Switch Mode

အပိုင်း(၃၁၈)

တနူး

ဝမ်လင်းက တချို့လူများမှာ အေးခဲ၍ သေဆုံးသွားသည်ကို တွေ့ရမြင်ရသည့် အခါ နှလုံးသားထဲကို ထိုးစိုက်သလို ခံစားနေရ၏။ သူက ထိုသေဆုံးသည့် လူများကို ဂရုစိုက်ခြင်း မဟုတ်သော်လည်း သူများတွေ သေဆုံးနေသည်ကို တွေ့သည့်အချိန်တိုင်း သူ့ဇနီးအတွက် စိုးရိမ်မှု ပို၍ မြင့်တက်လာ ခဲ့ရလေသည်။

သူ့ဇနီးက အခုလိုမျိုး နှင်းများ ဆိုးရွားစွာကျသည့် အခြေအနေကို တောင့်ခံမနိုင်ဘဲ သူ့ကို ထားသွားမှာကို စိုးရိမ်လို့နေသည်။

သူ့ဇနီးအပြင် သူက ဝမ်လင်း အတွက်လည်း စိုးရိမ်လို့နေသည်။ သူ့စိတ်ထဲတွင် ဦးလေးဝမ်က အသက်ကြီးလို့နေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က သည်လိုအေးစက်မှု ဒဏ်အတွက် အဆင်ပြေကော ပြေနိုင်ပါ့မလား။

သူက မိဘတွေကို ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ သူက ဦးလေးဝမ်လည်း သူ့ကို ထားသွားမည်ကို မလိုချင်တော့ပါ။

တနူးသား ချန်ရှောင်နူးက အဖြူရောင်ကလန်သို့ ရောက်ရှိသွားပြီး ချီစုဆောင်းမှု အဆင့်သာ ရှိသေးသော်လည်း သေမျိုးများထက် စာရင်တော့ များစွာသာသေး၏။

တနူးသားက သူ့မိဘများကို ရှာဖွေရန်က မဟာမိတ်ကလန် လေးခုနိုင်ငံက အလွန်ကြီးမား ကျယ်ပြန့်လေသည်။ သေမျိုးများ အားလုံးနီးပါးက နှင်းများရှင်းရန် အတွက် တစ်နိုင်ငံလုံးတွင် ပျံ့နှံ့လျက်ရှိသည်။

တနူးက သည်နှင်းများ ကျဆင်းနေသည်မှာ အချိန် ဘယ်လောက်ရှိပြီ ကိုပင် မသိတော့ပေ။

တစ်ချိန်တည်းမှာ သူက သူ့လည်ပင်းရှိ ပန်းပုရုပ်လေးထံမှ ထူးဆန်းသော စွမ်းအားများကိုလည်း သတိပြုမိ လိုက်လေသည်။ သူက အေးစက်မှုကို ခံစားရသည့် အချိန်တိုင်း ၎င်းပန်းပုရုပ်ထံမှ အနွေးဓာတ် ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး ပျံ့နှံ့လို့ သွားလေသည်။ မည်မျှ အေးခဲသည်ဖြစ်စေ သူက လုံခြုံစွာ အသက်ရှင် နိုင်ခဲ့ပေ၏။

သည်ပန်းပုရုပ်လေး၏ တည်ရှိမှုကြောင့် သူက သူ့ဇနီးနှင့် ပတ်သက်ပြီး ပို၍စိတ်သက်သာရ ရလေသည်။ သူ့ဇနီးက ပန်းပုရုပ်ကို မဖယ်ရှားသေးသ၍ သူက အေးခဲ၍ မသေနိုင်တော့ပေ။

သို့ရာတွင် အချိန်ကြာလာသည် နှင့်အမျှ နှင်းများ ကျဆင်းနေသည်က အဆုံးမသတ်နိုင် ဖြစ်နေသဖြင့် သူ့စိတ်ထဲရှိ စိုးရိမ်မှုက ထပ်မံဖြစ်ပေါ် လာပြန်သည်။

