Switch Mode

အပိုင်း(၂၄၂)

လျို့ယွဲ့ (၁)

ဝမ်လင်းက အရက်သောက် လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားရသည်။ သူက သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက တိုးလာသည်လို့ ခံစားလိုက်ရသည်။

ချန်စီယန်က ရယ်မောကာ ပြောဆိုလိုက်၏။ ဒီအရက်က ငါ့ဆရာက ဆေးလုံး သန့်စင်ဖို့ ပြင်ဆင်ပေးထားတဲ့ စိတ်စိမ်းအင် အရည်တွေ ပါဝင်တယ် …။ ဒီအရည်က ချူနိုင်ငံ တစ်ခုလုံးမှာလည်း သိပ်များများစားစား မရှိဘူး …။ ငါက ဒီလူဝံ နှစ်ကောင်ရှိက သစ်သီးတွေကို ယူပြီး ဒီအရက်ကို သိုလှောင်ထားတာပဲ …။ ငါက အစ်ကိုမဟုတ်ဘဲ တခြား တစ်ယောက်ဆိုရင် ဒီလိုကောင်းတဲ့ အရာကို တိုက်မှာမဟုတ်ဘူး …”

သူက ထိုစကားများ ပြောလိုက်သောအခါ လူဝံနှစ်ကောင်က ဒေါသထွက်စွာ ဟိန်းလိုက်သည်။ သူတို့နှစ်ကောင်က ချန်စီယန် လုပ်ခဲ့သည့်အရာကို မကျေနပ်လှပေ။

သိပ်မကြာခင်မှာပဲ လူဝံနှစ်ကောင်က အနောက်ဘက် ခြံဝင်းကို လှမ်းမြင်ရသော နေရာသို့ ရောက်လာခဲ့သည်။

အနောက်ဘက် ခြံဝင်းက တောင်ဘက်ခြံဝင်းနှင့် ကွဲပြား၏။ အနောက်ဘက်ခြံ တစ်ခုလုံးက လေထဲမှာ လွင့်မျောတည်ရှိပြီး တိမ်များဝန်းရံ ထားသည်။ သေချာ ဂရုစိုက် မကြည့်ပါက ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော အဆောက်အဦကို မြင်ရလိမ့်မည် မဟုတ်ပေ။

အနောက်ဘက် ခြံဝင်းထဲမှ တစ်ခစ်ခစ် ရယ်သံလေးများက ပျံ့နှံ့လျက် ရှိ၏။ အနောက်ခြံ တစ်ခုလုံးက သာယာ မွှေးပျံ့မှုများဖြင့် ထုံးလွှမ်းလို့ နေသည်။

ချန်စီယန်က အနောက်ဘက်ခြံသို့ ငေးမောကြည့် လိုက်သည်။ သူက သက်ပြင်းချကာ ခပ်တိုးတိုး ပြောလိုက်သည်။

“အနောက်ဘက် ခြံထဲက အကုန်လုံး နီးပါးက အမျိုးသမီး ကျင့်ကြံသူတွေပဲ … ။ အထဲမှာ အလှပဂေးလေးတွေ ဘယ်လောက်များ လိုက်မလဲ တွေးကြည့်စမ်း …။ ငါသာဒီထဲမှာ တစ်နှစ်လောက် နေရရင် ကျေနပ်ပါပြီ …”

ဝမ်လင်း၏ မျက်လုံးများက မြင့်တက် သွားမိသည်။ သူက ချန်စီယန် ပြောနေသည်များကို လျစ်လျူရှုလိုက်ပြီး ခြံဝင်းကို ကာရံထားသော အတားအဆီးကို ကြည့်လိုက်သည်။ သည်အတားအဆီးကြောင့် အနောက်ဘက်ခြံက လေမှာ မျောလွင့့််နေပြီး အပြင်ဘက်မှ အမြင်အာရုံကိုလည်း ကာဆီးထားခြင်း ဖြစ်ပေသည်။

ကြိုးကြာအုပ် တစ်အုပ်က မြူများကြားမှ ပျံသန်းလာခဲ့သည်။ ကြိုးကြာများပေါ်၌ မိန်းကလေး (၇)ယောက်၊ (၈)ယောက်ခန့် ပါလာသည်။ တစ်ယောက်စီက ပန်းတစ်ပွင့်အလား လှပကြသည်။ ကောက်ကြောင်းများ ကလည်း မိုက်၏။ ကြိုးကြာအုပ်စုထဲမှ မိန်းကလေး တစ်ယောက်က သူတို့နှစ်ယောက် ရှေ့သို့ ရောက်လာခဲ့သည်။ သည်နောက် သူတို့နှစ်ယောက်ကို ကြည့်၍ အော်လိုက်၏။

