Switch Mode

အပိုင်း(၃၁၁)

ပြောင်းလဲသွားသည့် နှင်းကျဆင်းမှု

ဝမ်လင်းက သူ့ကိုယ်ပိုင် နယ်ပယ်ကို ခံစားထိတွေ့ မိပြီးသည့် အချိန်မှစ၍ ရေတွက်မည် ဆိုပါက နောက်ထပ် ဆယ်နှစ်ပင် ကုန်လွန်သွားခဲ့ ပြန်လေပြီ။ ဝမ်လင်းက သည်လမ်းထဲမှာ နေထိုင်လာတာ နှစ်သုံးဆယ်ကျော် ရှိလာခဲ့ပြီ ဖြစ်၏။ သူလည်း အိုမင်းသည့်ဟန် ပေါက်လာခဲ့သည်။ သူ့ဆံပင်များကလည်း တစ်ခေါင်းလုံး ဖွေးနေပြီး နဖူးတွင်လည်း အရေးကြောင်းများ တွန့်လို့နေခဲ့ပေပြီ။

တနူးအမေလည်း လွန်ခဲ့သော ခုနစ်နှစ်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်၏။ တနူးလည်း သူကိုယ်တိုင် ပန်းပဲရုံကို ဦးစီးနေရပြီ ဖြစ်သည်။ သူက သူ့ချစ်ဇနီးနှင့် မိသားစုကို ကျွေးမွေး ထောက်ပံ့သည့် တာဝန်ကို ယူထား၍ တစ်ခါတစ်ရံ သူ့သားကို တစ်နေ့မှာ ပန်းပဲရုံကို လွှဲပေးနိုင်ရန် အတွက်လည်း ပန်းပဲပညာရပ်ကို သင်ကြားပေး ထားလေ၏။

သည်မြင်ကွင်းက ဝမ်လင်း သည်နေရာကို စရောက်လာသည့် အချိန်တုန်းကလိုပင်။ လူပြောင်းသွားသည်သာ ရှိ၏။ အဖြစ်အပျက် သံသရာကတော့ သည်တိုင်းပင်။

သို့သော် တနူးက သူ့သားကို သူ့ပန်းပဲအမွေ လက်ဆင့် မကမ်းနိုင်ခဲ့ပါ။ အကြောင်းမှာ လွန်ခဲ့သော သုံးနှစ်က အဖြူရောင် တိမ်ကလန်မှ လေလွင့်ကျင့်ကြံသူ တစ်ယောက်က တနူးသား ရှောင်နူးကို မျက်စိကျသည့် အတွက် တပည့်အဖြစ် ခေါ်သွားခဲ့ သောကြောင့်ပင်။

ထိုနှစ်က သည်ကျင့်ကြံသူသည် တနူးသားကို ဝမ်းကျောက် ဆိုသည့် နာမည်အသစ် တစ်ခုလည်း ပေးခဲ့၏။

တနူးက သူ့သား အင်မော်တယ် ဖြစ်လာသည့်အတွက် အရမ်းဂုဏ်ယူ နေခဲ့သည်။ သူက တွေ့သမျှလူတိုင်းကို ထိုအကြောင်းအား လိုက်ပြောပြ၏။ ထို့ကြောင့်လည်း လမ်းထဲရှိလူတိုင်းက သည်အကြောင်းကို သိခဲ့လေ၏။

ဝမ်လင်းက ဝမ်းကျောက်နှင့် ပတ်သက်၍ အဖြူရောင် တိမ်ကလန်က ကျင်ကြံသူ တစ်ယောက်က မျက်စိ ကျသွားသည်ကို မည်သို့မျှ မအံ့ဩပေ။ ဝမ်လင်းက သည်ကောင်လေး ငယ်ငယ်တည်းက ကျင့်ကြံဖို့ သင့်တော်သော ခန္ဓာကိုယ်ရှိကြောင်း သိလေသည်။ သည်ကောင်လေးက သူစတင်လေ့ကျင့် ခဲ့တုန်းကထက်ပင် များစွာသာသည့် ပင်ကိုအရည်ချင်း ရှိလေ၏။

