Switch Mode

အပိုင်း( ၂၇၇)

လူတစ်ထောင်ကို သတ်ဖြတ်ခြင်း (၁)

ဝူဖန်တောင်ကြားက ကျောက်နိုင်ငံ နတ်ဆိုးကလန်၏ နေရာတစ်ခု ဖြစ်သည်။ သည်ကလန်က လွန်ခဲ့သာ နှစ်ပေါင်းလေးရာက ကြီးကျယ်သော ကလန်ဖြစ်ခဲ့၏။ သို့သော် အခုချိန်မှာတော့ ကျရှုံးလို့နေခဲ့ပြီ ဖြစ်သည်။

၎င်းကလန်၏ စဦးစိတ်ဝိညာဉ် ကျင့်ကြံသူတွေက သူတို့အဆင့်ကို မချိုးဖျက်နိုင်ခဲ့ပေ။ သူတို့၏သက်တမ်းက အဆုံးသတ်ခဲ့ပြီး အားလုံးက သေခြင်းတရားမှ မလွတ်မြောက် နိုင်ခဲ့ပေ။

သည်အကြောင်း တရားက ကြီးကျယ်ခဲ့ဖူးသော ကလန်ကို လျောကျသွား စေခဲ့သည်။ ရွှမ်တောက် ကလန်က စွမ်းအား ကောင်းလာခဲ့ပြီး ဝူဖန်တောင်ကြားက ဒုတိယအဆင့်သို့ လျော့ကျသွားခဲ့၏။

ဝူဖန်တောင်ကြား၏ ဆုတ်ယုတ်မှုက ထျန်ဟယွမ်၏ ရည်ရည်ချက်ကို အခွင့်ပိုပေးသလို ဖြစ်သွားစေခဲ့၏။ နှစ်ပေါင်းများစွာ ကြာအောင် သူက ထျန်မိသားစုဝင် များကို ဝူဖန်တောင်ကြားသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်စေခဲ့သည်။ ဝူဖန်တောင်ကြား၏ ဘိုးဘေးက သည်အကြောင်းကို သိသော်လည်း ထျန်ဟွယွမ်၏ စွမ်းအားကြောင့် သူက ဘာမျှ မတက်နိုင်ခဲ့ပေ။

ထျန်ဟွယွမ်က ဝူဖန်တောင်ကြား၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်လို့ ပြော၍ရသည်။ အခြားကလန်များ ကလည်း သည်အကြောင်းနှင့် ပတ်သက်၍ ဝူဖန်တောင်ကြား၏ အတွင်းရေး ဖြစ်သည်ဟု ယူဆပြီး ဘာမျှမပြောကြချေ။

ထို့ကြောင့် ဝူဖန်တောင်ကြားတွင် ထျန်မိသားစုဝင် (၉၃) ယောက် ရှိနေခဲ့သည်။ သည်လူတွေ အားလုံးကလည်း ဝူဖန်တောင်ကြား၏ မြင့်မားသော နေရာများကို ဆုပ်ကိုင်ထား၏။ သည်လူတွေ ထဲကမှ သုံးယောက်က အလွန်မြင့်မားသော အနေအထားသို့ ရောက်နေကြ၏။ သူတို့သုံးယောက် ထဲမှာမှ အဓိကအကျဆုံး လူတစ်ယောက်မှာ ငါးဆက်မြောက် မျိုးဆက်ဖြစ်သော ထျန်ဂိုဖြစ်သည်။ သူက နောက်တက်မည့် ခေါင်းဆောင် အဖြစ်ပါ ယာထားခြင်း ခံရသူ ဖြစ်၏။

