Switch Mode

စာစဉ် (၂) အပိုင်း (၁၇)

လင်ဖုန်း

ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသလို စုယုဝေကလည်း သူမတို့ရှေ့က လူငယ်လေးရဲ့ သက်တောင့်သက်သာပုံစံနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသည့်ပုံစံကို မြင်နေရပေသည်။ သူမရဲ့ရှည်လျားပြီးညီညာလှတဲ့ မျက်ခုံးနှစ်ဖက်က အနည်းငယ်တွန့်ကွေးသွားခဲ့ရပြီး အပြုံးတစ်ခုနဲ့အတူ ပြောလိုက်သည်။ “ဒါဆို ဒါကသခင်လေးလင်ပေါ့… ငါ့မှာဒီနေ့အချိန်မရှိတဲ့အတွက် အားနာပါတယ်…”

လင်ဖုန်းက စုယုဝေရဲ့ငြင်းပယ်မှုကိုကြားလိုက်ရတဲ့အခါ အနည်းငယ်မျှစိတ်ပျက်အားလျော့သွားခြင်းမရှိခဲ့ချေ။ ထိုအစားသူကပြုံးရယ်၍ ခေါင်းညိတ်ပြလိုက်သည်။ “ဒါဆိုလည်း ကောင်းပါပြီ… နောက်တစ်ကြိမ်မှပေါ့…”

သူကအလျော့မပေးဘဲ ခေါင်းမာစွာနဲ့တောင်းဆိုမှုကိုထပ်ပြီးမပြုလုပ်ခဲ့သည့်အပြင် ထိုအစားယဉ်ကျေးစွာ ပြန်ပြောခဲ့သည်။

သို့ပေမဲ့လည်း သူ့ရဲ့ဒီအပြုအမူကြောင့် စုယုဝေက သူမရဲ့နှလုံးသားထဲမှာ ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဒီလိုလူတစ်ဦးနှင့်ရင်ဆိုင်ဖို့က အရမ်းကိုခက်ခဲလှပေသည်။

ဇူယွမ်ကတစ်စုံတစ်ရာ ဝင်ပြောခဲ့ခြင်းမရှိဘဲ လင်ဖုန်းကိုပြုံး၍ကြည့်နေခဲ့လိုက်ပြီး စုယုဝေနဲ့အတူအဝေးကို လျှောက်လှမ်းထွက်ခွာသွားခဲ့လိုက်သည်။

လင်ဖုန်းက ထွက်ခွာသွားသည့်လူနှစ်ယောက်ကိုကြည့်လျက် သူ့ရဲ့ကြင်နာတတ်တဲ့မျက်နှာက အနည်းငယ်နက်မှောင်သွားခဲ့သည်။

“ဟီဟီ… ကြည့်ရတာမင်းမှာ အခွင့်အရေးမရှိတဲ့ပုံပဲ…” တိုးညှင်းတဲ့ရယ်သံတစ်ခုကို နောက်ကနေရုတ်တရက် ကြားလိုက်ရသည်။ လင်ဖုန်းသူ့ရဲ့ခေါင်းကို ပြန်လှည့်ကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချီယွဲ့ကိုမြင်တွေ့လိုက်ရသည်။

“မင်းသားငယ်လေး…” လင်ဖုန်းသူ့ရဲ့အမူအယာကို ပြန်ထိန်းချုပ်လိုက်ကာ ဦးညွတ်အရိုအသေပေးလိုက်သည်။

ချီယွဲ့က လင်ဖုန်းရဲ့ဘေးမှာရပ်တန့်လိုက်ကာ ဇူယွမ်နဲ့စုယုဝေတို့ ထွက်ခွာသွားတဲ့ဘက်ကို ပြုံး၍ကြည့်နေလိုက်သည်။ “ငါတို့ရဲ့မင်းသားလေးက စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းကျင့်ကြံမှုကို မစတင်နိုင်သေးပေမဲ့လည်း သူ့မှာသူ့ရဲ့အဆင့်အတန်းရှိသေးတယ်… ဒါ့အပြင်ကို စုယုဝေက သူ့ဆီမှာကျေးဇူးကြွေးတစ်ခုရှိနေတယ်… မင်းအတွက် အမှန်တကယ်အခွင့်အရေးမရှိမှာကို ငါစိုးရိမ်မိတယ်…” လင်ဖုန်းရဲ့မျက်လုံးတွေက နက်မှောင်သွားခဲ့ပြီး သူ့ရဲ့နှုတ်ခမ်းကို တင်းကျပ်စွာစေ့ပိတ်ထားလျက်ရှိသည်။ သူ့အနေနဲ့သေချာပေါက်ကို လက်လျော့လိမ့်မည်မဟုတ်ပေ။

“မင်းက စုယုဝေအတွက် တကယ့်ကိုကျရှုံးသွားခဲ့ပြီလား…” လင်ဖုန်းရဲ့အမူအယာကို မြင်လိုက်ရတဲ့အခါ ချီယွဲ့က ပြုံး၍မေးသည်။

“စုယုဝေက ထင်ရှားခြင်းသိပ်မရှိပေမဲ့လည်း သူမမှာအရာရာတိုင်းကို ပြောင်းလဲနိုင်စွမ်းရှိတယ်… သူမကသာမန်လူတွေထဲကနေ ကွဲထွက်နေပြီးတော့ နောင်တစ်ချိန်မှာ လူတိုင်းရဲ့အာရုံစိုက်လာခြင်းကိုခံရလိမ့်မယ်…” လင်ဖုန်းရှင်းပြလိုက်သည်။

ချီယွဲ့ကခေါင်းညိတ်ပြသည်။ “ဒါကအမှန်ပဲ… သူမရဲ့ပါရမီက အချိန်အနည်းငယ်ပေးဖို့ပဲလိုတယ်… မင်းသားဇူယွမ်ကတကယ့်ကို ကံကောင်းတာပဲ… သူကြုံရာရွေးချယ်လိုက်တဲ့လူတစ်ယောက်က ပါရမီရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကများထင်မိမှာလဲ…”

လင်ဖုန်းရဲ့အမူအယာက လိုချင်တပ်မက်မှုတွေ ကြီးထွားလာခဲ့ရပြီး ဖြည်းညှင်းစွာပြောသည်။ “ဒီလိုဆိုမှတော့ ကျွန်တော်ကဘာဖြစ်လို့ လက်လျှော့ရမှာလဲ…”

ချီယွဲ့အနည်းငယ်ပြုံးလိုက်သည်။ “ရိုးရိုးသားသားပြောရမယ်ဆိုရင် မင်းကမင်းသားလေးထက် အားမနည်းဘူး… သူကမင်းထက်သာတာဆိုလို့ မင်းသားဆိုတဲ့အဆင့်အတန်းပဲရှိတယ်… ဒီအရာသာသူ့မှာမရှိရင် သူကမင်းဆီကနေ နှစ်ခါပြန်ကြည့်ခြင်းကိုခံရဖို့တောင် မထိုက်တန်ဘူး…”

လင်ဖုန်းကပြန်မပြောခဲ့ပေမဲ့ သူ့ရဲ့မျက်လုံးထဲမှာတော့ ကိုယ့်ကိုကိုယ်ဂုဏ်ယူမှုတွေ တစ်စွန်းတစ်စထွက်ပေါ်လာရသည်။ သူ့ဘက်ကကြည့်မယ်ဆိုရင် တကယ်လို့ဇူယွမ်သာ ဇူအင်ပါယာရဲ့မင်းသားမဟုတ်ခဲ့ပါက ဒီလိုမျိုးစွမ်းအင်ဝင်ပေါက်တစ်ခုတောင်ဖွင့်နိုင်ခြင်းမရှိသေးတဲ့ လူတစ်ယောက်ဟာ လင်ဖုန်းရဲ့မျက်လုံးထဲကို ဝင်ရောက်လာနိုင်လိမ့်မည်မဟုတ်ပေ။

“မင်းအနေနဲ့ စုယုဝေကိုရရှိနိုင်လိမ့်မယ်လို့ ငါ့အနေနဲ့မျှော်လင့်တယ်… ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ငါ့အတွက်ကြီးမားတဲ့အခက်အခဲတစ်ခုလည်း လျော့သွားရလိမ့်မယ်…” ချီယွဲ့ကရယ်လိုက်ပြီး ဆက်ပြောသည်။ “ငါက သူမကိုခဏခဏသွားတွေ့ပြီး ကမ်းလှမ်းမှုများစွာလုပ်ခဲ့တယ်… ဒါပေမဲ့သူမက ကျောင်းသားသစ်စာမေးပွဲပြီးရင် ဒုတိယအတန်းကိုဝင်ရောက်ဖို့ ငြင်းဆန်နေတုန်းပဲ… ဒါကိုကြည့်ရင် သူမကမင်းသားဇူယွမ်ပေါ်မှာ တကယ့်ကိုသစ္စာရှိတယ်ဆိုတာကိုသိနိုင်တယ်…”

လင်ဖုန်းရဲ့ အမူအယာကအနည်းငယ် အရုပ်ဆိုးသွားခဲ့သည်။

“ဒါပေမဲ့ ငါ့မှာအကြံတစ်ခုရှိတယ်…” ချီယွဲ့ခဏရပ်လိုက်သည်။ “ကျောင်းသားသစ်စာမေးပွဲက တစ်လကျော်လောက်လိုသေးပြီးတော့ ဇူယွမ်လည်း ဝင်ပြိုင်လိမ့်မယ်… တကယ်လို့သာ သူကစိတ်ပျက်စရာကောင်းအောင် ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် သူ့ရဲ့အဆင့်အတန်းကြောင့် တစ်ဦးမဟုတ်တစ်ဦးက သူ့ကိုထိုးနှက်တိုက်ခိုက်ကြလိမ့်မယ်…”

လင်ဖုန်းရဲ့မျက်လုံးတွေ တောက်ပသွားခဲ့ရသည်။ ဇူအင်ပါယာက သိုင်းပညာစွမ်းရည်ပေါ်မှာ အခြေခံပြီးတည်ထောင်ထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် ကျင့်ကြံခြင်းကသာ အဓိကအကျဆုံးလမ်းကြောင်းတစ်ခုဖြစ်သည်။ ဇူယွမ်ကမင်းသားတစ်ယောက်ဖြစ်နေရင်တောင်မှပဲ ရလဒ်ကောင်းအောင်မစွမ်းဆောင်နိုင်ခဲ့ရင် လူတွေကစတင်ပြီးပြောဆိုကြပေလိမ့်မည်။ အဲ့ဒီအချိန်ရောက်ရင် မသန်မစွမ်းဖြစ်နေတဲ့မင်းသားက ခုခံနိုင်စွမ်းကင်းမဲ့နေတာကို စုယုဝေတစ်ယောက်တွေ့ရပေလိမ့်မည်။

“မင်းသားငယ်လေးရဲ့ ရည်ရွယ်ချက်ကဘာလဲ…”

ချီယွဲ့ကအနည်းငယ်ပြုံး၍ ပြောသည်။ “ငါကညှိနှိုင်းမှုတစ်ချို့လုပ်ပြီး စာမေးပွဲမှာ ဇူယွမ်ကိုမင်းနဲ့တွေ့ရအောင် စီစဉ်ပေးမယ်… ဒီလိုဖြစ်လာတဲ့အခါ သူ့ရဲ့မင်းသားဆိုတဲ့ဂုဏ်ပုဒ်ကို မှေးမှိန်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသိလာလိမ့်မယ်…”

လင်ဖုန်းက ချီယွဲ့ရဲ့စကားကိုကြားသည်တွင် အနည်းငယ်တွန့်ဆုတ်သွားခဲ့ရသည်။ “ဒါပေမဲ့လည်းသူကမင်းသားတစ်ပါးပဲ… ငါတို့ကသာသူ့ကိုဒီလိုမျိုးလုပ်ခဲ့ရင်…”

“ယှဉ်ပြိုင်ပွဲတစ်ခုမှာ လက်တွေခြေထောက်တွေက မျက်စိမပါတဲ့အတွက် ဘယ်သူကမှဒါကိုပြောနေမှာမဟုတ်ဘူး…” ချီယွဲ့သူ့ရဲ့ခေါင်းကို ခါယမ်းလိုက်ပြီးဆက်ပြောသည်။ “မင်းတို့ လင်ကလန်ကငါတို့ချီအိမ်တော်ဘက်မှာ ရပ်တည်နေခဲ့ကတည်းက မင်းတို့ဘာပဲဖြစ်ဖြစ်ငါတို့ ကာကွယ်ပေးမယ်…”

လင်ဖုန်းရဲ့မျက်လုံးတွေ တောက်ပသွားခဲ့သည်။ ခဏအကြာမှာ သူကအံကိုတင်းတင်းကြိတ်လိုက်ပြီး တိုးညှင်းစွာပြောသည်။ “ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ… တကယ်လို့ကျွန်တော်နဲ့သူ ကျောင်းသားသစ်စာမေးပွဲမှာတွေ့ခဲ့မယ်ဆိုရင် ကျွန်တော်ကမင်းသားကို အရှက်တကွဲရှုံးနိမ့်သွားအောင် သေချာပေါက်လုပ်မယ်…”

သူ့ရဲ့မျက်လုံးထဲမှာ အမုန်းတရားတွေနဲ့ပြည့်နှက်နေပြီး ခေါင်းကိုမော့၍ ဇူယွမ်ရဲ့ထွက်ခွာသွားတဲ့ပုံရိပ်ကိုကြည့်လိုက်သည်။ ဒီမသန်စွမ်းတဲ့မင်းသားက သူ့ရဲ့အမျိုးသမီးကို လုယူသွားခဲ့တဲ့အတွက် အချိန်ကျလာရင် သူကလည်းဒီမင်းသားကို ဝေဒနာခံစားရအောင် သေချာပေါက်ပြုလုပ်ရပေလိမ့်မည်။

ချီယွဲ့ကညင်သာစွာ ရယ်လိုက်သည်။ တကယ်လို့ဇူယွမ်သာ ဆိုးဆိုးရွားရွားအရိုက်ခံခဲ့ရမယ်ဆိုရင် သူကစုယုဝေကို နောက်တစ်ကြိမ်ထပ်ပြီးသွားတွေ့ရပေလိမ့်မည်။ ဘယ်သူက ပိုပြီးသန်မာတဲ့သူလဲဆိုတာ ဒီမိန်းခလေးကို ပြောပြရမည်။ သူမသာဒုတိယအတန်းကို ရောက်ရှိလာခဲ့မယ်ဆိုရင် သူ့အနေနဲ့အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ဘယ်သူမှသူတို့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ဘဲ တော်ဝင်ဇူကျောင်းတော်က ချီအိမ်တော်ရဲ့လက်ထဲကို ကျရောက်လာပေလိမ့်မည်။

ဒါ့အပြင်ကို တော်ဝင်ဇူကျောင်းတော်မှာ ပညာသင်ခဲ့တဲ့ကျောင်းသားတွေကလည်း ချီအိမ်တော်ရဲ့ အမှတ်အသားတွေဖြစ်လာပေလိမ့်မည်။ ဒီလိုမျိုးဖြစ်သွားတဲ့အခါ ဇူအင်ပါယာရဲ့အုပ်ချုပ်သူကလည်း ပြောင်းလဲဖို့အချိန်ရောက်ရှိလာလိမ့်မည်ဖြစ်သည်။

“လင်ဖုန်းက ချီယွဲ့နဲ့အတူပေါင်းပြီးလုပ်မှာကို ငါစိုးရိမ်မိတယ်…” ဇူယွမ်နဲ့စုယုဝေတို့က ကျောင်းရဲ့ စင်္ကြံလမ်းတစ်လျောက် စကားပြောရင်းလျှောက်လှမ်းလာခဲ့ကြသည်။ “ဒါက ချီယွဲ့ရဲ့အကြံအစည်တောင်ဖြစ်နိုင်တယ်… သူကမင်းကို သူ့ဘက်ပါအောင်မလုပ်နိုင်ခဲ့တဲ့အတွက် သူကရုပ်ရည်ချောမောတဲ့လူတစ်ယောက်ကို အသုံးပြုပြီး မင်းကိုဖြားယောင်းဖို့ ဆုံးဖြတ်ခဲ့ပုံပဲ…”

စုယုဝေက ဒါကိုကြားရသည်တွင် မပျော်ရွှင်စွာနဲ့ သူမရဲ့ခေါင်းကိုခါယမ်းလိုက်သည်။ “မစိုးရိမ်ပါနဲ့မင်းသားလေး… ဒီနည်းလမ်းကငါ့အတွက်တော့ အသုံးမဝင်ပါဘူး…”

သူမကတစ်ခဏမျှရပ်တန့်သွားခဲ့ပြီး တစ်စုံတစ်ခုကိုစိုးရိမ်နေသည့်အလားမေးသည်။ “ဒါပေမဲ့လည်းမင်းသားလေးက ပိုပြီးဂရုစိုက်ဖို့လိုအပ်တယ်… ပါရမီမြင့်တဲ့ကျောင်းသားသစ်အများစုက ချီယွဲ့ဘက်ကိုရောက်သွားခဲ့ပြီ… ငါစိုးရိမ်တာက သူတို့နင့်ကိုကျောင်းသားသစ်စာမေးပွဲမှာ နှောင့်ယှက်ကြမှာကိုပဲ…”

ဇူယွမ်ရဲ့လက်ရှိခွန်အားအရ သူ့အနေနဲ့ကျောင်းသားသစ်စာမေးပွဲမှာ ထိပ်ဆုံးဆယ်နေရာထဲက တစ်နေရာကိုရရှိဖို့က အရမ်းကိုစိန်ခေါ်မှုများလှသည်။ အခြားလူတွေကသာသူ့ကို ထပ်ပြီးနှောင့်ယှက်ကြမယ်ဆိုရင် သူ့အတွက်ပိုပြီးခက်ခဲသွားပေလိမ့်မည်။

ဇူယွမ်က ပြုံး၍ပြောသည်။ “မစိုးရိမ်ပါနဲ့… ငါ့မှာအစီအစဉ်ရှိပါတယ်…”

သူကသက်ပြင်းတစ်ချက်လိုက်ပြီး ဖြည်းညှင်းစွာဆက်ပြောသည်။ “ချီအိမ်တော်ရဲ့ အခြေခံအုတ်မြစ်က တကယ်ကိုခိုင်မာတာပဲ…”

ချီယွဲ့ရဲ့ကမ်းလှမ်းမှုတွေက ငြင်းပယ်ဖို့ခက်ခဲလှပေသည်။ ဒီလိုမျိုးချမ်းသာကြွယ်ဝမှုက တော်ဝင်ကလန်ထက်လျော့နည်းလိမ့်မည်မဟုတ်ပေ။ ကြည့်ရတာ သူ့အဖေပြောခဲ့သလိုပင် ဝူအင်ပါယာကချီအိမ်တော်ကိုထောက်ပံ့ပေးနေတယ်ဆိုတာက ဖြစ်နိုင်လောက်သည်။

ဒီအကြောင်းကိုစဉ်းစားမိလိုက်သည့်အခါ ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။ ချီအိမ်တော်က အမှန်တကယ်ကို ဇူအင်ပါယာအတွက် အန္တရာယ်တစ်ခုဖြစ်သည်။

တော်ဝင်ဇူကျောင်းတော်ကိုလည်း သူတို့လက်ထဲကိုရောက်ရှိအောင် ခုချိန်မှာစီစဉ်ပြီးသွားလောက်ပြီဟု ထင်ရသည်။ ဒါ့အပြင် ကျောင်းတော်သာ ချီအိမ်တော်ရဲ့လက်ထဲကို ကျရောက်သွားခဲ့မယ်ဆိုရင် ဒါကအရမ်းကိုကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဆိုတာကို ပြောနေစရာပင်လိုလိမ့်မည်မဟုတ်ပေ။ ဒါ့ကြောင့် သူတို့အောင်မြင်သွားမှာကို ဇူယွမ်ကခွင့်ပြုမပေးနိုင်ချေ။

တကယ်တော့ အခုချိန်မှာအရေးကြီးဆုံးက ကျောင်းသားသစ်စာမေးပွဲကျင်းပချိန်မတိုင်မီ သူ့ရဲ့စွမ်းအင်ဝင်ပေါက်ဖွင့်နိုင်ဖို့ပင်။

နောက်ရက်အနည်းငယ်ကြာအောင် ဇူယွမ်တစ်ယောက် နန်းတော်တွင်းမှာပဲ နေထိုင်ခဲ့သည်။ သူကလုံ့လဝီရိယရှိစွာနဲ့ မနက်ခင်းစောစောမှာ နဂါးကခုန်ခြင်းပုံစံ ၉၈ မျိုးကိုလေ့ကျင့်ခဲ့ပြီး သူ့ရဲ့စွမ်းအင်ဝင်ပေါက်ကို လေးကြိမ်ထိုးနှက်တိုက်ခိုက်စေခဲ့သည်။ ညဘက်မှာ သူ့ရဲ့စိတ်ဝိညာဉ်ကို လေ့ကျင့်ရန်အတွက် မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို လေ့ကျင့်ခဲ့သည်။

ဒီရက်အနည်းငယ်အတွင်းမှာ ဇူယွမ်ရဲ့တိုးတက်လာမှုက မယုံနိုင်စရာပင်။ သူ့ခန္ဓာကိုယ်ထဲက ပထမဆုံးစွမ်းအင်ဝင်ပေါက်က ကြီးမားစွာလျော့ပါးလာခဲ့ပြီး လုံးဝပွင့်သွားတော့မည့် အခြေအနေကိုရောက်လုနီးနီးပင်။ ဒါ့အပြင် သူ့ရဲ့စိတ်ဝိညာဉ်ကလည်း အစောပိုင်းဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီးဖြစ်သည်။

ဒါကဇူယွမ်ကို လွန်စွာစိတ်လှုပ်ရှားစေခဲ့ပြီး သူ့ရဲ့လေ့ကျင့်ခြင်းကိုတောင်မှ ပိုပြီးကြိုးစားလုပ်ဆောင်ရန်တွန်းအားဖြစ်စေခဲ့သည်။

နောက်တစ်နေ့တွင်။

ခွပ်!

ဇူယွမ်ရဲ့လက်ထဲက သေးငယ်တဲ့တူလေးက မှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးကို ထုရိုက်လိုက်ပြီး အပေါက်ကလေးတစ်ခုပြုလုပ်လိုက်သည်။ သူကကောင်းကင်ယွမ်စုတ်တံရဲ့ထိပ်ပိုင်းကို ကျောက်တုံးထဲကိုထည့်လိုက်ပြီး အထဲကမှော်သားရဲစိတ်ဝိညာဉ်ကို စုပ်ယူစေလိုက်သည်။

ဝှစ်!

ဇူယွမ်ကနောက်ထပ်မှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးကို အပေါက်ထပ်ဖောက်ဖို့ပြင်လိုက်စဉ်မှာ တိုးညှင်းတဲ့အသံတစ်ခုက ကောင်းကင်ယွမ်စုတ်တံထံမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာ ထူးဆန်းတဲ့အလင်းရောင်တစ်ခုက စုတ်တံ၏ကိုယ်ထည်မှ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။

ဒီမြင်ကွင်းကြောင့် ဇူယွမ်က ပထမတော့အံ့အားသင့်သွားခဲ့ရပေမဲ့လည်း ချက်ချင်းဆိုသလို သူ့မျက်နှာပေါ်မှာ အပြုံးတွေနဲ့ပြည့်နှက်သွားခဲ့သည်။

ဒါဟာကောင်းကင်ယွမ်စုတ်တံပေါ်မှာရှိတဲ့ ပထမဆုံးရှေးဟောင်းမှော်စာလုံးက ပြည့်စုံစွာလင်းလက်တောက်ပနေခဲ့ပြီး ထူးခြားဆန်းကြယ်တဲ့အရှိန်အဝါတွေ ထုတ်လွှတ်နေလျက် ရှိသောကြောင့်ပင်။

ရက်ပေါင်းများစွာကြာအောင် အားပြန်ဖြည့်ခဲ့ပြီးတဲ့နောက် စုတ်တံက၎င်းရဲ့စိတ်ဝိညာဉ် စွမ်းအားအချို့နဲ့စွမ်းရည်အချို့ကို နောက်ဆုံးမှာပြန်လည်ရရှိခဲ့ပေသည်။

“ပထမဆုံးမှော်စာလုံးက တစ်ကြိမ်တောက်ပလာခဲ့ရင် စုတ်တံရဲ့အံ့သြစရာတွေကို ငါသိလာလိမ့်မယ်လို့ ဆရာနဲ့အစ်မကြီးယောင်ယောင်ကပြောခဲ့တယ်… တစ်ချိန်တုန်းက တော်ဝင်အဆင့်မူလလက်နက်ဖြစ်ခဲ့တဲ့ ကောင်းကင်ယွမ်စုတ်တံရဲ့ ထူးခြားမှုတွေကိုရှာဖွေဖို့က ငါ့အတွက်စိတ်ဝင်စရာကောင်းမှာအမှန်ပဲ…” ဇူယွမ်ရဲ့မျက်လုံးတွေက တောက်ပနေလျက်ရှိပြီး သူ့လက်ထဲမှာရှိတဲ့ ကောင်းကင်ယွမ်စုတ်တံကို စိုက်ကြည့်နေလိုက်သည်။

သူကကောင်းကင်ယွမ်စုတ်တံကိုကြည့်လျက် သိချင်စိတ်တွေနဲ့ပြည့်နှက်နေခဲ့ရသည်။

ကောင်းကင်ယွမ်စုတ်တံကို ဆုပ်ကိုင်ထားလျက် ဇူယွမ်ရဲ့မျက်လုံးတွေက ဖြည်းညှင်းစွာပိတ်သွားခဲ့သည်။ စုတ်တံပေါ်မှာ အလင်းရောင်တွေကလင်းလက်တောက်ပနေသကဲ့သို့ လျှို့ဝှက်တဲ့စကားသံတစ်ခုကလည်း သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့သည်။

“ကောင်းကင်ယွမ်စုတ်တံရဲ့ ပထမဆုံးမူလမှော်စာလုံး၊ ရေးဆွဲခြင်းနှင့် သိုင်းပညာ!”

Comment

  1. ဆောင်းရတီ says:

    good

Leave a Reply

Options

not work with dark mode
Reset