Switch Mode

အပိုင်း (၂၁၀)

အဆင့်တက်ရန်လေ့ကျင့်ခြင်း

ဝမ်လင်းက ခဏမျှ စဉ်းစားလိုက်၏။ သူ့မျက်လုံး ထဲ၌လည်း အေးစက်မှု တချို့ ဖျတ်ခနဲ ပေါ်လာခဲ့သည်။ သူက မျက်ခုံး နှစ်ခုကြားကို လက်ညှိုးဖြင့် ထောက်လိုက်ပြီး သွေးပင်လယ်ကို တစ်ဖန်ပြန်ကြည့် လိုက်၏။ ထို့နောက် သူက ချက်ချင်းပင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက် လိုက်သည်။

ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲတွင် ဝမ်လင်းက စစ်ထူနန်နှင့် သူ့မိဘနှစ်ပါးကို သေချာကြည့်ရှု လိုက်သည်။ သူက အမြူတေ ဖွဲ့တည်ခြင်း အဆင့်သို့ ဝင်ရောက်ပြီး ကတည်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းသို့ စိတ်စွမ်းအင်များ ပါဝင်သော အရာများကို ယူဆောင်ခြင်းအား ကန့်သတ်ထားခြင်း မရှိတော့ပေ။ ဤအရာက ထိုပုတီး၏ သိသာသော ပြောင်းလဲမှု တစ်ခုပင် ဖြစ်၏။

သူက နောက်ဆုံး အခြေအနေသို့ မရောက်မချင်း ဝိညာဉ်သေ ပင်လယ်ကို ဖွင့်ရန် ကြိုးစားနေသော ဆံပင်အနီနှင့် လူကြီးကို သွားရောက် မရှာဖွေရန် ဆုံးဖြတ်လိုက်၏။ အခုချိန်တွင် ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရား နည်းဗျူဟာနှင့် သူ၏ကျင့်ကြံမှုကို ထောက်ပံပေး နိုင်သော ရတနာများစွာ ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူက စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိရန် တံခါးပိတ် လေ့ကျင်ဖို့ ဆုံးဖြတ်ချက် ချထားလိုက်၏။

သူက အသက်ဝဝရှူပြီး မျက်လုံးမှိတ်ကာ သူ့ခေါင်းထဲရှိ စကားသုံးလုံး အပေါ်သို့ နတ်ဘုရား အာရုံဖြင့် အပြည့်အဝ စူးစိုက်ထား လိုက်သည်။ ရှုပ်ထွေးသော နည်းစနစ်များက သူ့စိတ်ထဲ၌ တစ်စတစ်စ ပေါ်လာခဲ့သည်။

ရှေးဟောင်းနတ်ဘုရား နည်းဗျူဟာ၏ ပထမအဆင့်တွင် အစိတ်အပိုင်း သုံးမျိုး ပါဝင်လေ၏။ စိတ်စွမ်းအင် ခိုးယူခြင်း၊ စိတ်စွမ်းအင် ဝါးမျိုခြင်း နှင့် စိတ်စွမ်းအင် အရည်ပျော်ခြင်း တို့ပင် ဖြစ်သည်။

ရှေးဟောင်း နတ်ဘုရားများ မွေးဖွားသောအခါ သူတို့ခန္ဓာကိုယ်က ပထမအဆင့် နည်းလမ်းကို အလိုအလျောက် အသုံးပြုပြီး ဖြစ်၏။ ရှေးဟောင်း နတ်ဘုရားတို့သည် ကလေးဘဝ အရွယ်ကတည်းက စိတ်ဝိညာဉ် အရည်ပျော်ခြင်း နည်းလမ်းကို ကျင့်ကြံနိုင်ခဲ့ပြီး ဖြစ်၏။ သူတို့က ဒုတိယအဆင့်သို့ ရောက်လျှင် ဂြိုဟ်တစ်ခုလုံး၏ စွမ်းအင်များကို စုပ်ယူနိုင် ပေလိမ့်မည်။ သူတို့က ထိုကဲ့သို့ မဖြစ်လာခဲ့လျှင် ကလေးငယ်လေး တစ်ယောက်အဖြစ် ဆက်လက် အိပ်ပျော် နေပေလိမ့်မည်။ အချိန်ကုန်လာ သည်နှင့်အမျှ ကလေးငယ်လေးကို ဝန်းရံထားသော အကာအကွယ် ရွှေရောင်အရည် များကလည်း ပျောက်ကွယ် လာလိမ့်မည် ဖြစ်၏။ ထိုအခါ တစ်ခုတည်းသော လမ်းမှာ သူတို့က အခြားလူများ၏ ဖျက်ဆီး ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။

ပထမ နည်းစနစ်ကို အချိန်အတော် ကြာအောင် လေ့လာပြီးသည့် နောက်တွင် ဝမ်လင်းသည် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်ကာ တစ်စုံတစ်ခုအား စဉ်းစား နေလေသည်။ ဤရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ကို လေ့လာပြီးသည့် နောက်တွင်တော့ ဝမ်လင်းသည် အဘယ်ကြောင့် ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်သည် ထိုမျှ ကြီးမားနေရခြင်းကို နားလည် သွားသည်။

ရှေးဟောင်း နတ်ဘုရားများသည် ခန္ဓာကိုယ်ကိုသာ အသားပေး၍ လေ့ကျင့်ကြပြီး လက်နက် ပစ္စည်းများကို အသုံးပြုသည်မှာ အလွန်ရှားပါး လှသည်။ သူတို့၏ ခန္ဓာကိုယ်များကို အကောင်းဆုံး ရတနာများဟုပင် ပြော၍ရပေသည်။ ထိုနတ်ဘုရား ခန္ဓာကိုယ်များ၏ မာကျောမှုသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ရတနာများနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်လေသည်။

ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်မှာ တစ်စုံတစ်ယောက်ထံမှ ခိုးယူထားသည့် စိတ်စွမ်းအားများကို လေ့ကျင့်သူ၏ ခန္ဓာကိုယ်ကို ပို၍သန်မာ လာစေရန် အထူး ဦးစားပေးကာ လေ့ကျင့်ရသည့် ကျင့်စဉ် ဖြစ်သည်။ ခန္ဓာကိုယ်၏ နောက်ဆုံး အကန့်အသတ်သို့ ရောက်လျှင် သူ၏ ခန္ဓာကိုယ်သည် ကြီးမားလာခြင်း သို့မဟုတ် ကျင့်ကြံခြင်းသည် ရပ်တန့်သွားခြင်း တို့အား ကြုံတွေ့ရမည် ဖြစ်သည်။ လေ့ကျင့်သူ၏ ခန္ဓာကိုယ်သည် ပို၍ ကြီးမားလာလေ၊ ခန္ဓာကိုယ်မှ လိုအပ်သည့် စိတ်စွမ်းအား ပမာဏများ ပိုမိုများပြားလာလေ ဖြစ်၏။ သတ်မှတ်ထားသည့် ခန္ဓာကိုယ် အရွယ်အစားသို့ ရောက်ရှိလျှင် ရှေးဟောင်း နတ်ဘုရားသည် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်းအား လုပ်ဆောင်ရသည်။ ဤဖြစ်စဉ်သည် ခန္ဓာကိုယ်၏ အရည်အသွေးကို တိုးတက် လာစေသည့် အရာဖြစ်သည်။

ရှေးဟောင်း နတ်ဘုရားတစ်ပါး အတွက် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်သည့် အကြိမ်ရေ ပိုမိုများပြား လာသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် ခန္ဓာကိုယ်သည် ပိုမိုသန်မာ လာလိမ့်မည် ဖြစ်သည်။

ခန္ဓာကိုယ်ပြန်လည် တည်ဆောက်သည့် အကြိမ်တိုင်း တွင်လည်း သူတို့၏ ဝိညာဉ်သည်လည်း လိုက်ပါ ကြီးမားလာကြ လေသည်။ ရှေးဟောင်း နတ်ဘုရားများတွင် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများ ကဲ့သို့ ကျင့်ကြံခြင်း အဆင့်ဟူ၍ မရှိကြပေ။ ရှေးဟောင်း နတ်ဘုရားများ၏ ကျင့်ကြံခြင်း အဆင့်သည် သူတို့၏ ဝိညာဉ်များ … နှင့် ခန္ဓာကိုယ်များ ပေါ်တွင် အခြေခံ သတ်မှတ် ထားကြခြင်း ဖြစ်သည်။

ခန္ဓာကိုယ်သည် လက်နက် တစ်ခုသဖွယ် ဖြစ်လာကာ ဝိညာဉ်သည်ကား ထိုလက်နက်ကို ထိန်းချုပ်သည့်လက် ဖြစ်လာသည်။ ထို့နောက်တွင်တော့ ရှေးဟောင်း နတ်ဘုရား မိသားစု အဖြစ်သို့ ပေါင်းစပ် သွားတော့သည်။

ယခင် ရှေးခေတ် ကာလများတွင် ရှေးဟောင်း နတ်ဘုရားတို့၏ ပုံရိပ်များသည် လွန်စွာမြင့်မား ခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ သမိုင်းမှတ်တမ်း များထဲတွင်သာ နစ်မြုပ်ပျောက်ကွယ် သွားကြရသည်။ ယခုခေတ် အခါတွင်တော့ ရှေးဟောင်းမှတ်တမ်း တချို့၌သာ ရှေးဟောင်း နတ်ဘုရားတို့နှင့် ပတ်သက်၍ မှတ်တမ်း အနည်းငယ် ကျန်ရှိပေတော့သည်။

ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်အား အသုံးပြု၍ သူ ခိုးယူထားသည့် စိတ်စွမ်းအားများကို ကျင့်ကြံခြင်း အဆင့် တိုးတက်လာအောင် ပြုလုပ်နိုင်ကြောင်း ကိုလည်း နားလည်လာသည်။ ထိုသို့သာ ပြုလုပ်နိုင်မည် ဆိုပါက သူ၏ ကျင့်ကြံခြင်း အဆင့်သည် နေ့ချင်းညချင်းပင် လျင်မြန်စွာ တိုးတက်သွား ပေလိမ့်မည်။

ဝမ်လင်းသည် ချက်ချင်းပင် သူ၏ သိုလှောင်အိတ် အတွင်းထဲသို့ ရှာဖွေလိုက်ကာ ပစ္စည်းတစ်ခုအား ထုတ်ယူ လိုက်လေသည်။

ဒန်တျန်တစ်ခု။ ၎င်းဒန်တျန်သည် ကျင့်ကြံသူများအား သတ်ဖြတ်သည့် အခါမှသာ ရရှိနိုင်သည့် အရာဖြစ်သည်။ ဤဒန်တျန် အတွင်းတွင် အလယ်အလတ် အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းများ အားလုံး ပါဝင်နေသည်။ ထို့နောက်တွင်တော့ ရှေးဟောင်းနတ်ဘုရား မိသားစု အဖြစ်သို့ ပေါင်းစပ် သွားတော့သည်။

ယခင် ရှေးခေတ် ကာလများတွင် ရှေးဟောင်း နတ်ဘုရားတို့၏ ပုံရိပ်များသည် လွန်စွာမြင့်မား ခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ သမိုင်းမှတ်တမ်း များထဲတွင်သာ နစ်မြုပ်ပျောက်ကွယ် သွားကြရသည်။ ယခုခေတ် အခါတွင်တော့ ရှေးဟောင်းနတ်ဘုရား ဆိုသည်မှာ ရှေးဟောင်းမှတ်တမ်း စာအုပ်များထဲတွင်ပင် မတွေ့ရတော့ လောက်အောင် ပျောက်ကွယ် သွားကြပြီဖြစ်၏။

ဒန်တျန်တစ်ခု။ သူက သည်ဒန်တျန်ကို ပျက်စီးခြင်း လောကမှာ ရှိခဲ့တုန်းက ရရှိခဲ့ခြင်း ဖြစ်၏။ ဤဒန်တျန် အတွင်းတွင် အလယ်အလတ် အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းများ အားလုံး ပါဝင်နေသည်။ ထို့နောက်မှာတော့ သူက တုံ့ဆိုင်းခြင်းမရှိဘဲ သည်ဒန်တျန်ကို မျိုချလိုက်၏။ ဒန်တျန်ကို မျိုချပြီးပြီးချင်း များစွာသော စိတ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့၏။

ဝမ်လင်းက ရှေးဟောင်း နတ်ဘုရား၏ နည်းဗျူဟာ၏ ပထမအဆင့် စိတ်စွမ်းအင် ခိုးယူခြင်း နည်းစနစ်ကို ချက်ချင်း အသုံးပြု၍ ကျင့်ကြံရန် ထိုင်ချလိုက်သည်။ သူက စိတ်စွမ်းအင် ခိုးယူခြင်း နည်းစနစ်ဖြင့် ဒန်တျန်ထဲမှ စိတ်စွမ်းအင် အားလုံးကို စုပ်ယူကာ ခန္ဓာကိုယ်ထဲရှိ အမြုတေရှိရာသို့ ပို့ဆောင်၏။ စိတ်စွမ်းအင် လှိုင်းများက သူ့အမြုတွေထဲ၌ စွမ်းအင်ပုံစံ ကွက်များကို ဖြစ်စေလေသည်။ စိတ်စွမ်းအင်များက နှစ်နာရီကြာပြီးနောက် လုံးဝ ပျောက်ကွယ် သွားတော့သည်။

ဝမ်လင်းက စိတ်စွမ်းအင် ခိုးယူခြင်း နည်းစနစ်သာ မရှိခဲ့ဘူးဆိုလျှင် သည်ဒန်တျန်ကို ချေဖျက်ရန် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာမြင့်သွားမည် ဖြစ်၏။ ထို့ပြင်သူက ရာခိုင်နှုန်း အကုန်စုပ်ယူနိုင်ခြင်း မရှိဘဲ (၇၀)၊ (၈၀) ရာခိုင်နှုန်းလောက်သာ စုပ်ယူနိုင် ပေလိမ့်မည်။ သို့သော် အခုချိန်မှာတော့ သူက အချိန် အနည်းငယ်ဖြင့် ဒန်တျန်ကို လုံးဝချေဖျက် စုပ်ယူနိုင်ခဲ့ပြီ ဖြစ်၏။

ဝမ်လင်း၏ အမြုတေက လှည့်ပတ်လို့နေပြီး ခန္ဓာကိုယ်ထဲသို့ စိတ်စွမ်းအင်လှိုင်းများ ထုတ်လွှတ်လျက် ရှိသည်။ သူ့မျက်လုံးများကလည်း ရွှန်းစိုတောက်ပ လျက်ရှိ၏။ ဒန်တျန် တစ်ခုတည်းက သူ့အား အမြုတေဖွဲ့တည်ခြင်း အလယ်အလတ် အဆင့်၏ ထိပ်ဆုံးကို ရောက်ရှိစေခဲ့သည်။ နောက်ဆုံးအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုပေတော့သည်။

ဝမ်လင်းက သိုလှောင်အိတ်ထဲသို့ လက်နှိုက်လိုက်ပြီး လီမူဝမ် ပေးလိုက်သော ဆေးပုလင်းကို ထုတ်လိုက်သည်။ သူက ဆေးလုံးတစ်လုံးချင်း စသောက်လိုက်၏။ အချိန်က လျင်မြန်စွာ ကုန်ဆုံးလို့သွားသည်။ ဝမ်လင်းက ဆေးလုံး တစ်လုံးတိုင်းကို စိတ်စွမ်းအင်ခိုးယူခြင်း နည်းစနစ်ဖြင့် အပြည့်အဝ စုပ်ယူလို့နေ၏။ ဝမ်လင်းက စိတ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ မရောက်ခင် အမြုတေထဲသို့ ပို့ဆောင် လိုက်သည်။ ရလဒ်အနေဖြင့် သူက အလယ်အလတ် အမြုတေဖွဲ့စည်းခြင်း အဆင့်မှ နောက်ဆုံးအဆင့်သို့ ရောက်ရှိလို့သွား၏။ ထို့နောက်မှာတော့ ဝမ်လင်းက သိုလှောင်အိတ်ထဲရှိ နဂါးခြင်ဆီကို ထုတ်ယူလိုက်သည်။ နဂါးခြင်ဆီက ပုလင်းအသေး တစ်လုံးစာ လောက်ရှိကာ သည်အရာက အလွန်ပင် တန်ဖိုး ကြီးမားလှ၏။ နဂါးခြင်ဆီက ဝမ်လင်းတွင်ရှိသော တန်ဖိုးအကြီးဆုံး ဆေးဝါးလည်း ဖြစ်ပေသည်။

ခဏတာ တုံ့ဆိုင်းပြီးနောက် သူက ပုလင်းဖုံးကို ဖွင့်လိုက်သည်။ တစ်ငုံသောက်ပြီးနောက် ဝမ်လင်း ခန္ဓာကိုယ်မှာ အလွန်ပူလောင် လာခဲ့သည်။ သူက စိတ်စွမ်းအင်ခိုးယူခြင်း နည်းစနစ်ကို အလျင်အမြန် လေ့ကျင့်လိုက်ရသည်။ အချိန်က တဖြည်းဖြည်း ကုန်လာခဲ့သည်။ ဝမ်လင်းက သူ့အမြုတေမှာ ပို၍ ကြီးမားလာသည်ကို ခံစားမိလာသည်။ အမြုတေမှာ မြန်ဆန်စွာ လည်ပတ်လို့လာပြီး အရောင်လည်း ပိုတောက်လာသည်။ ဝမ်လင်းက နောက်တစ်ငုံ ထပ်သောက် လိုက်ပြန်သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက် … တစ်လတိုင်တိုင်ထိ ဝမ်လင်းက မျက်လုံးမှိတ်ကာ တစ်ချိန်လုံး လေ့ကျင့်လျက်ရှိ၏။ စိတ်စွမ်းအင် ခိုးယူခြင်းနည်းစနစ်က သူ့ခန္ဓာကိုယ်ထဲ၌ တက်ကြွလျက် ရှိသည်။ ဝမ်လင်းက နဂါးခြင်ဆီအား ဆယ်ငုံစာမျှ သောက်ခဲ့ပြီး ဖြစ်ကာ သူ့အမြုတေမှာလည်း လက်သီးဆုပ် နှစ်ခုစာလောက် ရှိနေခဲ့ပြီ ဖြစ်၏။ သူ့အမြုတေမှာလည်း အနီရောင် ဖြစ်လာခဲ့သည်။ ဝမ်လင်းက အမြုတေကို တစ်ကြိမ် လည်ပတ်တိုင်း သူ့သွေးကြောများမှာ အလွန် နာကျင်ရ၏။ သို့သော် အခုချိန်ထိ သူက စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်မဝင်ရောက် နိုင်သေးဘဲ ရှိနေသေးသည်။

လွန်ခဲ့သော တစ်လက ဝမ်လင်းသည် စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်ရာတွင် အခွင့်အရေး တိုးလာစေရန် ဆေးတစ်လုံး သောက်ခဲ့၏။ သို့‌သော် သူက စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ရှိနိုင်သည့် အရိပ်အယောင်မရှိဘဲ သူ၏အမြုတေကသာ အနီရောင်သို့ ပြောင်းသွားခဲ့သည်။

သူက ခဏကြာ တွေးတောပြီးနောက် သက်ပြင်းယဲ့ယဲ့ ချလိုက်မိသည်။ ဝမ်လင်းက အခြားလူများ သည်လည်း စဦးစိတ်ဝိညာဉ် အဆင့်သို့ရောက်ရန် သူလိုပင် အလွန်ခက်ခဲလား ဆိုသည်ကို စဉ်းစားကြည့်မိသည်။ သည်အဆင့်က သူစိတ်ကူး ထားသည်ထက် ပိုခက်ခဲနေသည့်ပုံပင်။

သူ့ထံ၌ စိတ်စွမ်းအင် အရည်များမှာလည်း သိပ်မကျန်တော့ပေ။ သူက အနည်းငယ် စဉ်းစားလိုက်ပြီး သူ့မိဘနှစ်ပါးနှင့် စစ်ထူနန်တို့ရှိသော နေရာသို့ သွားရောက် ဂါဝရ ပြုလိုက်သည်။ ထို့နောက် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အပြင်ဘက်သို့ ထွက်လာ ခဲ့တော့သည်။

အသိဉာဏ် ပင်လယ်၏ အပြင်ဘက်၌ ဝမ်လင်းက တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ သူက အသိညာဏ် ပင်လယ်ကို ငေးကြည့်လိုက်ရင်း သက်ပြင်း ချလိုက်မိသည်။ အစတုန်းကတော့ သူက စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိအောင်လုပ်ပြီး ဝိညာဉ်သေ ပင်လယ်ထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်ရေးကို ဖမ်းဆုပ်ရန် ကြံရွယ်ထားခဲ့သည်။ သို့သော် ဖြစ်နိုင်သည်က သူသည် အမွေအနှစ်ကို ပြည့်စုံစွာ ရပြီးမှသာ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်မှ ထွက်ခွာလို့ ရတော့မည့်ပုံပင်။

ခဏတာ စဉ်းစားပြီးနောက်မှာ ဝမ်လင်းက လက်မြှောက်လိုက်၏။ သူ့မျက်လုံးမှာလည်း အေးစက်စက် ဖြစ်လာခဲ့သည်။ အခုချိန်မှာတော့ အသိဉာဏ်ပင်လယ်မှ ထွက်ခွာရန် တစ်လမ်းသာ ရှိတော့၏။ သူက သည်နေရာမှာပဲ ပိတ်မိမနေချင်ဘူး ဆိုလျှင် မကောင်းဆိုးဝါး ကျင့်ကြံသူများ၏ လိုက်လံ ဖမ်းဆီးခြင်းကိုပဲ အမြဲရှောင်ရှား နေရပေမည်။ သို့သော် သူ့အတွက်က ထိုတစ်လမ်းသာ ရွေးချယ်ရန် ရှိတော့၏။

သူက လေဟာနယ် အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်ပြီး ဇီဖူအသိဉာဏ် ပင်လယ်မှ ထွက်လာကာ ချီပင်လယ်ထဲသို့ ပြန်ရောက် လာခဲ့သည်။ သူက ချီပင်လယ်ထဲမှာ ထွက်ပေါ်လာ ပြီးပြီးချင်း သူ့ထံသို့ မကောင်းဆိုးဝါး ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့၏။ သူတို့က ဝမ်လင်းအား လှောင်ပြောင် သရော်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့ထဲက တစ်ယောက်ကတော့ ခါးကုန်းကြီးမုံ့ပင် ဖြစ်၏။ သူက ဝမ်လင်းကို ကြည့်နေရင်း စက်ဆုပ်သော ခံစားချက်များ ပေါ်လာခဲ့သည်။ သူက စကားတစ်လုံးမှ မဆိုတော့ဘဲ ဝမ်လင်းကို လှမ်းကုတ် ဆွဲလိုက်သည်။ သို့သော် ဝမ်လင်း၏ အမူအရာက တည်ငြိမ်လျက် ရှိနေ၏။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“မင်းတို့အပေါ် မင်းဆရာရဲ့ ချိပ်ပိတ်ထားတာကို မချိုးဖျက်ချင်ဘူးလား …”

ဝမ်လင်းက ထိုစကားကို ပြောလိုက်သောအခါ အနားမှာရှိသော မကောင်းဆိုးဝါး ကျင့်ကြံသူများ၏ အသွင်က ပုံမှန်ပြန်ဖြစ် သွားကြသည်။ သူတို့မျက်လုံး ထဲ၌လည်း အံ့အားသင့်မှုများ ပြည့်လို့နေ၏။ ခါးကုန်းကြီးမုန့် ကလည်း မှင်တက်မိသွားကာ သူ့လက်ကို ရပ်တန့်လိုက်သည်။

ဝမ်လင်းက ထိုအဖြစ်အပျက်ကို တွေ့လိုက်သောအခါ သူခန့်မှန်း ထားခဲ့သော အရာများက မှန်နေသည်ကို သေချာသိလိုက်၏။ အခုချိန်မှာ သူက သွေးပင်လယ်ထဲရှိ ဆံပင်အနီရောင်နှင့် လူကြီးမှာ သည်မကောင်းဆိုးဝါး ကျင့်ကြံသူများ၏ ဆရာဖြစ်သည် မဖြစ်သည်ကိုသာ သေချာသိရန် လိုတော့သည်။

သို့သော် ခါးကုန်းကြီးမုံ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဝမ်လင်းကို လျင်မြန်စွာ ထပ်မံဖမ်းဆွဲ လိုက်သည်။ ဝမ်လင်းက တစ်လက်မပင် မရွေ့ဘဲ မြဲမြံစွာ ရပ်လျက်ရှိ၏။ တစ်ယောက်ယောက်က သူ့ကို ဖမ်းရန် ကြိုးစားလျှင်ပင် သူကလေဟာနယ် ဆုပ်ဖြဲကာ ချက်ချင်း ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်း ရှိပေသည်။ တကယ်တော့ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ် အကြောင်းကို သူ့လောက် မည်သူမျှ မသိနိုင်ပေ။ သူ့မျက်လုံးများက တည်ငြိမ်လျက်ပင် ရှိ၏။ ခါးကုန်းကြီးမုံ့ တိုက်ခိုက်လိုက်သည့် အခါ အခြားမကောင်းဆိုးဝါး ကျင့်ကြံသူများက တားဆီးခဲ့ခြင်း မရှိခဲ့ပေ။ ဝမ်လင်း၏ ခန့်မှန်းချက်များက မှားယွင်းခဲ့ပေ၏။ သူတို့က ဝိညာဉ်ဝါးမျိုသူ၏ သေခြင်းရှင်ခြင်းကို ဂရုစိုက်ခြင်း မရှိပေ။

ရပ်လိုက် …။

ထိုအသံထွက်ပေါ် လာသည်နှင့်အတူ မမြင်ရသော လက်တစ်ဖက်က ခါးကုန်းကြီးမုံ့ကို အဝေးသို့ ဆွဲယူသွားကာ ကိုင်ပေါက်လိုက်၏။ ခါးကုန်းကြီးမုံ့က အနက်ရောင် သွေးတစ်ပွက် အံ့ထုတ်လိုက်ရသည်။ သို့သော် သူက ဒေါသထွက်ခြင်း လုံးဝမရှိပေ။ ထိုအစား လေးစားစွာ ပြောလိုက်၏။

“အရှင် ဒူမိုကို နှုတ်ဆက်ပါတယ် …”

တစ်ချိန်တည်းမှပဲ အခြားမကောင်းဆိုးဝါး ကျင့်ကြံသူများကလည်း ဒူးထောက် လိုက်ကြသည်။

ကောင်းကင်နတ်ဆိုး၏ အစီအစဉ်ကို ဖျက်ဆီးခဲ့သော သည်သက်လက်ပိုင်း လူကြီးက ဝမ်လင်းအား အေးစက်စွာ ကြည့်လိုက်သည်။

“မင်းက ဝိညာဉ်စားသုံးသူပဲ …၊ တကယ်ကောင်းတယ် …၊ ငါ့နောက်လိုက်ခဲ့ …”

သက်လက်ပိုင်း လူကြီးက ထိုသို့ပြောပြီးပြီးချင်း လက်ဝှေ့ယမ်းလိုက်ရာ ပေတစ်ရာခန့် ရှိသော လေဟာနယ် အက်ကွဲကြောင်း တစ်ခုက အပေါ်မှာ ပေါ်လာခဲ့တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset