Switch Mode

အပိုင်း (၂၇၁)

ရပ်လိုက်စမ်း (၂)

သူက ပြန်လည် ပြုပြင်နေသည့် အချိန်အတွင်း အတားအဆီး အလံကို အသက်ဝင် စေထားသည်။ သည်နည်းလမ်း ကသာ သူ့ကို အနီရောင် အပင်များ၏ အန္တရာယ်မှ ကာကွယ်ပေး ပေလိမ့်မည်။ သုံးရက်တာ ဂရုတစိုက် ပြုပြင်ပြီးနောက် ဝမ်လင်းက တည်နေရာ ရွှေပြောင်းခြင်း အစီအရင်ကို ပြန်ပြုပြင်ပြီး ဖြစ်သည်။

သုံးရက်အတွင်း ဝမ်လင်းက သူ့စွမ်းအင် အကုန်လုံးကို အစီအရင် ပြန်ပြုပြင်ရာတွင် အသုံးပြုခဲ့သည်။ သူက ထိုသို့ ပြုလုပ်ပြီးနောက် ခြေထောက် ချိတ်ထိုင်၍ ကုန်ဆုံးသွားသော စိတ်ဝိညာဉ် စွမ်းအင်များကို ပြန်လည် ပြည့်ဖြိုးအောင် ပြုလုပ်လိုက်၏။ သူက လုံးဝ ပြန်ကောင်း ပြီးနောက် ထိပ်တန်း အရည်အသွေး ရှိသည့် စိတ်ဝိညာဉ် ကျောက်တုံးကို အစီအရင်ထဲသို့ ထည့်လိုက်သည်။

အချိန်အတော် ကြာပြီးနောက် မည်သည့် တုံ့ပြန်မှုမှ ရှိမလာသေးချေ။ ဝမ်လင်းက နောက်ထပ် အလားတူ ကျောက်တုံးတစ်ခုကို ထပ်ထည့် လိုက်ပြန်သည်။ သို့ရာတွင် မည်သည့် တုံ့ပြန်မှုမှ ထပ်မပြပေ။

ဝမ်လင်း စိတ်ထဲတွင် တုန်လှုပ်လို့ လာခဲ့၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် အစီအရင် အပေါက်ထဲသို့ သူ့လက်ကို ထည့်လိုက်သည်။ သူက အံကြိတ်၍ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအင်များကို ရှေးဟောင်း အစီအရင်ထဲသို့ ပို့လွှတ်လိုက်သည်။ သူ့စိတ်ဝိညာဉ် စွမ်းအင်များက အစီအရင်ထဲသို့ ဝင်ရောက် သွားသည်နှင့် တဖြည်းဖြည်း အသက်ဝင် လာခဲ့သည်။

အချိန်တို အတွင်းတွင် ဝမ်လင်း ကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက ကုန်ဆုံးလို့နီး ဖြစ်လာပြီဟု စတင်ခံစား လာရသည်။ သူက ကျောက်စိမ်းပုလင်း ထဲက စိတ်ဝိညာဉ် အရည်များကို ပါးစပ်အပြည့် သောက်ချလိုက်သည်။

အချိန်အတော် ကြာပြီးနောက် ဝမ်လင်းက သူ့စိတ်ဝိညာဉ် စွမ်းအင်များကို ပြန်ရုပ်သိမ်း လိုက်ပြီး စတင်လေ့ကျင့် လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအင်များက ပြန်လည် ပြည့်ဝလာ ပြီးနောက် သူက အစီအရင်၏ မြောက်ဘက် အစွန်းဆုံးသို့ လျှောက်သွား လိုက်သည်။