အခြားနှစ်ယောက်က ထျန်ဟွယွမ်၏ လုပ်ဆောင်မှုကို ဆန့်ကျင်နိုင်ရန် လုံးဝ မတက်နိုင်ပေ။ သည်နှစ်ယောက်က တံခါးပိတ် လေ့ကျင့်၍ အစောပိုင်း စဦးစိတ်ဝိညာဉ် အဆင့်မှ အလယ်အလတ် အဆင့်သို့ ရောက်ရှိရန် ကြိုးစားနေကြသည်။ သည်လိုမှသာ သူတို့ သက်တမ်းက ပိုတိုးလာမည် ဖြစ်၏။ ထပ်ပြောရလျှင် နှစ်စဉ်နှစ်တိုင်း ထျန်မိသားစုက သူတို့နှစ်ယောက် အတွက် စိတ်ဝိညာဉ် ဆေးပင်တွေ၊ ဆေးလုံးတွေကို လက်ဆောင်အဖြစ် ပေးနေခဲ့သည်။ ရလဒ်အနေနှင့် သူတို့က အကြောင်းအရာ အတော်များများကို မမြင်ချင်ယောင် ဆောင်ထား ရတော့သည်။ သူတို့နှစ်ယောက်က ထျန်ဟွယွမ်ကို မည်သို့မျှ မလှန်နိုင်ပေ။

ဝူဖန်တောင်ကြားက ထျန်မိသားစု၏ ကိုယ်ပိုင်ကလန် တစ်ခုလို ဖြစ်လာသည်။

အစပထမ တုန်းကတော့ ဒါကို ဝူဖန်တောင်ကြားမှ လူများက လက်မခံ ခဲ့ကြ‌ချေ။ သို့သော် သည်လိုအဖြစ်က နှစ်ရာပေါင်းများစွာ ဖြစ်လာသည့်အခါ မည်သူမျှ မဆန့်ကျင် ကြတော့ချေ။ ဝူဖန်တောင်ကြား၏ အချို့တပည့်များ ဆိုလျှင် သူတို့က ထျန်မိသားစု၏ အစိတ်အပိုင်းများ ဖြစ်သည်ဟုပင် ယုံကြည်လာ ကြပေသည်။

တကယ်တော့ နှစ်ရာပေါင်းများစွာ ကြာပြီးနောက် ဝူဖန် တောင်ကြားသည် များစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။

ဝမ်လင်းက ခြင်သားရဲ အပေါ်တွင် ရပ်နေပြီး ဝူဖန်တောင်ကြားရှိ လူများကို နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်သည်။ သူ့နောက်မှာတော့ ခန္ဓာကိုယ် ခုနစ်ခုကို တွယ်စပ်ထားသော နဂါးအောင်တံခွန် များက လေထဲတွင် လွင့်နေခဲ့သည်။

ဝမ်လင်းက ဝူဖန်တောင်ကြား အပြင်ဘက်သို့ မွန်းစတား ဆန်လှသော သတ်ဖြတ်လိုမှု အပြည့်ဖြင့် ရောက်လာခဲ့ ပေသည်။

ဝူဖန်တောင်ကြားက တောင်ကြားတစ်ခုလို့ ခေါ်သော်လည်း တကယ်တော့ တောင်တစ်လုံးသာ ဖြစ်သည်။ တောင်ကြောကိုတော့ တောင်ထိပ်ငါးခု ဟု ခေါ်ကြ၏။ တောင်ကြော ပုံစံကတော့ လက်ငါးချောင်း အသွင် ရှိနေ၏။

ဝူဖန်တောင်ကြားက သည်တောင်ကြောတွင် တည်ရှိသည်။ အဓိကကလန်က အလယ် တောင်ထိပ်တွင် ရှိနေခဲ့ပြီး အခြားတောင်ထိပ် လေးခုကတော့ ကလန်ခွဲများ ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝူဖန်တောင်ကြား ထိပ်ဆုံးနေရာတွင် ရှိခဲ့စဉ်တုန်းက သည်တောင်ထိပ် ငါးခုလုံးတွင် စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နေခဲ့သည်။