ဝမ်လင်းက မြို့တော်တွင် သူနှင့်ဆက်နွှယ်မှု ရှိသည်က တနူးတို့မိသားစု တစ်ခုသာ ရှိ၏။ ထို့ကြောင့်လည်း သူက ရှောင်နူးကို ငယ်စဉ်တည်းက သကြားလုံး ကျွေးသလိုနှင့် ဆေးလုံးများစွာ ပေးခဲ့ခြင်းပင်။

ရလဒ်အနေဖြင့် ရှောင်နူး၏ အရည်အသွေးက ပို၍ ကောင်းမွန်လာခဲ့၏။ ထို့ကြောင့် အဖြူရောင် တိမ်ကလန်မှ ကျင့်ကြံသူက သူ့ကို မျက်စိ ကျသွားခြင်းက အံ့ဩစရာ မဟုတ်တော့ပေ။ သည်ကျင့်ကြံသူက အမြုတေဖွဲ့တည်ခြင်း အဆင့်တွင်သာ ရှိသော်လည်း ကြင်နာတက်သည့် လူမျိုးလည်း ဖြစ်နေသေးသည်။

ထို့ကြောင့် ဝမ်လင်းက ကြားဝင်စွက်ဖက်ခြင်း မပြုတော့ဘဲ သည်အတိုင်း ပျော်ရွှင်စွာ ပြီးဆုံးစေလိုက်၏။ သူက သူကူညီနိုင်တာ အကုန်လုံးလည်း ကူညီခဲ့ပြီး ဖြစ်သည်။ ဝမ်းကျောက်က နောင်အနာဂတ်တွင် မည်သို့ ဖြစ်လာဖြစ်လာ သူ့စိတ်ထဲတွင် မရှိတော့ပေ။

ရှောင်နူ ထွက်သွားပြီးနောက် တနူးက အလုပ်သမားအချို့ကို ငှားရမ်းခဲ့၏။

သို့သော် တနူးက သူ့အဖေ၏စကားကို နားမထောင်တော့ဘဲ အလုပ်သမားများ ငှားရမ်းပြီးနောက် ပန်းပဲဖိုကို သိပ်ဂရု မစိုက်တော့ပေ။ ထိုအစားသူက သူ့အလေ့ကျင့်ဟောင်း ဖြစ်သည့် ဝမ်လင်း ပန်းပုထွင်းသည်ကို နေ့တိုင်း လာကြည့်တော့သည်။

တနူးက သူ့အမေ ဆုံးပြီးကတည်းက နှစ်သစ်ရောက်တိုင်း သူ့ဇနီးနှင့်အတူ စားစရာများပါ ယူချလာပြီး ဝမ်လင်းဆီ လာလေ့ရှိသည်။ တနူးက ဝမ်လင်းကို ခုချိန်တွင် သူ့မိဘသဖွယ် ထင်မှတ်ထားသည့် ပုံပင်။

တနူးဇနီးကလည်း တော်သောအမျိုးသမီး တစ်ယောက်ပင်။ သူမယောက်ျား ဝမ်လင်းကို ဆက်ဆံပြောဆိုပုံကို မြင်နေရသဖြင့် သူလည်း ဝမ်လင်းကို မိသားစု၏ သက်ကြီးရွယ်အို တစ်ယောက်လို ပြုစုဆက်ဆံလာ၏။

သည့်ကြောင့်လည်း ဝမ်လင်းက သေမျိုး တစ်ယောက်အဖြစ် မြို့တော်တွင် နေထိုင်သည့် အချိန်တွင် နွေးထွေးသော မိသားစုခံစားချက်ကို ခံစားခဲ့ရသည်။ သည်နွေးထွေးမှုက ဝမ်လင်းအတွက် ထူးဆန်းလို့ နေသော်လည်း သူက လက်ခံခဲ့လေ၏။

ရှုတောက်ကလည်း သက်လတ်ပိုင်း အရွယ်မှ အဘိုးအိုအရွယ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ့အဆင့်တန်းကလည်း လွန်ခဲ့သော ဆယ်နှစ်ကတည်းက မြင့်တက်သွားခဲ့ပြီး ဘုရင်၏ မှူးမတ်ချုပ် ဖြစ်လာခဲ့၏။ အတိတ်တုန်းက မင်းသားကလည်း အခု ဘုရင် ဖြစ်လာခဲ့ပေပြီ။

မင်းသားက ဘုရင်ဖြစ်လာ ပြီးနောက် သူ့မျိုးနွယ်များက ဆုတ်ယုတ်သွားခြင်း မရှိဘဲ တိုး၍သာ လာခဲ့၏။ သူက နှစ်စဉ်တိုင်း ဝမ်လင်းဆီလာပြီး သူ့အဆင့်အတန်းကို လုံးဝ ခဝါချကာ လာရောက်ဂါဝရ ပြုလေသည်။

သည်နှစ် ဆောင်းရာသီတွင် နှင်းများက သိပ်သည်းစွာ ကျလို့နေ၏။ ဝမ်လင်း ဒီမှာနေလာသည့် နှစ်သုံးဆယ်ကျော်တွင် အခုလောက် နှင်းကျသည်ကို မမြင်ဖူးခဲ့ချေ။ နှင်းများက မြို့တော်တစ်ခုလုံး ဖုံးလွှမ်းလို့နေပေ၏။

အချို့အိမ်ခေါင်မိုး အတော်များများဆိုလျှင် သည်နှင်းဖိအားကြောင့် ပြိုကျသည့် အဖြစ်ပင် ကြုံရသည်။ အချို့အားနည်းသည့် လူများဆိုလျှင်လည်း အအေးဒဏ်ကြောင့် သေဆုံးရသည်။ မနက်တိုင်း လမ်းထောင့်များတွင် အေးခဲ၍ သေကြသော လူတစ်ယောက် နှစ်ယောက်တော့ တွေ့ကြရသည်။

သည်နှင်းကျသည်က အလွန်ထူးဆန်းလွန်း နေသည်။ အချို့လူများဆိုလျှင် သူတို့သက်တမ်း တစ်လျှောက် အခုလောက်ထိ နှင်းများ မကျဖူးကြောင်း စားသောက်ဆိုင်များတွင် စုဝေးပြောဆို ဖြစ်ကြသည်။

နှင်းများက ဆက်လက်၍ ကျမြဲပင်။ ထို့ကြောင့်လည်း မြို့တော်တွင် ဆိုင်အတော် များများက ပိတ်ထားကြရသည်။ ဝမ်လင်းတို့ လမ်းတွင်လည်း လမ်းပေါ်တွင် လူများကို တွေ့ရရန် မဖြစ်နိုင်ပေ။ လူတိုင်းလူတိုင်းက အိမ်တွင်းပုန်း၍ အနွေးဓာတ်ရအောင် မီးဖိုနေကြပြီး နှင်းကျတာ ပြီးမည့် အချိန်ကို စောင့်စားနေကြရ၏။

သည်နှစ် နှင်းကျသည်က အမှန်ပင် ထူးဆန်းလို့နေ၏။ နှင်းများ စကျလာကတည်းက ဝမ်လင်းက သတ်ဖြတ်လိုမှု စိတ်ဆန္ဒတစ်ခုက သည်နှင်းများကြားတွင် ပါလာသည်ကို သတိပြုမိပြီး ဖြစ်၏။ သည်စိတ်ဆန္ဒက အလွန်ဖျော့တော့၏။ သို့သော်လည်း နှင်းများက မဟာမိတ်ကလန် လေးခုကိုပင် ဖုံးအုပ်ထားလေ၏။ ထို့ကြောင့်သည် သတ်ဖြတ်လိုမှု စိတ်ဆန္ဒက ကြောက်ခမန်းလိလိဟု ပြော၍ ရသည်။

ခုလိုအပူချိန် ရုတ်တရက် လျော့ကျပြီး နှင်းများထူထဲစွာ ကျဆင်းခြင်းသည် အသတ်အဖြတ် စိတ်ဆန္ဒကြောင့်ပင်။

သည်နှင်းများက တိမ်များထံမှ ကျဆင်းလာခြင်း မဟုတ်ပေ။ သို့သော် ကောင်းကင်ထက်ရှိ ပါးလွှာသော လေထုအလွှာထဲက ထွက်ပေါ်လာသည့်ဟန် ရသည်။