ဝမ်လင်းက စိတ်ဝိညာဉ် စွမ်းအင်များကို အစီအရင်ထဲသို့ ပို့လွှတ်လိုက် ပြီးနောက် သူက ထပ်မံကျင့်ကြံရန် မကြိုးစားတော့ပေ။ သို့သော် အစီအရင်နှင့် ပတ်သက်ပြီး မှားနေသည့် တစ်ခုခုကို စစ်ဆေးလို့နေ၏။ စိတ်ဝိညာဉ် စွမ်းအင်များက မြောက်ဘက်ထောင့်သို့ ရောက်သွားသည့် အခါ သူက စိတ်ဝိညာဉ် စွမ်းအင်များက ထိုနေရာတွင် ပျောက်ရှသွားသည်ကို ခံစားလိုက်ရသည်။ သူက ပြဿနာကို နားလည်သွား ခဲ့တော့သည်။

သူက အစီအရင်၏ အစိတ်အပိုင်း တစ်ခုကို ယူလိုက်ပြီး လေထဲသို့ ခုန်တက်လိုက်၏။ အနီးအနားတွင် ရှိသော အစီအရင် များမှလည်း အစိတ်အပိုင်း အချို့ကို ဝမ်လင်းက ယူဆောင်ပြီး ဖြစ်သည်။

ဝမ်လင်းက လွန်ခဲ့သော (၈)ရက်ခန့်က တွေ့ခဲ့သော အစီအရင်ထံသို့ ပြန်သွားလိုက်သည်။ လေးရက် ကြာပြီးနောက် သူက အစောပိုင်းက အစိတ်အပိုင်း တချို့ ယူခဲ့ပြီးဖြစ်သော အစီအရင်ကို ပြန်၍ ဖြတ်ကျော်လာသည်။ သူက ၎င်းအစီအရင်ကို များစွာ အာရုံစိုက်ခြင်း မရှိပေ။သို့သော် သူက ဆက်၍ ထွက်ခွာ သွားမလိုလုပ်စဉ် ဒီအစီအရင်က ရုတ်တရက် တောက်ပသွားသည်။ ဝမ်လင်းက ရပ်၍ အစီအရင်ကို ကြည့်လိုက်သည်။ သို့ရာတွင် အစီအရင်က များစွာပျက်စီးပြီး ဖြစ်နေသည့် အတွက် အလင်းရောင်က ပြန်၍ ပျောက်ကွယ် သွားပြန်သည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်းခြင်း မရှိဘဲ အလင်းပျောက်ကွယ် သွားသည့်အထိ ကြည့်နေလိုက်သည်။ သည်တည်နေရာ ရွှေပြောင်းခြင်း အစီအရင်က တောက်ပလာသည့် အကြောင်းရင်းမှာ တစ်ယောက်ယောက်က တည်နေရာ ရွှေ့ပြောင်းပြီး သည်နေရာကို လာရောက်ရန် ဆောင်ရွက် နေသောကြောင့်ပင်။

အန္တရာယ် အငွေ့အသက်က ဝမ်လင်း စိတ်ထဲတွင် သာ၍ အားကောင်း လာသည်။ သူက အသက်ခပ်ဝဝ ရှူလိုက်ပြီး ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။ သူက စိတ်ထဲတွင် တစ်ခုခုဖြစ်လာမည်ကို သိသော်လည်း သည်ဖြစ်လာမည့် အရာက သူ့အတွက် အရေးမကြီး သေးပေ။ အကြောင်းမှာ သူက သည်အရာကို ရပ်တန့်နိုင်မည် မဟုတ်သော ကြောင့်ပင်။ အခုသူ့စိတ်ထဲရှိ အတွေးက သူအသုံးပြုရန် ရည်ရွယ်ထားသော အစီအရင်ကို ပြန်ပြုနိုင်ဖို့ အတွက် အခြား အစီအရင်များ၏ အစိတ်အပိုင်းများကို ရှာဖွေရန်သာ ဖြစ်သည်။

သူက အမြန်ဆုံးနှုန်းနှင့် အစီအရင်ထံသို့ ပျံသန်းသွား နေသည်။

(၈)ရက်မြောက်နေ့မှာ သူက မြေပုံမှာ ပြထားသော ရှေးဟောင်း အစီအရင်ဆီသို့ ရောက်လာခဲ့သည်။ သည်အစီအရင်က အကောင်တိုင်း ရှိနေသေးသည်။