သို့သော် အခုချိန်မှာ တောင်ကြောက ခြောက်သွေ့နေပြီး စိတ်ဝိညာဉ် စွမ်းအင်များလည်း ရှားပါးနေပြီ ဖြစ်သည်။ တောင်ကြားတွင် တပည့်များက တစ်ထောင်လောက်ပင် မရှိတော့ဘဲ တပည့်သစ် အများစုကလည်း ချီစုဆောင်းမှု အဆင့် တစ်၊ နှစ်သာ ရှိကြသည်။

ဝမ်လင်းက ခြင်သားရဲကို စီးနင်း၍ တောင်ကြားသို့ ရောက်လာခဲ့သည်။ ချက်ချင်းပင် စိမ်းပြာရောင် အလင်းမျက်နှာပြင် တစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းကို တားဆီးလာသည်။ တစ်ချိန်တည်းမှာ တောင်ထိပ်မှ သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခု ပျံ့လွင့်လာ၏။ တောင်ထိပ်ငါးခု အပေါ်တွင် လူငါးယောက် ရပ်နေကြသည်။ အပြာ၊ အနီ၊ ခရမ်း၊ အဝါ၊ အဖြူ စသည့် အရောင်ငါးရောင် ရှိသော ဓားငါးလက်က သူတို့ငါးယောက် အပေါ်တွင် အသီးသီး မြောလွင့်နေကြသည်။

တောင်များမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် စွမ်းအင်များက သူတို့ငါးယောက်ဆီ စီးဝင်နေခဲ့သည်။ သည်စွမ်းအင်များက အပြန်အလှန် အမှီသဟဲပြု၍ ဓားငါးလက်ဆီသို့ စီးဝင်လို့ နေခြင်းကလည်း သူတို့ကို ပို၍ အားကောင်းစေ၏။

ဝမ်လင်းက နှခေါင်းရှုံ့လိုက်သည်။ သည်လူငါးယောက် ထျန်မိသားစုဝင်များ ဖြစ်ကြသည်။ သည်ငါးယောက် ထန်တောက် ကလန်မှ ထျန်မိသားစုဝင် တစ်ယောက်က ဝမ်လင်း အကြောင်းကို သတင်းပို့ထား၍ ကြိုတင် ပြင်ဆင်ကာ လာစောင့်နေပုံ ရသည်။

သည်လို ဖြစ်လာတာကလည်း ဝမ်လင်း လိုချင်သောအရာ ဖြစ်သည်။ သူက ထျန်မိသားစု တစ်ခုလုံးကို အမြစ်ဖြတ် သုတ်သင်ခြင်းကို ကျောက်နိုင်ငံ တစ်ခုလုံးအား သိစေချင်သည်။ သူ့လက်စားချေမှုက လျှို့ဝှက်ချက် တစ်ခု မဟုတ်ပေ။ ထိုအစား သူက သူ့ဒေါသ မီးတောက်ကို တစ်နိုင်ငံလုံး အနှံ့အား သိစေမည် ဖြစ်သည်။ အကြောင်းမှာ သူက ဤသို့လုပ်နိုင် စွမ်းသော စွမ်းအား ရှိသောကြောင့်ပင်။

ထျန်မိသားစုဝင် ငါးယောက်က စိတ်ထဲတွင် သုန်မှုန်နေပြီ ဖြစ်သည်။ သူတို့က ထျန်ဂိုထံမှ စွမ်းအား ကောင်းသော ရန်သူတစ်ယောက် ရောက်လာနိုင်သည့် အကြောင်း သတိပေးစကား ရောက်လာ ကတည်းက တော်ဝင်အစီအရင် တစ်ခုကို ဖွင့်လှစ်ခဲ့ပေသည်။ သူတို့က တော်ဝင်အစီအရင် တစ်ခုကို ဖော်ဆောင်ပြီး သွားသော်လည်း စိတ်ထဲမှာမူ စိုးရိမ် ကြောက်လန့်မှုကို ခံစားနေရဆဲ ဖြစ်သည်။

သူတို့က ဒေါသထွက် သွားကြသည်။ အကြောင်းမှာ သူတို့က အဖြူရောင် ဆံပင်နှင့်လူငယ်၏ နောက်တွင် ခန္ဓာကိုယ် ခုနစ်ခုနှင့် တွဲထားသော နဂါးတံခွန် ခုနစ်ခုက မြောလွင့်နေသည်ကို တွေ့လိုက်ရ သောကြောင့်ပင်။

ဝမ်လင်းက ရပ်တန့်ခြင်း မရှိပေ။ သူက အကာအကွယ် အစီအရင် ထွက်ပေါ် လာသည့်အခိုက် သူက ရှေးဟောင်း ဓားအိမ်ကို ထုတ်လိုက်သည်။ သူ့မျက်လုံး ထဲတွင်လည်း ရက်စက်မှုများ ပြည့်နှက်နေ၏။

ဝူဖန်တောင်ကြားက ဓားချီကို အသုံးပြုနေသဖြင့် သူက အစစ်အမှန်ဓားချီက ဘာလဲဆိုတာ သိအောင် ပြသပေးရပေမည်။

ဝမ်လင်းက ဓားပျံကို ထုတ်လိုက်သည်။ အခုချိန်တွင် သူ့၌ အဆင့်နိမ့် ရတနာများစွာ ရှိနေခဲ့ပြီ ဖြစ်သည်။ တကယ်တော့ နှစ်ပေါင်း လေးရာလောက် စုစည်းထားမိသော ချမ်းသာကြွယ်ဝမှုက သေးငယ်သော ပမာဏ မဟုတ်ပေ။

သူက ဓားကို ဓားအိမ်ထဲသို့ အားနှင့်လျင်မြန်စွာ ထည့်သွင်း လိုက်သည်။ ၎င်းဓားက ငါးပုံလေးပုံခန့် ရော်သည်နှင့် ခုခံသော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တောင်ထိပ်ပေါ်တွင် ရှိနေသော လူငါးယောက် ကလည်း ဟစ်ကြွေးလိုက်၏။ သူတို့ခေါင်းပေါ်တွင် ရှိနေသော ဓားများထံမှ ဓားချီများက လေထဲသို့ မြင့်တက်သွားသည်။ ကောင်းကင်၏ အရောင်ပင် ပြောင်းသွားခဲ့ရပြီး ဓားချီငါးခုက နဂါးငါးကောင် အလား ဝမ်လင်းထံသို့ တိုးဝင်လာ တော့သည်။

ဝမ်လင်းက ဓားအိမ်ကို ကိုင်ထားဆဲပင်။ သူက ဓားအိမ်ထဲက ဓားချီပါဝင်သော သက်ဖြတ်လိုမှု စိတ်ဆန္ဒက အကန့်အသတ်သို့ ရောက်လာသည်ကို ခံစားမိသည်။ သူက ဓားကိုပြန်ဆွဲ ထုတ်လိုက်ရာ ဓားငါးလက် ပေါင်းထားသော ဓားချီထက် ပိုအားကောင်းသော ဓားချီက ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

သည်ဓားအရှိန် အော်ရာက မြစ်တစ်စင်း အလား စီးဆင်းလာခဲ့ပြီး လူတိုင်းကို ရူးသွပ်သွားအောင် ပြုလုပ်နေသည်။

တစ်နာရီ ကြာပြီးနောက် ဝမ်လင်းက သည်ဧရိယာကနေ လက်တစ်ဖက်တွင် ခေါင်းတစ်လုံးကိုင်၍ ထွက်လာခဲ့သည်။ ထိုခေါင်းမှာ ဝူဖန်တောင်ကြား၏ အဆင့်မြင့်ဆုံး ဖြစ်သည့် ထျန်မိသားစုက ထျန်ဂို၏ ခေါင်းပင် ဖြစ်၏။

ထျန်ဂို၏ မျက်လုံးများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက် နေခဲ့သည်။ အကြောင်းမှာ သူက ထျန်နာမည် ဖြစ်နေရုံနှင့် သေဆုံးခြင်းက မလွတ်နိုင်တော့ သောကြောင့် ဖြစ်၏။

ဝမ်လင်း အနောက်တွင် ကြီးမားသော နဂါးတံခွန်ကြီးတွင် ချိတ်တွယ်ထားသော လူသေ (၁၀၀) နီးပါးရှိနေပြီ ဖြစ်သည်။

သည်လူသေများနှင့် ၎င်းတို့၏ခေါင်းများက ဝမ်လင်း ပျံသန်းရာ တစ်လျှောက် တလွင့်လွင့် ဖြစ်နေခဲ့သည်။ တစ်ယောက်ယောက်က ထိုမြင်ကွင်းကို တွေ့လိုက်ရပါက အလွန်တရာ တုန်လှုပ်သွား မိပေမည်။

သတ်ပွဲဖြတ်ပွဲကြီး ပြီးသွားပြီးနောက် ဝူဖန်တောင်ကြားမှ အဘိုးအို နှစ်ယောက် လမ်းလျှောက် ထွက်လာ ခဲ့ကြသည်။ သူတို့နှစ်ယောက်က ဝူဖန်တောင်ကြား၏ စဦးစိတ်ဝိညာဉ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က ဒေါသထွက်ခြင်း အလျင်းမရှိသည့် အပြင် တစ်ယောက်က စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့် ပြောလိုက်၏။

“ထျန်မိသားစုကတော့ အဆုံးသပ်ပြီ…”

“ဂျူနီယာက အစ်ကို့ကို တစ်ခုပြောစရာ ရှိတယ်။ ဒီလူကို ရင်းနှီးနေသလို ခံစားရတယ်။ ဒါပေမဲ့ ငါဘယ်လောက် ကြိုးစားကြိုးစား သူ့ကို ဘယ်မှာ တွေ့ဖူးလဲကို မမှတ်မိနိုင် ဖြစ်နေတယ်…”

“တကယ်လား…”

“စီနီယာက အစ်ကို … ဒါကငါ့အတွေးပါ။ ဒါပေမဲ့ ငါတို့ ဒီလူ့ကို အစတုန်းက တွေ့ကို တွေ့ခဲ့ဖူးတယ်…”

ဝမ်လင်းက ခြင်သားရဲအပေါ်တွင် မတ်တတ်ရပ်လျက် ရှိသည်။ သူ့မျက်လုံးများက အေးစက်နေပြီး သူက ကီလိုမီတာ (၈၀၀၀)လောက် အကွာတွင် ရှိသော ရွာတစ်ရွာကို ကြည့်နေခဲ့၏။ ထိုရွာတွင် ထျန်မိသားစုဝင် (၁၇၄) ယောက် ရှိနေပေ၏။

ထျန်မြို့တွင် ထျန်ဟွယွမ်က ထန်မိသားစု ဘိုးဘေးခန်းမတွင် ထိုင်လျက်ရှိသည်။ သူ့မျက်နှာက သုန်မှုန်နေပြီး သူ့ရှေ့တွင်တော့ လူသုံးယောက်က ဒူးထောက်လျက် ရှိသည်။

ထိုသုံးယောက်အပြင် အခြားလူ များစွာလည်း ခန်းမ ပတ်လည်တွင် ရှိနေကြသည်။ သူတို့အားလုံးက ခေါင်းငုံ့၍ မတ်တတ်ရပ် နေကြ၏။ တိတ်ဆိတ်မှုနှင့် ကြောက်ရွံ့မှုက သူတို့မျက်လုံး ထဲတွင် ပြည့်နေခဲ့၏။

“လေးရက်အတွင်း ဒီလူက ထျန်မိသားစု (၉၆၁) ယောက်ကို သတ်ပြီးပြီး…”

ထျန်ဟွယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးများ ကလည်း အေးစက်သထက် အေးစက်လာခဲ့သည်။ သူက ကျောက်စိမ်းပြား တစ်ခုကို ဒူးထောက် နေသည့်ထဲက တစ်ယောက်ကို ပစ်ပေးကာ ပြောလိုက်သည်။

