Switch Mode

အပိုင်း(၂၁၈)

ရှေးဟောင်းနတ်ဘုရား နယ်မြေကို နှုတ်ဆက်ခြင်း

ဝမ်လင်းက ရေခဲသလင်း အရေအတွက် မည်မျှစုပ်ယူ ခဲ့သည်ကို ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။ ရေခဲသလင်း(၇၀) စုပ်ယူပြီးနောက် စုပ်ယူသော အချိန်ပိုမို ကြာမြင့်လာခဲ့၏။ သူက ရေခဲသလင်းများကို ပိုမိုစုပ်ယူလေ မှတ်ဉာဏ်များ ပိုရလာဖြစ်သည်။ အမွေအနှစ် အကြောင်း ပိုသိလာသည်နှင့် အမျှ သူ့ထင်မြင်ချက် များမှာ မှန်နိုင်ချေ များလာ၏။ သူ့နှဖူးပေါ်ရှိ ကြယ်အမှတ် အသားမှာ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်သည့် အကြိမ် အရေအတွက်ကို ‌ကိုယ်စားပြုထားခြင်း ဖြစ်နေသည်။ အကြောင်းမှာ ရေခဲသလင်းများကို ပို၍စုပ်ယူလေ ကြယ်အမှတ်အသားက ပိုတောက်ပလာလေ ဖြစ်နေသောကြောင့်ပင်။ အကြိမ် (၇၀) စုပ်ယူပြီး နောက်မှာတော့ ဝမ်လင်းက သူ့ခန္ဓာကိုယ် အထိအတွေ့အား ခံစားနိုင်လာခဲ့သည်။ သူက ရှေးဟောင်း နတ်ဘုရား၏ အဆင့်အတိုင်း တစ်ဆင့်ချင်း လိုက်လုပ်ဆောင် ခဲ့ခြင်းလည်း ဖြစ်နေသည်။

ဝမ်လင်း၏ အပြင်ဘက် ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ရှိနေသော်လည်း ကိုယ်အတွင်းမှာတော့ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပွားလျက် ရှိနေ၏။ ရေခဲသလင်း အကြိမ် (၇၀) စုပ်ယူပြီးနောက် သူ့ခန္ဓာကိုယ်မှာ အလွန်ပင် သန်မာ ကြမ်းတမ်းလျက် ရှိနေပြီ ဖြစ်သည်။ ဝမ်လင်းက မျက်ခုံး ပင့်မိသွားသည်။ ခုလက်ရှိ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူ တစ်ယောက်၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း ရှိနေပြီ ဖြစ်၏။

အချိန်က ကုန်ဆုံးလို့ သွားနေသည်။ ရှေးနတ်ဘုရား၏ အသိဉာဏ် အမွေအနှစ် နေရာအတွင်း၌ အပြာရင့်ရောင် ဧရာမပိုးမျှင်အိမ် တစ်ခုကလွဲလို့ အပြာရောင် ရေခဲသလင်းကျောက် များလည်း မကျန်ရှိတော့ပေ။ ထိုပိုးမျှင်အိမ်က ပုံမှန်တော့ မဟုတ်ချေ။ ထိုအရာ၏ မျက်နှာပြင်ပေါ်၌ များစွာသော အက်ကွဲကြောင်းရာ များလည်း ရှိနေ၏။ သေချာဂရုစိုက် ကြည့်မည်ဆိုပါက သည်အက်ကွဲကြောင်း များသည် ထူစီ၏အရေပြားပေါ်ရှိ အက်ကွဲရာများနှင့် ဆင်တူနေသည်ကို တွေ့ရ၏။

ထိုပိုးမျှင်အိမ်က မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ကွဲအက်မည့် အရိပ်အယောင် မရှိသေးပေ။ ထိုပိုးအိမ်မျှင်အနားရှိ ပတ်ဝန်းကျင် တစ်ခုလုံးက ထူးဆန်းသော အားတစ်ခုခုကြောင့် တိတ်ဆိတ် ငြိမ်သက်နေသည့် ခံစားမှုကို ပေးစွမ်းလို့နေသည်။

ဝမ်လင်း ခန္ဓာကိုယ်က သည်ပိုးမျှင်အိမ်ထဲ၌ လှဲလျောင်းလို့နေ၏။ သူ့ နှလုံးခုန်သံမှာလည်း ရပ်တန့်လို့နေကာ လူသေတစ်ကောင် အလား ဖြစ်နေသည်။ သူ့စိတ်ဝိညာဉ်ကတော့ လုံးဝပရမ်းပတာ ဖြစ်နေလျက် ရှိသည်။ သူ့ဝိညာဉ်က ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်အတွင်း၌ နစ်မြုပ်လျက် ရှိနေသောကြောင့်ပင်။ သူက ရှေးဟောင်းနတ်ဘုရား ထူစီ၏ မွေးဖွားသည့် အချိန်မှစ၍ မှင်ရည်အသွင်ပြောင်း စီးဆင်းခြင်း နတ်ဘုရားကျင့်စဉ်အား လေ့ကျင့်သည့် အချိန်ထိကို သူကိုယ်တိုင် တွေ့မြင်ရသကဲ့သို့ တွေ့ကြုံနေရသည်။ သူကိုယ်တိုင်မှာလည်း ရှေးဟောင်းနတ်ဘုရား တစ်ပါး အလား ခံစားမိနေ၏။ အကြောင်းမှာ သူ့စိတ်ဝိညာဉ်မှာ အိပ်မောကျနေ သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

သည်အခြေအနေက အချိန်မည်မျှ ကြာမြင့်သွားမှန်း မသိတော့ပေ။ ထို့နောက်မှာတော့ ဧရာမပိုးမျှင်အိမ်ထံမှ အက်ကွဲသံ တစ်ခုအား ကြားလိုက်ရသည်။ သိပ်မကြာခင်မှာပဲ အက်ကွဲသံများ ဆက်တိုက် ပေါ်လာခဲ့တော့သည်။ ထိုသို့ဖြစ်ပြီးနောက် ပိုးမျှင်အိမ်သည် ပေါက်ကွဲကျိုးပျက် သွားတော့သည်။

ပိုးမျှင်အိမ်အတွင်းမှ ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လို့လာ၏။ ထိုလူမှာ အနက်ရောင် မျက်လုံး၊ အဖြူရောင်ဆံပင်များ ပိုင်ဆိုင်ထားသည်။ မျက်နှာ သွင်ပြင်မှာတော့ ပုံမှန်အတိုင်း ရှိနေသော်လည်း အလွန် ဖိနှိပ်နိုင်စွမ်း၊ ရက်စက်နိုင်စွမ်း ရှိသော အရှိန်အဝါများ ဖြစ်ပေါ်လျက်ရှိသည်။ ခုလက်ရှိမှာတော့ ထိုလူ၏ နှလုံးခုန်သံ မကြားရသည့်အပြင် သူက မျက်စိမှိတ်ထားလျက် ရှိနေ၏။ သူ့ပုံစံက အသက်ဓာတ် မရှိသည့်ပုံပင်။

အချိန်များ ကုန်ဆုံးပြီးနောက် ထိုလူက မျက်လုံးပွင့် လာလေ၏။ တစ်ယောက်ယောက်က ကြည့်လျှင် သူ့မျက်လုံးထဲ၌ အဆုံးမဲ့သော စွမ်းအားများ ပါဝင်နေသည်ကို ခံစားမိနိုင်ပေသည်။ ထိုလူကတော့ ဝမ်လင်းပင် ဖြစ်၏။

ဝမ်လင်းက အသက် ခပ်ဖြည်းဖြည်း ရှူလိုက်ကာ သူ့ခန္ဓာကိုယ်အား သေချာစစ်ဆေး ကြည့်လိုက်သည်။ ရေခဲသလင်း (၉၄) ခုစားပြီးနောက်မှာ သူခန္ဓာကိုယ်က မည်မျှသန်မာ လာသည်ကို ရှင်းလင်းစွာ ခံစားမိနေသည်။ ဝမ်လင်းသည် သည်ခန္ဓာကိုယ်က သူ့အား သူဖြစ်ချင်သော အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိအောင် ကူညီပေးနိုင်သည်ဟု ယုံကြည်မှု ရှိနေ၏။

ဝမ်လင်းက မျက်လုံး ကစားလိုက်သည်။ သူက အမွေအနှစ် မှတ်ဉာဏ်အားလုံးကို ရရှိနေပြီး ဖြစ်၏။ သို့သော် သူ့စိတ်ထဲမှာတော့ သံသယ ဖြစ်လျက် ရှိနေသေးသည်ကို ခံစားမိနေ၏။ သူက မှတ်ဉာဏ်များအရ ရှေးဟောင်း နတ်ဘုရား ထူစီ၏ ဘဝဖြစ်စဉ် အကုန်လုံးကို သိရှိခဲ့သည်။ ထူစီသည် မှင်ရည်အသွင်ပြောင်း စီးဆင်းခြင်း နတ်ဘုရားကျင့်စဉ်ကို လေ့ကျင်ရင်း သေဆုံးခဲ့ခြင်း မဟုတ်ပေ။

ဝမ်လင်းက သည်နေရာ၌ ရေခဲသလင်း (၉၄) ခု မကလောက်ဘူးလို့ စဉ်းစားကာ ပတ်ဝန်းကျင်ကို သေချာ ကြည့်ရှုလိုက်သည်။ သို့သော် မည်သည့်အရာမျှ ထပ်မတွေ့တော့ပေ။ သူက ထိုအကြောင်းကို ထပ်မစဉ်းစားတော့ပဲ လက်နှစ်ဖက်ဖြင့် ချိပ်ပိတ်ဟန် လုပ်လိုက်ကာ ရှေးဟောင်း ဘာသာစကားကို ရေရွတ်လိုက်သည်။

“ပွင့်စမ်း … ”

ထိုသို့ ရွတ်ဆိုလိုက် ပြီးပြီးချင်း သူ့ရှေ့ရှိ ဂူမှာ ချက်ချင်း ပွင့်သွားတော့သည်။ ဂူအတွင်းဘက်၌ အနက်ရောင် တောက်ပနေသော ကျောက်တုံး သုံးတုံးကို တွေ့ရ၏။

ဝမ်လင်းက ညာလက်ဖြင့် ကျောက်တုံး သုံးတုံးအား လှမ်းယူလိုက်ကာ ရှေ့ဆက်သွား လိုက်သည်။ ထိုအခါ သူ့အောက်မှ လှိုင်းတွန့်များ ပျံ့နှံ့လို့လာသည်။ သူက ခြေလှမ်းသုံးလှမ်း လှမ်းပြီးနောက် သည်နေရာမှ ပျောက်ကွယ်လို့ သွား၏။

ထိုကျောက်တုံးများက အတားအဆီး အလံများ ပြုလုပ်ရာ၌ သော့ချက်ဖြစ်ပုံ ရသည်။ ရှေးဟောင်း နတ်ဘုရား၏ သွေးကြောထဲ၌ မရေတွက်နိုင်သော အတားအဆီး၊ အန္တရယ်များ ရှိနေသော အဝန်းအဝိုင်းများ ရှိနေသည်။ ဝမ်လင်းက အဝန်းအဝိုင်း၏ အပြင်ဘက် တစ်နေရာ၌ ရုတ်တရက် ပေါ်လာခဲ့သည်။ သူက ထိုအဝန်းအဝိုင်းကို စူးစိုက်ကြည့် လိုက်သည်။ အဝန်းအဝိုင်းရှိ အတားအဆီးများမှာ စွမ်းအားများ ကုန်ဆုံးလျက် ရှိနေပြီး ၎င်းတို့၏ စွမ်းဆောင်ရည်များ မရှိတော့ပေ။ သူက ရှေ့သို့ ဆက်သွား လိုက်သည်။ ဝမ်လင်းက အဝန်းအဝိုင်း၏ အလယ်သို့ ရောက်သောအခါ အတားအဆီးများ အားလုံး ပျောက်ကွယ်လို့ သွား၏။ အတားအဆီးများ ပျောက်ကွယ် သွားပြီးနောက် သူ့မူလခန္ဓာကိုယ် ဟောင်းနှင့် သိုလှောင်အိတ်ကို တွေ့လိုက်ရသည်။ ထို့ပြင် အခြားလူများ၏ ခန္ဓာကိုယ်ဟောင်းများနှင့် သိုလှောင်အိတ် များကိုလည်း တွေ့လိုက်ရ၏။ သူ့မျက်လုံးများက ဝမ်းနည်းမှုများ ပြည့်လို့နေသည်။ ဝမ်လင်းရှေ့ရှိ မူလခန္ဓာကိုယ် ဟောင်းမှာ ပျက်စီး ဆွေးမြေ့နေပြီ ဖြစ်သည်။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ တစ်ယောက်၏ စိတ်စွမ်းအင်များက သည်မူလခန္ဓာကိုယ် ဟောင်းမှ ထွက်ပေါ်လျက်ရှိ၏။

ဝမ်လင်းက သက်ပြင်း ချလိုက်မိသည်။ သူသာ အမွေအနှစ် မှတ်ဉာဏ်ကို မရခဲ့ဘူးဆိုလျင် အခြားခန္ဓာကိုယ် တစ်ခုကိုသာ ရရှိတော့မည်ကို တွေးမိလိုက်သည်။

ဝမ်လင်းက သူ့မူလ ခန္ဓာကိုယ်ဟောင်း၏ ရင်ဘက်ပေါ်သို့ ညာလက်တင် လိုက်သည်။ သည်အသက် ကင်းမဲ့နေသော ခန္ဓာကိုယ်က အားကောင်းသော စိတ်ဝိညာဉ် စွမ်းအင်များ ထုတ်လွှတ်လာကာ ခြေလက်များ အက်ကွဲလို့လာ၏။ အက်ကွဲရာများ ပိုများလာသည်နှင့် အတူ စိတ်စွမ်းအင်များလည်း ပိုများလာခဲ့သည်။ တဖြည်းဖြည်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားကာ လက်သီးဆုပ် အရွယ် အမြုတေ တစ်ခုသာ ကျန်ရှိတော့၏။

သူက ထိုအမြုတေကို ကြည့်လိုက်ရာ ရင်းနှီးသော အငွေ့အသက်ကို ခံစားမိရသည်။ တကယ်တော့ သည်အရာက သူ့မူလခန္ဓာကိုယ် ဟောင်း၏ အမြုတေ ဖြစ်သောကြောင့် ခုချိန်ထိ အဆက်အသွယ် ပျက်တောက်ခြင်း မရှိသေးပေ။

ဝမ်လင်းက အမြုတေရှိ လက်လှမ်း လိုက်သောအခါ ထိုအရာက သူ့လက်ထဲသို့ အလိုလို ပျံတက်လာလေ၏။ အမြုတေက လက်ထဲ ရောက်ရောက်ချင်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ဒန်တျန်ထဲသို့ တိုးဝင် သွားတော့သည်။ ၎င်းက ဒန်တျန်ထဲ၌ စတင် လှည့်ပတ်လျက်ရှိ၏။

စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများက ဝမ်လင်း၏ ခန္ဓာကိုယ်အား ဆေးကြော ပေးနေသည်။ သူက မျက်လုံးမှိတ်လျက် သူ့ခန္ဓာကိုယ်အား ခံစားလိုက်သည်။ ထို့နောက်သူက သူ့ခန္ဓာကိုယ် ဟောင်းအား နောက်ဆုံးအနေဖြင့် ကြည့်ကာ ချိပ်ပုံစံလက်ဟန် တစ်ခုအား ထုတ်ဖော် လိုက်သည်။

“ငရဲမီးတောက်”

သူက ထိုသို့ ပြုလုပ်ပြီးပြီးချင်း သူ့ခန္ဓာကိုယ် အကျွင်းအကျန်မှာ အပြာရောင် မီးတောက်အဖြစ်သို့ ပြောင်းသွား၏။ ဝမ်လင်းက ထိုမီးတောက်ကို ခုလက်ရှိ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ကာ ၎င်းက သူ့ဒန်တျန်ထဲတွင် ပျောက်ကွယ်လို့ သွားလေသည်။

ထို့နောက် ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ် တစ်ခုပြီးတစ်ခု သူလက်ထဲသို့ ရောက်လာသည်။ ခနကြာပြီးနောက် သူက အမည်းရောင် အကာအကွယ် ဝတ်ရုံတစ်ခုအား ဝတ်ဆင်လိုက်ပြီး လေဟာနယ် အက်ကွဲကြောင်း တစ်ခုကို ဖန်တီးကာ အထဲသို့ တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်လိုက်သည်။

သူက အမွေအနှစ် အသိဉာဏ်ရှိသော တစ်နေရာ၌ ပြန်ပေါ်လာ ခဲ့တော့သည်။ ဝမ်လင်းက အသက်ဝဝရှူကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ ထိုနေရာက အစတုန်းက အတိုင်းပင် မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သည်။ သူက ရှုပ်ထွေးသော ရှေးဟောင်းနတ်ဘုရား ဘာသာစကားကို ‌ရေရွတ်လိုက်သည်။ ထို့ပြင် သူက လက်ဟန်တစ်ခု ဖန်တီးလိုက်ရာ သူ့ရှေ့၌ အလင်း မျက်နှာပြင်များ ပေါ်လာခဲ့တော့သည်။ သူက စာလုံးတချို့ ရွတ်လိုက်ရာ ထိုအလင်း မျက်နှာပြင်က လုံလောက်အောင် ကြီးမားလာပြီး ၎င်းက မျက်နှာပြင်ပေါ်၌ ရှေးဟောင်း နတ်ဘုရား၏ ပုံရိပ်ပေါ်လာ ခဲ့တော့သည်။

ဝမ်လင်းက ရှေးဟောင်းနတ်ဘုရား ထူစီ၏ ပုံရိပ်ယောင်၏ ဖိအားနှင့် ရင်းနှီးပြီး ဖြစ်သည့်အတွက် သူက တည်ငြိမ်စွာပင် ရှိနေသည်။ ထိုပုံရိပ် ပေါ်လာသည်နှင့်အတူ ထူစီ၏နဖူးပေါ်ရှိ ကြယ်ရှစ်ခုမှာ လင်းလက်လာပြီး အဌံဂံပုံစံ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဝမ်လင်းက ထူစီ၏ပုံရိပ်ကို စူးစိုက် ကြည့်လိုက်ရင်း ဤသို့ တွေးလိုက်သည်။

“ရှေးဟောင်းနတ်ဘုရား နယ်မြေရေ… နှုတ်ဆက်ခဲ့ပါတယ် … ”

***

Comment

  1. နှစ်တစ်ရာ ဂူအောင်းကျင့်ကြံနေမယ့် အကြည်လေး says:

    👋

Leave a Reply

Options

not work with dark mode
Reset