အန္တရာယ်ရှိသော အငွေ့အသက်များက မြေကြီးထဲမှ ထွက်လာခဲ့ပြီး အပင်များကလည်း အနက်ရောင် အရည်များကြောင့် ပြန်ပေါက်လာ ကြသည်။ သည်အခါတွင် အပင်များက ပို၍ ကြီးမားလာသလို အရောင်လည်း စုံလာ၏။
ဝမ်လင်းက စိတ်ထဲ၌ တုန်လှုပ်သွား၏။ သူက လက်ယမ်းလိုက်ရာ ဓားပျံက သူ့ထံ ပြန်လာခဲ့၏။ သို့ရာတွင် ဓားပျံက အလွန် ဖျော့တော့လို့နေပြီ ဖြစ်သည်။
ဝမ်လင်းက လက်ဟန်တချို့ ဖန်တီးလိုက်သည်။ ရုတ်တရက် ဓားပျံဝန်းကျင်တွင် လေကြမ်းတစ်ခု ဝန်းရံသွားပြီး ၎င်းပေါ်တွင် တင်နေသော အနက်ရောင် အရည်များကို ဖယ်ရှားပေး လိုက်၏။ အနက်ရောင် အရည်များ ဖယ်ရှားပြီးသည့် အခါ ဓားက သူ့မူလ အခြေအနေသို့ ပြန်ရောက်သွားသည်။
ခဏတာ ကြည့်ရှုလိုက် ပြီးနောက် ဝမ်လင်းက ဓားပျံကို ပြန်သိမ်းလိုက်သည်။ သူက အဆုံးမဲ့သော အပင် ပင်လယ်ကြီးကို ကြည့်၍ သိုလှောင်အိတ်ထဲက အတားအဆီး အလံကို ထုတ်ယူ လိုက်တော့သည်။ သူက လက်ဝှေ့ယမ်း လိုက်ရာ အတားအဆီး အလံက ချက်ချင်း ကြီးမားလာပြီး အောက်ခြေ အပင်ရှိရာ မြေပြင်ကို စတင်ဖုံးလွှမ်းလို့ လာသည်။
အတားအဆီး (၉၉) ခုက နဂါး (၉၉) ကောင် ဖြစ်ပေါ်လာ၏။ နဂါးများက ရှေးဟောင်း အတားအဆီးကို ရူးသွပ်စွာ ဝန်းရံလှည့်ပတ် လာသည်။ အတားအဆီးက နဂါးကို လှည့်ပတ်လာသည့် အချိန်တိုင်း မရေမတွက် နိုင်သော အနီရောင် အပင်များက သေဆုံးကုန်ကြ၏။ အဆုံးမဲ့သော အနီရောင် အရည်များကလည်း ပြန့်ကျဲကုန် ကြလေသည်။
ဝမ်လင်းက ချိပ်ပိတ်လက်ဟန် တချို့ ပြုလုပ်၍ အော်ဟစ်လိုက်သည်။
“ပွင့်လိုက်စမ်း … ”
ရုတ်တရက် အနီရောင် အရည်ပင်လယ်က အလယ်ကနေ ကွဲထွက်လာ၏။ ဧရာမလက်ကြီးက အလယ်မှ ခွဲခြားလိုက် သလိုပင်။ အနီရောင် အရည်များက ဘေးသို့ ကွဲထွက်သွား ပြီးနောက် ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က ပေါ်ထွက်လို့ လာခဲ့သည်။
ဝမ်လင်းက အချိန်ဆွဲခြင်း မရှိဘဲ သူက ခြေချလိုက်သည်။ ထို့နောက် သူကလေထဲသို့ ပြန်တက်သွားပြီး အတားအဆီး အလံကို ပြန်ဖုန်းကွယ် လိုက်၏။
အတားအဆီး အလံက ဝမ်လင်းထံသို့ ပြန်ရောက်လာပြီး အနီရောင် အလင်းက ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို တစ်ဖန် ပြန်ဖုံးလွှမ်းလို့ သွားပြန်သည်။ တဖြည်းဖြည်းဖြင့် အပင်များက ပိုကြီးမားလာပြီး ဧရိယာကို လွှမ်းမိုးလို့ သွားပြန်သည်။
၎င်းအပင်များ၏ အမြင့်က ဆယ်နှစ်ပေသို့ ရောက်လာခဲ့ပြီး အစကထက် သုံးဆပိုရှည် လာသည်။
ဝမ်လင်းက လေထဲတွင် မျောလွင့်လိုက်ပြီး မြေပုံပါသော ကျောက်စိမ်းပြားကို လေးနက်စွာ ကြည့်လိုက်၏။ အချိန်တစ်ခု ကြာသောအခါ သူက စဉ်းစားဟန် အမူအရာနှင့် ပြန်ထွက်ခွာ လိုက်သည်။
ဝမ်လင်းက သည်နေရာကို ရောက်နေခဲ့သည့် တစ်လအတွင်း ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို လေ့လာနေ ခဲ့ပေသည်။
သည်အစီအရင် များက ရှုပ်ထွေးလှ သော်လည်း ဝမ်လင်းက ဝင်္ကပါများ၊ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များနှင့် ပတ်သက်၍ ကောင်းစွာ သိထားလေသည်။
သို့ရာတွင် သူက သိရုံသပ်သပ်နှင့် မည်သို့မျှ မလုပ်နိုင် ဖြစ်နေရသည်။ ဝမ်လင်းကို မြေပုံတွင် ဖော်ပြထားသော နောက်တည်နေရာ အစီအရင်တစ်ခုကို ခုနစ်ရက်ခန့် ရှာဖွေပြီးနောက် ထပ်တွေ့ခဲ့ ပြန်သည်။ သည်ထပ်တွေ့သော နေရာက သားရဲများနှင့် ပြည့်နေလို့နေ၏။ သို့သော် ခြင်သားရဲက သူတို့ကို နောက်ကောက်ချ၍ ပျံသန်းနိုင်စွမ်း ရှိပေသည်။
ဝမ်လင်းက သည်အခု ထပ်တွေ့သော အစီအရင်က အကောင်းအတိုင်း ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အလွန်အံ့အားသင့် သွားသည်။ သူက အချိန်တစ်ခုကြာ လေ့လာပြီးနောက် အစီအရင်၏ အစိတ်အပိုင်း တစ်ခုသို့ အကြည့် ရောက်သွားသည်။
သည်အစိတ်အပိုင်းက အခြားအရာများနှင့် လုံးဝ ခြားနားလှ၏။ ဝမ်လင်းက မှင်တက်သွားသည်။ သူက သည်အစိတ်အပိုင်းမှာ အခြားလူ တစ်ယောက်က ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ပြန်ပြုပြင် ထားသည်ကို သဘောပေါက် လိုက်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက သည်အစီအရင်ကို လူတစ်ယောက်က ဘာကြောင့် ပြန်ပြုပြင်ခဲ့သလဲ ဆိုသည်ကို မသိရှိနိုင် ဖြစ်ရသည်။
“သူ့လိုများ အခြားကုန်းမြေကြီး တစ်ခုကို ကူးပြောင်း သွားချင်သည့် လူမျိုးများ ဖြစ်နေပါ့မလား … ”
အနည်းငယ် ကြာပြီးနောက် ဝမ်လင်းက အစီအရင်၏ အချို့အစိတ်အပိုင်း များကို ဖယ်ရှားလိုက်သည်။
ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်သုံးခုကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုတွေ့ရှိမှုများက သူ့စိတ်ထဲ ခဲဆွဲထားသလို လေးလံမှုကို ခံစားမိစေသည်။ သည်အစီအရင် သုံးခုတွင် နှစ်ခုက အကောင်းတိုင်း ရှိနေပြီး တစ်စုံ တစ်ယောက်၏ ပြန်လည် ပြုပြင်ထားသော လက်ရာကိုလည်း တွေ့နေရ၏။
အစီအရင် တစ်ခုကို ပြန်လည် ပြုပြင်ထားခြင်းက ကြီးမားသော ကိစ္စတော့ မဟုတ်ပေ။ သို့သော် အစီအရင် တစ်ခုထက်ပို၍ ပြန်ပြုပြင် ထားသည့် အဓိပ္ပာယ်ကတော့ တစ်စုတစ်ခု မှားနေသည်ဟု ဆိုလိုနေသည် မဟုတ်လား။
အပင်များနှင့် ဖုံးလွှမ်းနေသော အစီအရင် တစ်ခုသာ ပြန်လည် ပြုပြင်ထားခြင်း မရှိသည်ကို တွေ့ရသည်။ အကြောင်းမှာ အပင်များနှင့် ဖုံးလွှမ်းထားသဖြင့် မှန်ကန်သည့် နေရာကို တည်နေရာ မရွှေ့ပြောင်းနိုင်ခြင်း၊ သို့မဟုတ် သည်အစီအရင်ကို ရှာမတွေ့ခြင်း တို့ကြောင့် ဖြစ်နိုင်လေသည်။
သူက အကောင်းတိုင်း ရှိနေသော အစီအရင်မှ အချို့သော အပိုင်းတွေကို ထုတ်ယူဖျက်ဆီး လိုက်သည်။ ဤသို့ ဖျက်ဆီးလိုက်မှသာ ဝမ်လင်းက သူ့အပေါ် သက်ရောက်နေသော ဖိအားက အနည်းငယ် သက်သာ သွားသလို ခံစားလိုက်ရသည်။
ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များမှ လုံလောက်သော ပစ္စည်းများကို စုဆောင်းပြီးနောက် သူ့ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်လို့ သွားသည်။ သူက ပျောက်ကွယ် သွားပြီးနောက် ဝမ်လင်း ရပ်နေခဲ့သော နေရာတွင် ဓားတစ်ချောင်း လာစိုက်လေ၏။
ဝမ်လင်းအသွင်က မှုန်မှိုင်းသွား၏။ သူက ပျောက်ကွယ် သွားပြီးနောက် လေထဲတွင် ပြန်ပေါ်လာခဲ့သည်။ သူက အကွာအဝေး တစ်ခုတွင် ရှိသော အနက်ရောင် ဝတ်ရုံနှင့်လူကြီးကို စူးစိုက်ကြည့် လိုက်၏။ သူက အမြဲတမ်း နတ်ဘုရားအာရုံကို ဖြန့်ကျက် ထားသော်လည်း သည်လူကို ပေတစ်ရာအတွင်း ရောက်လာသည့် အဖြစ်ကို သတိပြုမိခြင်း မရှိချေ။ ဝမ်လင်း၏ နတ်ဘုရားအာရုံက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်လောက်ကို အစွမ်းထက်နေပြီ ဖြစ်သည်။သာမန် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်က သူသတိမပြုဘဲ အခုလိုမျိုး ဓားဖြင့် တိုက်ခိုက်ခြင်းကို လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သည်လူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်ဆိုလျှင် ပြဿနာ သိပ်မရှိ၊ မထူးဆန်းလှပေ။ သို့သော် ဝမ်လင်းက သည်လူက စဦးစိတ်ဝိညာဉ် အလယ်အဆင့်သာ ရှိသေးကြောင်း သိလိုက်၏။ သည်လူက ဝမ်လင်း၏ နတ်ဘုရားအာရုံမှ လွတ်ရန် အထူးနည်းလမ်း တစ်ခုခု ရှိရပေမည်။
ဝမ်လင်း မျက်လုံးများက သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ထွက်ပေါ် လာခဲ့သည်။ ဝမ်လင်းက သည်လူကို မည်သည့်တန်ကြေး ပေးရပေးရ သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ချက်ချင်း စဦးစိတ်ဝိညာဉ် စွမ်းအင်မည်မျှ ကုန်ကြသည်ကို ဂရုမစိုက်ဘဲ ဂျိနယ်ပယ်ကို အသုံးပြုလိုက်သည်။
သည်အနက်ရောင် ဝတ်ရုံနှင့်လူကြီးက သက်လတ်ပိုင်း အရွယ်ရှိပြီး ပိန်ပိန်ပါးပါး ပုံစံ ဖြစ်သည်။
ဝမ်လင်းက သူ့အလစ်ချောင်း တိုက်ခိုက်မှုကို လွတ်မြောက် သွားသည်ကို တွေ့လိုက်ရသည်နှင့် သိုလှောင်အိတ်ထဲက ကျောက်တုံး တံဆိပ်ခေါင်းကို ထုတ်ယူလိုက်၏။ သူက အော်ဟစ်လိုက်ရာ ကျောက်တုံး တံဆိပ်ခေါင်းက လှည့်ပတ်လို့ လာသည်။ ၎င်းက လည်ပတ်သည့် အကြိမ်တိုင်း ပို၍ ကြီးမားလို့ လာသည်။ နောက်ဆုံးတွင် ၎င်းက တောင်အသေး တစ်လုံးအလား ဖြစ်လာခဲ့ပြီး ဝမ်လင်းကို ဖိချေလာ၏။
သို့ရာတွင် သူက ကျောက်တုံး တံဆိပ်ခေါင်းကို ပစ်လွှတ်လိုက် ပြီးနောက် သူ့မျက်နှာက ဖြူရော်သွားသည်။ အကြောင်းမှာ သူက ဝမ်လင်း မျက်လုံးထဲတွင် အနီရောင် အလင်းတန်းကို တွေ့မြင်လိုက်ရ သောကြောင့်ပင်။ သူက ချက်ချင်း လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
သူက လွတ်မြောက်ရန် သူ့ရတနာကို အသုံးပြုလိုက် သော်လည်း မြေပေါ်သို့သာ ပြုတ်ကျသွားသည်။
ဝမ်လင်းက မျက်မှောင် ကြုတ်လိုက်သည်။ သူက ဂျိနယ်ပယ်ဖြင့် ထုတ်ဖော် တိုက်ခိုက် လိုက်သည်နှင့် သည်လူကို ချက်ချင်း ဖမ်းမိသွား၏။ သည်လူပုံစံ ကလည်း အလွန် ကြောက်လန့်နေပုံ ပေါ်နေသည်။ သူက အံကြိတ်လိုက်သည်။ ဂျိနယ်ပယ်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီးနောက် ပေါက်ကွဲလို့ သွားသည်။
ရုတ်တရက် ပေါက်ကွဲမှုက အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့လို့သွားသည်။ ပေါက်ကွဲမှု အလယ်တွင် လေဟာနယ် အက်ကြောင်းတစ်ခု ပေါ်လာခဲ့ပြီး အားနည်းဟန် ရသော စဦးစိတ်ဝိညာဉ် တစ်ခုက ပျောက်ကွယ် သွားသည်။ ဝမ်လင်းဂျိ နယ်ပယ်က သည်အက်ကွဲကြောင်း ထဲသို့ လျင်မြန်စွာ လိုက်သွားလိုက်၏။
အသက်ရှူချိန် အနည်းငယ် အတွင်းမှာ ဂျိနယ်ပယ်က ပြန်ပေါ်လာခဲ့ပြီး ဝမ်လင်းထံသို့ ပြန်ရောက်လာခဲ့၏။
ဝမ်လင်းအသွင်က မှုန်ထုံသွားသည်။ သူ့ဂျိနယ်ပယ်က သည်လူကို သတ်ပြီးနောက် ထိုလူ၏ မျက်နှာအသွင်က ဂျိနယ်ပယ်ကို သိနေသည့်ပုံ ပေါက်နေခဲ့၏။ သည်လူက ဂျိနယ်ပယ်၏ စွမ်းအားကို သိနေသည့်ပုံ ရသည့်အတွက် သူက သူ့ခန္ဓာကိုယ်ကို ပေါက်ကွဲစေပြီး လေဟာနယ် အက်ကွဲကြောင်းမှ လွတ်မြောက်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ပြန်ထွက်လာ ခဲ့တော့သည်။ သည်လူက ပေါက်ကွဲသွား ကတည်းက သူ့သိုလှောင် အိတ်ကော ပါသွားခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ဝမ်လင်းက အနီရောင် အပင်များ ဖုံးလွှမ်းထားသော အစီအရင်ထံသို့ ပြန်ရောက်လာခဲ့ပြီး သည်အစီအရင်ကို ပြန်ပြုရန် စတင် လိုက်တော့သည်။
***