ဝမ်လင်းက ရုပ်သေးရုပ်ကို ထုတ်ယူ လိုက်ကတည်းက ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ အခုချိန်တွင် သူက သေခြင်းရှင်ခြင်း အခြေအနေသို့ ကျရောက်လို့ နေ၏။ အဘွားအိုက စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့် တစ်ယောက် မဟုတ်ဘဲ အလယ်အလတ် အဆင့်၏ အထွတ်အထိပ်ကို ရောက်နေသည့်သူ ဖြစ်သည်။ အဘွားအို၏ နည်းစနစ်များတွင် သူမ၏ နယ်ပယ်က ပါဝင်နေရပေမည်။ ထို့ကြောင့် သူသာ ဖမ်းမိခံရမည် ဆိုပါက အလွန် အန္တရာယ် ရှိသွားပေလိမ့်မည်။
သူတို့ နှစ်ယောက်ကြားရှိ ကျင့်ကြံမှုအဆင့် ကွာဟမှု ကြီးမားသဖြင့် သူက ပြေးမည် ဆိုလျှင်ပင် လုံလောက်အောင် မြန်ဆန်စွာ ပြေးနိုင်မည် မဟုတ်ပေ။
ဝမ်လင်းမျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုများ ပြည့်လို့ နေခဲ့၏။ သူက တစ်ခုခု လျင်မြန်စွာ မလုပ်ဆောင်ဘူး ဆိုလျှင် ရွှမ်ယွဲ့မှ အခြားကျင့်ကြံ သူများ ရောက်လာမည် ဆိုပါက သူ့အတွက် လွတ်မြောက်ရန် ပိုခက်ခဲလို့ သွားမည် ဖြစ်၏။
ထို့ကြောင့်ဝမ်လင်းက အချိန်မဆွဲဘဲ ရုပ်သေးရုပ်ကို ထုတ်ဖော်ပြီးနောက် ချက်ချင်းပင် အမျှင်တန်း တစ်ခုကို ဆုပ်ကိုင်ထားလိုက်၏။ ထိုအမျှင်တန်းမှာ နတ်ဘုရား ပြစ်ဒဏ် အမျှင်တန်းပင်။
နောက်ဆုံး အခြေအနေ ဖြစ်လာခဲ့လျှင် သူက ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့ထဲတွင် ဝင်ရောက် ပုန်းကွယ် နိုင်သေး၏။ သို့ရာတွင် သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၏ တည်ရှိမှုကို သိသွားမည်ဆိုးသဖြင့် နတ်ဘုရား ပြစ်ဒဏ် အမျှင်တန်းကိုသာ ပို၍ အသုံးပြုလိုခဲ့သည်။
ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်ပြီး ထုတ်ဖော် မပြသင့်သေးပေ။ သို့သော် သူ့တွင် နတ်ဘုရား ပြစ်ဒဏ် အမျှင်တန်း မရှိပါက ရွေးချယ်စရာ မရှိဘဲ ပုတီးစေ့ထဲသို့သာ ဝင်ရန်ရှိတော့၏။
ဝမ်လင်းက အဘွားအိုမှာ ဂျိနယ်ပယ်ကြောင့် ခဏတာ တုံ့ဆိုင်းမှုန်ဝါး သွားချိန်တွင် နတ်ဘုရား ပြစ်ဒဏ် အမျှင်တန်းကို အသက်သွင်းလိုက်၏။
ဒီအမျှင်တန်းက သူ့ကို ဆိုးရွာသော အခြေအနေများတွင် သူ့ကို အသက် ဆက်နိုင်အောင် ကူညီပေးခဲ့သည် ဝှက်ဖဲ တစ်ချပ် ဖြစ်သည်။ ခုချိန်တွင်လည်း သူက အသက်ရှင်ရန် အတွက် ၎င်းကို အသုံးပြု ရပေတော့မည်။
သူက ဒီနတ်ဘုရား ပြစ်ဒဏ်ဖြင့် ဒီအဘွားအိုကို ထိတ်လန့်သွားအောင် ရုံတင်မဟုတ်ဘဲ တစ်ခါတည်း သေသွားအောင် လုပ်ရပေမည်။ သို့မှသာ သူမက ရွှမ်ယွဲ့မှ အခြားကျင့်ကြံသူများကို အကူအညီ သွားတောင်ရန် အခွင့်အရေး မရှိတော့မှာ ဖြစ်၏။
သူက ၎င်းအမျှင်တန်းက အသုံးပြုရသဖြင့် အနည်းငယ် နာကျင်မှုကို ဖြစ်စေသော်လည်း ဝမ်လင်းက ဆုံးဖြတ်ချက် မပြတ်သားသူ တစ်ယောက် မဟုတ်ချေ။ ဒီနတ်ဘုရား အမျှင်တန်း ပျောက်ကွယ် သွားသည်နှင့် အနီရောင် တိမ်တိုက်များက ကောင်းကင်ထက်တွင် ပေါ်လာ ခဲ့တော့သည်။
ဒီတိမ်များက အလွန်ထူးဆန်းလို့ နေ၏။ ချက်ချင်းပင် အနီရောင် တိမ်များက ကောင်းကင်ကို ဖုံးလွှမ်း သွားလေ၏။ နက်ပြာရောင် အော်ရာက အနီရောင် တိမ်တိုက်ကို မယှဉ်နိုင်ပေ။ နက်ပြာရောင် အော်ရာက အနီရောင် တိမ်တိုက်၏ လမ်းကြောင်းကို မပိတ်ဆို့ပဲ ဖယ်ရှား ပေးရလေ၏။
ဝမ်လင်း၏ ဂျိနယ်ပယ် တိုက်ခိုက်မှု ခံရပြီးနောက် ပုံမှန် အခြေအနေသို့ ပြန်ရောက်လာသော အဘွားအိုက ထိုမြင်ကွင်းကို တွေ့လိုက်ရ၏။
သူက ဒီအနီရောင် တိမ်တိုက်များသည် မည်သည့် အရာဖြစ်သည်ကို ချက်ချင်း မသတ်နိုင်ပေ။ သို့သော် သူမက အနီရောင် တိမ်တိုက်ကို မြင်လိုက်ရသည့် အခါ ကြောက်ရွှံ့မှုကို ခံစားလိုက်ရ၏။ ထို့ကြောင့် တုံံ့ဆိုင်းခြင်း မရှိဘဲ သူမက ရေခဲမျှော်စင်ထဲသို့ ဝင်ရောက် ပုန်းခိုလိုက်၏။
ထိုအခိုက်တွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အနီရောင် လိပ်ပြာသည် အနီရောင် တိမ်တိုက်များကို သိချင်စိတ်ဖြင့် ကြည့်ရှုလို့နေ၏။
သူမ နောက်ရှိ နေမကောင်းဟန်ရသည့် သက်လတ်ပိုင်း လူကြီးက အလွန် သတိထားသည့် အသွင် ဖြစ်သွား၏။ သူက အနီရောင် တိမ်တိုက်များကို စူးစိုက်လို့ ကြည့်နေ၏။
ဝမ်လင်း မျက်နှာကလည်း ဖြူရောလို့ နေသည်။ သူက မျှော်စင်ထဲသို့ ဝင်သွားသော အဘွားအိုကို ကြည့်နေရင်း သူ့လက်ကလည်း တုန်ခါလို့နေ၏။ သူက အနီရောင် တိမ်တိုက်များကို ထိန်းချုပ်၍ မျှော်စင်ရှိရာသို့ ညွှန်လိုက်သည်။
ရုတ်တရက် အနီရောင် တိမ်တိုက်ထဲမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒီအနီရောင် အလင်းတန်းက မယုံနိုင်လောက်အောင် လျင်မြန် လွန်းလှသည်။ ထို့နောက် ဒီအနီရောင် အလင်းတန်းက လက်မောင်းလုံးလောက်ရှိသော ခရမ်းရောင် အလင်းတန်း အဖြစ် ပြောင်းသွားခဲ့ပြီး ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့၏။ ၎င်းအလင်းတန်းက ထွက်ပေါ်လာ ပြီးပြီးချင်း ရေခဲ မျှော်စင်ပေါ်သို့ ကျရောက်သွားလေ၏။
ရေခဲ မျှော်စင်ထဲသို့ ပုန်းရှောင်သွားသည် အဘွားအိုက သူ့ပတ်ပတ်လည်တွင် အဖျက်အဆီး အင်အားများစွာ ပိတ်ဆို့ထားကြောင်း ခံစားမိလေသည်။
သူမ မျက်နှာပေါ်တွင်လည်း ထိတ်လန့် ကြောက်ရွှံ့မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူမက စဦးစိတ်ဝိညာဉ် အဆင့်ဂျူနီယာလေး နောက်ကို လိုက်ရင်းနတ်ဘုရား ပြစ်ဒဏ်ကို ကြုံတွေ့ ရလိမ့်မည်ဟု မည်သို့မျှ ထင်ထားမိမည် မဟုတ်ချေ။ ခရမ်းရောင် နတ်ဘုရား ပြစ်ဒဏ်က ရေခဲမျှော်စင်ကို ရိုက်ချ ဖျက်စီးလိုက်ရာ မျှော်စင်ကော၊ အဘွားအိုကောက သဲလွန်စ မရှိ ပျောက်ကွယ်လို့ သွား၏။ သူတို့က လုံးဝ မတည်ရှိခဲ့သည့် အတိုင်းပင်။
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်ပြီနောက် နတ်ဘုရား ပြစ်ဒဏ်ကို စိတ်မကောင်း ဖြစ်ဟန်ဖြင့် ကြည့်နေမိသည်။ သို့သော် သည်အချိန်က သူအမျှင်ရှည် နေရမည် အချိန်မဟုတ်ပေ။ ထို့ကြောင့်သူက လွတ်မြောက်ရန် အတွက်လှည့်၍ ထွက်လာခဲ့တော့သည်။
သူက ပေတစ်ရာလောက် ရောက်သည့်အခါ အားကောင်းသော နတ်ဘုရား အာရုံတစ်ခုက သူ့ကို သိမ်းကြုံး ဖြတ်ကျော် သွားသည်ကို သတိပြုမိလိုက်သည်။ ထိုအခိုက်တွင် သူ့ခေါင်းပေါ်ရှိ ကောက်ရိုး ဦးထုပ်က တောက်ပ လာလာခဲ့၏။ ရုတ်တရပ် ကောက်ရိုးဦးထုပ်က အပူ စွမ်းအင်များ ထုတ်လွှတ်လာပြီး သူ့ခေါင်းထဲသို့ ဝင်ရောက် လာခဲ့သည်။ ထို့နောက် သူ့ခေါင်းထဲတွင် နဂါးနက်ကြီးကို ဖြိုခွင်းခဲ့သော သက်လတ်ပိုင်း လူကြီးက လျင်မြန်စွာ ချဉ်းကပ် လာသည်ကို သိရှိလိုက်၏။
ဝမ်လင်းက ကောက်ရိုးဦးထုပ်၏ စွမ်းရည်ကို အံ့အောရန် အချိန်မရှိဘဲ ထိတ်လန့် သွားမိသည်။ သူက သူ့လက်ညှိုးဖြင့် မျက်ခုံးကြားကို ထိလိုက်ပြီးနောက် သူက ကောင်းကင် ဘုံဆန့်ကျင့်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့၏။
ခရမ်းရောင် နတ်ဘုရား ပြစ်ဒဏ်က ရေခဲမျှော်စင်နှင့် အဘွားအိုကို ဖျက်ဆီးပြီးနောက် တဖြည်းဖြည်း စတင် ပြန့်ကျဲသွားတော့၏။ ကောင်းကင်ထက်ရှိ အနီရောင် တိမ်တိုက် များကလည်း အလားတူ စတင် ပြန့်ကျဲလို့ သွားသည်။ ထိုအခိုက်တွင် ဟင်္သာပြဒါး ဂြိုဟ်မှ သက်လတ်ပိုင်း လူကြီးက ဝမ်လင်း ရှိခဲ့သော နေရာသို့ ရောက်ချလို့လာသည်။
သက်လတ်ပိုင်း လူကြီးက ဒီအနီရောင် တိမ်တိုက်နှင့် ပတ်သက်၍ အလွန် စိတ်ပူလို့ နေသည်။ သူက သူ့အတွက် ဒီလို ရှားပါးသည့် အရာမျိုးက တွေ့ကြုံရန် ခက်ခဲလွန်းကြောင်း သိပေသည်။ သူက ဒီလို အခွင့်ရေးကို လွဲချော်ခဲ့မည် ဆိုပါက နောက်ဘယ်တော့မှ ဒီလို အရာမျိုးကို တွေ့ကြုံရလိမ့် ဆိုတာကို မသိနိုင်တော့ပေ။
သို့ရာတွင် အနီရောင် တိမ်တိုက်များက ထပ်မံ၍ သိပ်သည်းခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ပြန့်ကျဲ ပျောက်ကွယ် လာခဲ့သည်။ ထိုအခါ သက်လတ်ပိုင်း လူကြီးက သူ့လက်ကို အနည်းငယ် ကိုက်၍ သွေးသင်္ကေတများကို ရေးဆွဲ လိုက်သည်။ ဒီသင်္ကေတများက တစ်ခုပြီး တစ်ခု အနီရောင် တိမ်တိုက်ထံသို့ တိုးဝင် သွားခဲ့သည်။
တဖြည်းဖြည်းဖြင့် သွေးသင်္ကေတများက သူ့ခန္ဓာကိုယ်ထဲသို့ ပို၍ ဝင်ရောက် လာခဲ့လေသည်။ နောက်ဆုံးတွင် အနီရောင် တိမ်တိုက်၏ ပြန့်ကျဲလာသည့် နှုန်းက တဖြည်းဖြည်း လျော့နည်း လာခဲ့၏။ သက်လတ်ပိုင်း လူကြီးက စိတ်သက်သာရ ရသွား၏။ သို့သော် ချက်ချင်းပင် သူ့မျက်နှာက ထပ်မံရုပ်စိုး သွားပြန်သည်။
အနီရောင် တိမ်တိုက်များက အလွန်အားနည်းပြီး ပျောက်ကွယ်လု ဖြစ်နေချိန်တွင် သွေးသင်္ကေတ များကြောင့် ပြန်၍ တည်ငြိမ် သွားသည်။ သို့ရာတွင် နက်ပြာရောင် အော်ရာက ရုတ်တရက် တစ်ဟုန်ထိုး ရောက်လာခဲ့၏။ အခုချိန်တွင် ၎င်းအော်ရာက အနီရောင် တိမ်တိုက်များထက် ပို၍ အားကောင်းနေသည့် အချိန်ဖြစ်၍ အနီရောင် တိမ်တိုက်များက ပျောက်ကွယ်အောင် လျင်မြန်စွာ တိုက်စား သွားလေသည်။
သက်လတ်ပိုင်း လူကြီးက ဒေါသတကြီး အော်ဟစ်၍ အနီရောင် တိမ်တိုက် ရှိရာသို့ တစ်ဟုန်ထိုး သွားခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျ သွားခဲ့လေသည်။
သူက ကွယ်ပျောက်လု ဖြစ်သွားသော အနီရောင် တိမ်တိုက်ထဲသို့ ဝင်ရောက်သွားသည့် အခါ ခရမ်းရောင် အလင်းတန်းများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် လာခဲ့၏။ သူက နာကျင်မှုကို ခံစားလိုက်ရ၏။ သို့သော် ဒီအလင်းတန်းက သူ့ကို ထိုးဆိုက်သည့် အခါ နာကျင်မှုကို ခံစားရသော်လည်း တစ်ချိန်တည်းမှာ သူက ကျေနပ်ခြင်းလည်း ဖြစ်မိ၏။ သို့ရာတွင် ဒီအခိုက်အတန့်က အလွန် တိုတောင်းလှပြီး အနီရောင် တိမ်တိုက်ကလည်း လုံးဝ ပျောက်ကွယ် သွားတော့သည်။
သက်လတ်ပိုင်း လူကြီးက ကောင်းကင်ထက်သို့ ကြောင်ရီစွာ စူးစိုက် ကြည့်မိသည်။ သူ့မျက်နှာကလည်း မှုန်ကုပ်လို့ နေသည်။
ခဏတာ စဉ်းစားပြီးနောက်မှာ သူက လက်သီးဆုပ်၍ အော်ပြော လိုက်သည်။ “နတ်ဘုရား ပြစ်ဒဏ်ကို ဆင့်ခေါ်နိုင်ခဲ့တဲ့ ရောင်းရင်း ကျင့်ကြံသူ… ငါက ဟင်္သာပြဒါးနိုင်ငံက အူရှီပါ။ ရောင်းရင်း ကျင့်ကြံသူက ထပ်မံပြီး နတ်ဘုရားအာရုံကို ဆင့်ခေါ် ပေးနိုင်ဦးမလား။ ဆင့်ခေါ်နိုင်မယ် ဆိုရင် ငါက ရောင်းရင်းကို ရက်ရက်ရောရော ပေးကမ်းပါ့မယ်…”
အချိန် တစ်ခုကြာသည့် အထိ မည်သည့် တုံ့ပြန်မှုမှ ထွက်ပေါ် မလာခဲ့ချေ။ သက်လတ်ပိုင်း လူကြီးက သက်ပြင်း ချလိုက်သည်။ သူက လက်ဆန့်တန်း၍ လေထဲကို ဖမ်းဆုပ်လိုက်ရာ အော်ဟစ်သံ တစ်ခုနှင့် အတူ နက်ပြာရောင် အော်ရာများ ဖုံးလွှမ်းနေသော ဧရာမ လက်မောင်ကြီး တစ်ဖက်က သူ့လက်ထဲသို့ ရောက်လာခဲ့ပြီးနောက် ဖုန်မှုန်အဖြစ်သို့ ပြောင်းသွား တော့သည်။
မြေအသွင် သဏ္ဌာန်ကြီးက လက်မောင်း တစ်ဖက်သာ ကျန်ခဲ့လေတော့သည်။ အနီရောင် လိပ်ပြာ၏ အသွင်က တည်ငြိမ်ဆဲ ရှိနေသေးသော်လည်း စိတ်ထဲတွင်မူ ဒေါသ ထွက်နေခဲ့ပြီ ဖြစ်သည်။
သက်လတ်ပိုင်း လူကြီးက အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ ဒီအသုံးမကျတဲ့ သားရဲက ငါ့ရဲ့ ကံကောင်းမှုတွေကို ဖျက်ဆီးခဲ့တာ မဟုတ်ရင် ဒီနေ့မှာ ငါ့နည်းစနစ်က ပြည့်စုံမှု အဆင့်ကို ရောက်တော့မှာ။ ငါက လက်မောင်း တစ်ဖက်တည်း ယူတာတောင် အလွန် သဘောကောင်း လွန်းနေပြီ။ အနီရောင်လိပ်ပြာ… ဒါကို ကောင်းကောင်းမှတ်ထားပါ…”
အနီရောင် လိပ်ပြာက ဘာမျှပြန်မပြောပေ။ သူမ နောက်ရှိ ခုနစ်ယောက်ကလည်း ကြိတ်၍သာ ဒေါသထွက်၍ စကားတစ်လုံးတောင် ပြန်မပြောဝံ့ပေ။
သက်လတ်ပိုင်း လူကြီးက ဖျတ်ခနဲ လှုပ်ရှားလိုက်ရာ အနီရောင် လိပ်ပြာ၏ နောက်တွင် ပြန်ပေါ်လာခဲ့သည်။ ဒီလူကြီးက နေမကောင်း ဖြစ်နေသည့် အသွင် ပြန်ဖြစ်သွားလေ၏။
မဟာမိတ်ကလန်မှ ကျင့်ကြံသူများက ဒီတိုက်ပွဲတွင် အားလုံးနီးပါး သေဆုံးခဲ့ကြရသည်။ ကံကောင်းသူ အချို့သာ လွတ်မြောက် သွားကြလေ၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ ဒီနေရာမှာ တစ်နှစ်ခန့် နေထိုင်ပြီးနောက် အနီရောင် လိပ်ပြာက ဟင်္သာပြဒါး ဂြိုဟ်သို့ သက်လတ်ပိုင်း လူကြီးနှင့် အတူ လိုက်သွားတော့သည်။
မိုးခေါင်းလောင်းကတော့ ရွှမ့်ယွဲ့မှ ကျင့်ကြံသူများ မည်မျှရှာရှာ တွေ့နိုင်တော့မည် မဟုတ်ပေ။ သူတို့က မဟာမိတ် ကလန်လေးခု၏ အသက်ရှင် ကျန်ရစ်ခဲ့သော ကျင့်ကြံသူများ လက်ထဲတွင်သာ မိုးခေါင်းလောင်း ရှိနေလိမ့်မည်လို့ ယုံကြည် နေပေလိမ့်မည်။
ရွှမ့်ယွဲက မဟာမိတ် ကလန်လေးခု နိုင်ငံကို သိမ်းပိုက်ပြီးနောက် မူလရွှမ်ယွဲ့နိုင်ငံမှ သေမျိုးများကလည်း သည်နေရာသို့ ရွှေ့ပြောင်း လာကြလေ၏။ နှင်းများက ဆက်၍ ကျဆင်းနေပြီး ရွှမ်ယွဲ့နိုင်ငံ အသစ်ကလည်း အမြဲတမ်းအေးလို့ နေတော့မည် ဖြစ်သည်။
သုံးနှစ်ကြာပြီးနောက် သည်မြေသည် ရွှမ်ယွဲ့ နိုင်ငံသစ်လုံးလုံး ဖြစ်သွားတော့သည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးလို့ သွား၏။ ငါးနှစ်တာ ကြာပြီးနောက ရွှမ်ယွဲ့နိုင်ငံ၏ နယ်စပ် ကီလိုမီတာ သုံးသောင်း အကွာတွင် ရောင်စုံ သက်တံ အလင်းတစ်ခုက တဖြည်းဖြည်း စုဝေး သိပ်သည်းလို့ လာခဲ့သည်။
***