Switch Mode

အပိုင်း(၃၄၇)

ကောင်းကင်ဘုံ ကျောက်စိမ်း (၂)

ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ၎င်းအလောင်းကောင်ကို စစ်ဆေးကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်မိသွားသည်။ သည်အလောင်းကောင် အရိုးစုက ထူးဆန်းထိတ်လန့် ဖွယ်ကောင်းပြီး ဖြူဆွတ်နေသည်။ ၎င်းအရိုးစုက အချိန်တိုက်စားမှုကြောင့် ပျက်စီး ယိုယွင်းမှု ရှိသင့်သည်။ သို့ရာတွင် သည်အရိုးစုက ထိုသို့လက္ခဏာမျိုး လုံးဝ မရှိပေ။

သည်အရိုးစု အလောင်းကောင် လက်ထဲရှိ အလင်းလုံးက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အမျှင်တန်း တစ်ခု ပါဝင်နေသေး၏။ ထို့ကြောင့် ၎င်းက သာမန်အရာတစ်ခု မဖြစ်နိုင်ချေ။

ဝမ်လင်းက ဘာကြောင့်မှန်းမသိဘဲ အန္တရာယ် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရ၏။ သူက အဝေးကနေပဲ ထိုအရိုးစုကို ကြည့်၍ စဉ်းစားနေသည်။

တတိယအစ်ကို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူကပြောလိုက်သည်။ “ညီခြောက် ဒီအလင်းလုံးက ဘာလဲဆိုတာ သွားကြည့်လိုက်…”

ညီခြောက်က ချီတုန့်ချတုန်ဖြင့် ခေါင်းငြိမ့်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွား၏။ သက အနီးကပ် ကြည့်မလိုလုပ်လိုက်ရာ ဝမ်လင်းက ပိုအားကောင်းသော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။

သည်အခိုက်တွင် တတိယအစ်ကိုက ရုတ်တရက် အော်လိုက်သည်။ “နောက်ဆုတ်…” သူက ထိုသို့ ပြောပြီးပြီးချင်း လက်ဝှေ့ယမ်း လိုက်ပြီးနောက် ဓားဖြင့် ညီခြောက်၏ ရှေ့သို့ ခုတ်ပိုင်း လိုက်သည်။

အရိုးစုက ဖုန်မှုန်အဖြစ်သို့ ပြောင်းသွားပြီး အလင်းလုံးကလည်း လေထဲသို့ ပျံတက်လာ၏။ သည်အလင်းလုံးထဲမှ စွမ်းအင်အမျှင်တန်း ထွက်ပေါ်လာပြီး ညီခြောက်၏ မျက်ခုံးကြားထဲသို့ တိုးဝင်လာသည်။

သည်အခိုက်တွင် ဓားစွမ်းအင်ကလည်း ရောက်ရှိလာခဲ့သည်။ စွမ်းအင်က အသံတစ်ခု ထွက်သွားပြီးနောက် ဂူနံရံထဲသို့ ပြန်ပျောက်ကွယ် သွား၏။

သည်မြင်ကွင်းက လျှပ်တစ်ပျက်အတွင်း ဖြစ်သွားခြင်း ဖြစ်သည်။ ညီခြောက်၏ နဖူးက ချွေးများဖြင့် အေးစက်သွား၏။ သူက တတိယ အစ်ကိုအား လှမ်းကြည့်လိုက်သည်။

“ညီခြောက်…နောက်ကလိုက်…” တတိယအကိုက စိတ်လှုပ်ရှားစွာ လှမ်းပြော လိုက်ပြီးနောက် ၎င်းအလင်းလုံး နောက်သို့ လျင်မြန်စွာ လိုက်လေ၏။

ညီခြောက်က အံ့ကြိတ်၍ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သည်အလင်းနောက်သို့ လိုက်လေ၏။

“စီနီယာအစ်ကို… ဒါကဘာလဲ…”

“ငါတို့ ကံကောင်းတာပဲ။ ငါထင်တာ မမှားဘူးဆိုရင် ဒါက ကောင်းကင်ဘုံသားရဲရဲ့ အစာပဲ။ ဒါက ကောင်းကင်ဘုံ သားရဲတွေ နှစ်သက်တဲ့ အရာပဲ။ သာမန်အားဖြင့် သည်အစာရှိတဲ့ နေရာမှာ ကောင်းကင်ဘုံ သားရဲဝိညာဉ်တွေ ရှိဖို့များတယ်။ ဒီအရိုးစုက အရင်ဆုံး ချောင်းမြောင်း တိုက်ခိုက်တက်တယ်။ ညီခြောက် ကျေးဇူးပြု၍ ငါ့ကို အပြစ်မတင်ပါနဲ့။ အခြားတစ်ဖက်က ပြောမယ်ဆိုရင် ငါက မင်းကို မစူးစမ်းစေခဲ့ရင် ဒီလိုမျိုး သေချာသိမှာ မဟုတ်ဘူးလေ…” တတိယအစ်ကိုက ထိုသို့ရှင်းပြနေရင်းဖြင့် ထိုအလင်းလုံး နောက်သို့ ဆက်လိုက် ပါလေသည်။

ညီခြောက်က ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဝိညာဉ်သားရဲရဲ့ အစာလေးကတောင် ဒီလောက် စွမ်းအား ရှိနေတယ်။ ဒီအလင်းတန်းက ငါ့မျက်ခုံးကြားထဲကို ဝင်ရောက် သွားခဲ့ရင် ငါက ခုချိန်ဆို အရိုးစု ဖြစ်နေလောက်ပြီ…”

တတိယအစ်ကိုက ရယ်မော၍ ပြောလိုက်သည်။ “ဂျူနီယာညီလေးက စိတ်ပူဖို့ မလိုပါဘူး။ ဒီအရာက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ လုပ်နိုင်တာပါ။ ညီလေးက ဒီအလင်းကို ခန္ဓာကိုယ်ထဲ မဝင်စေဘဲ ဓားစွမ်းအင်ကို အသုံးပြုမယ်ဆိုရင် မင်းက ဒီအလင်းကို နှစ်ပိုင်းခွဲနိုင်လိမ့်မယ်…”

သူတို့နှစ်ယောက်က ၎င်းအလင်းနောက်သို့ လိုက်နေသလို ဝမ်လင်းကလည်း သူတို့နောက်မှ ဆက်လိုက် သွားသည်။ သည်နှစ်ယောက်က ကောင်းမွန်သည့် ဆက်ဆံရေး တစ်ခု ရှိသည်လို့ ထင်ရသော်လည်း ဝမ်လင်းက တတိယအကိုသည် စိတ်ဆိုး စိတ်ယုတ်ရှိကြောင်း လွယ်ကူစွာ သိနိုင်ခဲ့သည်။

သည်အရိုးစုမြင်ကွင်းကို စတွေ့ကတည်းက တတိယအစ်ကိုသည် တစ်ခုခုမှားနေသည်ကို သတိပြုမိခဲ့သည်။ ထို့ကြောင့်လည်းသူက သူက သူကိုယ်တိုင် မစမ်းသပ်ဘဲ သူ့ညီအား စမ်းသပ်ခိုင်းခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက သူတို့နှစ်ယောက် နောက်မှ ဆက်၍ လိုက်လာနေသည်။

သူက သည်နှစ်ယောက်သည် လိုဏ်ဂူအတွင်းဘက်သို့ ဝင်သွားနေသည်ကို တွေ့လိုက်ရသည်။

တတိယအကိုသည် သိပ်အဆင်မပြေသလို ခံစားနေရသည်။ သူက သည်နေရာကို အရင်က တစ်ကြိမ် ရောက်ခဲ့ဖူးသော်လည်း အခုလောက် အကွာအဝေးထိ အထဲသို့ မဝင်ခဲ့ဖူးပေ။ သူက ထိုသို့တွေးမိနေရင်း နောက်သို့ ဆက်လိုက်လေသည်။

ထိုအခိုက်တွင် ဝမ်လင်းက ကောင်းကင်ဘုံ သားရဲအစာ၏ အမြန်နှုန်းသည် လျော့ကျ သွားသည်။ သူက နံရံပေါ်ရှိ လက်သီးစုပ်ရွယ် အပေါက်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ၎င်းကိုလျင်မြန်စွာ လိုက်ကြည့်လိုက်ပြီး သူ့အသွင်ကလည်း ပြောင်းလဲသွားသည်။ သူက လိုဏ်ဂူထဲရှိနံရံတွင် ဖုံးအုပ်နေသော မျဉ်းကြောင်းလိုင်းများ ရှိနေသည်ကို တွေ့လိုက်ရ၏။

လိုဏ်ဂူ၏ အလယ်တွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ထုတ်လွှတ်နေသော အဖြူရောင် ကျောက်စိမ်းပြား တစ်ခု ရှိနေ၏။

သည်ကျောက်စိမ်းပြား ဘေးနားတွင် အမည်းရောင် အရိုးစု တစ်ခုရှိနေ၏။ သည်အရိုးစုပေါ်ရှိ အဝတ်အစားများက ပျက်စီး နေသော်လည်း ရင်ဘတ်ပေါ်ရှိ သတ္တုအပိုင်း တစ်ခုက အားကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လို့ နေသည်။

ထပ်ပြောရရင် သည်အရိုးစုလူသည် ဓားတစ်ချောင်းကို ကိုင်ဆောင် ထားသေးသည်။ သည်ဓားက သူပုံရိပ်ယောင်ထဲတွင် မြင်တွေ့ခဲ့သော ကောင်းကင်ဘုံဓားနှင့် အလွန်ဆင်တူ၏။

ဝမ်လင်း အံ့အားအသင့်ဆုံး အရာတစ်ခုက အမည်းရောင် လိုင်းတစ်ခုသည် ထိုအရိုးစုနားကို ဝင်လိုက်ထွက်လိုက် လှုပ်ရှားနေသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။ သူက တုန်လှုပ်မိသွားသည်။ ၎င်းအမည်းရောင်လိုင်းက အရိုးစုပေါ်တွင် စုန်ချည်ဆန်ချည်တစ်ခါ လှုပ်ရှားတိုင်း သည်အရိုးစုက အသက်ရှင်သန်ရန် ကြိုးစားသလို တုန်ခါလို့နေသည်။

ဝမ်လင်းက ရှေ့ဆက်မတိုးဘဲ ရပ်တန့် လိုက်သည်။

တတိယအကိုက သူ့နတ်ဘုရားအာရုံဖြင့် ဖြန့်ကြက် ကြည့်လိုက်သည်အခါ လိုဏ်ဂူသည် အဆုံးသတ် သွားပြီကို တွေ့လိုက်ရ၏။ သည့်နောက်သူက ရပ်တန့်လိုက်သည်။ သူ့မျက်နှာက ချက်ချင်း ဖြူရော် သွား၏။ သည်ကောင်းကင်ဘုံ သားရဲအစာ ဝင်သွားသော လိုဏ်ဂူနံရံပေါ်ရှိ အပေါက်လေးထဲတွင် အနည်းဆုံး ကောင်းကင်ဘုံသားရဲအစာ ထောင်ပေါင်းများစွာ ရှိနေခဲ့လေ၏။

ထိုအခိုက်တွင် ညီခြောက်ကလည်း ထိုအခြင်းအရာကို သတိပြုမိသွားပြီး သူ့ပုံစံက ရုပ်စိုးလို့သွား၏။ သည်နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီးနောက်သို့ ခပ်ဖြည်းဖြည်း ပြန်ဆုတ်၏။

သို့သော် နောက်ကျသွားလေပြီ။ ကောင်းကင်ဘုံ သားရဲအစာက ထိုအပေါက်လေးထဲမှ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး သူတို့နှစ်ယောက် ရှေ့သို့ လျှပ်တစ်ပြက် ရောက်လာခဲ့တော့သည်။

တတိယအစ်ကို၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူက ချက်ချင်း အော်ဟစ်လိုက်၏။ “ဓားဝိညာဉ်နှစ်ခု ကမ္ဘာ”

သူ့ဓားက လေထဲတွင် ပျံသန်း သွားပြီး ရှေ့သို့ ခုတ်ချ၏။ ညီခြောက်ကလည်း အံကြိတ်၍ သူ့ဓားကို ထုတ်၍ ခုတ်ချလိုက်သည်။

ရုတ်တရက် ဓားအလင်းတန်း စွမ်းအင်နှစ်ခုက သူတို့နှစ်ယောက်ထံ တိုးဝင်လာသော ကောင်းကင်ဘုံသားရဲ အစာများထံသို့ တိုးဝင်သည်။ ထို့နောက် ၎င်းစွမ်းအင်က နံရံပေါ်ရှိ အပေါက်ကို ထိမှန်သွားပြီး အပေါက်ဝကို ဆယ်မီတာခန့် ကျယ်ပြန့် သွားစေသည်။

သည်စွမ်းအားက အခြေမခိုင်ဖြစ်နေသော ကောင်းကင်ဘုံ သားရဲ ဘုရားကျောင်းကို များစွာ ပျက်စီးသွားစေ၏။

သည်အခါ နံရံအပေါက်ထဲရှိ အစာများစွာ၏ အလင်းအမျှင်တန်းများက ပိုမိုထွက်ပေါ် လာကြသည်။ သည်လိုဏ်ဂူအတွင်းရှိ အမည်းရောင် အရိုးစုကလည်း မျက်လုံးကလည်း ဖျတ်ခနဲ ပွင့်သွားသည်။

“သွားကြစို့…” တတိယအကိုက ပြောပြီးပြီးချင်း ချက်ချင်းနောက်သို့ ပြန်ဆုတ်၏။ ညီခြောက်ကလည်း အလျင်အမြန် ပြန်ဆုတ်သည်။

သည်နှစ်ယောက် နောက်ဆုတ်သောအမြန်နှုန်းက သည်အလင်း အမျှင်တန်းများနှင့် နှိုင်းယှဉ်လို့ မရပေ။ ထို့ကြောင့် ခဏအကြာတွင် သည်အမျှင်တန်းများက သူတို့နှစ်ယောက်ကို မှီလာခဲ့သည်။ တတိယအစ်ကို၏ မျက်လုံးထဲ၌ ရက်စက်ဟန်များပေါ်လာပြီး သူက လက်မြှောက်၍ သူ့ညီခြောက်၏ ကျောအား ရိုက်ချလိုက်သည်။

ညီခြောက်က ရုတ်တရက် ခေါင်းလှည့်၍ လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။ သူက တတိယအစ်ကို၏ လက်ကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်ပြီး ပြောလိုက်သည်။ “တတိယအစ်ကို ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ…”

ထိုသို့ပြောပြီးနောက် သူ့အော်ရာက ပြောင်းလဲသွားသည်။ သူ့ကျင့်ကြံမှု အဆင့်ကလည်း ရုတ်တရက် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်မှ အလယ်အလတ် အဆင့်သို့ ရောက်သွား၏။ သူက တတိယ အစ်ကို၏ သိုလှောင်အိတ်နှင့် ဓားကို ဖမ်းဆွဲလိုက်ပြီးနောက် သူ့စီနီယာ အစ်ကိုအား ကောင်းကင်ဘုံ သားရဲ၏ အစာများထံသို့ ပစ်ထည့် လိုက်တော့သည်။

“မင်း…” တတိယအစ်ကို၏ အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သို့သော် သူက စကားဆုံးအောင် မပြောရသေးခင်မှာပင် အလင်းအမျှင်တန်းများက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက် လာသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်မှ အရိုးစုသို့ ချက်ချင်း ပြောင်းလဲသွားသည်။

သူ့မူလ စိတ်ဝိညာဉ်က ရုတ်တရက် ပျံသန်း ထွက်လာသည်။ သို့သော် သည်အခိုက်တွင် ညီခြောက်သည် သူ့မူလ စိတ်ဝိညာဉ် လွတ်မြောက်မည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

မူလစိတ်ဝိညာဉ်က မလွတ်မြောက် နိုင်တော့ပေ။ သို့သော် အမည်းရောင် လိုင်းများက ရုတ်တရက် ထွက်ပေါ်လာပြီး မူလ စိတ်ဝိညာဉ်ထဲသို့ တူးဆွ ဝင်ရောက်သွားသည်။ အမည်းရောင် လိုင်းများ ပြန်ထွက် သွားသည်နှင့် မူလစိတ်ဝိညာဉ်က ၎င်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

“စိတ်မကောင်းပါဘူး စီနီယာအကို…” မည်သို့ ဖြစ်ပျက်သွားသည်ကို ကြည့်ပြီး ညီခြောက်က သည်အခွင့်ရေးကို အသုံးပြု၍ လျင်မြန်စွာ လွတ်မြောက်အောင် ကြိုးစားလိုက်၏။

သည်လူက ဝမ်လင်းပုန်းနေသော နေရာသို့ ဖြတ်ကျော် သွားသည့်အခါ ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သို့သော် သူက အလျင်စလို မလှုပ်ရှားပေ။

ညီခြောက်က ဝမ်လင်းကို ဖျတ်ခနဲ ကျော်သွားသည်။ သိပ်မကြာခင်မှာပင် အလင်းအမျှင်တန်း များကလည်း သူ့အား ကျော်သွားသည်။ ဝမ်လင်းက သည်အလင်း အမျှင်တန်းများ ဖြတ်ကျော် သွားသည့် အခိုက်တွင် အလွန်စိုးရိမ် ပူပန်မိနေသည်။

အလင်းအမျှင်တန်းက ခဏတာ တုံ့ဆိုင်းသွားသေး၏။ သို့သော် ၎င်းက ညီခြောက်နောက်သို့ ဆက်လိုက် သွားသည်။

သည်အလင်းအမျှင်တန်းများ ဖြတ်ကျော် သွားပြီးနောက် ဝမ်လင်းက အချိန်ခဏ စောင့်နေသေးသည်။

သည့်နောက် ဝမ်လင်းက လိုဏ်ဂူထဲတွင် ပြန်ပေါ်လာခဲ့သည်။ ရုတ်တရက် အချို့ ကျန်နေသေးသော် အမျှင်တန်းများက ဝမ်လင်းထံသို့ ရောက်လာခဲ့သည်။ ဝမ်လင်းက နှခေါင်းရှုံ့လိုက်ပြီး အတားအဆီးအလံကို အသုံးပြု၍ ၎င်းအမျှင်တန်းများကို ပိတ်ဆို့ လိုက်သည်။

သူက အချိန်ခဏသာ ရကြောင်းသိသည်။ ထို့ကြောင့်သူက အရိုးစုလက်ထဲရှိ ဓားရှိရာသို့ တုံ့ဆိုင်းခြင်းမရှိဘဲ အမြန်ရောက်အောင်သွားရပေမည်။

သို့သော် သည်ဓားထံမှ အားကောင်းသော ဖိအား ထွက်ပေါ်လာသည်။ ဝမ်လင်းလက်က အပေါက်လေးများ ဖြစ်သွားပြီးနောက် သူက နောက်သို့ မြန်ဆန်စွာ ဆုတ်လိုက်ရသည်။

ထိုအခိုက်တွင် ညီခြောက်နောက်သို့ လိုက်သွားသည့် အလင်းအမျှင်တန်းများက ပြန်ဝင် လာခဲ့သည်။ ဝမ်လင်းက နတ်ဘုရား အာရုံဖြင့် သည်အဖြစ်ကို တွေ့သည်အခါ သူက ဓားကိုယူရန် လက်လျှော့လိုက်ပြီးနောက် ကျောက်စိမ်းပြားကိုသာ ယူလိုက်သည်။

သူက အရိုးစု ရင်ဘတ်ပေါ်ရှိ သတ္တုအပိုင်းအစကို မယူဘဲ လိုဏ်ဂူထဲမှ လျင်မြန်စွာ ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီး နံရံတစ်လျှောက် လှုပ်ရှားလိုက်သည်။ သည့်နောက် အလင်း အမျှင်တန်း များက လိုဏ်ဂူထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် လိုဏ်ဂူထဲ၌ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာ၏။ သည့်နောက် အမည်းရောင် လိုင်းများက လိုဏ်ဂူထဲမှ ထွက်လာခဲ့ပြီး ဝမ်လင်း ထွက်သွားသော နေရာသို့ ရောက်လာခဲ့သည်။

ဝမ်လင်းက လိုဏ်ဂူကို ဖြတ်၍ မြန်နိုင်သမျှ မြန်အောင် လှုပ်ရှားနေသည်။ သူက ပျံသန်းနေစဉ်မှာပင် လေလွင့် ဝိညာဉ်အချို့ကို ထုတ်ဖော်၍ သည်အမည်းရောင် လိုင်းများကို ရှုပ်ထွေးမှု ဖြစ်စေပြီး သူ့အား ကူညီစေလေသည်။

သူက လွတ်မြောက်အောင် ထွက်ပြေးနေစဉ် လေလွင့်ဝိညာဉ် တစ်ခုပြီးတစ်ခု ဖျက်ဆီး ခံနေရသည်ကို ခံစားမိ၏။

ကောင်းကင်ဘုံ သားရဲ ဘုရားကျောင်းတွင် လိုဏ်ဂူများစွာ ရှိ၏။ သို့သော် အများစုက လွန်ခဲ့သောအချိန်က ကပ်ဘေးကြောင့် ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။

အမည်းရောင် လိုင်းများက နံရံကို ဖြတ်၍ ရူးသွပ်စွာ ထွက်ပေါ် လာနေသဖြင့် လိုဏ်ဂူများသည် တောင့်မခံနိုင်တော့ဘဲ ပြိုကျ ကုန်တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset