Switch Mode

အခန်း (၄၁)

ရဲတင်းသော မိန်းကလေး

အပိုင်း(၄၁)

ရဲတင်းသော မိန်းကလေး

မန်ဝမ်၏နောက်သို့ ခြေရာခံလိုက်ရင်း အချိန်တချို့ကြာပြီးတော့မှ သူတို့ မျက်ခြေပြတ်ကျန်ခဲ့သည်ကို သဘောပေါက်သွားသည်။

သည်ကိစ္စနှင့် ပတ်သတ်၍ ရန်ကျောက်ကဲက အနည်းငယ် ဝမ်းနည်းမိသော်လည်း စိတ်အနှောက်အယှက် မဖြစ်မိပေ။

များမကြာမီ ရန်ကျောက်ကဲ၏လူများသည် မန်ဝမ်၏ တည်နေရာကို တွေ့ရှိကြောင်း သတင်းပို့ပြန်သည်။

ရန်ကျောင်ကဲနှင့် သူ့လူများက အများကြီး မတွေးကြပေ။ သူတို့ထပ်လိုက်ကြပြန်သည်။ သို့သော် တောင်အနည်းငယ် ကျော်ဖြတ်ပြီးနောက် ထိုမိန်းကလေး၏ ခြေရာ လက်ရာများ တစွန်းတစ မကျန်အောင် ပျောက်ဆုံးသွားသည်။

“တစ်ခုခုတော့ တစ်ခုခုပဲ”  ဤသို့ ပုံစံမျိုး ထပ်မံ ကြုံတွေ့ရသောအခါ ရန်ကျောက်ကဲ ရပ်တန့်ပြီး ဂရုတစိုက် တွေးတောလျက်ရှိသည်။

သူ့ဘေးမှ အနက်ရောင်ဝတ်စုံဝတ် သိုင်းပညာရှင်က ခေါင်းငြိမ့်လိုက်သည်။ “ကျွန်တော်တို့ကို တစ်နေရာကို မျှားခေါ်ချင်တဲ့ ပုံပဲ”

သူတို့၏ရှေ့တွင် အုပ်မိုးထားသော တောင်များကို ကြည့်ရင်း ရန်ကျောက်ကဲ အတွေးနက်နေသည်။

“ချုံခိုတိုက်ခိုက်ချင်တာလား၊ အဲ့လိုတော့ သိပ်မဖြစ်နိုင်ဘူး၊ ငါတို့ လာတဲ့လမ်းမှာ ချုံခိုတိုက်ခိုက်လို့ကောင်းတဲ့ နေရာတွေ အများကြီးပဲ”

တခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်ကို ကွေး၍ ရေးရေးလေး ပြုံးလိုက်သည်။ “ကောင်းပြီ မင်းဘာလုပ်ချင်လဲဆိုတာကို ကြည့်ကြတာပေါ့”

သူ့လက်ကို ယမ်း၍ လူစုခွဲရန် အချက်ပြလိုက်သည်။ အနက်ရောင်ဝတ်ကျင့်ကြံသူများက အရိပ်များသဖွယ် တောအုပ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ထိုစဉ် ရန်ကျောက်ကဲက တောင်များနှင့် တောအုပ်များကို ကျော်ဖြတ်၍ တစ်ယောက်တည်း ခရီးဆက်နေသည်။

တခဏကြာပြီးနောက် အနက်ရောင်ဝတ်ကျင့်ကြံသူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး သတင်းပို့လိုက်သည်။ “မင်းသား၊ အရှေ့ဘက် တစ်ကီလိုမီတာလောက်က  တောင်ကြားမှာ နေသူတော်စင်ဂိုဏ်းတပည့်တချို့ကို တွေ့ရပါတယ်”

ရန်ကျောက်ကဲက အတည်ပြုရန်အတွက် သူ့ကို ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်လူက ခေါင်းငြိမ့်ပြသည်။ “သူတို့က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် လူငယ်တွေပါပဲ၊ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ ချောင်ယွမ်လုံနဲ့ အတူတူ ရှိခဲ့တဲ့ သူတွေပါ”

“အဲ့နေရာကို သွားကြမယ်” ရန်ကျောက်ကဲ အရှေ့ဘက်သို့ ဦးတည်သွားသည်။

သူတို့၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရင်း ရန်ကျောက်ကဲတို့အုပ်စုသည် ထိုတောင်ကြား၏အနီးတဝိုက်သို့ တိတ်တဆိတ် ရောက်လာကြသည်။ သူတို့သည် ဘေးမှ တောင်ထွတ်တစ်ခုပေါ်သို့ တက်လိုက်ကြပြီး တောင်ကြားထဲသို့ ကြည့်နေကြသည်။

သူတို့ရှေ့တွင် မြင်ရသည်ကား ချောက်နက်ထဲတွင် နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်တွေ့နေကြသည်။

တစ်ဖက်တွင် လူသုံးယောက်က ရင်ဘတ်တွင် နေတံဆိပ်ခတ်နှိပ်ထားသော အနီရောင်အနားကွပ်သည့် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားသည်။ သိသာစွာပင် သူတို့သည် နေသူတော်စင်ဂိုဏ်း၏ တပည့်များဖြစ်သည်။

သူတို့သုံးယောက်၏အကြည့်က လူတစ်ယောက်တည်းပေါ် ၌သာ ကျရောက်နေသည်။ သူတို့သည် ဖိုခနောက်ဆိုင်ပုံစံဖြင့် တစ်ဖက်လူကို ဝန်းရံထားကြသည်။

သူတို့နှင့် ရင်ဆိုင်တွေ့နေသော တစ်ဖက်လူမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးဖြစ်သည်။

အဖြူရောင်ဝတ်စုံ၊ အနက်ရောင်ဓားနှင့် လှပရှည်လျားသော ဆံပင်များက သူမနောက်တွင် ရေတံခွန်လို ဖြာကျနေသည်။

မိန်းကလေး၏ဘေးတွင် သေးငယ်သော အနက်ရောင်ခွေးလေးတစ်ကောင် ဝပ်နေကာ သူ့သခင်ကို ဝန်းရံထားသော နေသူတော်စင်ဂိုဏ်းတပည့်သုံးယောက်အား သတိဖြင့် စောင့်ကြည့်နေသည်။

ရန်ကျောက်ကဲ၏အကြည့်က မိန်းကလေးလက်ထဲမှ အနက်ရောင်ဓားပေါ်သို့ ရောက်သွားသည်။

ထိုဓားသည် မှင်ကဲ့သို့ မည်းနက်နေပြီး တောက်ပသော နေရောင်အောက်တွင်ပင် မည်သည့်အလင်းမျှ မပြန်ပေ။ ၎င်းမှာ သတ္တုနှင့် မတူပဲ အနက်ရောင်မီးသွေးဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။

ရန်ကျောက်ကဲ ရပ်နေသော နေရာမှပင် ထိုအနက်ရောင်ဓား၏ ထက်ရှမှုကို ခံစားမိပြီး ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံးပင် စိမ့်တက်သွားသည်။

ဆယ်ကျော်သက်မိန်းကလေးက ထိုဓားတိုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ တစ်လက်မမျှပင် မလှုပ်ရှားရဲပေ။

သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ထိုဝတ်စုံမှာ နေသူတော်စင်ဂိုဏ်းသားများ ဝတ်လေ့ရှိသော ဝတ်စုံများနှင့် ကွဲပြားသည်။

သူမ ဓားကိုင်ထားသည့် ဟန်ကို ကြည့်၍ ရန်ကျောက်ကဲ၏မျက်ခုံးများ တွန့်ကွေးသွားသည်။

“အာ…….. အနောက်ပိုင်းကောင်းကင်မီးတောက်ဓားသိုင်းပဲ”

ကောင်းကင်နတ်ဘုရားလက်ဝါးသိုင်းနှင့် ဆည်းဆာတစ်ထောင်ပုံရိပ်ယောင်လက်ဝါးသိုင်းကဲ့သို့ အနောက်ပိုင်းကောင်းကင်မီးတောက်ဓားသိုင်းသည်လည်း နေသူတော်စင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်များသာ သင်ယူခွင့်ရှိသော သိုင်းပညာရပ်တစ်မျိုးဖြစ်သည်။ အလားတူပင် ထိုသိုင်း၏အစွမ်းမှာလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ထင်ရှားကျော်ကြားလေသည်။

အဖြူရောင်မိန်းကလေး၏ ဇစ်မြစ်ကလည်း နေသူတော်စင်ဂိုဏ်းမှ ဖြစ်ပုံရသည်။

“အဲ့တာကို ခိုးကြောင်ခိုးဝှက် သင်လို့ နေသူတော်စင်ဂိုဏ်းက လိုက်ဖမ်းတာဂခံရတာလား ဒါမှမဟုတ် သိုင်းပညာတစ်ပိုင်းတစကို ဂိုဏ်းထဲက ရလာတာလား”

ရန်ကျောက်ကဲက အတော် စိတ်ဝင်စားလာရာ အနက်ရောင်ဝတ်လူများကို လူစုခွဲခိုင်းလိုက်သည်။ တချို့က မန်ဝမ်ကို ဆက်လက်ရှာဖွေကြသည်။ တချို့က တောင်ကြားအပြင်တွင် အသင့်အနေအထားဖြင့် စောင့်နေကြသည်။

နေသူတော်စင်ဂိုဏ်းတပည့်သုံးယောက်သည် မိန်းကလေး၏လှုပ်ရှားမှုအနည်းငယ်မှအစ သတိဖြင့် စောင့်ကြည့်နေသည်။

သူတို့ထဲမှ အနည်းငယ်အသက်ကြီးပုံရသော လူငယ်က ပြောလိုက်သည်။ “ဂျူနီယာညီမလေးဖန်၊ ငါတို့က စီနီယာအကိုကြီးရှောင်ကို ကူညီနေကြတာပါ၊ အပြစ်ပြုမိသွားရင် တောင်းပန်ပါတယ်”

အဖြူရောင်ဝတ်စုံဝတ် ဆယ်ကျောက်သက် မိန်းကလေးက ရယ်မောလိုက်သည်။ “အပိုစကားတွေ အသုံးမဝင်ဘူး၊ ကြည့်ရတာ ရှင်တို့က ကျွန်မကို သွားခွင့်ပြုမယ့်ပုံ မပေါ်ဘူးပဲ၊ နောက်ဆုံးမှာတော့ ဘယ်သူ့ဝှက်ဖဲက ပိုအစွမ်းထက်လဲဆိုတာက အဆုံးအဖြတ်ပေးမှာပဲ”

ပြောင်းဝမှ ကျည်ဆံများ အဆက်မပြတ် ပစ်လွှတ်လိုက်သကဲ့သို့ မိန်းကလေးစကားပြောသည့်နှုန်းက အလွန်လျင်မြန်သည်။ သို့သော်လည်း သူမ၏အသံမှာ စူးရှ၊ ကြည်လင်ပြီး စကားလုံးတစ်လုံးချင်းစီကို ပြတ်ပြတ်သားသား ကြားရလေသည်။

အစွမ်းထက်ရန်သူများ၏ ဝန်းရံမှုကိုခံရသော်လည်း သူမ၏အမူအရာ မပြောင်းလဲပေ။ သူမက ပုံမှန်အတိုင်း ပြုံးသည်။ စကားပြောသည်။

သည်တစ်ကြိမ် အနည်းငယ် ပိုငယ်ပုံရသော နေသူတော်စင်ဂိုဏ်းတပည့်က ရယ်မောလိုက်သည်။ “ငါတို့က မင်းကို ထွက်သွားခွင့်ပေးဖို့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဒီကိစ္စအတွက်တော့ ငါတို့တိုက်ခိုက်စရာမလိုဘူးလေ၊ ဟုတ်တယ်မလား”

“ဟုတ်တယ် ဂျူနီယာညီမလေးဖန်၊ မင်းက သိုင်းပညာရှင်အဆင့်ကို ရောက်နေပြီပဲ၊ ဒါပေမယ့် ဒါက အတိတ်တုန်းက အရာပါ”

“အခု မင်းရဲ့ ဒဏ်ရာဟောင်းတွေ မသက်သာသေးတဲ့အပြင် အသစ်တွေလည်း ထပ်ရထားတယ်၊ မင်းရဲ့ ကြယ်တာရာချီကိုတောင် မထုတ်ဖော်နိုင်ဘူး၊ မင်းရဲ့ အတွင်းချီကလည်း အားနည်းနေတယ်၊ မင်းရဲ့ခွန်အား တစ်ဝက်တောင် မကျန်တော့ဘူး၊  ဘာလို့ အကျိုးမရှိဘဲ ခေါင်းမာနေဦးမလဲ”

“အကိုကြီးရှောင်ကို တွေ့ဖို့ လိမ်လိမ်မာမာနဲ့ ငါတို့နောက် လိုက်ခဲ့စမ်းပါ၊ ငါတို့ တကယ်တိုက်ရင် မင်းဒဏ်ရာတွေပိုရတာပဲ အဖတ်တင်မယ်၊ ဘယ်လိုလုပ် ငါတို့က ဒီလိုအရာမျိုးကို ကြည့်ရက်မလဲ”

ရန်ကျောက်ကဲက သူရပ်နေသော နေရာ၊ တောင်ကြားအပြင်ဘက်ရှိ တောင်ထွတ်မှ ပြုံးလိုက်သည်။ နေသူတော်စင် တပည့်သုံးယောက် လုံးဝအသာစီးရနေသည်ဟု ထင်ရသော်လည်း အနောက်ပိုင်းကောင်းကင်မီးတောက်ဓားသိုင်းက ရက်စက်ကြမ်းတမ်းသည်။ မိန်းကလေးသာ အားကုန်သုံးတိုက်လျှင် သူတို့ ဒဏ်ရာရမည်ကို သူတို့ကိုယ်သူတို့ စိုးရိမ်နေကြသည်။

ရန်သူ၏တိုက်ခိုက်လိုစိတ်ကို ဖျက်စီးနိုင်ခြင်းကသာ သူတို့အတွက် အသင့်တော်ဆုံးဖြစ်လေသည်။

အနည်းဆုံးတော့ အချက်ပြမီး လွှတ်ထား၍ အချိန်ဆွဲနေလျှင်ပင် နေသူတော်စင်ဂိုဏ်း၏အခြားတပည့်များ မကြာခင် ရောက်လာနိုင်သည်။ ထိုအချိန်တွင် သူတို့ရှေ့မှ ဆယ်ကျောက်သက်မိန်းကလေးကို ဖမ်းဆီးဖို့မှာ မှောက်ထားသည့်လက် လှန်လိုက်သကဲ့သို့ အလွန်လွယ်ကူပေသည်။

ရန်ကျောက်ကဲ၏အမြင်အရ မိန်းကလေးသည် ရှားပါးလှသော အလှပိုင်ရှင်လေးဖြစ်သည်။ မန်ဝမ်ကဲ့သို့ ရင်သပ်ရှု့မောဖွယ်ကောင်းသည့် ရုပ်ရည်မျိုး မပိုင်ဆိုင်သလို စစ်ခုန်ချင်း၏ကြော့ရှင်းသောအလှနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူမက အနည်းဆုံးတော့ လင်းယုရှောင်နှင့် တန်းတူရှိပေသည်။

သူမသည် သေးငယ်လုံးဝန်းသော မျက်နှာ၊ နူးညံ့သော အသားအရည်နှင့် ဇင်ယော်သဏ္ဌာန်မျက်ခုံးတို့ ရှိလေ၏။ သို့သော် နှာခေါင်းက အနည်းငယ် ကြီးနေသဖြင့် သူမ၏အခြားအလှအပများနှင့် ယှဉ်လျှင် အနည်းငယ် မှေးမှိန်နေသည်။

သို့သော် အထင်ရှားဆုံးမှာ သူမ၏ မျက်လုံးတစ်စုံပင်။ မိန်ကလေးများထဲတွင် မြင်ရခဲသော ရဲရင့်မှုကို ထုတ်လွှတ်လျက်ရှိသည်။

မန်ဝမ်၊ စစ်ခုန်ချင်းနှင့် လင်းယုရှောင်တို့ကဲ့သို့ တစ်ချက်ကြည့်ရုံဖြင့် မှင်သက်သွားစေနိုင်သော အလှမျိုးမဟုတ်သော်လည်း သူမသည် တစိမ့်စိမ့် ကြည့်လေချောလေ အလှမျိုး ဖြစ်သည်။

သူ အသေးစိတ်ကြည့်ရှု့ပြီးမှ ဤသို့ တွေးမိသည်။ သူမ၏မျက်နှာက စစ်ခုန်ချင်း၊ မန်ဝမ်တို့ထက် နိမ့်ချင်မှလည်း နိမ့်ပေလိမ့်မည်။

ထိုမိန်းကလေး၏မျက်လုံးများထဲတွင် ရဲရင့်မှုထက် အများကြီး လွန်ကဲနေသော သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ရန်ကျောက်ကဲ မြင်နေရသည်။

သူမ၏ အနက်ရောင်ဓားတွင်လည်း သွေးများ စွန်းထင်းနေသည်။

ဆယ်ကျော်သက်မိန်းကလေးက ရယ်မောလိုက်သည်။ “ရှင်တို့ ဘာတွေ စောင့်နေတာလဲ၊ ကျွန်မကို လာဖမ်းကြလေ၊ မဖမ်းရဲဘူးလား၊ သတ္တိရှိချင်ယောင်ဆောင်နေပေမယ့် စိတ်ထဲမှာ ကြောက်နေတယ်မလား၊ သုံးယောက်တစ်ယောက်ပဲ၊ သတိထားနေစရာလိုသေးလို့လား”

သူမက နေသူတော်စင်ဂိုဏ်းတပည့်သုံးယောက်ကို ကြည့်၍ ရယ်မောလိုက်သည်။ “ငွေရောင်လှံဦးချွန်က တကယ်တော့ သံနှင့်လုပ်ထားတာပဲ၊ လှပပုံရပေမယ့် အသုံးမဝင်ဘူး”

နေသူတော်စင်ဂိုဏ်းသားတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် မိန်းကလေးအား ပြုံးပြနေသော သူ့အပြုံးက ကြောက်မယ်ဖွယ်ရာ ကောင်းသွားသည်။ “အရင်နေ့တွေမှာ စီနီယာအမဖန်း ယောကျ်ားရှားပါးနေတယ်မလား”

“မင်းပြဿနာကို ဘယ်လိုဖြေရှင်းလဲ ငါ မသိဘူး၊ မင်းဘေးက အနက်ရောင်ခွေးလေးနဲ့လား၊ အဲ့တာကြောင့် မင်းနဲ့ သွားလေရာ ခေါ်သွားတာကိုး”

“ဒါပေမယ့် ဒီခွေးနဲ့ဆို မင်းအတွက် အတော်ခက်ခဲတာပဲ စီနီယာအမ၊ မင်းရဲ့ဂျူနီယာမောင်လေးကို ကူညီစေချင်လား”

သူ့စကားကို ကြားသောအခါ မိန်းကလေးက စိတ်မဆိုးပေ။ သူမက အေးအေးလူလူနှင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဆိုးတာပဲ၊ ရှင်ခန့်မှန်းတာ မှားတယ်၊ ကျွန်မရဲ့အသားတုံးလေးက အမပဲ”

သူမဘေးမှ အနက်ရောင်ခွေးလေးက နှစ်ချက် ဟောင်လိုက်ပြီး နေသူတော်စင်ဂိုဏ်းတပည့်အား မာန်ဖီလျက် ကြည့်နေသည်။

အသေအချာကြည့်လျှင် ၎င်း၏ပေါင်ကြား၌ တစ်စုံတစ်ရာ မရှိပေ။

မိန်းကလေးက ဖြည်းဖြည်းမှန်မှန် ပြောလိုက်သည်။ “ရှင့်ရဲ့ သွားကြားထိုးတံလောက်နဲ့ မေ့လိုက်တော့ ဂျူနီယာမောင်လေး၊ အဲ့တာကို အလယ်ကနေ ထက်ပိုင်းခေါက်ရင်တောင် အထူက သွားကြားထိုးတံလောက်ပဲရှိမယ်၊ ဘယ်မိန်းကလေးပဲဖြစ်ဖြစ် အဲ့လိုဟာမျိုးကို ဖြတ်ပစ်မှာပဲ”

သူမစကားကို ကြားသောအခါ နေသူတော်စင်ဂိုဏ်းတပည့် ဆွေ့ဆွေ့ခုန်သွားသည်။

ဘေးမှ ထိုဂိုဏ်းသား၏သူငယ်ချင်းက နှာခေါင်းရှုံ့၍ မိန်းကလေးအား စက်ဆုပ်စွာ ကြည့်လိုက်သည်။ “စီနီယာအမက ဂျူနီယာညီလေးကိုင်ရဲ့ အရွယ်အစားကို ရင်းနှီးနေပုံရတယ်၊ မင်းက ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးတယ် ထင်တယ်”

“ငါမှန်းကြည့်တာ” မိန်းကလေးက ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။ “ငါပြောတာ မှန်လား မမှန်လားဆိုတာ ဂျူနီယာမောင်လေးကိုင်ရဲ့ ဘောင်းဘီ ချွတ်ပြပါလား၊ ငါတို့ တူတူ ကြည့်ကြတာပေါ့”

ဂျူနီယာညီလေးကိုင် မူးမေ့လဲမတတ် ဖြစ်သွားသည်။ ဘေးမှ ကြည့်နေသော ရန်ကျောက်ကဲပင် ဆွံအသွားသည်။ ဘာပြောရမှန်းမသိ ဖြစ်နေ၏။

မိန်းကလေး၊ အာ…… ဒီအရွယ်နှင့် အဲ့ဒီ့စကားမျိူး တွေ မပြောသင့်ဘူးလေ။ မင်းရဲ့လက်ရှိအပြုအမူကိုကြည့်ရင်….မင်းက အဲ့လိုနေရာမှာ ငယ်ရွယ်ပြီး အတွေ့အကြုံနည်းပါးသေးတာကြောင့်ဆိုတာ ၈၀ရာခိုင်နှုန်းလောက် သေချာတယ်။ ကျန်တဲ့ ၂၀ရာခိုင်နှုန်းဆိုတာကလည်း…. မင်းရဲ့ငယ်ရွယ်ပြီး အတွေ့အကြုံနည်းပါးတာနဲ့ တစ်ခုခုသက်ဆိုင်နေတယ်။

အဲလိုနေရာမှာ ယောကျ်ားတွေနဲ့ ပြိုင်ပြီး ညစ်တီးညစ်ပတ်ပြောတာ သင့်တော်ရဲ့လား။

ကိုင်မျိုးရိုးတပည့် ဒေါသထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလျက် မိန်းကလေးဆီသို့ လျှောက်သွားသည်။ “ငါက သွားကြားထိုးတံ ဟုတ် မဟုတ်၊ မင်း သိပ်မကြာခင် သိရမှာပါ”

မျက်ခုံးပင့်၍ ဆယ်ကျော်သက်မိန်းကလေးက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီက ဂျူနီယာမောင်လေး၊ မင်းရဲ့ လက်ရှိနေရာမှာပဲ ရပ်နေလေ”

“ငါ၊ မင်းရဲ့စီနီယာအမကြီး သွားတော့မလို့ပဲ”
သူမစကား ဆုံးသည်နှင့် ဓားအလင်းတန်းတစ်ခု ဖျက်ခနဲ လက်သွားသည်။

မဟာနေမင်းသည် အနောက်ဘက်ကောင်းကင်တွင် တွဲခိုနေပြီး နေဝင်တော့မည်နှင့် ဆင်တူသည်။

ထိုဓားသွားရာ လမ်းကြောင်းတွင် ကောင်းကင်နှင့်မြေကြီးပင် လောင်ကျွမ်းသွားသည်ဟု ထင်ရသည်။


Comment

Leave a Reply

Options

not work with dark mode
Reset