ကောင်းကင်ထက်ရှိ နှင်းများက လျော့နည်းလာ သော်လည်း အဆုံးမရှိဆက်၍ ကျနေဆဲပင်။

သည်နေ့ရက်များတွင် သေမျိုး အမြောက်အမြားက တိတ်တဆိတ် ထွက်ခွာသွားကြသည်။ သူ့တို့က အနီးအနား နိုင်ငံများဆီ လွတ်မြောက်ရန် သွားလိုကြသည်။

အနီးအနားရှိ နိုင်ငံများသည် နှင်းများပြင်းစွာ ကျဆင်းနေခြင်း မရှိပေ။ ပုံမှန်အတိုင်း နွေဦးရာသီ ဖြစ်နေကာ နေသာလျက်လည်း ရှိလေသည်။

သည်မနက်တွင် တနူက တစ်ယောက်တည်း စောစောစီးစီး နိုးလာခဲ့၏။ သူက အိပ်ရာထထချင်း သူ့မိသားစုနှင့်အတူ ဝမ်လင်းကိုလည်း သတိရနေသည်။ သူ့အိမ်၏ နွေးထွေးမှုကိုလည်း တမ်းတမိသည်။

ထိုအချိန်တွင် အခြားလူအချို့လည်း နိုးလာခဲ့ကြသည်။ ထို့နောက် တနူးက သူ့တွင်အခန်းထဲတွင် အေးခဲ၍ သေဆုံးသွားသည်ကို တွေ့လိုက်ရ၏။

လူတိုင်းက တွေးတောလို့နေ၏။ အချိန်တစ်ခု ကြာပြီးနောက် အိမ်အပြင်မှ အော်သံ ကြားလိုက်ရသည်။ လူတိုင်းအပြင်ကို ထွက်လာခဲ့။ မထွက်လာတဲ့လူတိုင်း နှင်းတောထဲမှာ အေးခဲပြီး သေအောင် ပစ်ထားခံရမယ် … ”

လူအချို့က သက်ပြင်း ချလိုက်သည်။ လူတိုင်းက ဖြည်းနှေးစွာ အပြင်သို့ ထွက်လာခဲ့သည်။ လွန်ခဲ့သော လအချို့က သူတို့အတွက် လုံလောက်သော အစာရေစာ ရှိသော်လည်း အခုချိန်တွင်တော့ နည်းသထက် နည်းလာခဲ့သည်။ သည့်အတွက်ကြောင့်လည်း သူတို့က နှင်းရှင်းလင်းရန် အလုပ်လုပ်ပေး နေသည်ကို ဆက်၍ မလုပ်နိုင်ကြတော့ချေ။

တနုးက ခုချိန်တွင် ငိုလျက်ရှိသည်။ သက်လတ်ပိုင်း လူကြီးက ရင်းနှီးသည့်ဟန်ဖြင့် သူ့ကို ဆွဲ၍ ပြောလိုက်သည်။

“တနူး … ။ သွားကြစို့။ ငါတို့ အသက်ရှင်နေသ၍ မျှော်လင့်ချက် ရှိနေတုန်းပဲ … ”

တနူးက ထိုလူ၏ ဆွဲခေါ်ခြင်း ခံရသည်။ သူက နှင်းထဲတွင် မလှုပ်မယှက် ရှိနေသော ကောင်လေးကို ကြည့်၍ မျက်ရည်များ ကျလာခဲ့ပြန်သည်။

သူက အခန်းထဲမှ ထွက်လာပြီးနောက် လေအေးတစ်ချက်က သူ့ကို ရိုက်ခတ်လာ၍ တုန်ရင် အေးစက်သွားသည်။ သို့သော် သူ့လည်ပင်းမှ ပန်းပုရုပ်လေးမှ နွေးထွေးမှု ထွက်လာခဲ့တော့သည်။

သူက သူ့ရင်ဘတ်ကို ပွတ်၍ တံခါးဝမှ ထွက်လာသော လူများကို ကြည့်နေတော့သည်။ သူက အံကြိတ်၍ ဆုံဖြတ်ချက် တစ်ခု ချလိုက်သည်။ သူ့ဇနီးကို ရှာဖွေပြီး ဒီနိုင်ငံမှ ထွက်သွားရန် ဖြစ်သည်။ သည်နှင်းများ ကျဆင်းပြီးမှ သူက သည်နိုင်ငံသို့ ပြန်၍လာပေမည်။

ညနက်နေပြီ ဖြစ်သဖြင့် လူတိုင်းက အိပ်ပျော်နေပြီ ဖြစ်သည်။ သူက အိမ်ထဲမှ တိတ်တဆိတ် ထွက်၍ လာခဲ့သည်။ အေးစက်သော လေက သူ့ကို တုန်ရင်စေ သော်လည်း နှင်းများကြား သူက ဆက်၍ သွားနေဆဲပင်။

တနူးက နှင်းများကို ဖြတ်၍ ခြေကျင်ခရီးကြမ်း ဆက်သွားလို့နေသည်။ သည်ကမ္ဘာကြီးက ကျယ်ဝန်းသော်လည်း သူ့အတွက် နေစရာတစ်နေရာမှ မရှိသလို ခံစားနေရသည်။ ညဘက်တွင် လေအေးများက ပို၍ ကြမ်းလာခဲ့သည်။ သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး တစ်စုံတစ်ခုထံသို့ ပြေးသွားလိုက်သည်။ သူက ခန္ဓာကိုယ်တစ်ခုကို တိုက်မိ၍ တုန်လှုပ်သွား မိသည်။

သည်ခန္ဓာကိုယ်က သေဆုံးသွားသည်မှာ ကြာမြင့်နေပေပြီ။ ထို့ကြောင့် သူ့ကိုယ်ပေါ်တွင် နှင်းလွှာတစ်ခုပင် ဖုံးလွှမ်းလို့နေပေပြီ။ တနူးက သည်လူသေ ခန္ဓာကိုယ်ကို အနားကပ်၍ သေချာ ကြည့်လိုက်သည်။

သူက ထိတ်လန့်သွားပြီး နောက်သို့ ပြန်ဆုတ်မိ သွားသည်။ သို့ရာတွင်သူက ထပ်၍သွားပြန်သည်။ သူက ဘေးပတ်ပတ်လည်ကို ကြည့်၍ မရေမတွက်နိုင်သော လူသေ အလောင်းများကို ကြည့်၍ အေးစက်မှုကို ခံစားနေရသည်။

တနူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ သူက သူ့ဇနီး၊ သားများကို တွယ်တာမှု ရှိလေသည်။ သည်လူသေ ခန္ဓာကိုယ်များက သူ့ကို ပြိုလဲကျသလို ဖြစ်နေစေ၏။

ထို့နောက် သူက စတင် ငိုကြွေးမိလေသည်။

အချိန်တစ်ခု ကြာပြီးနောက် တနူး၏ခန္ဓာကိုယ်က နွေးထွေးလို့လာပြီး သူ့ခေါင်းကိုလည်း နွေးထွေးသော လက်ဖြင့် လာပုတ်ခြင်းကို ခံလိုက်ရသည်။

“တနူး … မကြောက်ပါနဲ့ … ”

တနူးက ခေါင်းမော့၍ ကြည့်လိုက်ရာ သူ့ရှေ့တွင် လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သည်လူငယ်က သူ့ထက်ပင် ငယ်ရွယ်သည့်ပုံပင်။ သို့သော် လူငယ်၏ မျက်လုံးများက ရှေးဟောင်း အလင်းများ ထုတ်လွှတ်လျက် ရှိသည်။

တနူးအတွက် သည်လူက လူစိမ်းတစ်ယောက် မဟုတ်ပေ။ တကယ်တော့ သူက သူနှင့်အတူ ရှိနေခဲ့သော ဦးလေးဝမ်ပင် ဖြစ်၏။

ဦးလေးဝမ်၏အသွင်က သူသိခဲ့သော လူအိုကြီးပုံစံနှင့် လုံးဝခြားနားလို့ နေပေသည်။ တနူးက ဝမ်လင်းကို ပထမဆုံး တွေ့ဖူးခဲ့သည့် ပုံပန်းသွင်ပြင်ကို ပြန်လည် မှတ်မိလိုက်သည်။

ဝမ်လင်းက ထိုအချိန်တုန်းက အတိုင်းပင်။

“ဦးလေးဝမ် … ”

တနူးက တိုးညင်းစွာ ခေါ်လိုက်သည်။ သူက အနည်းငယ် စဉ်းစားလိုက်သည်။ သူက ဦးလေးဝမ်ကို ကြည့်ရင်း တစ်ခုခု တွေးမိလိုက်သည်။ ထို့နောက် သူက မေးလိုက်၏။

“ဦးလေးဝမ် … ဦးလေးဝမ်က အင်မော်တယ်လား … ”

ဝမ်လင်းက ပတ်ဝန်းကျင်ကို သေချာ ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက တနူးကို ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။

“ဟုတ်ပါတယ်။ ဦးလေးဝမ်က ဒီမှာရောက်နေပါပြီ။ ဒါ့ကြောင့် မင်း ဘာမှ ကြောက်စရာ၊ စိုးရိမ်စရာ မလိုတော့ဘူး။ မင်း ဇနီးကို သွားရှာကြစို့ … ”

တနူးက အိပ်မက် တစ်ခုအလား ခံစားနေရသည်။ သူ့ပုံစံက မတည်မငြိမ် ဖြစ်လို့နေ၏။ ကြောက်ရွံ့မှု အရိပ်အငွေ့လေး တစ်ခုပင် သူ့ထံ၌ ဖြစ်ပေါ်လို့နေ၏။

ဝမ်လင်းက သက်ပြင်းချ၍ တနူး၏ခေါင်းကို လက်ညှိုးဖြင့် ထိုးလိုက်သည်။ တနူးက ငြိမ့်ညောင်းစွာ ခံစားလိုက်ရ ပြီးနောက် အိပ်ပျော်၍ သွားလေ၏။

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ တနူးထံမှ ညင်သာသော အလင်းတစ်ခု ထွက်ပေါ်လာပြီးနောက် သူ့ကို ခေါ်၍ ဝမ်လင်းက ပျံသန်းလိုက်၏။

သည်နေရာနှင့် သုံးသောင်း ကီလိုမီတာ ကွာဝေးသော အရပ်တွင် သေမျိုးများ ပြည့်နေသောနေရာ တစ်ခုရှိလေသည်။ ဝမ်လင်းက ထိုနေရာတွင် တနူး၏ဇနီးကို ရှာတွေ့ခဲ့၏။ သူက သူပေးခဲ့သော ပန်းပုရုပ်တွင် နတ်ဘုရားအာရုံကို ထားရှိခဲ့ပြီး သူတို့ကို အန္တရာယ်မှ ကယ်တင်ခဲ့လေ၏။

ဝမ်လင်းက တနူးတို့ လင်မယား နှစ်ယောက်ကို သယ်လာခဲ့ပြီး နယ်စပ်သို့ ရောက်လာခဲ့၏။ ထိုနေရာတွင် အလင်း မျက်နှာပြင်တစ်ခု ရှိလို့နေသည်။ သည်အလင်းက မဟာမိတ် ကလန်လေးခုနှင့် နောက်နိုင်ငံ တစ်ခုကို ကာဆီးထားခြင်းပင်။

ဝမ်လင်းက သူတို့နှစ်ယောက်ကို အောက်ချလိုက်ပြီး ထိုအလင်း မျက်နှာပြင်ပေါ်သို့ သူ့လက်ကို ချလိုက်သည်။ သူ့စိတ်ဝိညာဉ် စွမ်းအင်များကို ထိုအလင်း မျက်နှာပြင်ထဲသို့ ထည့်သွင်းလိုက် ပြီးနောက် လူများ ဖြတ်သန်း သွားလာနိုင်သော လမ်းကြောင်းတစ်ခု ဖြစ်လို့သွားလေသည်။

ဝမ်လင်းက သက်ပြင်း ချလိုက်၏။ သူက တနူးတို့လင်မယား နှစ်ယောက်၏ ခေါင်းကို လက်ညှိုး ညွှန်လိုက်သည်။ ထို့နောက်သူက အထုတ် တစ်ထုပ်ထား၍ နောက်ပြန်လှည့် လိုက်ပြီး ပျောက်ကွယ် သွားတော့၏။

ခဏအကြာတွင် တနူးက မျက်လုံး ပွင့်လာခဲ့၏။ သူက ဦးလေးဝမ်ကို အိပ်မက် တစ်ခုအလား မြင်တွေ့ခဲ့ရသလို ခံစားမိနေ၏။

သူက သက်ပြင်း ချလိုက်သည်။ ထို့နောက် သူက ဘေးနားရှိ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်သည့်အခါ လန့်၍ အော်မိလိုက်သည်။ သူက ထိုအမျိုးသမီးကို လှုပ်နှိုးလိုက်၏။ အမျိုးသမီးက နိုးလာပြီး တနူးကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တင်းကျပ်စွာ ဖတ်၍ ငိုကြလေသည်။

ငိုယိုပြီးနောက် တနူးဇနီးက မေးမြန်းလိုက်သည်။

“တနူး … ဘာကြောင့် ကျွန်မ ဒီနေရာမှာ ရှိနေရတာလဲ … ”

တနူးက ကောင်းကင်ကို မော့ကြည့်၍ တွေးတောနေသလို လုပ်နေသည်။ အချိန်တစ်ခု ကြာပြီးနောက် သူက သက်ပြင်း ချလိုက်သည်။ သူက သည်အရာမှာ အိပ်မက်တစ်ခု မဟုတ်ကြောင်း သိနေသည်။ သူကဘာမှ မပြောတော့ဘဲ အလင်း မျက်နှာပြင်ပေါ်ရှိ ဦးမင် လမ်းကြောင်းနှင့် အထုပ် တစ်ထုပ်ကို တွေ့လိုက်သည်။

သူက အထုပ်ကို ဖြည်ကြည့် လိုက်သည့်အခါ ရွှေများကို တွေ့လိုက်ရသည်။ ထို့နောက် သူနှင့် သူ့ဇနီးက မြို့တော်ရှိရာသို့ ဒူးထောက်၍ ခပ်တိုးတိုး ပြောလိုက်ကြသည်။

“ဦးလေးဝမ် … ကျေးဇူးတင်ပါတယ် … ”

သူက အထုပ်ကို ကောက်၍ သူ့မိန်းမကို ခေါ်ပြီး ဝမ်လင်း ဖောက်ခဲ့သော လမ်းကောင်းအတိုင်း သွားတော့၏။ သိပ်မကြာခင်မှာ တနူးတို့ လင်မယားက မဟာမိတ် ကလန်လေးခုမှ ထွက်လာခဲ့ တော့သည်။ ဝမ်လင်းက သူ့တို့ ဒူးထောက်ခဲ့သော နေရာတွင် ပြန်ပေါ်လာခဲ့သည်။ သူက ပျောက်ကွယ်သွားသော တနူးတို့ လင်မယားကို ကြည့်၍ မျက်ရည်များပင် ဝဲလာခဲ့လေသည်။

သူ့နတ်ဘုရား အာရုံကြောင့် သူက သည်နေရာနှင့် မဝေးသော တစ်နေရာတွင် မြို့ငယ်လေးတစ်ခု ရှိကြောင်း သိလေသည်။ သူတို့ သည်လမ်းအတိုင်း လျှောက်သွားပြီး သည်မြို့လေးတွင် သူ့လက်ကျန်ဘဝကို အရိုးထုတ်ရန်သာ လို၏။ သူက မသေခင်ချိန်ထိ သူကြီးပြင်သည့် အထိ ကြည့်ရှုခဲ့သော ဦးလေးဝမ်ကိုတော့ မေ့နိုင်မည် မဟုတ်ပါ။

***

Comment

Leave a Reply

Options

not work with dark mode
Reset