အဘိုးအို ညွန်ပြလိုက်သည့် လူက အသက်ကြီးကြီး အမျိုးသမီးကြီး တစ်ယောက်ဖြစ်၏။ သူမမျက်လုံးများက အနည်းငယ် မှိန်ဖျော့လို့နေပြီး သူမက အဘိုးအိုကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။
“စီနီယာရဲ့ ကျင့်ကြံမှု အဆင့်က ကောင်းကင်လောက် မြင့်နေရင်တောင် အဖြူရောင်တိမ် ကလန်က လူတွေကို လာအမိန့်ပေးလို့ ရတယ်လို့ မဆိုလိုပါဘူး …”
အဘိုးအိုက စကားအနည်းငယ်ကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ သူက စိတ်မရှည်သည့် ဟန်ဖြင့် ညစ်ပတ် အိုဟောင်းနေသည့် သူ့သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။ ထို့နောက်သူက သိုလှောင်အိတ်ထဲကို အချိန်အတော် ကြာအောင် လှန်လှောရှာဖွေပြီး နောက်မှာတော့ အနက်ရောင် သစ်သားတိုကင် တစ်ခုကို ယူလိုက်သည်။ သည်တိုကင်ပေါ်တွင် မြက်ပင်များနှင့် ဟင်းသီး ဟင်းရွက်ခြောက်များ ရှိလို့နေ၏။ သူက ၎င်းတိုကင်ကို အမျိုးသမီးကြီး၏ လက်ထဲသို့ ပစ်လွှတ်လိုက်သည်။
သည်အမျိုးသမီးကြီးက သည်တိုကင်ကို မြင်လိုက်သည်နှင့် သူမအသွင်က ပြောင်းလဲသွားပြီး အော်လိုက်မိသည်။
“ဘိုးဘေး စိတ်ဝိညာဉ် တိုကင် …”
သက်လတ်ပိုင်း လူကြီးက ချက်ချင်း လက်ဆန့်တန်း၍ သည်တိုကင်ကို ပြန်သိမ်းလိုက်သည်။ သူက လက်ဟန်အချို့ ပြုလုပ်လိုက်ပြီး တိုကင်အပေါ်မှာ ထားလိုက်၏။ တိုကင်က ရုတ်တရက် သက်တံရောင် အလင်းများ ထွက်ပေါ်လာခဲ့သည်။ သက်လတ်ပိုင်း လူကြီးက မချိပြုံးပြုံး၍ အဘိုးအိုကို ပြောလိုက်သည်။
“စီနီယာမှာ ဘိုးဘေးစိတ်ဝိညာဉ် တိုကင် ရှိနေတာကြောင့် ငါတို့က အမိန့်နာခံ ရမှာပါ။ ဒါပေမဲ့ စီနီယာက ဘိုးဘေးစိတ်ဝိညာဉ် တိုကင်ကို အသုံးပြုပြီး အဖြူရောင်တိမ် ကောင်းကင်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွေ အားလုံးကို တပည့် တစ်ယောက်အတွက် ကူညီစေချင် တာလား …”
အဘိုးအိုက ဂုဏ်ယူစွာပြုံး၍ ဝမ်လင်းကို ကြည့်လိုက်သည်။ သူက သက်လတ်ပိုင်း လူကြီးကို ကြည့်၍လည်း နှာခေါင်းရှုံ့ လိုက်သည်။ သူက ပိတ်ဟောက်လောက်၏။
“ကောင်းပြီ။ အခု အရေးမပါတာတွေ ရပ်လိုက်တော့။ မင်း ထွက်လာခဲ့ …” သူက ထိုသို့ ပြောပြီးနောက် အသက်ကြီးကြီး အမျိုးသမီးကြီးကို လက်ညှိုး ထိုးပြလိုက်သည်။
အသက်ကြီးကြီး အမျိုးသမီးကြီးက အနည်းငယ် စဉ်းစားပြီးနောက် လေးစားစွာ ခေါင်းညိတ်ပြ လိုက်သည်။ သူမက ရှေ့သို့ တိုးလာခဲ့ပြီး ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန် ကြည့်၍ ပြောလိုက်သည်။
“မင်းက ဆရာကောင်း တစ်ယောက် ရှိနေတာပဲ။ ငါလည်း အခုလို နယ်ပယ်များကို ထိတွေ့ ခဲ့ရမယ်ဆိုရင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ဖို့ လမ်းကြောင်းက ဒီထက်ပိုပြီး ချောမွတ်လိမ့်မယ် …” ထိုသို့ ပြောပြီးနောက် သူမက ပါးစပ်ဟလိုက်ပြီး ပန်းရောင် စိတ်ဝိညာဉ် စွမ်းအင်များကို အန်ထုတ်လိုက်သည်။ သည်အခိုက်တွင် မွှေးပျံ့သော အနံ့များက စတင် ပျံ့နှံ့လာခဲ့သည်။
သည်ပန်းရောင် စိတ်ဝိညာဉ် စွမ်းအင်များက ဝမ်လင်းထံသို့ ဓားတစ်စင်း အလား တိုးဝင်လာသည်။ ၎င်းက ဝမ်လင်းရှေ့ သုံးမီတာခန့်တွင် ရပ်တန့်သွားပြီး ပန်းရောင်မြူများ အဖြစ်သို့ ပြောင်း၍ သူ့အား ဝန်းရံလို့ သွားသည်။
သည်ပန်းရောင်မြူများ အတွင်းတွင် ဝမ်လင်းက အလွန် နွေးထွေးစွာ ခံစားနေရသည်။ သူ့စိတ်ဝိညာဉ် စွမ်းအင်များနှင့် စဦးစိတ် ဝိညာဉ်ကလည်း သက်သောင့်သက်သာ ပျင်းရိပျင်းတွဲ ဖြစ်လာခဲ့သည်။
သူ့သတ်ဖြတ်လိုမှု အော်ရာနှင့် ကျင့်ကြံရန် ဆုံးဖြတ်ချက်များက စတင် ပျောက်ကွယ်လို့ သွားသည်။ ဝမ်လင်းက သည်အာရုံ ခံစားချက်ကြောင့် အိပ်ပျော်သလို ခံစားနေရသည်။ ကမ္ဘာကြီးထဲတွင် ဘာဆိုဘာမှ မရှိတော့သည်နှင့်ပင် တူလို့နေ၏။
သို့သော် တစ်ချိန်တည်းမှာပင် သူ့သိုလှောင်အိတ် ထဲမှ သတ်ဖြတ်လိုမှု အော်ရာကို သိပ်သည်းထားသည့် အလုံးက ပျံသန်း ထွက်လာခဲ့ပြီး ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
သိပ်မကြာခင်မှာ သည်အသတ်အဖြတ် အော်ရာက သူ့ တစ်ကိုယ်လုံး ပျံ့နှံ့လို့ သွား၏။
အသက်ကြီးကြီး အမျိုးသမီးက အံ့အားသင့် သွားသည်။ သူမက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ပန်းရောင်မြူ အခိုးအငွေ့များက ပြန်ယုတ်လျော့လို့ သွားသည်။
ဝမ်လင်းက အသက်ဝဝ ရှူလိုက်သည်။ သူ့တွင် သိပ်သည်းထားသော သတ်ဖြတ်လိုမှု အောက်ရာအလုံးသာ မရှိခဲ့ဘူးဆိုရင် သည်နယ်ပယ် ထဲတွင် သူ့ကိုယ်သူ လုံးဝ ဆုံးရှုံးနစ်မြုပ် သွားပေလိမ့်မည်။ သည်လို ခံစားချက်က အလွန် ထိတ်လန့်ဖွယ်ပင်။
အမျိုးသမီးကြီးက ဝမ်လင်းကို ကြည်လိုက်သည်။ ထို့နောက် သူမက နောက်ပြန်ဆုတ် လိုက်ပြီး ဘာမှ မပြောတော့ချေ။
အဘိုးအိုက သူ့ရှေ့ရှိအုပ်စုကို သိမ်းကြုံးကြည့် လိုက်သည်။ သူ့အကြည့်က စိမ်းပြာရောင် ဝတ်စုံဝတ်ဆင် ထားသော လူအိုကြီးထံတွင် ရပ်တန့်သွားသည်။ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်၏။
“မင်း … မင်းနယ်ပယ်က အထူးနယ်ပယ် တစ်ခုပဲ။ သူက ဒီနယ်ပယ်ကို ထိတွေ့ပြီးရင် ငါတို့က မင်းတို့ကို မနှောင့်ယှက်တော့ဘူး …”
သည်လူအိုကြီးက ခေါင်းမော့ကြည့် လိုက်သည်။ သူက ဝမ်လင်းကို လှည့်ပင် မကြည့်ဘဲ ပြောလိုက်၏။
“သူ … ငါ့နယ်ပယ်ကို ခုခံနိုင်မှာ မဟုတ်ဘူး …”
အဘိုးအို၏ မျက်ခုံးများက မြင့်တက်လို့ သွားသည်။ သူက လက်ယမ်း၍ ပြောလိုက်သည်။
“တုံးလိုက်တာ။ ဒီမှာ ငါရှိနေတယ်လေ။ မင်းတို့ ကလန်ဘိုးဘေ လူအိုကြီး ဘိုင်ယန်ကိုယ်တိုင် လာရင်တောင် ငါက ထိန်းချုပ်နိုင်တုန်းပဲ …” ထိုသို့ ပြောပြီးနောက် သူက လှောင်ပြုံးပြုံး၍ အဖြူရောင် တိမ်ကလန်၏ အတွင်းပိုင်းကို လှမ်းကြည့်လိုက်သည်။
စိမ်းပြာရောင် ဝတ်စုံဖြင့်လူကြီးက ဘာမှ ထပ်မပြောတော့ပဲ သူ့ခေါင်းကို ပုတ်လိုက်သည်။ ရုတ်တရက် သူ့နဖူးထက်မှ အမည်းရောင် ဓားတစ်လက် ထွက်ပေါ်လာခဲ့၏။ သည်ဓားက အလင်းတန်း အသွင်သို့ ပြောင်းသွားပြီး ဝမ်လင်းရှေ့သို့ ရောက်လာခဲ့သည်။
၎င်း၏အမြန်နှုန်းက ဝမ်လင်း ခုခံနိုင်စွမ်း မရှိပေ။ သူ့မျက်နှာက ရုပ်ဆိုးလို့ သွား၏။ သူက အတားအဆီး အလံရှိလျှင်တော့ သူက ၎င်းကို တားဆီးနိုင်စွမ်း ရှိမည်ဖြစ်ပေမဲ့ အကြာကြီးတော့ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ဝမ်လင်းက ကြောက်လန့်ခြင်း မရှိပေ။ သူက ၎င်းဓားကို မခုခံနိုင်သော်လည်း သည်အရာက တကယ့် အစစ်အမှန် တိုက်ခိုက်မှု ဖြစ်မည်ဆိုရင်တော့ နတ်ဘုရားပြစ်ဒဏ် အမျှင်တန်းကြောင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ အားလုံးက သူ့ကို သတိထား ပေလိမ့်မည်။
စိမ်းပြာရောင် ဝတ်စုံနှင့် လူကြီး၏ ဓားက ဝမ်လင်းရှေ့ ဆယ်ပေခန့် အကွာသို့ ရောက်လာခဲ့သည်။ ရုတ်တရက် ထိုဓားထဲက သတ်ဖြတ်လိုမှု စိတ်ဆန္ဒလှိုင်းများ မြင့်တက် လာခဲ့သည်။ သည်သတ်ဖြတ်လိုမှု ဆန္ဒထဲတွင် ထူးဆန်းသော နယ်ပယ်ရှိနေ၏။
သည်နယ်ပယ်က စောနက နှစ်ခုနှင့် မတူပေ။ ၎င်းက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို သယ်ဆောင် ထားသည့်အလား ရှိနေ၏။ ဝမ်လင်းက သူ့စိဝိညာဉ် စွမ်းအင်များက အားနည်း လာသည်ကို သတိထားမိ လိုက်၏။
သည်ထူးဆန်းသော နယ်ပယ်က ဝမ်လင်း၏ အသွင်ကို လုံးဝ ပြောင်းလဲသွားစေ၏။ သည်နယ်ပယ်က သူ့စိတ်ဝိညာဉ် စွမ်းအင်များ ပေါ်တွင်သာ အကျိုး သက်ရောက်လို့ နေ၏။
စိမ်းပြာရောင် ဝတ်စုံနှင့် လူကြီး၏ အသွင်က ရိုးရှင်းစွာ တည်ရှိနေပြီး သူက လက်ယမ်းလိုက်ရာ ဓားက သူ့ထံသို့ ပြန်လာခဲ့သည်။ သည်ဓဦးက သူ့နဖူးထဲသို့ ပြန်ဝင်၍ ပျောက်ကွယ်လို့ သွား၏။ ထို့နောက် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ငါ့နယ်ပယ်က အချိန် ကျော်လွန်ခြင်းပဲ ဖြစ်တယ် …”
အဘိုးအိုက သည်လူကြီးအပေါ် အာရုံစိုက်ကြည့် လိုက်၏။ စိတ်စွမ်းအင် လှိုင်းများကြောင့် အဘိုးအိုက သည်လူကြီးတွင် တွေ့ရခဲသော နယ်ပယ်တစ်ခု ရှိနေကြာင်း သိလေ၏။ သို့သော် ၎င်းနယ်ပယ်က ခံနိုင်ချိန် ကျော်သွားလိမ့်မည်လို့ သူ မမျှော်လင့် ထားမိချေ။
အဘိုးအိုက အသက်ဝဝ ရှူလိုက်ပြီးနောက် သူ့မျက်နှာပေါ်ရှိ အံ့အားသင့်မှု အနည်းငယ်ကလည်း ပျောက်ကွယ်လို့ သွားသည်။ ထိုအခိုက်တွင်သူက သူက ခန့်ညားထည်ဝါလို့ နေ၏။ သူ့မျက်နှာက ညစ်ပတ် နေသော်လည်း မြင့်မြတ်သည့် အော်ရာကိုတော့ ဖုံးကွယ် မထားနိုင်ခဲ့ချေ။
ဝမ်လင်းက ရုတ်တရက် အမှန်တရား တစ်ခုကို သိမြင်သွားသည်လို့ ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က သည်အဘိုးအိုသည် ဟင်္သာပြဒါး ဂြိုဟ်၏ ကျွမ်းကျင်သူ တစ်ယောက်ဟု ပြောလျှင် သူက အံ့အားသင့်လိမ့်မည် မဟုတ်ပေ။
“ဘယ်လို အံ့အားသင့်ဖွယ် ကောင်းတဲ့ နယ်ပယ်လဲ … ။ မင်းက ဝမ်ဒင် အဆင့်ရောက်ရင် ဒီနယ်ပယ်က ကောင်းကင်ကိုတောင့် ဆန့်ကျင်နိုင် လိမ့်မယ်။ မင်းတို့တွေ … တိုကင်ကို ယူလိုက်ကြ၊ နှုတ်ဆက်ခဲ့ ပါတယ် …” အဘိုးအိုက ဝမ်လင်းနားသို့ ဖျတ်ခနဲ ရောက်သွားပြီး သူက ဝမ်လင်းကို ဆွဲ၍ ပျောက်ကွယ် သွားတော့သည်။ သူတို့က မြို့တော်၏ တစ်နေရာတွင် ပြန်ပေါ် လာခဲ့ကြသည်။
သူတို့နှစ်ယောက် ပေါ်လာပြီးနောက် အဘိုးအိုက အသက် ခက်ခက်ခဲခဲ ရှူနေရသည်။ သူ့မျက်နှာက ဖျော့တော့လို့ နေ၏။ သို့သော် သူက ဂုဏ်ယူမှုများဖြင့် ပြည့်နေခဲ့သည်။ သူက ဝမ်လင်းကို ကြည့်၍ သူ့ကို ဂုဏ်ပြုရန်အတွက် စောင့်ဆိုင်း နေလိုက်သည်။
အခုလက်ရှိတွင် သူက ကျွမ်းကျင်သူ တစ်ယောက်၏ ခံစားချက်မျိုး ရှိမနေတော့ပေ။ ဝမ်လင်းက အကူအညီမဲ့စွာ ခံစားလိုက် ရပြီး ကောက်ရိုး ဦးထုပ်ကို သူ့သိုလှောင်အိတ် ထဲသို့ ထည့်၍ ပြောလိုက်သည်။
“စီနီယာရဲ့ နည်းစနစ်တွေက အံ့အားသင့်ဖို့ ကောင်းတာထက် ကျော်လွန်နေပြီ။ ဂျူနီယာ တစ်ခါမှ ဒီလို နည်းစနစ်ကို မမြင်ဖူးခဲ့ဘူး။ လေးစားပါတယ် …”
အဘိုးအိုက မျက်လုံး ကစား၍ သဘောမကျသည့် ဟန်ဖြင့် ပြောလိုက်သည်။
“မင်း သိပါတယ် ဒီချီးကျူး စကားက တစ်ခွန်းတည်း ဆိုတာ …”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက်သူက မချင့်မရဲ ပြုံးလိုက်ရ၏။ သူ့ဘဝတွင် လူတစ်ယောက်ကို မည်သည့် အချိန်တုန်းကများ မျက်နှာချိုသွေး ခဲ့ဖူးသနည်း။ သူက မည်သို့ စပြောရမှန်းကို မသိတော့ပေ။
အဘိုးအိုက ခက်ခဲစွာ အသက်ရှူ နေရသည်။ သူက လက်ယမ်း၍ ပြောလိုက်သည်။
“ထားလိုက်ပါတော့။ မင်းလည်း နယ်ပယ်ကို ကြုံတွေ့ပြီး သွားပြီပဲ။ မြန်မြန် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်အောင်လုပ်ပြီး ငါ့ပုံတူ ပန်းပုရုပ်တွေ ထွင်းထုပေးတော့ …”
ထိုသို့ ပြောပြီးနောက် သူက လှည့်၍ ထွက်သွားတော့သည်။
ဝမ်လင်းက တွေးတောလို့ နေသည်။ သူက အဘိုးအို ထွက်ခွာ သွားမလို လုပ်စဉ်မှာပင် လှမ်းမေးလိုက်သည်။
“ဘိုးဘေး စိတ်ဝိညာဉ်တိုကင်က ဘယ်လို အမျိုးအစားလဲ …”
အဘိုးအိုက ဝမ်လင်းကို ပြန်လှည့်၍ ကြည့်လိုက်သည်။ သူက ဂုဏ်ယူဟန် အပြည့်ဖြင့် ပြောလိုက်သည်။
“ဒါက ဘာမှ မဟုတ်ပါဘူး။ ငါ့မှာ အများကြီးရှိတယ် …” ထိုသို့ ပြောပြီးနောက် သူက တိုကင်များစွာကို ထုတ်ယူ၍ ပြောလိုက်သည်။
“ဒါက ကောင်းကင် လွတ်မြောက်ခြင်း ကလန်၊ ဒါက စိတ်ဝိညာဉ်မြူ ကလန်၊ ဒါက အဆင့်လေး နိုင်ငံက ဘီလူးနတ်ဆိုး ကလန်၊ ဒါက အဆင့်ငါး နိုင်ငံ …”
ဝမ်လင်းက တိုကင်တစ်ခုပြီး တစ်ခု ထုတ်ယူပြ နေသော အဘိုးအိုကို ငေးကြည့်နေမိ လိုက်သည်။ အဘိုးအို၏ မျက်နှာက ဂုဏ်ယူမှုများဖြင့် ပြည့်နေခဲ့၏။ သူ့လက်ထဲရှိ တိုကင်များက သူနှစ်သက်သော ကစားစရာများ ကဲ့သို့ ဖြစ်လို့နေသည်။
နောက်ဆုံးတော့ အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တိုကင်အလွတ် တစ်ခုကို ထုတ်ယူ၍ ပြောလိုက်သည်။
“ဒါတွေအပြင်၊ ငါက မင်းအတွက် ဘယ်ကလန်က တိုကင်မဆို ပြုလုပ်ပေးနိုင်တယ်။ ဟီးဟီး … ပြီးခဲ့တဲ့ နှစ်တွေက မရေတွက်နိုင်တဲ့ တိုကင်တွေကို ငါရောင်းချခဲ့တယ်။ မင်းလည်း လိုချင်တယ် ဆိုရင် ငါ့ဂုဏ်သတင်းကို စစ်ကြည့်သင့်တယ်။ တိမ်ကောင်းကင် ကလန် ခေါင်းဆောင်ရဲ့ တိုကင် ဆိုရင်ရော …”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက အဘိုးအိုကို ထပ်မံကြည့် လိုက်ပြီးနောက် လှည့်၍ ထွက်လာ လိုက်တော့သည်။
အဘိုးအိုက အချိန်အကြာကြီး စကားပြောနေ ပြီးနောက် သူ့တိုကင်တွေကို ပြန်ထည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါတွေက ငါ့ရတနာတွေပဲ။ မင်း လက်မခံဘူး ဆိုရင်တော့ ငါလည်း မင်းကို ရောင်းနိုင်မှာ မဟုတ်ဘူး။ ဟမ် …”
ဝမ်လင်းက သူ့ဆိုင်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ သူက ဆိုင်ထဲရောက်တော့ မီးဖိုဘေးနားတွင် ထိုင်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးကလည်း တိတ်ဆိတ်လို့ နေ၏။ သူ့စိတ်ထဲတွင်လည်း နယ်ပယ်များ အကြောင်းက ဖျတ်ခနဲ လင်းလက်လာသည်။ သူက သူတွေ့ကြုံခဲ့ ရသည်များထဲတွင် အာရုံနစ်မြုပ်လို့ သွားပြီး ၎င်းနယ်ပယ်များ အကြောင်းကို နားလည်ရန် ကြိုးစားလို့ နေသည်။
သက်လတ်ပိုင်း လူကြီး၏ ခံစားချက် ပြင်းထန်ခြင်း နယ်ပယ်၊ အသက်ကြီးကြီး အမျိုးသမီးကြီး၏ သက်သောင့်သက်သာ နယ်ပယ်နှင့် စိမ်းပြာရောင် ဝတ်စုံနှင့် လူကြီး၏ အချိန်ကျော်လွန်ခြင်း နယ်ပယ် သူကြုံခဲ့ရသည့် နယ်ပယ်များ အကြောင်းက သူ့စိတ်ထဲတွင် မျောလွင့်လို့ နေသည်။ ခဏအကြာတွင် ဝမ်လင်းက တစ်စွန်းတစ်စ နားလည်လို့ လာ၏။ သည်နယ်ပယ်များက သူတို့၏ ဘဝ အတွေ့အကြုံများပေါ် အခြေခံ၍ ကောင်းကင်နှင့် မြေကြီးကို သဘောပေါက် သွားသည့်အရာ တစ်ခု ဖြစ်သည်။
“ဒါဆိုရင် သူ့နယ်ပယ် ကရော ဘာဖြစ်လိမ့်မလဲ …” ဝမ်လင်းက မျက်လုံးမှိတ် လိုက်သည်။ ထိုအခိုက်တွင် သူက လုံးဝ ပြောင်းလဲမှုတစ်ခု ဖြစ်နေ၏။ အချိန်အတော် ကြာသည့်အခါ သူကမျက်လုံး ဖွင့်လိုက်ပြီး ပန်းပု စထွင်းတော့သည်။
သစ်သားစများက မြေပေါ်သို့ ကျလျက်ရှိသည်။ သူ့သစ်သား ထွင်းသည့်ဓားက ချောမွတ်စွာ စီးဆင်းလို့ နေသည်။ တစ်ချက်ကလေးပင် တုံ့ဆိုင်းသွားခြင်း မရှိပေ။ တဖြည်းဖြည်းဖြင့် ဝမ်လင်းက ပန်းပုထွင်းနေရင်း လူတစ်ယောက်၏ ပုံစံပေါ်လာခဲ့သည်။
ဝမ်လင်း မျက်လုံးများက အာရုံဝင်စားလျက် ရှိသည်။ ထိုအခိုက်တွင် ဝမ်လင်း၏ အာရုံဝင်စားမှုကို မည်သည့်အရာမှ မနှောင့်ယှက်တော့ပေ။ သူစိတ်က အဘိုးအို၏ ဒေါသ နယ်ပယ်ကို မြင်ယောင်လို့ နေပြီး ထိုနယ်ပယ် ထဲတွင်သာ သူ့အတွေးများက နစ်မြုပ်လို့ နေ၏။
ဝမ်လင်း ပန်းပု ထွင်းထုမှုက ပို၍ မြန်ဆန် လာခဲ့သည်။ တချို့ပုံစံများပင် ပေါ်လာပြီ ဖြစ်သည်။ အချိန်အတော် ကြာပြီးနောက် ဝမ်လင်းက ရုတ်တရက် ရပ်တန့်လို့ သွားသည်။ သူ့လက်ထဲရှိ ဓားကလည်း တစ်ဝက် ကျိုးသွား၏။
ဝမ်လင်းက ထိုဓား ကျိုးသွားသည်ကို စိတ်ဝင်စားမှုမရှိဘဲ သူ့လက်ထဲရှိ ပန်းပုရုပ်ကိုသာ အာရုံစိုက်၍ ကြည့်နေ၏။ သည်ပန်းပုရုပ်က လုံးဝ ပြည့်စုံလို့ နေပေပြီ။ သည်သက်လတ်ပိုင်း လူကြီး၏ပုံပန်း သဏ္ဌာန်ကလည်း အသက်ဝင်လို့ နေ၏။ သည်ပန်းပုရုပ်က ခံစားချက် ပြင်းထန်ခြင်း နယ်ပယ်များ ပါဝင်လို့နေ၏။ သို့ရာတွင် ၎င်းပန်းပုရုပ်က သည်နယ်ပယ်ကို ထုတ်လွှတ်နေခြင်း မရှိပေ။ သည်နယ်ပယ်က ပန်းပုရုပ် ထဲတွင်သာ ရှိနေသေးသည်။
ဝမ်လင်းက ဖြည်းညင်းစွာ မျက်လုံး ပိတ်လိုက်သည်။ သူက အချိန်အတော်ကြာ ပန်းပုရုပ်ကို ခံစားကြည့် နေပြီးနောက် သူက သက်လတ်ပိုင်း လူကြီး၏ ပန်းပုရုပ်ကို မြေပေါ်သို့ ညင်သာစွာ ချလိုက်သည်။
ဝမ်လင်းက သူ့ကိုယ်သူ ပြောလိုက်၏။
“ဒါက မလုံလောက်သေးဘူး …”
***
🍷🫨