သူက တုံ့ဆိုင်းခြင်း မရှိပေ။ သို့သော် သူက အစီအရင်ထံမှ အစိတ်အပိုင်း အချို့ကို ယူဆောင်ပြီးပြီးချင်း ၎င်းက လက်ခနဲ အရောင်တောက် သွား၏။ အလင်းတိုင်များက ကောင်းကင်သို့ ထိုးတက်လာခဲ့ပြီး မှိန်ဖျော့ဖျော့ လူရိပ်အချို့က အစီအရင်ထဲမှ ထွက်ပေါ်လာ ခဲ့တော့သည်။ သည်လူရိပ်များ ထံမှလည်း သတ်ဖြတ် လိုမှုဆန္ဒက ပြင်းထန်စွာ ထွက်ပေါ်လျက် ရှိသည်။ သည်လူရိပ်များက တဖြည်းဖြည်း ထင်ရှားလို့ လာခဲ့၏။

ရှေးဟောင်း အစီအရင်က တောက်ပ သွားသည်နှင့် ဝမ်လင်းက မြောက်ဘက် ထောင့်စွန်းရှိ အစိတ်အပိုင်း တချို့ကို စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြု၍ ဖယ်ရှားယူဆောင် လိုက်သည်။

ထိုခဏတွင် လူရိပ်ထဲမှ တစ်ယောက်၏ ဒေါသတကြီး အသံတစ်သံကို ကြားလိုက်ရသည်။

“ရပ်လိုက်စမ်း … ”

ဝမ်လင်းက ရပ်တန့်ခြင်း မရှိဘဲ အစီအရင် အစိတ်အပိုင်းကို ယူ၍ ပိုမိုလျင်မြန်စွာ အားစိုက်ပြေး လေသည်။ ထို့နောက် သူက နောက်လှည့် ကြည့်လိုက်ရာ အလင်းကြားထဲမှ ထွက်လာသော ပုံရိပ်များကို တွေ့လိုက်ရသည်။ သူသာ ရပ်တန့်လိုက်မည် ဆိုပါက ထိုခဏတွင်ပင် သည်လူများက သူ့ကို သတ်ပစ်လိုက် ပေမည်။ သည်လူစုက နတ်ဆိုး ပင်လယ်ကို ကျူးကျော်ရန် ကြိုးစားလာသည့် အတွက် ထိုအုပ်စုထဲတွင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ပင် ပါဝင်နိုင် လေသည်။

သည်အခိုက်တွင် နတ်ဆိုးပင်လယ်ရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် အကုန်လုံးနီးပါးက ချက်ချင်း တောက်ပလာခဲ့၏။ ရှေးဟောင်း အစီအရင် အကုန်လုံးကို အနက်ရောင် ဝတ်ရုံနှင့်လူများ စောင့်ကြပ်နေခြင်း မဟုတ်ဘဲ အရေးကြီးသော နေရာ အနည်းငယ်ကိုသာ စောင့်ကြပ် နေကြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဝမ်လင်းက အစောပိုင်းတုန်းက အနက်ရောင် ဝတ်ရုံတစ်ယောက်နှင့် တွေ့ဆုံ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်၏။ သို့သော် ဝမ်လင်းက သူ့ကို သတ်ဖြတ် နိုင်ခဲ့ပေ၏။ သည်လူများက နတ်ဆိုးပင်လယ်ကို ရောက်လာသည်နှင့် မွန်းစတား ဆန်သော အသတ်အဖြတ် ဆန္ဒများ ချက်ချင်း ထုတ်လွှတ်လာရခြင်း ဖြစ်သည်။

နတ်ဆိုးပင်လယ်က ဆူပွက်နေသော ရေနွေးအိုး တစ်လုံးအလား ပေါက်ကွဲမလို ဖြစ်လာသည်။ နိုင်ငံလေးခုက နတ်ဆိုးပင်လယ်ကို တိုက်ခိုက် ကျူးကျော်ရန် ‌စုစည်းခဲ့ပေသည်။ ၎င်းနိင်ငံမှားက ကျင့်ကြံသူ ထောင်ပေါင်းများစွာကို ရှေးဟောင်း တည်နေရာ ရွှေပြောင်းခြင်း အစီအရင် များမှ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ ကြီးမားသော တိုက်ပွဲက နတ်ဆိုးပင်လယ်တွင် စတင်ဖြစ်ပွား လာတော့မည် ဖြစ်သည်။

နတ်ဆိုးပင်လယ် ထဲရှိ မြို့ပေါင်း (၉၉၉)မြို့က သွှေးလွှမ်းလာ ပေတော့မည်။

ဝမ်လင်းက ရှေးဟောင်း အစီအရင်တစ်ခုကို လုံးဝ ကောင်းမွန်အောင် ပြန်ပြုပြင် ထားပြီး အနက်ရောင် ဝတ်ရုံနှင့်လူကြီးက စောင့်ကြည့်နေ ကတည်းက အခုလိုမျိုး ဖြစ်လာမည် တော့ကို ကြိုခန့်မှန်း ခဲ့မိသည်။ သူက အစီအရင်ထဲမှ လူပုံရိပ်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် ပို၍ သေချာသွား တော့သည်။

ဝမ်လင်းက နတ်ဆိုးပင်လယ်မှ မြန်ဆန်စွာ ထွက်ခွာရန် စိတ်စောလာ ခဲ့သည်။ သူက သူ့အသုံးပြုရန် လိုအပ်သည့် အစီအရင်ကို ပြန်ပြုရန် လိုအပ်သော အစိတ်အပိုင်းများကို ယူ၍ လျင်မြန်စွာ ပျံသန်းလို့နေသည်။

ရက်အနည်းငယ် ကြာသောအခါ ဝမ်လင်းက အစီအရင်သို့ ပြန်ရောက် လာခဲ့ပြီး မြောက်ဘက် အစွန်းပိုင်းတွင် လိုအပ်သော အစိတ်အပိုင်းများကို ထားလိုက်၏။ သည့်နောက် အစီအရင် အပေါက်ထဲသို့ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးကို ထားလိုက်သည်။

ထိုအခါ အလင်းအဝိုင်း တစ်ခု ပေါ်လာခဲ့၏။ အစီအရင် ပွင့်သွားသည့်အခိုက် ဝမ်လင်း အတားအဆီး အလံကို ထုတ်ဖော်၍ သည်ဧရိယာမှာ ရှိနေသည့် အပင်များကို ပေါက်ကွဲစေ လိုက်သည်။ ထိုအခါ အပင်မှ ထွက်လာသော အနီရောင် အရည်များက ဝန်းကျင် တစ်ခုလုံးကို ဖုံးကွယ် သွားတော့သည်။

တည်နေရာ အစီအရင်က လုံးဝ ပွင့်သွားပြီးနောက် ဝမ်လင်း ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား ခဲ့တော့သည်။ သူက ထိုသို့ ပျောက်ကွယ် နေစဉ်မှာ အတားအဆီး အလံကို လက်ဟန်တချို့ ပြုလုပ်၍ ပြန်သိမ်း သွားလိုက်၏။

သူပျောက်ကွယ် သွားပြီးနောက် အနီရောင် အရည်များက အစီအရင်ကို ဖုံးလွှမ်းသွားပြီး ဒါဇင်ခန့်မြင့်သော အပင်များက ပြန်ကြီးထွား ပေါက်ဖွား လာပြန်သည်။ အပင်များစွာ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် အက်ကွဲသံများ နှင့်အတူ တည်နေရာ အစီအရင်က ပျက်စီးသွားပြီး ထိုအက်ကွဲရာများ ထဲတွင်ပင် အပင်များက ပေါက်ဖွားလို့ လာခဲ့ကြသည်။

အခုချိန်တွင် မြေပုံနှင့် ဆိုလျှင်တောင် သည်နေရာက ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိနေသည်လို့ ပြောရန် ခက်ခဲသွားပြီ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset