ဦးလေး(၄)၏ပုံရိပ်များက ဝမ်လင်း ခေါင်းထဲတွင် တရိပ်ရိပ် ပြန်မြင်လာခဲ့၏။ အချိန်အတော် ကြာပြီးနောက် သူက သက်ပြင်း ချလိုက်ပြီး အမျိုးသမီးငယ်ကို ကြည်လိုက်သည်။ သူ့အကြည့်က စိတ်ခံစားချက် များဖြင့် ရှုပ်ထွေးလို့နေ၏။ သူက ဖြည်းညင်းစွာ မေးလိုက်သည်။
“မင်း … ဘိုးဘေးက အသက် ဘယ်လောက်မှာ သေဆုံးခဲ့တာလဲ … ”
အမျိုးသမီး မျက်နှာပေါ်တွင် ရှိနေသော ထူးဆန်းသည့် အကြည့်က ပိုဆိုးလာ ခဲ့ပြီးနောက် သူမက ဖြေလိုက်သည်။
“ဘိုးဘေးက အသက် (၉၈) နှစ်မှာ သေသွားခဲ့တာပါ။ သူသက်လတ်ပိုင်း လောက်က အင်မော်တယ် ကလန်တစ်ခုဖြစ်တဲ့ ဖုန်းမြုံကလန်ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတယ်။ အဲဒီနောက်မှာ သူက တောင်က ထွက်လာခဲ့ပြီး သူ့ဘဝကို မြို့တော်မှာ ပြန်အစပြု ခဲ့တယ်။ တော်ဝင်မိသားစုရဲ့ လက်အောက်ခံ တစ်ယောက် ဖြစ်လာခဲ့ပြီး ဝမ်မိသားစုကို စတင် တည်ထောင်ခဲ့တယ် … ”
ထို့နောက် ဝမ်လင်းက ထပ်မေးလိုက် ပြန်သည်။
“ဦး … မင်းဘိုးဘေးရဲ့ သား ဝမ်ဟိုကကော သေသွားပြီလား..”
အမျိုးသမီး မျက်လုံးများက တုန်လှုပ်ဟန်များ ဖြစ်ပေါ်သွားသည်။
“သူက ခပ်တိုးတိုး ပြောလိုက်၏။ ဘယ်လို … ဘယ်လိုကြောင့် နင်က ဘိုးဘေးရဲ့သားကို သိတာလဲ။ ဘိုးဘေးသေပြီး သုံးနှစ်အကြာမှာ သူလည်း သေသွားခဲ့တယ် … ”
အချိန်က ရွေ့လျားလို့နေသည်။ ထိုအချိန်အောက်မှာပင် လူတွေက ထွက်သွားလိုက်၊ ဝင်လာလိုက် ဖြစ်နေရ၏။ ဝမ်လင်းက ဦးလေးလေး အကြောင်းကို ကြားလိုက် သည်နှင့် သူ့စိတ်ထဲက တစ်မျိုး ဖြစ်သွားရသည်။ အချိန်အတော် ကြာပြီးနောက် သူက အမျိုးသမီးကို ကြည့်၍ မေးလိုက်ပြန်သည်။
“မင်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ယင်စွမ်းအင်က အန္တရာယ်ရှိတယ်။ မင်းအမေက မင်းကိုယ်ဝန် ဆောင်ချိန်မှာ ဒဏ်ရာ ရခဲ့သေးလား … ”
ဝမ်လင်း စကားကို ကြားလိုက်သည့် အခါ အမျိုးသမီး စိတ်ထဲတွင် တုန်လှုပ်လွန်း အားကြီးသဖြင့် ကဗြောင်းကဗျန် ဖြစ်သွားသည်။ ဝမ်လင်းက သူမကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သူမ လျှို့ဝှက်ချက်ကို သိနေခဲ့၏။ သို့ရာတွင် သည်ယင်စွမ်းအင် အကြောင်းကို လူအနည်းငယ်သာ သိကြခြင်း ဖြစ်သည်။
အမျိုးသမီးက ဝမ်လင်းကို ကြည့်ကာ တုန်ရင်စွာ မေးလိုက်သည်။
“နင် … နင်က ဘယ်လိုလူမျိုးလဲ … ”
ဝမ်လင်းက သူ့လက်ကို ယမ်းလိုက်ရာ အစိမ်းရောင် မြူများက သူမနဖူးတွင် စတင်စုဝေး လာခဲ့သည်။ မြူများ၏ အရောင်က တဖြည်းဖြည်း ပိုနက်လာ ပြီးနောက် ဝမ်လင်းက လက်ဝှေ့လိုက်ရာ ထိုမြူများက လုံးဝပျောက်ကွယ် သွားတော့သည်။
အမျိုးသမီးက ရုတ်တရက် နွေးထွေးမှုကို ခံစားလိုက်ရသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ခံစားနေရသော သူမ ခန္ဓာကိုယ်ထဲရှိ အေးစက်မှုက လက်တစ်ချက် ယမ်းလိုက်ရုံဖြင့် ပျောက်ကွယ် သွားတော့သည်။ သူမက အောက်နှုတ်ခမ်း ကိုက်၍ မေးလိုက်သည်။
“နင် … နင်က တန်ခိုးရှင် … ”
ဝမ်လင်းက ရယ်မောလိုက်သည်။
“အင်မော်တယ် … တန်ခိုးရှင် … ”
ဦးလေးလေး၏ မျိုးဆက်များက မြို့တော်တွင် ကောင်းကောင်းနေထိုင် နေရသည့်ပုံပင်။ ဝမ်လင်းက စိတ်သာသာရမှုကို ခံစားလိုက်ရသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။
“ပြောရမယ်ဆိုရင် ငါ့ကိုလည်း နင့်ရဲ့ဘိုးဘေးလို့ ယူဆလို့ရတယ်။ ငါနဲ့ဦးလေး(၄)က သဘောတူ ထားတာရှိတယ်။ ငါက အင်မော်တယ် ဖြစ်လာခဲ့မယ်ဆိုရင် သူမိသားစုကို ပြန်ကူညီပေးမယ်လို့ ပြောထားခဲ့ကြတယ် … ”
ထိုသို့ ပြောပြီးနောက် ဝမ်လင်းက သိုလှောင်အိတ် ထဲကနေ ဆေးပုလင်းတွေကို ထုတ်ယူကာ ဆက်ပြောလိုက် ပြန်သည်။
“ဒီမှာ ဆေးလုံး (၇၂)လုံး ပါတယ်။ ဦးလေးလေးရဲ့ မျိုးဆက်တိုင်းကို ဆေးတစ်လုံးစီ ပေးလိုက်ပါ။ သူတို့ကို လောဘမကြီးစေနဲ့။ နင်ကတော့ သုံးလုံးယူ … ”
အမျိုးသမီးကို ဆေးလုံးများ ပေးပြီးနောက် ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး သူမ၏ မျက်ခုံး နှစ်ခုကြားကို လက်ညှိုး ထောက်လိုက်သည်။ သွေးတစ်စက် ထွက်လာပြီးနောက် သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ ထို့နောက် သူ့ဂျိနယ်ပယ် အမျှင်တန်း တစ်ခုကို ကျောက်စိမ်းပြားထဲသို့ ထည့်လိုက်ပြီး အမျိုးသမီးကို ပေးလိုက်၏။ သူ့ပုံစံက အလေးအနက်နှင့် အေးစက်စက် ပြန်ဖြစ်သွားကာ ပြောလိုက်သည်။
“ငါက ဒီထဲမှာ နတ်ဘုရားအာရုံ အပိုင်းအစတစ်ခု ထည့်ထားခဲ့တယ်။ ကျောက်နိင်ငံက ဘယ်တန်ခိုးရှင် ကမှ ဒီကျောက်စိမ်းပြား ထဲက ဖိအားကို မခံနိုင်ကြဖူး။ ဒါပေမဲ့ ဒါက သုံးကြိမ်ပဲ သုံးလို့ရတယ်။ အခုကစပြီး ဒါကို မင်း သိမ်းထားလိုက်ပါ။ ဝမ်မိသားစုရဲ့ မျိုးဆက်တွေပဲ ဒါကို အသုံးပြုနိုင်မယ်။ ဒါကို ဉာဏ်ရှိရှိ အသုံးပြုပါ … ”
ထိုသို့ ပြောပြီးနောက် ဝမ်လင်းက အခန်းထဲမှ ပျောက်ကွယ် သွားတော့သည်။
အမျိုးသမီးက ဆေးလုံးများနှင့် လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်၍ ကြက်သေသေ နေသည်။ သူမက အခုထိအိပ်မက် မက်နေသလို ခံစားနေရသည်။ ကြမ်းပြင်ပေါ်ကျနေသော အဘိုးက တဖြည်းဖြည်း နိုးလာခဲ့သည်။ သူ့က မျက်လုံးဖွင့်ဖွင့်ချင်း ခပ်မြန်မြန်ထ၍ အမျိုးသမီး နားသို့ သွား၍ မေးလိုက်သည်။
“အရှင်မ … ဘာတွေ ဖြစ်ခဲ့တာလဲ … ”
ထိုအချိန်တွင် အစေခံ မိန်းကလေးက အခန်းထဲဝင် လာခဲ့သည်။ သူက အမျိုးသမီးကို ကြည့်၍ စိတ်သက်သာရာ ရသွား၏။
“အရှင်မ … ကျူးအာ ပင်ပန်းပြီးတော့ အိပ်ပျော်သွား ခဲ့တယ် … ”
အဘိုးအိုက အစေခံမလေး၏ စကားကို ကြားလိုက်သည့် အခါ သူ့မျက်နှာက ရုပ်စိုးလို့သွားသည်။ သူကလည်း အမျိုးသမီး၏ အချက်ပြမှုကို ရလို့ အခန်းထဲ ဝင်လာသည့် အချိန်မှာ ထိန်းချုပ်လို့ မရဘဲ အိပ်ပျော်သွား ခဲ့သောကြောင့်ပင်။
“ဒါက အဆင်ပြေတယ်။ အရမ်း တွေးမနေတော့နဲ့ ။ ငါတို့ မြို့တော်ကို ပြန်ကြမယ် … ”
အမျိုးသမီးက အသက်ဝဝရှူ၍ မတ်တတ်ရပ် လိုက်သည်။ သူမ မျက်နှာပေါ်ရှိ နေမကောင်းဟန် အနေအထားက ပျောက်ကွယ်သွားပြီး ကျန်းမားသည့်ဟန်က အစားထိုးနေခဲ့၏။
အဘိုးအိုက ပုံမှန် မဟုတ်သည်ကို သတိထားမိ လိုက်သည်။ သူက တုန်လှုပ်သော အသံနှင့် ပြောလိုက်၏။
“အရှင်မ … နင် … ”
ထိုအခိုက်တွင် အစေခံ မိန်းကလေးကလည်း ထူးခြားချက်ကို သတိပြုမိလိုက်ပြီး မယုံကြည်နိုင်ဟန် ဖြစ်နေ၏။
အမျိုးသမီးက ပြုံးလိုက်သော်လည်း ဘာမျှတော့ ရှင်းပြခြင်း မရှိချေ။ သူမက အခန်းထဲရှိ စားပွဲနှစ်လုံးကို ကြည့်လိုက်၏။ အထူးသဖြင့် ဝမ်လင်းလို့ ရေးထိုးထားသော စားပွဲကိုပင်။ သည့်နောက်သူက အခန်းထဲမှ ထွက်လာ ခဲ့တော့သည်။
သူမက ထူးချွန်သူ တစ်ယောက် ဖြစ်သဖြင့် မည်သို့ ဖြစ်သွားသည်ကို ရိပ်မိလိုက်သည်။ သို့သော် သူမ ထင်မြင်ချက်ကို မသေချာဖြစ်နေပြီး မြို့တော် ပြန်ရောက်လျှင် မိသားစုဇယားကို သေချာပြန်ကြည့်ရ ပေတော့မည်။
ရွာမှထွက်လာ ပြီးနောက် ဝမ်လင်း မျက်နှာပေါ်ရှိ နွေးထွေးမှုများက ပျောက်ကွယ်သွားပြီး အလေးအနက်ပုံစံ ပြန်ဖြစ်လာ ခဲ့သည်။ သူ့ခန္ဓာကိုယ် မှလည်း အားကောင်းသော အသတ်အဖြတ် ဆန္ဒများ ထုတ်လွှတ်လျက် ရှိသည်။ သူ့စိတ်နှလုံး ထဲတွင်လည်း လက်စား ချေလိုမှုများ ပြည့်နေခဲ့၏။
သူက ထျန်ဟွယွမ်ကို တိုက်ရိုက် သတ်ပစ်ခဲ့လျင် မျိုးဆက်များ အားလုံး ပြန့်ကျဲသွားနိုင်၏။ ဝမ်လင်း အိပ်မက် အောင်မြင်ရန်မှာ ထျန်မိသားစု တစ်ခုလုံး အမြစ်ပြုတ် သွားရန်သာ ဖြစ်သည်။
အရေးကြီးဆုံး အချက်မှာ သူက ထျန်ဟွယွမ်ကို ရိုးရှင်းစွာ သတ်ဖြတ်လိုက်လျှင် သူ့စိတ်ထဲရှိ အမျက်ဒေါသက ပြေပျောက်သွားမည် မဟုတ်ပေ။ သူက ထျန်ဟွယွမ်ကို သူ့မျိုးဆက်များ သူ့ရှေ့တွင် တဖြုတ်ဖြုတ် သေဆုံးနေသည်ကို ကြည့်မြင် စေချင်သည်။ ဒါမှသာ မိသားစုလိုက် အသတ်ခံရသည့် အရသာကို ခံစားမိပေမည်။ သူက ထိုသို့ပြုလုပ်ပြီးမှသာ ထျန်ဟွယွမ်ကို သတ်မည် ဖြစ်သည်။
ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ကျောက်နိုင်ငံ တစ်ခုလုံးကို လွယ်ကူစွာ ဖုံးလွှမ်းနိုင် ပေသည်။ သူက ထျန်ဟွယွမ် နေသောထျန်မြို့ကို လွယ်လွယ်ကူကူ ရှာတွေ့လိုက်ပြီး ထိုအရပ်သို့ လျှပ်စီးတန်းအလား ပျံသန်းသွား လိုက်၏။
ဝမ်လင်းက ထျန်မြို့မှ ကီလိုမီတာ တစ်သောင်း အကွာတွင် ရပ်လိုက်သည်။ သူက အစီအရင် အလံများက မြေပြင်တွင် စိုက်လိုက်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ၎င်းအလံများက ပျောက်ကွယ် သွားသည်။
ထို့နောက် ဝမ်လင်းက ထျန်မြို့ကို ပတ်၍ ပျံသန်းနေခဲ့ပြီး အစီအရင်အလံ (၁၆)ခုကို ပြုလုပ်ထား လိုက်သည်။ သူက ထျန်မြို့ကို သတ်ဖြတ်လိုမှု စိတ်ဆန္ဒ အပြည့်ဖြင့် ကြည့်၍ ရက်စက်စွာ ပြုံးကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ဒီနေ့ကစပြီး ထျန်မြိုက အဝင်သာ ရှိပြီး အထွက် မရှိနိုင်တော့ဘူး။ ထျန်ဟွယွမ် … ငါလက်စားချေတာ စတင်ပြီ … ”
သူ့မျက်လုံးများက အေးစက်လို့နေ၏။ ဝမ်လင်းက လေထဲမျာ လွင့်မြော နေလိုက်သည်။ သူက အော်ဟစ်၍ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို ဖိအား ပေးလိုက်သည်။ သိပ်မကြာခင်မှာ အစိမ်းရောင် အငွေ့က သူ့ကိုယ်ထဲမှ ထွက်လာခဲ့ပြီး သူ့အနားတွင် လှည့်ပတ်နေသည်။ သူ့ရှေ့တွင် ရှေးဟောင်း နတ်ဆိုးအလား ပုံရပ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဝမ်လင်းက မြေပေါ်သို့ ဒူးတစ်ဖက် ထောက်လိုက်သည်။ သူက လက်ညှိုးကို ထိုးဖောက်လိုက်ရာ သွေးတစ်စက် ကျလာခဲ့သည်။ သူက အော်လိုက်၏။
“ထျန်လီဝိညာဉ် ထွက်လာစမ်း … ”
ရုတ်တရက် ပုံရိပ်ယောင် နတ်ဆိုးက ပါးစပ်ဟလာပြီး ထိုသွေးစက်ကို မျိုချလိုက်သည်။ ထို့နောက် သူက ဖျော့တော့သော အစိမ်းရောင် အလင်း ထွက်ပေါ်လာ၏။
ဝမ်လင်းက ထိုအစိမ်းရောင် အလင်းကို ဖမ်းလိုက်သည်။ ပုံရိပ်ယောင် နတ်ဆိုးလည်း ပျောက်ကွယ် သွားတော့၏။
ဒါက သူ ရှေးဟောင်း နတ်ဘုရား မှတ်ဉာဏ်များထဲမှ သင်ယူခဲ့သော နည်းစနစ်လေး တစ်ခုဖြစ်သည်။ သည်နည်းစနစ်က သူသတ်ခဲ့သော လူများ၏ ဝိညာဉ်ကို ပြန်ခေါ်နိုင်ပေသည်။ သို့ရာတွင် သည်ဝိညာဉ်က နာရီဝက်လောက်သာ သက်တမ်းရှိသည်။
သည်ပြန်ခေါ် ထားသော ဝိညာဉ်များတွင် မည်သည့် မှတ်ဉာဏ်မှ မရှိဘဲ အခြေခံ အသိစိတ်သာ ရှိသည်။ ရှေးဟောင်း နတ်ဘုရား အတွက်က ထူးဆန်း ရတနာ၏ စွမ်းအားကို ယာယီတိုးမြှင့် ပေးနိုင်သော သည်လို နည်းစနစ်လေးက အသုံးမဝင်လှပေ။
သို့သော် ဝမ်လင်း အတွက်တော့ သည်နည်းစနစ်က လက်စားချေရန် အစီအစဉ်များ ချမှတ်ရာတွင် အသုံပြုနိုင် ပေသည်။
ထျန်လီဝိညာဉ်ကို ကိုင်ထားပြီး ဝမ်လင်းက ၎င်းကို မြို့ချလိုက်ပြီး နတ်ဘုရား အာရုံဖြင့် ကျောက်နိုင်ငံ တစ်ခုလုံးကို လွှမ်းခြုံလိုက်၏။ ထျန်လီဝိညာဉ် အကူအညီကြောင့် ဝမ်လင်း နတ်ဘုရားအာရုံတွင် အလင်းစက်များ ပေါ်လာခဲ့သည်။ သည်အလင်းစက် များက ထျန်မိသားစု သွေးစီးဆင်းနေသော လူတိုင်းကို ကိုယ်စားပြုနေသည်။ သည်လူတွေက မိသားစုပင်မ၊ ကိုင်းခွဲ သို့မဟုတ် ထျန်မိသားစု၏ လက်ထပ်ပြီးသော မျိုးဆက်သစ်များ ဖြစ်နေပါစေ အားလုံးက ဝမ်လင်းနတ်ဘုရား အာရုံတွင် ပေါ်လာခဲ့သည်။ ထျန်မိသားစု သွေးများ စီးဆင်းနေသူ မှန်သမျှကို ဝမ်လင်းက ရှာတွေ့နိုင်လေသည်။
ထျန်မိသားစုကို အမြစ် သုတ်သင်ခြင်းက ထျန်မိသားစုဝင် များကို ရိုးရှင်းစွာ သတ်ပစ်ခြင်း မဟုတ်ပေ။ ဝမ်လင်းက ထျန်မိသားစု သွေးပါနေသူ မှန်သမျှကို သတ်ပစ်မည် ဖြစ်သည်။ ထိုအရာကသာ စစ်မှန်သော မျိုးသုန်းသတ်ဖြတ် လက်စားချေခြင်း မည်၏။
တဖြည်းဖြည်းနှင့် ဝမ်လင်းနတ်ဘုရား အာရုံတွင် အလင်းစက်များ ပိုပိုများပြား လာခဲ့ပြီး သူ့ရက်စက်သော အပြုံးကလည်း ပို၍ပို၍ ပုံပေါ်လာခဲ့၏။ နှစ်များစွာ ဖြတ်သန်း ပြီးနောက် ထျန်မိသားစု၏ မျိုးဆက်များက မမှန်းဆနိုင်အောင် ဖြစ်လာခဲ့သည်။ ဝမ်လင်းက လူတိုင်း၏ စိတ်ဝိညာဉ် အမှတ်အသား တစ်ခုချင်းစီကို မှတ်သား လိုက်သည်။
နာရီဝက် ကုန်သွားပြီးနောက် ဝမ်လင်း ဝါးမျိုခဲ့သော ထျန်လီဝိညာဉ်က ပျောက်ကွယ် သွားတော့၏။
ဝမ်လင်းက သိုလှောင်အိတ်ထဲက ခြင်သားရဲကို ထုတ်လိုက်သည်။ သူက ခြင်သားရဲပေါ်မှာ ရပ်လိုက်ပြီး အနီးဆုံး ကလန်သို့ ဦးတည်ပျံသန်း လိုက်သည်။ ထိုနေရာတွင် ထျန်မိသားစုဝင် ခုနှစ်ယောက် ရှိလို့နေ၏။
Teng Xuan was one of the 6th generation disciples of the Teng family. He had already reached the early stage of Core Formation. One of the reasons he had gotten this far was because he was from the Teng family. The other reason was that he entered the sect as a disciple of one of Tian Dao Sect’s Nascent Soul ancestors.
ထျန်ရွှမ်က ထျန်မိသားစု၏ ခြောက်ဆက်မြောက် မျိုးဆက်သစ် တပည့်တစ်ယောက် ဖြစ်သည်။ သူက အစောပိုင်း အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ ရောက်နှင့်ပြီး ဖြစ်၏။ သူက ရွှမ်တောက်ဂိုဏ်း၏ ဘိုးဘေး စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်၏ တပည့်ဖြစ်လာရန် ရည်ရွယ်ချက်လည်း ရှိ၏။
***