လူဝံမကောင်းဆိုးဝါးက ဖျတ်ခနဲ ခြင်သားရဲ နောက်သို့ လိုက်လေ၏။ သည်သားရဲက အတောင်ပံခတ်၍ မကောင်းဆိုးဝါးနှင့် အဝေးသို့ ပြေးလေသည်။
ဝမ်လင်းက ဖြစ်ပျက်နေသော အရာအားလုံးကို အကွာအဝေး တစ်ခုမှ ကြည့်လို့နေသည်။ သူက သိုလှောင်အိတ်ထဲက ကြေးမှန်ကို ထုတ်လိုက်၏။ ထို့နောက် ၎င်းမှန်ကို အဝေးသို့ ပစ်လိုက်ရာ ချိပ်ပိတ်ဟန်တစ်ခု ဖြစ်ပေါ်သွားသည်။ အစိမ်းရောင်အလင်းများ မှန်ထဲမှ ထွက်ပေါ်လာပြီး ခြင်သားရဲအပေါ်သို့ ထိမှန်လေသည်။
ခြင်သားရဲက ရုတ်တရက် ထွက်ပြေးနေရာမှ ရပ်တန့်သွားသည်။ သို့သော် အနက်ရောင် အငွေ့များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။ အစိမ်းရောင် အလင်းများက အနက်ရောင် အငွေ့များနှင့် ထိတွေ့မိသည့်အခါ အစိမ်းရောင်အလင်းက ကျောက်တုံး အဖြစ်သို့ ပြောင်းလဲလို့ သွားရသည်။ မကောင်းဆိုးဝါး ရှုလီကောက တုန်လှုပ်မိသွား၏။ သူက တိတ်တဆိတ် သက်ပြင်း ချလိုက်သည်။ သူက ထိုသားရဲနောက်သို့ ကိုယ်တိုင် အရင် မလိုက်မိသည်မှာ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ဝမ်လင်း၏ မျက်လုံးများက မြင့်တက် သွားသည်။ သူက ပို၍ ထိုသားရဲကို စိတ်ဝင်စား လာသည်။ သူက နောက်တစ်နည်း သုံး၍ ကြေးမှန်ကို ပစ်လိုက်ပြန်သည်။ ထိုနောက် ကြေးမှန် နောက်ကျောက ခြင်သားရဲအပေါ်သို့ ကျရောက်သွား၏။ သည့်နောက် ခြင်သားရဲ၏ ပုံရိပ်က ကြေးမှန်ထဲတွင် ပေါ်လာခဲ့တော့သည်။ အသက် တစ်ရှိုက်ရှူစာ အတွင်းမှာ နောက်ထပ် ပုံစံတူ ခြင်သားရဲ တစ်ကောင်က ကြေးမှန်ထဲတွင် ထပ်ပေါ်လာခဲ့သည်။ ထို့နောက် ပေါ်လာသော ပုံတူခြင်သားရဲက မူလချင်သားရဲ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ သည်သားရဲ နှစ်ကောင်က ခွဲမရအောင် တူလို့နေသည်။
သိပ်မကြာခင်မှာ ဒီနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် နီးကပ်သွားသည်။ သူတို့နှစ်ကောင်က ပတ်၍ ပျံသန်းနေသဖြင့် မီးခိုရောင် ဖုန်လှိုင်းများက အနီးတစ်ဝိုက်တွင် ပျံ့နှံ့လို့လာသည်။ သည်နှစ်ကောင်က တစ်ကောင်နှင့် တစ်ကောင် သူတို့၏ ခြင်နှာမောင်းနှင့် ထိုးဆိတ် တိုက်ခိုက်ရန် ကြိုးစား ကြလေတော့သည်။
ဝမ်လင်းက အကာအဝေး တစ်ခုမှ မတ်တတ်ရပ်၍ သည်ခြင်သားရဲ နှစ်ကောင်ကြား တိုက်ပွဲကို ဂရုတစိုက် စောင့်ကြည့်လို့နေသည်။ မီးခိုရောင် ဖုန်လှိုင်းများက သူတို့နှစ်ကောင်၏ တိုက်ခိုက်ရေး နည်းစနစ်ဖြစ်ပုံရပြီး သူတို့ ခြင်နှာမောင်းကလည်း ၎င်းတို့၏ လက်နက်များ ဖြစ်ကြလေသည်။
အချိန်အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ကြေးမှန်ကို ဖြတ်၍ လက်ကို ရွေ့လျား လိုက်သည်။ သည်အခါ မှန်ကြောင့် ဖြစ်လာသော သားရဲက ရုတ်တရက် နှေးကျသွားသည်။ ထိုအခါ ခြင်သားရဲက သူ့ကိုယ်ပွားခြင်ကို သူ့နှာမောင်းဖြင့် အကြမ်းပတမ်း စတင် ထိုးစိုက်တော့သည်။ နောက်ဆုံး ကိုယ်ပွားခြင်က ခြောက်ကပ် သွားသည့်အထိ သူ့နှာမောင်းဖြင့် စုပ်ယူလိုက်သည်။ ကိုယ်ပွားခြင်က အောင်ဟစ်လိုက်ပြီး အစိမ်းရောင် အလင်းအဖြစ်သို့ ပြောင်းသွားလေသည်။
မူရင်းခြင်သားရဲက မှင်တက်သွားသည်။ သို့သော် ခြင်သားရဲက ဝမ်လင်းကို ကြည့်၍ သူ့ပါးစပ်များက အနီရောင်သို့ ပြောင်းလာပြန်သည်။ သို့ရာတွင် သူက ဝမ်လင်းကို တိုက်ခိုက်ခြင်းမရှိဘဲ လွန်မြောက်ရန် ကြိုးစား လိုက်သည်။
ဝမ်လင်း မျက်လုံးများက ဖျတ်ခနဲ တောက်ပသွားပြီး သူက ပြောလိုက်သည်။ “ပြေးမလို့လား…” ထိုသို့ ပြောလိုက်ပြီးနောက် ဝမ်လင်းက အတားအဆီးအလံကို ထုတ်ဖောက်လိုက်၏။ အတားအဆီး အလံထံမှ အသတ်အဖြတ် စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့၏။ သည်အလံက ဝမ်လင်း၏ အကောင်းဆုံး ရတနာလည်း ဖြစ်သည်။ သူက အခုအလံကို လုံးဝ ပြည့်စုံအောင် ပြုလုပ်ရဲခြင်း မရှိဘဲ အဆင့်တစ်ဆင့် လိုနေခဲ့သည်။ အကြောင်းမှာ နောက်ဆုံး အတားအဆီးတစ်ခုကို ပြုလုပ်၍ အလံကို ပြီးပြည့်စုံအောင် ပြုလုပ်မည်ဆိုပါက နတ်ဘုရား ပြစ်ဒဏ်ကို ဆင့်ခေါ်သလို ဖြစ်သွားမည်ကို ထိတ်လန့်မိသောကြောင့် ဖြစ်သည်။
သည်ခြင်သားရဲက အသိဉာဏ်အချို့ ရှိပုံရသည်။ သူက သည်အလံကို သတိပြုမိလိုက်ပြီး ၎င်းအလံက သူ့အား ထိတ်လန့်မိစေသည်။ သူက အတောင်ပံများကို ခပ်မြန်မြန်ခတ်၍ ပိုမြန်စွာ ပျံသန်း ပြေးလေသည်။
ဝမ်လင်းက တည်ငြိမ်စွာပင် အတားအဆီးအလံကို ညာလက်တွင် ကိုင်ထားဆဲ ဖြစ်သည်။ သူက အလံကို ယမ်းလိုက်ရာ အတားအဆီး တစ်ခုက ထွက်ပေါ်လာခဲ့၏။ သည်အတားအဆီးက ကြယ်ပျံတစ်ခုအလား ခြင်သားရဲနောက်သို့ ပျံသန်း လိုက်သွားလေ၏။
မျက်စိတစ်မှိတ်အတွင်း အတားအဆီးက ခြင်သားရဲကို ဖမ်းမိ သွားလေသည်။ ခြင်သားရဲ၏ မျက်လုံးထဲရှိ တုန်လှုပ်မှုများက ကြောက်ရွံ့မှုအဖြစ် ပြောင်းသွားပြီး အနက်ရောင် အခိုးအငွေ့များ လွှတ်၍ အတားအဆီးကို ပိတ်ဆို့လိုက်သည်။ သိုရတွင် ထိုအငွေ့များက အတားအဆီးကို ပိတ်ဆို့ ဆန့်ကျင်နိုင်သော စွမ်းရည်မရှိပေ။ ထို့ကြောင့် ခြင်သားရဲအပေါ်သို့ အတားအဆီးက အခက်အခဲမရှိ ကျရောက် သွားတော့သည်။
သားရဲက ချက်ချင်း တုန်ယင်သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျတော့သည်။ ဝမ်လင်းက ထိုခြင်သားရဲကို ဖမ်းထားလိုက်၏။
ဝမ်လင်းက အစကတည်းက ဂရုတစိုက်ဖြင့် အလံ၏စွမ်းအား (၂၀) ရာခိုင်နှုန်းကိုသာ သုံးစွဲခဲ့သည်။ သို့ရာတွင် အပြည့်အစုံဖြစ်ရန် တစ်ဆင့် လိုနေသေးသော သည်အလံ၏ (၂၀) ရာခိုင်နှုန်းက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်ရှိသော သားရဲကို ဒဏ်ရာ ရစေနိုင်ခဲ့သည်။
ဝမ်လင်း လက်ထဲတွင် ရှိနေသော ခြင်သားရဲ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရှိလို့နေ၏။ ၎င်းကိုယ်မှ ခရမ်းရောင်သွေးများ ထွက်နေပြီး နှာမောင်းပေါ်တွင်လည်း အက်ရာများ ဖြစ်ကုန်ကြသည်။ ၎င်း၏ မျက်လုံးများကလည်း မှုန်ဝါးလို့ နေကြသည်။ သည်ခြင်က သေလုသေခင် ဖြစ်လို့နေသည်။
ဝမ်လင်းကတော့ တည်ငြိမ်လျက် ရှိသည်။ သူက သူ့လက်ချောင်း ထိပ်လေးကို ကိုက်၍ ခြင်သားရဲမျက်လုံး နှစ်ခုကြားထဲသို့ သွေးတစ်စက် ချလိုက်သည်။ ထို့နောက် သူက တိမ်ကောင်းကင် ကလန်မှ ဆေးလုံး အနည်းငယ်ကို ထုတ်၍ သားရဲကို ကျွေးလိုက်သည်။
သားရဲက ဆေးလုံးများ သောက်ပြီးနောက် သူ့ခန္ဓာကိုယ်က လျင်မြန်စွာ တုန်ခါသွား၍ မီးခိုးရောင် ဖုန်လှိုင်းများ ထုတ်လွှတ် လာပြန်သည်။ သည့်နောက် တဖြည်းဖြည်းချင်း သူ့ဒဏ်ရာများက ပျောက်ကင်းလာက အက်ကွဲကြောင်းများ ကလည်း ပြန်ကောင်းလာ၏။ သိပ်မကြာခင်မှာ ၎င်းသားရဲက အပြည့်အဝ ပြန်ကောင်းလာပြီး ဝမ်လင်းလက်ထဲမှ ပျံထွက်လိုက်၏။ သည်သားရဲက ဝမ်လင်းနားပတ်၍ ပျံသန်းနေလိုက်ပြီး ၎င်းက အကူအညီမဲ့စွာ ရှူးဟု အော်ညည်းလိုက်၏။
ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲက အမြုတေကို ထုတ်လိုက်သည်။ သားရဲ၏ မျက်လုံးများက တောက်ပလို့ သွားသည်။ ၎င်းက သူ့ ခြင်နှာမောင်းများဖြင့် ချက်ချင်း အမြုတေကို ထိုးစိုက်လိုက်သည်။ အမြုတေက မြန်ဆန်စွာ ကျုံ့လာပြီး လျင်မြန်စွာ ပျောက်ကွယ် သွားတော့၏။
ခြင်သားရဲ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး အနည်းငယ် ရောင်ကိုင်းလာသည်။
ဝမ်လင်းက သူ့မေးစေ့ကို ပွတ်၍ သားရဲကို ကြည့်နေလိုက်သည်။ သူက သိုလှောင်အိတ်ထဲက အမြုတေများကို ထုတ်ယူ လိုက်ပြန်သည်။ သူက ထိုအမြုတေများကို ခြင်သားရဲအား ကမ်းပေးလိုက်၏။
သားရဲမျက်လုံးထဲတွင် ထိန်းမရ သိမ်းမရ ပုံစံများ ဖြစ်ပေါ်သွားပြီး အမြုတေများကို လျင်မြန်စွာ ထိုးစိုက်ဝါးမျို လိုက်သည်။ သားရဲက အမြုတေကို ဝါးမျိုပြီး အချိန်တိုင်း ၎င်း အရွယ်အစားက တိုးလာခဲ့သည်။ သူ့အရွယ်အစားက အမြုတေများကို စားသောက်ပြီးနောက် နှစ်ဆ ဖြစ်လာခဲ့လေသည်။ ခြင်သားရဲ၏ အရွယ်အစားက နွားပေါက်ကလေးလောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်ပေါ်ရှိ အမွေးများကိုလည်း ပိုမြင်လာရသည်။ အတောင်ပံများကလည်း ဆယ်ပေခန့် ရှည်လျားလာခဲ့၏။
၎င်း၏ ခြင်နှာမောင်းများက ပို၍ သေးသွယ် ထက်ရှလာခဲ့ပြီး ချောက်ချားဖွယ် ခံစားချက်ကို ပေးစွမ်းနေ၏။ ဝမ်လင်းက သားရဲကို ကြည့်လိုက်သည့်အခါ သူ့ကိုယ်ပေါ်ရှိ အမွေးများကိုပင် ထောင်မတ်လို့ သွားစေခဲ့သည်။
ဝမ်လင်းက သည်ခရီး တစ်ခုလုံးမှာ အခုလိုသားရဲမျိုး ထပ်တွေ့ရန် မဖြစ်နိုင်ကြောင်း ဆုံးဖြတ် မိလိုက်သည်။
သည်သားရဲက အကောင်သေးသည့် အချိန်တုန်းက သူ့အဓိက လက်နက်က မီးခိုးရောင်ဖုန်များ ထုတ်လွှတ်ခြင်း ဖြစ်သည်။ သို့သော် အခုလို ကြီးလာသည့်အခါ ဝမ်လင်းက ခြင်သားရဲ၏ ခြင်နှာမောင်းများက သူ့အစစ်အမှန် လက်နက်ဖြစ်သည်ဟု ထင်လိုက်သည်။
ဝမ်လင်းက သားရဲနောက်ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူက သားရဲကို နတ်ဘုရားအာရုံဖြင့် အကြောင်း ကြားလိုက်သည်။ သားရဲ၏ အတောင်များက ရုတ်တရက် ပြန့်ကားသွားပြီး လျှပ်စီးအလား ပျံသန်း သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က အခုနေရာမှ ပျောက်ကွယ် သွားတော့၏။
ဝမ်လင်းက ကြမ်းတမ်းသော လေများက သူ့မျက်နှာကို ရိုက်ခတ်နေသည်ကို ခံစားရသည်။ ခြင်သားရဲက အမြုတေများ စားသုံးပြီးနောက် အရွယ်အစား ကြီးလာသည့်အပြင် အမြန်နှုန်းလည်း မြင့်လာသည်မှာ ထင်ရှားလှ၏။
ဝမ်လင်းက ချူစစ်ပိုင်၏လှေကို သတိရမိလိုက်သည်။ သူက သေးငယ်သော သားရဲများနှင့် လေဆင်နှာမောင်းများ ဖန်တီးနိုင်သော်လည်း ၎င်းတို့၏ အမြန်နှုန်းက နှေး၏။ သို့သော် အခုချိန်တွင် သူ့တွင် ခြင်သားရဲ ရှိနေပြီ ဖြစ်ပြီး ၎င်းသားရဲ၏ အမြန်နှုန်းက ချူးစစ်ပိုင်လှေထက် သာ၍ မြန်သေးသည်။ ထို့ပြင် သည်ခြင်သားရဲ၏ အမြန်နှုန်းက သူ့ကိုယ်ပိုင် အမြန်နှုန်းနှင့် များစွာ ကွာလှခြင်း မရှိပေ။
***