Switch Mode

အပိုင်း(၂၈၆)

ဖူနန်စီ

ဟုန်ယွီတောင်တန်းရွှမ်တောက်ကလန်။

ဝမ်လင်းလေ့ကျင့်ခဲ့သောတောင်အနောက်တွင်လူလုပ်ဂူများစွာရှိနေခဲ့ပြီဖြစ်သည်။ တောင်ထိပ်တွင်တည်ရှိနေသောသဘာဝဂူတွင်တော့ဖူနန်စီကကျင့်ကြံလျက်ရှိသည်။ သူ့အသွင်ကနှစ်ပေါင်းလေးရာကျော်သည့်တိုင်အောင်တစ်စက်ကလေးတောင်ပြောင်းခြင်းမရှိပေ။

လိုဏ်ဂူထဲတွင်တော့ရေစက်ရေပေါက်လေးများကဂူမျက်နှာကြက်မှတစက်စက်ကျသနေသဖြင့်ရေကျသံလေးများထွက်ပေါ်လို့နေ၏။

အချိန်အတော်ကြာပြီးနောက်ဖူနန်စီကလေ့ကျင့်နေရာမှမျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးများကကြယ်များအလားတောက်ပလျက်ရှိသည်။

ဖူနန်စီကသူ့ညာလက်ကိုမြှောက်လိုက်ပြီးချိပ်ပိတ်ဟန်တစ်ခုပြုလုပ်လိုက်သည်။ သူ့အသွင်ကဘာမျှထူးခြားဟန်မရှိပေ။ ထို့နောက်သူကလက်လှုပ်ရှားလိုက်ရာသူ့ရှေ့ရှိကျောက်တုံးကရုတ်တရက်စတင်တောက်ပလို့လာသည်။

သိပ်မကြာခင်မှာအလင်းစက်ဆယ်စက်ကကျောက်နံရံတွင်ပေါ်လာခဲ့သည်။

သို့ရာတွင်ဒီအလင်းဆယ်စက်များပေါ်ထွက်လာသည့်အခိုက်တွင်ခြောက်ခုကရုတ်တရက်မှန်ဖျော့၍ပြန်ပျောက်ကွယ်သွား၏။

ဖူနန်စီကနည်းနည်းမျက်နှာပျက်သွားသည်။ သူ့ဝန်းကျင်ရှိလေထုကအောက်သို့ဆင်းသက်သွားပြီးသိပ်မကြာခင်မှာဂူမျက်နှာကြက်မှကျနေသောရေစက်များပင်ရပ်တန့်သွား၏။

စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူများသာအနားမှာရှိနေမည်ဆိုပါကသူ့တို့မျက်လုံးများကလက်ခနဲဖြစ်သွားပေလိမ့်မည်။ အကြောင်းမှာပတ်ဝန်းကျင်ရှိစိတ်ဝိညာဉ်စွမ်းအင်များအပေါ်သက်ရောက်နိုင်သည့်နည်းစနစ်ကစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူများသာလုပ်နိုင်စွမ်းရှိ၏။

ဖူနန်စီကစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအစွန်အဖျားကိုရောက်ရှိနေပြီဖြစ်သည်။ သူ့အတွက်စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ရောက်ရန်သိပ်မဝေးလှတော့ချေ။ သူကစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ရောက်ရန်အလွှာပါးတစ်ခုသာခြားတော့သည်။

ဖူနန်စီကနံရံပေါ်ရှိအလင်းစက်များကိုစူးစိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက်သူကသက်ပြင်းချ၍ပြောလိုက်သည်။ “ထျန်ဟွယွမ်…ဘယ်သူကများမင်းအပေါ်မှာအခုလိုကပ်ဆိုးမျိုးယူဆောင်လာခဲ့ရတာလဲ…”

“အရှင်ရှီကထျန်မိသားစုကိုအတွေ့အကြုံတစ်ခုအဖြစ်အသုံးပြုလိုခြင်းမရှိဘူးဆိုရင်ဒီလူအိုကြီးကမင်းတို့ထျန်မိသားစုကိစ္စတွေမှာဘာမှဝင်ရောက်စွက်ဖက်နေမှာမဟုတ်ဘူး…”ဖူနန်စီမျက်နှာကနက်မှောင်လို့နေသည်။ သူကအရှင်ရှီကဘာကြောင့်များထျန်မိသားစုကိုဂရုစိုက်နေသလဲတော့မသိပေ။

ထိုသို့သာမဟုတ်ခဲ့ဘူးဆိုလျင်ထျန်မိသားစု၏အရင်းအမြစ်များနှင့်စဦးစိတ်ဝိညာဉ်ကိုးယောက်ကိုမြန်ဆန်စွာရရှိလာရန်မဖြစ်နိုင်ပေ။ ထျန်ဟွယွမ်ကလည်းနှစ်လေးရာလောက်နှင့်ဖူနန်စီလောက်သန်မာလာလိမ့်မည်မဟုတ်ပေ။

သူကအနည်းငယ်စဉ်းစားလိုက်ပြီးသူ့အင်္ကျီလက်ကိုရမ်းလိုက်ရာရုတ်တရက်ပျောက်ကွယ်သွားတော့သည်။

သူကဟုန်ယွီတောင်ထိပ်တွင်ပြန်ပေါ်လာခဲ့၏။ ဖူနန်စီကဒူးတစ်ဖက်ထောက်ချပြီးကောင်းကင်ကိုကြည့်၍လက်ဟန်များစွာဖန်တီးလိုက်သည်။ သည်ချိပ်ပိတ်လက်ဟန်များကြောင့်တိမ်များစွာဖြစ်ပေါ်လာပြီးမမြင်ရသောဖိအားကလည်းကောင်းကင်ထက်တွင်ဖြစ်တည်လာခဲ့သည်။

ဖူနန်စီကသူ့လက်ကိုလှုပ်ရှားလိုက်ပြီးပြောလိုက်၏။ “နိမ့်ကျတဲ့ကျင့်ကြံမှုနိုင်ငံမှငါ…ဖူနန်စီကအံ့ဖွယ်ရတနာကိုချေးငှားပါတယ်…”

သူကထိုစကားများကိုပြောပြီးသည့်အခိုက်တွင်အစိမ်းနှင့်အနီအလင်းတန်းနှစ်ခုကဟုန်ယွီတောင်ထိပ်ထံသို့ကျရောက်လာသည်။ ဒီအလင်းများကတဖြည်းဖြည်းအားကောင်းလာပြီးကျောက်နိုင်ငံရှိစိတ်ဝိညာဉ်စွမ်းအင်များကဟုန်ယွီတောင်ထိပ်တွင်စတင်စုဝေးလာခဲ့၏။ အလင်းတန်းနှစ်ခုကဖူနန်စီဘေးနားသို့ကျရောက်လာ၏။ ဒီအလင်းတန်းနှစ်ခုကသိပ်မကြာခင်မှာပြန်ဖျော့တော့သွားပြီးမူလပုံစံပြန်ဖြစ်သွား၏။ ဒီအလင်းတန်းနှစ်ခု၏မူလပုံစံမှာအံ့ဖွယ်အဝိုင်းနှစ်ခုဖြစ်နေခဲ့သည်။ အဝိုင်းတစ်ခုတွင်အေးစက်သောအလင်းများထုတ်လွှတ်နေသည့်ဓားလေးချောင်းရှိနေသည်။ သူတို့ပတ်လည်တွင်လေဟာနယ်အဟများလည်းရှိနေသည်။

သည်အရာနှစ်ခုကိုစဦးစိတ်ဝိညာဉ်အဆင့်ရတနာတစ်ခုမဟုတ်ဘဲစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းသို့မဟုတ်သည့်ထက်မြင့်သည့်အဆင့်ရှိသောကျင့်ကြံသူတစ်ယောက်ကပြုလုပ်ထားသည့်ရတနာဖြစ်ကြောင်းသိသာနေ၏။

ဖူနန်စီကသည်အရာနှစ်ခုအပေါ်သူ့နတ်ဘုရားအာရုံဖြင့်မှတ်သားမထားခင်အချိန်အနည်းငယ်အကြာတတွတ်တွတ်ရွတ်ဆိုနေသည်။ ထို့နောက်ဒီအလင်းအဝိုင်းနှစ်ခုကိုသိုလှောင်အိတ်ထဲသို့ဂရုတစိုက်ထည့်လိုက်သည်။ ထို့နောက်သူကအားကောင်းလှသောသတ်ဖြတ်လိုမှုစိတ်ဆန္ဒကိုထုတ်၍ခပ်တိုးတိုးပြောလိုက်သည်။ “ထျန်ဟွယွမ်…ဒါမင်းကိုကူညီတာနောက်ဆုံးအကြိမ်ပဲ။ နှစ်ပေါင်းတစ်ရာအတွင်းမှာထျန်မိသားစုကစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်တစ်ယောက်ရှိမလာဘူးဆိုရင်တော့ငါ့ရက်စက်မှုကိုအပြစ်မတင်နဲ့…”

ထိုသို့ပြောပြီးနောက်သူကပျောက်ကွယ်သွားတော့သည်။

စိတ်ဝိညာဉ်စွမ်းအင်များမြင့်တက်လာသည့်အခိုက်တွင်ဝမ်လင်းကသတိထားမိလိုက်သည်။ သူ့အသွင်ကပြောင်းလဲခြင်းမရှိသော်လည်းစိတ်ထဲမှာတော့တုန်လှုပ်သွား၏။ သို့ရာတွင်သူကနှခေါင်းရှုံ့လိုက်ပြီးနောက်ဆုံးပင်မထျန်မိသားစုဝင်ဆီသို့ဦးတည်သွားလိုက်သည်။ ကျောက်နိုင်ငံနယ်စပ်တွင်အလွန်ထူးဆန်းသောနေရာဖြစ်သည်။ ထိုနေရာသို့သေမျိုးတစ်ယောက်ရောက်လာခဲ့လျင်ကြောက်ရွှံခြင်းကိုခံစားရပေမည်။ ကျင့်ကြံသူများပင်ထိုနေရာနှင့်ပတ်သက်၍လုံးဝခေါင်းကိုက်ကြပေသည်။

၎င်းနေရာကဧရာမအမည်းရောင်ရွှံ့ပုံကြီးဖြစ်သည်။

အမည်းရောင်ရွှံပုံကြီးကနှခေါင်းကိုစပ်ဖျဉ်းနာကျင်စေသောအနံ့များထုတ်လွှတ်နေ၏။ လူအနည်းငယ်ကလွဲ၍သည်ရွှံ့ပုံကြီးကမည်မျှနက်ရှိုင်းသည်ကိုမည်သူမျှမသိပေ။

နှစ်ပေါင်းတစ်ရာကြာတိုင်းသည်ရွွှံ့ပုံကြီးကပေါက်ကွဲတက်ပြီးထိုပေါက်ကွဲမှုကတုန်လှုပ်ဖွယ်မြင်ကွင်းကိုဖြစ်ပေါ်စေသည်။

အချိန်အများစုကတော့သည်နေရာသည်တားမြစ်နေရာတစ်ခုလိုဖြစ်နေသည်။ သေမျိုးပဲဖြစ်ဖြစ်၊ကျင့်ကြံသူပဲဖြစ်ဖြစ်၊သားရဲပဲဖြစ်ဖြစ်ဒီရွှံ့ပုံကြီးအတွင်းတစ်နေရာသို့ရောက်သွားသည်နှင့်အားကောင်းသောစုပ်ယူမှုကြောင့်မြှုပ်နှံ့ခြင်းခံရပေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက်အမည်းရောင်မြူများဖြစ်ပေါ်လာပြီးဒီဧရိယာတစ်ခုလုံးကိုလွှမ်းမိုးထားလျက်ရှိနေခဲ့သည်။

အမည်းရောင်ရွှံ့ပုံကြီးသည်လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်ကတည်းကကျောက်နိုင်ငံတွင်အန္တရာယ်ရှိဆုံးနေရာအဖြစ်ယူဆထားကြပေသည်။

အမည်းရောင်ရွှံ့ပုံကြီး၏အနက်ရှိုင်းဆုံးနေရာတွင်အနက်ရောင်သလင်းကျောက်များဖြင့်ပြုလုပ်ထားသည့်ခေါင်းတလားတစ်ခုရှိနေသည်။ သည်အနက်ရောင်သလင်းကျောက်ခေါင်းတလားကရွှံများဖြင့်ဖုံးအုပ်ခံထားရခြင်းမရှိပေ။ သည်ခေါင်းတလားနှင့်ရွှံ့များကြားတွင်အဖြူရောင်အရိုးလွှာတစ်ခုကကာဆီးထားသောကြောင့်ပင်။

သည်အရိုးများကလူသားများနှင့်သားရဲများ၏အရိုးများဖြစ်ကြသည်။ တစ်နည်းအားဖြင့်သည်အရိုးများကလွန်ခဲ့သောနှစ်ပေါင်းလေးရာကျော်နစ်မြုပ်ခဲ့သောသူများ၏အရိုးများပင်ဖြစ်သည်။ သည်နေရာတွင်ရှိနေသောလူသည်ထျန်ရှစ်ကြောက်ရွံ့ဆုံးကျင့်ကြံသူဖြစ်နေ၏။ သည်နေရာသည်ထျန်ဝမ်း၏ကျင့်ကြံခြင်းနယ်မြေဖြစ်သည်။

ထျန်ဝမ်းကထျန်မိသားစု၏သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေ၏။

သည်လူကထျန်ဟွယွမ်၏မျိုးဆက်တစ်ယောက်မဟုတ်ချေ။ တိတိကျကျပြောရရင်တော့သူကထျန်ဟွယွမ်၏ညီဖြစ်လေသည်။

သူကပင်မထျန်မိသားစု၏မည်သူမျှစိန်ခေါ်မှုမလုပ်ရဲသောတစ်ဦးတည်းသောသူလည်းဖြစ်၏။

ဝမ်လင်းကသည်ရွှံ့ပုံကြီး၏ကီလိုမီတာ(၁၀၀၀)အတွင်းရောက်လာသည်နှင့်သူကသည်နေရာအကြောင်းကိုသတိပြုမိလိုက်သည်။ အချိန်အနည်းငယ်စဉ်းစားပြီးနောက်သူကခြင်သားရဲနှင့်ပျံသန်းခြင်းမပြုတော့ဘဲသူကိုယ်တိုင်ပျံသန်းရန်ဆုံးဖြတ်လိုက်၏။

ဝမ်လင်းကရွှံ့ပုံကြီး၏(၁၀၀၀)ကီလိုမီတာအတွင်းဝင်ရောက်လာသည်နှင့်အရိုးခြောက်လက်တစ်ဖက်ကအခေါင်းထဲမှဆန့်တန်းလာခဲ့သည်။ ထို့နောက်တဖြည်းဖြည်းနှင့်အရိုးစုနှင့်တူသည့်လူတစ်ယောက်ကအခေါင်းထဲမှထရပ်လာခဲ့သည်။

သည်လူ၏တစ်ကိုယ်လုံးကနက်မှောင်နေပြီးသူ့ခန္ဓာကိုယ်တွင်လည်းကြွက်သားများရှိမနေပေ။ သူ့ခေါင်းပေါ်တွင်လည်းဆံပင်များကျိုးတဲ့ကျဲတဲသာရှိလို့နေ၏။ သည်လူ့အသွင်ကလွန်စွာကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သူ့မျက်လုံးထဲ၌တစ္ဆေတစ်ကောင်၏အလင်းကတဖြည်းဖြည်းတောက်ပလာခဲ့သည်။ ထို့နောက်သူ့ခေါင်းကတဖြည်းဖြည်းထောင်မတ်လာတော့သည်။

ထိုအခိုက်တွင်ဝမ်လင်းကရွှံ့ပုံကြီးအပေါ်တွင်ရှိနေခဲ့သည်။ သူ့အသွင်ကခါတိုင်းထက်အလေးအနက်ထားနေပြီးအတားအဆီးအလံများကိုလည်းအဆင့်သင့်ပြုလုပ်ထား၏။ သူကရွှံ့ပုံကြီးကိုကြည့်လိုက်သည်။ သူကတုံ့ဆိုင်းခြင်းမရှိဘဲဂျိနယ်ပယ်ကိုဖော်ထုတ်လိုက်ရာအနီရောင်အလင်းများကရွှံပုံကြီးထံသို့တိုးဝင်သွားသည်။

ရွှံ့ပုံကြီးအတွင်း၌ရှိနေသောလူကြီး၏မျက်လုံးထဲတွင်တစ္ဆေအလင်းကတောက်ပသွားပြီးသူကအနီရောင်အလင်းတန်းကိုစောင့်ကြည့်နေလိုက်သည်။ သည်လူကြီးကသူ့အရိုးပြိုင်းပြိုင်းထနေသည့်လက်ဖြင့်အနီရောင်အလင်းတန်းထဲကတစ်ခုကိုထိတွေ့လိုက်သည်။

ရုတ်တရက်ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူအနီရောင်အလင်းကပျောက်ကွယ်သွားသလိုအရိုးစုလူကြီး၏လက်ချောင်းများတွင်လည်းအက်ကွဲကြောင်းများဖြစ်ပေါ်သွား၏။

သည်လူကြီးကသူ့နှုတ်ခမ်းကိုကိုက်လိုက်သည်။ သူ့မျက်လုံးထဲရှိတစ္ဆေအလင်းကတိုက်ခိုက်ရန်အတွက်ပို၍အားကောင်းလာခဲ့သည်။ သူကဖြည်းညင်းစွာမတ်တတ်ရပ်လိုက်သည်။ ထိုအခိုက်တွင်ပို၍များပြားသောအနီရောင်အလင်းများကသူ့ထံသို့ဆင်းသက်လာ၏။ သို့သော်သူကသူ့လက်ဖြင့်ထိုအလင်းများကိုပိတ်ဆို့ထားလိုက်လေသည်။

တဖြည်းဖြည်းနှင့်အလင်းအားလုံးကပိတ်ဆို့ခြင်းခံလိုက်ရ၏။ သို့သော်သည်လူကြီး၏လက်မောင်းတစ်ဖက်လုံးကလည်းအက်ကွဲကြောင်းများဖြစ်ပေါ်သွားရသည်။ သူကသူ့လက်ကိုကြည့်၍လှုပ်လိုက်ရာထိုလက်ကချက်ချင်းအမှုန်များဖြစ်သွားလေသည်။

သူကထိုအရာကိုလုံးဝဂရုစိုက်သည့်ဟန်မရှိပေ။ သူ့ခန္ဓာကိုယ်ကအားကောင်းသောတိုက်ခိုက်မှုစိတ်ဆန္ဒကိုထုတ်လွှတ်လျက်ရှိနေသည်။ သူကတစ်ချက်ပြုံးလိုက်ပြီးအပေါ်သို့လှမ်း၍တိုက်ခိုက်လိုက်သည်။ ဝမ်လင်းမျက်နှာကရုပ်စိုးလို့သွား၏။ သူကသူ့ဂျိနယ်ပယ်၏အနီရောင်အလင်းတန်းဖြင့်တိုက်ခိုက်မှုကိုလက်မောင်းတစ်ဖက်အဆုံးရှုံးခံလိုက်သည်ကိုရှင်းလင်းစွာခံစားမိနေသည်။

သည်လိုအရာမျိုးကအစတုန်းကလုံးဝမဖြစ်ခဲ့ဘူးပေ။ ဝမ်လင်းကဒီလူ၏ကျင့်ကြံမှုအဆင့်ကခုထိစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့မရောက်သေးကြောင်းသေချာသိပေသည်။ သို့သော်သူကဂျိနယ်ပယ်တိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့ပေသည်။

သည်လူကြီးကအပေါ်သို့တဟုန်ထိုးထိုးတက်လိုက်သည့်အခိုက်တွင်ဝမ်လင်းကသူ့အနားရှိဧရိယာတစ်ခုလုံးကိုအတားအဆီးအလံများဖြင့်ချက်ချင်းဝန်းရံထားလိုက်သည်။ ထိုနောက်သူကလက်ဟန်တစ်ခုပြုလုပ်လိုက်ရာအတားအဆီးအခုကိုးဆယ်ကနဂါးအသွင်ပြောင်းသွားပြီးရွှံ့ပုံကြီးထံသို့တိုးဝင်သွားခဲ့သည်။

သည်အရိုးစုလူကြီးကအတားအဆီးအလံများကိုကြည့်၍မှင်သေသေဖြစ်သွားခဲ့၏။ သူကနဂါးအသွင်အတားအဆီးများကိုရှောင်တိမ်ခြင်းမရှိဘဲသူ့ခန္ဓာကိုယ်ပေါ်သို့ကျရောက်စေလိုက်သည်။

ရုတ်တရက်မရေမတွက်နိုင်သောအက်ကွဲကြောင်းများကဒီအရိုးစုလူကြီး၏ကိုယ်ပေါ်တွင်ဖြစ်ပေါ်လာခဲ့သည်။ နောက်ဆုံးအတားအဆီးကသူ့ခန္ဓာကိုယ်ပေါ်သို့ကျရောက်သားပြီးအက်ကွဲကြောင်းများစွာဖြစ်ပေါ်သွားသော်လည်းသူကပြိုလဲသွားခြင်းတော့မရှိပေ။

ဝမ်လင်းအသွင်ကရှုံ့တွသွားပြီးနောက်သို့လျင်မြန်စွာဆုတ်လိုက်၏။

အရိုးစုလူကြီးကသူ့ကိုယ်ပေါ်ရှိအက်ကွဲကြောင်းများကိုကြည့်လိုက်သည်။ ထို့နောက်ဝမ်လင်းထံသို့ကြည့်လိုက်ပြန်သည်။ သူကနှုတ်ခမ်းကိုကိုက်လိုက်ရာဖျတ်ခနဲပျောက်ကွယ်သွား၏။

တုံ့ဆိုင်းခြင်းမရှိဘဲဝမ်လင်းကဘေးသို့ရှောင်လိုက်သည်။ အသံတစ်ခုထွက်ပေါ်လာခြင်းနှင့်အတူဝမ်လင်းအင်္ကျီအစွန်းများကစုတ်ပြဲသွားလေ၏။ ဝမ်လင်းမူလကရှိခဲ့သောနေရာတွင်အရိုးစုလူကြီးကပေါ်လာခဲ့၏။ သူ့လက်ထဲမှာတော့ဝမ်လင်း၏အင်္ကျီအပိုင်းအစများကိုဆုပ်ကိုင်ထားလျက်ရှိနေသည်။ သူ့မျက်လုံးထဲတွင်တိုက်ပွဲဆာလောင်စိတ်များပြည့်လို့နေ၏။

ဝမ်လင်းကအရိုးစုလူကြီးကိုကြည့်၍သူ့ဦးရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်သလိုခံစားလိုက်ရသည်။ သူသာအသက်တစ်ရှိုက်စာလောက်နှေးသွားမည်ဆိုပါကသည်လူကြီး၏ရိုက်နှက်ခြင်းကိုခံလိုက်ရမည်ဖြစ်သည်။

သူ့မျက်လုံးများကနက်မှောင်သွားပြီးအရိုးစုလူကြီးထံသို့အတားအဆီးများတစ်ခုပြီးတစ်ခုပစ်လွှတ်လိုက်သည်။

အရိုးစုလူကြီးကထပ်မံမှင်တက်သွားပြန်သည်။ သူကရှောင်လိုက်ခြင်းမရှိပေ။ သူကအတားအဆီးများအားသူ့ကိုထိမှန်ခံလိုက်ပြီးသူ့ကိုယ်တွင်လည်းအက်ကွဲကြောင်းများထပ်ဖြစ်သွားပြန်သည်။

ဝမ်လင်းမျက်လုံးကလက်ခနဲဖြစ်သွားသည်။ သူကအတားအဆီးများစွာကိုထုတ်ဖော်ရန်စိတ်ဝိညာဉ်စွမ်းအင်များစွာထုတ်ဖော်ခဲ့ရ၏။ တစ်ချိန်တည်းမှာသူကရပ်တန့်လို့မနေဘဲလှုပ်ရှားနေရ၏။ သူကအတားအဆီးများကိုထိန်းချုပ်နေစဉ်မှာပင်ဂျိနယ်ပယ်၏အနီရောင်အလင်းတန်းများဖြင့်လည်းပစ်လွှတ်တိုက်ခိုက်၏။

သည်အရိုးစုလူကြီးကရွေ့လျားခြင်းမပြုပေ။ ဂျိနယ်ပယ်အလင်းတန်းများကျရောက်လာသည်နှင့်သူ့ဘယ်လက်ကိုမြှောက်၍ပိတ်ဆို့လိုက်သည်။ တဖြည်းဖြည်းနှင့်သူ့ဘယ်လက်မောင်းကဖှုန်မှုန့်အဖြစ်သို့ပြောင်းသွားလေ၏။

သည်တိုက်ပွဲကအလွန်ထူးဆန်းနေသည်။ ဝမ်လင်းတိုက်ပွဲအတွေ့အကြုံကများစွာကြွယ်ဝနေပြီဟုပြော၍ရသည်။ သို့သော်သူကအခုလိုတိုက်ပွဲမျိုးကိုတစ်ခါမျှမကြုံဖူးခဲ့ချေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset