Switch Mode

စာစဉ် (၂) အပိုင်း (၁၈)

ရေးဆွဲခြင်းနှင့် သိုင်းပညာ
  • “ရေးဆွဲခြင်းနှင့် သိုင်းပညာလား…”

ဇူယွမ်ရဲ့မျက်လုံးတွေက ပြန်ပွင့်လာခဲ့ပြီး သူ့ရဲ့မျက်လုံးထဲမှာ အလင်းရောင်တစ်ချို့ဖြတ်ပြေးသွားခဲ့သည်။ ကန်းယွမ်က ကောင်းကင်ယွမ်စုတ်တံဟာ မူလလက်နက်တစ်ခုအပြင် မူလမှော်စာလုံးစုတ်တံတစ်ချောင်းအဖြစ်လည်း နှစ်မျိုးစလုံးအသုံးပြုလို့ရတယ်ဆိုပြီး ဘာကြောင့်ပြောခဲ့တယ်ဆိုတာကို နောက်ဆုံးမှာသူနားလည်ခဲ့ရသည်။

ကောင်းကင်ယွမ်စုတ်တံရဲ့ မတူညီတဲ့ပုံစံနှစ်မျိုးကြောင့် ဒီမှော်စာလုံးကို “ရေးဆွဲခြင်းနှင့်သိုင်းပညာ”ဆိုပြီး နာမည်ပေးထားတာဖြစ်ပေလိမ့်မည်။

“သိုင်းပညာပုံစံ!”

စုတ်တံကိုလက်ထဲမှာဆုပ်ကိုင်ထားလျက်မှ ဇူယွမ့်စိတ်ထဲကနေ အတွေးတစ်ခုဖြတ်ခနဲထွက်ပေါ်လာခဲ့သည်။

ဝှစ်!

အလွန်အမင်းတောက်ပနေတဲ့ အလင်းရောင်တွေက ကောင်းကင်ယွမ်စုတ်တံထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဇူယွမ်က သူ့လက်ထဲတွင်ရှိသည့် တစ်ပေခန့်ရှည်တဲ့စုတ်တံက ရုတ်တရက်စတင်ပြီးကြီးမားလာတာကိုကြည့်နေရင်းမှ သူ့မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်နေရပေသည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဇူယွမ့်လက်ထဲက အနက်ရောင်စုတ်တံက ငါးပေခန့်အထိရှည်လျားသွားခဲ့သည်။ ဒီအနက်ရောင်စုတ်တံက ဇူယွမ်အရပ်နီးနီးလောက်ကိုရှည်လျားလာခဲ့ပြီး ၎င်းရဲ့အရောင်တွေစွန်းထင်းနေတဲ့ကိုယ်ထည်သည်လည်း ရုတ်ချည်းတောက်ပြောင်ချောမွတ်သွားခဲ့သည်။

မူလကစုတ်တံရဲ့ထိပ်ပိုင်းမှာရှိတဲ့ နူးညံ့ပြီးနှင်းကဲ့သို့ဖြူဖွေးနေတဲ့ အမွှေးတွေကလည်း အခုအချိန်မှာ အတူတကွချည်နှောင်ပေါင်းစည်းသွားခဲ့ပြီး အေးစက်စက်အလင်းရောင်တွေ တဖျပ်ဖျပ်ထွက်ပေါ်နေလျက်ရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းကလှံတံတစ်ခုအလား ထက်မြသွားသည်ကို တွေ့ရသည်။

“ဒါက တော်တော်ကိုလေးတာပဲ!”

ဇူယွမ်သူ့လက်ထဲက ကြီးမားတဲ့အနက်ရောင်စုတ်တံကို စိုက်ကြည့်လိုက်မိသည်။ ၎င်းကပေါ့ပါးခြင်းမရှိဘဲ သူ့ရဲ့လက်မောင်းတွေကိုတောင်မှ အနည်းငယ်ကွေးညွှတ်သွားစေခဲ့သည်။

“ငါ ဒါရဲ့စွမ်းအားကို စမ်းသင့်တယ်…”

ဇူယွမ်အခန်းထဲကထွက်လာခဲ့ပြီး ကျယ်ဝန်းတဲ့မြေကွက်လပ်ထဲကို လျှောက်လှမ်းလာခဲ့သည်။ အတွေးတစ်ခုနှင့်အတူ ပတ်ဝန်းကျင်မှာရှိတဲ့မူလချီလှိုင်းတွေက စုတ်တံထဲကိုဝင်ရောက်လာခဲ့ပြီး ကောင်းကင်ယွမ်စုတ်တံက အနည်းငယ်လှုပ်ယမ်းလာသည်။

မူလလက်နက်တစ်ခုက မူလချီတွေကိုစုပ်ယူနိုင်စွမ်းရှိပြီး ကြီးမားတဲ့စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်။

မူလချီတွေ၎င်းရဲ့အထဲကို ဝင်ရောက်သွားသကဲ့သို့ စုတ်တံကလည်းတဖြည်းဖြည်းနဲ့ စတင်ပြီးတောက်ပလာသည်။ အလင်းတန်းကရှည်လျားလာခဲ့ပြီး စုတ်တံရဲ့ထိပ်မှာရှိတဲ့ နှင်းလိုဖြူဖွေးတဲ့အမွှေးတွေက ချက်ချင်းဆိုသလို ချွန်ထက်တဲ့လှံတံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဇူယွမ်ကလေးလံတဲ့ လှံတစ်ချောင်းကိုင်ထားနေရသလို သူ့ရဲ့လက်နှစ်ဖက်နဲ့ စုတ်တံကို ဝှေ့ယမ်းလိုက်သည်။ သူ့အနေနဲ့ ဘယ်တုန်းကမှ ဒီလိုမျိုးထူးဆန်းတဲ့လက်နက်တစ်ခုကို အသုံးပြုခဲ့ဖူးခြင်းမရှိခဲ့သလို လေ့ကျင့်ခဲ့ဖူးခြင်းလည်းမရှိခဲ့ပေ။ သို့ပေမဲ့လည်း လှံတံကထုတ်လွှတ်နေတဲ့ စွမ်းအားတွေကအားနည်းခြင်းမရှိသလို ၎င်းကိုဝှေ့ယမ်းလိုက်တဲ့အခါ ရက်စက်ကြမ်းတမ်းတဲ့ကျားတစ်ကောင်အလားပင်။

ချပ်!

လှံတံကရုတ်တရက်လည်သွားခဲ့ပြီး ဘေးမှာရှိတဲ့ ကြေးနီရောင်အိုးတစ်လုံးကို ရက်ရက်စက်စက်ထိုးဖောက်ဝင်ရောက်သွားခဲ့သလို ထိုးဖောက်ဝင်ရောက်သွားတဲ့အသံတစ်ခုကိုလည်း ချက်ချင်းဆိုသလို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ တစ်ယောက်ယောက်ကသာ သေချာကြည့်လိုက်မယ်ဆိုရင် စုတ်တံရဲ့ထိပ်ပိုင်းက အိုးထဲကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး အခြားတစ်ဖက်မှ ပြန်ထွက်နေတာကို မြင်ရပေလိမ့်မည်။

“မဆိုးဘူး… ဒါကလုံလောက်အောင်ထက်မြက်တယ်…” ဒါကိုမြင်လိုက်ရတဲ့အခါ ဇူယွမ်ရဲ့မျက်ခုံးတွေက အနည်းငယ်မြင့်တက်သွားခဲ့ရသည်။ ဒီလောက်ထက်မြက်မှုအဆင့်နဲ့ဆို ဝင်ပေါက်နှစ်ခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အလွယ်တကူထိုးဖောက်ဝင်ရောက်သွားပေလိမ့်မည်။

“ဒါကအခုမှ သာမန်အလယ်အလတ်အဆင့် မူလလက်နက်တစ်ခုအဖြစ်ကိုရောက်ရုံပဲရှိသေးတယ်…”

ရရှိလာတဲ့အကျိုးကျေးဇူးက ဇူယွမ်ကိုအနည်းငယ်တော့ ကျေနပ်မှုရှိစေသည်။ တကယ်လို့သာသူက ကောင်းကင်ယွမ်စုတ်တံကို မှော်သားရဲစိတ်ဝိညာဉ်တွေ ထပ်မံစုပ်ယူစေခဲ့မယ်ဆိုရင် ၎င်းကမကြာခင်မှာပဲ အနက်ရောင်အဆင့်ကို ရောက်ရှိသွားပေလိမ့်မည်။

ဇူယွမ်တစ်ယောက်တည်းရေရွတ်နေလိုက်မိသည်။ “စုတ်တံတစ်ချောင်းက လက်နက်တစ်ခုဖြစ်လာတာ တကယ့်ကိုအံ့အားသင့်စရာပဲ… ဒါကစုတ်တံတစ်ချောင်းဖြစ်ပေမဲ့လည်း လှံတစ်ချောင်းနဲ့ပုံစံတူတယ်… နောက်ပိုင်းမှာ ငါကလှံနည်းစနစ်အချို့ကို လေ့လာရမယ်…”

သူကကောင်းကင်ယွမ်စုတ်တံကို စိုက်ကြည့်နေခဲ့သလို သူ့ရဲ့အကြည့်တွေက အခုချိန်မှာအနည်းငယ်တောက်ပနေလျက်ရှိသည်။ ပထမမှော်စာလုံးက ဒီလိုပြောင်းလဲမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ဘယ်လိုများထင်ထားမိမှာလဲ။ ရှေးဟောင်းမှော်စာလုံးကိုးခုစလုံးကိုသာ ပြည့်ပြည့်စုံစုံအားပြန်ဖြည့်နိုင်တဲ့အချိန်ကျရင် စုတ်တံကဘယ်လိုပုံစံဖြစ်လာလိမ့်မလဲဆိုတာကို ဇူယွမ်သိချင်မိပေသည်။

ဇူယွမ်က သိုင်းပညာပုံစံပြောင်းလဲထားတဲ့ မူလမှော်စာလုံးစုတ်တံကို စိတ်ကျေနပ်လောက်တဲ့အထိ ဝှေ့ယမ်းနေခဲ့ပြီးမှ သူ့စိတ်ထဲကအတွေးတစ်ခုဖြတ်ခနဲထွက်ပေါ်လာခဲ့သည်။

“ရေးဆွဲခြင်းပုံစံ!”

လူတစ်ယောက်အရပ်လောက်ရှည်တဲ့ ကောင်းကင်ယွမ်စုတ်တံက ချက်ချင်းဆိုသလို တစ်ပေအရှည်ထိကျုံ့ဝင်သွားခဲ့ပြီး ဇူယွမ်၏လက်ထဲကိုကျဆင်းလာခဲ့သည်။ အစောပိုင်းက သတ္တုတွေကိုတောင်ထိုးဖောက်နိုင်လောက်အောင် ထက်မြနေခဲ့တဲ့စုတ်တံထိပ်ပိုင်းက ပြန်လည်ပြီးနူးညံ့ပျော့ပျောင်းသွားခဲ့သလို စုတ်တံရဲ့အမွှေးတွေကလည်း ရှေ့နဲ့နောက်ကို ညင်သာစွာယိမ်းနွဲ့လှုပ်ရှားနေလျက်ရှိကြသည်။

ကောင်းကင်ယွမ်စုတ်တံကို သူ့ရဲ့လက်ချောင်းထိပ်နဲ့ ညင်သာစွာပုတ်လိုက်ပြီး သူ့လက်ထဲမှာတစ်ကြိမ်လှည့်ပတ်လိုက်သည့်အခါ နူးညံ့တဲ့စုတ်တံထိပ်ပိုင်းကနေ အလင်းရောင်တွေထွက်ပေါ်လာခဲ့သည်။

ဒီပုံစံကို မူလမှော်စာလုံးစုတ်တံလို့ခေါ်ပြီး မူလမှော်စာလုံးရေးသားဖို့ အသုံးပြုနိုင်လိမ့်မည်ဖြစ်သည်။

“အရမ်းကိုထူးခြားတဲ့ ရေးဆွဲခြင်းနှင့်သိုင်းပညာမူလမှော်စာလုံးတစ်ခုပဲ…” ဇူယွမ်ချီးမွမ်းလိုက်သည်။ ပစ္စည်းတစ်ခုကို ပုံစံပြောင်းလဲစေနိုင်တဲ့ မူလမှော်စာလုံးတွေက ကျိန်းသေပေါက်သာမန်မဟုတ်ပေ။ ဒီရေးဆွဲခြင်းနှင့်သိုင်းပညာမှော်စာလုံးက သေချာပေါက်ကို အလွန်မြင့်မားတဲ့အဆင့်ဖြစ်ပေသည်။

“နောက်ဆုံးတော့ ပထမဆုံးမှော်စာလုံးကို အသက်သွင်းနိုင်ခဲ့ပြီလား…”

ဇူယွမ်မြေကွက်လပ်ထဲ၌ ပုံစံနှစ်မျိုးကို စိတ်လှုပ်ရှားစွာပြောင်းလဲလျက်ရှိနေစဉ်မှာပဲ အနည်းငယ်အံ့အားသင့်နေတဲ့အသံတစ်ခုကို ကြားလိုက်ရသည်။ ဇူယွမ်သူ့ရဲ့ခေါင်းကို မော့ကြည့်လိုက်သည့်အခါ မြေကွက်လပ်ရဲ့အပြင်ဘက်မှာ ယောင်ယောင်ကကြော့ကြော့မော့မော့နဲ့ ရပ်နေသည်ကိုမြင်လိုက်ရသလို ထန်ထန်ကလည်း သူမရဲ့ခြေထောက်အနီးမှာ အသံတအီအီပြုလုပ်လျက်ရှိနေပေသည်။

“ဟုတ်တယ်…စောစောတုန်းကပဲ…” ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်။ ကောင်းကင်ယွမ်စုတ်တံကို ရေးဆွဲခြင်းပုံစံပြောင်းလဲပြီးသူ့လက်ထဲမှာကိုင်ထားလျက် စိတ်အားထက်သန်စွာပြောလိုက်သည်။

“အစ်မကြီးယောင်ယောင် ငါ့မှာအခုမူလမှော်စာလုံးစုတ်တံတစ်ချောင်းရှိနေပြီ… နင်ငါ့ကို မူလမှော်စာလုံးတွေ ဘယ်တော့သင်ပေးမှာလဲ…”

ယောင်ယောင်ရဲ့ ခြေလှမ်းတွေကပေါ့ပေါ့ပါးပါးနဲ့ ရှေ့ကိုဖြည်းညှင်းစွာလျှောက်လှမ်းလာခဲ့သည်။ သူမကဇူယွမ်ရဲ့အရှေ့မှာရပ်တန့်လိုက်ပြီး သူမရဲ့နှင်းလိုဖြူဖွေးနေတဲ့ လက်ကလေးကို ဖြန့်ပြလိုက်သည်။

ဒါကိုမြင်လိုက်ရတဲ့အခါ ဇူယွမ်ရဲ့ပါးစပ်ထောင့်က အောက်ကိုနိမ့်ဆင်းသွားခဲ့ရသည်။ သူ့မှာရွေးချယ်စရာမရှိခဲ့ဘဲ အစေခံမိန်းခလေးတစ်ယောက်ကို ကျောက်စိမ်းပုလင်းတစ်လုံးယူလာဖို့ ညွှန်ကြားလိုက်သည်။

“ဒါက ကျားနီသေရည်ပဲ… ဒါကအရမ်းပြင်းတဲ့ သေရည်ဖြစ်ပြီးတော့ အဖေလျှို့ဝှက်ပြီးသိမ်းထားတဲ့နေရာကနေ ငါခိုးလာခဲ့တာ…”

ယောင်ယောင်က ကျောက်စိမ်းပုလင်းကိုလက်ခံလိုက်ပြီး သူမရဲ့ခေါင်းကိုအနည်းငယ်စောင်း၍ တစ်ငုံသောက်လိုက်သလို သူမရဲ့ကြော့ရှင်းတဲ့လည်တိုင်လေးကလည်း ပေါ်ထွက်လာခဲ့ရသည်။ သူမရဲ့လှပတဲ့မျက်နှာလေးက ချက်ချင်းဆိုသလိုနီရဲလာခဲ့ပြီး မျက်လုံးတွေကရွှန်းလဲ့တောက်ပလာခဲ့သည်။

“မဆိုးဘူး… နင်ကငါ့အပေါ် မတွန့်တိုဘူးပဲ…”

ဇူယွမ်ရှာလာခဲ့တဲ့သေရည်က သူမကိုစိတ်ကျေနပ်မှုရှိစေသည်ဟု ပြောနိုင်သည်။

ဒါကိုမြင်လိုက်ရမှသာ ဇူယွမ်သက်ပြင်းချလိုက်နိုင်ခဲ့သည်။ သူစကားပြောဖို့ပြင်လိုက်တဲ့အချိန်မှာ သူ့အဝတ်အစားကိုဆွဲထားသလို ခံစားလိုက်ရသည့်အတွက် သူ့ရဲ့ခေါင်းကိုငုံ့ပြီးကြည့်လိုက်ရာ ထန်ထန်ကသူ့ဘောင်းဘီကို ကိုက်ထားသည်ကိုတွေ့လိုက်ရပြီး ၎င်းကသူ့ရဲ့လက်နဲ့ လျှာကိုထိုးပြနေလျက်ရှိလေသည်။

“မင်းကရော မင်းသခင်လိုပဲလား!”

ဇူယွမ်စိတ်ထဲမှာ ကျိန်ဆဲလိုက်မိပြီး သူ့ရဲ့မျက်လုံးတွေကလည်း အနည်းငယ်လှုပ်ရှားသွားခဲ့ရသည်။ ဒါပေမဲ့လည်း သူကအစေခံမိန်းခလေးတစ်ယောက်ကို မူလမှော်သားရဲအသားခြောက်တစ်ပန်းကန်ယူခဲ့စေလိုက်ပြီး သူ့ခြေထောက်နားမှာ ချထားပေးလိုက်သည်။

ဒါမှသာထန်ထန်က ဇူယွမ်ကိုလွှတ်ပေးလိုက်လေသည်။ ၎င်းကစိတ်ကျေနပ်သွားတဲ့ အမူအယာဖြင့်လဲလျောင်းလိုက်ပြီး အသားခြောက်တစ်ခုကို တစ်ခါတည်းနဲ့ လောဘတကြီးစားလိုက်သည်။ ၎င်းရဲ့မျက်လုံးတွေက အလိုဆန္ဒတစ်ခုပြည့်မြောက်သွားခဲ့သလို ကျဉ်းမြောင်းသွားခဲ့ပြီး အရသာရှိတဲ့မူလမှော်သားရဲအသားခြောက်တွေကို ပျော်ရွှင်စွာစားသောက်နေလျက်ရှိပေသည်။

ဇူယွမ်ထိုင်ချလိုက်ပြီး ထန်ထန်ရဲ့နူးညံ့တဲ့အမွှေးတွေကို ပွတ်သပ်ပေးနေလျက်မှ အားထည့်ပြီးနှစ်ချက်ရိုက်လိုက်သည်။ ထန်ထန်ကသူ့ကို အကြည့်တစ်ချက်နဲ့သာ ပြန်ပြီးတုန့်ပြန်ခဲ့သည်။ ဒီရိုသေလေးစားမှုမရှိတဲ့လူငယ်လေးကို သူ့ရဲ့စိတ်ထဲမှာထားမနေတော့ပဲ မြေပြင်ပေါ်မှာရှိတဲ့သူ့ရဲ့အသားတွေကိုသာ ဆက်စားနေခဲ့လိုက်သည်။

“ကောင်းပြီ… ငါနင့်ကိုဒီနေ့ အဆင့် ၁ မူလမှော်စာလုံးသင်ပေးမယ်…”

နောက်ထပ်ကျားနီသေရည်အနည်းငယ်ထပ်သောက်လိုက်ပြီးသည့်အခါ ယောင်ယောင်ကကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးအိမ်လေးထဲကို လျှောက်လှမ်းသွားခဲ့လိုက်သည်။ မူလမှော်စာလုံးရေးသားခြင်းလေ့ကျင့်ဖို့အတွက် ကျောက်စိမ်းပြားတွေကို အိမ်ထဲမှာရှိတဲ့ကျောက်စားပွဲပေါ်မှာ အသင့်ချထားလျက်ရှိပေသည်။

ယောင်ယောင်က စားပွဲရှေ့မှာကြော့ရှင်းစွာရပ်လိုက်ပြီး ဇူယွမ်ကိုတစ်ချက်ကြည့်လိုက်ကာ ပြောသည်။

“ငါအရင်ဆုံးရေးပြမယ်… နင်သေချာလိုက်ကြည့်ထား…”

သူမရဲ့လက်ကတစ်ချက်လှုပ်ရှားသွားခဲ့ပြီး သေးငယ်တဲ့အစိမ်းရောင်မူလမှော်စာလုံးစုတ်တံတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ ဒီမူလမှော်စာလုံးစုတ်တံက အစိမ်းရောင်အလင်းမှိန်မှိန်လေးထွက်ပေါ်နေပြီး အလင်းထဲမှာများစွာသော မှော်စာလုံးအလင်းရောင်တွေလှုပ်ခတ်နေခြင်းက ၎င်းကိုထူးခြားဆန်းကြယ်စေသည်။

ဒီမြင်ကွင်းကြောင့် ဇူယွမ်ရဲ့နှလုံးကအနည်းငယ်လှုပ်ရှားသွားခဲ့ရသည်။ ယောင်ယောင်ရဲ့ မူလမှော်စာလုံးစုတ်တံက သာမန်မဟုတ်သည်မှာ ထင်ရှားလှပေသည်။

ယောင်ယောင်က စုတ်တံကိုကိုင်ထားလျက်ရှိသကဲ့သို့ သူမရဲ့လှပတဲ့မျက်နှာလေးကလည်း ချက်ချင်းဆိုသလို တည်ကြည်လေးနက်သွားခဲ့သည်။ ကွဲပြားခြားနားတဲ့အရှိန်အဝါတစ်ခုက သူမရဲ့ခန္ဓာကိုယ်ကနေထွက်ပေါ်လာခဲ့သလို စုတ်တံထိပ်ပိုင်းကလည်း ကျောက်စိမ်းပြားပေါ်မှာ သူမခိုင်းစေတဲ့အတိုင်းစတင်ပြီး လှုပ်ရှားလာခဲ့သည်။

ဇူယွမ်ကဘေးနားမှာရပ်နေခဲ့ပြီး နူးညံ့စွာလှုပ်ရှားနေတဲ့ ယောင်ယောင်ရဲ့လက်ကလေးကိုကြည့်၍ သူ့နှလုံးသားထဲမှာတိတ်တဆိတ်ချီးကျူးလိုက်မိသည်။

“လှပတဲ့လက်တစ်ခုပဲ…”

ယောင်ယောင်ရဲ့ သေးငယ်ပြီးရှည်လျားသေးသွယ်တဲ့လက်ကလေးမှာ ကျောက်စိမ်းအလင်းတွေက ပျံ့နှံ့နေပေသည်။ ဒီအလှအပက လူတစ်ယောက်ရဲ့အကြည့်တွေကို လွှဲဖယ်သွားစေဖို့ မဖြစ်နိုင်ပေ။

ဒါပေမဲ့လည်း ဇူယွမ်ကဒီအပေါ်မှာ များစွာစိတ်ဝင်စားခြင်းမရှိခဲ့ဘဲ သူ့ရဲ့အကြည့်က ကျောက်စိမ်းပြားပေါ်ကို အလျင်အမြန်ပြောင်းလဲရောက်ရှိသွားခဲ့သည်။

ယောင်ယောင်ရဲ့ နောက်ဆုံးစုတ်ချက်ကိုရေးဆွဲအပြီးမှာ ကျောက်စိမ်းပြားပေါ်မှာအလင်းတန်းတွေက ချက်ချင်းထွက်ပေါ်လာခဲ့သည်။ ပြီးပြည့်စုံတဲ့မှော်စာလုံးတစ်ခုက ကျောက်စိမ်းပြားပေါ်မှာ ကခုန်နေလျက်ရှိပြီး ကျားတစ်ကောင်ရဲ့ဟိန်းသံကဲ့သို့ ခပ်သဲ့သဲ့အသံတစ်ခုကို ကြားလိုက်ရသည်။

ယောင်ယောင်က အလေးမထားတဲ့လေသံနဲ့ ရှင်းပြလိုက်သည်။

“ဒါကိုကျားဟိန်းသံမှော်စာလုံးလို့ခေါ်ပြီးတော့ အဆင့် ၁ မူလမှော်စာလုံးပဲ… ဒါကိုလည်ပင်းမှာရေးဆွဲပြီး အသက်သွင်းခဲ့မယ်ဆိုရင် ကျားဟိန်းသံလို အသံလှိုင်းတစ်ခုထွက်ပေါ်လာလိမ့်မယ်… တကယ်လို့အရမ်းကိုနီးကပ်တဲ့အနေအထားမှာ အသုံးပြုမယ်ဆိုရင် ဒါကရန်သူတွေကို ရပ်တန့်သွားအောင်လုပ်နိုင်စွမ်းရှိတယ်…”

“အသံလှိုင်းပုံစံ မူလမှော်စာလုံးတစ်ခုလား…” ဇူယွမ်အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ရသည်။ ဒီလိုမျိုးမှော်စာလုံးတွေက အရမ်းကိုရှားပါးပြီးတော့ လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်သလို ဒါကိုသင့်လျော်တဲ့အချိန်မှာ အသုံးပြုခဲ့မယ်ဆိုရင် တိုက်ပွဲကိုတောင်အလှည့်အပြောင်းဖြစ်စေနိုင်ပေသည်။

“သေချာဂရုစိုက်ကြည့်… ဒီမူလမှော်စာလုံးမှာ စုတ်ချက်ဘယ်နှစ်ချက်ပါလဲ…” ယောင်ယောင်ကပေါ့ပေါ့ပါးပါးပုံစံနဲ့ ပြောသည်။

ဇူယွမ်က ဒါကိုကြားလိုက်ရသည့်အခါ ယောင်ယောင်က သူ့ရဲ့မူလမှော်စာလုံးအခြေခံကို စမ်းသပ်ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ မူလမှော်စာလုံးတစ်ခုက ဘယ်လောက်ပဲအဆင့်မြင့်နေပါစေ ၎င်းကများပြားလှတဲ့စုတ်ချက်တွေပေါင်းစပ်ပြီးမှသာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဒီစုတ်ချက်တွေကို ဖော်ထုတ်ပြီးသတ်မှတ်ခြင်းက မူလမှော်စာလုံးတွေသင်ယူတဲ့နေရာမှာ အခြေခံအကျဆုံးဖြစ်ပေသည်။

ဇူယွမ်က ကျောက်စိမ်းပြားပေါ်မှာရှိတဲ့ ကျားဟိန်းသံမှော်စာလုံးကို ဂရုတစိုက်နဲ့လေ့လာလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူကဖြည်းညှင်းစွာပြောသည်။

“ငါစုတ်ချက်ပေါင်း ၄၃၇ချက် မြင်တယ်…”

အရင်က ဇူယွမ်အခြေခံမူလမှော်စာလုံးတွေ လေ့လာသင်ယူခဲ့စဉ်မှာ စုတ်ချက်ပေါင်း တစ်ရာနီးပါးလောက်သာ ပါရှိလေသည်။ ဒီအဆင့် ၁ မူလမှော်စာလုံးက ထိုအရေအတွက်ထက် လေးဆပိုပြီးပါဝင်လေသည်။ ယောင်ယောင်ကခေါင်းညိတ်၍ပြောသည်။

“ပိုပြီးအသေးစိတ်ကြည့်ရင် ဒီမှာစုတ်ချက်ပေါင်း ၄၄၈ချက်ပါတယ်… ဒါပေမဲ့လည်းနင်က စုတ်ချက်ပေါင်း ၄၃၇ ချက်ကိုမြင်နိုင်ခဲ့တဲ့အတွက် နင့်ရဲ့အခြေခံကလက်ခံနိုင်စရာရှိတယ်…”

“နောက်ရက်အနည်းငယ်အတွင်းမှာ နင်ကဒီအဆင့် ၁ မူလမှော်စာလုံးကို လုံးဝကျွမ်းကျင်သွားအောင်လို့ ဒီကျားဟိန်းသံမှော်စာလုံးကို ကူးပြီးလေ့ကျင့်ရလိမ့်မယ်…”

ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ ဇူယွမ်ရဲ့မျက်လုံးထဲမှာ စိတ်အားထက်သန်မှုတွေ ပေါ်ပေါက်လာခဲ့ရသည်။ သူ့အနေနဲ့ ဒီအဆင့် ၁ မူလမှော်စာလုံးကိုသာ လေ့လာနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ခွန်အားကအလျင်အမြန်မြင့်တက်လာပေလိမ့်မည်။

ကျောင်းသားသစ်စာမေးပွဲက နီးကပ်လာသည့်အတွက် သူ့အနေနဲ့ထိပ်ဆုံးဆယ်နေရာထဲကိုရောက်ရှိနိုင်ဖို့ ဝင်ပေါက်လေးခုဖွင့်ထားပြီးသူရဲ့စွမ်းအားမျိုး ရှိနေဖို့လိုအပ်သည်။ ဒါ့ကြောင့်သူပိုပြီးသန်မာလာဖို့အတွက် ဘယ်အခွင့်အရေးကိုမဆို ရယူရပေလိမ့်မည်။

Comment

  1. ဦးဝိေကာ လသ says:

    Yes

Leave a Reply

Options

not work with dark mode
Reset