သည်ထူးဆန်းသည့် နှင်းများကျပြီး သုံးရက်မြောက်တွင် မြို့တော်ရှိ အနက်ရောင် တိုင်လုံးကိုးလုံးက ကောင်းကင်မှ မိုးကြိုး လျှပ်စီးကြောင့် ထက်ပိုင်းပြတ် သွားခဲ့၏။ အထဲရှိ ကျင့်ကြံသူများ ကလည်း ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ မိုးကြိုးဖြင့် အသတ်ခံလိုက် ရပေသည်။

သည်အချိန်တွင်ပင် မဟာမိတ် ကလန်လေးခု တစ်ခုလုံးရှိ အခြားမြို့တော်များ တွင်လည်း အလားတူ အဖြစ်မျိုး ဖြစ်ပွားခဲ့လေ၏။

သိပ်မကြာခင်မှာ ကောင်းကင်ထက်မှ နှင်းများ ကျနေသည့်အပြင် မရေမတွက်နိုင်သော ကျောက်စိမ်းပြားများလည်း နေရာအနှံ့သို့ ကျလာ၏။

သည်ကျောက်စိမ်းပြား ထဲက တစ်ခုက ဝမ်လင်းထံသို့ တည့်တည့်မတ်မတ် ကျဆင်းလို့လာ၏။ ဝမ်လင်းက လက်ဝှေ့ယမ်း၍ ဖမ်းလိုက်ရာ ကျောက်စိမ်းပြားက သူ့လက်ထဲသို့ ရောက်လာခဲ့သည်။

ဝမ်လင်းက သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို စစ်ဆေး ကြည့်လိုက်ရာ အသံတစ်သံ မက်ဆေ့တစ်ခု ထွက်ပေါ်လာ၏။ ကလန်လေးခု မဟာမိတ်နိုင်ငံမှာ ရှိတဲ့ ကျင့်ကြံသူတွေ အားလုံး စစ်ပွဲအတွက် ပြင်ဆင်ထားပါ။ ကလန်းလေးခု ဖြစ်တဲ့ မှင်ရေကလန်၊ အဖြူရောင် တိမ်ကလန်၊ အစိမ်းရောင် သစ်သားကလန်နှင့် အမည်းရောင် စိတ်ဝိညာဉ် ကလန်တို့က ကျင့်ကြံသူတွေ အားလုံးကို စုဝေးဖို့ ခေါ်ပါတယ် … ”

ဝမ်လင်းက အနည်းငယ် စဉ်းစား၍ ကျောက်စိမ်းပြားကို ခွဲချေလိုက်သည်။ သူက ဆိုင်ထဲမှ ရုတ်တရက် ပျောက်ကွယ် သွားပြီးနောက် မြို့တော်အထက်ရှိ ကောင်းကင်ယံတွင် ပြန်ပေါ်လာခဲ့သည်။

သူထွက်ပေါ်လာ ပြီးပြီးချင်း ဝမ်လင်းက ရှေ့သို့ ဆက်၍ ပျံသန်းလိုက်သည်။ ကီလိုမီတာ တစ်သောင်းလောက် ရောက်တော့ သူက နှင်းများ၏အရင်းအမြစ်ကို ရှာတွေ့လိုက်သည်။

ဝမ်လင်းက ကောင်းကင်ကို စူးစိုက်ကြည့်လို့ နေသည်။ သူက မည်သို့ဖြစ်ပျက် သွားသည်ကို တဖြည်းဖြည်း သိလိုက်၏။ သူက ထိုနေရာတွင် အတားအဆီးလှိုင်းများ ထနေသည်ကို တွေ့လိုက်၏။

သည်အရာက အခြားနည်းစနစ် တစ်ခုခုသာ ဖြစ်ခဲ့ရင် ဝမ်လင်းက ချိုးဖျက်ရန် ခက်ခဲမည် ဖြစ်သော်လည်း အတားအဆီးတစ်ခု ဖြစ်နေသည်အတွက် သူက မစိုးရိမ်တော့ပေ။ ဝမ်လင်းက သူ့မျက်လုံးများကို ညာလက်ဖြင့် ပွတ်လိုက်ရာ ထူးဆန်းသော အလင်းများ ထွက်ပေါ်လာ၏။ သူက အချိန်အတော်ကြာ လေထဲကို စူးစိုက်ကြည့် နေပြီးနောက် လက်တစ်ချက် လှုပ်ရှားလိုက်သည်။ နာရီဝက် ကြာပြီးနောက် မရေမတွက်နိုင်သော အတားအဆီးများက သူ့ပတ်လည်တွင် ပေါ်လာခဲ့တော့သည်။

ပုံရိပ်ယောင် စက်ဝိုင်းများက လေထဲတွင် ဖြစ်ပေါ်လာပြီး အဖြူရောင် အခိုးငွေ့များလည်း ထွက်ပေါ်လာ၏။ တဖြည်းဖြည်းဖြင့် ဘာမှမရှိသည့် ကောင်းကင်ကြီးက အဖြူရောင် အခိုးငွေ့များဖြင့် ပြည့်လို့နေတော့သည်။ အဖြူရောင် အခိုးငွေ့များ ကွယ်ပျောက်သွားပြီး နောက်တွင်တော့ အမှန်တရားတစ်ခု ပေါ်လာခဲ့တော့၏။

ဝမ်လင်းက ၎င်းနေရာကို ဂရုတစိုက် ကြည့်လိုက်ရာ သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားတော့၏။

သူက မြို့တော်ထက် ကောင်းကင်ယံတွင် ပေ (၁၀၀၀) ခန့်ကျယ်သော လေဟာနယ် အက်ကြောင်း တစ်ခုကို တွေ့လိုက်ရ သောကြောင့်ပင်။ နှင်းများက ထိုအက်ကြောင်းထဲမှ အဆုံးမရှိ ထွက်ပေါ်၍ မြို့တော်ပေါ်သို့ ကျဆင်းနေခြင်း ဖြစ်တော့၏။

ဝမ်လင်းက သည်ဧရိယာကို နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်ရာ တစ်သောင်း ကီလိုမီတာ အတွင်းတွင် အနည်းဆုံး သည်လို အတားအဆီးအခု (၁၀၀)လောက် ရှိပေသည်။

သူနောက်ထပ် အံ့ဩမိသည့်အရာမှာ သည်အက်ကြောင်းက သူ့နတ်ဘုရား အာရုံကို စုပ်ယူနေခြင်းပင်။ သူ့နတ်ဘုရား အာရုံက ၎င်း အက်ကွဲကြောင်းကို ဖြတ်ကျော် လိုက်သည်နှင့် သူက ချက်ချင်း သတိပြုမိ လိုက်သည်။ ကံကောင်းစွာဖြင့် သူ့နတ်ဘုရား အာရုံက အလွန် အားကောင်းလှသဖြင့် ဝမ်လင်းက လွယ်ကူစွာ စုပ်ယူခြင်း မခံလိုက်ရပေ။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက အလျင်စလို မလုပ်တော့ဘဲ သူ့ဆိုင်သို့ ပြန်လာလိုက် တော့သည်။

ဝမ်လင်းက တစ်ခုခုဆိုးရွားစွာ ဖြစ်တော့မည် ခံစားချက် ရနေသည်။ သူက သည်အက်ကွဲကြောင်းကို မြင်လိုက်ကတည်းက သည်ခံစားချက်ကို ပို၍ အားကောင်း လာခဲ့သည်။ သူက အနည်းငယ် တွေးပြီးမှ သူ့ကိုယ်သူ ရယ်မောလိုက်သည်။ ကလန်လေးခု မဟာမိတ်၏ တာဝန်သာ ဖြစ်သည်။ ထို့ကြောင့် သူက သည်ကိစ္စနှင့် ပတ်သက်၍ စိတ်ပူရန်မလိုပါ။ သူ့ထက်စွမ်းအား ကောင်းသော လူများနှင့်သာ သက်ဆိုင်ပေ၏။

သို့ရာတွင် ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းက ဝမ်လင်း စိတ်ထဲတွင် အနက်ရောင် တိမ်တစ်ခုလို တဝဲလည်လည် ဖြစ်နေသေး၏။

ထိုအခိုက်တွင် ဝမ်လင်းက သူ့ဆိုင်ရှေ့မှ တစ်ယောက်ယောက် တံခါး လာခေါက်သည်ကို ကြားလိုက်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset