Switch Mode

အပိုင်း(၂၈၇)

ထျန်ဝမ်း

ထျန်ဝမ်းကရှောင်ခြင်းမပြုသလိုပိတ်ဆို့တားဆီးခြင်းလည်းမပြုပေ။ သူကဝမ်လင်းတိုက်ခိုက်မှုများကိုသူ့ကသူ့ကိုထိမှန်ရန်ခွင့်ပြုပေးခဲ့သည်။ သို့ရာတွင်ဝမ်လင်းကဒီစွမ်းအားကောင်းလှသောတိုက်ခိုက်မှုများကိုအချိန်အကြာကြီးထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိပေ။ အထူးသဖြင့်သူ့ဂျိနယ်ပယ်ပင်။ ဂျိနယ်ပယ်ကိုအသုံးပြုလိုက်တိုင်းသူ့စဦးစိတ်ဝိညာဉ်ကိုပျက်စီးစေ၏။

ဝမ်လင်းကပျောက်ကွယ်သွားပြီးမီတာ(၁၀၀)အကွာတွင်ပြန်ပေါ်လာခဲ့သည်။ သူကကျောက်စိမ်းပုလင်းတစ်လုံးကိုထုတ်ယူလိုက်ပြီးသူ့စိတ်ဝိညာဉ်စွမ်းအင်များပြန်ပြည့်ရန်ပုလင်းလိုက်မော့ချလိုက်သည်။

သို့သော်တစ်ချိန်တည်းမှာအရိုးစုလူကြီး၏ဦးခေါင်းကလည်းပြန်မြောက်တက်လာပြီးနောက်တစ်ကြိမ်လှုပ်ရှားလာပြန်သည်။

တမ်လင်းခေါင်းထဲတွင်အန္တရာယ်အချက်ပေးသံများမြည်ဟည်းသွား၏။ သူကဘေးသို့လျင်မြန်စွာရှောင်လိုက်သည်။ သူဘေးသို့ရောက်သည်ဆိုရုံလေးတွင်အရိုးစုလူကြီးကပေါ်လာပြီးသူ့ကိုတိုက်ခိုက်လိုက်၏။

ဝမ်လင်းကချွေးပြန်သွား၏။ သူကစိတ်ဝိညာဉ်စွမ်းအင်ပြန်ပြည့်ရန်အတွက်ဆေးလုံးများကိုအလျင်အမြန်ချေဖျက်လိုက်သည်။ သူကသိုလှောင်အိတ်ထဲကနေရှေးဟောင်းဓားအိမ်ကိုထုတ်ယူလိုက်၏။ ထို့နောက်သူကဓားအိမ်ထဲသို့ဓားတစ်လက်ထည့်လိုက်သည်။

ရုတ်တရက်ဓားစွမ်းအင်ကဓားအိမ်ထဲမှကြမ်းတမ်းစွာထွက်ပေါ်လာခဲ့သည်။ ထို့နောက်ဧရာမဓားအသွင်ဖြစ်ပေါ်သွားပြီးထျန်ဝမ်းပေါ်သို့ကျရောက်သွား၏။

အရိုးစူလူကြီးကမှင်သေသေပြန်ဖြစ်သွားပြီးသူကဓားစွမ်းအင်များကိုသူ့ခန္ဓာကိုယ်သူ့ကျရောက်အက်ကွဲစေပြန်သည်။ နောက်ဆုံးတော့သူ့ခန္ဓာကိုယ်ကတောင့်ခံနိုင်ခြင်းမရှိတော့ဘဲစတင်ပြိုကျလာ၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးပြိုကျပျက်စီးခါနီးအချိန်တွင်သူကတစ်စုံတစ်ခုကိုရုတ်တရက်သဘောပေါက်လိုက်သည်။ သူကပျက်စီးလုနီးပါးဖြစ်နေသောသူ့ဘယ်လက်ဖြင့်ချိပ်ဟန်တစ်ခုဖန်တီးလိုက်ပြီးစကားတစ်လုံးပြောလိုက်ရာအရိုးများကအတူတကွပြန်ဆက်သံများထွက်ပေါ်လာခဲ့၏။ “သိပ်သည်းစမ်း…”

ရုတ်တရက်ပြိုကျပျက်စီးလုဖြစ်နေသောခန္ဓာကိုယ်ကရွှေရောင်တောက်ပလာပြီးလုံးဝကောင်းမွန်သောအခြေအနေသို့ပြန်ရောက်သွား၏။

ဝမ်လင်းကအသက်ဝဝရှုလိုက်ပြီးသည်လူကြီးကိုကြည့်လိုက်ရင်းစကားတစ်ခွန်းမှမဆိုနိုင်ဖြစ်ရသည်။

အရိုးစုလူကြီး၏မျက်လုံးကဖျတ်ခနဲတောက်ပသွားပြီးဝမ်လင်းကိုတိုက်ပွဲဆာလောင်စိတ်အပြည့်ဖြင့်ကြည့်သည်။ သူကလက်သီးဆုပ်လိုက်ပြီးဝမ်လင်းထံသို့လှမ်းထိုးထည့်လိုက်သည်။

ဝမ်လင်းမျက်လုံးများကလက်ခနဲဖြစ်သွားပြီးသူကနောက်သို့ချက်ချင်းဆုတ်လိုက်သည်။ သို့သော်သူကထူးဆန်းသောအားကြောင့်ပတ်ဝန်းကျင်ရှိစိတ်ဝိညာဉ်စွမ်းအင်များကစုပ်ယူခြင်းခံလိုက်ရသည်ကိုတွေ့ရှိလိုက်၏။ ၎င်းကပိတ်လှောင်ခြင်းစွမ်းအင်များကိုပင်ဖန်တီးနိုင်သည့်ပုံပင်။ ဝမ်လင်းကသူ့အမြန်နှုန်းမှာသည်စွမ်းအားအောက်တွင်လျော့ကျသွားသည်လို့ခံစားလိုက်ရ၏။

ထိုအခိုက်တွင်ဝမ်လင်းကအလျင်အမြန်စိတ်တည်ငြိမ်အောင်ပြုလုပ်လိုက်သည်။ သူကကြေးမှန်ကိုထုတ်လိုက်ပြီးထျန်ဝမ်းထံသို့ညွှန်ပြလိုက်၏။ သို့သော်ကြေးမှန်မှထွက်လာသောအစိမ်းရောင်အလင်းများကထျန်ဝမ်းအပေါ်သို့သက်ရောက်ခြင်းမရှိပေ။ သည်မှန်ကအက်ကွဲသွားပြီးအလင်းများထုတ်လွှတ်လာ၏။

ဒီအလင်းကြောင့်ဝမ်လင်းကိုဝန်းရံထားသောပိတ်လှောင်ခြင်းစွမ်းအင်များကလွင့်ပြယ်သွား၏။ တစ်ချိန်တည်းမှာသူနှလုံးသားကနာကျင်သွားပြီးသူကအော်ဟစ်လိုက်၏။ “ပေါက်ကွဲစမ်း…”

ရှေးဟောင်းကြေးမှန်တွင်အက်ကွဲရာများစွာရုတ်တရက်ပေါ်လာခဲ့သည်။

သည်ပေါက်ကွဲမှုကကြီးမားသည့်လေပြင်းတစ်ခုကိုဖြစ်ပေါ်သွားစေပြီးဧရိယာတစ်ခုလုံးကိုသိမ်းကြုံးတိုက်ခိုက်သွားသည်။ ဒီလေပြင်းဖြတ်ကျော်သွားသည့်အခိုက်တွင်ထျန်ဝမ်းကရွှေရောင်သွေးများကိုပါးစပ်အပြည့်အန်ထုတ်လိုက်ရသည်။ ဒီသွေးများအန်ထုတ်လိုက်ရပြီးနောက်ထျန်ဝမ်းခန္ဓာကိုယ်ကအတော်လေးအားနည်းသွားလေသည်။ သည့်နောက်သည်အရိုးစုလူကြီး၏မှင်သေသေမျက်နှာပေါ်တွင်ကြောက်လန့်စိုးရိမ်ဟန်များဖြစ်ပေါ်သွား၏။ သည်လူကြီးကရွေရောင်သွေးများနောက်လိုက်ပြီးမြိုချရန်ကြိုးစားလိုက်သည်။

ဝမ်လင်းမျက်လုံးများကလက်ခနဲဖြစ်သွား၏။ သူကလျင်မြန်စွာပင်နောက်ဆုတ်ရမည့်အစားရှေ့သို့တစ်ဟုန်ထိုးပြေးဝင်လိုက်သည်။ သည်သွေးများကထူးဆန်းသောအရာတစ်ခုခုဖြစ်ပေလိမ့်မည်။

ထျန်ဝမ်ကဝမ်လင်းလှုပ်ရှားလိုက်သည်ကိုမြင်လိုက်သည်နှင့်သူကပို၍မြန်ဆန်စွာပျံသန်းလိုက်ပြီးသူ့လက်ကိုဆန့်တန်းလိုက်၏။ ဝမ်လင်းမျက်လုံးများကလက်ခနဲဖြစ်သွားပြီးသူကလည်းလက်ဆန့်ထုတ်လိုက်သည်။ ဒီအားနှစ်ခုအောက်တွင်ရွှေရောင်သွေးကနှစ်ပိုင်းကွဲသွားပြီးသူတို့နှစ်ယောက်လက်ထဲသို့တစ်ပိုင်းစီကျရောက်သွား၏။

ထျန်ဝမ်းကရွှေရောင်သွေးကိုရလိုက်ပြီးသည်နှင့်သူက၎င်းကိုချက်ချင်းမျိုချလိုက်သည်။ ထို့နောက်သူကဝမ်လင်းကိုစူးစိုက်ကြည့်၍လျင်မြန်စွာတိုးဝင်တိုက်ခိုက်၏။

ဝမ်လင်းကရွှေရောင်သွေးကိုဖမ်းဆုပ်လိုက်မိသည်နှင့်ချက်ချင်းနောက်သို့ပြန်ဆုတ်ပြေး၏။

သည်နှစ်ယောက်တွင်တစ်ယောက်ကရှေ့ကပြေး၍နောက်တစ်ယောက်ကအနောက်မှလျင်မြန်စွာပျံသန်းလို့နေသည်။ ဝမ်လင်းကရှေ့မှတည့်တည့်မတ်မတ်ပြေးခြင်းမရှိပေ။ သူကရွှံပုံကြီးကိုပတ်၍ကွေ့ကောက်ပြေးလေ၏။ သူကအမြဲတမ်းထျန်ဝမ်းကအလွန်ထူးဆန်းသည်ဟုခံစားနေရသည်။ သူကရွှေရောင်သွေးကိုမြင်လိုက်သည်နှင့်နောက်ဆုံးတွင်တစ်စုံတစ်ရာသဘောပေါက်သွားသည်။

သူကသည်ရွှေရောင်သွေးကိုဘာမှန်းရေရေရာရာမသိသော်လည်းရှေးဟောင်းနတ်ဘုရားမှတ်ဉာဏ်ထဲကတစ်ခုနှင့်ဆင်တူနေသည်ကိုသိလိုက်သည်။

အမှန်တော့သည်ရွှေရောင်သွေးကအထူးအရာတစ်ခုမဟုတ်ပေ။ သည်သွေးကရှေးဟောင်းနတ်ဘုရား၏သွေးနှင့်ဆင်တူလို့နေ၏။ တိတိကျကျပြောရရင်တော့သည်ရွှေရောင်သွေးတွင်ရှေးဟောင်းနတ်ဘုရား၏သွေးအနည်းငယ်ပါဝင်လို့နေသည်။

ထျန်ဝမ်း၏ခန္ဓာကိုယ်ကပြန်လည်တည်ဆောက်နိုင်သည့်အပြင်ထျန်ဝမ်းတိုက်ခိုက်မှုကမည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှမပါဝင်ပေ။ သူ့တိုက်ခိုက်မှုအားလုံးကကိုယ်ကာယသပ်သပ်နှင့်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။

သည်နည်းလမ်းကိုကျင့်ကြံတစ်ယောက်ကအသုံးပြုကြခြင်းမရှိကြပေ။ သည်လူကတိရစ္ဆာန်လိုအကြမ်းပတမ်းတိုက်ခိုက်တက်သောမံမီရုပ်သေးတစ်ကောင်နှင့်ဆင်တူနေ၏။

ထျန်ဝမ်းကဝမ်လင်းနည်းစနစ်များဖြင့်တိုက်ခိုက်လာသည့်အခါမရေမရာမှုဖြစ်သွားသော်လည်းသည်မရေမရာဖြစ်မှုတွင်နားလည်သိမြင်ခြင်းများမပါဝင်ပေ။ သည်လူကအလွန်ထူးဆန်းသောနည်းစနစ်တစ်ခုကိုကျင့်ကြံခဲ့ရပေမည်။ ထို့နောက်သူကသည်နည်းစနစ်၏လွှမ်းမိုးခြင်းကိုခံလိုက်ရသည့်ပုံပင်။

ဝမ်လင်းသိရှိရန်အတွက်ကျင့်ကြံမှုကမ္ဘာတွင်ကျင့်ကြံခြင်းနည်းစနစ်များစွာကျန်ပါသေး၏။ သို့သော်လည်းသူကသည်နည်းစနစ်များကိုအလွန်တိကျအောင်ခန့်မှန်းနိုင်သည်။

ထျန်ဝမ်းလေ့ကျင့်သောနည်းစနစ်ကရှေးဟောင်းနတ်ဘုရားများသူတို့ခန္ဓာကိုယ်အတွက်လေ့ကျင့်သည့်နည်းလမ်းနှင့်ဆင်တူလှသည်။ သည်နည်းလမ်းကကျောက်နိုင်ငံတွင်မရှိပေ။ သို့သော်ကောင်းကင်မျှော်စင်၏တမန်တော်ထံမှဆိုရင်တော့ဖြစ်နိုင်၏။

သည်နည်းလမ်းကိုကျင့်ကြံပြီးသူတစ်ယောက်၏နတ်ဘုရားအာရုံနှင့်ဝိညာဉ်သည်သူ့ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွား၏။ သည်အတွက်ကြောင့်လည်းဝမ်လင်းဂျိနယ်ပယ်အနီရောင်အလင်းတန်း၏တစ်ချက်ထိတစ်ယောက်သေစွမ်းရည်ကဆုံးရှုံးသွားရခြင်းဖြစ်သည်။

ဝမ်လင်းကသူ့လက်ထဲရှိရွှေရောင်သွေးကိုကြည့်၍မျက်လုံးလက်ခနဲဖြစ်သွားသည်။ သည်လူ၏ကျင့်ကြံမှုနည်းလမ်းကရှေးဟောင်းနတ်ဘုရား၏နည်းလမ်းကိုပုံတူကူးထားသောနည်းစနစ်ဖြစ်နေခဲ့သည်။

ဝမ်လင်းမျက်လုံးကဖြတ်ခနဲအေးစက်သွားပြီးသိုလှောင်အိတ်ထဲကအနက်ရောင်မြူတစ်ခုကိုထုတ်ယူလိုက်သည်။ အနက်ရောင်မြူကမံမီရုပ်သေးရုပ်နှစ်ရုပ်သို့ပြောင်းသွား၏။ သည်ရုပ်သေးနှစ်ရုပ်ကလူအိုကြီးဂျိမိုထံမှရခဲ့သောစဦးစိတ်ဝိညာဉ်အဆင့်ရုပ်သေးရုပ်နှစ်ရုပ်ဖြစ်သည်။

ဝမ်လင်းကသူ့လက်ထိတ်ကိုကိုက်လိုက်ပြီးသွေးနှစ်စက်ကိုထိုရုပ်သေးနှစ်ရုပ်ပေါ်သို့ချလိုက်သည်။ ရုတ်တရက်သည်ရုပ်သေးရုပ်များ၏မျက်လုံးများကအနီရောင်သို့ပြောင်းသွားပြီးထျန်ဝမ်းဆီသို့တိုးဝင်လို့သွားသည်။

သည်ရုပ်သေးနှစ်ရုပ်ကသူတို့လက်များ၊ခြေထောက်များနှင့်တိုက်ခိုက်၍ထျန်ဝမ်းကိုရပ်တန့်ရန်ကြိုးစား၏။

ထျန်ဝမ်းမျက်လုံးထဲကတစ္ဆေအလင်းများထုတ်လွှတ်လာ၏။ ထို့နောက်သူကလက်သီးဖြင့်ရုပ်သေးတစ်ကောင်ကိုထိုးချလိုက်သည်။ ထိုရုပ်သေးကတုန်ခါသွားပြီးတစ်စစီဖြစ်သွားလေ၏။

သူ့အပေါင်းအပါအသတ်ခံလိုက်ရသော်လည်းကျန်နေသေးသောရုပ်သေးကကြောက်ရွံ့ခြင်းမရှိဘဲဆက်၍တိုက်ခိုက်လာသည်။

ဝမ်လင်းကသည်အခွင့်အရေးကိုအသုံးချ၍ရုတ်တရက်ရပ်တန့်လိုက်သည်။ သူကရွှေရောင်သွေးများကိုလေထဲသို့ပစ်လွှတ်လိုက်၏။ သူ့လက်ကရှုပ်ထွေးသောလက်ဟန်တစ်ခုဖန်တီးလိုက်ပြီးထူးဆန်းသောဘာသာစကားတစ်ခုကိုလည်းရွတ်ဆိုလိုက်၏။

ထိုအခိုက်တွင်ပညာရှိသည့်လူတစ်ယောက်တောင်မှဝမ်လင်းရွတ်ဆိုနေသည့်စကားများကိုနားလည်ရန်ခက်ခဲပေလိမ့်မည်။ အကြောင်းမှာသူကရှေးဟောင်းနတ်ဘုရားများအသုံးပြုသောဘာသာစကားကိုအသုံးပြုလိုက်သောကြောင့်ပင်။

အမှန်တော့ဝမ်လင်းတွင်ရှေးဟောင်းနတ်ဘုရား၏စွမ်းအားမရှိသော်လည်းရှေးဟောင်းနတ်ဘုရား၏မှတ်ဉာဏ်ထဲကနည်းလမ်းများစွာတော့ရှိပေသည်။

သူအခုအသုံးပြုနေသောနည်းစနစ်ကအမွေအနှစ်စွမ်းအားမလိုအပ်သောနည်းစနစ်အနည်းငယ်ထဲကတစ်ခုဖြစ်ပေသည်။ ၎င်းနည်းစနစ်အတွက်လိုအပ်ချက်ကရှေးဟောင်းနတ်ဘုရား၏သွေးအချို့သာလိုအပ်ပေသည်။ ဝမ်လင်းကထိုသွေးများမြင်ပြီးနောက်သူကသည်နည်းစနစ်ကိုအသုံးပြုရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဝမ်လင်းကနတ်ဘုရားဘာသာစကားကိုဆက်လက်ရွတ်ဆိုနေရာရွေရောင်သွေးများကဆူပွက်လာပြီးအဖြူရောင်အငွေ့များထုတ်လွှတ်လာသည်။ အဖြူရောင်အငွေ့များကပိုများပြားလာခြင်းနှင့်အတူရွှေရောင်သွေးများကထူးဆန်းသောသင်္ကေတတစ်ခုအဖြစ်သို့သိပ်သည်းပြောင်းလဲသွားသည်။

ထိုသင်္ကေတပေါ်လာသည့်အခိုက်တွင်ရွှေရောင်အလင်းတန်းတစ်ခုကကောင်းကင်မှဆင်းသက်လာ၏။ ဒီလိုရွှေရောင်အလင်းတန်းဆင်းသက်လာသည့်အခိုက်တွင်သန့်စင်သောစိတ်ဝိညာဉ်စွမ်းအင်များဖြင့်စုစည်းထားသည်ပုံရိပ်ကြီးတစ်ခုပေါ်လာခဲ့၏။

သည်ပုံရိပ်ကြီးကလွန်စွာကြီးမားလှပြီးသူ့ဦးခေါင်းကကောင်းကင်သို့ထိစပ်လို့နေ၏။ သည်ပုံရိပ်ကြီးကတဖြည်းဖြည်းရုပ်လုံးပေါ်လာရန်အတွက်ကျောက်နိုင်ငံအတွင်းရှိစိတ်ဝိညာဉ်ကြောများမှစိတ်ဝိညာဉ်စွမ်းအင်များကိုအသုံးပြုခဲ့ပေသည်။ သည်နေ့မှစ၍ကျောက်နိုင်ငံရှိစိတ်ဝိညာဉ်သွေးကြောငါးပုံသုံးပုံသည်ပျက်စီးသွားပြီဖြစ်သည်။ လွန်စွာများသောစိတ်ဝိညာဉ်စွမ်းအင်များကစုဝေးလာ၏။

ကျန်နေသေးသောစိတ်ဝိညာဉ်ကြောငါးပုံနှစ်ပုံသည်လည်းတဖြည်းဖြည်းဆုံးရှုံးလို့လာ၏။ သို့သော်ရွှေရောင်သွေးပမာဏကနည်းပါးသဖြင့်သည်ဧရာမပုံရိပ်ကြီးသည်ပုံရိပ်ယောင်အခြေအနေသာဖြစ်ပေါ်ခဲ့၏။

ဝမ်လင်းနဖူးကချွေးများစိုရွှဲလို့နေသည်။ သည်နည်းစနစ်ကိုအသုံးပြုလိုက်သဖြင့်သူ့နဖူးရှိခရမ်းရောင်ကြယ်ကတောက်ပလာပြီးသူ့ခန္ဓာကိုယ်အပေါ်ဧရာမဝန်ထုပ်ဝန်ပိုးကိုဖြစ်စေသည်။ တစ်ချိန်တည်းမှာပင်လွတ်မြောက်ရန်ကြိုးစားနေသောထျန်ဝမ်းပေါ်သို့သူ့ညာလက်ဖြစ်ခက်ခက်ခဲခဲညွှန်လိုက်သည်။

ဝမ်လင်းကထိုသို့ပြုလုပ်သည်နှင့်ဧရာမပုံရိပ်ကသူ့လက်ကြီးဖြင့်ထွက်ပြေးရန်ကြိုးစားနေသောထျန်ဝမ်းကိုလွှဲရိုက်လိုက်၏။ ဧရာမလက်ကြီးကထျန်ဝမ်းကိုရိုက်လိုက်မိသည့်အခိုက်တွင်ထျန်ဝမ်းကထူဆန်းစွာပျောက်ကွယ်သွားသည်။

ဝမ်လင်း၏နတ်ဘုရားအာရုံတွင်ထျန်ဝမ်းကိုကိုယ်စားပြုသောအလင်းကမှိန်ဖျော့လို့သွား၏။

သိပ်မကြာခင်မှာထျန်ဝမ်းပျောက်ကွယ်သွားသောနေရာတွင်ရွှေရောင်သွေးတစ်စက်ထွက်ပေါ်လာခဲ့သည်။ ဝမ်လင်းကလက်ဆန့်တန်းလိုက်ရာထိုရွှေရောင်သွေးကသူ့ထံသို့ရောက်ရှိလာခဲ့သည်။

တစ်ချိန်တည်းမှာသည်ဧရာမပုံရိပ်ယောင်ကြီးကဝမ်လင်းကိုဦးညွတ်လိုက်ပြီးနေဝင်ရာအရပ်သို့လမ်းလျောက်၍ပျောက်ကွယ်သွားတော့သည်။ ရွှေရောင်သွေးကြောင့်ဖြစ်ပေါ်လာသောထူးဆန်းသည့်သင်္ကေတကလည်းပျောက်ကွယ်လို့သွားသည်။

ထိုအခိုက်တွင်ကျောက်နိုင်ငံရှိစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများကသည်ဆူပူလှုပ်ရှားမှုကိုသတိပြုမိလိုက်ကြ၏။

ထိုအချိန်တွင်ပျံသန်းလျက်ရှိသောဖူနန်စီကရုတ်တရက်ရပ်တန့်လိုက်၏။ သူ့အသွင်ကလည်းလုံးဝပြောင်းလဲသွား၏။ သူကနတ်ဘုရားအာရုံကိုဖြန့်ကြက်၍အလျင်အမြန်စစ်ဆေးလိုက်သည်။

တစ်ချိန်တည်းမှာကျောက်နိုင်ငံအလယ်ဗဟိုရှိကောင်းကင်မျှော်စင်၌လူဝကြီးတစ်ယောက်ကမျက်လုံးဖွင့်လာခဲ့သည်။ ထို့နောက်သူကဝမ်လင်းရှိနေသောအရပ်သို့မယုံကြည်နိုင်ဟန်ပုံစံဖြင့်စူးစိုက်ကြည့်လိုက်သည်။

“ဒါ…ဒါကဘီလူးနတ်ဆိုးကလန်ရဲ့ကောင်းကင်ဘုံဖွင့်လှစ်ခြင်းနည်းစနစ်ပဲ…”

ဝမ်လင်းကတော့ရွှေရောင်သွေးစက်ကိုဂရုတစိုက်သိမ်းဆည်း၍သိုလှောင်အိတ်ထဲသို့ထည့်လိုက်သည်။ ထို့နောက်သူကချက်ချင်းပင်ခြေချိတ်၍ထိုင်လိုက်သည်။ သူကကျောက်စိမ်းပုလင်းများကိုထုတ်ယူလိုက်ပြီးသောက်လိုက်သည်။ ထို့နောက်ရှေးဟောင်းနတ်ဘုရားနည်းစနစ်ကိုအသုံးပြု၍ထိုကျောက်စိမ်းပုလင်းထဲရှိဆေးဝါးများကိုချေဖျက်ရန်အတွက်လေ့ကျင့်လိုက်သည်။ ကျန်နေသေးသောရုပ်သေးရုပ်တစ်ရုပ်ကဝမ်လင်းဘေးနားတွင်ရပ်နေပြီးစိတ်ရှုပ်ထွေးဟန်ဖြစ်နေသည်။ သို့သော်သူကအနားသို့တစ်ယောက်ယောက်ရောက်လာသည်နှင့်တိုက်ခိုက်ပေလိမ့်မည်။

တစ်ရက်ကြာပြီးနောက်ဝမ်လင်းကမျက်လုံးပြန်ပွင့်လာခဲ့ပြီးအသက်ဝဝရှုလိုက်သည်။ သူသာထိုဆေးများကိုမသုံးစွဲ၊ရှေးဟောင်းနတ်ဘုရားနည်းစနစ်ကိုလည်းအသုံးမပြုခဲ့ဘူးဆိုလျှင်ပုံမှန်အခြေအနေသို့ပြန်ရောက်ရန်အနည်းဆုံးလဝက်လောက်ကြာပေလိမ့်မည်။

သူကမတ်တတ်ရပ်လိုက်ပြီးရုပ်သေးရုပ်ကိုကြည့်လိုက်သည်။ ၎င်းကတချို့တဝက်ပျက်စီးနေသည်ကိုတွေ့လိုက်ရ၏။ ကျောက်စိမ်းပြားထဲတွင်ဖော်ပြထားသည့်အတိုင်းဆိုလျှင်သည်ရုပ်သေးရုပ်ကသူ့ကိုယ်သူပြန်ပြုနိုင်သည်ဟုပြောပြထား၏။ ထို့နောက်ဝမ်လင်းက၎င်းကိုသိုလှောင်အိတ်ထဲသို့ပြန်ထည့်ထားလိုက်၏။ ဝမ်လင်းကထျန်ဝမ်းသေဆုံးသွားခဲ့သောနေရာသို့စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ ထျန်မိသားစုကသူတွေးထားသည်ထက်ပို၍စွမ်းအားကောင်းနေခဲ့ပေသည်။ သူသာရှေးဟောင်းနတ်ဘုရား၏နည်းစနစ်ကိုအောင်မြင်စွာအသုံးမပြုနိုင်ခဲ့ပါကသူ့နောက်ဆုံးဝှက်ဖဲကိုအသုံးပြုရပေတော့မည်။

သူကအခုချိန်တွင်နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကိုအသုံးပြုလိုခြင်းမရှိသေးပေ။ သူသာအခုအသုံးပြုခဲ့ရမည်ဆိုပါကသူ့လက်စားချေသည့်အစီအစဉ်သည်အချိန်တိုအတွင်းရပ်တန့်သွားရန်ဖြစ်နိုင်ချေများနေသောကြောင့်ပင်။

သည်နတ်ဘုရားပြစ်ဒဏ်အမျှင်တန်းကိုသူကကောင်းကင်မျှော်စင်ထဲရှိတမန်တော်နှင့်ရင်ဆိုင်ရန်အတွက်ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset