Switch Mode

အပိုင်း(၂၉၀)

မျိုးသုဉ်းသတ်ဖြတ်ခြင်း(အဆုံးသတ်)

ထျန်ဟွယွမ်ကသိုလှောင်အိတ်ထဲကဧရာမဓားတစ်လက်ကိုထုတ်ယူလိုက်သည်။ သည်ဓားကရှေးဟာင်းဆန်လှ၏။ သူကလျှာကိုအနည်းငယ်ကိုက်၍သွေးတစ်လုပ်အန်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကအားနည်းသွားဟန်ရပြီးသည်ဧရာမဓားကြီးကတောက်ပလာပြီးဝမ်လင်းထံသို့မိုးကြိုးပစ်သလိုတိုးဝင်သွား၏။

ဝမ်လင်းမျက်လုံးများကလက်ခနဲဖြစ်သွားသည်။ ထိုဓားကြီးပျံသန်းလာသည့်အခိုက်တွင်သူကဂျိနယ်ပယ်ကိုလှုပ်ရှားလိုက်သည်။ အနီရောင်အလင်းတန်းများကထိုဓားကိုဝန်းရံလို့သွားသည်။ အက်ကွဲသံများတစီစီထွက်လာပြီးဒီဓားကတဖြည်းဖြည်းပျက်စီးသွား၏။ အဆုံးမှာဝမ်လင်း၏ဂျိနယ်ပယ်ကဧရာမဓားကိုဖုန်မှုန်အဖြစ်သို့ပြောင်းသွားစေခဲ့သည်။

ဝမ်လင်းကသိုလှောင်အိတ်ကိုထဲကထျန်မိသားစု၏စဦးစိတ်ဝိညာဉ်များကိုထုတ်ယူလိုက်သည်။ ထို့နောက်သူကထိုစဦးစိတ်ဝိညာဉ်များကိုသူ့စွမ်းအင်များပြန်ဖြည့်ရန်အတွက်ချက်ချင်းဝါးမျိုလိုက်သည်။

ထျန်ဟွယွမ်ကသူ့ဓားကြီးပျောက်ကွယ်သွားသည့်နေရာသို့ကြောင်ရီစွာကြည့်လိုက်သည်။ သူကပိုအိုစာသွားသလိုလည်းခံစားလိုက်ရသည်။

ထို့နောက်ဝမ်လင်းကမကောင်းဆိုးဝါးရှုလီကောနှင့်တတိယမကောင်းဆိုးဝါးကိုဆင့်ခေါ်လိုက်သည်။ ဝမ်လင်းအမိန့်အောင်တွင်သူတို့ကစိတ်လှုပ်ရှားစွာအော်ဟစ်၍ထျန်မိသားစုဝင်များထံသို့တစ်ဟုန်ထိုးပြေးဝင်လေတော့သည်။

မျက်စိတစ်မှိတ်အတွင်းတွင်လူအမြောက်အများကထိတ်လန့်စွာအော်ဟစ်၍သေဆုံးသွားကြသည်။ သည်ငယ်သံပါအောင်အော်လိုက်သံများကထျန်ဟွယွမ်၏ခန္ဓာကိုယ်ကိုတုန်ခါသွားစေသည်။

‘မင်းပြောတော့မှာလား…”ဝမ်လင်းအသံကရေခဲတစ်မျှအေးစက်လို့နေ၏။

ထျန်ဟွယွမ်ကအသက်ဝဝရှု၍မျက်လုံးမှိတ်ထားလိုက်သည်။

ဝမ်လင်းမျက်နှာကမည်သည့်စိတ်ခံစားချက်မှရှိမနေပေ။ သူကထျန်ဟွယွမ်ကိုကြည့်ပင်မကြည့်ဘဲချိတ်ပိတ်ဟန်အချို့ပြုလုပ်၍အတားအဆီးတစ်ခုကိုပို့လွှတ်လိုက်သည်။ ထိုအခါထျန်မြို့ကိုဝန်းရံထားသည့်အတားအဆီးကတဖြည်းဖြည်းကျုံ့လာခဲ့၏။

လူများကကျုံ့လာသောအတားအဆီးကိုလူအများကမျှော်လင့်ချက်မဲ့စွာကြည့်လိုက်ကြသည်။ အတားအဆီးကကျုံ့လာသည့်အခါထျန်မိသားစုဝင်များကအုပ်စုနှစ်ခြမ်းကွဲသွားလေ၏။ အုပ်စုတစ်ခုကတော့လက်မြှောက်လိုက်ကြပြီးကျန်အုပ်စုကတော့ဝမ်လင်းထံသို့ပိုးဖလံမျိုးမီးကိုတိုးသကဲ့သို့သူတို့၏လက်နက်ရတနာများကိုထုတ်ယူ၍တိုးဝင်သွားကြသည်။

ဝမ်လင်းထံသို့တိုးဝင်တိုက်ခိုက်လာကြသောထျန်မိသားစုများကပို၍များပြားလာခဲ့သည်။ သို့သော်ဝမ်လင်းနှင့်ပေတစ်ရာအတွင်းသို့ဝင်ရောက်လာသည့်လူတိုင်းကအတားအဆီးတစ်ခုနှင့်ထိမှန်ကုန်ကြသည်။ ထိုအခါသူတို့ခန္ဓာကိုယ်များကပေါက်ကွဲထွက်သွားပြီးသွေးများကမြေပြင်ပေါ်သို့မိုးရွာသလိုသွန်းကျတော့၏။

သူ့မိသားစု၏ငယ်သံပါအောင်အော်ဟစ်သံများကထျန်ဟွယွမ်၏နားထဲသို့ရောက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းတုန်ခါလို့သွားပြီးသူ့စိတ်နှလုံးတွင်လည်းပူဆွေးသောကများဖြင့်ပြည့်နှက်နေခဲ့သည်။ သူကဝမ်လင်းကိုခုခံရန်အတွက်အဆင့်မြင့်နိုင်ငံများမှရထားသောလက်နက်ရတနာများကိုပါအသုံးပြုခဲ့သော်လည်းအကျိုးမထူးခဲ့ပေ။

ထျန်ဟွယွမ်အသွင်ကပို၍ပို၍အိုစာလာ၏။ သူကသူ့မိသားစုဝင်များအသတ်ခံနေရသည်ကိုထိုင်ကြည့်နေရသည့်လူအိုကြီးတစ်ယောက်သာဖြစ်နေခဲ့ရသည်။

“ငါ…ပြောပါ့မယ်…’

ထျန်ဟွယွမ်ကဝမ်လင်းကိုမုန်းတီးစွာကြည့်၍တစ်လုံးချင်းပြောလိုက်သည်။ ငါ့ထျန်မိသားစုကအခုလိုကပ်ဘေးမျိုးနဲ့ကြုံခဲ့ရတဲ့အတွက်ဘာမှထပ်တွေးနေစရာမလိုတော့ပါဘူး။ အတိတ်တုန်းကဖုန်းမြုံကလန်ရဲ့ဂိုချီမင်ကသူ့ရဲ့ကောင်းကင်တွက်ချက်ခြင်းကျွမ်းကျင်မှုကိုအသုံးပြုပြီးဝမ်မိသားစုကိုရှာဖွေခဲ့တယ်။ သူ့ကိုသွားရှာချေ။ သူကဖုန်းမြုံကလန်ရဲ့ဦးဆုံးဘိုးဘေးတစ်ယောက်ပဲ။ သူ့စကားကဖုန်းမြုံကလန်မှာဥပဒေပဲ…”‘ဂိုချီမင်…”ဝမ်လင်းကထျန်ဟွယွမ်ကိုစူးစိုက်ကြည့်လိုက်သည်။ ထျန်ဟွယွမ်ကလိမ်သည်ဖြစ်စေ၊မလိမ်သည်ဖြစ်စေပြဿနာမရှိပေ။ ဝမ်လင်းကသည်နာမည်ကိုပြန်မှတ်မိလိုက်၏။

ဝမ်လင်းကထျန်ဟွယွမ်ကိုကြည့်နေရာမှရုတ်တရက်သူ့အကြည့်ကိုတစ်နေရာသို့ပြောင်းလိုက်၏။ သူ့မျက်လုံးထဲ၌သက်ဖြတ်လိုမှုများလည်းပြည့်နှက်နေခဲ့သည်။ သူကလက်လှုပ်ရှားလိုက်ရာအတားအဆီးကပို၍မြန်ဆန်စွာကျုံ့လာခဲ့၏။ ခဏလေးအတွင်းမှာအတားအဆီးက(၁၀၀၀၀)ကီလိုမီတာမှကီလိုမီတာအနည်းငယ်ထိကျုံ့သွားလေသည်။ ထို့နောက်လူအများအပြားသည်အော်ချိန်ပင်မရလိုက်ဘဲသေဆုံးသွားခဲ့ကြ၏။

တစ်ချိန်တည်းမှာသူတို့ဦးခေါင်းများကလည်းထူးဆန်းသောအားတစ်ခုကြောင့်ဦးခေါင်းမျှော်စင်အပေါ်သို့ကျရောက်သွားသည်။ အခုချိန်တွင်ဦးခေါင်းမျှော်စင်အလွန်မြင့်နေပြီးကောင်းကင်နှင့်ပင်ထိစပ်လုဖြစ်နေခဲ့၏။

ထိုအချိန်တွင်ထျန်ဟွယွမ်ကလွဲလို့ထျန်မိသားစုဝင်အားလုံးသည်သေဆုံးသွားခဲ့ပြီးဖြစ်၏။

မြေပေါ်တွင်သွေးများကမြစ်တစ်စင်းအလားစီးဆင်းနေခဲ့သည်။ သိပ်သည်းသောသွေးရနံ့ကလည်းလေထဲတွင်လှိုင်နေတော့၏။

ထျန်ဟွယွမ်ကသူ့ရှေ့ရှိမြင်ကွင်းကိုအကြောင်သားငေးကြည့်မိသွားပြီးနောက်သူကအားပါးတရရယ်မောလိုက်တော့သည်။ သူ့ရယ်သံတွင်တော့ဝမ်းနည်းမှုများနှင့်ပြည့်နှက်နေခဲ့လေ၏။ .

ဝမ်လင်းကထျန်ဟွယွမ်ကိုတည်ငြိမ်စွာကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်ထျန်ဟွယွမ်ကအသက်ဝဝရှူလိုက်သည်။ သူကခေါင်းမော့၍ဝမ်းလင်းအားကြည့်လိုက်သည်။ သူကမခံမရပ်နိုင်ဟန်ဖြင့်ဝမ်လင်းအားပြောလိုက်၏။ “ကောင်းတယ်…ကောင်းတယ်။ အခုကစပြီးထျန်မိသားစုနဲ့ဝမ်မိသားစုတို့ကြားကရန်ကြွေးကကြေသွားခဲ့ပြီပေါ့။ ငါကမင်းတစ်မိသားစုလုံးကိုသတ်ပစ်လိုက်တယ်။ မင်းကလည်းငါ့မိသားစုတစ်ခုလုံးကိုသတ်ပစ်ခဲ့တယ်။ ဒါကကံတရားပဲ။ တကယ့်ကိုကံတရားပဲ။ ဝမ်လင်းအခုမင်းငါ့ကိုသတ်လိုက်တော့…”

ဝမ်လင်းကသူ့ညာလက်ကိုမြှောက်လိုက်၏။ သူ့လက်ချောင်းထဲမှရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာ၏။ သူကစိတ်ဝိညာဉ်စွမ်းအင်များကိုထိုလက်ချောင်းထိပ်တွင်စုစည်းလိုက်သည်။

သို့သော်ထိုအခိုက်တွင်ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့၏။ “ရပ်လိုက်စမ်း…”

ဒီအသံကိုကြားလိုက်ပြီးနောက်ထျန်ဟွယွမ်ကဒီအသံပိုင်ရှင်မှာဖူနန်စီမှန်းသိလိုက်၏။ သူကပြန်လည်စိတ်လှုပ်ရှားလာပြီးသည်နေ့တွင်အသက်ရှင်ရန်အခွင့်တစ်ခုရလာတော့မည်ကိုသိလိုက်၏။ အခုသူကဝမ်လင်းကိုသတ်ဖြတ်လိုမှုအပြည့်ဖြင့်ထပ်ကြည့်လိုက်သည်။

သူ့အသက်ရှင်လိုမှုကရုတ်တရက်ပြန်မြှင့်လာခဲ့သည်။ သူတွင်အသက်ရှင်ရန်အခွင့်အရေးတစ်မျှင်ရှိမည်ဆိုလျှင်ပင်သူကရအောင်လုပ်ပေမည်။ မိသားစုနှစ်ခုကြားကရန်ငြှိုးများကအပြီးသတ်သွားခဲ့ပြီလား။ သူကစောနတုန်းကစကားများပြောခဲ့ခြင်းသည်သူသေမှာကျိန်းသေနေသောကြောင့်ဖြစ်၏။

သူကသည်နေ့မှာအသက်ရှင်ခဲ့မည်ဆိုလျှင်သူကအရာအားလုံးကိုပေးဆပ်ပြီးစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ရောက်ရန်အတွက်ကြိုးစားမည်ဖြစ်သည်။ ထိုမှသာသူကဝမ်လင်းအားနည်းမျိုးစုံဖြင့်ရက်စက်စွာညှဉ်းဆဲ၍ပြန်သတ်ပစ်နိုင်မည်ဖြစ်သည်။

သို့ရာတွင်သူကဖူနန်စီကိုမြင့်မားစွာတွေးထားပြီးဝမ်လင်းကိုလျှော့တွက်လိုက်ခြင်းဖြစ်နေ၏။ ဝမ်လင်းနတ်ဘုရားအာရုံကစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်တစ်ယောက်၏နတ်ဘုရားအာရုံအလားအစွမ်းထက်နေပြီဖြစ်သည်။ သူကအကွာအဝေးတစ်ခုတွင်ရှိနေသာဖူနန်စီကိုသတိမပြုဘဲနေပါ့မလား။ ဖူနန်စီကိုသူ့အားတားဆီးခွင့်ပေးပါ့မလား။

ဖူနန်စီပေါ်လာသည့်အခိုက်တွင်ဝမ်လင်းကရွှေရောင်အလင်းတန်းထွက်နေသောသူ့လက်ထိပ်ဖြင့်ထျန်ဟွယွမ်နဖူးပေါ်သို့ကျဆင်းစေကာသူ့ကိုသတ်ပစ်လိုက်၏။

ထျန်ဟွယွမ်ပြောခဲ့သလိုပင်မိသားစုနှစ်ခုကြားရှိရန်ကြွေးကအမှန်ပြီးသွားခဲ့တော့သည်။

ဖူနန်စီကသူ့ရှေ့တွင်ရုတ်တရက်ပေါ်လာခဲ့သည်။ သူကမြေပြင်ပေါ်ရှိသွေးများနှင့်ထျန်ဟွယွမ်၏ခန္ဓာကိုယ်ကိုကြည့်ရှုလိုက်သည်။ ထျန်ဟွယွမ်မျက်နှာတွင်အသက်ရှင်လိုသောစိတ်ဆန္ဒများပြင်းစွာရှိခဲ့သည်ကိုသူကတွေ့လိုက်ရ၏။ နောက်တော့ဖူနန်စီကထျန်မိသားစု၏ဦးခေါင်းမျှော်စင်ကြီးကိုကြည့်လိုက်၏။ ထိုအခါသူကမတုန်လှုပ်ဘဲမနေနိုင်ဖြစ်ရသည်။

သူကချိတ်ပိတ်ဟန်တချို့ပြုလုပ်လိုက်ရာအစိမ်းနှင့်အနီအလင်းတန်းများကသိုလှောင်အိတ်ထဲမှထွက်လာခဲ့သည်။

ဝမ်လင်းကဖူနန်စီကိုစူးစိုက်ကြည့်၍တည်ငြိမ်စွာပြောလိုက်သည်။ “မင်းနောက်ကျသွားပြီ…”

ဖူနန်စီကဝမ်လင်းကိုကြည့်လိုက်ပြီးမှင်တက်လို့သွား၏။ သူကဝမ်လင်းကိုထပ်မံ၍ဂရုတစိုက်ကြည့်၍ပြောလိုက်သည်။ “မင်း…မင်းကဟုန်ယွီကလန်ရဲ့တပည့်ပဲ…”

ဝမ်လင်းကဖူနန်စီကိုကြည့်၍စကားတစ်လုံးမှမပြောဘဲသူ့ဂျိနယ်ပယ်ဖြင့်တိုက်ခိုက်လိုက်တော့သည်။ သို့ရာတွင်အနီရောင်အလင်းတန်းကဖူနန်စီရှေ့သို့ရောက်သွားသည့်အခါသူ့ရှေ့ရှိအစိမ်းရောင်နှင့်အနီရောင်အလင်းတို့ကအကာအကွယ်ပုံစံဖြစ်ပေါ်သွားသည်။ ဂျိနယ်ပယ်အနီရောင်အလင်းတန်းကျရောက်လာသည့်အခါဒီအလင်းနှစ်ခုကလည်းတောက်ပသွား၏။ တိတိကျကျပြောရရင်တော့ဒီအလင်းနှစ်ခုကဂျိနယ်ပယ်ကိုပိတ်ဆို့ထားလိုက်နိုင်၏။ သို့သော်ထိုအလင်းနှစ်ခုမှာလည်းအလွန်မှိန်ဖျော့သွားခဲ့ရသည်။

ဖူနန်စီအသွင်ကလုံးဝပြောင်းလဲသွားသည်။ သူကအချိန်ဆွဲခြင်းမရှိဘဲသူ့လျှာကိုကိုက်၍သွေးများကိုအစိမ်းနှင့်အနီအလင်းနှစ်ခုပေါ်သို့ထွေးထုတ်လိုက်သည်။ ထို့နောက်ဖူနန်စီကဝမ်လင်းထံညွှန်ပြ၍အော်ဟစ်လိုက်သည်။

“သွား…”

ရုတ်တရက်အစိမ်းနှင့်အနီအလင်းနှစ်ခုကရှေ့သို့ထိုးတက်သွားတော့သည်။ ဒီအလင်းနှစ်ခုရှိလေထုပင်စုတ်ပြဲသွားရ၏။ ဝမ်လင်းကအတားအဆီးအလံကိုထုတ်၍ဒီအလင်းနှစ်ခုကိုတားဆီးလိုက်သည်။ သို့သော်အလင်းနှစ်ခုကအလွန်အားကောင်းလှ၏။ အတားအဆီးများကအလင်းနှစ်ခုကအနည်းငယ်သာနှေးကွေးသွားစေပြီးရပ်တန့်အောင်မလုပ်နိုင်ခဲ့ပေ။

ဝမ်လင်းမျက်လုံးများကလက်ခနဲဖြစ်သွားပြီးဂျိနယ်ပယ်ကိုထပ်မံဖော်ထုတ်လိုက်သည်။ သူ့ဂျိနယ်ပယ်တိုက်ခိုက်မှုဦးတည်ရာကတော့အလင်းနှစ်ခုထံသို့မဟုတ်ဘဲဖူနန်စီထံသို့ဖြစ်နေခဲ့၏။

ဖူနန်စီအသွင်ကလုံးဝပြောင်းလဲသွားသည်။ ဖူနန်စီကသေရေးရှင်ရေးအခြေအနေသို့ကျရောက်သွား၏။ ထို့နောက်ဧရာမလက်ကြီးတစ်ဖက်ပေါ်လာခဲ့ပြီးဂျိနယ်ပယ်အလင်းတန်းကိုဖျက်ဆီးလိုက်၏။ သို့သော်တစ်ချိန်တည်းမှာထိုလက်ကြီးကတုန်ခါသွားပြီးအင့်ခနဲတိုးညင်းသောအသံတစ်ခုထွက်ပေါ်သွားခဲ့သည်။

သိပ်မကြာခင်မှာပဲကောင်းမွန်စွာဝတ်ဆင်ထားသောဗိုက်ပူပူခပ်ဝဝသက်လတ်ပိုင်းလူကြီးကဖူနန်စီရှေ့တွင်ပေါ်လာခဲ့သည်။ သူကဝမ်လင်းကိုကြည့်၍ထိန့်လန့်ဟန်ဖြစ်သွားသည်။ သို့သော်သိပ်မကြာခင်မှာပဲသူကပြန်လည်ဝမ်းသာသွားပြီးဝမ်လင်းကိုပြောလိုက်၏။ ‘ဒီတော့…ဒါကမင်းပေါ့…”ထိုသို့ပြောပြီးနောက်သူကလက်ဝှေ့ယမ်းလိုက်ရာအနီနှင့်အစိမ်းရောင်အလင်းနှစ်ခုကသူ့ထံသို့ပြန်ရောက်လာခဲ့ကြပြီးသူ့နားတွင်ဝန်းရံလှည့်ပတ်လို့နေတော့၏။

သက်လတ်ပိုင်းလူကြီးပေါ်လာမှသာဖူနန်စီကစိတ်သက်သာရရသွားတော့သည်။ သူကဦးညွတ်၍ပြောလိုက်သည်။ “တမန်တော်အရှင်ကိုနှုတ်ဆက်ပါတယ်…”

ဖူနန်စီကအတော်လေးစိတ်သက်သာရာရသွားသော်လည်းဦးခေါင်းစပ်ဖျဉ်းဖျဉ်းဖြစ်နေဆဲပင်။ သူကဒီအနီရောင်အလင်းတန်းကိုဘာမှန်းမသိသော်လည်းထိုအလင်းတန်းသူ့အနားနီးကပ်လာသည့်အခိုက်တွင်သူကသူ့ကိုယ်သူသေပြီဟုမှတ်လိုက်သည်။

သူကတမန်တော်သာမပေါ်လာခဲ့ဘူးဆိုလျှင်အခုချိန်ဆိုလျှင်အလောင်းကောင်ဖြစ်နေမည်ကိုသံသယမရှိပေ။ သူကဝမ်လင်းကိုကြည့်လိုက်သည်။ ထိုအခါသူကကြောက်ရွံ့မှုအပြင်နောင်တတရားကိုပါခံစားမိလိုက်၏။

သက်လတ်ပိုင်းလူကြီးကဝမ်လင်းကိုစူးစိုက်ကြည့်၍ဖြည်းညင်းစွာပြောလိုက်သည်။ “မင်းမသေခဲ့တာကိုငါတကယ်မယုံနိုင်ဘူး။ ဒါ့အပြင်တိုတောင်းလှတဲ့နှစ်လေးရာလောက်နဲ့မင်းကအခုလိုမြင့်မားတဲ့ကျင့်ကြံခြင်းအဆင့်ကိုရောက်နေခဲ့တယ်။ အရမ်းကောင်းတယ်။ ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ငါ့ကိုပေးပါ။ မင်းအသက်ကိုချမ်းသာပေးမယ်။ ဒါ့အပြင်ကျောက်နိုင်ငံမှာနံပါတ်တစ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာအောင်လည်းငါကူညီပေးမယ်။ မင်းဘယ်လိုသဘောရလဲ…’

ဝမ်လင်းအသွင်ကတည်ငြိမ်လျက်ပင်။ သည်လူကသူကြိုတင်တွက်ချက်ထားသည့်အရာများထဲတွင်ပါဝင်ခဲ့သည်။ သူကကီလိုမီတာ(၁၀၀၀၀)လောက်ကတည်းကသူ့တည်ရှိမှုကိုသတိထားမိခြင်းဖြစ်သည်။ သည်လူကအဆင့်လေးနိုင်ငံမှဖြစ်ပြီးကောင်းကင်မျှော်စင်၏တမန်တော်လည်းဖြစ်သည်။ ဝမ်လင်းကသူ့ကျင့်ကြံမှုအဆင့်မှာစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ဟုခန့်မှန်းလိုက်၏။

သူကစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်မဟုတ်ဘူးဆိုလျင်သူ့ဂျိနယ်ပယ်ကိုမည်သို့လွယ်ကူစွာချိုးဖျက်နိုင်မည်နည်း။

သည်လူကဝမ်လင်းတွင်ကောင်းကင်ဘုံဆန့်ကျင့်ခြင်းပုတီးစေ့ရှိကြောင်းသိပေသည်။ ထို့ကြောင့်လည်းသူကကြိုတင်စီစဉ်ထားခဲ့သည်။ ကျောက်နိုင်ငံသို့ရောက်လာသည်နှင့်သူကနိုင်ငံတစ်ခုလုံးကိုနတ်ဘုရားအာရုံဖြင့်လွှမ်းမိုးထားခဲ့သည်။ သူ့နတ်ဘုရားအာရုံကစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ရောက်နှင့်နေခဲ့သည့်အတွက်မည်သူမျှသူ့ပုံရိပ်ကိုရှာတွေ့နိုင်ခဲ့ခြင်းမရှိပေ။ မည်သူကမှလည်းသူတို့၏နတ်ဘုရားအာရုံကိုသူ့အပေါ်တွင်ခပ်နှိပ်ထားနိုင်ခြင်းမရှိပေ။ ထို့ကြောင့်လည်းဒီတမန်တော်ကသူသတ်ဖြတ်ခဲ့သောနေရာများသို့ထွက်ပေါ်လာနိုင်ခြင်းမရှိဖြစ်ရ၏။

တကယ်တော့သက်လတ်ပိုင်းလူကြီးကပြီးခဲ့သောရက်များတွင်ခေါင်းကိုက်ခဲ့ရ၏။ အကြောင်းမှာသူကကျောက်နိုင်ငံတစ်ခုလုံးကိုနတ်ဘုရားအာရုံဖြင့်ဖြန့်ကြက်ကြည့်သော်လည်းထျန်မိသားစုများကိုသတ်ဖြတ်နေသောလူအားရှာမတွေ့ဘဲဖြစ်နေသောကြောင်ပင်။

သည်လူ၏နတ်ဘုရားအာရုံစွမ်းအားကဝမ်လင်းထက်မသာလွန်သဖြင့်သူကဝမ်လင်းကိုအာရုံခံသိရှိနိုင်ရန်မဖြစ်နိုင်ပေ။ သူ့ကျင့်ကြံမှုကလွန်ခဲ့သောနှစ်လေးရာအတွင်းတိုးတက်လာခြင်းမရှိဘဲစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအစောပိုင်းတွင်သာရှိနေဆဲပင်။ သို့သော်ကျောက်နိုင်ငံတစ်ခုလုံးတွင်သူ့ကိုဖိနှိပ်နိုင်သည့်သူမည်သူမျှမရှိပေ။

သူကဝမ်လင်း၏ကျင့်ကြံမှုအဆင့်မှာအစောပိုင်းစဦးစိတ်ဝိညာဉ်အဆင့်ဖြစ်နေသော်လည်းသူ့နတ်ဘုရားအာရုံကစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းနောက်ဆုံးအဆင့်သို့ရောက်နေလိမ့်မည်လိုလုံးဝမခန့်မှန်းနိုင်ခဲ့ချေ။

သည်လိုအဖြစ်မျိုးကကျင့်ကြံခြင်းလောကတွင်လွန်စွာရှားပါးလှ၏။ တကယ်တော့ဝမ်လင်းကလူသားတစ်ယောက်အဖြစ်လျှောက်သွားနေသောဝိညာဉ်ဝါးမျိုသူပင်ဖြစ်သည်။

ဝမ်လင်း၏အနီရောင်အလင်းတန်းကထူးဆန်းလှသည်။ သို့သော်သက်လတ်ပိုင်းလူကြီးကဒီအနီရောင်အလင်းတန်းတိုက်ခိုက်မှုကိုလွယ်ကူစွာဖျက်ဆီးပစ်ခဲ့သည်။ အမှန်တော့အနီရောင်အလင်းကသူ့ခန္ဓာကိုယ်ထဲသို့ရောက်သွားခဲ့ပြီးသူ့ခန္ဓာကိုယ်နှင့်ဝိညာဉ်ကိုထိခိုက်စေခဲ့၏။ သည်ထိခိုက်မှုကအရမ်းမကြီးမားလှသော်လည်းသူ့ကိုထိတ်လန့်မိစေ၏။

သက်လတ်ပိုင်းလူကြီးပေါ်လာပြီးနောက်ဝမ်လင်းမျက်လုံးများကလက်ခနဲဖြစ်သွားပြီးသူကစကားတစ်လုံးမှမပြောဘဲရွှေရောင်သွေးတစ်စက်ကိုထုတ်ယူလိုက်သည်။

ဒီရွှေရောင်သွေးစက်ကရှေးဟောင်းနတ်ဘုရား၏ဖိအားများထုတ်လွှတ်လျက်ရှိနေသည်။

ဝမ်လင်းမျက်လုံးများကသတ်ဖြတ်လိုမှုကြောင့်တောက်ပလာပြီးသူကပြောလိုက်၏။ ‘ငါမင်းကိုစောင့်နေတာအချိန်အတော်ကြာနေခဲ့ပြီ…”ထိုသို့ပြောပြီးနောက်သူကညာလက်ဖြင့်ရွှေရောင်သွေးစက်ကိုညွှန်လိုက်သည်။ သွေးများကရုတ်တရက်ဆူပွက်လာခဲ့ပြီးရွှေရောင်သင်္ကေတတစ်ခုအဖြစ်သို့ပြောင်း၍ကောင်းကင်ထံသို့ပျံတက်သွားခဲ့တော့၏။

***

Comment

  1. daocultivator055 says:

    🥶

  2. htet myat says:

    🫡😱😲

Leave a Reply

Options

not work with dark mode
Reset