Switch Mode

အပိုင်း(၂၃၅)

အဗာတာကျင့်စဉ်ကို သင်ယူခြင်း

ဝမ်လင်းက မျက်လုံးပင့် လိုက်သည်။ သူက ပတ်ဝန်းကျင်ကို နတ်ဘုရား အာရုံဖြင့် ဆန်းစစ်ရင်း လျင်မြန်စွာ ပျံသန်းလျက်ရှိ၏။ ရုတ်တရက် သူက ရပ်လိုက်ကာ မြောက်ဘက်ရှိ (၂၀၀၀) ကီလိုမီတာ အကွာရှိ ကျင့်ကြံသူ နှစ်ယောက်ကို ကြည့်လိုက်၏။ ထိုနှစ်ယောက်လုံးမှာ ယောက်ျားများ ဖြစ်ကြ၏။ နှစ်ယောက်ထဲမှ တစ်ယောက်မှာ ချောမောသော လူငယ်လေး တစ်ယောက်ဖြစ်ပြီး အခြေခံ တည်ဆောင်ခြင်း အဆင့်၌သာ ရှိသေးပြီး အခြား တစ်ယောက်ကတော့ စဦးအမြုတေ အဆင့်ရှိသော သက်လတ်ပိုင်းလူကြီး ဖြစ်သည်။

မိုင်ကောယွမ်က ဟောင်ရန်ကလန်၏ တပည့်တစ်ယောက် ဖြစ်၏။ သူ့ဆရာ အမိန့်အရ သူက တိမ်ကောင်းကင် ကလန်သို့ ခိုင်လင်းနှစ်ပတ်လည် တွေ့ဆုံမှုအတွက် သွားရောက်ခြင်း ဖြစ်သည်။ သည်ခိုင်လင်း နှစ်ပတ်လည် တွေ့ဆုံမှုကို တိမ်ကောင်းကင် ကလန်မှ ဦးစီးကျင်းပခြင်း ဖြစ်သည်။

တိမ်ကောင်းကင် ကလန်က ချူကျင့်ကြံမှု နိုင်ငံတွင် ဆေးလုံး ထုတ်လုပ်ခြင်းကြောင့် ထင်ရှားပေသည်။ အဆင့်(၄) တိုင်းပြည် အချို့ကပင် သူတို့ကလန်၏ ဆေးလုံးများကို လာရောက် ကုန်သွယ်ကြ၏။ သို့သော် ထိုကုန်သွယ်မှုက ဆယ်နှစ်တစ်ကြိမ် ကျင်းပသော အကြီးဆုံး ခိုင်လင်း နှစ်ပတ်လည် တွေ့ဆုံပွဲ၌သာ ဖြစ်သည်။ ထိုတွေ့ဆုံပွဲ့၌ ချူနိုင်ငံရှိ လူငယ်မျိုးဆက် ကျင့်ကြံသူများ တွေ့ဆုံကြပြီး တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ကြသည်။

တိမ်ကောင်ကင် ကလန်က ပြုလုပ်သော ဆေးဝါးများသည် အခြား ဆေးများထက် အနည်းဆုံး(၁၀) ရာခိုင်နှုန်း ပိုကောင်းသည်ဟု ပြောကြပေသည်။ ထို့အတွက်ကြောင့် သည်ကလန်က ပြုလုပ်သော ဆေးများသည် အဝယ် များကြပေသည်။

မိုင်ကောယုံက သူ့ကလန်ထဲရှိ တပည့်အများကြီး ထဲမှ သူ့ကို ရွေးချယ်သည့် အတွက် ဂုဏ်ယူ နေမိသည်။ သူက အခုလို ပါဝင်ခွင့် ရခြင်းမှာ သူ့ဆရာကြောင့် ဖြစ်သည်ကို သိ၏။

မိုင်ကောယုံက ထိုသို့ တွေးမိလိုက်ပြီး သူ့ရှေ့က သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်၏။ သည်သက်လတ်ပိုင်း လူကြီးက အသားအရေမှာ အလွန် ဖျော့တော့နေသော်လည်း မိုင်ကောယုံက သည်လူကြီးကို အနည်းငယ်ပင် မလေးမစား မလုပ်ရဲပေ။ သည်လူကြီးက သူ့ဆရာဖြစ်ပြီး အမြုတေ ဖွဲ့တည်ခြင်း စဦးအဆင့်၌ ရှိနေသောကြောင့်ပင် ဖြစ်၏။

ဟောင်ရန် ကလန်၌ အမြုတေ ဖွဲ့တည်ခြင်း တစ်ယောက်၏ တပည့်တစ်ယောက် ဖြစ်ရန် အလွန် ရှားပါး၏။ မိုင်ကောယွမ်က အတွင်းတပည့် ဖြစ်လာလျှင် သူ့အဆင့်အတန်းမှာ မြင့်မား သွားပေလိမ့်မည်။

သူက သူ့ဆရာကို အလွန် လေးစား၏။ သူ့ဆရာက ကလန်အတွင်းရှိ အနည်းငယ်သော ဆေးဝါး ပညာရှင်တွေထဲမှ တစ်ယောက်ဖြစ်သည်။ သူ့ဆရာ ပြုလုပ်သော ဆေးများက တိမ်ကောင်းကင်မှ ပြုလုပ်သော ဆေးများကို မယှဉ်နိုင်သော်လည်း သိပ်တော့ မကွာလှ။ ထို့ကြောင့် သူ့ဆရာ၏ အဆင့်က ကလန် အတွင်း၌ မြင့်မားလျက် ရှိပြီး သူလည်း ထိုနည်းအတိုင်း ဖြစ်ရ၏။

“မင်းကိုယ်မင်း တည်ငြိမ်အောင် နေပါ။ မလိုတဲ့ဟာတွေ မတွေးနဲ့ … ငါတို့က တိမ်ကောင်းကင် ကလန်နဲ့ တော်တော်လေး နီးနေပြီ …။ ဟောင်ရန်ကလန်ကို မျက်နှာ မပျက်စေနဲ့” ခြောက်ကပ်သော အသံတစ်ခု ထွက်လာသည်နှင့် မိုင်ကောယုံက သူ့အတွေးများကို ရပ်တန့်လိုက်၏။

မိုင်ကောယုံက သိချင်စိတ်ဖြင့် သူ့ဆရာကို မေးလိုက်၏။

”ဆရာ … တိမ်ကောင်းကင် ကလန်”

သူ့စကား မဆုံးသေးခင်မှာပင် မိုင်ကောယုံက သူ့ဆရာ၏ အမူအရာ ပြောင်းသွားသည်ကို တွေ့လိုက်၏။ သက်လတ်ပိုင်း လူကြီးက အကွာအဝေး တစ်နေရာက အရာတစ်ခုကို အာရုံစိုက်နေခြင်း ဖြစ်သည်။

“ပါးစပ် ပိတ်ထားစမ်း”

မိုင်ကောယုံက ကြက်သေသေ သွားမိသည်။ သူက ရှေ့ကိုကြည့် လိုက်တော့လည်း အပြာရောင် ကောင်းကင်ကြီးကိုသာ တွေ့ရပြီး ပုံမှန်မဟုတ်တဲ့ အရာ တစ်ခုခုကို မတွေ့ဘဲ ဖြစ်နေ၏။ သို့သော် ရုတ်တရက် သူက မိုးခြိမ်းသံ တစ်ခုလို အသံတစ်ခုကို ကြားလိုက်ရပြီး သန်မာသော အားတစ်ခုကြောင့် တိမ်များက လွင့်ပြယ်သွားသည်ကို တွေ့လိုက်ရ၏။

မိုင်ကောယုံ၏ မျက်နှာမှာ ပြောင်းလဲ သွားပေသည်။ သူက ကြောက်ရွံ့ဟန် ဖြစ်လာ၏။ မိုင်ကောယွန်သည် အရိပ်တစ်ခုက သူတို့ရှိသို့ လျင်မြန်စွာ လာနေသည်ကို တွေ့လိုက်ရ၏။ ထိုလူမှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင် အဖြူရောင်များ ပိုင်ဆိုင်ထား၏။ သူ့မျက်လုံးများက အေးစက်နေပြီး နတ်ဆိုး ဆန်လွန်းနေ၏။ မိုင်ကောယုံက ခေါင်းငုံ့ကာ သူ့ဆရာနောက်သို့ ရပ်လိုက်၏။

“အားကောင်းလွန်းတဲ့ သတ်ဖြတ်ခြင်း ဆန္ဒတွေပဲ …” မိုင်ကောယုံ၏ဆရာ ရှုလီက မျက်လုံး သူငယ်အိမ်များ ကြုတ်မိသွားသည်။ သူက နတ်ဘုရား အာရုံဖြင့် ကြည့်လိုက်ရာ သည်လူ၏ ကျင့်ကြံမှု အဆင့်က သူ့ထက် မြင့်နေသည်ကို တွေ့လိုက်ရ၏။

ရှုလီက သူ့ဘဝ တစ်လျှောက်လုံး ဆေးလုံးများ ပြုလုပ်ခြင်းကို သင်ယူခဲ့သဖြင့် စိတ်ဝိညာဉ် စွမ်းအင်အာရုံများ ရှိ၏။ သူက သည်လူက လူအများကြီး သတ်ဖြတ်ခဲ့သော ကြောင့်သာ အခုလို အသတ်အဖြတ် ဆန္ဒများ ထွက်ပေါ်နေကြောင်း သိလိုက်၏။ သူက သည်လူနှင့် ပတ်သက်၍ သတိထား ရပေလိမ့်မည်။ မဟုတ်လျှင် သူ့အတွက် ကပ်ဆိုးတစ်ခု ဖြစ်သွားပေလိမ့်မည်။

ထို့နောက်သူက လက်နှစ်ဖက်ကို ဆုပ်၍ လေးစားစွာ ပြောလိုက်သည်။

”ရောင်းရင်း ကျင့်ကြံသူ …။ ငါက ဟောင်ရန် ကလန်က ရှုလီပါ … သူကတော့ ငါတပည့်ပါ … ရောင်းရင်း ကြည့်ရတာ အလျင် လိုနေပုံပဲ … ငါကူညီနိုင်တာ တစ်ခုခု ရှိရင်ပြောပါ”

ထိုဆံပင် အဖြူရောင်နှင့် လူမှာ ဝမ်လင်း ဖြစ်၏။ သူက ရှုလီကို ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။

”ရောင်းရင်း … ငါက ဘယ်ကျင့်ကြံမှု နိုင်ငံမှာ ရောက်နေတာလဲ”

ရှုလီက ကြောင်သွားပေသည်။ သူက အနည်းငယ် စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။

”ဒီနိုင်ငံက ချူကျင့်ကြံခြင်း နိုင်ငံပါ …။ ရောင်းရင်းက ဘယ်နိုင်ငံက လာခဲ့တာလည်း”

“ချူကျင့်ကြံမှု နိုင်ငံ …” ဝမ်လင်းက သူ့ကိုယ်သူ တိုးတိုး ပြောလိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ်ကို နှိုက်လိုက်၏။

သူ့အပြုအမူကြောင့် ရှုလီက သူ့တပည့်ကို ဆွဲပြီးနောက်သို့ ဆုတ်လိုက်သည်။ ဝမ်လင်းက သူ့ကို လှမ်းကြည့်လိုက်၏။ သူက လက်ထဲရှိ ကျောက်စိမ်းပြားကို ရှုလီအား ပြလိုက်၏။ သည်ကျောက်စိမ်းပြားက စစ်နတ်ဘုရား ကျောင်းတော်၌ ကျောက်ဇီဟွမ် ထံမှ ရခဲ့သော မြေပုံပင် ဖြစ်သည်။ သည်မြေပုံထဲ၌ ဟိုဖန်နိုင်ငံအနီးအနားရှိ နိုင်ငံများ အကြောင်း ပါဝင်ပေသည်။

သူက ချူနိုင်ငံလို့ ကြားလိုက်သောအခါ သည်နာမည်ကို တစ်နေရာရာ ကနေ ကြားခဲ့ဖူးသည်ဟု ခံစားလိုက် ရသည်။ သူက ကျောက်စိမ်းပြားထဲရှိ မြေပုံကို ကြည့်လိုက်သောအခါ သူရောက်နေသော နေရာကို အကြမ်းဖျင်း သိသွား၏။

ချူနိုင်ငံက ဟိုဖန်နိုင်ငံ၏ မြောက်ဘက်တွင် ရှိပြီး နတ်ဆိုး ပင်လယ်နှင့် ထိစပ်မှု အနည်းငယ်ရှိ၏။ ကျောက်စိမ်းပြားထဲရှိ အချက်အလက်များ အရ ချူနိုင်ငံက ကျိုးပဲ့နေသော ကျောက်တုံးများ ပြည့်နေသော တောင်တန်းများစွာ ရှိသောနိုင်ငံ ဖြစ်သည်ကို သိလိုက်ရသည်။ သည်တိုင်းပြည်က ကြီးမားပြီး ကျင့်ကြံသူများစွာ ရှိကြောင်းလည်း သိလိုက်ရသည်။ သည်တိုင်းပြည်က အဆင့်လေးတိုင်းပြည် တစ်ခုဖြစ်ရန် နီးစပ်နေသော တိုင်းပြည်လည်း ဖြစ်၏။

အကြောင်းမှာ ချူနိုင်ငံ၌ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိနေသောကြောင့် ဖြစ်၏။ သည်လူများက ချူနိုင်ငံ၏ အဓိက ထောက်တိုင်များ ဖြစ်ကြပေသည်။ သူတို့က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိသွားမည် ဆိုပါက ချူနိုင်ငံက အဆင့်လေး တိုင်းပြည် ဖြစ်သွားပေလိမ့်မည်။

ဝမ်လင်းက ကျောက်စိမ်းပြားထဲရှိ ချူနိုင်ငံနှင့် ပတ်သက်သော အချက်အလက်များကို လေ့လာပြီးနောက် ရှုလီကို ကြည့်လိုက်၏။

”ရောင်းရင်း … ဒီနေရာက ချူနိုင်ငံရဲ့ ဘယ်နားလဲ”

ရှုလီက သတိ အနေထားနှင့် ပြန်ဖြေလိုက်၏။

”ဒီနေရာက တိမ်ကောင်းကင် တောင်တန်းပဲ”

ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်၏။ ထို့နောက်သူက တစ်နေရာကို လှမ်းကြည့်ရင်း မေးလိုက်သည်။

” ကီလိုမီတာ(၁၀၀၀၀) လောက်မှာ ရှိတဲ့ တိမ်ကောင်းကင် တောင်ထိပ်ပေါ်မှာ ရှိတဲ့အရာက တိမ်ကောင်းကင် ကလန်လား …”

ရှုလီက တုန်လှုပ်သွားကာ ဝမ်လင်းကို ပြောလိုက်၏။

”ရောင်းရင်းက တိမ်ကောင်းကင် ကလန်နဲ့ စီးပွားရေးလုပ်ဖို့ ရှိတာလား”

ဝမ်လင်းက ဖျော့တော့စွာ ပြုံး၍ သူက ရှုလီနှင့် သူ့တပည့်ကို ကြည့်လိုက်၏။

”ကျေးဇူးတင်ပါတယ် … ကောင်းသော တွေ့ဆုံမှုပါ … နှုတ်ဆက်ခဲ့ ပါတယ်” ဝမ်လင်းက ထိုသို့ ပြောပြီး အလင်းတစ်ခု အလား ပျောက်ကွယ်သွား၏။

ဝမ်လင်း ထွက်သွားတော့မှ ရှုလီက အသက်ဝဝ ရှူရဲတော့သည်။ သူ့နောက်ကျော၌လည်း ချွေးများ စိုရွှဲလျက် ရှိနေ၏။ ဝမ်လင်း ထံမှ ထွက်ပေါ်လာသော ဖိအားက သူ့အတွက် အလွန် ကြီးမားခဲ့ပေသည်။

မိုင်ကောယု၏ မျက်လုံးများက ခုထိ ကြောက်ရွံ့မှုများဖြင့် ပြည့်နေသေး၏။ သူက ဝမ်လင်းထွက်သွားသော အရပ်ကို ကြည့်၍ မေးလိုက်၏။

”ဆ … ဆရာ … ဒီလူရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ … စဦးစိတ်ဝိညာဉ် အဆင့်လား”

ရှုလီက ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။

”ဒီလူက သတ်ဖြတ်ခြင်း စိတ်ဆန္ဒတွေနဲ့ ပြည့်နေတယ် … ငါခန့်မှန်းတာ မှန်မယ်ဆိုရင် သူက နတ်ဆိုး ပင်လယ်ကနေ လွတ်မြောက် လာတဲ့လူ ဖြစ်ရမယ် … သည်လိုလူတွေက ချူနိုင်ငံမှာ များများစားစား မရှိဘူး … ဒီလောက် ပြင်းထန်တဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒပိုင်တဲ့ လူကို ငါပထမဆုံး တွေ့ဖူးတာပဲ”

မိုင်ကောယုံက မှင်တက် သွားမိသည်။

”သတ်ဖြတ်ခြင်း စိတ်ဆန္ဒ …” သူကမေးလိုက်၏။

ရှုလီက ခပ်ဖြည်းဖြည်း ရှင်းပြလိုက်သည်။

”မင်းက လူတစ်ယောက်ကို သတ်လိုက်တိုင်း သတ်ဖြတ်ခြင်း ဆန္ဒတွေ ရလာလိမ့်မယ် …။ လူအများကြီး သတ်ထားတဲ့ လူတစ်ယောက်က သူက ဘာကျင့်စဉ်မှ မသုံးတာတောင်မှ သူ့အော်ရာနဲ့တင် လူတွေက ကြောက်ရွံ့ရတယ် … သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ဘယ်လို သုံးရမလည်း ငါလည်း မသိဘူး … ဒီစိတ်ဆန္ဒကို အသုံးပြုနိုင်မယ် ဆိုရင် စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူတွေကိုတောင် သက်ရောက်နိုင်တယ်”

မိုင်ကောယွန်က အသက်ပြင်းစွာ ရှူလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

”ဆရာ … ဆရာပြောတဲ့ အတိုင်းဆိုရင် ဒီလူက စဦးစိတ်ဝိညာဉ် အဆင့်ကို မရောက်သေးဘူး မလား”

ရှုလီက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။

”ဟုတ်တယ် … ဒါပေမဲ့သူက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်ကို ‌ရောက်နေပြီ …”

ဝမ်လ်းကတော့ သူသတ်မှတ်ထားသော နေရာသို့ လျင်မြန်စွာ ပျံသန်းလျက် ရှိ၏ မြေပုံအရဆိုလျှင် တိမ်ကောင်းကင် ကလန်က သည်တည့်တည့် သွားရပေမည်။

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ ဟိုဆရာတပည့် နှစ်ယောက်က သူ့ကို မလိမ်ခဲ့သည့် အတွက် သူက‌ ကျေနပ်နေ၏။ သူက‌ တိမ်ကောင်းကင် ကလန်အနားရှိ တစ်နေရာရာကို ရှာဖွေကာ တံခါးပိတ် လေ့ကျင့်တော့မည် ဖြစ်သည်။

ဝမ်လင်းက တိမ်ကောင်းကင် ကလန်မှ ကီလိုမီတာ (၇၀၀၀)လောက်ဝေးသော နေရာရှိ တောင်တစ်ခုပေါ်၌ ရပ်လိုက်၏။ သူက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ကျေနပ်သွားသည်။ ထို့နောက် သူက သို့လှောင်အိတ်ထဲရှိ ဓားပျံကို ထုတ်လိုက်၏။ ထို့နောက် ဓားပျံကို ပစ်လိုက်ရာ ၎င်းက တောင်စောင်းနားတွင် လှည့်ပတ်လို့ နေသည်။

သိပ်မကြာခင်မှာ တောင်စောင်း အငူနား၌ လိုဏ်ဂူတစ်လုံး ပေါ်လာခဲ့၏။ ဝမ်လင်းက လိုဏ်ဂူကို အခန်းနှစ်ခန်း ဖွဲ့လိုက်သည်။ ထို့နောက် သူက လိုဏ်ဂူထဲသို့ ဝင်လာပြီး အခန်းတစ်ခုကို ဖွင့်လိုက်၏။ သူက လိုဏ်ဂူထဲက ပြန်ထွက် လာသောအခါ အတားအဆီး အလံကို ထုတ်လိုက်၏။ ထို့နောက်သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ အလံက ဆယ်ဆခန့် ကြီးမားလာ၏။

ဝမ်လင်းက အော်လိုက်သည်။ ပြန့်ကျဲလိုက်စမ်း …။

ထိုသို့ ပြောပြီးနောက် အနက်ရောင် လိုဏ်ဂူအမိုးက တုန်ခါသွားပြီး အလံမှ အတားအဆီးများကလည်း တောင်ကြားထဲသို့ ကျဆင်းလာသည်။ ထို့နောက် အလံပေါ်ရှိ အတားအဆီးများက တောင်ကြားတစ်ခုလုံး ဖုံးလွှမ်းသွားသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး အတားအဆီး အတော်များများကို ဖန်တီးလိုက်၏။ သူက ထိုအတားအဆီးများကို တောင်ကြောရှိ မတူညီသော နေရာများ၌ အကာအကွယ် ပုံစံဖြင့် ထားလိုက်သည်။ သည်အခါမှ ဝမ်လင်းက စိတ်သက်သာရာ ရသွားသည်။

ထို့နောက် ဝမ်လင်းက လိုဏ်ဂူထဲသို့ ပြန်ဝင်လာပြီး သူ့သိုလှောင်အိတ်ကို ဖွင့်လိုက်ရာ အရာဝတ္ထုတစ်ခု ပေါ်လာခဲ့သည်။ သည်အရာမှာ လီမူဝမ်ပေးခဲ့သော အစိမ်းရောင် နဂါးကျောက်စိမ်း ဖြစ်၏။ ဝမ်လင်းက ထိုကျောက်စိမ်းပြားကို စိတ်ဝိညာဉ် စွမ်းအင်ဖြင့် အသက်သွင်း လိုက်သည်။ ထိုအခါ အစိမ်းရောင် နဂါးတစ်ကောင် ထွက်လာပြီး ဝမ်လင်းအနား ရစ်သီလာသည်။ နဂါးက တဖြည်းဖြည်းဖြင့် ပို၍ ကြီးမားလာသည်။

နဂါးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သို့သော် ဝမ်လင်းက အတာအဆီးများ ပြုလုပ် ထားသောကြောင့် အပြင်မှ အသံကြားရနိုင်မည် မဟုတ်ပေ။ သည်လိုဏ်ဂူသည် ဝမ်လင်း ပြုလုပ်ခဲ့သော ဂူများထဲ၌ အလုံခြုံဆုံး ဖြစ်၏။ သူက ထိုအတွက်လည်း အားများစွာ စိုက်ထုတ်ပြီး အတားအဆီးများစွာ ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။

ဝမ်လင်းက ဂူထဲ၌ မတ်တတ်ရပ်ကာ အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက်သူက ဆုံးဖြတ်ပြီးဟန်ဖြင့် သူ့မျက်ခုံး နှစ်ခုကြားကို လက်ညှိုးဖြင့် တောက်လိုက်သည်။ မကောင်းဆိုးဝါး ရှုလီကောနှင့် ဒုတိယ မကောင်းဆိုးဝါးတို့ ထွက်ပေါ် လာကြတော့သည်။

ဝမ်လင်က ထိုနှစ်ကောင်ကို အခန်းတစ်ခန်းအား ညွှန်ပြလိုက်၏။

”အခုကစပြီး မင်းတို့နှစ်ကောင်က ဒီအခန်းထဲမှာပဲ နေရမယ် … ငါ့ခွင့်ပြုချက် မရဘဲ မထွက်လာနဲ့ မဟုတ်ရင် သမခံရမယ်”

မကောင်းဆိုးဝါး နှစ်ကောင်က အခန်းထဲ ဝင်သွားသောအခါ ဝမ်လင်းက သူ့ဂျိနယ်ပယ်နှင့် ဧရိယာ တစ်ခုလုံးကို စစ်ဆေးလိုက်သည်။ မကောင်းဆိုးဝါး နှစ်ကောင်က သူ့စကား နားမထောင်ဘဲ အခန်းထဲမှ ထွက်လာလျှင် ဝမ်လင်း၏ ဂျိနယ်ပယ်နှင့် တိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်သည်။

ထို့နောက် ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး နောက်မှာ အခန်း အလယ်သို လျှောက်သွားလိုက်သည်။ ထို့နောက် ခြေထောက် ချိတ်ထိုင်ကာ အသက်ဝဝ ရှူလိုက်၏။ ထို့နောက် သူ့နဖူးကို လက်ဖြင့် ထိလိုက်ရာ သက်တံရောင် အလင်းလုံးတစ်ခု ထွက်ပေါ် လာခဲ့တော့သည်။ ဤအရာကား ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့ပင် ဖြစ်၏။ ဝမ်လင်းက ပုတီးစေ့ကို ခဏကြည့်လိုက်ပြီး ကျောက်စိမ်းပုလင်း နှစ်လုံးကို ထုတ်ကာ ဘယ်ညာ ကိုင်လိုက်၏။ ထို့နောက်သူက မျက်လုံးမှိတ်ကာ တရားထိုင် လိုက်သည်။

အချိန်က မြန်ဆန်စွာ ကုန်သွား၏။ တစ်နှစ်ပင်ရှိပြီ ဖြစ်သည်။ ပုတီးစေ့ထဲမှ အရည်များကို သူက စုစည်းနေပြီး ဝမ်လင်းက လှုပ်တောင်မလှုပ်ဘဲ ထိုင်နေခြင်း ဖြစ်၏။ တစ်နှစ်ကျော် တရားထိုင်နေပြီးနောက် သူက နတ်ဘုရားပြစ်ဒဏ်ကြောင့်ဖြစ်လာသော အနီရောင်အလင်းလှိုင်းကို ဖိနှိပ်ထားနိုင်လာသည်။

တစ်နှစ်လုံး ဝမ်လင်းက အနီရောင်အမျှင်တန်းကို ဖိနှိပ်နေပြီး အနားမပေးရဲပေ။ အနီရောင်အမျှင်တန်းက သေးငယ်သော်လည်း နတ်ဘုရားဒဏ်ခတ်ခြင်း၏ စွမ်းအားများ ပါဝင်နေပေသည်။

ထို့ပြင် ဝမ်လင်းက သူ့အချိန်များကို အဗာတာကျင့်စဉ်ကို လေ့လာရာ၌ လည်း အသုံးပြုခဲ့၏။ သည်နည်းလမ်းကျင့်စဉ်က စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရန် အကူအညီပေးနိုင်ပေ၏။

ဝမ်လင်းက စစ်နတ်ဘုရားကျောင်းတော်ရှိ ဂူထဲက အကြောင်းကို ပြန်သတိရသွား၏။ သူက ထိုဂူမှာရေးထိုးထားသော အဗာတာကျင့်စဉ်အကြောင်းကို ပြန်စဉ်းစားနေလိုက်သည်။

သူက နည်းစနစ်၏ လျှို့ဝှက်ချက်များကို လေ့လာနေခဲ့၏။ သည်ကျင့်စဉ်သည် နောက်ထပ် အစစ်အမှန်ခန္ဓာကိုယ်ကို ဖန်တီးနိုင်သော ကျင့်စဉ်ဖြစ်၏။ သူက စဦးစိတ်ဝိညာဉ်အဆင့်ကို ချိုးဖျက်ရာ၌ ကိုယ်ပွားတစ်ခုဖြင့် ဆိုလျှင် ချိုးဖျက်နိုင်ရန် အခွင့်အရေးပိုများပေသည်။ သို့သော် သည်ကိုယ်ပွား၏ သက်တမ်းမှာ နှစ်သုံးဆယ်သာ ရှိပေ၏။ သူက စတင်ဖန်တီးသောအခါ မည်သည့်ကျင့်ကြံမှုအဆင့်မှ မရှိပေ။ သူ့အစီအစဉ်က ကိုယ်ပွားကို နှစ်သုံးဆယ်အတွင်း စဦးစိတ်ဝိညာဉ်အဆင့်သို့ရောက်အောင်လုပ်ပြီး သည်ခန္ဓာကိုယ်ကို စတေးကာ သူစဦးစိတ်ဝိညာဉ်အဆင့်ကို မရောက်ရန်ပိတ်ဆို့ထားသော အတားအဆီးကို ကျော်ဖြတ်ရန် ဖြစ်၏။

သည်နည်းလမ်းက သူ့အခုလက်ရှိ ကျင့်ကြံမှုအဆင့်ကို ဖျက်ဆီးစရာမလိုဘဲ စဦးစိတ်ဝိညာဉ်အဆင့်သို့ရောက်ရှိနိုင်မည် ဖြစ်၏။ သူ့အတွက်အခက်ခဲဆုံးအရာမှာ ကိုယ်ပွားကို နှစ်သုံးဆယ်ဖြင့် စဦးစိတ်ဝိညာဉ်အဆင့်သို့ရောက်အောင်လုပ်ရန်ဖြစ်သည်။

ကောင်းကင်ဘုံဆန့်ကျင့်ခြင်းပုတီးစေ့အကူအညီဖြင့်ဆိုလျှင် အချိန်ကို ဆွဲဆန့်နိုင်မည် ဖြစ်သည်။ ဝမ်လင်းအတွက် ကိုယ်ပွားကို စဦးစိတ်ဝိညာဉ်အဆင့်သို့ရောက်အောင်လုပ်ရန် နှစ်ပေါင်း (၁၈၀) ရမည်ဖြစ်သည်။

သို့သော် နောက်ထပ်ပြဿနာ တစ်ခု ရှိသေး၏။ သည်အရာမှာ ဆေးဝါး ဖြစ်သည်။

သည်ပြဿနာအတွက်အဖြေကို တိမ်ကောင်းကင်ကလန်၌ ဖြေရှင်းရပေမည်။ ထို့အတွက်ကြောင့်ပဲ ဝမ်လင်းက တိမ်ကောင်းကင်ကလန်အနီးသို့ လောရောက်ပြီး တံခါးပိတ်ကျင့်ကြံခြင်း ဖြစ်ပေသည်။

ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေ၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးထံမှ သူက စိတ်စွမ်းအင်အရည် သုံးပုလင်းစုဆောင်းမိသည်။ သည်အရည်များက သူ့ကိုယ်ပွားအတွက် ပထမဆုံး လက်ဆောင်ဖြစ်ပေလိမ့်မည်။

ဝမ်လင်းက အနည်းငယ်စဉ်းစားလိုက်ပြီးနောက် သူက သေချာဆုံးဖြတ်လိုက်သည်။ သူက လက်ဟန်တစ်ခုပြုလုပ်လိုက်ပြီး ကိုယ်ပွားကို စတင်ဖန်တီးတော့၏။

သည်ကိုယ်ပွားကျင့်စဉ်က သူ့နည်းစနစ်များကို တိတိကျကျ သိလျှင်များစွာ မခက်ခဲပေ။ သည်အရာက လူတစ်ယောက်၏ စွမ်အားနှင့်သတ်ဆိုင်ခြင်းမရှိသလို ပင်ကိုယ်အရည်အချင်းဖြင့်လည်း သက်ဆိုင်ခြင်းမရှိပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset