Switch Mode

အပိုင်း(၄၆)-ပညာရှိစံအိမ်တော်

ဇိမ်ခံစံအိမ်တော်သည် တောင်ထိပ်တွင် တည်ရှိသည်။ သန့်ရှင်းစင်ကြယ်ပြီး မြင့်မြတ်ပုံပေါက်သော သလင်းကျောက်စံအိမ်တော်နံရံများသည် နေရောင်အောင်တွင် အဖြူရောင်တောက်ပနေသည်။

ဝူလင်းယူသည် မီးတောက်ချီလင်းပေါ်တွင်ထိုင်လာကာ စံအိမ်တော်၏ အဓိကဝင်ပေါက်ရှေ့တွင် ဆင်းလိုက်သည်။ ဂိတ်စောင့်များသည် ချက်ချင်းပင်ဒူးထောက်လိုက်ကြကာ လေးစားစွာပြောလိုက်ကြသည်။ “သန့်ရှင်းမြင့်မြတ်တဲ့သားတော်ကို နှုတ်ဆက်ပါတယ်”

ဝူလင်းယူအနည်းငယ်ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောလိုက်သည် “မင်းတို့ထနိုင်ပြီ”

“ကျေးဇူးတင်ပါတယ် သန့်ရှင်းမြင့်မြတ်တဲ့သားတော်” ဂိတ်စောင့်များသည် မတ်တတ်ရပ်လိုက်ကြကာ ကိုယ့်နေရာကိုယ်ပြန်သွားလိုက်ကြသည်။

“စံအိမ် သခင်ကြီးဘယ်မှာလဲ” ဝူလင်းယူမေးလိုက်သည်။

“သခင်ကြီးက လေသာဆောင်ခန်းမမှာ တခြား အိမ်တော်သခင်တွေနဲ့ အရေးကြီးကိစ္စတွေဆွေးနွေးနေပါတယ်” ဂိတ်စောင့်မှ ပြန်ဖြေလိုက်သည်။ “သခင်ကြီးက သန့်ရှင်းမြင့်မြတ်တဲ့သားတော်ပြန်လာရင် လေသာဆောင်ခန်းမကို လာရှာဖို့မှာထားပါတယ်”

“ငါသိပြီ” ဝူလင်းယူ လက်ပြလိုက်ကာ စံအိမ်တော်တံခါးကိုဖြတ်၍ ဝင်လာလိုက်သည်။ သူ လေသာဆောင်ခန်းမဆီသို့ ဦးတည်လျှောက်လာခဲ့လိုက်သည်။ လူအများသည် သူလျှောက်လာသည်နှင့် ရိုသေမှုအရ အရိုအသေပေးလိုက်ကြသည်။

“သန့်ရှင်းမြင့်မြတ်တဲ့သားတော် စံအိမ်တော် သခင်ကြီးစောင့်နေပါတယ်” ဝူလင်းယူအားမြင်သည်နှင့် အဖြူရောင်ဝတ်ထားသော အမျိုးသမီးကပြောလိုက်သည် “ဒီအစေခံနောက်ကို လိုက်သွားလိုက်ပါ”

အမျိုးသမီးတစ်ဦးသည် ဝူလင်းယူအားအထဲသို့ခေါ်ဆောင်သွားလိုက်သည်။ ဗဟိုခန်းမထဲမှ လူများသည် ပြောလိုက်ကြသည်မှာ “စံအိမ်တော် သခင်ကြီး သန့်ရှင်းမြင့်မြတ်တဲ့သားတော်ပြန်လာပါပြီ”

အမျိုးသားတစ်ယောက်သည် ထူးခြားသောအဖြူရောင်ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ အနက်ရောင်ထိုင်ခုံပေါ်တွင်ထိုင်နေသည်။ ချောမေလှသော သူ့မျက်နှာသွင်ပြင်သည် အသက်(၃၀) လောက်ရှိပြီဟုထင်ရသော်လည်း ထိုသူသည် နှစ်ပေါင်းတစ်ထောင်ထက်ပင် အသက်ရှည်သော အမျိုးသားကြီးဖြစ်သည်။

“လင်းယူ စံအိမ်တော်သခင်ကြီးအား နှုတ်ဆက်ပါတယ်” ဝူလင်းယူ အနည်းငယ် ဦးညွတ်လိုက်သည်။

“လင်းယူ မင်းပြန်လာပြီပဲ၊ ငါအခု ဒီတခြားသခင်တွေနဲ့ တချို့အရေးကြီးကိစ္စလေးတွေတိုင်ပင်နေတာ၊ မင်းရဲ့ခုံမှာ မင်းထိုင်လိုက်ပါ” စံအိမ်တော်သခင်ကြီးသည် ခေါင်းညိတ်ကာပြောလိုက်သည်။

“ဟုတ်ကဲ့ပါ စံအိမ်တော် သခင်ကြီး” ဝူလင်းယူ သူ့နေရာသို့လျှောက်သွားကာ ထိုက်လိုက်သည်။

“ကောင်းပြီ ဆက်ကြရအောင်” စံအိမ်တော်သခင်ကြီးက ပြောလိုက်သည်၊ “ငါတို့ဘယ်ရောက်သွားပြီလဲ”

“စံအိမ်တော် သခင်ကြီး ရှီမန်မျိုးနွယ် ပျက်စီးတဲ့ အကြောင်းကိုပြောနေကြတာပါ” စံအိမ်တောင် သခင်မတစ်ယောက်ကပြောလိုက်သည်။

“ကောင်းပြီ ငါတို့ ဒီရှီမန်မိသားစု ပျက်စီးသွားစေတဲ့ အကြောင်းကို ဖော်ထုတ်ရမယ်မဟုတ်လား” စံအိမ်တော်သခင်ကြီးက ပြောလိုက်သည်။

“ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ တရားခံကတော့ သူတို့နဲ့အမြဲစစ်ဖြစ်နေတဲံ ဇုံကျန်မိသားစုဖြစ်ပါတယ်” စံအိမ်တော် အခွဲသခင်ကပြောလိုက်သည်။

“မျိုးနွယ်ရဲ့ ပြီးခဲ့တဲ့ ပြဿနာတွေကို ဂရုစိုက်စရာမလိုဘူး၊ ဒါပေမယ့် ရှီမန်မျိုးနွယ်မှာ ရှီမန်ယူယူလို့ခေါ်တဲ့ သမီးတစ်ယောက်ရှိတယ်လို့ကြားတယ် သူမရဲ့ ဝမ်းတွင်းပါ လက်ဆောင်က အရမ်းတန်ဖိုးကြီးတယ်၊ ငါတို့ရှာချင်တဲ့ မြင့်တဲ့အမျိုးသမီးမလား” စံအိမ်တော်သခင်ကြီးကမေးလိုက်သည်။

“စံအိမ်တော်သခင်ကြီးကို ပြန်ဖြေရရင်၊ ဒီကိစ္စကို စုံစမ်းခိုင်းလိုက်တဲ့ လူကပြန်ရောက်လာပါပြီ၊ ရှီမန်ယူယူက အားကောင်းတဲ့ဝမ်းတွင်းပါ အရည်အချင်းရောရှိပြီး ရှုထောင့်မျိုးစုံဝိညာဉ်သခင်ပါ ဒါပေမယ့် သူမမှာ ရှုထောင့် သုံးခုပဲရှိပြီး မတူညီတဲ့ ရှုထောင့်လေးမျိုးတော့မပိုင်ဆိုင်သေးပါဘူး ဒါကတော့ ကောလဟလပါ” စံအိမ်တော်အခွဲ သခင်ကပြောလိုက်သည် “ထပ်ပြီးတော့ သူမကဇုံကျန်မျိုးနွယ်ရဲ့ အသတ်ခံလိုက်ရတယ် အဲအချက်ကတော့ လုံးဝသေချာပါတယ်”

ဝူလင်းယူသည် သူ့နေရာတွင်တွင်ကာ ရှီမန်ယူယူအကြောင်း ပြောနေသည်ကိုနားထောင်၍ ရှီမာယူယူအားစဉ်းစားမိနေသည်။ သူ မထွက်လာခင် သူမအားအမျက်ဒေါသထွက်အောင်ပြုလုပ်ခဲ့သည်ကို တွေးကာ ပြုံးမိတော့သည်။

“ဒီအကြောင်းကြောင့်ပဲ ရှီမန်မိသားစုကို ဂရုစိုက်စရာမလိုတော့ပါဘူး” စံအိမ်တော်သခင်ကြီးကပြောလိုက်သည်။

“ဟုတ်ကဲ့ပါ စံအိမ်တော်သခင်ကြီး” ထိုလူသည်ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော်တို့ စုံစမ်းလိုက်တဲ့အခါမှာ ဇုံကျန်မိသားစုမှာ ဇုံကျန်ဟန်ယူလို့ခေါ်တဲ့ သခင်မလေးရှိတယ်ဆိုတာသိခဲ့ရပါတယ် သူမက အရည်အချင်းရှိတဲ့သူပါ၊ သူမကို ကျွန်တော့် ပညာရှိစံအိမ်တော်ကို အခစားဝင်ခိုင်းမလို့ပါ”

“သူမက ရှေ့ဖြစ်ဟောပြောတဲ့ဆီက အမျိုးသမီးလား” စံအိမ်တော်သခင်ကြီးကမေးလိုက်သည်။

“မဟုတ်ပါဘူး သူမက ရွှေနဲ့ မီးအရည်အချင်းရှိတဲ့ ရှုထောင့်နှစ်မျိုး ဝိညာဉ်သခင်ပါ” စံအိမ်တော်အခွဲ သခင်ကပြောလိုက်သည်။ “သူမက အမှန်တကယ် ရှုထောင့်နှစ်မျိုးဝိညာဉ်သခင်ဖြစ်ကြောင်းကို  ကျွန်တော်တို့ လူတွေနဲ့စမ်းသပ်ပြီး အတည်ပြုပြီးပါပြီ”

“သူမက ရှုထောင့်နှစ်မျိုးဝိညာဉ်သခင်ဆိုတာသေချာရင် ဝင်ခွင့်ပြုလိုက်တော့” စံအိမ်တော်သခင်ကြီးသည် ဘယ်ဘက်လက်ကို ဝေ့ပြလိုက်ကာ သူ၏ ညာဘက်လက်သည် လက်တင်ပေါ်တွင်တင်ထားရာမှ နဖူးပေါ်ကို တင်လိုက်ပြီးပြောလိုက်သည် “တင်ပြစရာလာတွေရှိသေးလဲ”

“စံအိမ်တော်သခင်ကြီး ကျွန်တော် စီမံနေစဉ်အတွင်းမှာ ရှုထောင့်လေးခု ဝိညာဉ်သခင်ကိုရှာတွေ့ခဲ့ပါတယ်” တခြား အေးစက်သော ပုံစံရှိသော စံအိမ်တော်အခွဲ သခင်ပြောလိုက်သည်။

“သူမက ရှုထောင့်လေးမျိုးဆိုတာ သေချာလား”

“သေချာပါတယ် စံအိမ်တော်သခင်ကြီး၊ အခုမှစ,ကျင့်ကြံတဲ့ ဆယ်နှစ်သမီး မိန်းကလေးပါ၊ မျိုးနွယ် အရည်အချင်းစစ်တုန်းမှာ သူမက ရှုထောင့်လေးမျိုးပိုင်ဆိုင်တယ်ဆိုတာ သိရှိခဲ့ပါတယ်”

“သူမက ရှေ့ဖြစ်ဟောတဲ့ဆီက ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီတိုင်းထားလို့ တော့မရဘူး” လူတစ်ယောက်၏ အသက်တန်ဖိုးသည် သူ့အတွက် ဘာမှမဟုတ်သလိုပင် စံအိမ်တော်သခင်ကြီးသည် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကျွန်တော် အရည်အသွေးမြင့်တဲ့သူတွေကို ခေါ်ပြီး သူမကို ကျွန်တော်တို့မျိုးနွယ်ရှိတဲ့ စံအိမ်တော်ကို ခေါ်လာဖို့ အမိန့်ပေးပြီးပါပြီ၊ သူမကို မသုတ်သင်ခင်မှာ စံအိမ်တော်သခင်ကြီးကို အစီရင်ခံချင်လို့ပါ”

“ကောင်းတယ်၊ အဆင့်တွေမြင့်လာရင် လူထောင်ချီသတ်မှာကို ရှောင်ဖို့ အတွက် ငါတို့ တစ်ယောက်မှ လွှတ်ပေးလို့မရဘူး၊ သူတို့က မိန်းကလေး ဖြစ်ပါစေ ရှုထောင့်လေးမျိုးဒါမှမဟုတ် အဲထက်ပိုရင် လွှတ်ထားလို့မရဘူး၊ နားလည်ကြလား” စံအိမ်တော်သခင်ကြီး သတိပေးလိုက်သည်။

“နားလည်ပါတယ်”

“……..”

ဝူလင်းယူ ဘာစကားတစ်ခွန်းမှမပြောပဲ သူ့နေရာတွင်ထိုင်ကာ စိတ်ထဲတွင် အေးစက်စွာရယ်မိသည်။ ဒါက ‘စင်ကြယ်ပြီး မြင့်မြတ်တဲ့’ ပညာရှိစံအိမ်တော်ပဲ။ သူတို့မျက်လုံးထဲမှာတော့ တခြားသူတွေရဲ့အသက်က မြက်ပင်တစ်ပင်လောက်တောင် တန်ဖိုးမရှိပါ။ အဲဒါက အရှေ့ကို ကြိုမြင်တဲ့သူတွေရဲ့ သွားရာလမ်းပဲ။

ခဏအကြာတွင် သူတို့ဆွေးနွေးမှုပြီးဆုံးသည့်အခါတွင် စံအိမ်တော် သခင်ကြီးနှင့် ဝူလင်းယူနှစ်ယောက်သာ ကျန်ခဲ့သည်။

“ဒီလောက်အချိန်ကြာအောင် ဘယ်လိုတွေသွားလာနေတာလဲ” စံအိမ်တော်သခင်ကြီးသည် ဝူလင်းယူအားမေးလိုက်သည်။

“စံအိမ်တော်သခင်ကြီးက ပြန်လည်ဖြေကြားပါတယ် ရီလင်းတိုက်မှာ လှုပ်ရှားမှုတွေရှိနေတယ်လို့ကြားလို့ သွားကြည့်တာပါ” ဝူလင်းယူပြန်ဖြေလိုက်သည်။

“မသင်္ကာစရာလူတွေ တွေ့ခဲ့လား”

“မတွေ့ခဲ့ပါဘူး” ဝူလင်းယူ ယုံကြည်မှုရှိစွာပြောလိုက်သည်။ “ရီလင်းတိုက်က ဒီမှာအနိမ့်ကျဆုံးတိုက်ပဲ အရည်အချင်းရှိတဲ့သူကို ရှာဖွေရတာ ကောင်းကင်ကိုသွားတာထက်တောင်ခက်ခဲပါတယ်”

မသင်္ကာစရာ မိန်းကလေးတစ်ယောက်ကို ပြောရမည်ဆိုလျှင် ရှီမာယူယူကို သေချာပေါက်စဉ်းစားမိမည်ဖြစ်သည်။ သို့သော် ဒီအကြောင်းနှင့်ပတ်သတ်၍ ပြောရန်အစီအစဉ်မရှိပေ။

“အဲလိုဆိုတောင် ဂရုမစိုက်ပဲ မနေသင့်ဘူး” စံအိမ်တော် သခင်ကြီးသည် သတိပေးလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ” ဝူလင်းယူသည် ခေါင်းအားအနည်းငယ် နိမ့်လိုက်ကာ သူပြောခဲ့သည်များကို စဉ်းစားကာ သူ့နှလုံးဆီသို့ကြည့်လိုက်သည်။

“မင်းရဲ့ ခန္ဓာကိုယ်ရောဘယ်လိုလဲ” စံအိမ်တော် သခင်ကြီးသည် စိုးရိမ်စွာဖြင့်မေးလိုက်သည်။

“စံအိမ်တော်သခင်ကြီးက ပြန်လည်ဖြေကြားပါတယ် အမြဲတမ်းဒီလိုပါပဲ ကျွန်တော့်ဆရာကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတုန်းလို့ပြောပါတယ်” ဝူလင်းယူပြန်ဖြေလိုက်သည်။

စံအိမ်တော်သခင်ကြီးသည် မှော်ဝင်လက်စွပ်မှ ကျောက်စိမ်းရောင်ပုလင်းအားထုတ်ကာ ပြောလိုက်သည်။ “ဒီဆေးလုံးက တခြားသူတွေနဲ့ စမ်းသပ်ပြီးသားပဲ၊ အဲဒါက လိပ်ပြာကို ကောင်းကောင်းအားဖြစ်စေတယ်၊ ယူပြီး ကောင်းကောင်းအသုံးပြုလိုက်”

ဝူလင်းယူ လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းပုလင်းအား ယူလိုက်ကာ ပြောလိုက်သည်။ “စံအိမ်တော်သခင်ကြီးရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်”

“မင်းဟာ ငါရွေးချယ်ထားတဲ့ သန့်ရှင်းမြင့်မြတ်တဲ့သားတော်ပဲ မင်းက ငါ့ရဲ့ ဆက်ခံသူပဲ၊ မင်းကို ဂရုစိုက်ကြောင်း ပြရမှာပေါ့” စံအိမ်တော်သခင်ကြီး အနည်းငယ်ပြုံးလိုက်သည်။ “နောက်ကို တစ်ခုခုရှိရင် မျိုးရိုးနိမ့်တဲ့သူတွေကို မင်းကို စစ်ဆေးဖို့ခေါ်လိုက်လေ၊ ကိုယ်တိုင်သွားဖို့မလိုပါဘူး”

“ကျွန်တော်နားလည်ပါပြီ”

“ကောင်းပြီ မင်းသွားပြီးနားတော့” စံအိမ်တော်သခင်ကြီးသည် လက်ကိုမြှောက်ပြကာပြောလိုက်သည်။

“ကောင်းပါပြီး ဒါဆိုကျွန်တော် အောက်ကို အရင်ဆင်းနှင့်ပါမယ်”

“သွားပါ အဲဒီဆေးကို သောက်ဖို့မမေ့နဲ့နော်” စံအိမ်တော်သခင်ကြီး တိုက်တွန်းလိုက်သည်။

“ကောင်းပါပြီ သွားပြီးကောင်းကောင်းသောက်လိုက်ပါမယ်” ဝူလင်းယူပြောလိုက်သည် “လင်းယူ သွားလိုက်ပါဦးမယ်”

ဝူလင်းယူ လှည့်ထွက်လာကာ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာခဲ့လိုက်သည်။ သူအဝင်ပေါက်ရောက်သောအခါ စံအိမ်တော်သခင်ကြီး၏ အသံထွက်လာသည်ကို ကြားလိုက်ရသည်။

“သန့်ရှင်းမြင့်မြတ်တဲ့ မိန်းကလေး ဒီရက်ပိုင်းအတွင်းပြန်လာလိမ့်မယ်၊ အဲအချိန်ကျရင် သူမကို ကြိုဆိုဖို့ လူတချို့ ကိုခေါ်ထားလိုက်”

ထိုစိတ်တိုစရာကောင်းသော မိန်းကလေးအားစဉ်းစားလျှင် သူမအရည်သည် နံရံထက်ပင်ထူ၍ အမြဲတမ်း မာနကြီးနေသည်လေ။ ဝူလင်းယူ စိတ်ခုသွားသည်။ သို့သော် လှည့်လျက်နှင့်ပင် ပြန်ဖြေလိုက်သည် “ဟုတ်ကဲ့”

ထိုအချိန်တွင် တရုတ်ပြည်မကြီး ပူလွောင်တောင်တန်းတွင် ရှီမာယူယူသည် ရာဟွောင်ကို စီးကာ လွတ်မြောက်ခဲ့လေသည်။ အစက သူမ တွေးထားသည်မှာတောင်တန်းမှထွက်သွားရုံပင် သို့သော် ကီလိုမီတာ ရာချီအလိုက်ခံလိုက်ရသည်။

ရာဟွောင်ကိုစီးကာ နေ့တစ်ဝက်လောက်ပြေးပြီးနောက်တွင်တော့ ဝူလင်းယူ သူမအားပြောသော ‘အနီးနားက မြို့’ အား မြင်ရလေသည်။

“ငါတို့ အဝေးကြီးပြေးခဲ့တာပဲ ဒါသူပြောတဲ့ အနီးနားကမြို့မလား” ရှီမာယူယူ ရာဟွောင်အား ဝိညာဉ်ပုလဲအတွင်းသို့ ထည့်လိုက်သည်။ “ငါသူ့ကိုတွေ့တဲ့အချိန်ကျရင်တော့ သေချာပေါက် အရေခွံခွာပစ်မယ်”

သူမ မြို့အတွင်းသို့ဝင်လိုက်သည်။ လူတိုင်းသည် ဖရိုဖရဲဖြစ်နေသော သူမအားမြင်သော်လည်း မည်သူမှ မရယ်ပါ။ ပြောရမည်ဆိုလျှင် အံ့သြချီးကျူးသည့်အမူအရာတောင်ဖြစ်နေသေးသည်။

“မေးပါရစေ ဝိညာဉ်သားရဲကုန်သည်တွေဆီကို ဘယ်လိုသွားရမလဲ” ရှီမာယူယူ လမ်းသွားလမ်းလာ လူတစ်ယောက်ကို မေးလိုက်သည်။

“သခင်ကြီး၊ တည့်တည့်လျှောက်သွားလိုက်ပါ လမ်းနှစ်လမ်းဖြတ်ပြီးပြီ ဆိုရင် ဘယ်ဘက်ကိုကွေ့ပြီးရင်တော့ ရောက်ပါပြီ” ဖြတ်မေးခံလိုက်ရသော် လမ်းသွားလမ်းလာသည် ကြည်ညိုစွာဖြင့် ပြန်ဖြေသည်။

“သိပါပြီ ကျေးဇူးပါ” ထိုသို့ ကြည်ညိုစွာအကြည့်ခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၍ ရှီမာယူယူသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။

ဒီနေရာက လူတွေသည် သူမအားမသိသော်လည်း အကြည့်တစ်ချက်နှင့်ပင် သူမသည် ပူလွောင်တောင်တန်းမှ လာသည်ကိုပြောနိုင်ကြသည်။ ပူလွောင်တောင်တန်းကို တစ်ယောက်တည်းသွားနိုင်သူသည် အလွန်တရာအားကောင်းသည်ဟု ယူဆကြသည်။ လူတိုင်းသည် ချက်ချင်းပင် ကြည်ညိုသော အမူအရာပြကြသည်။

သူမသည် ထိုသူ၏ လမ်းညွှန်မှုအတိုင်းလိုက်လာခဲ့ပြီး မြို့တော်ဆီသို့ ပြန်သွားရန် ဖြတ်လမ်းဝင်္ကပါရှိသော ဝိညာဉ်သခင်ကုန်သည်ဆီသို့ ရောက်လာ ခဲ့သည်။

သူမအားတွန်းလိုက်သောသူအား ပြန်တွေးလိုက်ပြီး သူမ လှောင်လိုက်သည်။ သူမ ပြန်သွားပြီး သေချာပေါက် လက်စားချေမည်လေ။


Comment

Leave a Reply

Options

not work with dark mode
Reset