လူငယ်က မထူးမခြားဟန်ဖြင့် ခေါင်းယမ်းပြီး ပြောလိုက်သည်။
“ငါ သူ့ရင်းမြစ်ကို ရှာမတွေ့နိုင်ခဲ့ဘူး။ ထျန်မိသားစုရဲ့ မိသားစုဝင်တိုင်းက သူနဲ့တွေ့တာနဲ့ တန်းသေရ တော့တာ။ ဂျူနီယာက အတော်လေး အားစိုက်ပြီးတော့ သူ့ပုံကို အကြမ်းဖျင်း ဆွဲနိင်ခဲ့တယ်။ ဘိုးဘေး ကျေးဇူးပြု၍ တစ်ချက် ကြည့်ပေးပါ…”
ထိုသို့ ပြောပြီးနောက် သူက သို့လှောင်အိတ် ထဲကနေ စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက ထျန်ဟွယွမ် မြင်နိုင်ရန် ထိုစာလိပ်ကို ဖွင့်ပြလိုက်သည်။ စာလိပ်ပေါ်တွင် လူတစ်ယောက်၏ ပုံကို ပုံကြမ်းရေးဆွဲ ထားသည်ကို တွေ့လိုက်ရသည်။
သူလူကတော့ ဆံပင်ဖြူနှင့်ဖြစ်ပြီး သူ့နှဖူးပေါ်တွင်လည်း ခရမ်းရောင် ကြယ်တစ်လုံး ရှိနေ၏။ သူ့တစ်ကိုယ်လုံး တွင်လည်း သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပြည့်နှက်နေ၏။ သူ့အောက်တွင်တော့ ခြင်သားရဲကြီး တစ်ကောင် ရှိလေသည်။ ထိုခြင်သားရဲ၏ အသိသာဆုံး အပိုင်းမှာ ၎င်း၏ရှည်လျားသော ခြင်နှာမောင်း ဖြစ်၏။
ခြင်သားရဲ၏ နှာမောင်း အလယ်တွင် ဧရာမကွင်းဆက် သံကြိုးကြီးတစ်ခု ရှိလေသည်။ သည်သံကြိုးကြီးက ကွင်းများစွာ ရှိနေပြီး ထိုသံကြိုးကွင်းဆက် တစ်ခုစီတွင် မရေမတွက် နိုင်သော လူသေခန္ဓာ ကိုယ်များကို ချိတ်ဆွဲထား လေ၏။
သည်ရုပ်ပုံကြမ်းကို မြင်လိုက်ရသည့် လူတိုင်းက အသက်ဝဝ ရှူလိုက်ရပြီး သူတို့မျက်နှာ ပေါ်တွင်လည်း ထိတ်လန့် ကြောက်ရွံ့မှုများ ထွက်ပေါ်လာ၏။ အချို့လူများ၏ မျက်နှာများ ဆိုလျှင် ဖြူရော်သွားပြီး သူတို့ ကိုယ်ထဲတွင် သွေးတစ်စက်မှ မရှိတော့သည့် အလားပင်။
ထျန်ဟယွမ်က သည်ရုပ်ပုံကို မြင်လိုက်ပြီးနောက် သူ့အကြည့်များက ကော်နှင့် ကပ်ထားသလို ရုပ်ပုံထဲက လူငယ်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ အချိန်တစ်ခု ကြာပြီးနောက် သူအသွင်က မယုံကြည်ဟန် ဖြစ်လာခဲ့သည်။
သူက ချက်ချင်းပင် ထိုစာလိပ်ကို ဆွဲယူလိုက်သည်။ သူက ရုပ်ပုံကို စူးစိုက် ကြည့်နေရင်း နှဖူးပေါ်တွင် သွေးကြောများပင် ထောင်လာခဲ့သည်။
“ဒီတော့ ဒါက မင်းပေါ့…”
အားကောင်းသော အော်ရာက ထျန်ဟယွမ်ထံမှ ပျံ့နှံ့လာခဲ့သည်။ ထိုအော်ရာကြောင့် အနီးဝန်းကျင်တွင် ရှိနေသော ထိုင်ခုံများက ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းသွားရ၏။ နောက်သို့ လျင်မြန်စွာ မဆုတ်လိုက်နိုင်သော လူများပင် ဖုန်မှုန်အဖြစ်သို့ ပြောင်းသွားခဲ့ရ၏။
အောက်တွင် ဒူးထောက်နေသော လူသုံးယောက်တော့ နောက်သို့ အမီဆုတ်သွား နိုင်ခဲ့ကြသည်။ မျက်နှာသေနှင့် လူငယ်ကလွဲလို့ အခြားနှစ်ယောက် ကတော့ လုံးဝထိန့်လန့် ကြောက်လန့်သည့် အသွင်များ ဖြစ်သွားကြသည်။
ခန်းမထဲတွင် ရှိသောလူတိုင်းက သူတို့်၏ ဘိုးဘေးက ဒေါသထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။
ထျန်မိသားစုဝင် (၉၀၀) ကျော် သေဆုံးသွား ခဲ့သော်လည်း ဘိုးဘေးက သုန်မှုန်သွား ရုံကလွဲပြီး ဒေါသမထွက်ခဲ့ချေ။ သို့သော် သည်လူ၏ ရုပ်ပုံကြမ်းကို ကြည့်လိုက် ပြီးနောက် ဘိုးဘေးက မည်သည့် အတွက်ကြောင့် သူ့ စိတ်ဝိညာဉ် စွမ်းအင်များကို မထိန်းချုပ် နိုင်သည့်အထိ ဒေါသထွက်သွား ခဲ့သည်ကို သူတို့က နားမလည်နိုင် ဖြစ်ရသည်။
ထျန်ဟွယွမ်က လူငယ့်ပုံကို စူးစိုက်ကြည့် လိုက်ပြန်သည်။ သူ့မျက်လုံး ထဲတွင်တော့ ကြောက်ရွံ့မှုတချို့ ဖြတ်ပြေးသွား၏။ သူက ပုံထဲကလူကို ချက်ချင်း ပုံဖော်မိသွားပြီ ဖြစ်၏။
သည်အရာက ဝမ်လင်း ပြန်ရောက် လာခြင်းလား။
သို့သော် သူက ဝမ်လင်း သေဆုံးသွား ခဲ့သည်ကို ရှင်းလင်းစွာ တွေ့မြင်ခဲ့ပြီး ဖြစ်နေသည်။ သူက သည်ပုံကြမ်းကို တွေ့လိုက်သည်နှင့် တုန်လှုပ်သွားမိပြီး စိတ်ဝိညာဉ် စွမ်းအင်များကိုပင် မထိန်းချုပ်နိုင် ဖြစ်ရသည်။ ထျန်ဟွယွမ်က ဝမ်လင်းသေခါနီး အချိန်တွင် သူ့မျက်လုံးထဲတွင် ရှိနေခဲ့သော ကြောက်လန့်စရာ အကြည့်ကို ခုထို မှတ်မိနေတုန်းပင်။ ထိုအကြည့်က နှစ်ပေါင်းလေးရာ ကျော်အထိ သူ့ကို ခြောက်လန့် နေဆဲပင်။ ထျန်ဟွယွမ်က ခပ်တိုးတိုး ပြောလိုက်သည်။
“သူက ပြန်လာတာလား…”
ထိုအခိုက်တွင် ခန်းမထဲရှိ လူတိုင်းက သည်လူက မည်သူဖြစ်ကြောင်းကို သိချင်စိတ်များ ဖြစ်သွားကြသည်။ ဘိုးဘေးက ထိုလူကို သိကြောင်း ရှင်းလင်း နေပေသည်။
သို့သော် သည်မှာရှိသော လူတိုင်းက လွန်ခဲ့သော နှစ်ပေါင်း လေးရာကျော်က မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မသိရှိနိုင်ကြပေ။ အမှန်က လူအများကြီးက သည်ကိစ္စကို သိရှိခဲ့သော်လည်း မပြောခဲ့ကြပေ။ တကယ်တော့ စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်က သေမျိုးမိသားစု တစ်ခုလုံးကို အမြစ်ဖြတ် သုတ်သင်ခဲ့ခြင်းက ကြွားလုံး ထုတ်စရာ မဟုတ်ခဲ့ချေ။
ထျန်ဟွယွမ်၏ မျက်နှာက ရုပ်ဆိုးလို့ နေသည်။ သူက စကားပြောမလို လုပ်လိုက်စဉ် သက်လတ်ပိုင်း လူကြီးက ခန်းမထဲသို့ ကသုတ်ကရိုက် ဝင်လာခဲ့သည်။ သည်လူ၏ မျက်နှာက ထျန်ဟယွမ်နှင့် ဆင်တူလှသည်။ သည်လူက ခန်းမထဲသို့ ရောက်လာချင်းချင်း သူက ထိတ်လန့် တုန်လှုပ်ဟန်ဖြင့် ရှိနေသည်။ သူက ကြောက်ရွံ့မှု အပြည့်ဖြင့် ပြောလိုက်သည်။
“ငါ…ငါတို့ ထွက်သွားလို့ မရတော့ဘူး…”
ထျန်ဟယွမ်က မျက်မှောင်ကြုတ်၍ အော်ဟစ်လိုက်၏။
“မင်းက ဘာကို ကျီးလန့်စာစား အထိတ်တလန့် ဖြစ်နေရာတာလဲ။ မင်းဘာတွ ေပြောနေတာလဲ။ ငါတို့ထွက်သွားလို့ မရတော့ဘူးဆိုတာ ဘာကို ပြောနေတာလဲ…”
သက်လတ်ပိုင်း လူကြီးက တံတွေး မျိုချလိုက်ပြီး အသက်ဝဝ ရှူလိုက်၍ အလျင်အမြန် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ရက် အနည်းငယ်က ထျန်မိသားစုဝင်တွေ ဆီကနေ သတင်းစကား တစ်ခု ထွက်လာတယ်။ ထျန်မြို့ရဲ့ ပတ်ပတ်လည် ကီလိုမီတာ တစ်သောင်းလောက်မှာ အလင်းမျက်နှာပြင် တစ်ခု ပေါ်ထွက်နေပြီး ထျန်မြို့ထဲကနေ ဘယ်သူမှ ထွက်သွားလို့ မရနိုင်တော့ဘူးတဲ့။ ဂျူနီယာက အစတုန်းက ဒီကောလဟာလကို မယုံပါဘူး။ ဒါပေမဲ့ ဂျူနီယာက စီးပွားရေးကိစ္စနဲ့ အပြင်ထွက်မလို လုပ်တော့ ကောလာဟလ ထွက်ပေါ်နေတဲ့ အတိုင်း တကယ် ဖြစ်နေခဲ့တယ်။ ဂျူနီယာက ထျန်မြို့ကနေ ကီလိုမီတာ တစ်သောင်း ထက်ပိုပြီး သွားလို့မရခဲ့ဘူး…”
သည်စကားများ ထွက်ပေါ်လာပြီး အခိုက်တွင် အခန်းတစ်ခုလုံးက တိတ်ဆိတ်လို့ သွားခဲ့သည်။ ထျန်ဟွယွမ်က သက်လတ်ပိုင်း လူကြီးကို ကြည့်၍ စကားတစ်လုံးမှ မပြောဘဲ ဘိုးဘေးခန်းမ ထဲကနေ ထွက်သွားခဲ့၏။ ခန်းမထဲက ထွက်ခွာသွား ပြီးနောက် သူက ချက်ချင်း ပျောက်ကွယ်သွားပြီး ကီလိုမီတာ (၁၀၀) မှာ ပြန်ပေါ်လာခဲ့သည်။ ထို့နောက် သူက ထျန်မြို့ကနေ ဆက်၍ ပျံသန်းလာခဲ့၏။
တစ်သောင်း ကီလိုမီတာ အကန့်အသတ်ကို ရောက်လာပြီးနောက် ထျန်ဟွယွမ်က ရပ်တန့်ခြင်း မရှိဘဲ ဆက်၍ ပျံသန်းလိုက်သည်။ ထိုအခါ အနီရောင် အလင်းမျက်နှာပြင် တစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့ပြီး ထျန်ဟွယွမ်က ထိုအလင်း မျက်နှာပြင်ဖြင့် ဝင်စောင့် မိလေသည်။ လှိုင်းများ ပျံ့နှံ့လာ ခဲ့သော်လည်း အလင်းမျက်နှာပြင် ကတော့ ပျက်စီးသွားခြင်း မရှိပေ။ ထျန်ဟွယွမ်က အလင်း မျက်နှာပြင်ကို ဘယ်လောက်ပဲ ဆုတ်ဖြဲပစ်ပါစေ ၎င်းက အမြဲတမ်း ပုံမှန်ပြန်ဖြစ် သွားလေ၏။
ထျန်ဟွယွမ်၏ အမူအရာက ပို၍နက်မှောင် လာသည်။ ထို့နောက် သူက စွမ်းအား ကောင်းသော လက်နက်ရတနာ များကို ထုတ်ယူလိုက်ပြီး တစ်ခုပြီးတစ်ခု အသုံးပြုလိုက် ပြန်သည်။ သို့သော် အလင်း မျက်နှာပြင်က မပြောင်းလဲပဲ ရှိနေခဲ့သည်။
ထျန်ဟွယွမ်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှု မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ သူက ချက်ချင်းပင် ဝမ်လင်းက သည်အတားအဆီးကို ချထားရန် တစ်စုံတစ်ယောက်ကို ပြောခဲ့သည်လို့ သဘောပေါက် လိုက်သည်။ ထျန်မြို့မှာ ရှိနေသည့် ထျန်မိသားစုဝင် အားလုံးကို ပိတ်လှောင်ထားသည့် ရည်ရည်ချက်က ထျန်မိသားစုများ သေဆုံးနေသည်ကို သူတို့သည်တိုင်း ထိုင်ကြည့်နေရုံသာ တက်နိုင်ရန် ဖြစ်သည်။
သည်အလင်း မျက်နှာပြင်၏ နောက်ရည်ရွယ်ချက် တစ်ခုလည်း ရှိသေးသည်။ ထျန်မိသားစုများ ကြောက်လန့်ပြီး ထျန်မြို့ထဲမှ ထွက်ခွာ မသွားရန်နှင့် လူတိုင်းက ထျန်မြို့ထဲတွင် စုဝေးမိလျှင် ဝမ်လင်းက လာရောက် တိုက်ခိုက်မည် ဖြစ်သည်။
ထျန်ဟွယွမ်က ဝမ်လင်းက ဤသို့ အတားအဆီးမျိုးကို သူကိုယ်တိုင် ပြုလုပ်နိုင် လိမ့်မည်လို့ မယုံကြည်ပေ။ ဝမ်လင်းက ထိုအချိန်တုန်းက မသေခဲ့ဘူး ဆိုရင်တောင် အများဆုံး သူ့ကျင့်ကြံမှု အဆင့်က အမြုတေဖွဲ့တည်ခြင်း နောက်ဆုံးအဆင့် သို့မဟုတ် အလွန်ဆုံးမှ စဦးစိတ်ဝိညာဉ် အစောပိုင်းသာ ဖြစ်နိုင်ပေသည်။
ထျန်ဟွယွမ်က စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ဖြစ်သည့်အတွက် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က သူ့အတွက် မလုံလောက်သေးချေ။ သူက သည်အတားအဆီးကို ပြုလုပ်ခဲ့သော သူကိုသာ ကြောက်ရွံ့ပေသည်။ သူက သည်လူ၏ ကျင့်ကြံမှုအဆင့်ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ဖြစ်မည်ဟု ထင်မိလိုက်သည်။
ဒါက သူ့အတွေးများပင် ဖြစ်၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် သည်စီနီယာနှင့် ဝမ်လင်းတို့ကြား ပတ်သက်မှုက မည်မျှနက်ရှိုင်းစွာ ရှိမည်နည်းလို့ တွေးလိုက်သည်။ သူတို့ပတ်သက်မှုက အလွန် မနက်ရှိုင်းဘူး ဆိုပါက သူ့မိသားစု အတွက်မည်သို့မျှ ပြဿနာ ဖြစ်လာမည် မဟုတ်ပေ။
ထျန်ဟွယွမ်က သည်အတားအဆီးကို ဝမ်လင်းကိုယ်တိုင် ပြုလုပ်ခဲ့သည်ဟု တစ်စက်လေးပင် မတွေးမိချေ။
သူက အနည်းငယ် စဉ်းစားလိုက် ပြီးနောက် သုန်မှုန်စွာ ပြန်ထွက်ခွာ သွားသည်။ သူက ပြန်ရောက် လာပြီးနောက် မည်မျှကုန်ကြသည် ဖြစ်စေ ထျန်မြို့၏ အကာအကွယ် အစီအရင်ကို ဖွင့်လိုက်သည်။
ထို့နောက် သူက တိုက်ပွဲအတွက် အချိန်မရွေး အဆင်သင့် ဖြစ်အောင် တံခါးပိတ် လေ့ကျင့်ရန် သွားလိုက်သည်။
ဝမ်လင်းကတော့ လွန်ခဲ့သော လေးရက်လုံး သတ်ဖြတ် ပြီးနောက် လူပေါင်း (၁၀၀၀)လောက် ရှိခဲ့ပြီဖြစ်သည်။ ထျန်မိသားစု၏ မိသားစုဝင် မြောက်မြားစွာနှင့် ယှဉ်လျှင် သည်ပမာဏက နည်းပါးလှ သေးသည်။
ဝမ်လင်းက ခြင်သားရဲပေါ်တွင် ရပ်လျက် ရှိပြီး သူ့နောက်တွင် အလောင်းပေါင်း တစ်ထောင်ကျော် ရှိနေခဲ့၏။ သူပျံသန်းသည့်အခါ သည်အလောင်းများက ဧရိယာ၏ ပေတစ်ရာလောက်ကို ဖုံးလွှမ်းထားပြီး အောက်ခြေကို ၎င်းတို့၏အရိပ်များ ကျဆင်းလျက် ရှိသည်။
သူ့မျက်လုံးများက အေးစက်လို့ နေဆဲပင်။ သူ့နောက်ပန်းတိုင်က ဟီဟွမ်ကလန် ဖြစ်သည်။
ဟီဟွမ်ကလန်က ကျောက်နိုင်ငံ၏ နံပါတစ်နတ်ဆိုး ကလန်တစ်ခု ဖြစ်လာခဲ့သည်။ ကလန်တွင် ကျွမ်းကျင်သူ များစွာနှင့် တပည့်ထောင်ပေါင်း များစွာ ရှိလေသည်။ ဟီဟွမ်ကလန်တွင် ထျန်မိသားစုဝင် (၄၈၁) ယောက် ရှိနေ၏။
သည်လူအားလုံက ဟီဟွမ်ကလန်၏ တပည့်များ မဟုတ်ကြပေ။ သို့သော် သူတို့က အခုချိန်တွင် ဟီဟွမ်ကလန်တွင် ရှိနေကြ၏။
လွန်ခဲ့သောရက် အနည်းငယ်က ဝမ်လင်းက ဂျိမိုင်ကလန်ရှိ ထျန်မိသားစုဝင် (၃၀၀) ကျော်ကို သတ်စ်ခဲ့ပြီး သူတို့အားလုံးက ချီစုဆောင်းမှု အဆင့်သာ ရှိလို့နေသေး၏။ ဝမ်လင်းက သည်လူများက ထျန်မိသားစု အထက်တန်း လွှာများက လေ့ကျင့်ရန် စေလွှတ်ခဲ့သော လူများဖြစ်ကြသည်။
ဟီဟွမ်ကလန်ရှိ ထျန်မိသားစုဝင် များကလည်း လာရောက်လေ့ကျင့် ကြသည့်ပုံပင်။
ဝမ်လင်းက ရက်စက်စွာ ပြုံးလိုက်ပြီး ဟီဟွမ်ကလန်သို့ ခပ်ဖြည်းဖြည်း ပျံသန်းလာခဲ့၏။
သို့သော် ထိုအခိုက်တွင် သူက အရှေ့ရှိ အကွာအဝေး တစ်ခုကို လှမ်းကြည့်လိုက်ရင်း သူ့ပုံစံက ပြောင်းလဲသွား၏။ အကွာအဝေး တစ်ခုတွင် လူငယ်အချို့ ထိန်းချုပ်မောင်းနှင် နေသော အရောင်စုံ ရထားလုံးတစ်လုံးက သူရှိရာသို့ ဦးတည်၍ လာနေခဲ့သည်။
အကွာအဝေး တစ်ခုမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“အင်မော်တယ်ဂျိမို ဒီမှာ ရောက်နေတယ်။ ဘာမဟုတ်တဲ့လူတွေ ဒီနေရာကနေ ထွက်သွားပေးပါ…”
***