“ရှန်အာ…ပြောစမ်း။ မင်းယူလာတဲ့ သတင်းကို ပြောလိုက်ပါ…”

မြေပေါ်တွင် ဒူးထောက်လျက် ရှိနေသော လူငယ်က ဖြူဖွေးချောမွတ် နေသည်။ သူက ကျောက်စမ်းပြားကို ယူလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ လေးရက်က လူတစ်ယောက်က ထန်တောက်ကလန်ကို ရောက်လာခဲ့ပြီး ထျန်မိသားစု ခုနစ်ယောက်ကို သတ်ပစ်ပြီး ပြန်ထွက် သွားခဲ့တယ်…”

“တစ်နေ့တည်းမှာပဲ သူက ဝူဖန်တောင်ကြားမှာ ပေါ်လာခဲ့ပြီး ထူးဆန်းထဲ့ ဓားအိမ်တစ်ခုကို အသုံးပြုပြီး အကာအကွယ် အစီအရင်ကို ဖျက်ဆီးခဲ့တယ်။ သူက (၁၀၀၀) ကီလိုမီတာ အတားအဆီးဇုံ တစ်ခုကို ပြုလုပ်ပြီး ထျန်မိသားစု (၉၃) ယောက်ကို သတ်ပစ်ခဲ့တယ်…”

“လွန်ခဲ့တဲ့ သုံးရက်မှာ သူက ထျန်မိသားစု အခွဲတစ်ခုမှာ ပေါ်လာခဲ့ပြီး ထျန်မိသားစုဝင် (၁၇၄) ယောက်လုံးကို သတ်ပစ်ခဲ့တယ်…”

“တစ်နေ့တည်းမှာ ဒီလူက ထျန်ယင်မြို့မှာ ပေါ်လာခဲ့ပြီး နှစ်ပေါင်း နှစ်ရာလောက် အခြေကျနေတဲ့ ထျန်မိသားစုခွဲ တစ်ခုက လူပေါင်း (၁၀၄) ယောက်ကို သတ်ပစ် ခဲ့ပြန်တယ်…”

“လွန်ခဲ့တဲ့ နှစ်ရက်က ထျန်မြို့အနားမှာ ရှိတဲ့ ထျန်မိသားစုဝင် အယောက် (၂၁၁)ယောက်ကိုလည်း ဒီလူက တစ်နာရီအတွင်း သတ်ပစ်ခဲ့တယ်…”

“တစ်နေ့တည်းမှာ ယမ်ကူကလန်မှာ ရှိနေတဲ့ ထျန်မိသားစုဝင် (၂၇) ယောက်ကို သတ်ပစ်ခဲ့ပြန်တယ်…”

“မနေ့ကတော့ ဂျီမိုင်ကလန်ကို သွားရောက် လေ့ကျင့်ဖို့ ပို့ခဲ့တဲ့ ထျန်မိသားစု အုပ်စုလည်း အမြစ်ဖြတ် ခံလိုက်ရတယ်။ အားလုံးပေါင်း (၃၄၅) ယောက်‌ သေသွားခဲ့တယ်။ သူတို့ သွေးတွေဆိုရင် မြစ်တစ်စင်းအလား စီးဆင်းခဲ့ရတယ်…”

သူက ထိုသို့ပြောပြီးသည့် အခါ အခန်းထဲတွင် ရှိနေသော လူများ၏ အသက်ရှူသံမက ပို၍ ကြမ်းတမ်း လာမိသည်။ သည်လူတိုင်းက ထျန်မိသားစုဝင် များ၏ အသက်ကို ကိုယ်စားပြုနေ ခဲ့ပေသည်။

ထျန်ဟယွမ်က လက်သီး တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူက အသက်ပြင်းစွာ ရှူလိုက်ပြီး မေးလိုက်သည်။

“ဒီလူရဲ့ ပုံရိပ်ကို ရှာတွေ့ခဲ့လား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset