Switch Mode

အပိုင်း(၂၈၁)

ပင်မမိသားစုဝင်များ

ဝမ်လင်းကရပ်တန့်၍အသံပိုင်ရှင်ကိုကြည့်လိုက်သည်။ အကွာအဝေးတစ်ခုရှိထောင့်တစ်ထောင့်တွင်သူကသက်လတ်ပိုင်းလူကြီးကိုတွေ့လိုက်၏။ အားနည်းလှသည့်သက်လတ်ပိုင်းလူကြီးကဝမ်လင်းကိုဆင်တူယိုးမှားဖြစ်ဟန်နှင့်ကြည့်နေ၏။

ဝမ်လင်းကသည်လူကိုရင်းနှီးသည်ဟုခံစားလိုက်ရသည်။ သူကခြေတစ်လှမ်းရွေ့လိုက်ရာသက်လတ်ပိုင်းလူကြီးရှေ့သို့ရောက်လာခဲ့၏။ သည့်နောက်သူကမေးလိုက်သည်။ “မင်းခုနကဘာပြောလိုက်တာလဲ…”

သက်လတ်ပိုင်းလူကြီးကအနည်းငယ်တုံ့ဆိုင်းသွားသည်။ သူကအားတင်းပြုံး၍ပြောလိုက်၏။ “စီနီယာ…ဂျူနီယာကသင့်ကိုတစ်ယောက်ယောက်နဲ့မှားသွားလို့ပါ။ ကျေးဇူးပြု၍စီနီယာကျွန်တော့်ကိုအပြစ်မတင်ပါနဲ့…”

ဝမ်လင်းကထိုလူကိုသေချာကြည့်၍မေးလိုက်သည်။ “အို…တကယ်လား။ မင်းကငါ့ကိုဘယ်သူနဲ့မှားတာလဲ…”

သက်လတ်ပိုင်းလူကြီးကအားတင်းပြုံး၍ရှင်းပြလိုက်သည်။ “စီနီယာ…တစ်ခါတုန်းကဂျူနီယာမှာဂျူနီယာညီလေးတစ်ယောက်ရှိခဲ့တယ်။ ဂျူနီယာကသူ့ကိုကလန်ကိုခေါ်လာခဲ့တာ…”

ဝမ်လင်းနှလုံးသားကတုန်လှုပ်သွား၏။ သူကနောက်ဆုံးတော့သည်လူကိုမှတ်မိသွား၏။ သူကခဏတာစဉ်းစားပြီးနောက်အင်္ကျီလက်ကိုရမ်းလိုက်ရာသူကဟီဟွမ်ကလန်ကနေသက်လတ်ပိုင်းလူကြီးနှင့်အတူပျောက်ကွယ်သွား၏။

ကီလိုမီတာတစ်ရာကျော်မှာရှိသောတောင်ကုန်းတစ်ခုအပေါ်တွင်ဝမ်လင်းနှင့်သက်လတ်ပိုင်းလူကြီးတိုပြန်ပေါ်လာခဲ့၏။ ဝမ်လင်းကသူ့ကိုမြေပေါ်သို့ချလိုက်ပြီးဂရုတစိုက်ထပ်ကြည့်လိုက်သည်။

သက်လတ်ပိုင်းလူကြီးကလည်းသူ့ကိုကြည့်နေ၏။ သူကစိတ်ရှုပ်ထွေးဟန်ဖြင့်ညင်သာစွာပြောလိုက်သည်။ “မင်း…”

ဝမ်လင်းကသက်ပြင်းချကာပြောလိုက်၏။ “စီနီယာအစ်ကိုကျောက်…မင်းငါ့ကိုမှတ်မိရဲ့သားနဲ့ဘာလို့မပြောတာလဲ…”

သက်လတ်ပိုင်းလူကြီး၏ခန္ဓာကိုယ်ကတုန်ရင်လို့နေသည်။ သူကအနည်းငယ်စဉ်းစားပြီးနာက်ကြိုးစားပြုံးကာပြောလိုက်သည်။ “ငါ…ကောင်းကောင်း…”

ဝမ်လင်းကသူ့ရှေ့ကလူကိုကြည့်၍အတိတ်ကမြင်ကွင်းမျာကိုဖျတ်ခနဲစဉ်းစားမိသွားသည်။ ခဏအကြာတွင်သူကကြေကွဲတမ်းတသည့်အသံဖြင့်ပြောလိုက်သည်။ “အခုဟုန်ယွီကလန်ကကောဘယ်လိုအခြေအနေရှိလဲ…”

သက်လတ်ပိုင်းလူကြီးကခပ်တိုးတိုးပြောလိုက်သည်။ “ငါပြန်မရောက်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီ…”

“အစ်ကိုကျောက်ကဘာလို့ဟီဟွမ်ကလန်မှာရှိနေရတာလဲ။ ပြီးတော့မင်းကျင့်ကြံမှုအဆင့်က…”ဝမ်လင်းကမျက်မှောင်ကြုတ်မိသွားသည်။ သူကသက်လတ်ပိုင်းလူကြီး၏လက်မောင်းကိုဖမ်းဆုပ်လိုက်သည်။ ထိုနောက်သူကအနည်းငယ်စဉ်းစား၍ပြောလိုက်၏။ “အစ်ကိုကျောက်ခန္ဓာကိုယ်ထဲကစိတ်ဝိညာဉ်စွမ်းအင်တွေကအတော်လေးရှုပ်ထွေးနေတယ်။ မင်းသွေးကြောတွေကလည်းသန်မာမှုမရှိတော့ဘူး…”

သက်လတ်ပိုင်းလူကြီးကအားတင်းပြုံး၍ပြောလိုက်ပြန်သည်။ “မင်းထွက်သွားပြီးပြန်မလာတော့ကတည်းကဘိုးဘေးကငါ့အပေါ်မှာပဲအာရုံစိုက်ပုံအော်ထားခဲ့တယ်။ သူကငါ့ကျင့်ကြံမှုအဆင့်ကိုအမြုတေဖွဲ့တည်ခြင်းအဆင့်ကိုရောက်ဖို့အများကြီးအားစိုက်ခဲ့တယ်။ အဲ့နောက်မှာငါကဟုန်ယွီကလန်ကထွက်လာပြီးအတွေ့အကြုံသစ်တွေရှာမယ်။ စဦးစိတ်ဝိညာဉ်အဆင့်ကိုရောက်အောင်ကြိုးစားပြီးဟုန်ယွီကလန်ကိုပြန်ထူထောင်မယ်ပေါ့။ ဒါပေမဲ့ငါကမမျှော်လင့်ဘဲမိန်းကလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်။ ဒီမိန်းကလေးကဟီဟွမ်ကလန်ကတပည့်တစ်ယောက်ပဲ။ ဒီလို…ဒီလိုနဲ့ငါကျင့်ကြံမှုအဆင့်တွေကိုဆုံးရှုံးသွားခဲ့တယ်။ ဒီခွေးမကငါ့ကိုမသတ်ခဲ့ပဲဟီဟွမ်ဆေးလုံးသန့်စင်ဖို့အတွက်ငါ့ခန္ဓာကိုယ်ကိုအသုံးပြုခဲ့တယ်။ ငါကအမှိုက်ကောင်လုံးဝဖြစ်နေပေမဲ့ဆေးလုံးဖော်စပ်ပြီးတဲ့အထိအသက်ရှင်နေခဲ့တယ်။ ဒီလိုနဲ့ငါကအရိုးပဒေသာဖြစ်ခဲ့ရတာပဲ…”

ဝမ်လင်းကအနည်းငယ်စဉ်းစားလိုက်သည်။ သူကသိုလှောင်အိတ်ထဲကအဖြူရောင်ကျောက်စိမ်းပုလင်းလေးကိုထုတ်လိုက်သည်။ သူက၎င်းပုလင်းကိုသက်လတ်ပိုင်းလူကြီးအားပေးလိုက်ပြီးပြောလိုက်သည်။ ဒီပုလင်းထဲမှာဆေးလုံးခုနှစ်လုံးပါတယ်။ တစ်လကိုတစ်လုံးသောက်ပါ။ ခုနှစ်လကြာပြီးနောက်မင်းကျင့်ကြံမှုအဆင့်တစ်ဝက်လောက်ပြန်ကောင်းလာလိမ့်မယ်။ စီနီယာအစ်ကိုကျောက်…ငါကအရေးကြီးတဲ့အရာတွေလုပ်ဖို့ရှိသေးတယ်။ ဒီတစ်ခါကောင်းကောင်းနှုတ်ဆက်ပြီးရင်ငါတို့နောက်တစ်ခေါက်ပြန်တွေ့နိုင်ဖို့မျှော်လင့်နိုင်ပါတယ်…”

ထိုသို့ပြောပြီးနောက်ဝမ်လင်းကသက်လတ်ပိုင်းလူကြီးကိုနက်ရှိုင်းစွာကြည့်လိုက်သည်။ ထို့နောက်သူ့ခန္ဓာကိုယ်ကတစ်ချက်လှုပ်ရှားသွားပြီးပျောက်ကွယ်သွားတော့သည်။ သူကလေထဲတွင်ပြန်ပေါ်လာခဲ့ပြီးခြင်သားရဲ၏အပေါ်တွင်ရပ်လျက်ရှိနေခဲ့၏။

သက်လတ်ပိုင်းလူကြီးကဝမ်လင်းပျောက်ကွယ်သွားသည်ကိုမနာလိုအားကျစွာကြည့်နေမိ၏။ အမှန်ကတော့သူကဝမ်လင်းနာမည်ကိုခေါ်လိုက်ကတည်းကဝမ်လင်းမှန်းသေချာသိနေခဲ့သည်။ သို့သော်တမ်လင်းကရိုးရှင်စွာဖြင့်ကြီးကျယ်စွာပြောင်းလဲသွားပြီဖြစ်သည်။ သူကနှလုံးသားထဲကကိုဝမ်လင်းမှန်းသိသော်လည်းသည်အရာကြီးကိုယုံကြည်နိုင်ရန်ခက်ခဲလွန်းနေသည်။

သူကကျောက်စိမ်းပုလင်းလေးကိုကိုင်ထားရင်းအသက်ဝဝရှူလိုက်ပြီးခပ်ဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်သွားတော့သည်။

ဝမ်လင်းကပျံသန်းနေစဉ်မှာသူ့နတ်ဘုရားအာရုံကိုဖြန့်ကြက်ထား၏။ သူကကျောက်နိုင်ငံတွင်ရှိသောထျန်မိသားစုဝင်အားလုံးကသူခန့်မှန်းထားသလိုနည်းမျိုးစုံသုံးရွေ့လျားနေကြနေပြီဖြစ်သည်။ သူတို့၏ပန်းတိုင်ကတော့ထျန်မြို့ဖြစ်လေ၏။

ဝမ်လင်းမျက်လုံးထဲတွင်ရက်စက်လိုဟန်များဖြစ်ပေါ်နေ၏။ သူကတွေးလိုက်သည်။ “မင်းတို့အားလုံးဆန္ဒရှိသလောက်သွားကြစမ်း။ ထျန်မြို့ကိုလူတိုင်းရောက်ပြီဆိုရင်ငါထျန်ဟွယွမ်ဆီကိုအလည်အပတ်လာမယ့်နေ့ပဲ…”

မနည်းမနောပြောင်းရွှေ့မှုကြီးကကျောက်နိုင်ငံအနှံ့ဆက်တိုက်ဖြစ်နေသည်။ သို့ရာတွင်မပြောင်းရွှေ့သေးသောလူခုနစ်ယောက်တော့ရှိသေး၏။

လွန်ခဲ့သောရက်အနည်းငယ်ကသတ်ဖြတ်မှုများတွင်ဝမ်လင်းကနည်းလမ်းမျိုးစုံအသုံးပြု၍ထျန်မိသားစုတွင်ပင်မမိသားစုဝင်ကိုးယောက်ရှိကြောင်းသိခဲ့၏။

ထျန်ဟွယွမ်အပြင်လူအနည်းငယ်ကသာထိုလူများ၏ကျင့်ကြံမှုအဆင့်ကိုသိလေ၏။ ထျန်ဟွယွမ်ကထျန်မိသားစုလွှမ်းမိုးနိုင်ရန်အတွက်သည်လူများကိုလေ့ကျင့်ပေးခဲ့သည်ဟုပြောလို့ရပေသည်။

သည်လူများ၏ကျင့်ကြံမှုကိုအကူအညီပေးရန်အတွက်ထျန်ဟွယွမ်ကစိတ်ဝိညာဉ်လိုဏ်ဂူကိုအားစိုက်မှုများစွာ၊အရင်းအမြစ်များစွာသုံးစွဲ၍ဖွင့်လှစ်ခဲ့ပေသည်။ သူတို့ကိုးယောက်လုံးကထိုလိုဏ်ဂူထဲတွင်သာသူတို့အချိန်အများစုကိုကျင့်ကြံရန်အတွက်အသုံးပြုခဲ့ကြပေသည်။

လိုအပ်သောဆေးလုံး၊ရတနာများနှင့်နည်းစနစ်များအားလုံးကိုထျန်မိသားစုကထောက်ပံပေး၏။ သည်လူကိုးယောက်၏အလုပ်မှာကျင့်ကြံရန်တစ်ခုသာရှိသည်။

ထျန်ဟွယွမ်ကသည်လူကိုးယောက်ကိုအိမ်နီးချင်းနိုင်ငံများရှိအန္တရာယ်များသောနေရာများသို့သွားရောက်လေ့ကျင့်စေသည်။ ထို့ကြောင့်သူတို့၏ကျင့်ကြံမှုကော၊လက်တွေ့တိုက်ပွဲအတွေ့အကြုံကောပါအထွတ်အထိပ်သို့ရောက်နေပြီဟုပြော၍ရပေသည်။

သည်ကိုးယောက်ကထျန်မိသားစု၏အရင်းအမြစ်များဖြင့်ဖန်တီးထားသည်ဟုလည်းပြော၍ရပေသည်။

ထပ်ပြောရရင်သည်ကိုးယောက်ကမပြောင်းလဲဘဲရှိနေသည်တော့မဟုတ်ပေ။ နှစ်ငါးဆယ်ကြာတိုင်းတစ်ခါထျန်မိသားစုဝင်များကထိုကိုးယောက်ကိုစိမ်ခေါ်နိုင်ရန်အခွင့်အရေးရှိပေသည်။ သူတို့ကအနိုင်ယူနိုင်ခဲ့မည်ဆိုလျှင်သည်ကိုးယောက်ရခဲ့သောအကျိုးကျေးဇူးများကိုရရှိခဲ့ပြီးထျန်မိသားစု၏အထောက်အပံ့အပြည့်အဝလည်းရရှိမည်ဖြစ်သည်။

ရလဒ်အနေနှင့်ထျန်မိသားစုပင်မကိုးယောက်တွင်တစ်ယောက်ကလွဲလို့အခြားနေရာများ၏နေရာများကအနည်းဆုံးသုံးကြိမ်ပြောင်းလဲခဲ့ပြီးဖြစ်သည်။

သည်စိန်ခေါ်မှုများအောက်တွင်ထျန်မိသားစု၏ပင်မအဖွဲ့ဝင်များ၏ကျင့်ကြံမှုအဆင့်ကမြင့်တက်လာခဲ့သည်မှာရှင်းလင်းလှ၏။

ထျန်မြို့ထဲသို့ရွှေ့ပြောင်းခြင်းမရှိသောခုနှစ်ယောက်ကပင်မထျန်မိသားစုနှစ်ယောက်ဖြစ်ကြောင်းဝမ်လင်းကစုံစမ်းထောက်လှမ်းမိပေသည်။ အခြားနှစ်ယောက်ကတော့ထျန်မြို့သို့ပြန်ခေါ်ထားခြင်းဖြစ်သည်။

ဝမ်လင်း၏မျက်လုံးထဲတွင်ရက်စက်မှုများထွက်ပေါ်လာခဲ့၏။ အခုချိန်တွင်အခြားထျန်မိသားစုဝင်အားလုံးကတော့သူစီစဉ်ထားသည့်အတိုင်းထျန်မြို့သို့ရွှေ့ပြောင်းသွားနေကြသည်။ သူ့အခုပစ်မှတ်ကတော့အပြင်တွင်ကျန်နေသေးသောပင်မမိသားစုဝင်အဖွဲ့ခုနစ်ယောက်ဖြစ်သည်။ သည်ခုနှစ်ယောက်ကနှစ်ပေါင်းများစွာကျင့်ကြံနေခဲ့ကြပေသည်။

သည်ခုနှစ်ယောက်ကသေကိုသေရပေတော့မည်။

ဝမ်လင်းထံမှအားကောင်းလှသောသက်ဖြတ်လိုမှုများထွက်ပေါ်နေသည်။ သူကသူသတ်ရမည့်ခုနစ်ယောက်ရှိနေသောအကွာအဝေးတစ်ခုရှိသဲသောင်ခုံးတစ်ခုဆီသို့ခပ်ဖြည်းဖြည်းပျံ့သန်းသွားလျက်ရှိသည်။

ထျန်နိုင်းကနာမည်တစ်ခုဖြစ်သည်။ တစ်ချိန်တည်းမှာပင်ထိုနာမည်ကဂုဏ်ယူဖွယ်ခေါင်းစဉ်တစ်ခုလည်းဖြစ်သည်။

သည်နာမည်ပိုင်ရှင်များကအကြိမ်များစွာပြောင်းလဲသွားခဲ့ပြီးဖြစ်၏။ တိကျစွာပြောလျင်တော့ခြောက်ကြိမ်ရှိပြီဖြစ်သည်။

ထျန်နိုင်းကလျှို့ဝှက်အခန်းထဲတွင်ထိုင်နေ၏။ အခန်းကသာမညပုံစံလေးသာရှိသည်။ သို့သော်သည်အခန်းကထျန်မိသားစုဝင်များကိုမနာလိုအားကျမှုကြောင့်ရူးသွပ်စေသည်ကိုထျန်နိုင်းကကောင်းကောင်းသိပေသည်။

တကယ်တော့တစ်ခါတုန်းကသူလည်းမနာလိုမှုဖြစ်ခဲ့ရသောထျန်မိသားစုဝင်များထဲမှတစ်ယောက်ဖြစ်ခဲ့သည်။

သူကငယ်ရွယ်စဉ်ကထဲကပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ပြီးပင်မမိသားစုဝင်တစ်ယောက်ဖြစ်လာရန်အမြဲစိတ်ကူးရင်ခဲ့ပေသည်။ ပင်မမိသားစုဖြစ်လာရင်သူကမိသားစု၏အထောက်အပံ့များရရှိပြီးဘိုးဘေး၏သတိပြုမိခြင်းကိုခံရကာစဦးစိတ်ဝိညာဉ်အဆင့်သို့ရောက်ရန်အခွင့်အရေးရှိလာမည်ဖြစ်သည်။

ထျန်မိသားစုတွင်ကြီးပြင်းလာသည့်တစ်လျောက်တွင်သူကအထက်ဖားအောက်ဖိခြင်းကိုသာမြင်တွေ့ခဲ့ရသည်။ သူကလေးဘဝတွင်တွေ့ကြုံခဲ့ရသည့်အရာများကသူ့နှလုံးသားကိုအေးစက်လာစေခဲ့ပြီးစွမ်းအားသာအဓိကဖြစ်လာခဲ့သည်။

ထျန်မိသားစုတွင်ပင်မအဖွဲ့ဝင်ကိုးယောက်အတွက်ယှဉ်ပြိုင်စိန်ခေါ်ခြင်းပွဲကနှစ်(၅၀)တိုင်းတစ်ကြိမ်ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲတွင်လူကိုးယောက်သာရွေးချယ်ခံရသည်။

သူကတစ်ဆင့်ပြီးတစ်ဆင့်ကြိုးစားရင်းပင်မမိသားစုဝင်ကိုးယောက်ထဲကတစ်ယောက်ဖြစ်လာခဲ့ခြင်းပင်။ သည်နေရာကိုရရန်အတွက်သူကသွေး၊ချွေးများစွာရင်းနှီးခဲ့ရပေသည်။

သူကသည်ယှဉ်ပြိုင်ပွဲတွင်အောင်မြင်ရန်အလိုငှာသူကထျန်မိသားစု၏အရက်စက်ဆုံးပညာရပ်ကိုလေ့ကျင့်ခဲ့ပေသည်။ သူပညာရပ်ကအခြားလူများ၏စိတ်ဝိညာဉ်စွမ်းအင်များကိုစုပ်ယူ၍ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်ကိုတိုးတက်အောင်လုပ်ရခြင်းဖြစ်သည်။ သို့သော်လည်းသည်ပညာရပ်ကသူ့သက်တမ်းကိုများစွာလျော့ကျစေသည်။ ၎င်းပညာရပ်ကျင့်စဉ်ကသူ့ကျင့်ကြံမှုအဆင့်ကိုမြန်ဆန်စွတိုးတက်ခဲ့သော်လည်းသက်တမ်းကိုတော့လျော့ကျစေခဲ့လေသည်။

ထျန်နိုင်းကလျှို့ဝှက်ခန်းကိုကျေနပ်စွာကြည့်ရှုနေ၏။ သည်လျှို့ဝှက်ခန်းကအပြင်ထက်စိတ်ဝိညာဉ်စွမ်းအင်ဆယ်ဆလောက်များပေသည်။ သည်အခန်းကရိုးစင်းသော်လည်းအနီးကပ်ကြည့်ရှုလျင်အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများဖြင့်ပြုလုပ်ထားသည်ကိုတွေ့ရမည်ဖြစ်သည်။

သည်အခန်းအောက်တွင်စိတ်ဝိညာဉ်ကြောလည်းရှိနေ၏။ ထိုစိတ်ဝိညာဉ်ကြောကကြီးမားခြင်းမရှိသော်လည်းလူတစ်ယောက်ကျင့်ကြံရန်အတွက်တော့တကယ့်စည်းစိမ်တစ်ခုအလားပင်။

ဆေးလုံးလား…။ ထျန်နိုင်းအတွက်ကဆေးလုံးပြတ်သည်ဟူ၍မရှိပေ။ သူကဆေးတစ်လုံးလိုချင်ကြောင်းမေးလျှင်ထျန်မိသားစုကနည်းလမ်းမျိုးစုံသုံး၍သူ့အတွက်ရအောင်လုပ်ပေးသည်။

နည်းစနစ်လား…။ ထျန်နိုင်းတွင်များစွာရှိသည်။ သူလိုချင်သောမည်သည့်နည်းစနစ်ဖြစ်ဖြစ်ထျန်မိသားစုကပေးခဲ့သည်။

အဆန်းအပြားရတနာတွေလား…။ ထျန်နိုင်းတွင်များစွာရှိသည်။

မိန်းမလား…။ သူ့အတွက်ပြတ်သည့်ဟူ၍မရှိပေ။ သူမေးလိုက်တိုင်းထျန်မိသားစုကသူ့အတွက်အနည်းဆုံးကျင့်ကြံမှုအဆင့်တစ်ခုခုရှိသောမိန်းမများကိုခေါ်လာပေးခဲ့သည်။

ထျန်နိုင်းအတွက်ပူပန်စရာဟူ၍မရှိပေ။ သည်အရာတွေအားလုံးကပင်မမိသားစုကိုးယောက်ဖြစ်လာခြင်း၏အကျိုးကျေးဇူးများပင်။ သူ့အတွက်လုပ်စရာကထပ်ကာထပ်ကာကျင့်ကြံရန်တစ်ခုသာရှိသည်။

ဝမ်လင်းခန္ဓာကိုယ်ကလေထဲတွင်ပျံဝဲလျက်ရှိသည်။ သူ့နတ်ဘုရားအာရုံဖြင့်သဲသောင်ခုံးအောက်တွင်ရှိနေသောလျှို့ဝှက်ခန်းများကိုရှင်းလင်းစွာမြင်နိုင်ပေသည်။ ထိုအခန်းထဲတွင်သူ့သားကောင်ရှိနေ၏။

သည်လူကထျန်ဟွယွမ်အပြင်သူပထမဆုံးမြင်ဖူးခဲ့သောစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ထိုလူတွင်သန်မာသောသတ်ဖြတ်လိုမှုအော်ရာများရှိနေခဲ့၏။ သည်လိုအော်ရာကလူများစွာမသတ်ခဲ့ဖူးဘဲရနိုင်ခြင်းမရှိပေ။ သူ့သတ်ဖြတ်လိုမှုအောက်ရာကဝမ်လင်းအောက်မှာရှိသော်လည်းနတ်ဆိုးပင်လယ်ရှိနတ်ဆိုးကျင့်ကြံသူအချို့ထက်တော့သာလွန်နေ၏။

ဝမ်လင်းကခပ်ပါးပါးပြုံးလိုက်သည်။ သည်ထျန်မိသားစုဝင်ကသူ့မျက်လုံးများကိုတောက်လောင်စေ၏။

နတ်ဆိုးတစ်ကောင်ဖြစ်လာရန်အတွက်လိုအပ်ချက်ကကြမ်းကြုတ်ရက်စက်တတ်သောဗီဇရှိရန်လို၏။ လူတစ်ယောက်ကပိုမိုရက်စက်ကြမ်းကြုတ်လေလေထိုလူကနတ်ဆိုးတစ်ကောင်ဖြစ်လာလျင်ပို၍စွမ်းအားကောင်းလာလေလေဖြစ်သည်။

ဝမ်လင်းကလက်ဟန်တစ်ခုဖန်တီးလိုက်ပြီးမြေကြီးပေါ်သို့ဖိချလိုက်၏။ သဲသောင်ခုန်းပေါ်တွင်လက်ဝါးယာတစ်ခုထင်သွားပြီးတဖြည်းဖြည်းနှင့်၎င်းကမြေကြီးထဲသို့တိုးဝင်သွား၏။

မြေအောက်ထဲရှိလျှို့ဝှက်ခန်းထဲတွင်ထျန်နိုင်းကမျက်လုံးရုတ်တရက်ဖွင့်လာခဲ့သည်။ သူကတုံ့ဆိုင်းခြင်းမရှိဘဲလျှို့ဝှက်ခန်းထဲမှပျောက်ကွယ်သွား၏။ သူပျောက်ကွယ်သွားပြီးနောက်လျှို့ဝှက်ခန်းကလည်းပြိုကျသွားပြီးသဲဝဲကတော့တစ်ခုဖြစ်သွားလေ၏။

ထျန်နိုင်းလေထဲတွင်ပြန်ပေါ်လာခဲ့ပြီးသတ်ဖြတ်လိုမှုအော်ရာများထုတ်လွှတ်လျက်ရှိနေ၏။ သူကလျှို့ဝှက်ခန်းကိုကြည့်လိုက်ပြီးနောက်သတ်ဖြတ်လိုမှုစိတ်ဆန္ဒအပြည့်ဖြင့်ဝမ်လင်းကိုကြည့်လိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset