တောင်ထိပ်သို့ ရောက်ရန် ပေ၅၀၀၀ အကွာတွင် ရှိသော ကျောက်တုံး တစ်ခုပေါ်တွင် လိုအင်၆မျိုး နတ်ဆိုး သခင်သည် မတ်တတ်ရပ်နေရင်း နောက်သို့ လှည့်ကြည့် လိုက်သည်။ ဘေးတွင် ရပ်နေသော လူငယ် မျက်လုံးများသည် ယခု အချိန်၌ တွေဝေ နေခြင်းများ မရှိတော့ပဲ မှိုင်းညှို့နေလေတော့သည်။
“လွန်ခဲ့တဲ့ ၅နှစ်က ငါ လုပ်ထားခဲ့တဲ့ အတားအဆီးကို ဘယ်သူ ဖျက်ဆီး လိုက်တာလဲ… သွမ့်မူလား… မဖြစ်နိုင်ဘူး… ရှေးဟောင်း အင်ပါယာပဲ ဖြစ်ရမယ်… အဲဒီအဘိုးကြီး ကလည်း အတားအဆီး ပညာရပ်တွေ လေ့လာနေတာ နှစ်ပေါင်းများစွာ ရှိနေပြီ… တတိယ စမ်းသပ်မှုမှာ အဲဒီအဘိုးကြီး ကပဲ ငါ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာလိမ့်မည်… “ လိုအင်၆မျိုး နတ်ဆိုး သခင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
တောင်ထိပ်မှ ပေ၅၀၀၀ အကွာခန့်တွင် ဝဲကတော့ တစ်ခု ရှိ၏။ ထိုဝဲကတော့သည် တတိယ စမ်းသပ်မှု၏ ဝင်ပေါက် ဖြစ်သည်။
လွန်ခဲ့သည့် ၇နှစ်ခန့်က လိုအင်၆မျိုး နတ်ဆိုး သခင်သည် အတားအဆီး များကို လွယ်လွယ် ကူကူဖြင့် ဖြတ်ကျော် နိုင်ခဲ့သည်။ သို့သော်လည်း တောင်ပေါ်သို့ ရောက်လာလေ အတားအဆီးက ပိုမို အားကောင်း လာလေ ဖြစ်ပြီး အတားအဆီး တစ်ခုတွင် လိုအင်၆မျိုး နတ်ဆိုး သခင်သည် ၅နှစ်ခန့် ပိတ်မိ နေခဲ့သေး၏။
သူက ရှေ့သို့ ပြန်လှည့်ပြီး ဆက်သွား လိုက်သည်။
***
ထိုအချိန်တွင် တောင်ခြေရှိ ဝဲကတော့ အတွင်းမှ လူတစ်ယောက် ထွက်လာသည်။ ထိုလူသည် ဖုန်ခါတံ တစ်ခုကို ကိုင်ထားပြီး မျက်နှာကို ဇာချည် တစ်မျိုးဖြင့် ဖုံးအုပ်ထား၏။ သူက ယုံကြည်ချက် ရှိရှိဖြင့် အပြင်သို့ ထွက်လာခြင်း ဖြစ်သည်။
ထိုလူသည် ရှေးဟောင်း အင်ပါယာ ဖြစ်သည်။
သူ့အမူအရာက တည်ငြိမ် နေသော်လည်း သူ၏ မျက်ခုံးနှစ်ခု ထိကပ်နေ၏။ ပထမ စမ်းသပ်မှုတွင် သူက မီးစမ်းသပ်မှု အတွင်းသို့ ရောက်သွားပြီး စမ်းသပ်မှုကို ဖြတ်ကျော်ရန် ၇နှစ်ခန့် အချိန်ယူ ခဲ့ရသည်။
မီးစမ်းသပ်မှု အတွင်းတွင် မွန်းစတားများ အများအပြား ရှိ၏။ သူက မွန်းစတားများကို မရေမတွက် နိုင်အောင် သတ်ခဲ့သော်လည်း မီးစမ်းသပ်မှု အတွင်းမှ အလွယ်တကူ မထွက်လာ နိုင်ခဲ့ပေ။ ထို့ကြောင့် သူက စိတ်ရှည်ရှည် ထားပြီး ရှေ့သို့ တစ်လှမ်းချင်းသာ သွားခဲ့တော့သည်။
သူ၏ စိတ်ရှည်မှုက ခါးကုန်းကြီး မုန့်နှင့် ယှဉ်လိုက်လျှင် အများကြီး သာ၏။
ရှေးဟောင်း အင်ပါယာက စမ်းသပ်မှုကို ဖြတ်ရန် အတွက် ကောင်းစွာ ပြင်ဆင် လာခဲ့၏။ သူက မီးစမ်းသပ်မှု အတွင်းသို့ ရောက်သွား ခဲ့သော်လည်း သူက အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသေး၏။
သူက မီးစမ်းသပ်မှုကို အချိန်များစွာ ယူခဲ့သောကြောင့် သူ၏ ရတနာများကို အသုံး မပြုခဲ့ရပေ။ ထို့ကြောင့် သူက နောက်ထပ် စမ်းသပ်မှုများတွင် အသုံးပြုရန် ရတနာများ ကျန်နေသေး၏။
ဒုတိယ စမ်းသပ်မှု အတွင်းသို့ ဝင်လာပြီးနောက် ရှေးဟောင်း အင်ပါယာက သက်ပြင်း ချလိုက်သည်။ ထို့နောက် သူက တောင်ထိပ် ပေါ်သို့ လှမ်းကြည့် လိုက်ပြီး အေးစက်စွာ ပြုံးလိုက်၏။ ဒီနေ့အတွက် သူက လွန်ခဲ့သည့် နှစ်တစ်ထောင်လုံးလုံး ပြင်ဆင် ခဲ့ရသည်။
တတိယ စမ်းသပ်မှုကို ဝင်ချင်လျှင် သူက အတားအဆီးများကို နားလည်အောင် လုပ်ရပေမည်။ လွန်ခဲ့သော နှစ်၁၀၀၀က သူ၏ အံ့ဩဖို့ ကောင်းလောက်သည့် အမြန်နှုန်းဖြင့် လိုဏ်ခေါင်းကို အသက်၃ရှိုက်စာ အတွင်း မဖြတ် နိုင်ခဲ့လျှင် သူက တခြား သူများနှင့် အတူ သေဆုံး သွားခဲ့လိမ့်မည် ဖြစ်သည်။
သူက လိုအင်၆မျိုး နတ်ဆိုးသခင်၊ သွမ့်မူကျိ သို့မဟုတ် ခါးကုန်းကြီး မုန့်တို့နှင့် မတူပေ။ လွန်ခဲ့သည့် နှစ်၁၀၀၀ကတည်းက သူသည် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အလယ် အဆင့်သို့ ရောက်နေခဲ့သည့် အပြင် ယခင်တစ်ခါ သွားခဲ့စဉ်က ကျင့်ကြံ သူများကို ဦးဆောင်ခဲ့သည့် သူလည်း ဖြစ်သည်။
ထို့ကြောင့် လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် တခြားသူများသည် သူ့မျက်လုံးထဲတွင် ဂျူနီယာများသာ ဖြစ်သည်။ ယခင် တစ်ခေါက်တုန်းက သူ၏ အနစ်နာခံမှု ကြောင့်သာ မဟုတ်ခဲ့လျှင် ထို၃ယောက်လုံး သေဆုံး သွားကြ ရလိမ့်မည် ဖြစ်သည်။
နှစ်တစ်ထောင်အတွင်းတွင် သူက ဒဏ်ရာများ ပြန်သက်လာအောင် ကုသခဲ့ပြီး နတ်ဆိုး ပင်လယ်အတွင်း၌ အတားအဆီး ပညာရပ်များကို လေ့လာခဲ့သည်။ နှစ်တစ်ထောင်အတွင်း သူ၏ ကျင့်ကြံခြင်း အဆင့်ကို ပြန်ရောက်အောင် ကြိုးစား နိုင်ခဲ့သော်လည်း တိုးတက် လာအောင်တော့ မလုပ်နိုင်ခဲ့ပေ။ သူ၏ လေ့လာ ဆန်းစစ်မှုများ အရ ရရှိခဲ့သော ဒဏ်ရာ များကြောင့် သူ၏ အခြေခံက ထိခိုက် သွားခြင်း ဖြစ်သည်။ အလွန် အစွမ်း ထက်သော ဆေးများ အသုံး မပြုလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်က အမြဲတမ်း ရပ်တန့်နေတော့မည် ဖြစ်သည်။
ထို့ကြောင့် ရှေးဟောင်း နတ်ဘုရား၏ နယ်မြေသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။ ဤနေရာမှ သူ လိုနေသည့် ဆေးကိုသာ ရခဲ့လျှင် သူ၏ အခြေခံကို ပြန်ကောင်း စေနိုင်မည့် အပြင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကိုလည်း ရောက်ရှိ နိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤနေရာမှ ဝိညာဉ်အသွင်ပြောင်း ဆေးလုံးကို ရခဲ့လျှင် ခံစားရသည့် ဒုက္ခများက တန်သည်ဟု ဆိုရပေမည်။
နောက်ဆုံးတွင် သူက ကျင့်ကြံခြင်းကို လက်လျှော့ပြီး အတားအဆီး နည်းစနစ်များကို လေ့လာခဲ့သည်။ ဂိုဏ်းပေါင်းများစွာကို သွားရောက်ခဲ့ပြီး ထိုဂိုဏ်းများက အစွမ်းထက်ဆုံးဆိုသည့် အတားအဆီး နည်းစနစ် များကိုလည်း လေ့လာခဲ့သည်။
နှစ်၁၀၀၀နီးပါး လေ့လာပြီးသည့် နောက်တွင် သူ့ကိုယ်သူ ယုံကြည်မှုများ ရှိလာခဲ့သည်။
သူက သိုလှောင်အိတ်ကို ထိကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူက တောင်ခြေရှိ ပထမဆုံး အတားအဆီး ဆီသို့ ရောက်လာသည်။
ယခင်တစ်ခါက သူတို့သည် ပထမဆုံး အတားအဆီးအား သူတို့၏ စွမ်းအားဖြင့် ကျော်ဖြတ် ခဲ့ကြသည်။ သူက အတားအဆီးထဲသို့ လှမ်းဝင် လိုက်သည်။ သူ့အနေဖြင့် အချိန် အကုန် မခံလိုသောကြောင့် စွမ်းအား သုံးပြီးတော့သာ ကျော်ဖြတ် သွားရန် ဆုံးဖြတ် ထား၏။
ယခင် တစ်ခေါက် အတိုင်းဆိုလျှင် သူက အထဲသို့ ဝင်လိုက် သည်နှင့် မြက်ပင်များက ဓားသွားအဖြစ် ပြောင်းလဲကာ သူ့အား တိုက်ခိုက် ကြမည် ဖြစ်သည်။ သူမျှော်လင့် ထားသည့် အတိုင်း မြက်ပင်များက သူ့ဘေးတွင် ပတ်ပျံလာပြီး အနီရောင် မြူများကလည်း ပေါ်လာသည်။ ထို့နောက် မြက်ပင်များက ဓားသွားအဖြစ် ပြောင်းပြီး သူ့အပေါ်သို့ ဓားမိုးများက ရွာချလိုက်၏။
ရှေးဟောင်း အင်ပါယာက ထိုအရာများကို ဂရုပင် မစိုက်ဘဲ ရှေ့သို့ ဆက်သွား၏။ ဓားများက သူ့ခန္ဓာကိုယ်နှင့် နီးကပ် လာသော အခါ ဓားများကို ရေခဲများက ဖုံးအုပ် သွားပြီး ချက်ချင်း ပေါက်ကွဲ ကုန်၏။
ထို့နောက် သူက လွယ်ကူစွာဖြင့် အတားအဆီး၏ အစွန်းသို့ ရောက်သွားသည်။ ဤနေရာတွင် အနီရောင် အလင်းတစ်ခု ပေါ်လာ မည်ကို သူမှတ်မိ နေသေး၏။
ထိုအကြောင်းကို တွေးမိ သွားသည့် အချိန်မှာပင် အနီရောင် အလင်းက ပေါ်လာသည်။ ရှေးဟောင်း အင်ပါယာက နှာခေါင်းရှုံ့ပြီး အနီရောင် အလင်းကို ညာလက်သီးဖြင့် ထိုးလိုက်သည်။ အနီရောင် အလင်းက ချက်ချင်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်ပြီး ပျောက်ကွယ် သွား၏။
ထို့နောက် အနီရောင် အလင်းများ ထပ်ပေါ်လာရာ သူက အနီရောင် အလင်းများကို ဆက်လက် ထိုးနေ လိုက်သည်။ ၂နာရီနီးပါး ကြာပြီး နောက်တွင် အနီရောင် အလင်းများ အားလုံး ကုန်သွားပြီး သူက အတားအဆီးကို လွယ်ကူစွာ ဖျက်ဆီး လိုက်၏။
ရှေးဟောင်း အင်ပါယာက အပြင်သို့ ထွက်ပြီး သည်နှင့် သူရှေ့ ၁၂မီတာ ခန့်တွင် ရှိနေသော ဒုတိယ အတားအဆီးကို ကြည့်လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်ပြီး သည်နှင့် သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲ သွားပြီး သူ့ဘေးတွင် အနက်ရောင် မြူများ ထွက်ပေါ် လာသည်။ ယခု တစ်ခုသည် အနီရောင် အလင်းများနှင့် လုံးဝ ကွာခြား နေပြီး အနက်ရောင် မြူများ အတွင်းတွင် သားရဲ အော်သံများကိုပါ ကြားရ၏။
မကြာမီ များပြား လှသော အနက်ရောင် ဓားများနှင့် အနီရောင် အလင်းများ ထွက်ပေါ် လာပြီး ရှေးဟောင်း အင်ပါယာဆီသို့ ဦးတည် သွား၏။ သူတို့၏ အမြန်နှုန်းက ယခင် ဓားသွားများနှင့် အနီရောင် အလင်းထက် များစွာ မြန်နေသည်။
ရှေးဟောင်း အင်ပါယာ၏ မျက်နှာက မည်းမှောင် သွားပြီး ကျယ်လောင်စွာ အော်ဟစ်ကာ စိတ်စွမ်းအင်များဖြင့် သူ့ခန္ဓာကိုယ် ဘေးတွင် ရေခဲ နံရံကြီးတစ်ခု ဖန်တီး လိုက်သည်။ တိုက်ခိုက်မှု အများစုသည် ရေခဲ နံရံကြီးကို ထိသွား၏။
သူက နောက်သို့ ခြေလှမ်း အနည်းငယ် ချက်ချင်း ဆုတ်လိုက်ပြီး ညာလက်သီးဖြင့် ရေခဲနံရံကြီးကို ထိုးလိုက်ရာ ရေခဲ နံရံကြီးက အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။
ထိုအခါ ဘယ်လက်ဖြင့် ရေခဲ အပိုင်းအစ များကို စုစည်း လိုက်သည်။ ရေခဲ အပိုင်းအစ များက စုစည်း လာပြီးသည်နှင့် ချက်ချင်း အရည်ပျော်ပြီး ရှေးဟောင်း အင်ပါယာ နောက်တစ်ယောက်ကို မွေးဖွား ပေးလိုက်သည်။
တိုက်ခိုက်မှု အားလုံးက ရှေးဟောင်း အင်ပါယာ ကိုယ်ပွားကို ထိမှန် သွားပြီးနောက် အတားအဆီးက လုံးဝ ပျက်ပြယ် သွား၏။
အနက်ရောင် မြူများ ပျောက်ကွယ် သွားသော အခါ ရှေးဟောင်း အင်ပါယာသည် သုန်မှုန် နေသော မျက်နှာထားဖြင့် အတားအဆီး၏ အပြင်ဘက်သို့ ထွက်လာသည်။
“လိုအင်၆မျိုး နတ်ဆိုးသခင်… ဒီအတားအဆီးက မင်းလုပ်ထား ခဲ့တာပဲ ဖြစ်ရမယ်… “
ထိုရုတ်တရက် ထွက်ပေါ် လာသော အတားအဆီးသည် သူ့အား ခဏလောက် ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွား စေခဲ့သည့် အတွက် သူက အနည်းငယ် အံ့ဩသွား၏။ သူကသာ ယခုလောက် မသန်မာ ခဲ့လျှင် သူက မသေလျှင်တောင်မှ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရသွား လိမ့်မည် ဖြစ်သည်။
လိုအင်၆မျိုး နတ်ဆိုးသခင်ဟု သိနေ ရခြင်းမှာ သွမ့်မူကျိသည် အတားအဆီး နည်းစနစ်များကို သင်ယူရန် စိတ်မပါသည့် လူတစ်ယောက် ဖြစ်နေ သောကြောင့် ဖြစ်သည်။ သို့သော်လည်း ဤကိစ္စ၏ လက်သည် တရားခံသည် ဝမ်လင်း ဖြစ်ကြောင်း သူမသိခဲ့ချေ။
သူက ဝမ်လင်းကို လုံးလုံးလျားလျား မေ့နေခြင်း ကြောင့်လည်း လိုအင် ၆မျိုး နတ်ဆိုး သခင်ဟု ထင်လိုက်ခြင်း ဖြစ်၏။
အတားအဆီး၏ ရက်စက်ပုံကို ယခု မျက်မြင် ကြုံတွေ့ထားပြီး ဖြစ်သဖြင့် ရှေးဟောင်းအင်ပါယာသည် လိုအင်၆မျိုး နတ်ဆိုး သခင်အား စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ အတားအဆီးက မည်မျှပင် ရိုးရှင်း ပါစေ ဂရုတစိုက်ဖြင့် ဖြတ်ကျော် တော့မည်ဟုလည်း ဆုံးဖြတ်ချက် ချလိုက်၏။
***
ထိုအချိန်တွင် ဝမ်လင်းက တောင်ထိပ်ဆီသို့ ဖြည်းညင်းစွာ လျှောက်နေသည်။ ရုတ်တရက် သူက တောင်ခြေကို လှမ်းကြည့် လိုက်သည်။ သူထားခဲ့သည့် ပထမ အတားအဆီးသည် ပျက်စီး သွားပြီ ဖြစ်ကြောင်း သိလိုက် လေပြီ။
သို့သော်လည်း ဝမ်လင်းက အထိတ်တလန့် မဖြစ်ချေ။ သူက လွန်ခဲ့သည့် ၇နှစ်ကတည်းက သူ့နောက်မှ လူတိုင်းကို တားဆီးရန် အတွက် အတားအဆီး ပေါင်းများစွာကို ချထားခဲ့၏။ သူတို့က အတားအဆီး များကို မသေဘဲ ဖြတ်ကျော် နိုင်လျှင်တောင်မှ ဒဏ်ရာကတော့ ရမှာ အသေအချာ ဖြစ်သည်။
သူတို့ကသာ ကံဆိုး သွားလျှင် ဘေးနားရှိ အတားအဆီး များကိုပင် အသက် ဝင်လာ စေနိုင်သည်။ ထိုအခါ ထိုလူက စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ဆိုလျှင်တောင်မှ သူ့အတွက် သွားစရာ လမ်းသည် သေလမ်း တစ်ခုသာ ရှိတော့မည် ဖြစ်သည်။
သူ့နောက်တွင် အလွန် အားကောင်းသော အတားအဆီး များသည် အများကြီး မရှိဘဲ ၃ခု ၄ခု ခန့်သာ ရှိ၏။ ထိုအတားအဆီး များပေါ်တွင် လိုအင်၆မျိုး နတ်ဆိုးသခင်က အလွှာတချို့ ထပ်ပေါင်း ပေးထားခဲ့သဖြင့် သူက ဒုက္ခ သုက္ခခံ၍ ဖြတ်ကျော် ခဲ့ရသည်။ သူက ထိုအတားအဆီး များကို ဖြတ်ကျော် ပြီးနောက်တွင် ထိုအတားအဆီး များအပေါ်၌ လိုအင်၆မျိုး နတ်ဆိုး သခင်၏ အတားအဆီး များထက် ပိုများသော အတားအဆီးများကို ထပ်ပေါင်း ပေးထားခဲ့သည်။
ဝမ်လင်းက အေးစက်စွာ ရယ်မော လိုက်သည်။ ထို့နောက် သူက သူ့နောက်မှ လူများ အကြောင်းကို တွေးမနေ တော့ပဲ ရှေ့သို့ ဆက်သွား လိုက်၏။
ဝမ်လင်းက အပေါ်သို့ ရောက်လေ သွားနှုန်းက ပို၍ လျော့ကျ လာလေ ဖြစ်သည်။ သူက အတားအဆီးများကို အပင်ပန်းခံ၍ နားလည်အောင် လုပ်ခဲ့ပြီး ဖြတ်ကျော်ရန် အတွက် နည်းလမ်းများကို ရှာခဲ့သည်။ ထိုနည်းဖြင့် အတားအဆီး နည်းစနစ် များတွင် သူက ပို၍ တိုးတက် လာခဲ့သည်။
သူ တီထွင်ထားသော အတားအဆီး နည်းစနစ်ဖြင့် ဆိုလျှင် သူက ပုံရိပ်ယောင် စက်ဝိုင်းကို ၁၀ခုအထိ ဖန်တီးနိုင်၏။ သို့သော်လည်း သူ့က ၁၀ခုထက်လည်း ပို၍ မဖန်တီးနိုင်ပေ။ သူတင် မဟုတ် စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များတောင်မှ ၁၀ခုထက် ကျော်အောင် ဖန်တီး နိုင်မည် မဟုတ်ပေ။
ထိုနည်းစနစ်ကို တခြား သူတစ်ယောက်က အများဆုံး ၃ခု ၅ခုထိသာ လုပ်နိုင် လိမ့်မည် ဖြစ်သည်။ ဝမ်လင်းက ၁၀ခုအထိ လုပ်နိုင်ရသည့် အကြောင်းရင်းမှာ ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကြောင့် ဖြစ်သည်။
ယခုအချိန်တွင် အတားအဆီး များကို မှတ်သား ထားသည့် ကျောက်စိမ်းပြား များသည် အခု၁၀၀ ကျော်နေပြီ ဖြစ်သည်။ ထိုကျောက်စိမ်းပြား များသည် သူ၏ တိုးတက်လာမှု အတွက် ရတနာများ ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် ဝမ်လင်း၏ တိုးတက်မှု အခြေအနေသည် ဆက်လက် မတိုးတက် နိုင်တော့သည့် အခြေအနေသို့ ရောက်နေ၏။ သူက ဤအခြေအနေကို ဖြတ်ကျော် နိုင်ခဲ့လျှင် သူ၏ အတားအဆီး ပညာရပ်က နောက်တစ်ဆင့်သို့ ရောက်သွားမည် ဖြစ်သည်။
ဝမ်လင်း၏ စိတ်စွမ်းအားက အလွန် သန်မာ၏။ သူက အတားအဆီး များစွာကို နေ့ည ပေါင်းများစွာ အချိန်ယူပြီး လေ့လာ နေသည့် အတွက် တစ်ရက်တွင် တော့က သူက အောင်မြင် သွားလိမ့်မည် ဖြစ်သည်။
🖤
우와