Switch Mode

အပိုင်း(၂၈၀)

ဝမ်…ဝမ်လင်း…(၂)

ဟီဟွမ်ကလန်ထဲ၌ခေါင်းဆောင်ဘိုးဘေလူအိုကြီးယင်ယန်ကနက်မှောင်သောအမူအရာဖြင့်မိန်းခန်းမထဲတွင်လက်နောက်ပစ်၍ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့သည်။ သူကစိတ်တည်ငြိမ်အောင်မလုပ်နိုင်ဖြစ်နေသည်။

ခန်းမထဲတွင်အခြားယောက်ျားတစ်ယောက်နှင့်မိန်းမနှစ်ယောက်လည်းရှိနေကြသည်။ ယောက်ျားကအလွန်ကြည့်ကောင်းသုလိမိန်းမနှစ်ယောက်ကလည်းချောမောလှ၏။ သူတို့သုံးယောက်ကစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့ကမျက်မှောင်ကြုတ်နေကြပြီးဆုံးဖြတ်ချက်တစ်ခုမချနိုင်ဖြစ်နေရ၏။

အမျိုးသမီးတစ်ယောက်ကအရောင်တောက်တောက်အဝါရောင်ဝတ်စုံကိုဝတ်ဆင်ထား၏။ သူမကနူးညံ့စွာပြောလိုက်သည်။ “စီနီယာအစ်ကို…အဲဒီကျင့်ကြံသူရဲ့စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကတကယ်လား။ ဂျူနီယာကတော့ဒါကိုမယုံဘူး…”

သည်အမျိုးသမီး၏အဝတ်အစားများကသူ့ခန္ဓာကိုယ်နှင့်ကပ်နေသောကြောင့်သူမ၏ကောက်ကြောင်းများကိုပေါ်ထွက်စေပြီးလူတိုင်းကိုနှလုံးခုန်မြန်စေ၏။ သူမကသာမျက်မှောင်ကြုတ်နေတာမဟုတ်ဘူးဆိုလျင်ပို၍စွဲမက်ဖွယ်ကောင်းပေလိမ့်မည်။

လူအိုကြီးယင်ယန်က“ဟင်း”ခနဲ့သက်ပြင်းချ၍ပြောလိုက်သည်။ “ထန်တောက်ကလန်ရဲ့အစောပိုင်းစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ကဒီလူကိုအကြည့်တစ်ချက်နဲ့သတ်ပစ်ခဲ့တယ်။ ပြောကြတာကတော့ဒီလူ့ရဲ့စဦးစိတ်ဝိညာဉ်အဆင့်ကိုခန့်မှန်းလိုမရဘူးတဲ့…”

အဝါရောင်ဝတ်စုံနှင့်အမျိုးသမီးကခပ်မဆိတ်ဖြစ်သွားပြီးမျက်မှောင်တင်းစွာကြုတ်လိုက်သည်။

သက်လတ်ပိုင်းလူကြီးကတိဆိတ်နေရာမှရုတ်တရက်ထပြောလိုက်သည်။ “စီနီယာအစ်ကို…ထျန်မိသားစုဝင်တွေကိုကလန်ကကန်ထုတ်လိုက်ရင်ရော။ အဲလိုလုပ်လိုက်မယ်ဆိုရင်ငါတို့အတွက်အဲလူကလန်ကိုမလာဖို့အကြောင်းပြချက်ရသွာတာပေါ့…”

လူအိုကြီးယန်ကစိတ်ရှုပ်ထွေးစွာပြန်ပြောလိုက်သည်။ ဒီလိုလုပ်လိုက်ရင်ငါတို့ကထျန်မိသားစုရဲ့ရန်သူမဖြစ်သွားဘူးလား။ ငါနဲ့ထျန်ဟွယွမ်ကစဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်တွေဖြစ်ကြပေမဲ့ငါတို့နှစ်ယောက်တိုက်ခိုက်ကြမယ်ဆိုရင်ငါကသူ့ပြိုင်ဘက်မဟုတ်ဘူး…”

ခန်းမကတိတ်ဆိတ်နေဆဲပင်။ အချိန်တစ်ခုကြာပြီးနောက်လူအိုကြီးယင်ယန်မျက်လုံးများကလက်ခနဲ့ဖြစ်သွားသည်။ သူကဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူကဖြည်းဖြည်းချင်းပြောလိုက်သည်။ “ဒီသူခိုးအိုကြီးဖူနန်စီကအခုထိထွက်မလာသေးဘူး။ ဒီတော့တစ်ခုခုမှားနေတာဖြစ်မယ်။ မေ့နေလိုက်တာ။ ထျန်ဟွယွမ်ကရန်ငြှိုးကြီးကြီးထားတတ်တဲ့လူတစ်ယောက်ဖြစ်တယ်။ ငါတိုကထျန်မိသားစုနဲ့လက်တွဲဖြုတ်လိုက်လို့အကယ်၍ထျန်ဟွယွမ်မသေခဲ့ဖူးဆိုရင်ငါတို့အတွက်ပြဿနာတွေဖြစ်လာလိမ့်မယ်။ ဂျူနီယာညီလေးအကာအကွယ်အစီအရင်တွေအားလုံးကိုဖွင့်လိုက်ပါ။ ငါတို့ဒီလူ့ကိုနှင်ထုတ်လိုက်ရတာပေါ့…”

သက်လတ်ပိုင်းလူကြီးကခေါင်းညိတ်လိုက်သည်။ သူကချီတုန်ချတုန်နှင့်ပြောလိုက်၏။ “စီနီယာအစ်ကို…ထျန်ဟွယွမ်သေသွားခဲ့ရင်ရော…”

လူအိုကြီးယင်ယန်မျက်လုံးများကလက်ခနဲဖြစ်သွားပြီးသူကအားပါးတရရယ်မောလိုက်သည်။ “ဖူနန်စီကိုချန်မထားနဲ့လေ။ သူကသေချာပေါက်ကြားဝင်မှာပဲ။ သူ့ကျင့်ကြံမှုအဆင့်ကမမြင့်သေးဘူးဆိုရင်လည်းကောင်းကင်မျှော်စင်ထဲမှာရှိနေတဲ့ပုဂ္ဂိုလ်ကတော့လုံလောက်တယ်မလား…”

သက်လတ်ပိုင်းလူကြီးကမှင်တက်သွားသည်။ သူကရုတ်တရက်လူအိုကြီးယင်ယန်၏စကားကိုနားလည်သဘောတူသွား၏။

ထိုအခိုက်တွင်ဟီဟွမ်ကလန်ထဲ၌အားအင်ကုန်ခန်းနေသည့်သက်လက်ပိုင်းလူကြီးကအခန်းထဲကနေထွက်လာခဲ့သည်။ သူ့လက်ထဲမှာလည်းအဝတ်အစားများတစ်ပွေ့တစ်ပိုက်နှင့်ဖြည်းညင်းစွာလမ်းလျှောက်လာနေ၏။

သူကသက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သော်လည်းဆံပင်များဖြူဖွေးနေပြီဖြစ်ပြီးကောင်းကောင်းပင်လမ်းမလျှောက်နိုင်တော့ပေ။ အချက်ပေးခေါင်းလောင်းသံများကကလန်တစ်ခုလုံးပျံ့နှံ့လာခဲ့၏။ ခေါင်းလောင်းသံကိုးခု၏အဓိပ္ပာယ်ကဟီဟွမ်ကလန်၏တပည့်များအားလုံးကမိနစ်(၃၀)အတွင်းစုဝေးရန်ဖြစ်သည်။ မဟုတ်လျင်အပြစ်ပေးခြင်းခံရပေမည်။

သူကခေါင်းလောင်းသံကိုပထမဆုံးကြားတုန်းကအရေးမစိုက်သေးပေ။ သို့သော်ခေါင်းလောင်းသံကိုးခုကိုကြားလိုက်သည့်အခါသူကတုန်လှုပ်သွားပြီးမိန်းခန်းမကိုကြည့်လိုက်၏။ သူကဟီဟွမ်ကလန်တွင်နေထိုင်ခဲ့သည်မှာအချိန်အတော်ကြာရှိခဲ့ပြီဖြစ်သည်။ သို့သော်ခေါင်းလောင်းသံကိုးသံကြားရသည်မှာသည်တစ်ကြိမ်ပထမဆုံးဖြစ်နေခဲ့၏။

သူကခဏတာတုံ့ဆိုင်းသွားပြီးနောက်လက်ထဲရှိအဝတ်များနှင့်မိန်းခန်းမထဲသို့ပြေး၍သွားလေသည်။ သို့ရာတွင်သူကအလွန်အားနည်းလွန်းလှသည်။ သူကခြေတစ်လှမ်းလှမ်းပြီးတိုင်းခက်ခက်ခဲခဲအသက်ရှုနေရ၏။ သူမိန်းခန်းမထဲကိုရောက်သွားသည့်အချိန်တွင်အခြားဟီဟွမ်ကလန်၏အဖွဲ့ဝင်များအားလုံးကမိန်းခန်းမထဲတွင်တင်ပလွေချိတ်၍ထိုင်နေကြပြီဖြစ်သည်။

ခန်းမတစ်ခုလုံးကတပည့်များစွာနှင့်ပြည့်နှက့်နေ၏။

တပည့်တစ်ယောက်ချင်းစီ၏အောက်တွင်ဖျော့တော့သောအလင်းကွင်းလေးတစ်ခုစီရှိနေကြသည်။

သက်လတ်ပိုင်းလူကြီးကအလင်းကွင်းလေးကိုလျင်မြန်စွာရှာလိုက်ပြီး၎င်းအပေါ်တွင်ထိုင်လိုက်၏။ သူကအသက်ဝဝရှူလိုက်ပြီးနောက်သူ့ရောင်းရင်းကျင့်ကြံသူများ၏အော်ဟစ်လိုက်သောအသံကိုကြားလိုက်ရသည်။ ထို့ကြောင့်သူကလူတိုင်းလုပ်နေသလိုအပေါ်ကိုမော့ကြည့်လိုက်၏။ သူကကောင်းကင်အပေါ်ကိုကြည့်လိုက်ရင်းကြက်သေသေသွားတော့သည်။

ဟီဟွမ်ကလန်၏ကောင်းကင်ထက်တွင်အဆုံးစွန်ကြမ်းကြုတ်ရက်စက်သောသားရဲတစ်ကောင်ပေါ်လာခဲ့၏။ ထိုသားရဲ၏သတိထားမိနိုင်သည့်အချက်မှာမရေမတွက်နိုင်သောလူသေခန္ဓာကိုယ်များကိုချိတ်ထားသောနဂါးတံခွန်အလံကြီးကခြင်သားရဲ၏နှာမောင်းနှင့်ချိတ်ဆွဲထားခြင်းပင်။

သည်ခြင်သားရဲ၏ခေါင်းပေါ်တွင်တော့လူတစ်ယောက်ရှိနေခဲ့သည်။ သည်လူကဆံပင်အဖြူများနှင့်ပြည့်နေခဲ့၏။ သူကသာမန်လို့ထင်ရသော်လည်းအလွန်တရာအားကောင်းလှသည့်သတ်ဖြတ်လိုမှုစိတ်ဆန္ဒကိုထုတ်လွှတ်လျက်ရှိ၏။

သက်လတ်ပိုင်းလူကြီးကထိုလူကိုမြင်လိုက်သည့်အခါမျက်မှောင်ကြုတ်မိသွားသည်။ သူကသည်လူကိုအစတုန်းကတွေ့ခဲ့ဖူးသည်ဟုထင်နေ၏။ သို့သော်သူကမမှတ်မိတော့ပေ။

ဝမ်လင်းကသူ့အောက်ရှိဟီဟွမ်ကလန်ကိုငုံ့ကြည့်လိုက်သည်။ သူကဝူဖန်တောင်ကြားနှင့်ထန်တောက်ကလန်တို့ထိုအဆများစွာသန်မာသောအတားအဆီးအစီအရင်ကိုခံစားမိသည်။

သည်အကာအကွယ်အစီအရင်ကအလွန်အားကောင်းလှ၏။ သူ့ကျင့်ကြံမှုအဆင့်ကစိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်မရှိသေးသည့်အတွက်သည်အစီအရင်ကိုအချိန်တိုအတွင်းချိုးဖျက်ရန်ခက်ခဲလှပေသည်။

အစီအရင်၏သော့ချက်ကအလင်းစက်ဝိုင်းလေးများပေါ်တွင်ထိုင်လျက်ရှိနေသောဟီဟွမ်တပည့်များဖြစ်ကြသည်။ သူတို့ကအစီအရင်၏စွမ်းအင်ကိုအလိုလိုထောက်ပံ့ပေးထားသလိုဖြစ်နေသည်။ သည်ဟီဟွမ်ကလန်ကတပည့်ပေါင်းထောင်ချီပြီးရှိနေသည်။ ထို့ကြောင့်ဝမ်လင်းအတွက်ထောင်ချီသောတပည့်များ၏စွမ်းအင်များကိုစုပေါင်းထာသောအစီအရင်ကိုချိုးဖျက်သကဲ့သို့ဖြစ်နေသည်။

ထျန်မိသားစုဝင်များလည်းမိန်းခန်းမတွင်ရှိနေကြသည်။ ဟီဟွမ်ကလန်ကအဆုံးထိတိုက်ခိုက်တော့မည်မှာရှင်းလင်းနေ၏။ ဝမ်လင်းကတည်ငြိမ်စွာဖြင့်အောက်ကိုသိမ်းကြုံးကြည့်လိုက်သည်။ သူအကြည့်ကလူအိုကြီးတစ်ယောက်အပေါ်သို့ကျရောက်သွား၏။ သူကသည်လူအိုကြီးကိုပြောလိုက်၏။ “မင်း…အစီအရင်ကိုမဖွင့်ဘူးဆိုရင်ဒီနေရာမှာသွေးတွေမြစ်တစ်စင်းအလားစီးဆင်းသွားရလိမ့်မယ်…”

လူအိုကြီးကယင်ယန်ဖြစ်သည်။ သူကဝမ်လင်းကိုတွေ့လိုက်ပြီးနောက်ပို၍မျက်မှောင်ကြုတ်မိသွားပြီးမေးလိုက်၏။ “ရောင်းရင်ကျင့်ကြံသူ…မင်းကဒီနေရာမှာဘာလို့ရှိနေတာလဲ…”

ဝမ်လင်းကအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်လုံးထဲကလည်းအနီရောင်အလင်းများထွက်ပေါ်လာခဲ့သည်။ သည်အစီအရင်ကသန်မာလှသော်လည်းအစီအရင်ကိုထောက်ပံ့ပေးသောလူများသေဆုံးသွားပါကအစီအရင်ကအလိုအလျောက်ပျက်ပြယ်သွားပေလိမ့်မည်။

ဂျိနယ်ပယ်ကအနီရောင်အလင်းတန်းအဖြစ်ထွက်လာပြီးအစီအရင်ပေါ်သို့ကျရောက်၏။ အစီအရင်ကလှုပ်ပင်မလှုပ်ချေ။ သို့သော်လူအိုကြီးယင်ယန်ကတော့ချောက်ချားသွား၏။

တပည့်ဆယ်ယောက်ကျော်ကကြောက်မက်ဖွယ်အော်သံနှင့်အတူဒွာရကိုးပေါက်မှသွေးများယိုစိမ့်လာပြီးသေဆုံးသွားခဲ့သည်။ သူတို့ကမြေပေါ်သို့လဲကျသွားပြီးသူတို့အောက်ရှိအလင်းစက်ဝိုင်းများကရုတ်တရက်တောက်ပသွားပြီးပြန်မှိန်သွားတော့သည်။

ဝမ်လင်းကအေးစက်စွာပြောလိုက်သည်။ “မင်းအစီအရင်ကိုဖွင့်မှာလား…”

လူအိုကြီးယင်ယန်ကစိတ်ထဲတွင်အေးစက်စွာရယ်မောလိုက်သည်။ သို့သော်သူကစကားတော့မပြောပေ။ ဝမ်လင်းဂျိနယ်ပယ်ကထပ်မံလှုပ်ရှားလာသည်။ သည်တစ်ခါတော့အနီရောင်အလင်းတန်း(၁၀)ခုကအစီအရင်ပေါ်သို့ကျရောက်သွား၏။ တပည့်တစ်ရာကျော်ကသွေးများအန်ထွက်ကုန်ကြသည်။ သူတို့ခန္ဓာကိုယ်များကလည်းမသေခင်တွန့်လိမ်သွားကြ၏။

ကျန်နေသေးသောတပည့်များ၏စိတ်ထဲတွင်လည်းကြောက်ရွံ့မှုစိတ်များပျံ့နှံ့ဖြစ်ပေါ်လာကြသည်။

ဝမ်လင်းကလူအိုကြီးကိုတည်ငြိမ်စွာကြည့်၍ထပ်မေးပြန်သည်။ “မင်းအစီအရင်ကိုဖွင့်တော့မှာလား…”

လူအိုကြီးယင်ယန်၏အသွင်ကသုန်မှုန်တိတ်ဆိတ်နေ၏။ သူကထိုင်ချလိုက်ပြီးအစီအရင်ထဲသို့စိတ်ဝိညာဉ်စွမ်းအင်များစတင်ပြန်ဖြည့်လိုက်သည်။ အခြားစဦးစိတ်ဝိညာဉ်အဆင့်သုံးယောက်ကလည်းထိုသို့လုပ်ဆောင်လိုက်ကြသည်။

ရုတ်တရက်အနီရောင်အလင်းတန်း(၁၀၀)ကျောက်ထွက်ပေါ်လာပြန်ပြီးအစီအရင်ကိုထိမှန်၏။ ထို့နောက်မိန်းခန်းမထဲရှိတပည့်ထောင်ကျော်၏ခန္ဓာကိုယ်များကပေါက်ကွဲထွက်သွားပြီးသွေးများပန်းထွက်လာခဲ့၏။ ကျန်ရစ်နေသောတပည့်များကဆက်၍မနေရဲတော့ချေ။ သူတို့ထိုင်ထားသောအလင်းစက်ဝိုင်းများကိုထားခဲ့ပြီးသူတို့အကြီးအကဲများ၏စကားကိုပင်လျစ်လျူရှု၍ထွက်ပြေးတော့သည်။

ဝမ်လင်းအသံကခပ်ဖြည်းဖြည်းထွက်လာပြန်သည်။ “မင်းအစီအရင်ကိုဖွင့်မှာလား…”

လူအိုကြီးယင်ယန်ကသွေးတစ်လှုပ်အန်လိုက်၏။ သူ့မျက်နှာကနီလိုက်ပြာလိုက်ဖြစ်သွားပြီးဆုံးဖြတ်ရန်ခက်ခဲနေဟန်ရသည်။ အခြားစဦးစိတ်ဝိညာဉ်သုံးယောက်ကလည်းဒဏ်ရာများရကုန်ကြပြီဖြစ်သည်။

ဝမ်လင်းကအသက်ခပ်ဝဝရှု၍သိုလှောင်အိတ်ထဲကကျောက်စိမ်းပုလင်းကိုထုတ်လိုက်သည်။ သူကကျောက်စိမ်းပုလင်းကိုခွဲချေလိုက်ရာစဦးစိတ်ဝိညာဉ်သုံးခုပေါ်လာခဲ့၏။ လူတိုင်း၏ရှေ့မှာပင်သူကသည်စဦးစိတ်ဝိညာဉ်သုံးခုကိုတစ်ခုပြီးတစ်ခုဝါးမျိုလိုက်သည်။ ထို့နောက်သူ့မျက်လုံးများကနီရဲလာပြီးညာလက်ကိုမြှောက်လိုက်ရာအနီရောင်အလင်းလုံးတစ်လုံးကလက်ထဲတွင်စုဝေးလာခဲ့သည်။

ဒီအလင်းလုံးကဂျိနယ်ပယ်ကြောင့်ဖြစ်လာခြင်းပင်။ ဒီအလင်းလုံးကလက်သီးလုံးအရွယ်အစားသို့ရောက်လာသည့်အခါ၎င်းကအောက်သို့တဖြည်းဖြည်းကျရောက်လာ၏။

လူအိုကြီးယင်ယန်ကကြောက်ရွံ့မှုတို့နှင့်ပြည့်နှကက်နေပြီဖြစ်သည်။ ဒါကသူ့ဘဝတွင်ပထမဆုံးအကြိမ်လူတစ်ယောက်ကစဦးစိတ်ဝိညာဉ်ကိုဆေးလုံးအလားဝါးမျိုခဲ့ခြင်းကိုမြင်တွေ့လိုက်ရခြင်းပင်။ သူကအောက်သို့နိမ့်ဆင်းလာသောအနီရောင်အလင်းလုံးကိုကြည့်၍ချက်ချင်းအော်လိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြု၍ရပ်လိုက်ပါ။ ငါအစီအရင်ဖွင့်ပေးပါမယ်…ငါဖွင့်ပေးပါမယ်။ ငါထျန်မိသားစုကိုလည်းထပ်ပြီးဂရုမစိုက်တော့ပါဘူး…”

ထိုသို့ပြောပြီးနောက်သူကကျောက်စိမ်းပြားတစ်ပြားကိုထုတ်၍၎င်းအထဲသို့စိတ်ဝိညာဉ်စွမ်းအင်များကိုထည့်သွင်းလိုက်သည်။ ဟီဟွမ်ကလန်ကိုကာကွယ်ပေးထားသောအစီအရင်ကအနီရောင်အလင်းလုံးအောက်ကျမလာခင်ချက်ချင်းပျောက်ကွယ်သွားတော့သည်။

လူအိုကြီးယင်ယန်၏နဖူးတွင်ချွေးများဖြင့်အေးစက်လို့နေပြီဖြစ်သည်။ သူကအစီအရင်ကိုဖွင့်လိုက်ပြီးနောက်ထပ်ပြောလိုက်ပြန်သည်။ “စီနီယာ…ထျန်မိသားစုကလူတိုင်းဒီခန်းမထဲမှာရှိနေပါတယ်…”

ဝမ်လင်းကသူ့ကိုကြည့်ပင်မကြည့်ဘဲခန်းမထဲသို့လျောက်လှမ်းလာ၏။ ခန်းမထဲတွင်အသံတစ်စက်မှမကြားရပေ။ သို့သော်သွေးညှိရနံ့များနှင့်တော့ပြည့်နှက်လို့နေ၏။

နာရီဝက်ကြာပြီးနောက်ဝမ်လင်းကခန်းမထဲမှတည်ငြိမ်စွာထွက်လာခဲ့သည်။ သူကလက်ရမ်းလိုက်ရာခြင်သားရဲကမိန်းခန်းမထဲသို့ဝင်လာခဲ့ပြီးလူသေခန္ဓာကိုယ်တစ်ရာကျောက်ကိုသယ်ဆောင်လေ၏။

သည်လူသေများ၏မျက်နှာပေါ်တွင်ကြောက်ရွံ့မှုများနှင့်အမုန်းတရားများပြည့်နေခဲ့၏။

သည်လူတွေအားလုံးကငယ်ရွယ်လှသေးသည်။ ဝမ်လင်းသာမတည်ရှိခဲ့ဘူးဆိုလျင်အချို့လူများကကျိန်းသေပေါက်အမြုတေဖွဲ့တည်ခြင်းအဆင့်သို့ရောက်ရှိလာမည်ဖြစ်သည်။ သူတို့ကစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများပင်ဖြစ်လာနိုင်လောက်ပေ၏။

သို့ရာတွင်သူတို့၏နာမည်တွင်ထျန်စကားလုံးမပါဝင်သင့်ခဲ့ပေ။

ပိုမိုသင့်တော်အောင်ပြောရမည်ဆိုလျင်ထျန်လီကဝမ်လင်းကိုသတ်ရန်မကြိုးစားခဲ့သင့်ပေ။ ခြေတစ်လှမ်းမှားလိုက်ခြင်းကခြေလှမ်းတိုင်းကိုပါမှားယွင်းသွားစေနိုင်ပါသည်။ ထျန်လီသာအသိတရားရှိခဲ့မည်ဆိုလျင်ဝမ်လင်းကိုသတ်ဖြတ်ရန်မကြိုးစားခဲ့သင့်ပေ။

သို့မဟုတ်ထျန်ဟွယွမ်သာဝမ်လင်းမိသားစုကိုမသုတ်သင်ခဲ့ဘူးဆိုလျင်ဝမ်လင်းလည်းအခုလိုလက်စားချေရန်သည်နေရာကိုပြန်လာဖြစ်မည်မဟုတ်ပေ။ အကြောင်းမှာသူကလက်စားချေစရာမလိုသောကြောင့်ပင်။

အတိတ်တုန်းကဝမ်လင်းကထျန်လီကိုသတ်ဖြတ်ခဲ့သည်။ ထျန်ဟွယွမ်ကလည်းဝမ်လင်းကိုသတ်ဖြတ်ခဲ့သည်။ ထို့ကြောင့်သူတို့၏ရန်ကြွေးများကအပြီးသတ်ရှင်းလင်းပြီးဖြစ်သည်။ အခုဝမ်လင်းအသက်ပြန်ရှင်လာပြီးအခုသည်နေရာတွင်လာရောက်လက်စားချေခြင်းကသူကိုယ်တိုင်အတွက်မဟုတ်ပေ။ သူ့မိသားစုအတွက်သာဖြစ်ပေ၏။

ဝမ်လင်းကထွက်ခွာရန်ပြင်လိုက်စဉ်ညင်သာသောအသံတစ်ခုကခန်းမထဲမှထွက်လာခဲ့၏။ “ဝမ်လင်း…”သည်ခေါ်လိုက်သောအသံကညင်သာသော်လည်းမသေချာမှုများရှိနေ၏။

***

Comment

  1. htet myat says:

    😱😱😮

Leave a Reply

Options

not work with dark mode
Reset