“အနောက်ဘက်ခြံက တားမြစ်နေမြေပဲ …”

သူမက ထိုသို့ ပြောပြီးနောက် ချန်စီယန်ကို ကြမ်းတမ်းစွာ ကြည့်လိုက်သည်။

“ချန်စီယန် … နင်ဘာလို့ ဒီနေရာကို ထပ်လာတာလည်း …။ နင်က ဒီနေရာမှာ အစ်မတုန်ကို ထပ်တောင်းပန် ရဦးမယ်ဆိုရင် ငါ့ကို အပြစ်မတင်ပါနဲ့ …”

ချန်စီယန်က နှုတ်ခမ်းစေ့မိ လိုက်သည်။ သည်နောက်သူက ပြန်ပြောလိုက်သည်။

“ချန်လင်း … ငါတို့က တစ်ရွာတည်းသားတွေလေ … နင်ဘာလို့ ခုလိုတွေ ပြောနေရတာလဲ …။ ငါနင့်ကို ကလေးလေးတုန်းက ကူညီပေးဖူးတယ်လေ …။ ငါမှတ်မိပါသေးတယ် …။ ငါနင့်ကို ကိုင်ထားတုန်းက နင်ငါ့ပေါ်ကိုတောင့် သေးပေါက်ချခဲ့ သေးတယ်လေ …”

ဝမ်လင်းက ထိုစကားကို ကြားလိုက်သောအခါ လူဝံခေါင်းကို ပုတ်လိုက်၏။ လူဝံကလည်း နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။

မိန်းကလေး၏ မျက်နာက နီရဲသွား၏။ သူမ မျက်နှာပေါ်၌လည်း အလွန် ဒေါသထွက်သည့် ဟန်များ ပြည့်နှက်လာသည်။ သူမက သိုလှောင်အိတ်ထဲမှ ဓားပျံ သုံးချောင်းကို ထုတ်ကာ အော်လိုက်၏။

“နင်က ဒါကိုခုထိ ပြောနေတုန်းပေါ့ …။ မပြီးနိုင်သေးဘူးလား …”

ဓားပျံသုံးချောင်းက ချန်စီယန်ထံသို့ လျှပ်စီးအလား မြန်ဆန်စွာ တိုးဝင်လာခဲ့သည်။

ချန်စီယန်က နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး ဓားပျံများကို ရှောင်တိမ်းလိုက်သည်။ သူက ကျောက်စိမ်းပြား တစ်ခုက ထုတ်လိုက်ပြီး စိတ်ဝိညာဉ် စွမ်းအင်များကို ၎င်းပေါ်သို့ ပို့လွှတ်လိုက်သည်။ အလင်းမျက်နှာပြင် တစ်ခုက သူ့ကို ဖုံးလွှမ်းသွား၏။ သူက ပြောလိုက်ပြန်သည်။

“မရူးစမ်းပါနဲ့ဟာ …။ အစ်ကိုစီယန်က စိတ်ထဲ မထားပါဘူး …။ အခုတောင်မှ နင်ပေါက်ချင် ပေါက်နိုင်သေး … တယ် …”

သူ့စကား မဆုံးခင်မှာပင် မိန်းကလေး၏ ဒေါသက အကန့်အသတ်သို့ ရောက်သွားလေ၏။ သူက လက်ဝှေ့ယမ်း လိုက်ရာ ခေါင်းလောင်းသုံးခု ပေါ်လာခဲ့သည်။ သည်ခေါင်းလောင်းများ ထံမှ သာယာသော အသံလေးများ ထုတ်လွှတ်လာ၏။

ဝမ်လင်း၏ မျက်လုံးများက လေးနက်သွားသည်။ ထိုခဏ၌ လူဝံက အမိန့်ပေးခြင်း မရှိဘဲ သူ့ဟာသူ နောက်ဆုတ်လိုက်သည်။ ဝမ်လင်းက မြန်ဆန်စွာ အတားအဆီး တစ်ခု ပြုလုပ်လိုက်သည်။

အရာအားလုံးမှာ ခဏအတွင်း ဖြစ်ပျက် သွားခြင်းပင်။ မိန်းကလေးက ခေါင်းလောင်းကို မြည်အောင် လုပ်လိုက်သည်နှင့် ဝမ်လင်းကလည်း အတားအဆီးတစ်ခု ပြုလုပ်ပြီး ဖြစ်နေသည်။

ခေါင်းလောင်းမှ အသံလှိုင်းများ ထုတ်လွှတ်လာခဲ့၏။ ပထမ၌ အသံက နူးညံ့သော်လည်း တဖြည်းဖြည်း ကျယ်သထက် ကျယ်လာခဲ့သည်။ အဆုံး၌ မိုးကြိုးပစ်သံ အလား ဖြစ်လာခဲ့တော့သည်။

မိန်းကလေးက ဒေါသ အလွန်ထွက်နေပြီ ဖြစ်ကြောင်း ပြသလို့ နေသည်။ သူမ‌ ဒေါသက ဝမ်လင်း အပေါ်သို့ပါ ကျရောက် လာတော့၏။ သူမ အမြင်အရ ချန်စီယန်နှင့် အတူပါလာသော သူက မည်သို့မျှ လူကောင်း တစ်ယောက် မဖြစ်နိုင်ပေ။

ချန်စီယန်၏ အလင်း မျက်နှာပြင်က မိုးကြိုးပစ်သံ အောက်မှာ အနည်းငယ် တုန်ခါလာခဲ့သည်။ ချန်စီယန်က အသက်ပြင်းပြင်း ရှူကာ အဝါရောင် အလင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ အလင်းထဲ၌ ဆေးရနံ့များ ပါဝင်နေပြီး အဝါရောင် အလင်းလှိုင်းက ချက်ချင်း စိတ်ဝိညာဉ် လူဝံသို့ ပြောင်းလဲ၏။

လူဝံ၏ ခန္ဓကိုယ်က သိပ်မကြီးသော်လည်း ကြမ်းကြုတ်သော အော်ရာများ ထုတ်လွှတ်လို့ နေ၏။

အသံလှိုင်းများက အဝါရောင် အလင်းမှ ဖြစ်ပေါ်လာသော လူဝံကို နှောင့်ယှက်နိုင်ခြင်း မရှိပေ။ သည်လူဝံက သူ့ရင်ဘတ်ကို ပုတ်၍ ကြမ်းတမ်းစွာ မြည်တမ်းလိုက်၏။ ထိုအခါ ထွက်ပေါ်လာသော အသံလှိုင်းများက လွင့်ပြယ်လို့ သွား၏။

မိန်းကလေး၏ မျက်နှာက ဖျော့တော့သွားပြီး သွေးတစ်လုတ် အန်လိုက်ရသည်။ သူက ချန်စီယန်ကို ကြမ်းကြုတ်စွာ စူးစိုက်ကြည့် လိုက်သည်။ သူ့နောက်ရှိ မိန်းကလေးများကလည်း ဒေါသ ထွက်သွားကြကာ သူတို့ ရတနာများကို ထုတ်ယူကာ တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။

အသံလှိုင်းက ဝမ်လင်းရှေ့သို့ ရောက်လာသော အခါ၌လည်း သဲလွန်စမရှိ ပျောက်ကွယ် သွားလေ၏။ ဝမ်လင်း၏ ကျင့်ကြံမှု အဆင့်က နိမ့်သော်လည်း သူ့အတားအဆီးနှင့် ပတ်သက်သော အသိပညာနှင့် ထက်မြက်သော အာရုံတို့ကတော့ ကျန်ရှိ နေပါသေးသည်။

အဝါရောင် အလင်းမှ ဖြစ်လာသော လူဝံက ဝမ်လင်းဘက်သို့ လှည့်၍ ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်၏။ ထို့နောက် သူခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး အဝါရောင် အလင်းအဖြစ် ပြန်ပြောင်းသွားသည်။

မတိုက်ခိုက် ကြပါနဲ့ …။ ငါဒီကိုလာတာ ရန်ဖြစ်ဖို့ မဟုတ်ဘူး။ လူတစ်ယောက်ကို တွေ့ချင်လို့ လာရှာရုံပါ။ ချန်စီယန်မျက်နှာက အနည်းငယ် ခါးသက် နာကြည်းဟန် ဖြစ်သွား၏။ သူက ခြံထဲသို့ မဝင်ရောက် နိုင်လောက်ဘူးလို့ တွေးနေလိုက်သည်။ ထိုအရာက သူ့အမှားကြောင့် ဖြစ်သည်။ သူသာ သည်မိန်းကလေးကို မစနောက်ခဲ့ဖူးဆိုရင် သူက ချက်ချင်း ပြဿနာ မတက်နိုင်ပေ။

“ဘယ်သူ့ကို ရှာနေတာလဲ …။ အစ်မကြီး တုန်မလား …” ချန်လင်းက သိုလှောင်အိတ်ထဲမှ ဆေးတစ်လုံးယူက မျိုချလိုက်သည်။ သူမမျက်နှာက ပုံမှန် အနေထားတိုင်း ပြန်ဖြစ်သွား၏။ ထို့နောက် ဝမ်လင်းကို စူးစိုက်ကြည့် လိုက်၏။

ဝမ်လင်းကလည်း တည်ငြိမ်စွာ ပြန်ကြည့်၍ ပြောလိုက်သည်။

“ငါရှာနေတဲ့လူက အစ်မကြီးတုန် မဟုတ်ပါဘူး …”

ချန်စီယန်က ကလည်း ခပ်မြန်မြန် ဝင်ပြောလိုက်သည်။

“သူရှာနေတာက လျှိုယွဲ့ …”

ချန်လင်က မျက်မှောင်ကြုတ်မိ သွားသည်။ သူက ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်ကာ မေးလိုက်သည်။

“နင်က ဘာလို့ ဂျူနီယာ ညီမလေး လျို့ယွဲ့ကို ရှာရတာလဲ …”

ဝမ်လင်းက ရယ်မောကာ ပြန်ဖြေလိုက်၏။

“ဒါက သူ့ကိုပြောရမှာ …”

သူ့မမျက်လုံးများက ဒေါသ ထွက်လာဟန် ဖြစ်လာသော်လည်း ပြန်ထိန်းချုပ် လိုက်သည်။ သူမက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ ထို့နောက်သူမက ၎င်းကို အနောက်သို့ ပစ်လိုက်၏။ ကျောက်စိမ်းပြားက အနောက်ဘက် ခြံထဲသို့ မြန်ဆန်စွာ ပျံသွားတော့သည်။

သူက ဤသို့ ပြုလုပ်ပြီးနောက် ချန်စီယန်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။

“ချန်စီယန် … ငါအိမ်ပြန်ရောက်ရင် နင်ငါ့ကို စော်ကားတယ်လို့ အဖေကို ပြန်ပြောမယ် …”

“ဘာလို့ ဒီလိုလုပ်ရမှာလဲ … ညီမရေ … ဘယ်သူက နင့်ကိုစော် … စော်ကားတာ …” ချန်စီယန်က ဆက်မပြောတော့ဘဲ ပါးစပ်ပိတ် လိုက်သည်။ သူက ချန်လင်းအမူအရာ ပြောင်းသွားသည်ကို တွေ့လိုက်သည်နှင့် ခပ်မြန်မြန် ထပ်ပြော လိုက်ပြန်သည်။

ငါနင့်ကို သေချာ ပြုစုမှာပါ …။ စားစရာတွေလည်း ယူလာမယ်လေ …။ ခုချိန်က ငါဒီကိုလာခဲ့တာ သူ လျှို့ယွဲ့ကို လာရှာတာ ကူညီဖို့ပါ …”

ချန်လင်းက နှာခေါင်းရှုံ့ လိုက်သည်။ သူက ချန်စီယန်ကို တစ်ချက် ကြည့်လိုက်ပြီး ဘေးနားမှာ ရှိသော မိန်းကလေးများနှင့် စကား ပြောလိုက်သည်။ သူတို့ အကြည့်များက တစ်ချက်တစ်ချက် ဝမ်လင်းထံသို့ ရောက်ရောက်လာသည်။

ချန်စီယန်က သက်ပြင်း ချလိုက်ပြီး ဝမ်လင်းအနားသို့ လျှောက်လာလိုက်သည်။ သူက ပြုံး၍ ခပ်တိုးတိုး ပြောလိုက်သည်။

“အစ်ကို … ဒါငါ့ပါးစပ် အမှားကြောင့်ပဲ …။ ငါက သူ့ကို မြင်လိုက်တိုင်း စချင်နေတာ …။ ဒီနေ့က သူ့ဂျူတီမှန်း သိခဲ့ရင် ငါမနက်ဖြန်မှ လာပါတယ် …”

ဝမ်လင်း၏ အသွင်က တည်ငြိမ်လျက်ပင်။ သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ ငါက တက်နိုင်တာ ကူညီမယ် ပြောပြီးပြီး …။ လျှို့ယွဲ့ ထွက်လာတာ ဖြစ်စေ၊ မထွက်လာတာ ဖြစ်စေ ငါပေးခဲ့တဲ့ ကတိကို တည်ရမှာပေါ့ …”

ချန်စီယန်က သက်ပြင်းသာ ချမိပြန်၏။ သူက သိုလှောင်အိတ်ထဲမှ အသံပြောင်း ကျောက်စိမ်းပြားကို ထုတ်၍ ဝမ်လင်း လက်ထဲ ထည့်လိုက်သည်။ သူက ဘာမျှ မပြောနိုင်ခင်မှာပဲ အနောက်ဘက် ခြံဝင်းထဲမှ ကြိုးကြာတစ်ကောင်က သူ့ကျောပေါ်မှာ လှပသော မိန်းကလေး တစ်ယောက်ကို သယ်၍ ပျံသန်း လာတော့သည်။ သူမက ဝမ်လင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လျက်ရှိသည်။ နီးကပ် လာသောအခါ သူမက ကြိုးကြာပေါ်မှ ခုန်ဆင်းကာ ဝမ်လင်းကို ပြောလိုက်သည်။

“နင်ငါ့ကို လာရှာတာလား …”

ချန်လင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဂျူနီယာ ညီမယွဲ့ နင်သူ့ကို သိတာလား …”

လျို့ယွဲ့က လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

“ငါသူ့ကို သိတယ် … စီနီယာ အစ်မ … သူက ငါနဲ့အတူ ကလန်ကို တစ်ချိန်တည်း လာခဲ့တဲ့သူပဲ …”

ချန်လင်းက ဝမ်လင်းကို ကြည့်လိုက်သည်။ သည့်နောက် သူမက ချန်စီယန်ကို ကြည့်၍ ကျန်သည့် လူများကို ခေါ်ကာ ထွက်သွားတော့သည်။ သည်နေရာ၌ ဝမ်လင်းတို့ သုံးယောက်သာ ကျန်ခဲ့တော့သည်။

လျို့ယွဲ့က ချန်စီယန်ကို လျစ်လျူရှု၍ ဝမ်လင်းကို မေးလိုက်သည်။

“နင်ငါ့နာမည် ဘယ်လို သိတာလဲ …”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

နင့်အတွက် အပန်းမကြီးဘူး ဆိုရင် သူ့ကို အနောက်ဘက်ခြံထဲ ခေါ်သွားပေးပါလား …။ သူက အစ်မတုန်ကို တွေ့ရမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ မဖြစ်နိုင်ဘူး ဆိုရင်လည်း ဒါနဲ့ပတ်သက်လို့ စိတ်ထဲ မထားတော့နဲ့ပေါ့ …” သူက ထိုသို့ ပြောပြီးနောက် တစ်ချက်တောင် ပြန်စောင်းငဲ့ မကြည့်တော့ဘဲ ထွက်သွားတော့သည်။ လျို့ယွဲ့နှင့် ချန်စီယန်တို့က နှစ်ယောက်သား မှင်တက် အံ့အားသင့်၍ ကျန်ခဲ့တော့သည်။ သူတို့ နှစ်ယောက်လုံးက စကားတစ်လုံးမှ မပြောနိုင်ဘဲ အချိန်အတော်ကြာ သည်နေရာ၌ မတ်တတ် ရပ်မိနေကြသည်။

လျို့ယွဲ့က ခြေစောင့်ကာ လှမ်းအော်လိုက်သည်။

“ပြန်လာခဲ့စမ်း … သူက ငါ့ကိုဒီနေရာကို ခေါ်တာ ဒီလိုလုပ်ခိုင်းဖို့ပေါ့ …” ကံမကောင်းစွာနှင့် ဝမ်လင်းက လှည့်မကြည့်တော့ဘဲ သူ့ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset