Switch Mode

အပိုင်း(၃၂၆)

ဆရာ

တစ်နှစ်တာ လှည့်လည် သွားလာပြီးနောက် ဝမ်လင်းက မြို့ငယ်တစ်မြို့တွင် အခြေချ လိုက်သည်။ သူက ဒီမြို့ကို သဘော မကျသော်လည်း ရေခဲရုပ် ဖန်တီးသည့် နည်းစနစ်က သူ့အာရုံကို ဖမ်းစား ထားလေသည်။ ဝမ်လင်းက သစ်သား ပန်းပုများ ထွင်းခဲ့၏။ ထို့ကြောင့်သူက ဒီနည်းစနစ်ကို သစ်သားပန်းပုရုပ်များပေါ်တွင် အသုံးပြုနိုင်မည်ဆိုပါက နောက်ထပ်လက်နက်တစ်ခု ထပ်ရလာမည် ဖြစ်၏။

ထပ်ပြောရလျှင် ဝမ်လင်း ဒီနေရာက ထွက်မသွား ချင်သေးသည့် နောက်ထပ် အရေးကြီးသော အကြောင်းရင်း တစ်ချက်လည်း ရှိသေးလေ၏။ သည်နိုင်ငံတွင် သေမျိုးများက တက်ကြွသည့် ဘဝတစ်ခုကို မပိုင်ဆိုင် ထားကြပေ။ သူတို့က တစ်နေ့လာလည်း ရေခဲရုပ်များ ထွင်းပေးရ၊ နောက်တစ်နေ့လည်း ထိုနည်းအတိုင်းသာ အချိန်ကုန် နေခဲ့သည်။ ဒီအရာက အလွန် ထူးဆန်းလို့ နေ၏။ ဝမ်လင်းက သည်နေရာတွင် သေဆုံးခြင်းနှင့် ပတ်သက်၍ ပိုကောင်းသော နားလည်မှု တစ်ခု ရလိမ့်မည်လို့ ယုံကြည့်လို့ နေ၏။

ဝမ်လင်းက ရွှမ်ယွဲ့နိုင်ငံ မြောက်ပိုင်း နယ်စပ် အနီးရှိ မြို့ငယ်လေးတွင် အခြေချလျက် ရှိသည်။ ဒီမြို့လေးတွင် လူများစွာ မရှိလှပေ။ ၎င်းမြို့ကို ထိန်းချုပ်ထားသည့် လူကလည်း အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်သာ ရှိသေး၏။

ဝမ်လင်းသည် မြို့လေးကို ရောက်လာပြီးနောက် ဒီကျင့်ကြံသူက နှစ်ညလောက် သဲလွန်စရှိ ပျောက်သွားသေး၏။ သို့ရာတွင် ဝမ်လင်းက လွဲ၍ အခြားဘယ်သူမှ သူပျောက်ကွယ် သွားသည်ကို မသိကြပေ။

တတိယမြောက် နေ့တွင် ဝမ်လင်းက သူ့အသွင် ဟန်ဆောင်၍ အလွှာပေါင်း ဆယ့်တစ်လွှာ ရှိသည့် ရေခဲမျှော်စင်မှ လမ်းလျှောက် ထွက်လာခဲ့လေသည်။

ဝမ်လင်းက ဝိညာဉ်ဝါးမျိုသူ တစ်ယောက်၏ စွမ်းအားကို အသုံးပြု၍ ထိုအမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ၏ မှတ်ဉာဏ်များကို ခိုးယူခဲ့ပေသည်။ သတ်မည့်အစား ဝမ်လင်းက သူ့ကို ထိန်းချုပ်၍ တစ်ချိန်တွင် အသုံးဝင်လာရန် အလို့ငှာ အစီအရင်ထဲတွင် ပိတ်လှောင် ထားလေ၏။

ပုံမှန်အားဖြင့် ဒီကျင့်ကြံသူ၏ စွမ်းအား အဆင့်နှင့်ဆိုလျှင် ဒီရေခဲမျှော်စင်ကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် သူဦးလေးက ရွှမ်ယွဲ့တွင် စွမ်းအားတချို့ ရှိသူဖြစ်၍ သူက ဒီမြို့လေးနှင့် ရေခဲမျှော်စင်ကို သူ့အတွက် သတ်မှတ် ပေးလိုက်ခြင်းပင်။

ဒီလူ၏ မှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက် ဝမ်လင်းက ရွှမ်ယွဲ့မှ ပါရမီရှင် အနီရောင် လိပ်ပြာက ဟင်္သာပြဒါး နိုင်ငံသို့ လွန်ခဲ့သော နှစ်အနည်းငယ်က ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။

မြင့်မြတ်သော အကြီးအကဲ ခုနစ်ယောက်နှင့် အတူ ထိုအကြီးအကဲများ ထက်ပင် အသက်ကြီးသော ကျင့်ကြံသူ (၁၃)ယောက်လည်း သူမနှင့် လိုက်ပါ သွားခဲ့ကြ၏။ သူတို့က အာဏာ လွှဲအပ်ခြင်း အခမ်းအနားကို လက်ခံ တက်ရောက်ရန် ဟင်္သာပြဒါးနိုင်ငံသို့ လိုက်ပါသွားခဲ့ကြခြင်း ဖြစ်သည်။

အနီရောင် လိပ်ပြာက ဟင်္သာပြဒါးနိုင်ငံသို့ ဝင်ရောက်ရန် အတွက် ရွှမ်ယွဲ့ကို အဆင့်ငါးနိုင်ငံ အဖြစ် ပြုလုပ်ပေးရန်နှင့် နေရာအသစ် တစ်ခုပေးရန် တောင်းဆို ခဲ့လေသည်။ ဒုတိယ တစ်ချက်က ဖြစ်မြောက် လာခဲ့ပြီ ဖြစ်သည်။ အခုချိန်တွင် ဒုတိယ တစ်ချက်သာ ကျန်တော့လေသည်။

ရွှမ်ယွဲ့ရှိ ကျင့်ကြံသူများ အားလုံးက သည်အကြောင်းကို အနည်းနှင့် အများ သိကြပေသည်။ သို့သော် ဝမ်လင်း အစီအရင်နှင့် ပိတ်လှောင်ထားသော ကျင့်ကြံသူကတော့ သူ့ဦးလေးကြောင့် အကြောင်းအရာ အတော်များများကို သိနေခဲ့သည်။

အဆင့်လေး ကျင့်ကြံခြင်းနိုင်ငံက အဆင့်ငါးနိုင်ငံသို့ ရောက်ရှိရန်က ထိုနိုင်ငံရှိ ကျင့်ကြံသူ တစ်ယောက်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိရမည် ဖြစ်သည်။

အာဏာ လွှဲအပ်ခြင်း အခမ်းအနားက အလွန် အားကောင်းပြီး ကောင်းကင်ဘုံကို ဆန့်ကျင့်သော နည်းစနစ်လည်း ပါဝင်လို့နေသည်။ လူတစ်ယောက်က တစ်ချီတည်းဖြင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ရောက်ရန်က ကျရှုံးရန် အခွင့်အရေး မြင့်မားလေသည်။ သို့ရာတွင် ၎င်းနည်းစနစ်က အောင်မြင်လျှင် ထိုလူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိ သွားမည် ဖြစ်သည်။ ထို့နောက်တွင်တော့ ဒီလူ၏ သက်တမ်းလည်း နှစ်တစ်ရာသာ ရှိတော့မည် ဖြစ်သည်။ ဒီအပြင် သူ့ကျင့်ကြံမှု အဆင့်ကလည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တွင် ထာဝရ တစ်ဆို့နေမည် ဖြစ်၏။ ထို့ကြောင့် သည်အရာက စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အဆင့်တွင် တစ်ဆို့နေသော လူများအတွက်တော့ အခွင့်ရေး တစ်ခုလည်း ဖြစ်လို့ နေသည်။ တကယ်တော့ သည်လူများက သက်တမ်း သိပ်မကျန်တော့သည့် အတွက် ခုလိုနည်းလမ်းကို အသုံးပြုခြင်းက ထိုက်တန်သည်ဟု‌ ပြော၍ရပေသည်။

အနီရောင် လိပ်ပြာနှင့် အတူ လိုက်ပါသွားသော အသက်ကြီးရင့်ပြီး ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွင် တစ်ဆို့နေကြသော လူ(၁၃)ယောက်ထဲက တစ်ယောက် အောင်မြင်ခဲ့မည် ဆိုလျှင် ဟင်္သာပြဒါးနိုင်ငံက ရွှမ်ယွဲ့ကို အဆင့်ငါး နိုင်ငံအဖြစ် နှစ်တစ်ရာ ကြာသည့်အထိ သတ်မှတ်ပေးမည် ဖြစ်သည်။ ထိုနှစ်တစ်ရာ အတွင်း အနီရောင် လိပ်ပြာနှင့် သူ့နောက်မှ လိုက်ပါ စောင့်ရှောက်ကြသော မြင့်မြတ်သော အကြီးအကဲ ခုနစ်ယောက်ထဲက တစ်ယောက်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရှိ သွားမည် ဆိုပါက ရွှမ်ယွဲ့၏ အဆင့်ငါး နိုင်ငံ သတ်မှတ်ချက်က အတည်ခိုင်မြဲ သွားပေလိမ့်မည်။

ဒီအရာက ဟင်္သာပြဒါးဂြိုဟ်က အနီရောင် လိပ်ပြာကို ပေးခဲ့သော ကတိပင်။

ဒီလို နိုင်ငံအဆင့် သတ်မှတ်ချက်များက ဟင်္သာပြဒါးနိုင်ငံက ချမှတ်ထားခြင်း မဟုတ်ဘဲ ကျင့်ကြံခြင်း အဖွဲ့အစည်းကြီးက သတ်မှတ်ထားသော စည်းမျဉ်းများပင်။ ဒီစည်းမျဉ်းများကို ပုန်ကန်သည့် မည်သည့် နိုင်ငံမဆို ပေးဆပ်ရမည့် တန်ဖိုးမှာ အမြစ်ဖြတ် သုတ်သင်ခံရခြင်း ဖြစ်၏။

ဝမ်လင်းက ရေခဲမျှော်စင် အပြင်ဘက်သို့ လှမ်းလျှောက် ထွက်လာရင်း အပြင်ဘက်တွင် အခြေခံ တည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူ နှစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ယောက်က ယောက်ျားလေး ဖြစ်ပြီး ကျန်တစ်ယောက် ကတော့ အမျိုးသမီး ဖြစ်၏။ သူတို့က ဝမ်လင်းကို တွေ့လိုက်သည်နှင့် ဒူးညွတ်၍ သူတို့ဆရာကို နှုတ်ဆက် လိုက်ကြသည်။

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လင်းက သူအယောင် ဆောင်ထားသော လူတွင် တပည့် သုံးယောက်ရှိကြောင်း သိပြီး ဖြစ်သည်။ ဒီမိန်းမချောလေးက အငယ်ဆုံး တစ်ယောက် ဖြစ်ကာ သူအယောင် ဆောင်ထားသော လူနှင့် ကြိတ်ပုန်း ဆက်ဆံရေးတစ်ခု ရှိကြောင်းလည်း သိထားလေသည်။

ဆရာနှင့် တပည့်ကြား ဒီလို ဆက်ဆံရေးမျိုးက အခြားနိုင်ငံများတွင် ဖြစ်တောင့်ဖြစ်ခဲပင်။ အကယ်၍ ဤသို့ ဆက်ဆံရေးမျိုး ရှိမည်ဆိုရင်ပင် ကောင်းစွာလျှို့ဝှက် ထားပေလိမ့်မည်။

သို့သော် ဒီနိုင်ငံတွင်တော့ သည်လို ဆက်ဆံရေးမျိုးက ရှားပါးလှသည် မဟုတ်ချေ။ ထိုကျင့်ကြံသူ၏ မှတ်ဉာဏ်များအရ ရွှမ်ယွဲ့တွင် အခုလို ဆရာတပည့် ဆက်နွှယ်မှုက အများအပြား ဖြစ်နေခဲ့သည်။

ဝမ်လင်းက ဒီကိစ္စနှင့် ပတ်သက်၍ အနည်းငယ်ပင် မချိပြုံး ပြုံးမိလိုက်သည်။ ရွှမ်ယွဲ့အပေါ် သူ့အမြင်ကလည်း ပိုဆိုး လာခဲ့တော့သည်။ ဝမ်လင်းက သူ့လက်ကို နောက်ပစ်၍ အလွန်သဘာဝ ကျသော လေသံဖြင့် မေးလိုက်သည်။ “ကနဦးအဆင့် ရေခဲအသစ်တွေ ရောက်ပြီလား…” ကနဦး ရေခဲဆိုသည်မှာ ရေခဲရုပ်များကို ရွှမ်ယွဲ့မှ ကျင့်ကြံသူများ ခေါ်ကြသော နာမည်ပင်။

ဒုတိယတပည့်က လျင်မြန်စွာပြန်ဖြေလိုက်၏။ “ဆရာ…နှစ်ခုရပါပြီ…”

ဝမ်လင်းက ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။ “အဲဒါတွေကို ယူလာခဲ့ကြ။ မင်းတို့ရဲ့ နည်းစနစ်တွေ တိုးတက်လာလား ငါကြည့်ရမယ်…” ဝမ်လင်းက အမြုတေ ကျင့်ကြံသူ၏ မှတ်ဉာဏ်ထဲမှ ဒီနည်းလမ်း၏ အသေးစိတ် အချက်များကို ရရှိခဲ့ပြီး ဖြစ်သည်။ သူ့အမြင်တွင် ဒီနည်းစနစ်က ရွှမ်ယွဲ့မှ ကျင့်ကြံသူများ၏ အမြုတေများနှင့် ဆက်နွှယ်လို့ နေပြီး အလွန်လည်း ရှုပ်ထွေးလေသည်။

ရွှမ်ယွဲ့မှ ကျင့်ကြံသူများသည် စိတ်ဝိညာဉ် စွမ်းအင်များကိုလည်း ကျင့်ကြံသည့်အခါ နှင်းများထံမှ အေးစက်သော စွမ်းအင်များကို စုပ်ယူ၍ လေ့ကျင့် ကြသည်။ ဒီအေးစက်သော စွမ်းအင်များက သူတို့စဦး စိတ်ဝိညာဉ် အဆင့်သို့ ရောက်သည့် အချိန်တွင် ရေခဲဘီလူးကြီးများ အဖြစ်သို့ ပြောင်းလဲ သွားစေနိုင်သည့် အကြောင်းရင်းပင်။

သို့ရာတွင် ဒီနည်းစနစ်က အဆင့်များရှိပြီး ရရှိရန်လည်း ခက်ခဲလေသည်။ ဝမ်လင်း ဖမ်းထားသော ကျင့်ကြံသူက အဆင့် လေးဆင့်သာ ရှိပေသည်။

ဒုတိယ တပည့်က လျင်မြန်စွာ ခေါင်းညိတ်၍ သိုလှောင်အိတ်ထဲမှ သုံးပေခန့် မြင့်သော ရေခဲရုပ်နှစ်ရုပ်ကို ထုတ်ယူလိုက်သည်။ ဒီအရုပ်နှစ်ခုက ငှက်ခန္ဓာကိုယ်နှင့် လူခေါင်း ရှိလေသည်။ ၎င်း၏ ပုံစံက အလွန်ကြမ်းကြုတ်သည့် ဟန်ပင်။

တစ်နှစ်တာ ခရီးသွားပြီးနောက် ဝမ်လင်းက ဒီရေခဲရုပ်နှစ်ခုသည် နှင်းပုံပြင်တွေထဲက အသွင်ပုံစံ များထဲမှ တစ်ခု ဖြစ်ကြောင်း သိလိုက်သည်။

ဒုတိယ တပည့်က သူ့လက်ကို လှုပ်ရှားလိုက်ရာ အနက်ရောင် သွေးလုံးတစ်လုံး ဖြစ်ပေါ် လာခဲ့သည်။ သူက ၎င်းအနက်ရောင် သွေးလုံးကို လက်ညွှန်လိုက်ရာ အက်ကွဲ၍ အမျှင်တန်းတစ်ခု ထွက်ပေါ် လာခဲ့သည်။ ထို့နောက် သူက ဒီအမျှင်တန်းကို ရေခဲရုပ်အပေါ်သို့ တွန်းထုတ်လိုက်၏။

ရုတ်တရက် အမည်းရောင် အခိုးငွေ့များက သူ့လက်ချောင်းမှ ထွက်ပေါ်လာခဲ့ပြီး ရေခဲရုပ်ထဲသို့ ထိုးသွင်းလိုက်ပြီး သွေးကြောနှင့် ဆင်တူသည့် အမှတ်အသား တစ်ခုကို ဖန်တီး လိုက်သည်။

ဒုတိယ တပည့်၏ နဖူးတွင် ချွေးများစို့နေပြီ ဖြစ်သည်။ သူက အသက်ဝဝ ရှူ၍ နောက်ထပ် အမျှင်တန်း တစ်ခုကို ထပ်ထုတ် ယူလိုက်ပြီး ရေခဲရုပ်ထဲသို့ ထည့်သွင်း လိုက်ပြန်သည်။ ထိုအခါ ရေခဲရုပ်ပေါ်တွင် နောက်ထပ် သွေးကြော အမှတ်အသား တစ်ခု ထပ်ပေါ်လာခဲ့၏။

ထိုအခိုက်တွင် ဒုတိယ တပည့်လက်ထဲရှိ အနက်ရောင် သွေးလုံးက ပျောက်ကွယ် သွားသည်။ သူ့မျက်နှာက ဖြူရော်လို့နေပြီး သူက လေ့ကျင့်ရန် ထိုင်ချလိုက်သည်။

ဝမ်လင်းအသွင်က တည်ငြိမ်လှသည်။ သို့သော် သူက ဒီနည်းစနစ်ကို တိတ်တဆိတ် လေ့လာလို့ နေခဲ့၏။ ထိုကျင့်ကြံသူ၏ မှတ်ဉာဏ်များ အရဆိုလျှင် ပထမအဆင့်ကို အောင်မြင်ရန် အတွက် သေးကြော ကိုးခု ဖြစ်ပေါ်ရပေမည်။

သူက ထိုအကြောင်းကို တွေးမိနေစဉ်မှာပင် အမျိုးသမီး ကျင့်ကြံသူ တပည့်က သူ့ထံသို့ လှမ်းလာ လိုက်၏။ သူမက မျက်လုံး ရွှဲကြီးများဖြင့် ဝမ်လင်းကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ဆရာ… လွန်ခဲ့တဲ့ ရက်ကတည်းက မေးထားတဲ့ ကျမရဲ့ မေးခွန်းကို ခုထိ မဖြေရ သေးဘူးနော်။ တပည့်က ကျင့်ကြံမှု အဆင့်နဲ့ ပတ်သက်လို့ အခက်ခဲ ကြုံနေရတယ်။ ဒီည တပည့်စီ လာပြီး ညွှန်ကြားပေးပါဦး…”

ဝမ်လင်းက သွေးကြောများ အကြောင်း စဉ်းစား နေတုန်းပင်။ ထို့ကြောင့်သူက ပြီးပြီးရော ခေါင်းညိတ်၍ မေးလိုက်သည်။ “ပြောပါ…ဘာပြသနာလဲ…”

အမျိုးသမီး ကျင့်ကြံသူက ရုတ်တရက် မှင်တက်သွားပြီး သူမဘေးပတ်လည်ကို ကြည့်မိ လိုက်သည်။ သူမမျက်နှာက အနီရောင် သန်းသွားပြီး ညှို့ငင်စွာ မေးလိုက်၏။ “ဒီနေရာမှာ ပြောရမှာလား…”

ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်။ သို့သော် သူက သူအယောင်ဆောင် ထားသည့် ကျင့်ကြံသူ၏ မှတ်ဉာဏ်ထဲက တစ်စုံတစ်ခုကို ရုတ်တရက် ပြန်မှတ်မိ လိုက်၏။ ဒီတပည့်၏ မေးခွန်းက အခြားဆိုလိုရင်း တစ်ခုပင်။

သူက ဒီအကြောင်းကို တွေးမိပြီး ဝမ်လင်းက စကားပြင်မလို့ လုပ်လိုက်စဉ်မှာပင် အမျိုးသမီး တပည့်၏ မျက်နှာက ပို၍ရဲလာခဲ့ပြီး သူမ အဝတ်အစားများကလည်း ရုတ်တရက် တစ်ဝက်လောက်ထိ လျော့ကျလို့ သွားလေ၏။

ဝမ်လင်းက မျက်ခုံးကြုတ်မိ လိုက်သည်။ သူက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အမျိုးသမီး၏ အင်္ကျီများက ကိုယ်ပေါ်သို့ ပြန်ရောက် သွားခဲ့၏။ ထို့နောက် သူက သူမကို အေးစက်စွာ ကြည့်လိုက်သည်။

အမျိုးသမီး ကျင့်ကြံသူက အေးစက်စက်ဖိအားက သူမအား ဝန်းရံလာသည်ကို ခံစား မိလိုက်သည်။ သူမအသွင်က ချက်ချင်း ပြောင်းသွားပြီး အထိတ်တလန့်ဖြင့် မြေပေါ်သို့ ဒူးထောက် ချလိုက်သည်။ အချိန်တစ်ခုကြာမှ သူက ဂရုတစိုက် မတ်တတ် ပြန်ရပ်လိုက်သည်။ သူမက သူ့ဆရာကို ဒေါသ ထွက်မိအောင် မည်သို့ လုပ်လိုက်မိမှန်း မသိသဖြင့် အလွန်ကြောက်လန့် နေမိသည်။

ထိုအခိုက်တွင် ဒုတိယတပည့်က ကျင့်ကြံလို့ပြီးသွားခဲ့၏။ သူက အမျိုးသမီးကျင့်ကြံသူကို ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။ သူ့လက်က နောက်တစ်ဖန် လှုပ်ရှားသွားပြီး နောက်ထပ် သွေးလုံးတစ်ခုကို ဖြစ်ပေါ်စေ၍ သွေးကြော အမှတ်အသားများကို ထပ်မံ ဖြစ်စေလိုက်သည်။

ဒုတိယ တပည့်က နာရီတစ်ချို့ ကြာသည့်အခါ သွေးကြော ကိုးခု အပြည့်အစုံ နီးပါး ပေါ်ထွက်လာအောင် လုပ်ဆောင် လာနိုင်ခဲ့၏။

ဒီရေခဲရုပ်က ပြီးမြောက် သွားသည့်အခါ ဒုတိယတပည့်က အသက်ဝဝ ရှူသွင်း၍ ရေခဲရုပ်ရှေ့တွင် ဒူးထောက် လိုက်ပြီးနောက် ခပ်တိုးတိုး ရွတ်နေသည်။ ထို့နောက်သူက မတ်တတ် ရပ်နေရင်း အံ့ကြိတ်ကာ ရေခဲရုပ်ပေါ်ရှိ သွေးကြော ကိုးခုစုဝေးရာကို ညွှန်ပြလိုက်သည်။

ဘန်းခနဲ ပေါက်ကွဲ သွားပြီးနောက် ဒုတိယတပည့်က သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး ဆယ်ပေလောက်ထိ လွင့်ထွက် သွားလေ၏။ ရေခဲရုပ်ပေါ်ရှိ သွေးကြောကိုးခုက မြေများကဲ့သို့ ရွေ့လျားလာ၏။ ထို့နောက် သွေးကြောနှစ်ခုက ထိတွေ့မိသည့် အခါ ရေခဲရုပ်က အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲ သွားတော့သည်။

ဒုတိယ တပည့်၏ မျက်နှာက ဖျော့တော့၍ သူက ရှက်ရွှံ့စွာ ပြောလိုက်သည်။ “တပည့်… တစ်ခါထပ် ကျရှုံးပြန်ပြီ…”

ဝမ်လင်းက ဒီတပည့်ကို စိတ်ဝင်စားခြင်း မရှိပေ။ သို့သော် ရေခဲရုပ်ကို စူးစိုက် ကြည့်လိုက်သည်။ သူက ရေခဲရုပ်များ ထုတ်လုပ်သည့် အဓိက အပိုင်းအတွက် မှတ်ဉာဏ်များကို ကျင့်ကြံသူ၏ မှတ်ဉာဏ်များတွင် ရှာဖွေလို့နေသည်။ ထိုအခိုက်တွင် ဝမ်လင်းက တစ်စုံတစ်ခုကို သတိပြုမိ လိုက်သည်။ သူက အကွာအဝေးတစ်ခုမှ ဓားတစ်စင်း ပျံသန်းလာသည်ကို တွေ့ရှိလိုက်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset