင်ကုန်သည်များအသင်းတွင် တည်ရှိသည်။
ရှီမာယူယူ ဝိညာဉ်သခင်ကုန်သည်များအသင်းဆီသို့ လျှောက်လာချိန် တွင် လာချိန်တွင် အထဲမှလူတစ်ယောက်သည် စုတ်ဖွာနေသော အဝတ်အစားဝတ်ထားသော သူမအားမြင်သည်နှင့် ချက်ချင်းပင် လေးစားခြင်းခံစားမှုကို ခံစားလိုက်ရသည်။
“ဘာများကူညီရမလဲရှင့်” ကောင်တာမှ မိန်းကလေးသည် အနည်းငယ် ဦးညွှတ်လိုက်ကာ မေးလိုက်သည်။
“မြို့တော်ကိုပြန်သွားတဲ့ ဖြတ်လမ်းဝင်္ကပါ ကိုအသုံးပြုချင်တယ်” အသင်းကိုလှည့်ပတ်ကြည့်ကာ ရှီမာယူယူပြောလိုက်သည်။
ဝိညာဉ်သခင်ကုန်သည်များအသင်း အကျယ်အဝန်းသည် တော်တော်သေး၍ ရိုးရှင်းစွာ ပြင်ဆင်ထားသည်။ ကောင်တာသည် ဟောင်းနွမ်း၍ စုတ်ချာနေသည်။ အလုပ်များချကာ သူမအားကြိုဆိုသော မိန်းကလေးသည် တစ်ယောက်သာရှိသည်။ သူမလမ်းလျှောက်လာသည်ကို မြင်သောကြောင့် သူမ လိုအပ်သည်များကို မေးရန်သာ ခေါင်းမော့လာခြင်းဖြစ်သည်။
ထိုမိန်းကလေးသည် အနည်းငယ်ပြုံးကာ ပြောလိုက်သည် “တောင်းပန်ပါတယ် ကျွန်မတို့မှာ မြို့တော်ကို တိုက်ရိုက်ရောက်တဲ့ ဖြတ်လမ်းဝင်္ကပါမရှိပါဘူး”
“မရှိဘူးလား” ရှီမာယူယူ စိတ်ရှုပ်ထွေးသွားသည်။ ဝူလင်းယူ ရှိတယ်လို့ သူမကိုပြောခဲ့တယ်မလား။
“ကျွန်မတို့မှာ တစ်ခုတော့ရှိခဲ့ပါတယ် ဒါပေမယ့်အဲဒါက မကြာခင်က ပျက်ဆီးသွားတာ၊ အဲဒါကို ပြင်ဖို့ တည်ဆောက်မှုသခင် ကျွန်မတို့မှာမရှိလို့” ထိုမိန်းကလေးသည် အနည်းငယ်ရှက်သွေးဖြာကာ ပြောလိုက်သည်။ “ဒါပေမယ့် ဒီမှာ မြို့တော်နဲ့နီးတဲ့ မြို့ကို ပို့ပေးနိုင်တဲ့ တစ်ခုရှိပါတယ်၊ ဖြတ်လမ်းဝင်္ကပါကို တစ်ဆင့်ပြောင်းပြီး မြို့တော်ကို သွားလို့ရပါတယ်၊ မစိုးရိမ်ပါနဲ့ ဒီနည်းလမ်းက အချိန်ရော ရွှေပြားရော အရမ်းကုန်မှာမဟုတ်ပါဘူး”
“ဒါဆိုလည်း ကောင်းပြီလေ၊ ကျွန်တော့်ကို အဲဒီနေရာကို အရင်ပို့ပေး” ရှီမာယူယူပြောလိုက်သည်။
“ဒီ ပုံစံစာရွက်ကို အရင်ဖြည့်ပေးပါ ပြီးတော့ ရွှေပြား ၅ပါးကုန်ကျတယ်” မိန်းကလေးသည် သူမအား စာရွက်တစ်ရွက်ကို လက်ကမ်းပေးလိုက်လေသည်။
ရှီမာယူယူ စာရွက်အားကြည့်လိုက်ရာ အခြေခံသတင်းအချက်အလက်များသာ ဖြည့်ရုံဖြစ်၍ တစ်ခဏအတွင်း ဖြည့်ပြီးသွားသည်။ ပြီးနောက်တွင်တော့ သူမ မှော်ဝင်လက်စွပ်အတွင်းမှ ရွှေပြား ၅ပြားထုတ်လိုက်ကာ ကောင်တာပေါ်သို့တင်လိုက်သည်။
မိန်းကလေးသည် ရွှေပြားများကို အံဆွဲအတွင်းထည့်ကာ စာရွက်ကို ကြည့်တောင်မကြည့်ဘဲ ယူလိုက်ပြီး ပြောလိုက်သည်။ “ကျွန်မနော်ကို လိုက်ခဲ့ပါ”
ရှီမာယူူယူ သူမခေါ်သွားသော ဝိညာဉ်သခင်ကုန်သည်များအသင်း ခန်းမဆီသို့လိုက်သွားကာ ဝင်္ကပါအလယ် အမှတ်အသားကို တွေ့လိုက်သည်။ ထိုနံရံသည် မြို့အမည်များဖြင့် ပြည့်နှက်နေသည်။
“ဝင်္ကပါအပေါ်မှာ ရပ်လိုက်ပါ” သူမ ဝင်္ကပါအလယ်အား ညွန်ပြလိုက်သည်။
ရှီမာယူယူ ထိုအပေါ်တွင် ရပ်လိုက်ကာ မိန်းကလေးသည် ညာဘက်နံရံဆီသို့ လျှောက်သွားကာ မြို့နာမည်ကို နိပ်လိုက်သည်ကို မြင်လိုက်ရသည်။
“ဒါက မြို့တော်ရဲ့ ညာလက်ခြမ်းမှာရှိတဲ့ ချာရိုက်မြို့ပဲ၊ ဒီကနေမြို့တော်ကိုသွားတာ ပိုအဆင်ပြေလိမ့်မယ်” မိန်းကလေးသည် ရှီမာယူယူအားရှင်းပြလိုက်သည်။
ရှီမာယူယူခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ဂူထဲတွင် မြင်ခဲ့သော ဝင်္ကပါကဲ့သို့ အလင်းရောင်သည် ရုတ်တရက်တောက်ပလာသည်။ ရှေးစာများသည် အလင်းနှင့်ပြည့်နှက်သွားပြီး သူမသည် ဝင်္ကပါတွင် ပျောက်ကွယ်သွားသည်။
မိန်းကလေးသည် သာမာန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သွားသော ဝင်္ကပါအား ကြည့်ပြီးနောက် သူမလက်တွင်ရှိသော အရာအား ခေါင်းငုံ့ကြည့်လိုက်သည်။ နာမည်ထိုးထားသော သေတ္တာအားတွေ့သည်နှင့် အံ့သြတုန်လှုပ်သွား လေသည်။
“ရှီမာယူယူလား အဲအမှိုက်လား”
သူမခေါင်းမော့ကာ ဝင်္ကပါဆီသို့ကြည့်လိုက်သည်။ သို့သော် ရှီမာယူယူသည် မရှိတော့ပေ။
“အဲအမှိုက်ဖြစ်စရာအကြောင်းမရှိဘူး” မိန်းကလေးသည် ခေါင်းရမ်းလိုက်ကာ ပြောလိုက်သည်။ “အဲဒီအမှိုက်က ကျင့်ကြံလို့မှမရတာ၊ ပြီးတော့ ဒီလူမှာ မှော်ဝင်လက်စွပ်လည်းရှိနေတာ၊ သူကသေချာပေါက် ဝိညာဉ်သခင်ပဲ၊ နာမည်တူတဲ့သူပဲနေမှာပါ”
မိန်းကလေးသည် ခေါင်းရမ်းလိုက်ကာ ခန်းမမှထွက်ခွာသွားလေသည်။
အလွန်အားပြင်းသော ဖိအားကြောင့် သူမ ခန္ဓာကိုယ်သည် ဖျစ်ညှစ်ခံရသိလိုခံစားလိုက်ရသည်။ သူမ ဖြတ်လမ်းအားအသုံးပြုနေစဉ်တွင် သူမမျက်လုံးများအား တင်းကြပ်စွာမှိတ်ထားလိုက်ရတော့သည်။ အချိန်ဘယ်လောက်ကြာသွားမှန်းမသိပေ၊ ဖိအားလျော့သွားသည်ဟု ခံစားမိသည့်အချိန်မှပင် သူမ မျက်လုံးများဖွင့်လိုက်သည်။ ထိုအချိန်တွင် သူမ တခြားနေရာသို့ ရောက်ရှိနေပြီ။
“ဟမ်၊ ဒါက ပူလွောင်တောင်တန်းကနေလာတာလား၊ ဘယ်လိုလုပ်တစ်ယောက်တည်းလာခဲ့တာလဲ၊ ဟေး မြန်မြန်ထ ဖြတ်လမ်းဝင်္ကပါကို တစ်ယောက်တည်း အပိုင်စီးမထားနဲ့၊ တခြားနေရာက လူတွေလည်း ဒီကို လာကြဦးမှာ”
ရှီမာယူယူ ဖြတ်လမ်း ဝင်္ကပါမှ တက်လာသော အံ့သြစရာကောင်းသော အသံအားကြားလိုက်သည်။ သူမ အားများစုစည်းကာ မူးနောက်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။
သူမ ထွက်သွားသည်မှာ စက္ကန့်သုံးဆယ်ပင်မကြာသေးသော်လည်း အလင်းရောင်ထပ်၍ တောက်ပလာသည်။ အလင်းရောင်တောက်ပလာပြီးနောက် ခန်းမအတွင်းတွင် လူသုံးယောက်ပေါ်လာသည်။
ထိုလူသုံးယောက်သည် မည်သည့်စကားမှမပြောပဲ လှည့်ပတ်ကြည့်ကာ ချက်ချင်းပင် ထွက်သွားကြလေသည်။
သူတို့ထွက်သွားသည်နှင့် ဖြတ်လမ်းဝင်္ကပါသည် ထပ်ပွင့်သွားကာ ဒီတစ်ကြိမ်တွင်တော့ လူနှစ်ယောက်ပေါ်လာလေသည်။ အရင်ပြုမူသကဲ့သို့ပင် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ကာ ထွက်သွားကြသည်။
ရှီမာယူယူ တခြားသူများ မတ်တတ်ရပ်နေသည်၊ ဒီနေရာကို ရောက်သောသူထဲတွင် သူမတစ်ယောက်သာ လှဲလျောင်းနေသည်ကို မြင်လိုက်ရသည်။
“ဟေး မင်းက ဒီမှာဒီအတိုင်းပဲနေဦးမှာလား မသွားတော့ဘူးလား” ဆယ်ကျော်သက် လူငယ်တစ်ယောက်သည် သူမသည် ဖြတ်လမ်းဝင်္ကပါကိုသာ ငေးကြည့်နေသည်ကို မြင်သည်နှင့် ဒေါသဖြင့်အော်လိုက်သည်။
“မြို့တော်ကိုသွားတဲ့ ဖြတ်လမ်းဝင်္ကပါကို ကျွန်တော်သုံးချင်တယ်” ရှီမာယူယူပြောလိုက်သည်။
“မင်းက မြို့တော်ကိုသွားချင်တာလား” လူငယ်သည် ရှီမာယူယူအား နှစ်ကြိမ်မြောက်ကြည့်လိုက်ကာ မေးလိုက်သည်။ “မင်းထွက်သွားရင် ညာလှည့်ပြီး ခြံဝင်းထဲကို ဝင်သွား”
သူ ဘာကြောင့်ထိုနေရာကိုသွားခိုင်းလဲဆိုတာ ရှီမာယူယူမသိပါ။ သို့သော် သူညွှန်ပြသော နေရာသို့ သွားလိုက်သည်။
အခုချိန်တွင် သူမ အိမ်ကို ပြန်ရောက်ချင်စိတ်မှာ ပြင်းပြနေသည်။ ထိုကဲ့သို့ သဘောထားမကောင်းသော သူများနှင့် မဆက်ဆံချင်ပါ။
သူမ ဖြတ်လမ်းခန်းမမှထွက်သည်နှင့် အပြင်တွင် ကြီးမားသော ဥယျာဉ်အားတွေ့လိုက်ရသည်။ ထိုမြင်ကွင်းသည် မျက်စိပသာဒဖြစ်လှ၍ ရှားပါးပြီး ထူးခြားဆန်းပြားသော ပန်းများနှင့်ပြည့်နှက်နေသော မြေဖြစ်၍ ပူလွောင်တောင်တန်းမှ ဝိညာဉ်သခင်ကုန်သည်များအသင်းနှင့် တခြားစီ ဖြစ်သည်။
အရင်ကမ္ဘာမှ အကြိမ်အနည်းငယ် ဖြတ်လျှောက်ခဲ့သော မြေခွေးအမြီးမြက်ပင် ပွင့်တံအားသူမတွေ့အားလိုက်သည်။ သူမ လူငယ်၏ လမ်းညွှန်မှုအတိုင်းလျှောက်လာပြီး အပြင်ဘက်ရှိ ခြံဝင်းဆီသို့ ဦးတည်လိုက်သည်။ အံ့သြစွာဖြင့် ထိုနေရာတွင် ရှည်လျားသော လူတန်းရှိနေသည်။
“လူတွေများလိုက်တာ” ရှီမာယူယူ သက်ပြင်းချလိုက်ကာ စိတ်မရှည်စွာ သွားလိုက်ကာ ထိုအတန်း၏ နောက်တွင် သွားရပ်လိုက်သည်။ လူတန်းကြီးသည် ဖြေးညင်းစွာ တရွေ့ရွေ့သွားနေသည်။
အစတွင် ဒီနေရာသည် ပုံစံစာရွက်ဖြည့်လျှင် ရပြီထင်ခဲ့သည်။ သို့သော် ဝင်သွားသောသူများသည် ပြန်ထွက်မလာသည်ကို သဘောပေါက်မိတော့သည်။ တစ်ခါတစ်ရံတွင် အဖြူရောင် အလင်းတန်းတောက်ပသည်ကို သူမမြင်ရသည်။
“ဒီနေရာမှာ ဖြတ်လမ်းဝင်္ကပါရဲ့ ဝင်ပေါက်နဲ့ ထွက်ပေါက်ကမတူဘူး” သူမ မေးစေ့အားကိုင်ကာ ရေရွတ်လိုက်သည်။ “ဒီဖြတ်လမ်းဝင်္ကပါက ပျော်စရာတော့ကောင်းသားပဲ၊ နောက်ကို ငါသင်ရတော့မယ်၊ ကိုယ်ပိုင် ဖြတ်လမ်းဝင်္ကပါကို လုပ်နိုင်ရင် ပိုအဆင်ပြေမှာပဲ”
“ဟားဟား”
သူမပြောသောစကားများကို ကြားသည်နှင့် အရှေ့တွင်ရှိသောလူသည် ကျယ်လောင်စွာအော်ရယ်တော့သည်။
နောက်မှလူသည် သူမပုခုံးအားပုတ်ကာ ပြောလိုက်သည်။ “ညီလေး တည်ဆောက်မှဒသခင်ဖြစ်ဖို့က မလွယ်ဘူး စဉ်းစားရုံနဲ့ပဲဖြစ်နိုင်မယ်”
“တည်ဆောက်မှုသခင်ဖြစ်ဖို့က အဲလောက်ခက်လား”
“ခက်တာပေါ့ လူတိုင်း တည်ဆောက်မှုသခင်မဖြစ်နိုင်ဘူး၊ အဂ္ဂိရတ်သခင်နဲ့ လက်နက်ကျိုချက်မှုသခင်ဖြစ်ဖို့ လောက်ထိကိုခက်တယ်၊ တကယ်တော့ အဲဒါက ပိုခက်မလားတောင်မသိဘူး ဘာလို့လဲဆိုတော့ အဂ္ဂိရတ်ဆရာတွေက ဝိညာဉ်သခင်တစ်ထောင်မှာ တစ်ယောက်ဖြစ်နိုင်သေးတယ် တည်ဆောက်မှု သခင်ကတော့ အဲလောက်တောင်ရှိဖို့ မသေချာဘူး” ထိုလူမှပြောလိုက်သည်။
“တကယ်လား ဒါဆို တည်ဆောက်မှုသခင်ဖြစ်တာက မမိုက်ဘူးလား” ရှီမာယူယူ မျက်လုံးများတောက်ပသွားတော့သည်။ အရင်ဘဝမှသူမသိခဲ့သော သူသာရှိခဲ့လျှင် သူမသေချာပေါက်စိတ်ဝင်စားမည်ဖြစ်သည်။
“ဟားဟား အဲလိုက အရမ်းခက်တာပေါ့ ညီလေး မင်းကရည်မှန်းချက်ကြီးတာပဲ ကောင်းကောင်းကြိုးစားပေါ့ မင်းအောင်မြင်တယ်ဆိုရင် မင်းလိုချင်တာကို အကုန်ရလိမ့်မယ်” ထိုလူသည် ရှီမာယူယူအား အပျော်အဖြစ်ပြုလုပ်ခြင်းမှအပ ရည်ရွယ်ချက်မရှိပေ။ သူမနောက်ကျောအားပုတ်၍ အားပေးလိုက်သည်။
“ဟီးဟီး ကျေးဇူးပါပဲအစ်ကိုကြီး” ရှီမာယူယူပြုံးကာပြောလိုက်သည်။
“ကိစ္စမရှိပါဘူး ကောင်းကောင်းကြိုးစား ညီလေး” ထိုသူသည် အားပေးလိုက်သည်။ “အော်ဟုတ်သား မင်းဘယ်သွားချင်လဲ”
“မြို့တော်ကို” ရှီမာယူယူပြောလိုက်သည်။
“အဲနေရာက ဒီနဲ့အရမ်းမဝေးတော့ဘူးပဲ၊ ဒီကနေသွားဖို့ ဖြတ်လမ်းသုံးတာ ရွှေပြားတွေနှမြောစရာကြီး၊ မြို့တော်က သိတဲ့သူမရှိဘူးလား” ထိုသူသည်မေးလိုက်သည်။
ထိုသူ၏ ထွေလာလေးပါးပြောသော စကားများသည် ရှီမာယူယူအားလန့်သွားစေသည်။ သူမ ဖြတ်လမ်းဝင်္ကပါကို ပြန်သွားရန်အသုံးပြုပါက မြို့တော်မှ ဝိညာဉ်သခင်ကုန်သည်အသင်းသို့ တိုက်ရိုက် အပို့ခံရတော့မည်။ ဒီကလူတွေက သူမကိုမမှတ်မိသော်လည်း ထိုနေရာမှ လူများသည် သူမအားသေချာပေါက်မှတ်မိမည်။ ထိုအခါ သူမသည် ဝိညာဉ်သခင်ဖြစ်ကြောင်းပေါက်ကြားသွားမည် မဟုတ်လား။
“ကျွန်တော့်မှာ လုပ်စရာရှိတာ အခုမှသတိရသွားလို့ အရင်သွားလိုက်ပါဦးမယ်၊ အစ်ကိုကြီး နှုတ်ဆက်ပါတယ်” ထိုသို့စဉ်းစားပြီးနောက် လူတန်းမှထွက်လာကာ ဝိညာဉ်သခင်ကုန်သည်အသင်းမှ ထွက်ခဲ့လိုက်သည်။
သူမ လမ်းလျှောက်လာလိုက်ကာ လူတစ်ယောက်အား မြို့တော်သို့သွားမည့်လမ်းအား မေးလိုက်သည်။ ထိုသူသည် သူမအားဘယ်လိုသွားရမည်ဆိုသည်ကိုမပြောပဲ သားရဲရထားလုံးစီးသွားပါက ရွှေပြား ၁၅ပြားကျသင့်မည်ဆိုသည်ကိုတော့ ပြောသည်။
ရှီမာယူယူ သားရဲရထားလုံးငှားသော နေရာအားရှာလိုက်ပြီး မြို့တော် ဆီသို့သွားရန် ရထားလုံးတစ်စင်းအားငှားလိုက်သည်။
ထိုခရီးသည် နေ့တစ်ဝက်ပင်မကြာပေ၊ ထိုမြို့သည် မြို့တော်နှင့် အတော်နီးသည်မှာ ထင်ရှားလှသည်။ တိမ်တိုက်များသည် ပန်းရောင်ပြောင်းကာ လှပသော လိမ္မော်ရောင် နီမြန်းမှုသည် ကောင်းကင်အားကာလိုက်သည်။ သူမနောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။ မကြာခင် ညရောက်တော့မည် သို့သော် သူမရောက်အောင်သွားမည်။
မြို့အပြင်ဘက်တွင် သူတခြားအဖွဲ့အား လာဘ်ထိုးရသည်။ ခံ့ညားထည်ဝါသော မြို့တော်အားကြည့်၍ အနည်းငယ်ပြုံးလိုက်သည်။
အဘိုး၊ အစ်ကိုတွေနဲ့ ငါ့ကို လုပ်ကြံတဲ့သူရေ ငါ၊ရှီမာယူယူ ပြန်လာပြီ။