Switch Mode

အပိုင်း(၂၄၀)

သူငယ်ချင်းဟောင်း (၂)

ဝမ်လင်းက မနက်မိုးလင်းတော့ လေ့ကျင့်ရာမှ ထလာခဲ့သည်။ သူက သူ့ကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များ တိုးလာသည်ကို တွေ့လိုက်၏။ တိမ်ကောင်းကင် ကလန်က စိတ်ဝိညာဉ် စွမ်းအင်များ သိပ်သည်းစွာ ရှိသဖြင့် တစ်ညတာ ကျင့်ကြံမှုကပင် အကျိုး သက်ရောက်မှု ရှိနေလေ၏။

ဝမ်လင်းက ထလိုက်ပြီး တိမ်ကောင်းကင် တပည့် အဝတ်အစားကို ဝတ်ဆင်လိုက်သည်။ သူက သူ့အမှတ်အသား တုန်ကင်နှင့် အဖြူရောင် ပုလင်းကို ယူ၍ လိုက်သည်။

ဝမ်လင်းက ပုလင်းထဲက စိတ်ဝိညာဉ် အရည်များကို တစ်ငုံသောက်လိုက်ကာ ထိုင်၍ စတင် လေ့ကျင့်တော့သည်။ သူ့လက်နှစ်ဖက်လုံးကို မြန်ဆန်စွာ လှုပ်ရှားလိုက်ရာ သူ့ရှေ့တွင် ပုံရိပ်ယောင်များ ဖြစ်ပေါ်လာခဲ့သည်။ စိတ်ဝိညာဉ် အရည်များက သူ့ကိုယ်ထဲသို့ စိတ်စွမ်းအင်များ အဖြစ်သို့ ပြောင်းသွားကာ လက်သို့ လျင်မြန်စွာ စီးဆင်းသွားသည်။

ဝမ်လင်းက လက်ကို လျင်မြန်စွာ ပို၍ပို၍ လှုပ်ရှားလိုက်သည်။ သူ့နဖူးပေါ်၌လည်း ချွေးများစို့ လာခဲ့သည်။ ထို့နောက်သူက ရုတ်တရက် အော်လိုက်သည်။

“သွား …”

ရုတ်တရက် သူ့လက်ကြောင့် ဖြစ်လာသော ပုံရိပ်ယောင်များက အတားအဆီး စက်ဝိုင်းများ ဖြစ်လာခဲ့သည်။ အတားအဆီး စက်ဝိုင်းက မြေပေါ်သို့ ကျရောက်သည်။

မြေကြီးပေါ်၌ အဝိုင်းပေါက် တစ်ခု ဖြစ်လာခဲ့ပြီး စတင် တောက်ပလာသည်။

ဝမ်လင်းက သူ့ နဖူးပေါ်ရှိ ချွေးများကို သောက်လိုက်သည်။ သူ့ကိုယ်ပွားက အတားအဆီး တစ်ခုသာ လုပ်နိုင်စွမ်း ရှိလေသည်။ သို့သော် သူက ထိုအတားအဆီး ပြုလုပ်ရန်ပင် စိတ်ဝိညာဉ် အရည် လိုအပ်ခဲ့သည်။ ထို့ပြင် သူ့အတွက်လည်း အတော်လေး အားစိုက်ရပေသည်။

အတားအဆီး အဝိုင်းက မြေပေါ်သို့ ကျသောအခါ အေးစက်သော ငွေရောင်များက အတားအဆီးထဲမှ ထွက်လာခဲ့သည်။ ထို့နောက် တဖြည်းဖြည်းနှင့် ဝမ်လင်း၏ မူရင်းကိုယ်က ပေါ်လာခဲ့တော့သည်။

အတားအဆီးကို စမ်းသပ်ပြီးနောက် ဝမ်လင်း၏ မူရင်းကိုယ်က စက်ဝိုင်းထဲသို့ ပြန်ဝင် သွားတော့သည်။

သည်အရာက ဝမ်လင်း၏ နိုင်ကွက်ဝှက်ဖဲ ဖြစ်၏။ သူကတံခါးပိတ်ကာ ကိုယ်ပွားကို ဖန်တီးချိန်တုန်းက သူက စဉ်းစားခဲ့သည်။ သူ့ကိုယ်ပွားက အပြင်မှာ လှုပ်ရှားလျှင် အန္တရာယ် ကြုံလာနိုင်သည်ကို တွေးမိခဲ့သည်။ ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်နှင့် မင်ကျောက်တုံး နှစ်ခုကို အသုံးပြု၍ အတားအဆီး တစ်ခုပြုလုပ်ပြီး သူ့မူရင်းကိုယ်ကို ကိုယ်ပွားထံသို့ ရောက်လာနိုင်အောင် ပြုလုပ်ခဲ့သည်။ သို့သော် သူ့ကျင့်ကြံမှုက အဆင့်တစ်ခုသို့ မရောက်သေးသရွေ့ အတားအဆီး စက်ဝိုင်းတစ်ခုကို ဖန်တီးထားချိန်၌သာ မူရင်းကိုယ်ကို ခေါ်ထား နိုင်သေးသည်။

နှစ်လတာ ကုန်သွားခဲ့ပြီ ဖြစ်သည်။ ကျောက်လင်းက ခုထိ ပြန်ရောက်လာခြင်း မရှိသေးပေ။ ဝမ်လင်းကလည်း တစ်ယောက်တည်းသာ ခြံဝင်းထဲ၌ ခပ်ကင်းကင်း နေနေဆဲဖြစ်သည်။ မည်သူကမှလည်း သူ့ရှိသို့ လာခြင်းမရှိကြ။ ဝမ်လင်းက ကျောက်လင်း ထားခဲ့သော ကျောက်စိမ်းပြားထဲရှိ အရာအားလုံးကို ဂရုတစိုက် ဖတ်လိုက်သည်။ သူက ဖတ်ပြီးသောအခါ ကျောက်စိမ်းပြား ထဲရှိ အချက်အလက်များက အသေးစိတ် ဖြစ်သည်ကို တွေ့လိုက်ရ၏။

ဆေးလုံး ကျွေးခဲ့သော သားရဲကတော့ ပို၍ သန်မာ လာခဲ့သည်။ သူ့စိတ်ဝိညာဉ် စွမ်းအင်များမှာလည်း ပို၍ သန်မာ လာခဲ့ခြင်းက မည်သည့် အန္တရာယ်ရှိသော အကျိုးရလဒ်မှ မရှိကြောင်း ပြသလို့ နေသည်။

ထို့အတွက် ဝမ်လင်း၏ စိတ်ထဲ၌ ပို၍ ရှုပ်ထွေး လာခဲ့သည်။ သူက ကျောက်လင်းမှာ သူ့ကို တပည့်အဖြစ် အမှန် လက်ခံထားကြောင်း သေချာ သိလိုက်သည်။

သည်နှစ်လ အတွင်း ဝမ်လင်း၏ ကျင့်ကြံခြင်း အဆင့်က အလွှာသုံးမှ အလွှာ ရှစ်သို့ရောက်ခဲ့သည်။ သူက စိတ်ဝိညာဉ် အရည်များအပြင် ဝမ်လင်း၏ ဆေးပညာကြောင့် သူ့ကျင့်ကြံမှု အဆင့်က မြန်ဆန်စွာ တိုးတက် လာခဲ့ခြင်း ဖြစ်၏။

မူလတုန်းက သူက တိမ်ကောင်းကင် ကလန်သို့ ရောက်လာသည်မှာ ဆေးလုံးများ ရရန်သာဖြစ်၏။ သို့သော် အခုချိန်၌ သူက ဆေးပညာ နည်းလမ်းနှင့် ဥယျဉ်ထဲရှိ ဆေးပင်များပါ ရခဲ့သည်။ ဝမ်လင်းက သူကိုယ်တိုင် ဆေးလုံးကို သူကိုယ်တိုင် လုပ်နိုင် လာခဲ့သည်။

ဆေးပညာ လမ်းစဉ်က အလွန် ရှည်လျား၏။ အရည်ချင်းများစွာ ရှိရန်လိုသလို အရေးကြီးဆုံးမှာ အလွန် ကြိုးစားရန်လည်း လိုသည်။ ဆေးပညာ လမ်းစဉ်က တစ်ခါတလေ ကျလျှင် ကျင့်ကြံခြင်းထက် ခက်ခဲလေသည်။

တစ်ယောက်ယောက်က ဆေးပညာကို စတင် လေ့လာမည်ဆိုလျှင် ရှုံးနိမ့်မှုနှုန်းက အလွန်မြင့်သည်။ ဝမ်လင်းက သည်နှစ်လ အတွင်း မရေမတွက်နိုင်စွာ ဆေးပညာကို လေ့ကျင့်ခဲ့သော်လည်း အကြိမ် အနည်းငယ်သာ အောင်မြင်ခဲ့၏။

ဝမ်လင်းက ကျင့်ကြံရာ၌ ကူညီပေးနိုင်သော ဆေးလုံး ခုနစ်လုံးကို ဆေးပင်များစွာ သုံး၍ ပြုလုပ်ခဲ့သည်။ သည်ဆေးလုံးတွေ၊ စိတ်ဝိညာဉ် အရည်တွေနှင့် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ရယ်ကြောင့် သူက နှစ်လအတွင်း အလွှာသုံးမှ အလွှာရှစ်သို့ ရောက်လာခဲ့သည်။

တစ်နေ့တွင် ဝမ်လင်းက ခြံထဲမှာ ရှိနေစဉ် ပေါက်ကွဲသံတစ်ခု ကြားလိုက်ရသည်။ အလင်းလှိုင်းများက ခြံဝင်းထဲသို့ ဖြတ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ဝမ်လင်းက အခန်းထဲမှ ထွက်လာခဲ့သည်နှင့် ဖုန်များ ပြည့်နေသည်ကို တွေ့လိုက်၏။ သူက ပြုံးလိုက်မိသည်။ သည်အရာက နောက်ဆုံး သန့်စင်ခြင်း ကျရှုံးသွားကြောင်း သူက သိလိုက်သည်။

ထိုခဏ၌ ဝမ်လင်းက မီးပြင်းအားကို ထိန်းချုပ်နိုင်ခြင်း မရှိ။ ထို့ကြောင့် ဆေးမီးဖိုက ပေါက်ကွဲသွားခြင်း ဖြစ်သည်။ ပါဝင်သော ဆေးအမယ်များလည်း အလကား ဖြစ်ကုန်ရသည်။

သည်နှစ်လ၌ ဝမ်လင်းက ဆေးမီးဖို (၇)ခုကို ဖြုန်းတီးခဲ့သည်။ ဆေးမီးဖို (၇)ခုတွင် သုံးခုသာ ကျန်တော့၏။

ဝမ်လင်းက ခြံထဲသို့ လမ်းလျှောက် ထွက်လာခဲ့သည်။ သူ့ပုံစံက တွေးတော နေသည့်ဟန် ရှိ၏။ စိတ်ဝိညာဉ် စွမ်းအင်ဖြင့် မီးပြင်းအားကို ထိန်းချုပ်ရသည်။ စိတ်ဝိညာဉ် စွမ်းအင်မှုက အရမ်း အရေးမကြီးဘဲ ၎င်းက အသေးစိတ် ထိန်းချုပ်နိုင်စွမ်း နည်းစနစ်ပေါ်သာ မူတည်ပေသည်။

တစ်စုံတစ်ယောက်က စိတ်ဝိညာဉ် စွမ်းအင်ဖြင့် မီးနှင့် ဆေးမီးဖိုကြား ဆက်သွယ်မှု လုပ်ဆောင်မည် ဆိုလျှင် မီးတောက်ကို တည်ငြိမ်အောင် လုပ်ရ၏။ ဆေးမီးဖိုအတွင်း ပြောင်းလဲမှုများ အပေါ်အခြေခံ၍ လိုအပ်သော ပြောင်းလဲ ထိန်းသိမ်းမှုများ ပြုရသည်။

သည်လုပ်ငန်းစဉ် အတွင်း လွဲချော်မှု တစ်ခုခုရှိလျှင် ဆေးလုံးဖြစ်ပေါ်ရန် ကျရှုံးမည် ဖြစ်၏။

သည်အရာက ဆေးဝါးပညာရှင် လက်သစ်များ အတွက် အခက်ခဲဆုံး အတားအဆီး တစ်ခုပင်။ သို့ရာတွင် တစ်စုံတစ်ယောက်က စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်မည်ဆိုပါက သူတို့ စိတ်ဝိညာဉ်ကို မီးအဖြစ် အသုံးပြု နိုင်ပေ၏။

မီးကို ထိန်းချုပ်ခြင်း အပြင် ဆေးအမယ်များကို ချိတ်ဆက် အသုံးပြုမှုနှင့် နားလည်မှုတို့ ကလည်း အရေးကြီးပေသည်။ ဆေးညွှန်း တစ်ခုတည်းက ဆေးဖော်စပ်ရာ၌ လုံလောက်ခြင်း မရှိပါ။ လူတစ်ရာက ထပ်တူကျသော ဆေးလုံး တစ်လုံးကို တူညီသော ဆေးဖော်စပ်နည်းဖြင့် ပြုလုပ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ထို့ကြောင့် လူတစ်ယောက် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာရန်က အလွန် ခက်ခဲလှသည်မှာ ရှင်းလင်းပေသည်။

ဝမ်လင်းက တိမ်ကောင်းကင် ကလန်သို့ ရောက်လာသော နှစ်လ၌ ဆေးလုံး၏ အရည်အသွေးကို အဆင့်(၉)ခုခွဲကြောင့် တွေ့ရှိခဲ့၏။ ဆေးဝါးပညာရှင် တစ်ယောက်၏ အဆင့် သတ်မှတ်ချက်က သူဖော်စပ်ခဲ့သော ဆေးလုံး၏ အရည်အသွေးက ဆုံးဖြတ် ပေးလေသည်။

အခုချိန်မှာ တိမ်ကောင်းကင် ကလန်၌ အဆင့်(၅)ဆေးလုံး ဖော်စပ်နိုင်သောသူ သုံးယောက်ရှိ၏။ တစ်ယောက်မှာ ကျောက်လင်း၏ဆရာ ဖြစ်၏။

သူက မိန်းမ တစ်ယောက်ဖြစ်ကာ တိမ်ကောင်းကင် ကလန်၏ တိုက်ရိုက်တပည့် မဟုတ်ပေ။ သူမက ရှန်ဝူနိုင်ငံမှ လာခဲ့ခြင်း ဖြစ်သည်။ သူမက တိမ်ကောင်းကင် ကလန်သို့ ရောက်လာသည်နှင့် အဓိက အဖွဲ့ဝင် တစ်ယောက် ဖြစ်လာခဲ့ပြီး နှစ်အနည်းငယ် အတွင်း အကြီးအကဲ ဖြစ်လာခဲ့သူ ဖြစ်၏။

သူမကြောင့် ကျောက်လင်းက (၉)ဆက်မြောက် တပည့်ဖြစ်သော်လည်း လူသစ်ရွေးပွဲ၌ စီစဉ်သူ တစ်ယောက်အဖြစ် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အကြီးအကဲများက ကျောက်လင်းအတွက် လိုအပ်ချက်များကို ထောက်ပြပေး၏။ တကယ်တော့ သူတို့က ကျောက်လင်းကို မျက်နှာလုပ်ခြင်း မဟုတ်ဘဲ သူ့ဆရာကို မျက်နှာ လုပ်ခြင်းပင်။

ဝမ်လင်းက ခြံထဲမှာ လမ်းလျှောက်ရင်း အခု သူဘာကြောင့် ဆေးလုံး ဖော်စပ်ရာ၌ ကျရှုံးရသည်ကို စဉ်းစား နေခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံး ချောမွတ်‌ အဆင်ပြေ နေရာမှာ နောက်ဆုံး အဆင့်တွင် မီးထိန်းချုပ်တာ မှားသွားခြင်းကြောင့် သူက ကျရှုံးသွားရ၏။

ဝမ်လင်းက တွေးလိုက်၏။

“ဆေးလုံး သန့်စင်တာက အကြိမ်တိုင်း အောင်မြင်နိုင်လား …။ မီးပြင်းအား တိုးလားပြီး ထိန်းချုပ်မှု လွတ်သွားမယ် ဆိုရင်ရော …” သူက လွန်ခဲ့သော နှစ်လက အခုလို ဖြစ်ပွားခဲ့ခြင်း မရှိဘဲ အောင်မြင် ခဲ့သည်ကို သတိရ လိုက်မိ၏။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ဆေးအမယ် အချို့ကို ယူ၍ ထပ်မံ သန့်စင်ရန် စတင်လိုက်သည်။

မီးပြင်းအား ရုတ်တရက် တိုးလာပြီး ထိန်းချုပ်မှု လွတ်သွားသော်လည်း သူက တစ်ခါ အောင်မြင်ခဲ့ဖူး၏။ သူက မီးတောက် ပျံ့နှံ့မှုကို ဘယ်လိုကြိုးစား ထိန်းချုပ်ထိန်းချုပ် ဆေးမီးဖို ပေါက်ကွဲမှုက ထပ်ဖြစ်ပြန်သည်။

ဝမ်လင်းက ပေါက်ကွဲသွားသော ဆေးမီးဖိုနှင့် ဆုံးရှုံးသွားသည့် ဆေးအမယ်များကို ကြည့်၍ သူ့ပုံစံက နက်မှောင်သွား၏။ သူက ထပ်မံပြီး နှစ်ကြိမ်ကြိုးစား ခဲ့သော်လည်း ဆေးမီးဖိုက ပေါက်ကွဲ သွားခဲ့ပြန်သည်။ သည်နှစ်လအတွင်း သူက ဆေးမီးဖို (၇)ခုလုံးကို အပိုင်းအစ ဖြစ်စေခဲ့တော့သည်။

ဝမ်လင်းက မဲ့ပြုံး ပြုံးလိုက်၏။ သူက သက်ပြင်းချကာ တွေးလိုက်၏။

“သူက ဆေးလုံး သန့်စင်တာ ကျရှုံးသွားလည်း သူ့အတွက် အဆင်ပြေသေးတယ် … ဘာလို့လဲ ဆိုတော့ သူက အောင်မြင်တဲ့ အထိ ဆက်လုပ်နေမှာ ဖြစ်တယ် … ဒါပေမဲ့ ဆေးမီးဖို အကုန်လုံးက ပျက်စီးသွားပြီ …”

အခု အခြေအနေက ဖြေရှင်း၍ မရဖြစ်နေ၏။ ဝမ်လင်းက ဆေးမီးဖိုများ ဖျက်ဆီးခဲ့သည့် အတွက် တိမ်ကောင်းကင် ကလန်မှ ပထမဆုံး ကန်ထုတ်ခံရသည့် တပည့် ဖြစ်သွားမှာ စိုးရိမ်နေသည်။ တကယ်တော့ ဝမ်လင်းက ဆေးမီးဖို တန်ဖိုးကို သိ၏။ ဆေးမီးဖို ပျက်စီးသွားတိုင်း သူ့နှလုံးသားက နာကျင် ရလေသည်။

ထိုခဏ၌ ဝမ်လင်းက ဆေးဝါးပညာရှင်များစွာ ရှိသော်လည်း ထိပ်ဆုံးရှိ ဆေးဝါး ပညာရှင်များမှာ နည်းပါးလှကြောင်း သဘောပေါက်မိ လိုက်သည်။ တကယ်တော့ ဆေးဝါး ပညာရှင်များက လေ့ကျင့်ပေးဖို့ တန်ဖိုးများစွာ ကုန်ကျသော လူများလည်း ဖြစ်သည်။ ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာရန် တစ်ယောက်ယောက်က ဆေးအမယ်များစွာနှင့် ဆေးမီးဖိုများစွာ လိုကြောင်း သိနိုင်ပေ၏။

ရလဒ်အနေနှင့် သာမန်ကလန် တစ်ခုက ဆေးဝါပညာရှင် တစ်ယောက်ကိုပင် ထောက်ပံ့နိုင်ခြင်း မရှိဖြစ်ရသည်။ တိမ်ကောင်းကင် ကလန်လိုများသာ ဆေးဝါးပညာရှင် များစွာကို ထောက်ပံ့ နိုင်နေခြင်း ဖြစ်သည်။

ဝမ်လင်းက မဲ့ပြုံးပြုံးကာ ဆေးမီးဖို အပိုင်းအစများကို ရှင်းလင်းလိုက်သည်။ ထို့နောက်သူက ခြံဝင်းထဲသို့ ထွက်လာခဲ့၏။

ဆေးမီးဖိုများ ပျက်စီးပြီးနောက် သူက အစကထက် ပို၍ ဆေးပညာကို လေ့ကျင့်ရန် လိုလာခဲ့သည်။ သို့ရာတွင် ကျောက်လင်းက ခုထိပြန်ရောက် မလာသေးပေ။ ထို့ကြောင့် သူက ကျောက်လင်း၏ဆရာကို သွားရှာမှ ရပေတော့မည်။

ထပ်ပြောရရင် သူက ဆေးမီးဖိုများ အဘယ့်ကြောင့် ပျက်စီး ရသည်ကိုလည်း မေးမြန်းရန် စီစဉ်ထားသည်။ သူက ဆေးပညာကို ဆက်မလေ့လာခင် သည်ပြဿနာကို ဖြေရှင်းရန် ကြိုးစား ရပေမည်။

တိမ်ကောင်းကင် ကလန်ကို အ‌ရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ ခွဲထားပြီး အလယ်တွင် အဓိကခန်းမ ရှိသည်။

ဝမ်လင်းက တိမ်ကောင်းကင် ကလန် အဝတ်အစားကို ဝတ်၍ ကလန် တံဆိပ်ကို ကပ်ကာ လမ်းလျှောက် ထွက်လာခဲ့သည်။ သူက အခြားလူများကို ဖြတ်ကျော် လာသော်လည်း သူတို့က ခေါင်းညိတ် နှုတ်ဆက်ကြလေ၏။

သူက လမ်းလျှောက် လာနေစဉ် ကြိုးကြာသံများ ကြားလိုက်ရသည်။ သူတို့က ဝမ်လင်းကို ဖြတ်ကျော် သွားသောအခါ ကြိုးကြာအုပ်စုမှ ရယ်မောသံများ ထွက်လာခဲ့သည်။ နောက်တော့ ကြွပ်ဆတ်သော အသံတစ်ခုကို ကြားလိုက်ရသည်။

“အိုး … နင်ပဲ …”

ဝမ်လင်းက ခေါင်းမော့ကြည့်လိုက်ရာ သူနှင့်အတူ လမ်းလျှောက် လာခဲ့သော မိန်းကလေးကို တွေ့လိုက်ရ၏။ သူမက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသည့်ဟန်နှင့် ကြိုးကြာအုပ်ထဲမှ ခေါင်းထွက်ကြည့် လိုက်သည်။ သူမက ပြောမလို ပြင်လိုက်စဉ် ကြည်လင်သော အသံတစ်ခုက သူမဘေးမှ ထွက်လာခဲ့သည်။

“ဂျူနီယာ ညီမငယ် … နင်ထပ်နောက်ကျမယ် ဆိုရင် ဆရာက နင့်ကို ဆေးပြင်းမီးဖို သန့်ရှင်းရေး ထပ်လုပ် ခိုင်းလိမ့်မယ် …”

မိန်းကလေးက သူမနှုတ်ခမ်းကို ပြန်စေ့လိုက်၏။ သူက ဝမ်လင်းကို ထပ်မံ ကြည့်လိုက်ပြီး အဝေးသို့ ပျံသန်း သွားတော့သည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။ သူက ရှေ့ကို အနည်းငယ် ဆက်လျှောက်လိုက်သည်။ သူမျက်လုံးများက ဖျတ်ခနဲ လက်သွားသည်။ အကြောင်းမှာ သူက သစ်ပင်နောက်၌ ပုန်းနေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ သူက အချစ်နာကျနေသောမျက်လုံးများနှင့် ကြိုးကြာအုပ်စီသို့ ကြည့်နေခြင်းဖြစ်သည်။ သည့်နောက်သူက ခပ်တိုးတိုး ပြောလိုက်သည်။

“ဒီမိန်းကလေးတွေက ပိုပို လှလာကြတာပဲ … အထူးသဖြင့် အသစ်ရောက်လာတဲ့ မိန်းကလေး …”

သူက ကျီစယ်သော အကြည့်နှင့် သူ့ကိုကြည့်နေသော ဝမ်လင်းကို သတိပြုမိ လိုက်သည်။ သူက အပင်နောက်မှာ ထွက်လာခဲ့ပြီး ဝမ်လင်း ပခုံး ကို လှမ်းပုတ်လိုက်သည်။ သို့သော် ဝမ်လင်းက နောက်သို့ ဆုတ်လိုက်၏။

သူကမှင်တက်မိ သွားသည်။ သို့သော် သူ့ပုံစံက မြန်ဆန်စွာ ပုံမှန်ဖြစ်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ရောင်းရင်း … မင်းအဲဒီ မိန်းကလေးကို သိလား …”

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။

လူငယ်၏မျက်ခုံးများက မြင့်တက်သွားသည်။

“ဂျူနီယာ … ညီအစ်ကို … မင်းမညာပါနဲ့။ ဒီမိန်းကလေး ပုံစံက မင်းနဲ့သိနေတဲ့ပုံပဲ … ညီအစ်ကို စိတ်ပူစရာ မလိုပါဘူး … ငါက ဒီမိန်းကလေးကို စိတ်မဝင်စားဘူး။ ငါသဘောကျတဲ့ လူက အစ်မကြီး ဝမ်တုန် တစ်ယောက်တည်းပဲ …”

ဝမ်လင်းက သူ့ကိုကြည့်၍ ပြောလိုက်သည်။

“ငါတကယ် သူမကို မသိဘူး …” သည့်နောက်သူက ထွက်လာလိုက်သည်။

လူငယ်က နောက်မှ ခပ်မြန်မြန် လိုက်လာပြီး ဝမ်လင်းနှင့် လမ်းအတူ လျှောက်လိုက်သည်။

“ငါမင်းကို မေးစရာရှိတယ် …။ ဂျူနီယာ ညီအစ်ကို … မင်းနာမည် ဘယ်လိုခေါ်လဲ …။ မင်းအစ်ကိုကလည်း တောင်ဘက်ခြမ်းက တပည့်ပဲ …။ မင်းသွားနေတဲ့ ဦးတည်ချက်ကို ကြည့်ရတာ တောင်ဘက်ခြံဝင်း မလား …”

ဝမ်လင်းက ထိုလူငယ်ကို ကြည့်၍ ပြောလိုက်သည်။ သူက ဖျော့တော့စွာ ပြုံး၍ ပြောလိုက်သည်။

“ငါက ဝမ်လင်းပါ …”

လူငယ်က ကျီစယ်သော အပြုံးနှင့် ပြောလိုက်ပြန်သည်။

“ငါ့နာမည်ကတော့ ချန်စီယန် … ဒီတော့ မင်းက တောင်ဘက်ခြံကို သွားမှာလား …”

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

“ဒီတော့ တောင်ဘက်ခြံကို ဘာလို့ သွားမှာလဲ …။ ငါကူညီနိုင် လောက်တယ် …”

ဝမ်လင်းက ရယ်မောကာ ပြောလိုက်သည်။

“မလိုဘူး … ရပါတယ် …။ ငါကတောင်ဘက် ခြံတစ်ခုထဲ သွားမှာ မဟုတ်ဘူး …”

ချန်စီယန်က မှင်တက်သွား၏။ သူက ဝမ်လင်းကို ကြည့်လိုက်ပြန်သည်။ ရုတ်တရက် သူက သူ့နဖူးကို သူရိုက်လိုက်မိ၏။ မင်း မျိုးရိုးနာမည်က ဝမ် … မင်းနာမည်က ဝမ်လင်း … ငါမှတ်မိပြီ …။ မင်းက ဦးလေးကျောက်လင်း လက်ခံထားတဲ့ တပည့်ပဲ …။ မင်း … မင်းက တကယ် ကံကောင်းတယ် …။ လူဘယ်လောက် များများက သူ့တပည့် ဖြစ်ချင်နေလည်း မင်းသိလား …”

ဝမ်လင်းက အံ့အားသင့် သွား၏။

“ဘာကြောင့်လဲ …။ ငါ့ဆရာရဲ့ ဆေးပညာက မြင့်မားလို့လား …”

ချန်စီယန်က လေးစားသည့်ဟန်ဖြင့် ပြောလိုက်သည်။

“သူ့ဆေးပညာ ကတော့ မနိမ့်သလို အမြင့်ကြီးတော့လည်း မဟုတ်ဘူး …။ သူက အဆင့်သုံး ဆေးလုံးကို လုပ်နိုင်တယ် …။ ဒါက ကြီးကျယ်တဲ့ အရာတစ်ခုတော့ မဟုတ်ဘူး …။ ငါက အဆင့်နှစ် ဆေးလုံးကို လုပ်နိုင်တယ် …။ ငါက သိပ်မကြာခင်မှာ အဆင့်သုံး ဆေးလုံးကို လုပ်နိုင်တော့မှာ …”

ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်သည်။ သူက ချန်စီယန် ပြောသည်များကို နားထောင်ရင်း တောင်ဘက်ခြမ်းခြံသို့ ဆက်လျှောက်နေ၏။

ဒါပေမဲ့ … ချန်စီယန်က ပြောလက်စ စကားကို ရပ်လိုက်သည်။ သည့်နောက်သူက ပြုံး၍ ပြောလိုက်ပြန်၏။ ညီအစ်ကို … ငါမင်းကို ဆက်ပြောပြ နိုင်တယ် …။ ဒါပေမဲ့ မင်းငါ့ကို အနောက်ဘက်ခြံကို တစ်ကြိမ် ခေါ်သွားမယ်လို့ ကတိပေးမှ ရမယ်။ ဘယ်လိုလဲ …”

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။

“မင်းမပြောချင်လည်း အဆင်ပြေပါတယ် …”

ချန်စီယန်က ဝမ်လင်း၏ သဘောထား မပြောင်းလဲသည်ကို မြင်လျှင် ခပ်မြန်မြန် ထပ်ပြော လိုက်ပြန်သည်။ အစ်ကိုဝမ် … ကြည့်ပါ …။ ငါအခုမင်းကို အစ်ကိုလို့ ခေါ်နေပြီ …။ မင်းအတွက် စကားနည်းနည်း ပြောပေးရုံနဲ့ ငါက အ‌နောက်ဘက် ခြံထဲကို သွားလို့ရပြီ …။ ဒါလေးက အစ်ကို့အတွက် မပြောပလောက် တာလေးပါ …”

ဝမ်လင်းက ခေါင်းလှည့်ကာ ပြောလိုက်၏။

“မင်းက ငါ့ကို ဒီမိန်းကလေးကို ရှာပေး စေချင်တယ် …။ ဒီတော့ မင်းက အစ်မကြီး ဝမ်တုန်နဲ့ တွေ့ချင်တာနဲ့ငါ့ကို အသုံးပြုနေတာပဲ …”

ချန်စီယန်က ကြောင်ငေးသွားသည်။ သို့သော်သူက မြန်ဆန်စွာ ပြန်ပြောလိုက်၏။

“ဟုတ်ပါတယ် … ဟုတ်ပါတယ် … ဒါလေးကလည်း မပြောပလောက်ပါဘူး …။ ဒီတော့ အစ်ကိုက ဘယ်လိုလဲ ကူညီမှာလား …”

ဝမ်လင်းက ဖြည်းညင်းစွာ ပြောလိုက်၏။

“လူတိုင်းက ဘာလို့ ကျောက်လင်းရဲ့ တပည့် ဖြစ်ချင်ရတာလဲ …”

ချန်စီယန်က ဝမ်းနည်းဟန် အပြည့်ဖြင့် ပြောလိုက်သည်။ ဘာလို့လဲ ဆိုတော့ ကျောက်လင်းက ဆရာကောင်း တစ်ယောက်ဖြစ်လို့ပဲ …။ ဝမ်လင်း … မင်းက တိမ်ကောင်းကင် ကလန်ရဲ့ နံပါတ်တစ် အလှပိုင်ရှင်ကို သိလား …။ သူမက တောင်ဘက်ခြမ်း ခြံထဲက အကြီးအကဲလီပဲ …။ သူမက အဆင့်ငါး ဆေးဝါးပညာရှင် တစ်ယောက်ဖြစ်တဲ့ အပြင် အရမ်းလည်း လှတယ် …။ ကျောက်လင်းက အကြီးအကဲလီရဲ့ တပည့်ဖြစ်လာတော့ မင်းကလည်း အကြီးအကဲလီရဲ့ တပည့်ပဲလေ …။ မင်းက အလှတရားကို ကြည့်ရတဲ့အပြင် ဆေးလုံးတွေနဲ့ ဆေးနည်းတွေကိုလည်း ရဦးမှာ … ဒီတော့ ဘယ်သူက ဒီလိုမျိုးအဖြစ်ကို မလိုချင်တာ ရှိပါ့မလဲ …”

ဝမ်လင်းက သူ့ကိုယ်သူ တိုးတိုး ပြောလိုက်သည်။

“အကြီးအကဲ လီ …”

အကြီးအကဲလီက ဟိုဖန်နိုင်ငံရဲ့ လျို့ဟီကလန်က တပည့် တစ်ယောက်လည်း ဖြစ်တယ် …”

***

Comment

Leave a Reply

Options

not work with dark mode
Reset