နတ်ဆိုးလူငယ်က ဝမ်လင်းကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “နတ်ဘုရားပြစ်ဒဏ်။ ဒီလိုဆုတ်ပြတ် သတ်နေတဲ့ ဂြိုဟ်မှာ အခုလိုမျိုး ရတနာ ရှိနေတာကို ငါမယုံနိုင်ဘူး…”
ဝမ်လင်းက ထိုလူငယ်ကို စူးစိုက်ကြည့်လိုက်၏။ သည်လူငယ်က နတ်ဘုရား ပြစ်ဒဏ်ကို ကြည့်၍ ကြောက်လန့် သွားသည်ကို ကြည့်ပြီး သူက အနည်းငယ် စိတ်သက်သာ ရသွားသည်။
လူငယ်ကသာ နတ်ဘုရားပြစ်ဒဏ်ကို မထူးခြားသလို ပြုမူနေပါက သူ့အတွက် လုပ်စရာက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ပုန်းရန်သာ ရှိတော့သည်။ သည်အရာက အကြံကောင်းတော့ မဟုတ်ပေ။
နတ်ဆိုးလူငယ်က အလွန် စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။ သူက အခုလို နေရာမျိုးတွင် နတ်ဘုရား ပြစ်ဒဏ်ကို တွေ့ရလိမ့်မည်လို့ မည်သို့မျှ မျှောင်လင့်ထားခြင်း မရှိပေ။ သူသာ စွမ်းအား အပြည့်ရှိနေလျင် သည်နတ်ဘုရားပြစ်ဒဏ်က ပြဿနာကြီးတစ်ခု မဟုတ်ပေ။ သူက သည်နတ်ဘုရား ပြစ်ဒဏ် အမျှင်တန်းကို ဖျက်ဆီး ပစ်နိုင်လိမ့်မည်လို့ ယုံကြည့်ချက်ရှိပေသည်။
သို့သော် အခုချိန်မှာတော့ သူ့ခွန်အား၏ (၃၀) ရာခိုင်နှုန်းလောက်သာ ပြန်ရသေး၏။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်တွင်သာ ရှိနေသေးသည်။ ထို့ကြောင့် သူက နတ်ဘုရား ပြစ်ဒဏ်ကို ခံခံနိုင်မည် ဖြစ်သော်လည်း သူလည်း ဒဏ်ရာ ရသွားနိုင်ပေသည်။ သူ့ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအောက်သို့ နိမ့်ကျသွားခဲ့ပါက သူသည် သည်ဂြိုဟ်ကနေ ထွက်ခွာလို့ရတော့မည် မဟုတ်ဘဲ နောက်တစ်ကြိမ် ပြန်ကုစားရန် အတွက် နေရာတစ်ခု ထပ်ရှာရပေတော့မည်။
သူ့စိုးရိမ် ပူပန်မှုတွေကို ဖြစ်စေရသည့် အကြောင်းမှာ ကြယ်ပျံအဝိုင်းကို အသုံးပြုရန် အတွက် အနည်းဆုံး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်နေရမည် ဖြစ်သောကြောင့်ပင်။
သို့ရာတွင် သည်အရာများက အဓိက အကြောင်း မဟုတ်ပေ။ အဓိက အကြောင်းမှာ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲတွင် သူ့ကိုပင် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားစေသည့် စွမ်းအား တစ်ခုကို ခံစား လိုက်ရသောကြောင့်ပင်။ သူက သည်စွမ်းအားကို အလွန်ရင်းနှီးခဲ့၏။
နတ်ဆိုးလူငယ်က နှာခေါင်း ရှုံ့လိုက်၏။ သူက နတ်ဘုရားပြစ်ဒဏ်ကို ဆက်မကြည့်တော့ဘဲ ဝမ်လင်းထံသို့သာ ကြည့်လိုက်၏။ ထို့နောက်သူက ပြောလိုက်သည်။ “ဂျူနီယာ… ငါ့သိုလှောင်အိတ် ပြန်ပေးပါ။ ငါဒီကိစ္စကို ဒီအတိုင်း ထားလိုက်တော့မယ်…”
“ဒါက စီနီယာ လိုချင်တဲ့ အရာလား…” ဝမ်လင်းအကြည့်က လေးနက်သွားပြီး သူက ထိုလူငယ်ကို ကြည့်၍ သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။
နတ်ဆိုးလူငယ်၏ အကြည့်က သိုလှောင်အိတ်ပေါ်သို့ မြန်ဆန်စွာ ကျရောက်သွား၏။ သူက ပြောလိုက်သည်။ “ ဒီဟာပဲ…။ ငါ့ဆီ လှမ်းလိုက်ပါ…”
ဝမ်လင်းက ချည်တုံချတုံ နည်းနည်း ဖြစ်သွား၏။ လူငယ်က အလွန်လျင်မြန် လှသည်။ သို့ကြောင့် သည်လူက အမှန်တကယ် သတ်ချင်ရင် အလွန်လွယ်ကူလှသည်။
သူက အနည်းငယ် စဉ်းစား လိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ပြီး သိုလှောင်အိတ်ကို ကမ်းပေးလိုက်သည်။
နတ်ဆိုးလူငယ်က သိုလှောင်အိတ်ကို ဖမ်းလိုက်သည်။ သူက နတ်ဘုရား အာရုံဖြင့် လေ့လာ ကြည့်ပြီးနောက် သူ့အသွင်က တင်းမာခြင်း မရှိတော့ပေ။ သူက ဝမ်လင်းကို ကြည့်လိုက်၏။ သို့သော် သူ့မျက်နှာက မည်သည့် စိတ်လှုပ်ရှားမှုမှ မရှိပေ။ သူက ဒေါသ ထွက်နေသလား၊ ပျော်နေသလား မသိရပေ။
ဝမ်လင်းက လူငယ်ကို စူးစိုက် ကြည့်လိုက်၏။ ဝမ်လင်းက သူ့နတ်ဘုရား ပြစ်ဒဏ်ကို ပြန်ရုတ်သိမ်း၍ ပြောလိုက်သည်။ “စီနီယာ…ဂျူနီယာက စီနီယာ သိုလှောင်အိတ်ကို ပြန်ပေးပြီးသွားပြီ။ ဒါကြောင့်ငါ သွားတော့မယ်…”
ထိုသို့ပြောပြီးနောက် သူက နောက်သို့ ဂရုတစိုက် ဆုတ်လိုက်သည်။
နတ်ဆိုးလူငယ်က ဝမ်လင်းကို ကြည့်သည်။ သူ့မျက်လုံးများက ရုတ်တရက် တောက်ပလာ၏။ ထို့နောက် သူ့မျက်လုံးထဲမှ ရောင်စုံ အလင်းတန်း နှစ်ခုက ဝမ်လင်းထံသို့ အံ့မခန်း အမြန်နှုန်းဖြင့် တိုးဝင်သွား၏။
ဝမ်လင်းက တစ်ချိန်လုံး သတိထားနေခဲ့သည်။ သူက လူငယ်၏ လှုပ်ရှားမှုကို တွေ့လိုက်သည်နှင့် ဂျိနယ်ပယ်ကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး ရောင်စုံအလင်းတန်းနှင့် ထိတွေ့သွားသည်။ သည့်နောက် ဝမ်လင်းက ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။
ဝမ်လင်းက နောက်သို့ ဆုတ်လိုက်ပြီး အတားအဆီး အလံကို ထုတ်ဖော် လိုက်သည်။ နောက်ဆုံး အတားအဆီး တစ်ခုကိုတော့ သူ့လက်ထဲတွင် ကိုင်ထားလိုက်ပြီး အတားအဆီး အလံအပေါ်သို့ ထားရှိရန် အဆင်သင့် ပြုလုပ်ထားလိုက်သည်။
နတ်ဆိုး လူငယ်အသွင်က အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက အော်ဟစ်လိုက်၏။ ရပ်လိုက်။ သူငယ်ချင်းလေး။ အလျင်မလိုပါနဲ့…” ထိုသို့ပြောပြီးနောက် သူက နောက်သို့ ဆုတ်လိုက်ပြီး အတားအဆီးအလံကို ကြောက်လန့်စွာ ကြည့်လိုက်၏။
သူက အနည်းငယ် ပြုံးလိုက်၏။ နတ်ဘုရား ပြစ်ဒဏ် အမျှင်တန်းက သူ့ကျင့်ကြံမှုကို လျော့ကျ သွားစေနိုင်သည်၊ သို့မဟုတ် သူ့ကို သေသွားအောင်ပင် ပြုလုပ်နိုင်ပေသည်။
သို့သော် သူက အတားအဆီးအလံကို တွေ့လိုက်သည့်အခါ သည်ဂျူနီယာက ဘာကြောင့် နတ်ဘုရား ပြစ်ဒဏ်အမျှင်တန်းတစ်ခု ရှိနေသည်ကို နားလည်သွား၏။ သူက သည်အလံကို မသိသော်လည်း ဒီအတားအဆီးအလံက နတ်ဘုရားပြစ်ဒဏ်ကို ဆင့်ခေါ်နိုင်ကြောင်း ချက်ချင်း ပြောနိုင်ပေသည်။
သူ့တွင်လည်း သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အခုလို ရတနာအချို့ရှိသည့် အတွက် ၎င်းအလံ၏ စွမ်းအားကို ကောင်းစွာ သိပေသည်။
ဝမ်လင်းပါးစပ်တွင် သွေးစတချို့ ရှိနေဆဲပင်။ သူက နတ်ဆိုးလူငယ်ကို ကြည့်လိုက်၏။ အခုချိန်တွင် သူ့၌ အတွေးတစ်ခုသာ ရှိသည်။ ထိုအတွေးမှာ နောက်ဆုံး အတားအဆီးကို အတားအဆီး အလံပေါ်သို့ ပစ်ထည့် လိုက်ရန် ဖြစ်သည်။ သူက အလံကို ဆုံးရှုံးခံလိုက်မည် ဆိုပါက နတ်ဘုရား ပြစ်ဒဏ် အမျှင်တန်းကို အသုံးပြု၍ နတ်ဘုရား ပြစ်ဒဏ်၏ စွမ်းအား အချို့အဝက်ကို နတ်ဆိုးလူငယ် အပေါ်သို့ ထိမှန်သွားအောင် ပြုလုပ်နိုင်မည်ဟု ယုံကြည့်ပေသည်။
ဝမ်လင်းက လူငယ်ကို ကြည့်၍ ပြောလိုက်သည်။ “ငါ စီနီယာကို သိုလှောင်အိတ် ပြန်ပေးပြီး သွားခဲ့ပြီလေ။ စီနီယာက ဘာလို့ ကိုယ့်ကတိကိုယ် မတည်ရတာလဲ…”
နတ်ဆိုးလူငယ်က အနည်းငယ် စဉ်းစား၍ မေးလိုက်သည်။ “မင်းအသုံးပြုလိုက်တဲ့ အနီရောင် အလင်းတန်းက ဂျိနယ်ပယ်လား…” သူ့အသံက သေချာမှုတော့ သိပ်မရှိပေ။
ဝမ်လင်းအသွင်က ပုံမှန်သာ ရှိလို့နေသည်။ သို့သော် သူ့စိတ်ထဲမှာတော့ ဝရုန်းသုံးကား ဖြစ်နေခဲ့သည်။ သူက လူငယ်ကို တိတ်ဆိတ်စွာ ကြည့်လိုက်၏။
နတ်ဆိုးလူငယ်က ဝမ်လင်းကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။ “ငါမှန်တယ်ထင်တယ်။ မင်းအခု ဂျိနယ်ပယ်က အသုံးပြုလိုက်တာမလား…” အခုချိန်တွင် လူငယ်၏ခံစားချက်က အလွန်ရှုပ်ထွေးလို့ နေသည်။ ဝမ်လင်းက သူ့ကို အံ့အားသင့်မှုများ တစ်ခုပြီးတစ်ခု ပေးနေခဲ့ပေသည်။
စုတ်ပြတ်သတ်နေသည့် ဂြိုဟ်တစ်ခုမှာ ဂျိနယ်ပယ်နှင့် နတ်ဘုရား ပြစ်ဒဏ်ကို ဆင့်ခေါ်နိုင်သည့် နတ်ဘုရား အမျှင်တန်း တစ်ခုကိုပါ အသုံးပြုနိုင်သည့် လူတစ်ယောက် ရှိနေခဲ့ပေသည်။
ဝမ်လင်း၏ ဂျိနယ်ပယ်က နတ်ဆိုး လူငယ်၏ သတ်ဖြတ်လိုစိတ်ကို လုံးဝ ပျောက်ကွယ် သွားစေခဲ့သည်။
နတ်ဆိုးလူငယ်က အသက်ဝဝ ရှူလိုက်ပြီး သူ့အသွင်က ထူးဆန်းသည့်ပုံ ဖြစ်သွားသည်။
ဝမ်လင်းအသွင်က တည်ငြိမ်ဆဲပင်။ သူက အနည်းငယ် တိတ်ဆိတ် သွားပြီးနောက်မှာ မေးလိုက်သည်။ “စီနီယာ ကိစ္စမရှိတော့ဘူးဆိုရင် ဂျူနီယာ ထွက်သွားတော့မယ်…”
နတ်ဆိုးလူငယ်က လှုပ်ရှားလိုက်သည်နှင့် သူက နတ်ဘုရား ပြစ်ဒဏ်ကို ချက်ခြင်း အသက်သွင်း လိုက်မည် ဖြစ်သည်။
နတ်ဆိုးလူငယ်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။ “မင်းရဲ့ ဂျိနယ်ပယ် တစ်ဆို့မှုကို မချိုးဖျက်ချင်ဘူးလား…”
ဝမ်လင်းက လူငယ့်ကို စူးစိုက်ကြည့်မိလိုက်သည်။
နတ်ဆိုးလူငယ်က သက်ပြင်းချ၍ ပြောလိုက်သည်။ “ထားလိုက်ပါတော့။ ကလေး မင်းနားထောင် သင့်တယ်။ ဂျိနယ်ပယ်က အလွန်စွမ်းအား ကောင်းလွန်းပြီး အစွန်းရောက်စွမ်းအား ဖြစ်တယ်။ ဂျိနယ်ပယ်ရဲ့ တစ်ဆို့မှုကို ချိုးဖျက်ဖို့ကလည်း အရမ်းခက်ခဲ လွန်းလှတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး…”
ဝမ်လင်းက နတ်ဆိုးလူငယ်ကို တိတ်တဆိတ် ကြည့်လိုက်၏။
နတ်ဆိုးလူငယ်၏ မျက်နှာပေါ်တွင် အသိအမှတ် ပြုသည့်ဟန်များ ဖြစ်ပေါ်လာခဲ့ပြီး သူ့မျက်လုံးများက ရုတ်တရက် တောက်ပ လာ၍ ရောင်စုံအလင်းများ ဖြစ်ပေါ် လာခဲ့သည်။ ထိုအလင်းများက အလင်းလုံး တစ်လုံး အဖြစ် ပြောင်းသွားပြီး သူ့လက်ထဲတွင် ဆုပ်ကိုင် ထားလိုက်၏။
ဝမ်လင်းက အစွန်းဆုံးထိ သတိထားလိုက်ပြီးနောက် သည်ရောင်စုံ အလင်းကို စူးစိုက်ကြည့်နေ၏။
နတ်ဆိုးလူငယ်က သူ့လက်ထဲရှိ ရောင်စုံအလင်းကို စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်သည်။ အချိန်အတော် ကြာသည့်အခါ သူက သက်ပြင်းချ၍ ပြောလိုက်သည်။ “ဒီအလင်းကို မင်းရဲ့ နတ်ဘုရားအာရုံနဲ့ စစ်ကြည့်လိုက်ပါ…”
ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် မစစ်ခင် အနည်းငယ် စဉ်းစား လိုက်သေးသည်။ ထို့နောက် သူ့အသွင်က လုံးဝ ထူးဆန်းသွား၏။ သူက မေးလိုက်သည်။ “ဒါ…ဒါက” ဒီရောင်စုံအလင်းထဲတွင် သူက ဂျိနယ်ပယ် အမျှင်တန်းကို ထောက်လှမ်းမိလိုက်၏။ သည်တွေ့ရှိမှုက သူ့စိတ်ကို တုန်ခါ သွားစေသည်။
နတ်ဆိုးလူငယ်က အသက်ဝဝရှူ၍ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ “မင်း တွေ့လိုက်လား။ ဒီရောင်စုံအလင်းက ငါ့နေခဲ့တဲ့ ဂြိုဟ်မှာတော့ ငါးရောင်စုံ ဂျိနယ်ပယ်လို့ ခေါ်ကြတယ်။ ဒါက ငါ့မူလတုန်းက ငါ့ဟာမဟုတ်ဘူး။ ဒါက ငါ့သူငယ်ချင်း တစ်ယောက် သူမသေဆုံးခင်လေးမှာ ငါ့ကို ပေးခဲ့တာ…”
ဝမ်လင်းက အသက်မနည်း ရှူလိုက်ရသည်။ သူက သည်အလင်းများကို ကြည့်၍ တုန်လှုပ် နေတော့၏။
နတ်ဆိုးလူငယ်က သူ့လက်ကို ရမ်းလိုက်ရာ ရောင်စုံအလင်းက ပြန်ပျောက်ကွယ် သွား၏။ သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “ဂျိနယ်ပယ်ကို အမျိုးအစား အများကြီး ခွဲထားတယ်။ ဘယ်လောက် အမျိုးအစားများများ ရှိသလဲကိုတော့ ဘယ်သူမှ မသိကြဘူး။ ကျင့်ကြံမှု အဖွဲ့အစည်းကြီးမှာ ဂျိနယ်ပယ် ကျင့်ကြံသူတွေက ရှားပါးကြတယ်။ ဒါ့ကြောင့် ငါက မင်းရှိမှာရှိတဲ့ ဂျိနယ်ပယ် အမျိုးအစားကို မသတ်နိင်ခဲ့ဘူး။ ဒါပေမဲ့ ဘယ်လို ဂျိနယ်ပယ် အမျိုးအစား ဖြစ်ဖြစ် တစ်ဆို့မှု ရှိတာကိုတော့ ငါသိတယ်။ ဒီ ဂျိနယ်ပယ် တစ်ဆို့မှုကလည်း ချိုးဖျက်ဖို့ အလွန် ခက်ခဲလှတယ်…”
‘ငါက ဒီဂျိနယ်ပယ် တစ်ဆို့မှုကို ချိုးဖျက်နိုင်တဲ့ နည်းလမ်း တစ်ခုကိုတော့ သိတယ်။ ဒါက ကျင့်ကြံခြင်း ဂြိုဟ်သလင်းတုံးပဲ။ ကျင့်ကြံခြင်း အဖွဲ့အစည်းကြီးက ဒီသလင်းတုံးကို အဆင့်ခြောက် နိုင်ငံတိုင်းအတွက် ထောက်ပံပေးခဲ့တာပဲ။ ကျင့်ကြံခြင်း အဖွဲ့အစည်းရဲ့ မွန်းစတား အိုကြီးတွေက သူတို့ရဲ့ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ စွမ်းအားတွေနဲ့ ဒီသလင်းတုံးကို ပြုလုပ်ခဲ့ကြတာပဲ။ ဒီသလင်းတုံးက အဆင့်ခြောက် နိုင်ငံတစ်ခုရဲ့ နိုင်ငံရတနာဆိုလည်း ဟုတ်တယ်…”
“ဂျိနယ်ပယ် ကျင့်ကြံသူ တစ်ယောက်က သည်သလင်းတုံးကို ရရှိ သန့်စင်နိုင်မယ် ဆိုရင် သူ့ဂျိနယ်ပယ် တစ်ဆို့မှုကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေး ရှိတယ်…”
ဝမ်လင်းအသွင်က လုံးဝ ရုပ်စိုးလို့သွား၏။ အဆင့်ခြောက်နိုင်ငံ၏ နိုင်ငံ့ရတနာက သူရရှိနိုင်စွမ်း ရှိသောအရာ မဟုတ်ပေ။
နတ်ဆိုးလူငယ်က ဝမ်လင်းကို ကြည့်လိုက်၏။ ထို့နောက် သူက သိုလှောင်အိတ်ထဲက အမည်းရောင် အပြားဝိုင်း တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက်သူက ဒီအပြားဝိုင်းကို ထိရိုက်လိုက်ရာ ဒီအပြားဝိုင်းက အလင်း ခပ်ဖျော့ဖျော့လေး ထုတ်လွှတ်လာပြီး တဖြည်းဖြည်း ကြီးလာခဲ့သည်။
မင်းက ကျင့်ကြံခြင်း ဂြိုဟ်သလင်းတုံးကို ရရှိ ထိန်းသိမ်းနိုင်ခဲ့မယ် ဆိုရင် ဒီအစုတ်အပြတ် ဂြိုဟ်က ထွက်သွားရလိမ့်မယ်။ ပြီးရင် မင်းငါ့ကို ဒြပ်စင်ငါးမျိုးဂြိုဟ်မှာ လာရှာပါ။ ငါ့နာမည်က နန်ဒူ။ ထိုသို့ပြောပြီးနောက် သူက လေထဲသို့ ခုန်တက်သွားပြီး စေနက အပြားဝိုင်းထဲသို့ ပျောက်ကွယ် သွား၏။ သိပ်မကြာခင်မှာ ဒီအပြားဝိုင်းက လျင်မြန်စွာ စတင် လှည့်ပတ်လာပြီး ကောင်းကင်တွင် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားစေခဲ့သည်။ ထိုအပေါက်ကို ဖြတ်ကြည့် လိုက်သည့် အခါ ဝမ်လင်းက တောက်ပသော ကြယ်များ ပြည့်နေသည့် အဆုံးမရှိသည့် လေဟာနယ် အပေါက်များကို မြင်လိုက်ရသည်။
သည်အပြားဝိုင်းက ရွေ့လျားသွားပြီး ထိုအပါက်ထဲသို့ ဝင်ရောက်သွား၏။ ထိုအခါ အပေါက်က မြန်ဆန်စွာ ပြန်ကျုံ့ လာပြီးနောက် သဲလွန်စမရှိ ပျောက်ကွယ် သွားတော့၏။
ဝမ်လင်းက သူ့ကိုယ်သူ ကံကောင်းလှသည်ဟု တွေးလိုက်၏။ အကြောင်းမှာ ဒီနတ်ဆိုးလူငယ်က သူ့သိုလှောင်အိတ်ကို သူယူသွားသည်ကို စိတ်မရှိသောကြောင့်ပင်။ အတားအဆီးအလံ ဖြစ်ဖြစ်၊ နတ်ဘုရားပြစ်ဒဏ် အမျှင်တန်းဖြစ်ဖြစ် ဒီနှစ်ခုစလုံးက အဆုံးစွန်အားကောင်းသာ လက်နက်များ ဖြစ်ကြသည်။ သို့သော်သူက ဒီအရာများကို မသုံးလို့ရရင် မသုံးဘဲနေချင်ခဲ့၏။
သူက ပျောက်ကွယ်သွားသော အပေါက်ကို ကြည့်၍ အားကောင်းသော စိတ်ဆန္ဒက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူက ငယ်၍ ဒီအချိန်တုန်းက ကောင်းကင်မှာ ပျံသန်းရန် စိတ်ကူးယဉ်ခဲ့သည်။ သို့သော်အခုချိန်တွင် သူက ကြယ်များကြားတွင် ပျံသန်းရန် ဆန္ဒရှိနေပြီ ဖြစ်သည်။
သူကအသက်ဝဝ ရှူ၍ နောက်သို့လှည့်၍ ထွက်ခွာလာခဲ့၏။
အဆင့်ခြောက် ကျင့်ကြံမှုနိုင်ငံ၏ နိုင်ငံ့ရတနာတစ်ခုက အခုချိန်တွင် သူရရရှိနိုင်သော အရာတစ်ခု မဟုတ်ချေ။ နတ်ဆိုးလူငယ်သူ့ကို ပြောခဲ့သည်က မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ ၎င်းက သူ့အတွက် သဲလွန်စ တစ်ခု ဖြစ်နေသေးပါသည်။
အခုချိန်တွင် သူစိုးရိမ်ရမည့် အရာကတော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိအောင် မည်သို့လုပ်ရမည်သာ ဖြစ်သည်။
အဆင့်သုံးနိုင်ငံမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်ရှိလျင် ထိုနိုင်ငံက အဆင့်လေးနိုင်ငံသို့ တိုးမြင့် ရောက်ရှိ သွားလိမ့်မည် ဖြစ်သည်။ သည်အရာက အလွန်ခက်ခဲ၏။ သူနေထိုသည့် ဂြိုဟ်တစ်ခုလုံးတွင်ပင် အဆင်း သုံးနိုင်ငံများစွာ ရှိသော်လည်း အဆင့်လေး နိုင်ငံကတော့ နိုင်ငံနှစ်ဆယ်ပင် မပြည့်ပေ။
သည်အချက်များကြောင်း စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် မည်မျှ ခက်ခဲကြောင်း ပြသလို့ နေသည်။
သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိလိုပါက စိတ်ဝိညာဉ် စွမ်းအင်များနှင့် အဆင့်သုံးနိုင်ငံ၏ ကျင့်ကြံမှု ပတ်ဝန်းကျင်က လုံလောက်မှုမရှိချေ။ ဝမ်လင်း အခုလုပ်မည့် အရာမှာ အဆင့်လေး နိုင်ငံတစ်ခုကို ရှာဖွေရန်ဖြစ်ပြီး ထိုနေရာတွင် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိအောင် လုပ်ရန် ဖြစ်သည်။
သူက မြေပုံတစ်ခု ထုတ်ယူလိုက်၏။ သူက မြေပုံကို အနည်းငယ် ကြည့်ရှု ပြီးနောက် ကလန်ငါးခု အဖွဲ့အစည်း အပေါ်သို့ အမှတ်အသားပြုလိုက်၏။ ဒီကျင့်ကြံမှု နိုင်ငံသည် အခုလက်ရှိ သူ့နေရာနှင့် အနီးဆုံးဖြစ်၏။
လဝက်ခန့် ကြာပြီးနောက်သူက ကလန်ငါးခု နိုင်ငံနယ်စပ်သို့ ရောက်လာခဲ့သည်။ ထိုနယ်စပ်တွင် သွားလမ်းကြောင်းကို ပိတ်ဆို့ထားသော အလင်းမျက်နှာပြင် တစ်ခု ရှိနေ၏။ ဒီအရာက အဆင့်သုံးနိုင်ငံနှင့် အဆင့်လေး နိုင်ငံကြား ကွာခြားချက်ပင် ဖြစ်၏။ ဒီအလင်းမျက်နှာပြင်က အပြင်မှ ဝင်ရောက်မည့် သူများကို တားဆီးထားခြင်း ဖြစ်၏။
ဝမ်လင်းက အလင်း မျက်နှာပြင်ရှေ့သို့ ရောက်လာခဲ့သည်။ သူက ထိုအရာကို အနည်းငယ် ကြည့်ရှုပြီးနောက် အတားအဆီး တစ်ခုကို ပစ်လွှတ်လိုက်၏။ အတားအဆီးက အလင်း မျက်နှာပြင်ပေါ်သို့ ကျရောက် သွားသည်နှင့် အပေါက်တစ်ခု ပေါ်လာခဲ့သည်။ ဝမ်လင်းက စကားတစ်လုံးမှ မဆိုဘဲ အထဲသို့ ဝင်ရောက်လာ၏။
***