လိုဏ်ဂူအများစုက တစ်ခုပြီးတစ်ခု ဆက်တိုက် ပြိုကျလာသည်။
ဝမ်လင်းက ပျံသန်းလာစဉ် သူက တည်နေရာ ရွှေ့ပြောင်ရန် ကြိုးစား ကြည့်သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့သည်။ သူက သက်ပြင်းချ၍ ဆက်လက် ပျံသန်းလာခဲ့သည်။
သူက သူ့နောက်ရှိ လေလွင့် ဝိညာဉ်များ၏ ပမာဏလျော့ကျမှုက ရုတ်တရက် ရပ်တန့် သွားသည်။ အမည်းရောင် လိုင်းကလည်း ဝမ်လင်းနောက်မှ ဆက်၍ လိုက်မလာတော့ပေ။
သို့ရာတွင် သည်အခိုက်၌ သူ့ပတ်ဝန်းကျင်မှ တုန်ခါသံများ ထွက်ပေါ်လာသည်။ သူက နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။ သူ့ရှေ့ရှိလိုဏ်ဂူက ရုတ်တရက် ပြိုကျသွားသည်။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်သည့်အခါ သူက ကောင်းကင်ဘုံ သားရဲ ဘုရားကျောင်း၏ လိုဏ်ဂူ တစ်ဝက်ကျော်က မြေမြှုပ်ပြီးသား ဖြစ်သွားသည်။
သေမျိုး တစ်ယောက်သာ သည်မြင်ကွင်းကို တွေ့လိုက်ရလျှင် ကြောင်ငေးသွားပြီး ဘာလုပ်ရမှန်း သိမည် မဟုတ်ချေ။ သို့သော် ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူဖြစ်သဖြင့် သူက အမည်းရောင် လိုင်းများနှင့် မတွေ့သ၍ သူက ဘာကိုမှ စိုးရိမ်ခြင်း မရှိချေ။
သူက အနည်းငယ် စဉ်းစားလိုက်ပြီး ချက်ချင်း ထွက်ခွာ မသွားသေးပေ။ သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်ကြည့်လိုက်ရာ ညီခြောက်က မသေသေးသည်ကို တွေ့လိုက်ရသည်။ သူက တဖြည်းဖြည်း သူရှိရာသို့ လာနေသည်။
ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက မချင့်ပြုံး ပြုံးလိုက်သည်။ သည် ညီခြောက်က တကယ့်ကို ရက်စက်သည့် လူပင်။ သူက သူ့ကျင့်ကြံမှု အဆင့်ကို အချိန်တန်သည် အထိ ဖုန်းကွယ် ထားခဲ့သည်။
သူ့လမ်းကြောင်းက ဝမ်လင်းရှိရာသို့ ဖြစ်သော်လည်း ဝမ်လင်းကတော့ သူ့ရည်ရွယ်ချက်ကို သေချာမသိပေ။
သည်လူက စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့် တစ်ယောက် ဖြစ်သော်လည်း ဝမ်လင်းက သူ့ရတနာများနှင့် ဆိုလျှင် သည်လူကို နိုင်ရန် အခွင့်အရေး ရှစ်ဆယ်ရာခိုင်နှုန်း ရှိသည်ဟု ယုံကြည်၏။
ဝမ်လင်းက အတားအဆီးအလံကို လှုပ်ရမ်းလိုက်ရာ အမည်းရောင် အခိုးအငွေ့များ အနီးအနားရှိ ဂူနံရံများပေါ်တွင် ပျောက်ကွယ် သွားသည်။ သူက သူ့လက်ကို လက်ကောက်ပေါ်သို့ အဆင့်သင့် ထားလိုက်ပြီး ညီခြောက် ရောက်လာမည်ကို စောင့်နေလိုက်သည်။
သိပ်မကြာခင်မှာပင် ညီခြောက်က သူရှိရာနေရာသို့ ရောက်လာခဲ့သည်။ သူ့ပုံစံက သတိတရား အပြည့် ရှိနေသည်။
သည့်နောက်သူက ဝမ်လင်းကို ကြည့်၍ ရယ်မောကာ ပြောလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူ… သင်နဲ့ငါက ဒီကောင်းကင်ဘုံ သားရဲ ဘုရားကျောင်းထဲမှာ နှစ်ယောက်တည်း ကျန်တော့တယ်…”
ဝမ်လင်းက ရယ်မော လိုက်သည်။ ကြည့်ရသည်မှာ သည်လူက အစော ကတည်းက သူနောက်ယောင်ခံ လိုက်နေသည်ကို သိခဲ့သည့်ပုံပင်။
ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ သည်နေရာက ပြိုကျ သွားခဲ့ပြီးပြီ။ ရောင်းရင်း ကျင့်ကြံသူ ဒီနေရာက ပြိုကျသွားခဲပြီလေ။ “ရောင်းရင်း ကျင့်ကြံသူက ဘာကြောင့်များ ငါ့ကို လာရှာရတာလဲ…”
ညီခြောက်က ပတ်ဝန်းကျင်ကို ဝှေ့ဝှိုက် ကြည့်လိုက်သည်။ သူက ပြန်ပြောလိုက်၏။ “ရောင်းရင်း ကျင့်ကြံသူက ငါတို့နှစ်ယောက် နောက်ကို တစ်လှမ်းလုံး လိုက်လာနေတာပဲ…ဒီတော ရောင်းရင်းက ကောင်းကင်ဘုံ သားရဲအစာတွေကို တွေ့ခဲ့ပြီး ဖြစ်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်…”
ဝမ်လင်းက သူ့မေးခွန်းကို ညီခြောက်က ရှောင်ဖယ်၍ ဖယ်ရှားသွားသည်ကို တွေ့လိုက်ရ၍ ပြုံးကာ ပြောလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူက ဘာကို ဆိုလိုတာလဲ…”
ညီခြောက်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူ့အသွင်ကလည်း ထူးဆန်းသွား၏။ သူက ပြောလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူက စိုးရိမ်စရာ မလိုပါဘူး။ ငါ့နာမည်က စွန်လိုင်ပါ။ ရောင်းရင်းကို ပြောပြရမှာ ငါစိုးရိမ် မနေတော့ဘူး။ ငါက တာလော့ကလန်ရဲ့ အစစ်အမှန် အဖွဲ့ဝင် တစ်ယောက် မဟုတ်ဘူး..”
ဝမ်လင်းက တိတ်ဆိတ်လို့ နေဆဲ။
စွန်လိုင်က ဆက်ပြောနေရင်းဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူက နောက်တစ်လှမ်း တိုးမလို ကြံလိုက်စဉ်မှာပင် ဝမ်လင်း မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်၍ ဆက်မလှမ်း တော့ပေ။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ရောင်းရင်းက နောက်တစ်လှမ်း ထပ်လှမ်းမယ် ဆိုရင် ငါက တိုက်ခိုက်ရလိမ့်မယ်…”
စွန်လိုင်က အနည်းငယ် စဉ်းစားပြီး ပြုံးလိုက်သည်။ “ရောင်းရင်း…ကောင်းကင်ဘုံ သားရဲအစာတွေ ရှိတဲ့ လိုဏ်ဂူထဲမျာ ပစ္စည်းသုံးခု ရှိတယ်။ ပထမ တစ်ခုက ကောင်းကင်ဘုံ ကျောက်စိမ်းပြား၊ ဒုတိယက ကောင်းကင်ဘုံ သတ္တု၊ နောက်ဆုံး တစ်ခုက ကောင်းကင်ဘုံ ဓားပဲ။ ရောင်းရင်းက ဒီသုံးခုထဲက ဘယ်နှစ်ခုများ ရယူနိုင်ခဲ့လဲ…”
ဝမ်လင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ဒီအမည်းရောင် လိုင်းတွေက ဂူထဲကို ပြန်ရောက် လာတာ အရမ်းမြန်တယ်။ ဒါကြောင့် ငါက ဘာမှ မယူနိုင်ခဲ့ဘူး…”
စွန်လိုင်က မျက်မှောင်ကြုတ် သွား၏။ သူက ဝမ်လင်းသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သာ ရှိသေးကြောင်း သိသည်။ သို့သော် သူ့နတ်ဘုရား အာရုံက ထူးဆန်းနေ၏။ သူက နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းခြင်းကိ သိနိုင်သည့် အထူး နည်းစနစ်ကိုသာ မသိဘူးဆိုလျှင် ဝမ်လင်းနောက်က လိုက်လာသည်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။
သူ့အမြင်အရ ဝမ်လင်းသည် သူ့လိုမျိုး ကျင့်ကြံခြင်း အဆင့်ကို ဖုန်းကွယ် ထားသည့်လူလို့ ထင်နေ၏။ ထို့ကြောင့်လည်း သူက အလျင်စလို မပြုခြင်း ဖြစ်၏။
သူ့နားလည်မှုအရ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်း အဆင့် တစ်ယောက်သည် အလယ်အလတ် အဆင့် တစ်ယောက်နှင့် မျက်နှာချင်းဆိုင် နေရလျှင် အခုလိုမျိုး တည်ငြိမ်စွာ ရှိနေနိုင်မည် မဟုတ်တာကို သိနေ၏။
ထပ်ပြောရလျှင် သူက ဝမ်လင်းအနားရှိ ဂူနရံမှ အန္တရာယ် အငွေ့အသက်ကို ရနေ၏။ သည်ခံစားချက်က သူ့ရှေ့သို့ ခြေတစ်လှမ်း တိုးလေ ပိုတိုးလာခဲ့လေ ဖြစ်သည်။
သည်အရာကို တွေးမိပြီးနောက် သူက ပြုံး၍ ပြောလိုက်သည်။ “ရောင်းရင်း… ဒီကောင်းကင်ဘုံ ကျောက်စိမ်းက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းတွေ နှစ်ထောင်ပေါင်း များစွာ စုဝေးပြီး ဖြစ်ပေါ်လာတာပဲ။ ဒါပေမဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ ကောင်းကင်ဘုံဓားက ပိုပြီး တန်ဖိုးရှိတယ်။ ဒီအပြင် သတ္တုအပိုင်းစလည်း ရှိသေးတယ်။ ငါ့အထင်တော့ ဒါက အကာအကွယ် ရတနာ ဖြစ်လိမ့်မယ်…”
ဝမ်လင်းက ခေါင်းညိတ်လိုက်၏။
ဝမ်လင်းက ထိုသို့ ပြုမူနေလေလေ စွန်လိုင်က ဝမ်လင်းသည် စွမ်းအား ကောင်းလှသည်ဟု ပို၍ ထင်မိနေလေ ဖြစ်နေသည်။ သူက ဝမ်လင်းသည် သည်အကြောင်းအရာများကို သိပြီး ဖြစ်မည်ဟု ယုံကြည်နေ၏။ သူက ထပ်မံ ပြောဆို လိုက်သည်။ “ရောင်းရင်း…ငါတို့ တစ်ယောက်ချင်းစီ ဆိုရင် ကောင်းကင်ဘုံသားရဲ အစာတွေကနေ ဒီရတနာတွေကို ရဖို့ အရမ်း ခက်လိမ့်မယ်။ ဒါပေမဲ့ ငါတို့အတူ ပူးပေါင်းရင်တော့ ဒီရတနာတွေကို ရဖို့ အခွင့်လမ်း များလာလိမ့်မယ်..,”
ဝမ်လင်းက ပြုံး၍ မေးလိုက်သည်။ “အို…ငါက ဘာကြောင့် ရောင်းရင်းကို ကူညီ သင့်တာလဲ…”
စွန်လိုင်က ကြောင်ငေးသွား၏။ သူက လူတော်တစ်ယောက် ဖြစ်သည်။ သည့်ကြောင့် ဝမ်လင်းစကား၏ ဆိုလိုရင်းကို သိလိုက်သည်။ “ ငါက ကောင်းကင်ဘုံ ဓားကိုပဲ လိုချင်တာပါ။ အခြားနှစ်ခုကတော့ ရောင်းရင်း အပိုင်ပေါ့။ ဘယ်လိုလဲ…”
ဝမ်လင်းက ခေါင်းရမ်းလိုက်၏။
စွန်လိုင်၏ အမူအရာ ပျက်သွားပြီး ပြောလိုက်၏။ “ရောင်းရင်းက ကောင်းကင်ဘုံ ဓားကို လိုချင်တယ် ဆိုရင် ယူပါ။ ဒါပေမဲ့ ကျန်တဲ့နှစ်ခုကတော့ ငါ့ဟာပဲ။ ရောင်းရင်းရဲ့ ဗဟုသုတနဲ့ဆိုရင် ဒီဓားက တခြားနှစ်ခုထက် သာလွန်တာကို သိမှာပဲ၊ ဒါပေမဲ့ သတ္တုနဲ့ ကျေက်စိမ်းကို အတူ ပေါင်းလိုက်ရင်တော့ ဓားနဲ့ တန်ဖိုးချင်းတော်တော် နီးကပ်သွားပြီ…”
ဝမ်လင်းက ခဏတာ ချီတုံချတုံ လုပ်နေသေးသည်။ ဓားပေါ်တွင် အစီအရင် အတားအဆီး အချို့ ရှိနေပြီး သည်အရာတွေက အချိန်အတန်ကြာ သန့်စင်ခြင်း မပြုရင် သည်ဓားကို လွယ်လွယ် ကောက်ယူ နိုင်လိမ့်မည် မဟုတ်ပေ။ ဝမ်လင်းက သည်ဓားကို အချိန်တိုလေးဖြင့် ကောက်ယူနိုင်ရန် ယုံကြည်ချက်မရှိပေ။ သည်လူက ဓားအကြောင်းကို သေချာမသိသေးခြင်း ဖြစ်ရမည်။
သည်အကြောင်းကို တွေးမိပြီး ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ “ငါက ဓားကို မလိုချင်ပါဘူး…”
စွန်လိုင်အသွင်က ပြန်၍ ပြုံးသွား၏။ “ဒီတော့ ငါတို့က လိုဏ်ဂူထဲကို ဘယ်လိုများ ပြန်သွားကြမလဲ…”
ဝမ်လင်းက ခေါင်းရမ်း၍ ပြောလိုက်သည်။ “ငါက အခြားနှစ်ခုကိုလည်း စိတ်မဝင်စားဘူး…”
“မင်း…” စွန်လိုင်၏ မျက်လုံးထဲ၌ မကျေနပ်မှုများ ဖြစ်လာ၏။ ဝမ်လင်းက သူ့ကျင့်ကြံမှု အဆင့်ကို ဖုန်းကွယ်ထားမည်ကို စိုးရိမ်နေခြင်း မရှိလျှင် သူက ဝမ်လင်းကို သတ်ပစ်နေပြီ ဖြစ်၏။
စွန်လိုင်က အသက်ဝဝရှူ၍ သူ့ဒေါသကို ပြန်ဖိနှပ်ထား၏။ ဝမ်လင်းက အခုလိုမျိုးပြုမူလေလေ စွန်လိုင်က ဝမ်လင်းသည် ကျင့်ကြံမှုအဆင့်ကို ဖုန်းကွယ် ထားသည်ဟု ထင်မြင် မိလေလေ ဖြစ်နေ၏။ မဟုတ်လျှင် ဝမ်လင်းက သူ့ကို သည်လို လေသံ စကားမျိုးတွေ ပြောဆိုရဲပါ့မည်နည်း။
ဝမ်လင်းက စွန်လိုင်ကို ကြည့်၍ တည်ငြိမ်စွာ ပြောသည်။ “ရောင်းရင်း စွန်…. သင်က ငါ့ကို ရနိုင်မှန်း မသေချာတဲ့ အရာနှစ်ခုနဲ ကောင်းကင်ဘုံဓားကို ပြန်သိမ်းယူဖို့ ကူညီခိုင်းနေတယ်။ သင်က ငါ့ကို သုံးနှစ်ကလေးလို့ ထင်နေတာလား…”
စွန်လိုင်က ဝမ်လင်းကို စူးစိုက်ကြည့်၍ မေးလိုက်၏။ “ရောင်းရင်း …သင်က ဘာလိုချင်တာလဲ…” သူက ဝမ်လင်းကို ပြောရဆိုရတာ စိတ်ပင်ပန်းနေပြီ ဖြစ်၏။ ဝမ်လင်းက ခုထပ်မံ ငြင်းဆိုလျှင် သူက တစ်ယောက်တည်း စွန့်စား ဆောင်ရွက်တော့မည် ဖြစ်သည်။
ဝမ်လင်းက ပြန်ပြောလိုက်၏။ “ငါက မင်းတို့နှစ်ယောက် ဒီနေရာကို ရောက်လာတုန်းက ဒီနေရာမှာ ရှိတဲ့ အက်ကွဲကြောင်းတွေ မပေါ်လာခင်မှာ မင်းတို့က ကြိုထောက်လှမ်း သိနိုင်ခဲ့တာကို သတိထားမိတယ်…”
စွန်လိုင်က ရယ်မောလိုက်၏။ သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူ၍ ဝမ်လင်းထံသို့ ပစ်ပေး၍ ပြောလိုက်သည်။ “အပြည့်အဝ ရှာဖွေခြင်း နည်းစနစ်၊ ဒါက တာလော့ကလန်ရဲ့ နည်းစနစ် တစ်ခုပဲ။ ငါက ဒီနည်းစနစ်ကို မင်းကို လက်ဆက်အဖြစ် ပေးလိုက်တာ ပြဿနာမဟုတ်ဘူး…”
ဝမ်လင်းက ကျောက်စိမ်းပြားကိုယူ၍ သေချာ ကြည့်ရှုလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ “ရောင်းရင်းက ဆုံးဖြတ်ချက် အမြန်ချနိုင်တာပဲ၊ ငါက မင်း တတိယအစ်ကိုရဲ့ ဘူးသီးခြောက်ကိုလည်း ယူချင်သေးတယ်။ ဒါမှ ငါက မင်းနဲ့အတူ ပူးပေါင်းပြီး စွန့်စားပေးနိုင်မယ်…”
မဖြစ်နိုင်ဘူး…စွန်လိုင်က ချက်ချင်း ပြန်ပြောလိုက်၏။ “ဒီဘူးသီးခြောက်ကြောင့် ငါက တာလော့ကလန်ထဲကို ရောဝင်ခဲ့တာပဲ၊ ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့ ရောင်းရင်း…”
ဝမ်လင်း မျက်မှောင်ကြုတ်မိ သွားသည်။
စွန်လိုင်က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ “ရောင်းရင်း ငါ…မင်းကို ဒီဟာတော့ မပေးနိုင်ဘူး။ ဒါပေမဲ့ သန့်စင်သစ်သား အပိုင်းတော့ ပေးနိုင်တယ်။ ဒီသစ်သားက ဘူးသီးခြောက်လောက် မကောင်းပေမဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူရာမှာတော့ တူညီတဲ့ အကျိုးသက်ရောက်မှု ရှိတယ်…”
ထိုသို့ပြောပြီးနောက် သူက သစ်သားပိုင်းတစ်ခုကို နာကျင်ဟန်ဖြင့် ထုတ်ယူလိုက်ပြီး ဝမ်လင်းအား ပြသလိုက်၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက သည်လူကို သတ်ပြီး ဘူးသီးခြောက်ကို ယူမည်ဆိုရင် သူ့ရတနာများစွာကို အသုံးပြုပြီးမှ သူ့ကို သတ်၍ ရပေမည်။ သည်နေရာက ကောင်းကင်ဘုံ နယ်မြေ ဖြစ်ပြီး အလွန်အန္တရာယ်များသည်။ သူက ခုချိန်တွင် သူ့ရတနာအများစုကို အသုံးပြုလိုက်ပါက စွမ်းအားကောင်းသော ကျင့်ကြံသူများ သို့မဟုတ် အနီရောင်လိပ်ပြာလို လူမျိုးများနှင့် ရင်ဆိုင်တွေ့ပါက ပြဿနာတက်လိမ့်မည် ဖြစ်သည်။
သည်လိုတွေးမိပြီး ဝမ်လင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကောင်းပြီ… ငါ့ကို ဒီသစ်သားပိုင်း ပေးပါ။ ငါမင်းကို တစ်ကြိမ် ကူညီပေးမယ်။ ဒါပေမဲ့ မင်းက ကောင်းကင်ဘုံဓား ရဖို့မရဖို့က မင်းကံတရားပဲ။ မင်းက အဲ့ဓားကို မရခဲ့ဘူးဆိုရင်လည်း ဒီသစ်သားပိုင်းကတော့ ငါ့ဟာပဲ ဖြစ်ရမယ်…”
စွန်လိုင်က ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဒါက သဘာဝကျပါတယ်။ ဒါပေမဲ့ ငါက ဒါကို အခုမပေးနိုင်ဘူး။ ငါတို့ လိုဏ်ဂူအဝ ရောက်မှ ဒါကို ပေးရင်လည်း သိပ်နောက်မကျသေးပါဘူး။ ငါက စောင့်ကြည့်ဖို့ လိုတယ်…”
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်း၍ ပြောလိုက်သည်။ “ရောင်းရင်း…ဦးဆောင်ပါ…”
စကားတစ်ခွန်းမှ ထပ်မံမပြောတော့ဘဲ စွန်လိုင်က ပြိုကျနေသည့် လိုဏ်ဂူထဲက တစ်ခုဆီသို့ လှမ်းသွား၏။ သူတို့နှစ်ယောက်လုံးက လိုဏ်ဂူထံသို့ လျှောက်လာသော်လည်း တစ်ယောက်နှင့် တစ်ယောက် ခွာထားကြသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် မယုံကြည့်ဘဲ စောင့်ကြည့် နေကြသည်မှာ သိသာလှ၏။
စွန်လိုင်က နှာခေါင်းရှုံ၍ တွေးလိုက်သည်။ “မင်းက ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားမယ် ဆိုရင်တောင် ငါ ဒီဓားကိုရတာနဲ့ မင်းက ခိုးဖိုကြံမယ်ဆိုရင် ကောင်းကင်ဘုံ နယ်မြေက ထွက်တာနဲ့ ကလန်ရဲ့ရတနာကို အသုံးပြုပြီး မင်းကို သတ်ရလိမ့်မယ်…”
သည်ရတနာကြောင့်လည်း သူက ဝမ်လင်းသည် ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားသည် တစ်ယောက်လို့ ထင်နေတာတောင် သူ့အတွက် အကူအညီတောင်းခြင်း ဖြစ်သည်။
***
❤️