တစ်ရက်ကြာ ပြီးနောက် နတ်ဆိုးအော်ရာများ ဖုံးလွှမ်းနေသော လူငယ် တစ်ယောက်က အပင်များ ဖုန်းလွှမ်းနေသော မြေကြီးထဲမှ ထွက်လာခဲ့သည်။
သည်လူက ဟိုဖန်နိုင်ငံမှ ဒီနေရာသို့ တဆွတ်ထိုး၊ တဟုန်ထိုး လာခဲ့သောသူ ဖြစ်သည်။ တစ်စုံတစ်ယောက်က သည်လူငယ်သည် ဟိုဖန်နိုင်ငံမှ နတ်ဆိုးပင်လယ် အတွင်းဘက်သို့ လအနည်းငယ် ကြာဖြင့် ရောက်အောင် လာနိုင်ခဲ့သည်ကို သိလျှင် လုံးဝ ထိန့်လန့်တုန်လှုပ် သွားပေလိမ့်မည်။ ဟိုဖန်နိုင်ငံနှင့် နတ်ဆိုးနိုင်ငံက လွန်စွာဝေးကွာ လွန်းလှ၏။
ဒူမိုလို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်ပင် ထိုသို့အကွာအဝေးကို ပျံသန်းသွားမည် ဆိုပါက နှစ်ရာနှင့်ချီ ကြာပေလိမ့်မည်။
ထို့အတွက်ကြောင့် အခုလူငယ်၏ အမြန်နှုန်းက တိုင်းတာ၍ မရနိုင်ဖြစ်ရ၏။
အခုလူငယ်က သည်အကွာအဝေးကို သွားလာနိုင်ခြင်းမှာ သူက စိတ်ဝိညာဉ် အသွင်းပြောင်းခြင်း အဆင့် ဖြစ်နေသောကြောင့်ပင်။ အထူးသဖြင့် သူ့မိသားစု၏ လျှို့ဝှက်နည်းစနစ် ဖြစ်သော “တစ္ဆေရှာဖွေခြင်း နည်းစနစ်” ကြောင့်လည်း ဖြစ်သည်။
သည်နည်းစနစ်က မတူညီသော အရပ်မျက်နှာ များသို့ ကိုယ်ပွားများစွာ အသုံးပြု၍ သွားခြင်း ဖြစ်သည်။
သည်လူက သူ့အောက်မှာ ရှိနေသော အပင်များကို ကြည့်လိုက်သည်။ အပင်အားလုံးက မည်သည့် လှုပ်ရှားမှုမှ မရှိတော့ချေ။ အကြောင်းမှာ သူအောက်သို့ ဆင်းသက်လိုက် ကတည်းက သေဆုံးသွား သောကြောင့်ပင်။
သူက ပျက်စီးနေသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ကြည့်လိုက်သည်။ သည်အစီအရင်က လုံးဝပျက်စီးနေပြီး ပြန်ပြုပြင်ရန် မဖြစ်နိုင်တော့ပေ။
လူငယ်က တိတ်တဆိတ် သက်ပြင်းချပြီး သူ့ကိုယ်သူ ပြောလိုက်သည်။
“ငါ့အခုလက်ရှိ ကျင့်ကြံမှုအဆင့်က မတည်မငြိမ် ဖြစ်နေတယ်။ ငါနေတဲ့အိမ်ကို မပြန်နိုင်ဘူးဆိုရင် ငါ့ကျင့်ကြံမှု အဆင့်က ပိုကျလာလိမ့်မယ် … ”
ထို့နောက် လူငယ်က မျက်မှောင်ကြုတ်၍ ပျောက်ကွယ်သွား တော့သည်။
ကွမ်း ကုန်းမြေက ဟသင်္သာပြဒါး ဂြိုဟ်၏ အဓိက ကုန်းမြေကြီး ခြောက်ခုထဲက တစ်ခုဖြစ်သည်။
ကွမ်း ကုန်းမြေတွင် မရေမတွက် နိုင်သော ကျင့်ကြံမှုနိုင်ငံများ ရှိသော်လည်း အများစုမှာ အဆင့် (၁)နှင့် (၂) နိုင်ငံများ ဖြစ်ကြပြီး၊ အချို့မှာ အဆင့် (၃) နိုင်ငံများ ဖြစ်ကြ၍ အဆင့် (၄)နိုင်ငံက နည်းပါးစွာသာ ရှိသည်။ အကြောင်းမှာ သည်ကုန်းမြေ၏ အရင်းအမြစ်များက အလွန်ရှားပါး သောကြောင့် ဖြစ်သည်။
ကွမ်းကုန်းမြေနှင့် နတ်ဆိုးပင်လယ် နယ်စပ်တွင် သေးငယ်သော မြို့လေးတစ်မြို့ ရှိလေသည်။ သည်မြို့တွင် စွမ်းအား အကောင်းဆုံးက အမြုတေ ဖွဲ့တည်ခြင်း အဆင့်တွင်သာ ရှိ၏။ သို့သော် သည်မြို့လေးတွင် ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိလို့နေ၏။
သည်အစီအရင်က ဖျတ်ခနဲ လင်းလာခဲ့ပြီး ဝမ်လင်းလည်း ထွက်ပေါ်လို့ လာ၏။
သူက ထွက်ပေါ်လာသည်နှင့် နတ်ဘုရား အာရုံဖြင့် တစ်မြို့လုံးကို စစ်ဆေး လိုက်သည်။ သည်အခိုက်တွင် မြို့ရှိလူအားလုံးက တုန်ရီမှုကို ခံစားလိုက်ရ၏။ သို့သော် သည်ခံစားချက်က လျင်မြန်စွာ ပြန်ပျောက်ကွယ် သွားသည်။
ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို ပြန်ရုပ်သိမ်းပြီး ပျောက်ကွယ်သွား၏။ သူက သူ့စိတ်ထဲရှိ မြေပုံအတွင်း ရွေ့လျားလို့ နေသည်။ မြို့မှ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသော နေရာတစ်ခုသို့ ရောက်လာသည့်အခါ သူက သိုလှောင်အိတ်ထဲမှ ခြင်သားရဲကို ထုတ်ယူ လိုက်သည်။
ဝမ်လင်းက ၎င်းသားရဲအပေါ်သို့ ခုန်တက်လိုက်၏။ သူက ခြင်သားရဲကို မက်ဆေ့တစ်ခု ပို့လွတ်လိုက်ရာ ၎င်းသားရဲက အော်ဟစ်၍ တစ်ဟုန်ထိုး ပျံသန်းလေ တော့သည်။
ဝမ်လင်းက ရပ်တန့်ခြင်း မရှိဘဲ ခြင်သားရဲနှင့်အတူ လျင်မြန်စွာ ဆက်၍ ပျံသန်းလျက် ရှိသည်။ ဆယ်ရက် ကြာပြီးနောက် သူက မရေမတွက် နိုင်သော အဆင့်(၁)၊ (၂) နိုင်ငံများကို ကျော်ဖြတ်လာခဲ့ပြီး နောက်ဆုံး သူ့ပန်းတိုင်သို့ ရောက်လာခဲ့ တော့သည်။ ထိုနေရာမှာ ဒုတိယ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ရှိသောနေရာ ဖြစ်သည်။
သည်အစီအရင်ကို ဖြတ်၍ သူက ကျောက်နိုင်ငံနှင့် ပို၍ နီးကပ်စွာ ရောက်လာနိုင်မည် ဖြစ်သည်။ ဝမ်လင်းက အစီအရင် နေရာသို့ မရောင်ခင် ကီလိုမီတာ (၁၀၀၀) ခန့်တွင် ရပ်တန့်လိုက်သည်။ သူက မျက်မှောင်ကြုတ် လိုက်မိ၏။
မြေပုံအရဆိုလျင် သည်အစီအရင်က တောင်ပေါ်တစ်ခုမှာ ဖြစ်သည်။ သို့သော် ဝမ်လင်းက သည်ဧရိယာတွင် အဆောက်အဦ များစွာ ရှိကြောင်း အာရံခံမိသည်။ သည်ဧရိယာတွင် စိတ်ဝိညာဉ် စွမ်းအင်များလည်း ပြည့်နေပြီး ကျင့်ကြံမှု နေရာတစ်ခု ဖြစ်လို့နေ၏။
ဝမ်လင်းက ခြင်သားရဲကို စီးနင်းရင်း ရှေ့သို့ ဆက်တိုးလာ ခဲ့ပြန်သည်။ သူက ကီလိုမီတာ (၁၀၀)ခန့် ရောက်သည့်အခါ အဖြူရောင် အလင်းတန်းက ကလန်မှ ထွက်ပေါ်လာ ခဲ့သည်။ သည်အလင်းက သူကလန်ထဲသို့ ဝင်ရောက်မည်ကို တားဆီးထား လေ၏။
ဝမ်လင်းက ဘာမျှလုပ်စရာ မလိုဘဲ ခြင်သားရဲက အော်ဟောက်လိုက်ပြီး ခြင်နှာမောင်းနှင့် အလင်းကို ထိုးစိုက် လိုက်သည်။ ထို့နောက်သည် အလင်းက ကွဲကြေပျက်စီး သွားရတော့သည်။
ထို့ကြောင့် ကလန်၏ တံခါးပိတ် လေ့ကျင့်နေသော အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူ အချို့က ရုတ်တရက် လျင်မြန်စွာ ထွက်လာ ခဲ့ကြသည်။ သူတို့က ဝမ်လင်းနှင့် ခြင်သားရဲကို ကြည့်၍ ကြောင်ငေးမှက်တက် မိသွားကြသည်။
ဝမ်လင်း ရောက်လာသည်နှင့် တစ်ပြိုင်နက် အမြုတေ ဖွဲ့တည်ခြင်း သုံးယောက်က လေးစားစွာ ပြောလိုက်သည်။
“စီနီယာကို ကြိုဆိုပါတယ် … ”
ဝမ်လင်းက မည်သည့် စိတ်ဝိညာဉ် စွမ်းအင်မှ ထုတ်ဖော်ထားခြင်း မရှိသော်လည်း သူတို့သုံးယောက်က သူ့ထံမှဖိအားကို ကြီးစွာ ခံစားနေရပြီး နှလုံးတုန်အောင် ထိန့်လန့်နေမိ ကြသည်။
အမြုတေ ဖွဲ့တည်ခြင်း သုံးယောက်ထဲတွင် ယောက်ျား နှစ်ယောက်နှင့် မိန်းမတစ်ယောက် ပါဝင်လေသည်။ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်က ငယ်ရွယ်လှ သေးသည်။ အထူးသဖြင့် အမျိုးသမီး ကျင့်ကြံသူက လှပ၍ ကျက်သရေ ရှိလှ၏။
သို့ရာတွင် ကျင့်ကြံသူ တစ်ယောက်ကို သူ့ပုံပန်း သွင်ပြင်နှင့် ဆုံးဖြတ်၍ မရချေ။ ဝမ်လင်းကို ကြည့်လိုက်ပါ။ သူက လူငယ်တစ်ယောက်နှင့် တူသော်လည်း အမှန်တော့ သူ့အသက်က နှစ်လေးရာ ကျော်နေပြီ ဖြစ်၏။
ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။
“ဒီကလန် နာမည်က ဘာလဲ … ”
သုံးယောက်ထဲမှ အသက်ကြီးကြီး တစ်ယောက် လေးစားစွာ ဖြေလိုက်သည်။
“စီနီယာ ဒါက ဇီယွမ် ကလန်လို့ ခေါ်ပါတယ်။ စီနီယာ လိုအပ်တာရှိရင် ကျွန်တော်တို့ အစွမ်းကုန် ကူညီပေးပါ့မယ် … ”
ဝမ်လင်းက ထိုလူကို တည်ငြိမ်စွာ မေးလိုက်သည်။
“ဒီနေရာမှာ အသုံးပြုလို့ ရသေးတဲ့ တည်နေရာ အစီအရင်တစ်ခု ရှိနေသေးလား … ”
သည်အခါ လှပသော အမျိုးသမီး ကျင့်ကြံသူလေးက ကြားဖြတ်၍ ဖြေလိုက်သည်။
“စီနီယာ … တောင်ပေါ်မှာ အဲ့လိုအစီအရင်တစ်ခု ရှိပါတယ် … ”
ဝမ်လင်း အကြည့်က သည်အမျိုးသမီး ပေါ်သို့ ရောက်သွားသည်။ သူမက လီမူဝမ်နှင့် မယှဉ်သာ သော်လည်း အတော်လေး လှပပါသည်။
ဝမ်လင်း အကြည့်ကို တွေ့လိုက်သည့်အခါ သူမ မျက်နှာလေးက အနည်းငယ် နီမြန်းသွားသည်။ သူမက ပြောလိုက်၏။
“စီနီယာ … ဒီအစီအရင်က တောင်ပေါ်မှာပါ။ ဂျူနီယာ အဲဒီနေရာကို သိပါတယ် … ”
“လမ်းပြပါ … ”
ဝမ်လင်းက တောင်ထိပ်သို့ ပျံသန်းသွား လိုက်သည်။
အမျိုးသမီးကလည်း နောက်မှ လျင်မြန်စွာ လိုက်သွား လိုက်သည်။ အခြား အမြုတေ ဖွဲ့တည်ခြင်း နှစ်ယောက်ကလည်း နောက်မှ လိုက်သွား လိုက်သည်။
အမျိုးသမီး၏ လမ်းညွှန်မှု အောက်တွင် သူတို့က တောင်ထိပ်သို့ ရောက်လာခဲ့သည်။ ထိုတောင်ထိပ်တွင် ထောင့်များတွင် ခေါင်းလောင်းလေးများ ချိတ်ဆွဲထားသော အဆောက်အဦ တစ်ခုရှိနေသည်။ သည်ခေါင်းလောင်း လေးများထံမှ သာယာလှပသော အသံလေးများ ထွက်ပေါ်လို့နေ၏။
အမျိုးသမီး ကျင့်ကြံသူ၏ မျက်နှာက ပို၍ နီမြန်းသွားပြီး သူမက ပြောလိုက်၏။
“စီနီယာ … ဒါက ဂျူနီယာအိမ်ပါ။ စီနီယာက ဘာလို့ တည်နေရာ အစီအရင်ကို ရှာလဲဆိုတာ မသိပါဘူး။ ဂျူနီယာက ကံကောင်းမှုကြောင့် လျှို့ဝှက်လမ်းကြောင်း တစ်ခုကို တွေ့ခဲ့ပါတယ်။ ဒီအဆောက်အဦ အောက်မှာတော့ တည်နေရာ အစီအရင်တစ်ခု ရှိပါတယ် … ”
ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်သည်။ သူကသည် ဧရိယာကို နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ခဲ့ သော်လည်း ဘာမျှရှာတွေ့ခဲ့ခြင်း မရှိပေ။
အခု ပို၍နီးကပ် လာသည့်အခါ ထပ်စစ်ကြည့် လိုက်ရာ မြေအောက်မှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအင် အတက်အကျ တစ်ခုကို ရှာတွေ့လိုက်၏။ တစ်စုံတစ်ယောက် သည်အစီအရင်ကို ဖုံးကွယ် ထားသည်မှာ ရှင်းလင်း ပေသည်။ သူက အလွန်တုန်လှုပ် သွား၏။ မြေပုံအရ သည်နိုင်ငံက အဆင့်နှစ် နိုင်ငံတစ်ခုသာ ဖြစ်ပြီး အခုတော့ သူ့နတ်ဘုရား အာရုံကိုပင် အရူးလုပ် နိုင်ခဲ့သော နည်းစနစ်တစ်ခု ရှိလို့နေ၏။
အမျိုးသမီး ကျင့်ကြံသူ၏ လမ်းညွှန်မှုဖြင့် သူတို့က အိမ်ထဲသို့ ဝင်လာခဲ့၏။ သူတို့ ဝင်လာသည်နှင့် မွှေးရနံ့တစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရသည်။ သည်အခန်းက သန့်ရှင်း သပ်ရပ်၍ မိန်းမဆန်လှ ပေသည်။
ဝမ်လင်းက အခန်းထဲသို့ ဝှေ့ကြည့်လိုက်သည်။ သူ့အကြည့်က မျက်နှာပြင် တစ်ခုပေါ်သို့ ကျရောက်သွားသည်။ သို့သော် သူက သူ့အကြည့်ကို အလျင်အမြန် ပြန်ရုပ်သိမ်း လိုက်၏။
အမျိုးသမီး ကျင့်ကြံသူ၏ မျက်နှာက ပို၍ နီရဲလာခဲ့သည်။ သူက သူ့စီနီယာအစ်ကို နှစ်ယောက် အထဲသို့ မဝင်လာခင် ဝမ်လင်း ကြည့်လိုက်သော နေရာကို တံခါးဖြင့် ကွယ်ထားလိုက်၏။ သည်နေရာက သူမ၏ အောက်ခံဘောင်းဘီ ဝတ်စုံ ချိတ်ထားသော နေရာတစ်ခု ဖြစ်လို့နေသည်။ သူမက ခေါင်းငုံ့လိုက်ပြီး မျက်နှာ နီးမြန်းနေကာ ဝမ်လင်းကို မကြည့်ဝံ့တော့ချေ။
ဝမ်လင်းက သူဘာမျှ မမြင်လိုက်သယောင် ဆောင်လိုက်၏။ အမျိုးသမီး ကျင့်ကြံသူ၏ ဉီးဆောင်မှုဖြင့် သူတို့က အစီအရင်သို့ လမ်းလျှောက် လာခဲ့သည်။ သူက တည်ငြိမ် နေသော်လည်း သတိအနေထား ရှိနေသည်။ တစ်ခုခု မှားသွားလျှင် သူက ချက်ချင်း တုံ့ပြန်ရန်အသင့် ရှိနေ၏။
အဆောက်အဦ အောက်တွင် ဝမ်လင်းက ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို မြင်လိုက်ရသည်။ သည်အစီအရင်က အသုံးပြုလို့ ရနေတုန်းပင်။
သူက အဆင့်နိမ့်သားရဲ နှစ်ကောင်၏ အမြုတေကို ထုတ်ယူလိုက်ပြီး အမျိုးသမီး ကျင့်ကြံသူကို ပေးလိုက်၏။ သူက ပြောလိုက်သည်။
“ဒါတွေကို သန့်စင်လိုက်ပါ။ မင်းကျင့်ကြံမှု အဆင့်ကို တိုးတက်အောင် ကူညီပေးလိမ့်မယ်…”
အမျိုးသမီး ကျင့်ကြံသူက အမြုတေကို ကြည့်၍ တုန်လှုပ်သွား မိသည်။ သူမက ထိုအရာနှစ်ခုထံမှ လှိုင်တက်နေသော စိတ်ဝိညာဉ် စွမ်းအင်အချို့ကို ခံစားမိနေ၏။ သူမက ထိုအမြုတေ နှစ်ခုကို သန့်စင်နိုင်မည် ဆိုပါက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်သို့ပင် ရောက်ရှိနိုင် လောက်ပေသည်။
သူမက အမြုတေနှစ်ခုကို ဂရုတစိုက် လက်ခံလိုက်ပြီး သိုလှောင်အိတ် ထဲတွင် သိမ်းထား လိုက်သည်။ အခြားအမြုတေ ဖွဲ့တည်ခြင်း နှစ်ယောက်တော့ မနာလိုစွာ ကြည့်နေရုံမှ တစ်ပါး ဘာမျှ မတက်နိုင်ခဲ့ပေ။
ဝမ်လင်းက အစီအရင်ထံသို့ လျှောက်သွား လိုက်သည်။ သူက လက်ဟန်တစ်ခု ဖန်တီးလိုက်ရာ အပြင်မှ မမြင်နိုင်အောင် မြူများပိတ်ဆို့ သွား၏။ ထို့နောက် သူက ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးကို ထုတ်ယူလိုက်ပြီး အစီအရင် အပေါက်ထဲသို့ ထည့်လိုက်သည်။
အစီအရင်က တစ်ချက် လင်းလက်သွားပြီး ဝမ်လင်းကလည်း ပျောက်ကွယ်လို့ သွားလေသည်။
ကျောက်နိုင်ငံသည် ကွမ်းကုန်းမြေ၏ အစွန်းဆုံးပိုင်းတွင် ရှိလေသည်။ တကယ်တော့ ကျောက်နိုင်ငံက ဟိုဖန်နိုင်ငံ တစ်ဝက်လောက်သာ ရှိပေသည်။
အခုချိန်တွင် ကျောက်နိင်ငံ၏ နံပါတ်တစ် ကလန်မှာ ရွှမ်တောက်ကလန် ဖြစ်သည်။ အကြောင်းမှာ ၎င်းကလန်၏ ဘိုးဘေး ဖန်နန်စီကြောင့် ဖြစ်သည်။ သူက လွန်ခဲ့သောနှစ် များစွာကတည်းက စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေခဲ့သူ ဖြစ်သည်။ နှစ်ပေါင်း လေးရာအတွင်း သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ မရောက်ရှိ ခဲ့သော်လည်း သူ့ ကျင့်ကြံမှုအဆင့် ကတော့ အခြား စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်များထက် သာလွန်နေ ခဲ့သည်။
ရွမ်တောက် ကလန်က ပထမတန်စား ကလန် ဖြစ်လာပြီးနောက် အတိတ်တုန်းက ပထမတန်းစား ကလန် ဖြစ်ခဲ့သော သိမ့်မွေ့ခြင်း ကလန်၊ နာဗားနား ကလန်နှင့် ယွမ်ခိုင် ကလန်လို ကလန်များက ဒုတိယအဆင့်သို့ ကျရောက်သွား ကြတော့သည်။ သည့်အဖြစ်များက ဖူစီနန်၏ တည်ရှိမှုကြောင့်ပင်။
နတ်ဆိုးကလန်၊ ကောင်းကင်လမ်း ကလန်၊ ဟီဟန်ကလန်နှင့် ဝူဖန်ကလန်တို့က ထိုကလန်များနှင့် ယှဉ်လျှင် အခြေအနေ ကောင်းသေး၏။ သူတို့က ဖူနန်စီနှင့် မယှဉ်နိုင် သော်လည်း အခြားကလန် များထက်တော့ သာနေသေး၏။
အခုလက်ရှိ ကျောက်နိုင်ငံသည် ဇူနန်စီ၏ ထိန်းချုပ်မှု အောက်တွင် လုံးလုံလျာလျာ ရှိနေခဲ့သည်။ ဖူနန်စီသာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သွာခဲ့မည် ဆိုပါက ကျောက်နိုင်ငံသည် အဆင့်လေးနိုင်ငံ ဖြစ်လာလိမ့်မည် ဖြစ်၏။
***