ရှီမာယူယူ ရေချိုးပြန်လာသောအခါတွင် သစ်ပင်အားမှီနေသော ဝူလင်းယူအားမြင်လိုက်သည်။ သူလှောင်ပြုံးပြုံးလိုက်သည်။
“မင်းရေချိုးလို့ပြီးပြီလား” သူမျက်လုံးမှ အလင်းအား အရိပ်တစ်ခုလာကွယ်သည်နှင့် ဝူလင်းယူ သူ့မျက်လုံးအားဖွင့်လိုက်ပြီး မေးလိုက်သည်။
“ပြီးပြီ” ရှီမာယူယူတက်တက်ကြွကြွပြန်ဖြေလိုက်သည်။ သူမမေးလိုက်သည် “ခင်ဗျားချောင်းမကြည့်ဘူးမလား”
“ချောင်းကြည့်စရာရှိလို့လား” ဝူလင်းယူမေးလိုက်သည်။
“ဟမ်” သူမ ပုံစံမှာ အဆင်နေသည်လား ခန္ဓာကိုယ်သည် ဖွံ့ဖြိုးဆဲပင်ဖြစ်သည်။
“အခုဘယ်သွားကြမလဲ” ဝူလင်းယူမေးလိုက်သည်။
“ကျွန်တော်ဗိုက်ဆာနေပြီ စားဖို့တစ်ခုခုသွားရှာလိုက်ဦးမယ်” ရှီမာယူယူပြောလိုက်သည်။
ဝူလင်းယူ နှုတ်ခမ်း အနည်းငယ်ပွင့်သွားသည်။ ထပ်ပြီး အစားအစာပဲလား။
သူ့တုန့်ပြန်မှုကို ရှီမာယူယူ ဂရုမစိုက်ပါ။ မြစ်ကမ်းသို့လာလိုက်ကာ သူမသတ်ထားသော မြွေအားထုတ်လိုက်ပြီး ဓားဖြင့် ခုတ်ထစ်လိုက်သည်။ တချို့ကိုချန်ထားလိုက်ကာ အသားတုံးအနည်းငယ်ကို မြစ်ရေဖြင့်ဆေးလိုက်သည်။
“မင်းဒါကိုစားဖို့လုပ်နေတာလား” ဝူလင်းယူ လျှောက်သွားလိုက်ကာ ရှီမာယူယူ မြွေသားကိုကိုင်ထားသည်ကို တွေ့လိုက်သည်။
ရှီမာယူယူ သူ့အားကြည့်လိုက်ပြီးပြေလိုက်သည်။ “ခင်ဗျား မကြိုက်ရင်မစားနဲ့လေ ခင်ဗျားမစားပဲနဲ့ ဗိုက်မှ မဆာတာကို”
သူမ ဝူလင်းယူအား စကားစဖြတ်လိုက်ပြီး သူ့ဘေးတွင်ရပ်လိုက်ကာ စကားထပ်မပြောတော့ပေ။
ရှီမာယူယူ မြွေသားအားဆေးပြီးသည်နှင့် အိုးထုတ်ကာ ပါဝင်ပစ္စည်းများထည့်လိုက်ပြီး မြွေသားစွတ်ပြုတ်ချက်ရန် မီးပေါ်သို့တင်လိုက်သည်။ ကျန်သော မြွေအသားများကို ကင်ရန်တံဆို့အား အသုံးပြုလိုက်သည်။
ခဏအကြာတွင် အသားကင်အရောင်သည် ကျက်စပြုလာသည် သူမ အမွှေးအကြိုင်များပြင်ဆင်လိုက်ကာ အနည်းငယ်ထပ်ကင်လိုက်သည်။ ပြီးနောက် ပန်းကန်ပြားအား ဘေးတွင်ထားလိုက်သည်။
အသားကင်ခြင်း ပြီးသည်ကိုစောင့်ပြီးနောက် သူမသည် သားကင်အား စားပွဲပေါ်သို့တင်လိုက်သည်။
“ခင်ဗျားစားမှာလား မစားဘူးလား” ဘယ်လိုအခြေအနေမျိုးတွင်မဆို အခုလက်ရှိတွင် သူသည် သူမ၏ အလုပ်ရှင်တစ်ယောက် ထို့ကြောင့်ပင် အနည်းဆုံးတော့ ယဉ်ကျေးမှုအရမေးခြင်းဖြစ်သည်။
ဝူလင်းယူ မြွေသားအား မနှစ်မြို့သလိုကြည့်လိုက်ကာ ခဏတာမျှတုန့်ဆိုင်းသွားသော်လည်း အသားကင်အားစားရန် စားပွဲတွင်ဝင်ထိုင်လိုက်သည်။
အသားကင်စားနေစဉ်အတွင်းမှာပင် မြွေသားစွပ်ပြုတ်သည် ကျက်စပြုနေပြီဖြစ်သည်။ ရှီမာယူယူ စွပ်ပြုတ်အား နှစ်ပန်းကန်ခွဲထည့်လိုက်သည်။ အရသာရှိလှသော အနံ့သည် အစပိုင်းက မြွေသားစားရန်ငြင်းပယ်သော ဝူလင်းယူ၏ စိတ်အားပြန်ရုတ်သိမ်းစေသည်။
“မင်းကြည့်ရတာ ဘယ်လိုချက်ပြုတ်ရလဲဆိုတာ တကယ်သိပုံပဲ” ပန်းကန်လုံးထဲရှိ စွပ်ပြုတ်အားသောက်ပြီးသည်နှင့် ဝူလင်းယူမေးလိုက်သည်။
“ကျွန်တော်ကျင့်ကြံလို့မရဘူးဆိုတာ ခင်ဗျားသိတယ်မလား” ရှီမာယူယူပြောလိုက်သည် “အဲဒါကြောင့်မို့လို့ ကျွန်တော်စားဖို့လိုတယ် နောက်ဆုံးတော့ ချက်ပြုတ်တာကိုသင်ရတော့တာပဲ”
“စစ်သူကြီးအိမ်တော်မှာ စားဖိုမှူးမရှိဘူးလား”
“သာမာန် စားဖိုမှူးတောင်မှ ကျွန်တော့်လို ချက်တတ်လို့လား”
“……ချက်တတ်မယ်မထင်ဘူး”
“အင်းလေ အဲလိုပဲပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဟင်းချက်ရတာကို ကြိုက်တယ်”
စားသောက်ပြီးစီးသည်နှင့် သူမသည် တစ်ဦးတည်းဖြစ်နေသော ဝိညာဉ်သားရဲများကို လေ့ကျင့်ရန်အတွက် ဆက်ရှာဖွေနေလိုက်သည်။
ထိုညတွင် သူတို့သည် ချောက်အတွင်းရှိ ဂူသို့မပြန်တော့ပဲ အပြင်တွင် အနားယူရန်ဆုံးဖြတ်လိုက်ကြသည်။ မနေ့က သူမ ပြန်ခြင်းသည် ထိုနေရာတွင် ဝူလင်းယူရှိနေသောကြောင့်ဖြစ်သည်။ ဒီနေ့တွင်တော့ သူမနှင့်လိုက်ပါလာသည်ဖြစ်၍ ထိုနေရာသို့ပြန်သွားရန်မလိုပေ။
နောက်တွင်တော့ လတစ်ဝက်တိုင်အောင် သူတို့သည် ထိုချောက်သို့မပြန်တော့ပေ။ ရှီမာယူယူသည် ဝိညာဉ်သားရဲများနှင့် တိုက်ခိုက်ခြင်းတွင် အချိန်ကုန်ဆုံးချိန်တွင် ဝူလင်းယူသည် ရံဖန်ရံခါ သူမနှင့်လိုက်သွား၍ သော်လည်းကောင်း တချို့အချိန်များတွင် ကျင့်ကြံနေခြင်းဖြင့် အချိန်ကုန်ဆုံးနေသည်။
လတစ်ဝက်ကြာပြီးနောက်တွင်တော့ ဝူလင်းယူအားပြန်ပြည့်လာသည် ကို ရှီမာယူယူခံစားမိသည်။ တစ်ခါတစ်ရံတွင် သူ၏ရောင်ဝါသည် သူမအားကြောက်သွားစေရန် မတော်တဆပေါက်သွားတာမျိုးလည်းရှိသည်။
သို့သော် သူဘယ်လောက်ပင်သန်မာလာပါစေ သူမတိုက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခွင့် မပြုခဲ့ပေ။
ထိုသူသည် အစပိုင်းကတည်းက ဝင်ရောက်စွက်ဖက်လိုခြင်း အစီအစဉ်မရှိခြင်းကြောင့်လည်းဖြစ်နိုင်သည်။
လတစ်ဝက်ကြာပြီးနောက် မီးတောက်ချီလင်းသည် ချောက်အတွင်းရှိ ဂူသို့ပြန်လာသော်လည်း ဝူလင်းယူအားရှာမတွေ့ပေ။ ထိုနေရာပတ်ပတ်လည် တွင် သူတို့အားရှာဖွေရန် စာချုပ်အဆက်အသွယ်အား သူအသုံးပြုရသည်။
ထိုအချိန်တွင် ရှီမာယူယူသည် ဝိညာဉ်သားရဲနှင့် ပြိုင်ပွဲဖြစ်နေချိန်ဖြစ်၍ မီးတောက် ချီလင်းပေါ်လာချိန်တွင် ထိုဝိညာဉ်သားရဲသည် ချက်ချင်းပင် အားနည်းသွားတော့သည်။
“ယူယူ အဲဒါ အသွင်ပြောင်းသားရဲပဲ” ဝိညာဉ်ပုလဲအတွင်းမှ ဟိန်းသံလေးသည် သူမအား အချက်ပြလိုက်သည်။
“အသွင်ပြောင်းသားရဲဟုတ်လား” ရှီမာယူယူသည် မီးတောက်ချီလင်းအား တုန်လှုပ်စွာကြည့်ကာပြောလိုက်သည်။
မီးတောက်ချီလင်းသည် သူ့ခန္ဓာကိုယ်မှထွက်သော ဝိညာဉ်ဖိအားကြောင့် ချက်ချင်းပင် အသက်ရှုကြပ်သွားသော ရှီမာယူယူအားကြည့်လိုက်သည်။
အဲဒါ သူ့ရဲ့ စာချုပ်သားရဲလား။ သူ့ကိုယ်ပိုင်အားက အလွန်အမင်း အားကောင်းရုံသာမက ဒီလောက်အားကောင်းတဲ့ စာချုပ်သားရှိနေတာလား။ သူ့ သရုပ်အမှန်ကဘာပါလိမ့်။
“ယူယူ သူဘယ်သူလဲဆိုတာသိပြီ” ဟိန်းသံလေးပြောလိုက်သည်။
“မင်းသူ့ကိုသိတာလား၊ သူ့ကိုအရင်ကတွေ့ဖူးလား၊ အစကတည်းက ဘာလို့မပြောတာလဲ” ရှီမာယူယူအံ့သြစွာ ပြောလိုက်သည်။
“ဘယ်တုန်းကများသူ့ကိုတွေ့လို့လဲ၊ သူ့ကိုတွေ့ခဲ့တယ်ဆိုရင် အရင် ကတည်းက မှတ်မိနေပြီ” ဟိန်းသံလေးပြောလိုက်သည် “သူ့ရဲ့ စာချုပ်ဝိညာဉ် ကို မှတ်မိရုံပါ”
“အဲဒီ အသွင်ပြောင်းသားရဲကိုပြောတာလား၊ မင်းသူနဲ့သိတာလား”
“အဲလိုပဲပြောပါတော့” ဟိန်းသံလေးပြောလိုက်သည် “အဲဒါမီးတောက် ချီလင်းပဲ”
“မီးတောက်ချီလင်း ဟုတ်လား အဲဒါ ဒဏ္ဍာရီထဲက အရှေးဟောင်း အံ့ဖွယ်သားရဲမဟုတ်လား” စာအုပ်ထဲရှိ မြင့်မြတ်သော ဝိညာဉ်သားရဲ အမျိုးအစားများကို ရှီမာယူယူပြန်တွေးလိုက်သည်။ မီးတောက်ချီလင်းသည် သူတို့ထဲမှ တစ်ဦးဖြစ်သည်။
“ဟုတ်တယ် သူက ငါ့လိုပဲ မြင့်မြတ်တဲ့အဆင့်ရှိတဲ့ ရှေးဟောင်းသားရဲပဲ” ဟိန်းသံလေးပြောလိုက်သည် “ပြီးတော့ ပုံမှန်ဆိုရင် သူက ပြည်မကြီးမှာပဲနေတာပါ၊ သူနဲ့ စာချုပ်ချုပ်ထားတဲ့သူက ပညာရှိအိမ်တော်က မြင့်မြတ်တဲ့သားတော်ပဲဖြစ်ရမယ်၊ အခုမီးတောက်ချီလင်းပေါ်လာပြီဆိုတော့ ဝူလင်းယူက ပညာရှိအိမ်တော်ရဲ့ မြင့်မြတ်တဲ့သားတော်ဆိုတာ သေချာတယ်”
“ပညာရှိအိမ်တော်ရဲ့ မြင့်မြတ်တဲ့သားတော်က ဘယ်လိုစွမ်းအားမျိုးရှိတာလဲ၊ ကြည့်ရတာ ဖြောင့်မတ်တဲ့ပုံပဲ” ရှီမာယူယူပြောလိုက်သည်။
“ပညာရှိအိမ်တော်က မြင့်မြတ်တဲ့သားတော်က ကမ္ဘာကိုအုပ်ချုပ်နိုင်တဲ့ စွမ်အားရှိတယ်၊ ဘယ်နေရာမှာမမဆို သူ့အတွက် နေရာရှိတယ်၊ ဒီကမ္ဘာကို အုပ်ချုပ်တဲ့ နတ်ဘုရားနဲ့ ဆင်တူတယ်” ဟိန်းသံလေး ဆက်ပြောလိုက်သည်။
“အဲတော့ မင်းဆိုလိုချင်တာက ဒီလူက အရမ်းလေးစားခံရတဲ့သူပေါ့” မီးတောက်ချီလင်းနှင့် ဝူလင်းယူအားကြည့်ရင်း ရှီမာယူယူမေးစေ့ကို ကိုင်လိုက်သည်။
“ပညာရှိအိမ်တော်က မြင့်မြတ်တဲ့သားတော်က သန့်ရှင်းပြီး မြင့်မြတ်တဲ့ပုံစံနဲ့ အများရှေ့ကိုထွက်လေ့ရှိတယ်၊ အဲဒီမြင့်မြတ်တဲ့သားတော်က အစင်ကြယ်ဆုံးနဲ့ အမြင့်မြတ်ဆုံးယောက်ျားတစ်ယောက်လို့ ငါကြားဖူးတယ် တကယ့်လေးစားစရာပဲ” ဟိန်းသံလေးပြောလိုက်သည်။
“စင်ကြယ်ပြီး မြင့်မြတ်တယ်ဟုတ်လား၊ အဲဒါကို ငါဘာလို့မမြင်ရတာပါလိမ့်” ရှီမာယူယူပြောလိုက်သည်။ “သူ့ ခန္ဓာကိုယ်က ရောဂါတချို့အငွေ့အသက်ကိုပဲ ငါခံစားလို့ရနေတယ်”
တစ်ဖက်တွင် ဝူလင်းယူနှင့် မီးတောက်ချီလင်းသည်လည်း စကားလက်ဆုံကျနေကြသည်။
“သခင် ငါအဲဒီပစ္စည်းကိုရှာမတွေ့သေးဘူး” မီးတောက်ချီလင်းက ပြောလိုက်သည်။ “ငါ ပူလွောင်တောင်တန်းတစ်ခုလုံးကို ပိုက်စပ်တိုက်ရှာပြီးပြီ ဒါပေမယ့် အဲအနံ့တစ်ခုမှကို အနံ့ခံလို့မရဘူး”
“ငါ့ခံစားမှုကပဲမှားနေတာလား” ဝူလင်းယူပြောလိုက်သည်။
“သခင် ငါတို့အခုဘာလုပ်ကြမလဲ” မီးတောက်ချီလင်းမေးလိုက်သည်။
“ဘာမှမရှိတော့မှတော့ အပေါ်ကိုပြန်တက်ဖို့ပဲရှိတော့တာပေါ့၊ ဒီနေ့ စံအိမ်တော်ကနေ အကုန်လုံးကို အရေးတကြီးပြန်လာဖို့ အခေါ်စာရတယ်” ဝူလင်းယူပြောလိုက်သည်။
“ကိစ္စများတစ်ခုခုဖြစ်လို့လား”
“မသေချာဘူး ကြည့်ရတာ အဲဒီ အဘိုးကြီးက ဟောကိန်းကနေ နောက်ထပ်မိန်းမတစ်ယောက် ရှာတွေ့ပြန်ပြီထင်တယ်” ဝူလင်းယူပြောလိုက်သည် “ငါတို့ နောက်ပြန်လှည့်မကြည့်ပဲ ပြန်သွားရမယ်”
“ကောင်းပြီ”
သူတို့နှစ်ယောက် စကားပြောဆိုပြီးသည့်နောက်တွင် မီးတောက်ချီလင်းသည် စာချုပ်နေရာသို့ပြန်သွားလေသည်။ ဝူလင်းယူသည် ရှီမာယူယူအား ကြည့်ကာ လာရန်အချက်ပြလိုက်သည်။
သူသည် သူမ၏အလုပ်ရှင်ဖြစ်ကြောင်းကို တွေးကာ ဝူလင်းယူဆီသို့လျှောက်သွားလိုက်သည်။
“ငါတို့ထွက်သွားတော့မယ်” ဝူလင်းယူ ရိုးရှင်းစွာပင်ပြောလိုက်သည်။
“မင်း ပြီးသွားလို့လား” ရှီမာယူယူ မျက်တောင်ခတ်ကာ ဝူလင်းယူအား စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။
ရှီမာယူယူ စိတ်လှုပ်ရှားသွားသည်ကို ဝူလင်းယူမြင်သည်နှင့် သူ့နှလုံးသားသည် ဘာကြောင့်မှန်းမသိပဲ အနေရခက်သွားသည်။ သူရှိနေသည်ကို ဘယ်လောက်တောင်သူမ အလိုမရှိတာလဲ။
“မင်းအရမ်းပျော်သွားလား”
“ပျော်တာပေါ့ ကျွန်တော် ဒီမှာနေပြီး ကျင့်ကြံလို့ကောင်းတယ်ဆိုပေမယ့် တချို့အရေးတကြီးလုပ်စရာလေးတွေ ရှိသေးတယ် အိုး….” ရှီမာယူယူ စကားကိုဆုံးအောင်ပြောပြီးသည်နှင့် ဆွဲဖက်ခြင်းခံလိုက်ရသည်။
“ငါနဲ့ရှိနေတာထက် ဘာတွေများအရေးတကြီးလုပ်စရာရှိနေတာလဲ” ဝူလင်းယူသည် မျက်နှာတွင် ယုတ်မာသော အပြုံးပြုံးကာ ပြင်းပြသော အကြည့်ဖြင့်ရှီမာယူယူအားကြည့်လိုက်သည်။
“ခင်ဗျားရူးနေတာလား” ဝူလင်းယူ ရုတ်တရက်ဘာကြောင့်ထိုကဲ့သို့ ပြုမူသလဲဆိုသည်ကို ရှီမာယူယူနားမလည်တော့ပါ။ သူမ လက်များအားအသုံးပြုကာ သူ့ရင်ဘတ်အား တွန်းထုတ်လိုက်သည်။ “ငါ့ကိုလွှတ်”
“ရူးနေတယ်ဟုတ်လား ငါတကယ်ပဲရူးသွားပြီထင်တယ်”
ထိုသို့ပြောပြီးနောက် သူ ရှီမာယူယူလက်များအားချုပ်လိုက်ကာ သူ၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရလေသည်။ ပြီးတော့ သူမ တွေဝေနေဆဲဖြစ်နေချိန်တွင် သူမနှုတ်ခမ်းပေါ်သို့ အနမ်းမိုးများရွာချလိုက်လေသည်။