သူတို့နှုတ်ခမ်းများသည် နူးညံ့စွာနှင့် အနည်းငယ်အေးစက်စွာ ထိတွေ့လိုက်ကြသည်။
ဝူလင်းယူသည် မျက်လုံးများအား ကြည်နူးစွာမှိတ်လိုက်သည်။ ထိုခံစားချက်သည် သူထင်ထားတာထက်ပင် ပို၍ခံစားလို့ကောင်းသည်။
“အမ်” သူအာရုံမစိုက်မိသည်ကို ရှီမာယူယူအခွင့်ကောင်းယူကာ သူ့နှုတ်ခမ်းများအားကိုက်လိုက်သည်။ ထို့နောက် သူမငုံ့ကာ သူ၏ချုပ်ထားခြင်းမှ ဖယ်ထွက်လိုက်သည်။
“ခင်ဗျားရူးနေတာလား” သူမ အဝေးတွင်ရပ်လိုက်ကာ ဝူလင်းယူအား သတိလက်လွတ်ကြည့်လိုက်သည်။
ဝူလင်းယူသည် သူ့နှုတ်ခမ်းများကို ထိလိုက်သည်။ သူ့သွေးအနံ့ကို သူ အနံ့ရနေသည်။
“မင်းတကယ်ပဲ ငါ့ကိုရက်ရက်စက်စက်ကိုက်လိုက်တာပဲ” သူ့မျက်နှာသည် အနည်းငယ်မျှ တည်ငြိမ်မှုမရှိပဲ သူရေရွတ်လိုက်သည်။
“အင်းလေ” ရှီမာယူူယ သူ့အားစူးရှစွာကြည့်ကာပြောလိုက်သည် “ဒီသခင်ကြီးက တကယ်ပြောနေတာနော် ခင်ဗျားလို ယောက်ျားမျိုးကို စိတ်မဝင်းစားဘူးလို့”
“သြော် ဟုတ်လား မင်း ယောက်ျားတွေကိုဆို လက်မလွတ်ပဲ နောက်ကနေလိုက်တယ်ဆိုတာ ငါကြားတယ်၊ မင်းက ယောက်ျားတွေအကုန်လုံးကို စိတ်ဝင်စားတာလား” ဝူလင်းယူ သူ့နှုတ်ခမ်းမှ သွေးများကို သုတ်ကာ ပြောလိုက်သည်။
“အဲဒါတွေက ကောလဟလတွေလေ၊ ကောလဟလတွေကို မယုံရဘူးလို့ ခင်ဗျားကိုပြောပြီးသားလေ၊ ဒီသခင်ကြီးက လှတဲ့မိန်းကလေးတွေကိုပဲ ချစ်တတ်တာ” ရှီမာယူယူ မျက်တောင်မခတ်ပဲ လိမ်လိုက်သည်။
“ဟားဟား” ရှီမာယူယူ အခြေအနေအားကြည့်၍ သူမရယ်ဘဲမနေနိုင်တော့ပေ။
“မင်း ယောက်ျားတွေကိုကြိုက်တာမလား” ရှီမာယူယူ သူနှင့်အရွယ်တိုင်းလိုက်သည်။ ထို့နောက် တစ်နေရာမှကြားခဲ့သည့်အတိုင်း သူမပြောလိုက်သည်။ “ခင်ဗျားက ယောက်ျားအစစ်မဟုတ်ဘူး”
ဝူလင်းယူ ရှီမာယူယူ၏ ရိုးသားသော အကြည့်ကို မြင်သည်နှင့် သူ့မျက်နှာထားသည် လျော့သွားသည် “မင်းဘာပြောတာလဲ”
“ခင်ဗျား ယောက်ျားအစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် ကျွန်တော် စိတ်မဝင်စားဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကနေ ထွက်သွားမှာပဲလေ၊ နောက်ဆုတစ်ဝက်ကို ခင်ဗျားပေးသင့်နေပြီ၊ ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ ကိုယ့်လမ်းကို သွားကြရတော့မယ် ဘယ်တော့မှထပ်မတွေ့တော့ဘူး”
“ဘယ်တော့မှ ထပ်မတွေ့ဘူး ဟုတ်လား” ဝူလင်းယူ သူ့ခန္ဓာကိုယ်အား အနည်းငယ်ရွေ့လိုက်ကာ ရှီမာယူယူ ဘေးတွင် ရပ်လိုက်သည်။ သူ၏ လှုပ်ရှားမှုကို သူမ အလုံးစုံမမြင်ရသော်လည်း သူ၏စွမ်းအားကြောင့် သူမချိုးနိမ်ခံရသည်ကို ခံစားရပြီး သူမကိုယ်သည် လှုပ်လို့မရတော့ပေ။
ဝူလင်းယူ ကျောက်စိမ်းပုလင်းအားထုတ်ကာ ရှီမာယူယူလက်ဖဝါးအတွင်းသို့ ထည့်လိုက်သည်။ ပြီးနောက် သူမနားတွင်ကပ်ကာ ပြောလိုက်သည် “မင်းရဲ့ ခန္ဓာကိုယ်အနံ့ကို ပြောင်းဖို့သတိရပါ ဒါမှမဟုတ်ရင် အဲဒီ အဆင့်မြင့်တဲ့ ဝိညာဉ်သားရဲတွေရဲ့ အနံ့ခံမှုကို မင်းရှောင်လို့ရမှာမဟုတ်ဘူး မိန်းကလေး”
ရှီမာယူယူ အေးခဲသွားသည် သူမမိန်းကလေးဖြစ်သည်ကို သူသိနေခဲ့တာလား။
ရှီမာယူယူ၏ အမူအရာကို ဝူလင်းယူကျေနပ်စွာကြည့်၍ ပြုံးကာ သူမနှုတ်ခမ်းပေါ်သို့ နောက်ထပ်အနမ်း တစ်ပွင့်ထပ်ပေးလိုက်လေသည်။ ပြီးနောက် သူပြောလိုက်သည်မှာ “ငိုတတ်ပြီး ညည်းညူတတ်တဲ့ မိန်းကလေးတွေကို မကြိုက်တတ်ပေမယ့် ငါတို့က ညတွေအများကြီး တစ်အိပ်ရာထဲအိပ်ခဲ့တာပဲလေ၊ ငါက တာဝန်မယူတတ်တဲ့သူမဟုတ်ပါဘူး မင်းကို ငါ့မိန်းကလေးအဖြစ် အသိအမှတ်ပြုပါမယ်”
ရှီမာယူူယူ ဝူလင်းယူအား စူးရှသောအကြည့်ဖြင့်ကြည့်လိုက်သည်။ ဒီလူက အစကတည်းက အကုန်သိပြီးသားကို သူနှင့် တစ်အိပ်ရာထဲအတူအိပ်ခဲ့သည်။ အခုသူပြောသည်မှာ သူမသည် သူ၏ မိန်းကလေး။ သူမသာ အချုပ်တည်းမခံရရင် သူမဓားမြောင်ထုတ်ကာ သူ့နှလုံးသားဆီသို့ တည့်တည့်မတ်မတ်ထိုးပြီးပြီ။
သူမ မျက်လုံးထဲမှ ဒေါသကို ဝူလင်းယူမြင်သည်နှင့် ပျော်ရွှင်စွာရယ်မောလိုက်သည်။ သူလက်ကို ဆန့်ထုတ်ကာ သူမ၏ ချောမွေ့သောမျက်နှာအားထိကာ ပြောလိုက်သည် “မင်းက ဒေါသထွက်တဲ့အချိန်မှာတောင် ချစ်စရာကောင်းနေတာပဲ၊ နောက်တစ်ခါငါတို့တွေ့တဲ့အချိန်ကျရင် မင်းလည်းနည်းနည်းရင့်ကျက်နေလောက်ပြီ၊ နောက်တစ်ခါတွေ့မယ်နော် ပြီးရင် ငါ့အတွက် မင်း မိန်းကလေးအဝတ်အစား ဝတ်ပေးဖို့ သတိရလိုက်ပါ”
ခင်ဗျားမြင်ဖို့ ကျွန်တော် အဝတ်စုတ်ဝတ်ပြမယ်။
“ဟားဟား” သူမ ဒေါသထွက်သည့်ပုံကိုမြင်ရသည်ကို သူနှစ်သက်သည်ကို ဝူလင်းယူသဘောပေါက်လိုက်သည်။ သူမ လက်မှ လည့်စားခြင်းလက်စွပ်အား သူချွတ်လိုက်သည်နှင့် သူမပုံစံသည် ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူမတွင် ပြားကပ်သော ရင်သားမရှိတော့ပေ။
“ဆိုတော့ မင်းဒီမှာ တစ်ခုခုတော့ရှိသင့်တယ်” သူသဘောကျစွာ ခေါင်းညိတ်လိုက်သည်။ သူလက်ကို အသုံးပြုကာ သူမရင်ဘတ်အရွယ်အစားကို လက်ဟန်ပြကာခန့်မှန်းလိုက်သည်။
ယုတ်တမာကောင်၊ မိုက်ရိုင်းလိုက်တာ။
“ငါ့ကို ကျိန်ဆဲလိုက်တာလား ငါကဒီအတိုင်းပဲ သူတို့ရဲ့ထုထည်ကိုပဲတိုင်းလိုက်တာပါ” ဝူလင်းယူပြောလိုက်သည်။ ပြီးနောက် သူနောက်ထပ်လက်စွပ်တစ်ကွင်းအားထုတ်လိုက်ကာ ရှီမာယူယူ၏ လက်ချောင်းအား ဖောက်လိုက်သည်။ ထိုလက်စွပ်ပေါ်သို့ သူသွေးတစ်စက်နှင့် သူမသွေးတို့ကို ချလိုက်ကာ သွေးစက်များအထဲဝင်သွားသည်အထိစောင့်နေလိုက်သည်။ သူလက်စွပ်အား ပြန်စွပ်ပေးလိုက်ကာ ရှီမာယူယူသည် ယောက်ျားတစ်ယောက်ပုံစံသို့ပြန်ပြောင်းသွားတော့သည်။
ဝူလင်းယူ သူမလက်ချောင်းတွင် လက်စွပ်ဝတ်ဆင်ပေးနေသည်ကို ကြည့်ရင်း အရင်ကမ္ဘာတွင် လက်ထပ်ထိမ်းမြားရာတွင် လူများ သူတို့အချစ်အတွက် ကတိပြုသည်ကို ရှီမာယူယူ ရုတ်တရက်တွေးမိသွားသည်။ ထိုမြင်ကွင်းသည် သတို့သားမှ သူ၏ သတို့သမီးအား လက်စွပ်ဝတ်ဆင်ပေးသည်နှင့် ဆင်တူသည်။
ရှီမာယူယူ၏ လက်ရှိပုံစံကို ဝူလင်းယူ ကျေနပ်စွာကြည့်ပြီး ပြောလိုက် သည် “ဒီလိုပုံနဲ့ဆိုရင် အဆင့်မြင့်တဲ့ ဝိညာဉ်သားရဲတွေနဲ့ ပက်ပင်းတိုးတောင် မင်းရဲ့ ခန္ဓာကိုယ်ကနေ မိန်းကလေးအနံ့ရမှာမဟုတ်တော့ဘူး၊ ကောင်းပြီ အဲဒီအဘိုးကြီးက ငါ့ကို အနှောင့်အယှက်ပေးပြန်ပြီ ငါသွားရတော့မယ်၊ မင်းက ငါ့မိန်းကလေးဆိုတာမှတ်ထားပါ၊ မင်းတခြားယောက်ျားလေးတွေနဲ့ ပရောပရည်လုပ်လို့မရဘူး၊ တွေ့ကရာဘယ်ပျားကိုမှ မဆွဲဆောင်ပါနဲ့၊ ငါ့ကိုစဉ်းစားဖို့သတိရလိုက်ပါ”
ပြောပြီးသည်နှင့် သူနောက်ထပ် အနမ်းတစ်ပွင့်အား ခြွေလိုက်သည်။
“မိန်းကလေး ငါတို့သဘောတူညီချက်ကို မမေ့ပါနဲ့၊ နောက်တစ်ခါ ငါ့ကို မိန်းကလေးအဝတ်အစားဝတ်ပြဖို့ သတိရပါ”
ခင်ဗျားကြီးသေလိုက်။
“ဟားဟား မင်းဒီနေရာကနေထွက်ရင် အနီးမှာ မြို့ရှိတယ်၊ အဲနေရာမှာ ဖြတ်လမ်းဝင်္ကပါရှိတယ် မင်းအဲဒါနဲ့ မြို့တော်ကို ပြန်လို့ရတယ်” ရှီမာယူယူ၏ လက်ရှိအနေအထားကိုကြည့်၍ သူနောက်ထပ် နှစ်ကြိမ်ရယ်မော၍ လက်နှစ်ဖက်ဖြင့် ထိုနေရာအား ပြန်ဖြေလိုက်သည်။ ရုတ်တရက်ပင် သူ့အနားမှ နေရာသည် သူ့လက်ကြောင့်ပင် ရွေ့လျားသွားပြီး လမ်းကြောင်းပွင်းသွာသည့်ပုံပေါ်သည်။ အနက်ရောင်ဝင်ပေါက်သည် သူ့ရှေ့တွင်ပေါ်လာသည်။
ဝူလင်းယူ ထိုဝင်ပေါက်သို့မဝင်ခင် ကိုယ်ကိုလှည့်ကာ ရှီမာယူယူအားကြည့်၍ ပြောလိုက်သည် “မိန်းကလေး မင်းမိန်းကလေးဖြစ်တာကို တခြားသူတွေကို အသိခံလို့မဖြစ်ဘူးနော်၊ မင်းမှာတစ်ခုခုဖြစ်လာရင် ငါမင်းကို လာကယ်ဖို့မဖြစ်နိုင်ဘူး”
ထိုသို့ပြောပြီးနောက် သူပြန်လှည့်လိုက်ကာ ဝင်ပေါက်သို့ဝင်သွားလေသည်။ သူဝင်သွားပြီးနောက် ဝင်ပေါက်သည် အစကမရှိခဲ့သည့်အတိုင်းပင် ပိတ်သွားတော့သည်။
“သေစမ်း”
ဝူလင်းယူ ထွက်သွားပြီးနောက် ရှီမာယူယူ သူမခန္ဓာကိုယ်အား ထိန်းချုပ်လို့ရတော့သည်။ သူမ အချုပ်ခံရသည့် ခံစားချက်ကို စဉ်းစားလိုက်လျှင် သူမအလွန်ဒေါသထွက်သည်။ သူမအား သူသတ်ချင်သည်ဆိုရင်တောင် သူမအကာကွယ်မဲ့နေသည်။ ပြီးတော့ သူမတွင်တုန့်ပြန်နိုင်ရန်အားမရှိပေ။
သို့သော် ထိုအရာသည် သူမ၏ ပထမဆုံးဝိညာဉ်တိုက်ပွဲဖြစ်သည်။ ရန်သူတစ်ဦးကို သတ်ခြင်း ခံစားချက်ပေါ်မူတည်၍ ကျွမ်းကျင်သူ၏ အားကိုသတ်မှတ်လို့ရသည်မဟုတ်လား။
သူမ လက်ချောင်းပေါ်မှလက်စွပ်အားကြည့်ကာ သူသည် သူမအားမိန်းကလေးဖြစ်ကြောင်းသိသည်၊ ထို့အပြင် သူမအား သုံးကြိမ်တောင်နမ်းသွားသည့် အကြောင်းကိုတွေးနေမိသည်။ သူမ သူ့အားအမှန်တကယ်ပင် သတ်ဖြတ်ချင်စိတ်ပေါက်သွားသည်။
“ခင်ဗျားစောင့်နေပါ ငါလက်စားချေတာကို မလုပ်နိုင်ရင် ခင်ဗျားရဲ့ မျိုးရိုးနာမည်ကိုယူလိုက်မယ်” ရှီမာယူယူသည် နေရာအသစ်ကို ဝင်လာကာ သူမ ကျယ်လောင်စွာ ကြိမ်းဝါးလိုက်သည်။
သူမ ဘဝနှစ်ခုမှာတောင် ထိုအနမ်းသည် ပထမဆုံးအနမ်းဖြစ်သည်။ ထို့သော် ထိုအရာသည် လုယူခြင်းခံလိုက်ရသည်။ ထိုအကြောင်းကို စဉ်းစားလိုက်လျှင် သူမဒေါသထွက်ရသည်။
“ယူယူ….” ဒေါသထွက်ကာ ပေါက်ကွဲမလိုဖြစ်သော ရှီမာယူယူအားကြည့်၍ ဟိန်းသံလေးသည် ဝိညာဉ်ပုလဲအတွင်းမှ မဝံ့မရဲအော်လိုက်သည်။
“မင်းဘာလိုချင်လို့လဲ” ရှီမာယူယူ ဒေါသဖြင့်ပြောလိုက်သည်။
“အဲဒါ ငါဝိညာဉ်သားရဲအများကြီးပြေးသံကို ကြားတယ်၊ မင်းဒီမှာ အချိန်ဆွဲနေရင်….”
ဟိန်းသံလေးပြောပြီးသည်နှင့် များစွာသော ဝိညာဉ်သားရဲများသည် တောင်အနောက်မှပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူမ ပြေးရန် အားအကုန်သုံးလိုက်သည်။ ဝိညာဉ်သားရဲအုပ်သည် အနည်းဆုံးတော့ အကောင်တစ်ရာလောက်ရှိမည်။ အကယ်၍ ကြံ့အုပ်ဖြစ်ပါက သူမအသတ်ခံရတော့မည်။ သူတို့သည် သူ့သွေးနံ့နောက်ကိုလိုက်၍ လက်စားချေရန်ရောက်လာခြင်းဖြစ်မည်။
“သေစမ်း” ရှီမာယူယူ ထပ်၍ မညည်းတော့ပေ။ သူမ ဖိနပ်ကိုချွတ်လိုက်ကာ ပြေးရင်းရာဟွောင်ကို ထွက်လာရန်ခေါ်လိုက်သည်။ သူ နဂိုခန္ဓာကိုယ်ဖြစ်လာသည်ကို စောင့်၍ သူ့နောက်ကျောပေါ်သို့တက်လိုက်ပြီးနောက် ပူလွောင်တောင်တန်းမှ ထွက်လာခဲ့လိုက်တော့သည်။
တခြားလောကမှ လိုဏ်ခေါင်းသည် ပွင့်သွားပြီး ဝူလင်းယူထွက်လာခဲ့လိုက်သည်။ အခုချိန် ရှီမာယူယူ ဘယ်လောက်ဒေါသထွက်နေပြီလဲကို စဉ်းစား၍ သူပြုံးလိုက်သည်။
သူ မီးတောက်ချီလင်းအားခေါ်လိုက်ကာ အသွင်ပြောင်းစေပြီး သူ့ကိုယ်ပေါ်သို့ တက်ထိုင်လိုက်သည်။
“သခင် မင်းရဲ့ အပြုအမူတွေက မင်းနဲ့မတူဘူး” မီးတောက်ချီလင်းသည် ပြောပြီးသည်နှင့် ပျံသန်းလိုက်သည်။
“ဟမ်”
“မင်းတကယ်ပဲ သူ့ကို မင်းရဲ့မိန်းကလေးအဖြစ် သတ်မှတ်တာ မဖြစ်နိုင်ဘူးမလား” မီးတောက်ချီလင်းမေးလိုက်သည်။
“ဘာလို့မဖြစ်နိုင်ရမှာလဲ” ဝူလင်းယူမေးလိုက်သည်။
“ဒါပေမယ့် သူမက မင်းနဲ့အများကြီး ကွာခြားတယ်လေ၊ အိမ်တော်မှာရှိတဲ့ မိန်းကလေးတွေက သူမထက် အဆတစ်ထောင်ထက်မနည်း သာတယ်လေ၊ သူမက အဆင်ပြေတယ်လို့ ဘယ်လိုတွေးလိုက်တာလဲ” မီးတောက်ချီလင်းနားမလည်တော့ပေ။ သူထွက်သွားသည်မှာ လတစ်ဝက်ပင်၊ သို့သော် မိန်းကလေးများနှင့် အရောတဝင်မနေဖူးသော သူ့သခင်သည် ဒီလိုပုံစံဖြစ်လာသည်။
“ဒီကသခင်ကြီးက သူမချက်ပြုတ်တာတွေကို ကြိုက်တယ်လေ” ဝူလင်းယူ ဖြေးညင်းစွာပြောလိုက်သည်။
ရှီမာယူယူသာ ဒီစကားကြားရင် သူမနောင်တရသွားမည်မှာ သေချာသည်။ စောစောကသာသိရင် သူ့အတွက် မည်သည့်အရာမှ ချက်ပေးမည်မဟုတ်ပေ။
ဝူလင်းယူရယ်မောလိုက်သည်။ သူမအား သူ့မိန်းကလေးဖြစ်ရန် လိုလားမှုကို သူကိုယ်တိုင်ပင် မသိခဲ့ပေ။ သို့သော် အခုပြောလိုက်သည်မှာ ယုတ်မာသော စိတ်ခံစားချက်မပါပဲ သူဖြစ်ချင်သည့်အရာကိုသာပြောလိုက်ခြင်းပင်။ ခေါင်းမာသော မျက်နှာ၊ အလျော့မပေးသောပုံစံ၊ ထူးခြားသော အစားအသောက်များကို ချက်ပြုတ်နိုင်သည့်အရည်အချင်း၊ စသည်တို့သည် သူတွေ့ဖူးသော အခြားမိန်းကလေးများနှင့် မတူညီသောအချက်များပင်ဖြစ်သည်။
ထိုအကြောင်းအရာသေးသေးလေးများသည် သူ့ရင်ဘတ်တွင် သူမနေရာယူပြီးဖြစ်ကြောင်းကို ပြသနေသည်။
‘သူ့ရဲ့ မိန်းကလေး’ ပြန်တွေးကြည့်လျှင် ကြည်နူးမှုများပြည့်နှက်ကာ ပြုံးမိတော့သည်။ ဒီလို အမည်တပ်တာ ဆိုးတော့မဆိုးဘူးပဲ။