Switch Mode

Chapter 1328

လက်နက်အပြည့်အစုံ

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်သည် လူငယ်တစ်ယောက်ရှေ့သို့ ရောက်လာပြီး သူ့လည်မျိုအား လက်တစ်ဖက်ဖြင့် ညှစ်၍ လေထဲ ဆွဲမြှောက်လိုက်သည်။ ထို့နောက် မြေကြီးပေါ် အရှိန်ဖြင့် ရိုက်ချလိုက်လေသည်။

“ဒုန်း”

ကြမ်းပြင်တစ်ခုလုံး ချက်ချင်း အက်ကွဲသွားပြီး အချင်းနှစ်မီတာ အနက်ရှိသော တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။ ဤရိုက်ချက် မည်မျှ ပြင်းထန်ကြောင်း မှန်းဆနိုင်ပေ၏။

ထိုလူငယ်လေးသည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ရိုက်ချခံလိုက်ရကာ ခြေလက်များ လိမ်ပိန်ကာ အသားများ စုတ်ပြတ်နေသည်။

ကျန်လူငယ်များသည်လည်း အသိစိတ်လွတ်သည်အထိ ကြောက်လန့်သွားပြီး ချက်ချင်း မျက်နှာ ပြာနှမ်း သွားကြသည်။ ယဲ့ဖန်က သူတို့ဘက် လှည့်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

“မင်း ငါ့ကားကို ဖျက်ဆီးရင် ငါ မင်းလူတွေကို ဖျက်ဆီးမယ်၊ မင်းမှာ ပြောစရာ မရှိဘူး မဟုတ်လား”

*ပြောစရာ မရှိဘူး ဟုတ်လား*

*ငါတို့မှာ ပြောစရာ ရှိတာပေါ့*

*ပြီးတော့ မင်းက လူသတ်ပြီးမှ ပြောစရာရှိလားလို့ မေးနေတာ နည်းနည်း လွန်ရာမကျဘူးလား*

“အစ်ကိုကြီးဝူ ကျုပ်တို့ ဘာလုပ်ကြမလဲ”

ထိုသခင်လေးများ သွေးပျက်နေကြသည်။ ဝူကျောယိုက တစ်စုံတစ်ယောက်ကို ခေါ်ခဲ့သော်လည်း ယခုထိ မရောက်သေးပါတကား။

ယခု ဤမိစ္ဆာကောင်ကို သူတို့ဘာသာ ရင်ဆိုင်ရတော့မည်။ သူတို့ ဘယ်လိုလုပ် နိုင်နိုင်ချေ ရှိမည်နည်း။ ဝူကျောယို မျက်နှာ မည်းမှောင်နေပြီး တစ်ခွန်းမှ ပြန်မပြောနိုင်ပေ။ သူသည် အမြဲ မောက်မာခဲ့သော်လည်း စဉ်းစားတတ်သည့် ဦးနှောက် မရှိချေ။

သူ့အဖေ မရောက်လာခင် သူ အသတ်ခံလိုက်ရပါက မည်သို့လုပ်မည်နည်း။

“ဒုန်း”

သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က ထပ်မံလှုပ်ရှားလာပြီး နောက်လူငယ်တစ်ယောက်အား လေထဲသို့ ပစ်ထုတ်လိုက်သဖြင့် မီတာသုံးဆယ်မျှ အပေါ်သို့ မြောက်တက်သွားကာ ကတ္တရာလမ်းနှင့် ပြန်ရိုက်ကျကာ သွေးများ အိုင်ထွန်းလာ၏။

“မလုပ်နဲ့ ငါ့ကို ခွင့်လွှတ်ပေးပါ”

ထိုသခင်လေးများသည် ကြောက်လန့်လွန်းသဖြင့် ထွက်ပြေးကြလေသည်။ ဤလူထံမှ ဘာအကြောင်းပြချက်မှ မရှိဘဲ သူတို့ ရိုက်သတ်မခံချင်ပါ။

“ငါ မင်းအသက်ကို ချမ်းသာပေးရင် ဘယ်သူက ငါ့ကို အသက်ချမ်းသာပေးမှာလဲ”

သို့သော် ယဲ့ဖန်က သူ၏ တောင်းပန်စကားကို မကြားသယောင်ပြုကာ တစ်ယောက်ပြီး တစ်ယောက်ကို လေထဲသို့ ဆက်တိုက် ပစ်ထုတ်လေသည်။

ဤသည်ကိုမြင်‌သော် နဂါးအသွင်ပြောင်းခြင်းအဆင့် လေးဆယ်ကျော်ကို ချက်ချင်း သတ်လိုက်သည့် အဖြစ်ထက် ပို၍ ကြောက်လန့်သွားစေသည်။ သခင်လေးတစ်ယောက် လေထဲသို့ မြောက်တက်သွားပြီး ပြန်ပြုတ်ကျကာ သေဆုံးသွားသည်ကိုမြင်သော် သူတို့ သနားသလို ခံစားလာရသည်။

ထိုအမြင့်မှ ပြုတ်ကျသည့် ဒဏ်ရာ မတွေးဝံ့လောက်အောင်ပင်။ တစ်ချို့သည် ပြန်ပြုတ်ကျလာခြင်း မသေကြ သော်လည်း တစ်ကိုယ်လုံးမှ အရိုးများ ကြေမွ၍ ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားသည်။ သူတို့သည် မြေကြီးပေါ် လဲ၍ အပြင်းထန်ဆုံးသော ဝေဒနာကို ခံစားနေရသည်။

“ယဲ့ဖန် ရပ်လိုက်စမ်း မဟုတ်လို့ကတော့ ငါ မင်းကို ညှာမနေတော့ဘူး”

ဝူကျောယို မာမာထန်ထန် ငေါက်ငမ်းလိုက်သည်။ သူ့ညီအစ်ကို တစ်ယောက်ပြီး တစ်ယောက် ယဲ့ဖန်ထံ၌ အသတ်ခံနေရသော်လည်း သူ ဘာမှမလုပ်နိုင်ပေ။ ဤသည်က ရှက်စရာ ကောင်းလှ၏။

“ဖြောင်း”

သူ့စကားအဆုံး၌ ညာဘက်ပါးပေါ်သို့ ပြင်းထန်သော ရိုက်ချက်တစ်ချက် ကျရောက်လာသည်။ သူ ဒယိမ်းဒယိုင် ဖြစ်သွားကာ ရှေ့သွားများစွာ ကျွတ်ထွက်သွားပြီး မျက်နှာတစ်ခြမ်း ရောင်ကိုင်း၍ သွေးများ တတောက်တောက် ကျလာသည်။

ယဲ့ဖန်က ဝူကျောယိုကို ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။

“မင်းက ငါ့ကို ဘယ်လို သက်ညှာမှာလဲ”

“ခွေးမသား မင်း ငါ့ကို ရိုက်ရဲတယ်လား”

ဝူကျောယို ရူးမတတ် ဖြစ်သွားသည်။ ယခုအချိန်ထိ သူ တစ်ခါမှ အရိုက်မခံရဖူးပါ။ သို့သော် ယဲ့ဖန်က သူ့ကို ရိုက်ရဲသည်တဲ့လား။

“ဘုန်း”

ထို့နောက် ဝူကျောယို ရင်ဘတ်ကို ထပ်အကန်ခံလိုက်ရသဖြင့် ရင်ညွန့်ရိုး ကျိုးသွားပြီး သွေးတစ်လုပ် အန်လာသည်။ ရုတ်ချည်းဆိုသလို မြေကြီးပေါ် ဒူးထောက်ကျသွားပြီး အချိန်အတော်ကြာအောင် ပြန်မထနိုင်ဘဲ ရှိနေကာ သက်တမ်း တစ်ဝက်မျှ ကုန်သွားသလို ခံစားလိုက်ရသည်။

“မင်းကို ရိုက်ဖို့ အကြောင်းပြချက် လိုသေးလား၊ ဘယ်သူက ဝင်ပြောရဲလဲ”

ယဲ့ဖန်က အထက်စီးဆန်စွာ ပြောလိုက်သည်။ ဤမှတ်ချက်စကားကြောင့် လူအုပ်ကြားထဲ၌ မိုးကြိုးပစ်ချ လိုက်သကဲ့သို့ ဖြစ်သွားပြီး အထင်သေးဟန်များ ပါဝင်နေ၏။

သူ၏ အေးစက်သော မျက်လုံးများက ငရဲမှ အနက်ရောင် မီးတောက်များလိုပင်။ အေးစက်ခက်ထန်လွန်းလှသဖြင့် လူအများအား တစ်ချက်ကြည့်မိရုံနှင့် သေမတတ် ကြောက်လန့်သွားစေသည်။

မည်သူမှ သူ့ကို မကြည့်ရဲတော့ဘဲ ကြောက်လန့်တကြားဖြင့် ခေါင်းငုံ့ထားကြသည်။ ဤနတ်ဆိုး၏ နည်းလမ်း များကို သူတို့ မြင်ပြီးသား ဖြစ်သဖြင့် ဤနတ်ဆိုးနှင့် ရန်သူ ဖြစ်ခြင်းက သေလမ်းရှာသလို ဖြစ်နေမှန်း ရိပ်မိသွား ကြသည်။ ယခု သူ့အား တကယ်ပင် မည်သူမှ မတားရဲပေ။

“မင်း …”

ဝူကျောယို မျက်နှာ မည်းမှောင်သွားသော်လည်း ထပ်ပြောရဲသည့် သတ္တိမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ ထပ်ပြောလိုက်ပါက ယဲ့ဖန် သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်မှန်း သေချာနေသောကြောင့်ပင်။

*အရူး*

*ဒီလူက ရူးနေတာ*

*ငါ့မိသားစုကို တိုင်ပြီးတာတောင် သူက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲနေတာ၊ သူက ငါ့အဖေကို လုံးဝ မျက်လုံးထဲ မထည့်ဘူး၊ သူက တော်တော် မောက်မာတာပဲ*

“ဘာတွေဖြစ်နေတာလဲ”

ထိုစဉ် ဟွမ်ထျန်းချန်သည် သူ့လူများထံမှ သတင်းပို့မှုကို ရရှိပြီး အခြေအနေကို အလျင်အမြန် လာစစ်ဆေး လေသည်။

လူအုပ်နှင့် သီးခြားဖြစ်နေသော ယဲ့ဖန်ကို သူ မြင်သည်နှင့် မျက်မှောင်ကြုတ်မိသွားပြီး တိတ်တဆိတ် စိတ်ပျက် သွားသည်။

*ဘယ်အရူးက ဒီသတ်ဖြတ်ခြင်း နတ်ဘုရားကို ရန်သွားစလိုက်တာပါလိမ့်*

သို့သော် ဝူကျောယိုကို မည်သည်နှင့် သူ ဘာဖြစ်နေသလဲ ချက်ချင်း နားလည်သွားပြီး ပျော်ရွှင်ဟန် ပေါ်လာ၏။ သူ ဝူချီဖုန်းကို ရင်ဆိုင်ရန် အကြောင်းပြချက် ရှာမရသေးသော်လည်း ဝူချီဖုန်း၏ အသုံးမကျသောသားက ကိုယ်တိုင် တံခါးဝသို့ ရောက်လာသည် မဟုတ်ပါလော။

“ဟွမ်ထျန်းချန် ခင်ဗျား အချိန်မီ ရောက်လာတာပဲ၊ ဒီ့ကောင်ကို ချက်ချင်း တစ်စစီ လုပ်ပစ်ဖို့ ကျုပ် ခင်ဗျားကို အမိန့်ပေးတယ်”

ဟွမ်ထျန်းချန် ရောက်လာသည်ကိုမြင်သော် ဝူကျောယိုက ချက်ချင်း ယဲ့ဖန်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ဟစ်လေသည်။

သူ့စိတ်ထဲတွင် ရှုကျိုး၌ ဟွမ်ထျန်းချန်၏ အဆင့်အတန်းက သူ့ဖခင်လောက် မကောင်းသော်လည်း သူလည်း နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူကိုယ်တိုင် ဖြေရှင်းပါက ယဲ့ဖန်ကို ရှင်းထုတ်ရန် မခဲယဉ်းပါ။

*အမိန့် ဟုတ်လား*

ဟွမ်ထျန်းချန်၏ မျက်နှာ ရုတ်တရက် သုန်မှုန်သွားသည်။ ယခင် ဝူကျောယို၌ ထိုသို့ လုပ်နိုင်စွမ်း ရှိပါသည်။ ယခင်က ဝူကျောယိုဘက်က သူ ဝင်ပါလောက်သည်။

သို့သော် ယခု သူ၏ နောက်ခူလူမှာ ယဲ့ဘုရင် ဖြစ်သည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင်မှ မယှဉ်နိုင်သော ယဲ့ဘုရင် ဖြစ်လေသည်။ ယခုအချိန်၌ သူက ဘာကြောင့် ဝူကျောယို၏ အမိန့်ကို နာခံရမည်နည်း။ ထို့ကြောင့် ဝူကျောယို၏ စကားက သူ့နားထဲတွင် အလွန် နားကလောကာ စော်ကားသံနှင့် တူနေ၏။

“ဖြောင်း”

ဘယ်ဘက်ပါးပေါ်သို့ နောက်ထပ် ရိုက်ချက်တစ်ချက် ကျရောက်လာသည်။ ဤရိုက်ချက်က ပထမအချက်လောက် မကျယ်သော်လည်း ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

လူတိုင်း ကြက်သေ သေသွားကြသည်။ သူတို့အားလုံး ဟွမ်ထျန်းချန်ကို အလန့်တကြား ဖြစ်သော အမူအရာနှင့် ကြည့်နေကြသည်။ ဝူကျောယိုကို သူ ရိုက်လိုက်လိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

*ဒါ ဝူချီဖုန်းရဲ့ သားလေ၊ ရှုကျိုးက လူတိုင်း ခေါင်းညိတ်ပြီး ဦးညွှတ်ရတဲ့လူ မဟုတ်လား၊ ဟွမ်ထျန်းချန်မှာ အာဏာ ရှိတယ်ဆိုပင်မယ့် နယ်မြေ အရှင်သခင်လို့ ကျော်ကြားတဲ့ ဝူချီဖုန်းကို စိန်ခေါ်နိုင်ပါ့မလား၊ သူ ရူးနေတာလား*

သူတို့စိတ်ထဲတွင် ဟွမ်ထျန်းချန်၏ အပြုအမူက နယ်မြေ၏ အရှင်သခင်ကို ရန်စလိုက်သော အပြုအမူဟု တွက်နေ ကြသည်။

ဤရိုက်ချက်က အညှာအတာမဲ့ကြောင်း ပြသနေပြီး မကြာခင်မှာပင် ဝူကျောယို၏ ဘယ်ဘက်မျက်နှာ တစ်ခြမ်းလုံး ဖူးရောင်ကာ ခရမ်းရောင်သမ်းလာ၏။

“မင်း မင်း ငါ့ကို ရိုက်ရဲတယ်လား”

ဝူကျောယိုက ဟွမ်ထျန်းချန်အား မယုံနိုင်သလို ကြည့်နေသည်။ ဟွမ်ထျန်းချန် သူ့ကို ရိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

*သူ ဘယ်က သတ္တိရလာတာလဲ၊ သူ ဘယ်ကနေ ဘယ်လို သတ္တိကောင်းလာတာလဲ*

“လူကြီးမင်းယဲ့ ဒေါသထွက်နေတယ်လေ၊ မင်းကို ရိုက်လိုက်တာက ပါးပါးပဲ ရှိသေးတယ်၊ ငါ မင်းကို သတ်တောင် သတ်ချင်တာ”

ဟွမ်ထျန်းချန်က သွားပေါ်အောင် ပြုံး၍ ခက်ထန်သော မျက်နှာထားနှင့် ပြုံးနေသည်။

*ဟမ်*

လူတိုင်း ထိတ်လန့်သွားကြသည်။

*လူ … လူကြီးမင်းယဲ့တဲ့လား*

အားလုံး၏ အကြည့်များက ယဲ့ဖန်ပေါ် ကျရောက်လာပြန်သည်။

*ဟွမ်ထျန်းချန်က ဒီကောင်ကြောင့် ဝူကျောယိုကို ရိုက်တာလား*

*မြတ်စွာဘုရား*

*သူ့နောက်ခံက ဝူချီဖုန်းထက် ပိုပြီး ထူးခြားနေတာလား၊ ဟွမ်ထျန်းချန်တောင်မှ ဝူချီဖုန်းကို အာခံရမယ့် အရေးကို စွန့်စားပြီးတော့ ဝူကျောယိုကို ရိုက်လိုက်တာလေ*

*မယုံနိုင်စရာပဲ*

*မယုံနိုင်စရာပါလား*

*ဒီကောင်ရဲ့ ဇစ်မြစ်က ဘာလဲ*

*ဒီရှုကျိုးမှာ အဆင့်အတန်းနဲ့ နောက်ခံအရဆို ဝူချီဖုန်းကို ဖိနှိပ်နိုင်တဲ့လူ ရှိလို့လား*

*ဘာကို လူကြီးမင်းယဲ့လဲ၊ ငါတို့ တစ်ခါမှ မကြားဖူးပါဘူး*

“ကောင်းပြီလေ ဟွမ်ထျန်းချန် ငါ မင်းကို မှတ်ထားတယ်၊ ငါ့အဖေ ဒီကို လာနေပြီ၊ မင်းကိုပါ အတူတူ သေခိုင်းရတာပေါ့”

ဝူကျောယို ဒေါသထွက်လွန်း၍ ရူးမတတ် ဖြစ်နေသည်။ ဟွမ်ထျန်းချန်တောင်မှ သူ့ကို အရေးမလုပ်သဖြင့် သူ မုန်းတီးနေသည်။ သူ အလွန်အမင်း မုန်းတီးနေ၏။

သူ ဟွမ်ထျန်းချန်ကို သတ်ကာ သူ့သမီးကို သူ၏ လိင်ကျေးကျွန် လုပ်ပစ်မည်ဟု စိတ်ထဲမှ ကျိန်ဆိုနေသည်။ သူ့စကားကို ကြားသောအခါ ဟွမ်ထျန်းချန်က အထင်သေးသလို ပြောင်းလိုက်သည်။

“ငါ‌ စောင့်နေပါတယ်”

တကယ်တမ်းတွင် သူ့စိတ်ထဲ၌ အားပါးတရ ရယ်နေသည်။

*ငါ ဝူချီဖုန်း လာတာကို မကြောက်ဘူး သူ မလာမှာကိုပဲ စိုးရိမ်တာ*

ဝူချီဖုန်း ရောက်လာပြီး ယဲ့ဖန်နှင့် ရင်ဆိုင်ရချိန် ရောက်လာလျင် ဝူမိသားစု သားအဖ နှစ်ယောက်လုံး ရက်စက်မှုနှင့် စိတ်ပျက်မှုတို့က ဘယ်လိုမျိုးလဲ သိသွားပေလိမ့်မည်။ ထိုအချိန် ရောက်လာလျင် ရှုကျိုးက သူ့လက်ထဲသို့ ရောက်လာပေမည်။

လူတိုင်း မယုံသင်္ကာ ဖြစ်သွားကြသည်။

*ရူးနေပြီ*

*ဒီကောင်လေးတင် မဟုတ်ဘူး ဟွမ်ထျန်းချန်ပါ ရူးနေပြီ၊ ရှုကျိုးကို အုပ်စိုးနေတဲ့ ဝူချီဖုန်းကို သူ ယှဉ်နိုင်မယ်လို့ ထင်နေတာက တကယ် မိုက်ရူးရဲဆန်တာပဲ*

*ဒါ အဓိပ္ပာယ် မရှိဘူး*

*နှစ်ယောက်လုံး သေလမ်းရှာနေတာ*

ဝူချီဖုန်း လူခေါ်၍ ရောက်လာပြီး သူ့သား အခြေအနေကို မြင်သွားပါက ယဲ့ဖန်နှင့် ဟွမ်ထျန်းချန်တို့ ဘာဖြစ်လာမလဲ သူတို့ ရိပ်စားမိသည်။

“မင်း သေလို့ရပြီ”

ထိုစဉ် ယဲ့ဖန် စိတ်မရှည်တော့ဘဲ ဤစိတ်ပျက်စရာကောင်းသော လူကို အရင်ရှင်းရန် ရည်ရွယ်ထားသည့်ဟန်ဖြင့် ဝူကျောယိုထံသို့ လျှောက်သွားလေသည်။ ထိုစကားက လူအုပ်တွင်း၌ ထပ်မံ၍ ဆူညံပွက်လောရိုက်သွားစေသည်။

*ယဲ့ဖန်က ဝူကျောယိုကို တကယ် သတ်ချင်နေတာလား*

သို့သော် ယဲ့ဖန်၏ စကားအဆုံး၌ သူ့ထက် ပို၍ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“သူ မသေဘူး မင်းကတော့ ပိုးစိုးပက်စက် သေရမယ်”

ထိုအသံကို ကြားလိုက်ရသောအခါ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်သွားပြီး အသံလာရာသို့ လှမ်းကြည့် လိုက်သည်။

အသံလာရာဘက်တွင် စစ်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူသည် တစ်ယောက်တည်း ဖြစ်သော်လည်း ထောင်ချီသော စစ်သည်တော်များ၏ အင်အားမျိုး ဖော်ဆောင်နေ၏။

ခြေလှမ်းတိုင်း၌ ထောင်သောင်းချီသော စစ်သည်တော်များ ချီတက်လာပုံနှင့် ဆင်တူပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ သန်မာပြီး လူအများအပေါ် ဖိအားတစ်ခု သက်ရောက်နေသည်။

*ဒါကမှ တကယ့် ဘုရင်အစစ်၊ ဘုရင့်ဟန်ပန်ပဲ*

“ဒုန်း ဒုန်း ဒုန်း”

ထို့နောက်တွင်မူ ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ လက်နက် တပ်ဆင်ထားသည့် မော်တော်ယာဉ်များက လူလတ်ပိုင်းအရွယ် အမျိုးသား၏ အနောက်မှ မောင်းနှင်လာပြီး စစ်ရဟတ်ယာဉ် နှစ်စီးကလည်း ပျံသန်းလာကာ တင့်ကား သုံးစီးပါ ပါလာ၏။ လက်နက် အပြည့်အစုံဟု ပြောရပေမည်။

စစ်သားအရေအတွက်ကလည်း တစ်ထောင်ကျော်သည်။ ဤမျှ များပြားသော လူများကို စေလွှတ်နိုင်သူက ရှုကျိုး၌ စစ်သားဘုရင်ဟု ကျော်ကြားသော ဝူချီဖုန်းသာ ရှိပေသည်။

ရောက်လာသည့်လူက ဝူချီဖုန်းပင်။ အင်ပါယာ၏ နာမည်ကျော် စစ်သားဘုရင်၊ ပြိုင်ဘက်ကင်း၊ စစ်မြေပြင် လူသတ်စက် ဟု ကျော်ကြားသူ။ တစ်ချိန်တည်းမှာပင် သူသည် ရှုကျိုး၏ အုပ်ချုပ်သူလည်း ဖြစ်လေသည်။

သူသည် တည်ငြိမ်စွာ လျှောက်လာနေသော်လည်း သူ့ကိုယ်မှ ဖိနှိပ်နိုင်သော အရှိန်အဝါ ထွက်ပေါ်နေ၏။ စစ်မြေပြင်သို့ တစ်ခါမှ မသွားဖူးသူ၊ လူပေါင်းများစွာကို မသတ်ဖူးသူဆိုပါက ဤသို့ လွှမ်းမိုးသော အရှိန်အဝါအား မထုတ်ဖော်နိုင်ပါ။

ဤမြင်ကွင်းက ဘေးပတ်လည်မှ မြို့ခံများကိုပါ ထိတ်လန့်သွားစေသည်။

*ဘာဖြစ်လို့ ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်ရတာလဲ*

ဤသည်ကိုမြင်သော် လူတိုင်း သေမတတ် ကြောက်လန့်သွားကြသည်။ ဝူချီဖုန်း အလေးအနက်ထားကာ လှုပ်ရှားနေမှန်း သူတို့ မြင်နေရသည်။ ထိုသို့မဟုတ်ပါက ဤမျှ ကြောက်စရာကောင်းသော အင်အားကို ထုတ်လာမည် မဟုတ်ပါ။

“ကျွီ ကျွီ”

ချက်ချင်းဆိုသလိုပင် တင့်ကား၏ ပြောင်းဝက ယဲ့ဖန်ကို ချိန်လာသည်။ ရဟတ်ယာဉ်မှ စက်သေနတ်ကလည်း ယဲ့ဖန်ကို ချိန်ထားသည်။ ထောင်ချီသော စစ်သားများကလည်း ယဲ့ဖန်အား သေနတ်ဖြင့် ချိန်လာကြသည်။ အခြေအနေ တင်းမာလာပြီး ပေါက်ကွဲလာပေတော့မည်။

Comment

Leave a Reply

Options

not work with dark mode
Reset