Switch Mode

အပိုင်း(၂၃၂)

ဂျိနယ်ပယ်၏ နောက်ဆုံး အဆင့်(၁)

ဝမ်လင်က မျက်မှောင်ကြုတ်ကာ လူအိုကြီး၏ အောက်ရှိ ဧရာမ လိပ်ကြီးကို စူးစိုက်ကြည့် လိုက်၏။ ထိုလိပ်ကြီးက ရှေးဟောင်း နတ်ဘုရား နယ်မြေအတွင်းရှိ ဧရာမနဂါးနှင့် ဆင်တူသော အော်ရာကို ပေးလို့ နေပေသည်။

သည်ရှန်းဝူ သားရဲက စိတ်ဝိညာဉ် စွမ်းအင်များကို အဓိက စားသုံးကာ သူ့အသံနှင့် တိုက်ခိုက်မှုကြောင့် သာမန်ကျင့်ကြံသူ များသည် ၎င်း၏အသံနှင့် တိုက်ခိုက်မှုကြောင့် သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်များကို မထိန်းချုပ်နိုင်ပဲ ထိုသားရဲ၏ အစာဖြစ်သွား ရလေသည်။

လူအိုကြီးက သူ့ညစ်ပတ်နေသော ဘူးသီးခြောက်ထဲမှ အရက်တစ်ခွက်ကို သောက်လိုက်၏။ သူက ဝမ်လင်းနှင့် ချူးစစ်ပိုင်တို့ ရှိသောလှေကို လှည့်ကြည့်ခြင်း မရှိပေ။

ချူးစစ်ပိုင်၏ နဖူးက ချွေးများ စိုစွတ်လာ၏။ သူက လှေကို ကြိုးစား ထိန်းချုပ်ရင်း လူအိုကြီးအနားမှ ခပ်ဖြည်းဖြည်း ထွက်ခွာလိုက်သည်။ သူက လူအိုကြီးနှင့် အတန်ဝေးသော နေရာရောက်မှ သက်ပြင်း ချနိုင်တော့၏။ ထို့နောက်သူက ဝမ်လင်းကို ပြောလိုက်သည်။

”ဒီလူကြီးက ရှန်းဝူသားရဲကို ထိန်းချုပ် နိုင်နေတဲ့ အတွက် သူ့ကျင့်ကြံမှု အဆင့်က တိုင်းတာလို့ မရနိုင်ဘူး … သူက နတ်ဆိုးပင်လယ်ရဲ့ ပြောင်းလဲမှုကြောင့် ထွက်ပေါ်လာတဲ့ ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လောက်တယ် … တော်သေးတာက သူကငါတို့က စိတ်မဝင်စားလို့ပဲ”

ဝမ်လင်းက ချူးစစ်ပိုင်ကို ကြည့်၍ လေးနက်စွာ ပြန်ပြောလိုက်သည်။

”မဟုတ်ဘူး”ဝမ်လင်းက ရှေ့ကို ညွှန်ပြလိုက်၏။ ချူးစစ်ပိုင်က သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်သည်။ ထို့နောက်သူက အနည်းငယ် စဉ်းစားပြီးပြောလိုက်၏။

”ဝင်္ကပါ”

ဝမ်လင်းက ပြန်ပြောလိုက်၏။

”ဒါက ဝင်္ကပါ မဟုတ်ဘူး … ဒါပေမဲ့ ဝင်္ကပါလိုမျိုး အတားအဆီး တစ်ခုပဲ”

ချူးစစ်ပိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်မိသည်။

”ငါတို့ ကျင့်ကြံမှု အဆင့်နဲ့ ဒီစီနီယာကို ငါတို့အတွက် အခုလို အတားအဆီး လုပ်ဖို့ မဆွဲဆောင်နိုင်ဘူးလေ …”

လူအိုကြီးက ဘူးသီးခြောက်ထဲက အရက်ကို ထပ်သောက်လိုက်ပြီး ဝမ်လင်းနှင့် ချူးစစ်ပိုင်တို့လှေကို ကြည့်လိုက်၏။ သူက လက်ဝှေ့ယမ်း လိုက်ရာ ဝမ်လင်းတို့လှေက သူရှိရာသို့ အလိုလို ပျံသန်း လာတော့သည်။ လှေက လူအိုကြီးနှင့် (၁၀) ပေအကွာသို့ ရောက်လာ‌ခဲ့၏။

ချူးစစ်ပိုင်က ရိုသေသော အမူအရာဖြင့် ပြောလိုက်သည်။

”ဂျူနီယာ ချူးစစ်ပိုင်က စီနီယာကို နှုတ်ဆက်ပါတယ်”

လူအိုကြီးက မျက်တောင် ပုတ်ခတ်၍ ပြန်မေးလိုက်သည်။

”မင်းငါ့ကို သိလို့လား”

ချူးစစ်ပိုင်က ကြောင်သွားပြီး သူက အလျင်အမြန် ထပ်ပြောလိုက်သည်။

”စီနီယာ”

“ငါကမင်းကို မသိဘူး … မင်းကငါ့ကို ဘယ်လို သိတာလဲ … မင်းငါ့ကို မသိဘူးဆိုရင် ဘာလို့စီနီယာလို့ ခေါ်တာလဲ … ငါကအဲ့လောက် အသက် ကြီးနေလို့လား”

လူအိုကြီးက ထိုကဲ့သို့ တရစပ် ပြောလိုက်၏။ ချူးစစ်ပိုင်မှာ မှင်တက်မိပြီး စကားလုံး တစ်လုံးတောင် ပြန်မပြောနိုင် ဖြစ်သွား၏။

လူအိုကြီးက စကားများစွာ ပြောပြီးနောက် အရက် ထပ်သောက်ပြန်သည်။ သို့သော် ဘူးသီးခြောက် ထဲ၌ အရက်က မကျန်တော့ပေ။ ထို့နောက်သူက ခပ်တိုးတိုး ပြောလိုက်ပြန်၏။

”ငါဒီနေ့ စကားပြောတာ များသွားပြီ … ငါအရက် အများကြီး ထပ်လိုတယ် … မင်းတို့နှစ်ယောက် ငါနဲ့အတူ အရက်လိုက်ရှာ ကြမယ် … ငါကမင်းတို့ကို ငါ့အတွေ့အကြုံတွေ ထပ်ပြောပြမယ်”

ချူးစစ်ပိုင်၏ မျက်နှာက ရှုံ့တွသွားသည်။ သူက သိုလှောင်အိတ်ထဲရှိ အရက်ကို မြန်ဆန်စွာ ထုတ်၍ ပြောလိုက်သည်။

”စီနီယာ … ဂျူနီယာမှာ အရက်ရှိပါတယ် … ဒါကို စီနီယာ ဝယ်စရာ မလိုပါဘူး …”

လူအိုကြီး၏ မျက်နှာက ဝင်းသွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ချူးစစ်ပိုင် လက်ထဲရှိ အရက်အိုးမှာ ချက်ချင်း ပျောက်ကွယ်သွား၏။

ဝမ်လင်းကတော့ သည်လူကြီးက သူတို့နှစ်ယောက်ကို ဘာကြောင့် တားထားရ သလဲကို စဉ်းစားနေသည်။ သူက သည်လူကြီး တားရသည့် အကြောင်းမှာ နတ်ဘုရား ဒဏ်ခတ်ခြင်း သို့မဟုတ် သူ၏စိတ်လွတ်လတ်လွတ် လူသတ်ခြင်းကြောင့် ဖြစ်မည်ဟု ခံစားနေရသည်။ သည်လူကြီးက ချူးစစ်ပိုင်နှင့် စကားပြော နေသော်လည်း သူက ဒီနေရာမှာ ရှိနေခြင်းဟာ ချူးစစ်ပိုင်ကြောင့် မဟုတ်ဘဲ သူ့ကြောင့်လို့ ခံစားနေရသည်။

လူအိုကြီးက အရက်အိုးကို ဖွင့်၍ အနံ့ရှူကာ ပြောလိုက်သည်။

”အရက်ကောင်းပဲ … ‌ကောင်လေး မင်းမဆိုးဘူး … မင်းကငါ့ကို စိတ်ကျေနပ်စေတယ် … မင်းငါ့တပည့် လုပ်မလား”

ဝမ်လင်းစိတ်ထဲက တစ်ချက် တွေးမိသွားသည်။ သည်လူကြီးက အကြောင်းပြချက် မရှိဘဲ အခုလို မပြောလောက်ပေ။ ဒီနောက်ကွယ်မှာ အဓိပ္ပာယ် တစ်ခုခု ရှိရပေမည်။

ချူးစစ်ပိုင်က ကြက်သေ သေမိသွားသည်။

”သူက အရက် တိုက်တာနဲ့ အခုလိုမျိုး တပည့် လက်ခံရောလား” ချူးစစ်ပိုင်က လည်ချောင်းထဲ တစ်ခုခု နင်နေသကဲ့သို့ ခံစားလိုက်ရပြီး သူက စကားမပြောနိုင် ဖြစ်သွား၏။

”စီနီယာ … ငါ …”

လူအိုကြီး၏ မျက်လုံးများက အရောင် ပြောင်းသွားကာ ပြောလိုက်သည်။

”ဘာလဲ … မင်းကမပျော်ဘူးလား” ထို့နောက် လူအိုကြီးက ဝမ်လင်းဘက်သို့ လှည့်ကာ ပြုံးပြလိုက်၏။

ဝမ်လင်း အသွင်က တည်ငြိမ်စွာ ရှိနေ၏။ ဝမ်လင်းက လူအိုကြီးဟာ သူ့ကိုလည်း သူ့တပည့် ဖြစ်စေချင် နေသည်ကို သိလိုက်သည်။ ထို့နောက်သူက လေးစားစွာ ပြောလိုက်၏။

”ဂျူနီယာက ကလန် ရှိပြီးသားပါ” ဘယ်ကလန်လဲ … ။ လူအိုကြီး၏ မျက်နှာက အပြုံးနှင့် ပြည့်နေသေး သော်လည်း ဝမ်လင်းက သည်လူကြီး၏ မျက်လုံးထဲ၌ အေးစက်မှု တချို့ ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။ သူခန့်မှန်း ထားခဲ့သော အရာက အမှန် ဖြစ်လာခဲ့၏။

ဝမ်လင်းက လေးစားစွာ ပြန်ဖြေလိုက်သည်။

”ကျောက်နိုင်ငံ … ဟုန်ယွီကလန် …”

လူအိုကြီးက ဝမ်လင်းကိုကြည့်ရင်း သူ့မျက်နှာပေါ်ရှိ အပြုံးက အေးစက်လာခဲ့သည်။ ထို့နောက် သူက ပြောလိုက်သည်။

”သုံးရက်ထဲနဲ့ မင်းက အမြုတေ ဖွဲ့တည်ခြင်းအဆင့် ထောင်ကျော်ကို သတ်ပစ်ခဲ့တယ် … မင်းက အလွန်အမင်း မိုက်ကန်းပြီး သတ္တိလည်း ရှိတယ်”

လူအိုကြီးထံမှ ထိုစကားများ ထွက်လာသောအခါ ချူးစစ်ပိုင်၏ မျက်နှာက ဖျော့တော့သွား၏။ သူက နောက်သို့ အနည်းငယ် ဆုတ်မိသွားကာ ဝမ်လင်းကို မယုံကြည်နိုင် ဟန်ဖြင့် ကြည့်လိုက်သည်။

ဝမ်လင်းအသွင်က တည်ငြိမ် နေသေးသော်လည်း စိတ်ထဲမှာတော့ သူက အမျိုးမျိုး စဉ်းစားလျက် ရှိသည်။ ဝမ်လင်းက အသက်ဝဝ ရှူလိုက်ပြီး လူအိုကြီးကို လေးစားစွာ ပြောလိုက်၏။

”ဂျူနီယာက သင့်ကို ဆရာတင်ဖို့ ဆန္ဒရှိပါတယ်”

လူအိုကြီး၏ အေးစက်မှုများ ကလည်း ပြန်ပျောက်ကွယ် သွားတော့သည်။ ထို့နောက်သူက ရယ်မောပြီး လက်ဝှေ့ယမ်း လိုက်ရာ အတားအဆီး တစ်ခုက ဝမ်လင်း၏ နဖူးထဲသို့ ဝင်ရောက် သွားတော့သည်။

”ကောင်းတယ် … အခုမင်းက ငါတပည့် ဖြစ်သွားပြီ … ငါနဲ့ လိုက်ခဲ့တော့”

လူအိုကြီး၏ အတားအဆီးက ဝမ်လင်းကိုယ်ထဲသို့ ရောက်သွားသောအခါ ၎င်းက ဝမ်လင်း၏ သွေးကြောများကို အသုံးပြု၍ ကြာပွင့်ပုံစံ ပြောင်းသွား၏။

ဝမ်လင်း၏ အမူအရာ ပုံမှန်အတိုင်းပဲ ရှိ‌ကာ သူက ပြောလိုက်သည်။

”တပည့်မှာ ချူးစစ်ပိုင်နဲ့ လုပ်ရမယ့် ကိစ္စတွေ ရှိပါသေးတယ် … ဒါကြောင့်မို့လို့ ဆရာက ကျွန်တော့်ကို ရက်အနည်းငယ်လောက် ခွင့်ပေးပါဦး … ။

လူအိုကြီး၏ အကြည့်က ချူးစစ်ပိုင်အပေါ်သို့ ကျရောက်သွား၏။ ချူးစစ်ပိုင်က တုန်ရီစွာ ပြန်ဖြေလိုက်ပါသည်။

”စီနီယာ … ဒါမှန်ပါတယ် … ။ ကျွန်တော်ကလည်း စီနီယာ ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်”

လူအိုကြီးက ပြောလိုက်၏။

”ငါ … မင်းတို့ကို တစ်လ အချိန်ပေးမယ် … ။ တစ်လပြီးရင် ဘယ်မြို့မှာမဆို ရှိတဲ့ ရတနာသန့်စင်ခြင်း ခန်းမကို လိုက်လာပြီး အဲ့မှာ ငါနာမည်ကို ပြောလိုက် … စွန်တီ … ဒါဆိုမင်းတို့ ငါနဲ့တွေ့လိမ့်မယ်”

လူအိုကြီးက ဝမ်လင်းကို ကြည့်ကာ ရယ်မောလိုက်ပြီး သူ့ဧရာမ လိပ်ကြီးကို စီးနင်း၍ ပျောက်ကွယ် သွားတော့သည်။

ချူးစစ်ပိုင်က အနည်းငယ် စဉ်းစားလိုက်ပြီး ဝမ်လင်းကို ပြောလိုက်၏။ အစ်ကိုဝမ် … ငါက လှေကို အရှိန်မြင့်ပြီး သွားမယ်ဆိုရင် နှစ်ရက်အတွင်း ရောက်လိမ့်မယ် … ။

ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်၏။ ထို့နောက်သူက လှေပေါ်မှာ ထိုင်ချလိုက်ပြီး ရှုလီကောနှင့် ဒုတိယ မကောင်းဆိုးဝါးကို ဆင့်ခေါ်လိုက်၏။ တစ်ချိန်တည်းမှာပဲ သူက အတားအဆီး အလံကို ထုတ်ဖော် လိုက်ပြန်၏။

ထို့နောက် သူက ချူးစစ်ပိုင်ကို အေးစက်စွာ ပြောလိုက်သည်။

”ရောင်းရင်းချူး ငါ နှစ်ရက်လုံး တံခါးပိတ် လေ့ကျင့်တော့မယ် … ငါ့ကို လာမနှောင့်ယှက်ပါနဲ့”

ချူးစစ်ပိုင်က ချက်ချင်း သဘောတူလိုက်၏။ ထို့နောက်သူက အာရုံစိုက်၍ လှေကို ထိန်းချုပ်လိုက်သည်။

နှစ်ရက် ကြာပြီးနောက် လှေက လူသူကင်းမဲ့သော တောင်တစ်တောင်ပေါ်သို့ ရောက်လာ၏။ ထို့နောက် ချူးစစ်ပိုင်က ဝမ်လင်းကို စောင့်နေလိုက်၏။ နာရီအနည်းငယ် ကြာပြီးနောက် ဝမ်လင်းက အတားအဆီး အလံကြားမှ ထွက်လာခဲ့သည်။

ဝမ်လင်း၏ မျက်နှာက ဖျော့တော့နေ၏။ သူက သည်နှစ်ရက်လုံး သူ့ကိုယ်ထဲရှိ လူအိုကြီး ထားခဲ့သော ကြာပွင့် အတားအဆီးကို နားလည်အောင် ကြိုးစား နေရခြင်းကြောင့် ဖြစ်သည်။ သည်အတားအဆီးက ခြေရာခံနိုင်သော အရာတစ်ခု ဖြစ်ကြောင်း ဝမ်လင်းက နားလည်ခဲ့သည်။ သူက သည်အတားအဆီးကို လုံးဝ ဖယ်ရှားနိုင်ရန် အတွက်တော့ အချိန် ပိုလိုအပ်ပေသည်။

ဝမ်လင်း ထွက်လာသည်ကို မြင်သောအခါ ချူးစစ်ပိုင်က ပြောလိုက်သည်။

”အစ်ကိုဝမ် … လိုဏ်ဂူက ငါတို့အောက်က နေရာမှာ”

ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်ပြီး လှေပေါ်မှ ဆင်းလိုက်၏။ ချူးစစ်ပိုင်က လက်ဝှေ့ယမ်း လိုက်ပြီး လှေကို ပြန်သိမ်းလိုက်၏။

ထို့နောက်သူက အောက်သို့ လျင်မြန်စွာ ဆင်းသက်လိုက်ပြီး ကျောက်တုံး လှေကားပေါ်သို့ ခြေချလိုက်သည်။ သူက သူ့လက်ထဲရှိ အနက်ရောင် ကျောက်တုံး တစ်ခုကို အသက် သွင်းလိုက်ရာ ကျောက်တုံးက တောက်ပလာ၏။

ချူးစစ်ပိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ကျောက်တုံးက တောင်ဆီသို့ ဦးတည် ပျံသန်းတော့သည်။ ထိုအခါ တောင်၌ လှိုင်းများထွက်ပေါ် ပျံ့နှံလာ၏။

လှိုင်းများအတွင်း၌ တောင်က အဝိုင်းပုံစံ အပေါက်တစ်ခု ပေါ်လာခဲ့တော့သည်။ ချူးစစ်ပိုင်က အသက် ခပ်ပြင်းပြင်း ရှူလိုက်ပြီး ဝမ်လင်းကို ကြည့်လိုက်သည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ပုံရိပ်ယောင်သုံးခု ဖန်တီးလိုက်ပြီး လှိုင်းများဆီသို့ ပို့လွှတ်လိုက်၏။

စက်ဝိုင်း ကျရောက် လာသောအခါ လှိုင်းများက စတင် တုန်ခါလာသည်။ ထိုအခါ တောင်ပေါ်၌ ထိတိုက်မှုကြောင့် ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

ဝမ်လင်းက ပုံရိပ်‌ယောင် စက်ဝိုင်းများ တစ်ခုပြီးတစ်ခု ဖန်တီး ထုတ်ဖော်လိုက်သည်။ ထို့နောက် လှိုင်းတစ်ခုက ပျောက်ကွယ်သွားသည်။ သို့သော် လှိုင်းများစွားက ထပ်ပေါ်လာခဲ့သည်။ ဝမ်လင်းကလည်း ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ထုတ်ဖော်၏။ လှိုင်းများကလည်း ပိုများပြား လာခဲ့သည်။ ချူးစစ်ပိုင်က စိုးရိမ်လာခဲ့၏။ သည့်နောက်သူက သိုလှောင်အိတ်ထဲမှ အနက်ရောင် ကျောက်တုံးများကို ထုတ်ဖော်လိုက်ပြီး လှိုင်းများဆီသို့ ပစ်ထည့်လိုက်၏။ ထိုအခါ ဝမ်လင်းအတွက် သက်သာရာ ရသွားပြီး လှိုင်းများကြား အဟတစ်ခု ဖြစ်ပေါ်လာ၏။ ချူးစစ်ပိုင်က အနက်ရောင် ကျောက်တုံး ဆယ်ခုခန့် ထပ်ပစ်လိုက်ပြီး ဝမ်လင်းကလည်း ပုံရိပ်ယောင် စက်ဝိုင်း ဆယ့်နှစ်ခုကို ဖန်တီးလိုက်ကာ လှိုင်းများကြားသို့ ပစ်ထည့်လိုက်သည်။ ထိုအခါ လိုဏ်ဂူထဲသို့ ဝင်ပေါက်က ပေါ်လာခဲ့တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset