ဝမ်လင်းကအလွန်အလျင်လိုခြင်းမရှိပေ။ သူကထျန်မြို့ကိုသတ်ဖြတ်လိုမှုအပြည့်ဖြင့်ကြည့်လိုက်သည်။ လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်ကထျန်ဟွယွမ်ကြောင့်သူကတစ်ခါသေဆုံးခဲ့ရသည်။
နှစ်ပေါင်းလေးရာကျော်ကြာပြီးနောက်သည်နေ့တွင်တော့သူကထျန်မိသားစုကိုမျိုးသုဉ်းသတ်ဖြတ်ရန်အတွက်ပြန်ရောက်လာခဲ့ပြီဖြစ်သည်။ ဒီလိုနေ့ရောက်လာရန်အတွက်လည်းသူကနှစ်လေးရာကျော်စောင့်စားခဲ့ရသည်။
ဝမ်လင်းကထျန်မြို့နှင့်ကီလိုမီတာ(၁၀၀၀၀)ကွာဝေးသောနေရာသို့ရောက်လာသောအခါခြင်သားရဲအပေါ်မှခုန်ချလိုက်သည်။ သူကထျန်မြို့ကိုအေးစက်စွာကြည့်လိုက်သည်။ ထို့နောက်သူနဂါးတံခွန်ကိုယူလိုက်ပြီးလူသေခန္ဓာကိုယ်တစ်ခုချင်းစီကိုမြေကြီးပေါ်သို့ချလိုက်၏။
ခန္ဓာကိုယ်အပြည့်အဝရှိနေသေးသောအလောင်းများကိုတော့သူကခေါင်းများဖြတ်ထုတ်လို့နေသည်။ သူကဒီအရာကိုလျင်မြန်စွာပြုလုပ်နေခြင်းဖြစ်၏။ သူ့လုပ်ဆောင်မှုများကအညှာအတာကင်းမဲ့လှသည်။
တဖြည်းဖြည်းဖြင့်သူ့ရှေ့တွင်ခေါင်းများအပုံလိုက်ဖြစ်လာသည်။ သည်ခေါင်းများ၏မျက်နှာများပေါ်တွင်ခံစားချက်မျိုးစုံရှိနေ၏။ သို့သော်သူတို့အားလုံးတွင်တူညီသည်ကကြောက်ရွံ့ဟန်များဖြစ်ပေါ်နေခြင်းပင်။
ခေါင်းများပုံလာသည်နှင့်လေထုထဲတွင်လည်းအမုန်းတရားများကပို၍ကြီးထွားလာပုံရသည်။ ကောင်းကင်တစ်ခုလုံးပင်ခဏတာနက်မှောင်သွားသည်ဟုထင်ရ၏။
လူသားခေါင်းများဖြင့်ပြုလုပ်ထားသည့်မျှော်စင်ကတဖြည်းဖြည်းပိုကြီးလာခဲ့သည်။ သည်အရာကထျန်မိသားစုဝင်များ၏ခေါင်းများဖြင့်ပြုလုပ်ထားသောမျှောင်စင်ပင်။ သည်အရာကိုမြင်တွေ့လိုက်သည့်လူတိုင်းသည်တုန်ရီထိတ်လန့်သွားပေလိမ့်မည်။
ဝမ်လင်းကနောက်ဆုံးခေါင်းတစ်ခုကိုမျှောင်စင်ထိပ်တွင်တင်လိုက်၏။ သူကလက်ရမ်းလိုက်ရာသည်ဦးခေါင်းမျှော်စင်ကြီးကသူ့နောက်တွင်ပါလာခဲ့၏။ သူကတဖြည်းဖြည်းဖြင့်ထျန်မိသားစုကိုဝန်းရံထားသောကီလိုမီတာ(၁၀၀၀၀)အတားအဆီးအထဲသို့ဖြည်းဖြည်းချင်းလမ်းလျှောက်ဝင်လာခဲ့၏။
“ထျန်ဟွယွမ်…ငါဝမ်လင်းဒီမှာရောက်နေပြီ။ ဒီနေ့ဘယ်သူမှအသက်ရှင်ခွင့်မရှိစေရဘူး။ ငါကသေတဲ့အထိရပ်တန့်မှာမဟုတ်ဘူး…”အမုန်းတရားများနှင့်ပြည့်နှက်နေသည့်အသံကထျန်မြို့သို့ပျံ့နှံ့လာခဲ့သည်။
ထိုသို့မဖြစ်ခင်ကထျန်မြို့ကမကြုံးစဖူးတိတ်ဆိတ်လို့နေ၏။ သို့သော်သိပ်မကြာခင်မှာတိတ်ဆိတ်မှုအစားကြောက်ရွံ့မှုကအစားဝင်လာခဲ့၏။
ထျန်မိသားစု၏ကျွမ်းကျင်သူအချို့ကသည်ဦးခေါင်းမျှော်စင်ကြီးကိုသတိပြုမိလိုက်ကြ၏။
တဖြည်းဖြည်းနှင့်လူအများကလည်းသည်မျှော်စင်ကိုတွေ့မြင်သွားကြပြီးအကြောက်တရားများပျံ့နှံ့ကုန်တော့သည်။
ထျန်ဟွယွမ်ကမြို့တံတိုင်းနောက်တွင်သုန်မှုန်စွာရပ်နေခဲ့၏။ သူ့ဘေးတွင်တွေ့လူလေးယောက်ရှိလို့နေသည်။ ဒီလေးယောက်ကထျန်မိသားစုတွင်ကျန်နေသေးသောစဦးစိတ်ဝိညာဉ်ကျင့်ကြံသူများဖြစ်ကြ၏။
ထျန်ဟွယွမ်၏အမိန့်အောက်မှဒီလေးယောက်ကပျောက်ကွယ်လို့သွား၏။ သူတို့ကဝမ်လင်းရှေ့ပေတစ်ထောင်အကွာတွင်ပြန်ပေါ်လာခဲ့ကြ၏။ သူတို့ကလက်နက်ရတနာများကိုမြန်ဆန်စွာထုတ်လိုက်ကြပြီးဝမ်လင်းကိုတိုက်ခိုက်ရန်ဟန်ပြင်လိုက်ကြသည်။
ဒီလေးယောက်လောက်ဖြင့်ဝမ်လင်း၏ကလဲ့စားချေမှုကိုမည်သို့ရပ်တန့်နိုင်ပါမည်နည်း။ ဝမ်လင်းကတည်ငြိမ်စွာရှိနေသော်လည်းစိတ်ထဲမှာတော့ရူးသွပ်လို့နေပြီဖြစ်၏။ ဒီနေ့သူကနှစ်ပေါင်းလေးရာကျော်ဒေါသများကိုလောင်ကျွမ်းပြသရပေတော့မည်။ ဒီနေ့သူကရူးသွပ်သည့်လူတစ်ယောက်၊သွေးဆာနေသောရူးသွပ်သည့်လူတစ်ယောက်ဖြစ်လာပေတော့မည်။
စဦးစိတ်ဝိညာဉ်အဆင့်လေးယောက်ပေါ်လာသည်နှင့်ဝမ်လင်းကဂျိနယ်ပယ်ကိုချက်ချင်းလှုပ်ရှားလိုက်၏။ အနီရောင်အလင်းတန်းများကြောင့်စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူလေးယောက်သည်သူတို့ရတနာများကိုကောင်းစွာအသုံးမပြုရသေးခင်မှာပင်ထိတ်လန့်တကြားအော်ဟစ်သံများထွက်ပေါ်လာခဲ့၏။ ဂျိနယ်ပယ်ကလှောင်အိမ်ပုံစံဖြစ်ပေါ်သွားပြီးသည်လေးယောက်ကိုပိတ်လှောင်ထားလိုက်၏။
ဝမ်ချိန်တည်းမှာဝမ်လင်းကသည်ဂျိနယ်ပယ်လှောင်အိမ်ထဲသို့တရကြမ်းပြေးဝင်လိုက်သည်။ သူကသူ့လက်ကိုဓားတစ်လက်အလားအသုံးပြ၍ကျင့်ကြံသူတစ်ယောက်၏ခေါင်းကိုဖြတ်ထုတ်ပစ်လိုက်သည်။ ထို့နောက်သူကထိုခေါင်းကိုမျှော်စင်ထိပ်သို့ကန်ထုတ်လိုက်၏။
သွေးများကပန်းကြလာပြီးမြေပေါ်သို့ပျံ့နှံ့သွား၏။
ဝမ်လင်းကရုတ်တရက်လှည့်လိုက်သည်။ သူ့လက်ထဲတွင်ဓားတစ်လက်ပေါ်လာခဲ့၏။ သည်ဓားနှင့်တိုက်ခိုက်မှုကြောင့်နောက်ထပ်ခေါင်းတစ်လုံးမြေပေါ်သို့ကျရောက်သွားသည်။ မျှောင်စင်တွင်နောက်ထပ်ခေါင်းနှစ်လုံးတိုးခဲ့လေပြီ။
သည်အရာများကအလွန်မြန်ဆန်စွာဖြစ်ပျက်သွားခြင်းပင်။ ဒီအခိုက်လေးတွင်ပင်လေးယောက်ထဲကနှစ်ယောက်ကသေသွားခဲ့လေပြီ။ အခြားနှစ်ယောက်ကလည်းလှောင်အိမ်ထဲမှာရှိနေပြီးခုခံရန်မစွမ်းသာတော့ပေ။ ဝမ်လင်းကမုန်တီးမှုအပြည့်ဖြင့်အော်ဟစ်လိုက်၏။ “သေစမ်း…”ဂျိနယ်ပယ်လှောင်အိမ်ကကြုံသွားပြီးလှောင်အိမ်ထဲရှိကျန်နေသေးသောနှစ်ကောင်ကိုဖြတ်တောက်ပစ်လိုက်၏။
မျှော်စင်ကနောက်ထပ်ခေါင်းနှစ်လုံးထပ်တိုးသွားပြန်သည်။
သူကဒီလေးယောက်ကိုသတ်ပြီးနောက်ထျန်ဟွယွမ်ကိုမျက်နှာချင်းဆိုင်လှမ်းကြည့်၍ရက်စက်စွာပြုံးလိုက်သည်။
ဝမ်လင်းအပြုံးကိုမြင်လိုက်သည့်အခါထျန်ဟွယွမ်၏နှလုံးသားကပိုမိုအေးစက်သွားသည်။ စဦးစိတ်ဝိညာဉ်လေးယောက်ကလွယ်ကူစွာသတ်ဖြတ်ခြင်းခံလိုက်ရ၏။ ဝမ်လင်းကျင့်ကြံမှုကဘယ်အဆင့်သို့ရောက်နေသနည်း။
ထျန်ဟွယွမ်ကခေါင်းကြိမ်းသွားသည်။ သူ့ကနဦးထင်မြင်ချက်ကမှားယွင်းသွားခဲ့ပေပြီ။ မြို့ကိုဝန်းရံထားသောအတားအဆီးကအခြားလူတစ်ယောက်ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲဒီမိစ္ဆာကောင်ကိုယ်တိုင်ဖြစ်နေခဲ့၏။
“ထျန်ဟွယွမ်…ငါဒီမှာ…”ဝမ်လင်းမျက်လုံးထဲ၌အမုန်းတရားများနှင့်ပြည့်နှက်နေသော်လည်းသူ့လုပ်ဆောင်မှုများကတော့တည်တည်ငြိမ်ငြိမ်ပင်။ သူကပြုံးပင်ပြုံးလိုက်သေး၏။
သူကထိုသို့ပြောပြီးနောက်ညာလက်ကိုဆန့်ထုတ်လိုက်ရာသူ့လက်ကဧရာမလက်ကြီးအဖြစ်သို့ပြောင်းသွား၏။ သူကတစ်မြို့လုံးကိုသိမ်းကြုံး၍လွှဲရိုက်လိုက်ပြီးငယ်သံပါအောင်အော်လိုက်သောလူဆယ့်နှစ်ယောက်ကျောက်ကိုဖမ်းဆုပ်လိုက်၏။ ဒီလူတွေထဲတွင်ယောက်ျား၊မိန်းမ၊ကျင့်ကြံသူ၊သေမျိုးစသဖြင့်အားလုံးပါဝင်လို့နေ၏။
ထို့နောက်ဝမ်လင်းကသူ့လက်ကိုညှစ်လိုက်ရာသည်လူများသည်ခေါင်းသပ်သပ်ကိုယ်သပ်သပ်ဖြစ်သွားကြ၏။ သွေးများကထျန်မြို့အပေါ်သို့ကျလျက်ရှိသည်။ သွေးတစ်စက်ဆိုလျှင်ထျန်ဟွယွမ်၏မျက်နှာပေါ်သို့ကျရောက်သွားပြီးသူ့ကိုယ်ပင်တုန်ခါသွားစေ၏။ ဦးခေါင်းမျှော်စင်တွင်ခေါင်း(၁၉)ခေါင်းထပ်တိုးလာပြန်၏။
“ဝမ်လင်း…”ထျန်ဟွယွမ်ထံမှဧရာမသတ်ဖြတ်လိုမှုစိတ်ဆန္ဒများထွက်ပေါ်လာသည်။ သူကလက်ရမ်းလိုက်၏။ ရုတ်တရက်ရွှေရောင်အလံကသူ့လက်ထဲတွင်ပေါ်လာခဲ့၏။ ထို့နောက်အလံထံမှအခိုးအငွေ့များထုတ်လွှတ်လာသည်။ သည်အခိုးအငွေ့များကဧရာမအရိုးခေါင်းကြီးအဖြစ်သို့ပြောင်းလဲသွား၏။ သည်အရိုးခေါင်းကကျယ်လောင်စွာအော်ဟစ်၍ဝမ်လင်းထံသို့တိုးဝင်သွားသည်။
ဝမ်လင်းကတည်ငြိမ်စွာပင်သိုလှောင်အိတ်ထဲမှဝိညာဉ်အလံကိုထုတ်ယူလိုက်သည်။ သူကအလံကိုရမ်းလိုက်ရာထောင်ပေါင်းများစွာသောဝိညာဉ်အသံများထွက်ပေါ်လာ၏။
ထျန်ဟွယွမ်အတိတ်တုန်းကမင်းကငါ့ကိုငါ့မိသားစုရဲ့ဝိညာဉ်တွေနဲ့ချိန်းခြောက်ခဲ့တယ်။ ဒီနေ့ငါမင်းကိုတူညီတဲ့နည်းလမ်းနဲ့ပြန်ပေးဆပ်စေမယ်…”ဝမ်လင်းကထိုသို့ပြောပြီးနောက်သူ့လက်ကိုလှုပ်ရှားလိုက်ရာထျန်မိသားစုဝင်တစ်ရာကျော်ကလေထဲသို့မြောက်တက်လာခဲ့၏။
သူတို့ဘယ်လောက်ရုန်းကန်ပါစေအချည်းနှီးသာဖြစ်သည်။ ဒီအခိုက်တွင်ထျန်ဟွယွမ်ကကျယ်လောင်စွာအော်ဟစ်၍သူ့လက်ကိုလှုပ်ရှားလိုက်ရာလေကြမ်းတစ်ခုပျံ့နှံ့လာပြီးဝမ်လင်း၏နည်းစနစ်ကိုဖြတ်တောက်ရန်ကြိုးစားလိုက်၏။
ဝမ်လင်းကနှာခေါင်းရှုံလိုက်၏။ သူ့ဂျိနယ်ပယ်ဖြင့်တိုက်ခိုက်လိုက်ရာဒီထူးဆန်းသောလေပြင်းကပျောက်ကွယ်လို့သွား၏။
ဝမ်လင်းကသူ့လက်ကိုညှစ်လိုက်ရလူတစ်ရာကျော်ကပေါက်ကြွထွက်သွား၏။ ကောင်းကင်ထက်မှသွေးမိုးများရွာကျလာတော့သည်။
သည်အချိန်တွင်ထျန်မိသားစုဝင်အားလုံးကသည်ဖိအားကိုတည်ငြိမ်စွာမခုခံနိုင်ကျတော့ချေ။ မည်သူကစပြေးလိုက်သည်မသိရသော်လည်းလူတိုင်းကသူတို့၏ဓားပျံများကိုအသုံးပြု၍အရပ်မျက်နှာအသီးသီးသို့ပြန့်ကျဲစွာထွက်ပြေးလေတော့သည်။
ဝမ်လင်းကရက်စက်စွာပြုံးလိုက်သည်။ သူကလေထဲသို့လက်ညှိုးညွှန်လိုက်ရာထျန်မိသားစု၏ဝိညာဉ်များသည်ထွက်ပြေးသောသူများ၏နောက်သို့ဝါးမျိုရန်နောက်မှလိုက်ဖမ်းတော့သည်။
ထျန်ဟွယွမ်ကလှုပ်ရှားလိုက်၏။ သူကအံ့တင်းတင်းကြိတ်၍အလံကိုရမ်းလိုက်သည်။ ရွေရောင်အရိုးခေါင်းတစ်ရာကျော်ကဒီဝိညာဉ်များထံသို့ဦးတည်လို့သွား၏။
ထျန်ဟွယွမ်၏နှလုံးသားကဓားနှင့်မွှန်းထားသလိုခံစားနေရသည်။ သူကသူ့မိသားစုဝင်များကိုသူကိုယ်တိုင်သတ်ဖြတ်ပစ်ခြင်းနှင့်မခြားတော့ပေ။
ဝမ်လင်းကဖြတ်ခနဲပျောက်သွားပြီးထျန်မိသားစုဝင်တစ်ယောက်အနားသို့ပေါ်လာခဲ့၏။ သူကချီစုဆောင်းမှုအလွှာသုံးသာရှိသေးသော်လူငယ်တစ်ယောက်သာဖြစ်သည်။ လွန်ခဲ့သောသုံးရက်ကသူကထျန်မိသားစုဝင်ဖြစ်ရသည့်အတွက်ဂုဏ်ယူခဲ့၏။ အခုချိန်မှာတော့သူကထျန်မိသားစုနှင့်လုံးဝမသတ်လိုတော့ပေ။
သို့ရာတွင်သူ့တွင်အခုလိုအခွင့်ရေးမျိုးမရနိုင်တော့ပေ။
ဝမ်လင်းကထိုတစ်ယောကိုသတ်ပြီးနောက်ထျန်မိသားစုဝင်နောက်တစ်ယောက်ထံသို့ရောက်သွားပြန်၏။ သည်တစ်ယောက်ကစွဲဆောင်မှုရှိသောမိန်းကလေးတစ်ယောက်ဖြစ်သည်။ သို့သော်ဝမ်လင်းကမိန်းကလေးဖြစ်နေသည့်အတွက်ကြောင့်လည်းမည်သည့်သနားငဲ့ညှာမှုမှမရှိပေ။ အကြောင်းမှာထျန်မိသားစုနှင့်ဝမ်မိသားစုကကမ္ဘာတစ်ခုတည်းတွင်အတူရှိရန်မဖြစ်နိုင်တော့ပေ။
သူမလည်မြိုကိုချိုးပြီးနောက်မှာဝမ်လင်းကပျောက်ကွယ်သွားပြန်၏။
ထျန်ဟွယွမ်ကကျယ်လောင်စွာအော်ဟစ်၍ရှေ့သို့တဟုန်ထိုးတိုးဝင်သည်။ သို့ရာတွင်သူကဝမ်လင်းထက်အနည်းငယ်နှေးနေ၏။ သူကဝမ်လင်းကြားသို့ဝင်ရောက်မည်လို့ကြိုးစားလိုက်တိုင်းသေဆုံးသွားသောထျန်မိသားစုဝင်တစ်ယောက်ကိုသာမြင်တွေ့နေရ၏။
ထျန်ဟွယွမ်ကသူ့မိသားစုဝင်များသေဆုံးနေသည်ကိုထိုင်ကြည့်နေရသလိုဖြစ်နေသဖြင့်သူလည်းရူးသွပ်လုနီးပါးဖြစ်နေရသည်။ ထိုအခိုက်တွင်ဝမ်လင်းကလူငယ်တစ်ယောက်ထံရောက်သွားပြန်၏။ ထိုလူငယ်မှာထျန်ဟွယွမ်၏ခုနှစ်ဆက်မြောက်မြေးတစ်ယောက်ဖြစ်သည်။
‘မလုပ်နဲ့…”ထျန်ဟွယွမ်၏မျက်လုံးများကနီရဲနေပြီးသူကရှေ့သို့တစ်ဟုန်ထိုးဆက်သွားပြန်သည်။
ဝမ်လင်းကလူငယ်၏နဖူးကိုသူ့လက်ဖြင့်ဖိနှိပ်ထားပြီးထျန်ဟွယွမ်ကိုအေးစက်စွာကြည့်လိုက်သည်။ လူငယ်ကဝမ်လင်းကိုမုန်တီးစွာကြည့်လိုက်သည်။ ဝမ်လင်းကစိတ်စွမ်းအင်အချို့ကိုသူ့လက်ထဲသို့ပို့လွှတ်လိုက်ပြီးလူငယ့်ခန္ဓာကိုယ်ကိုပေါက်ကွဲစေလိုက်၏။
“နောက်ဘဝကျရင်မင်းထျန်ဆိုတဲ့နာမည်မဖြစ်ပါစေနဲ့…”ဝမ်လင်းကထိုသို့ပြောပြီးနောက်ထပ်မံပျောက်ကွယ်သွားပြန်သည်။
ထျန်ဟွယွမ်ကသူ့မြေး၏သွေးအပုံလိုက်ကိုကြည့်၍ကြောင်ရီသွားသည်။ ထို့နောက်သူကနာကျင်စွာအော်ဟစ်လိုက်၏။ “ဝမ်လင်း…”
ဝမ်လင်းကတော့ပေတစ်ထောင်လောက်အကွာတွင်ပြန်ပေါ်လာခဲ့၏။ သူကထျန်ဟွယွမ်ကိုပြောလိုက်သည်။ “နာကျင်ရလား။ အတိတ်တုန်းကမင်းငါ့မိသားစုကိုသတ်ပစ်ခဲ့တုန်းကငါလည်းအလွန်နာကျင်ခဲ့ရတယ်…”ထိုသို့ပြောပြီးနောက်သူကလေထဲတွင်ကြောက်လန့်တကြားဦးတည်ရာမဲ့ပြေးနေသောနောက်တစ်ယောက်ကိုဖမ်းဆုပ်လိုက်၏။
ထျန်ဟွယွမ်ကကြမ်းကြုတ်စွာပြန်အော်လိုက်သည်။ ‘ငါမင်းမိသားစုကိုသတ်ခဲ့တာကမင်းငါ့မြေးထျန်လီကိုသတ်ခဲ့လို့ပဲ…”
“ဆောက်ရေးမပါတာ။ မင်းတို့ထျန်မိသားစုကပဲလူသတ်လို့ရတာလား။ အခြားလူတွေကရောခုခံလို့မရဘူးလား…”ဝမ်လင်းကအေးစက်စွာရယ်မောလိုက်၏။ သူကသိုလှောင်အိတ်ထဲကဓားပျံဆယ်ချောင်းကျော်ကိုထုတ်ယူလိုက်သည်။ တစ်ချက်လှုပ်ရှားလိုက်ရုံနှင့်ထျန်ဟွယွမ်ရှေ့တွင်ပင်လူဆယ့်နှစ်ယောက်ကျော်သေဆုံးပြီးဖြစ်နေခဲ့သည်။
ထျန်ဟွယွမ်ကလက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ သူကအလံကိုရမ်းလိုက်ရာရွှေရောင်အရိုးခေါင်းများကဝမ်လင်းထံသို့တစ်ဟုန်ထိုးဦးတည်လာပြန်သည်။
ဝမ်လင်းကသိုလှောင်အိတ်ထဲကအတားအဆီးလံကိုထုတ်လိုက်၏။ သူကတစ်ချက်ရမ်းလိုက်ရာအမည်းရောင်အငွေ့များထွက်ပေါ်လာပြီးရွှေရောင်အရိုးခေါင်းများကိုပိတ်ဆို့ထားလိုက်၏။ ဝမ်လင်းမျက်လုံးများကလက်ခနဲဖြစ်သွားပြီးသူကမေးလိုက်သည်။ “မင်းဘယ်လိုလုပ်ပြီးငါ့ရဲ့မွေးဖွားရာမြို့ကိုရှာတွေ့ခဲ့တာလဲ…”
ထျန်ဟွယွမ်၏အသွင်ကပြောင်းလဲသွားသည်။ သူကဝမ်လင်းကိုမုန်တီးစွာကြည့်၍ပြန်ပြောလိုက်သည်။ “မင်းဘယ်တော့မှာသိရမှာမဟုတ်ဘူး…”
ဝမ်လင်းမျက်နှာကရှုံ့တွသွားသည်။ သူကလက်ဝှေ့ယမ်းလိုက်ရာအတားအဆီးဆယ်ခုကျော်ကပျံသန်းထွက်လာခဲ့၏။ ထို့နောက်ထျန်မိသားစုဝင်တစ်ရာကျော်ကလည်းထိန့်လန့်တကြားအော်ဟစ်၍သေဆုံးသွားခဲ့ကြသည်။
“မင်းပြောမှာလား…မပြောဘူးလား…”
***