မျက်နှာနီနှင့် လူကြီးက မကျေမနပ် ပြောလိုက်သည်။
“အကြီးအကဲလီ ငါတို့ဟုန်ယွီဂိုဏ်းက သေမျိူးတစ်ယောက်ရဲ့ ဘဝအတွက် ခြွင်းချက်အနေနဲ့ လက်ခံပေးရမှာလား… ”
အကြီးအကဲလီက သူ၏မျက်လုံးအား ဖွင့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“အကြီးအကဲမာ … ဂိုဏ်းခေါင်းဆောင်က ဒီကိစ္စကို သေချာကိုင်တွယ်ဖို့ ငါ့ကိုပြောပြီးပြီ … ဒီကိစ္စကို သေချာ မကိုင်တွယ်ရင် ဒီကလေးက နောက်တစ်ကြိမ် သတ်သေနိုင်တယ် … သူ့မိဘတွေ ကလည်း ငါတို့က အဲ့ကလေးကို သတ်သေဖို့ ဖိအားပေးတယ် ထင်သွားကြလိမ့်မယ် … အဲဒါဆို ကိစ္စတွေက ပိုရှုပ်ထွေး သွားလိမ့်မယ် … တကယ်လို့ မင်းက ဒီကိစ္စကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်မယ်ဆိုရင် ငါမင်းကို ခွင့်ပြုပေးမယ် … ”
သတ်လတ်ပိုင်း အရွယ်လူကြီးက လျင်မြန်စွာ ဝင်ပြီး ဖျန်ဖြေလိုက်သည်။ ထို့နောက် သူက ဆက်ပြောသည်။
“ဒါလေးကို ငြင်းခုံဖို့ မလိုပါဘူး … ဘာကြောင့်ငါတို့က သူ့ကို အရင်ဆုံး ဂိုဏ်းဝင်ဖြစ်ခွင့် မပေးနိုင်ရမှာလဲ … ၈နှစ် ၁၀နှစ်လောက် ကြာပြီးရင် သူက ကျင့်စဉ် မကျင့်နိုင်တဲ့အခါ အိမ်ပြန်ပို့လိုက်လို့ ရတာပဲလေ … အဲဒါဆို ပြသာနာ မရှိတော့ဘူး … ”
ဝတ်ရုံဝတ်ထားသော လူကြီးက ပြန်လည် တုံ့ပြန်သည်။
“တကယ်လို့ တခြားသူတွေကပါ အဲဒီလို လိုက်ပြီး သတ်သေကြမယ်ဆိုရင် ငါတို့ ဘယ်လိုလုပ်မတုံး … ”
သတ်လတ်ပိုင်းရွယ် လူကြီးက သူ့၏မေးကို အသာအယာ ပွတ်ပြီး ပြန်ဖြေသည် …
“ဒါက လွယ်ပါတယ် … ဒီကိစ္စပြီးရင် ငါတို့က ငါတို့ရဲ့ ပညာသင်ကြားမှုတွေမှာ နောင်ကျရှုံးတဲ့ လူငယ်တွေက မိမိကိုယ်ကို မသတ်သေအောင် အတွေးအခေါ်တွေ ခေါင်းထဲ ရိုက်သွင်း ပေးရမယ် … အဲဒါဆိုရင် ဒီကိစ္စကို ဖြေရှင်းသား ဖြစ်သွားလိမ့်မယ် … ဝမ်လင်းအတွက် ကတော့ … သူက ဒီကိစ္စကို လုပ်ထားပြီး ဖြစ်တာကြောင့် သူ့ကိုဂိုဏ်းသား အဖြစ်ခေါ်ယူရမယ် … ပြင်ပတပည့် တစ်ယောက် တိုးလာလို့ ဘာမှမဖြစ်သွားဘူးလေ … ”
အကြီးအကဲလီ၏ ဘေးဘက်မှ အကြီးအကဲ နှစ်ယောက်က နှုတ်ဆိတ်နေသော သတ်လတ်ပိုင်း အရွယ်လူကြီးအား ကြည့်လိုက်ကြသည်။
သတ်လတ်ပိုင်းရွယ် လူကြီးက ပြုံးလိုက်သည် … “ဝမ်လင်း … ဝမ်လင်း … ငါတတ်နိုင်သလောက် မင်းကိုကူညီပေးပြီးပြီ… မင်းရဲ့ ဦးလေးလေးဆီက ရတဲ့ သတ္တုတစ်မျိုးအတွက် ငါက ပြန်ပေးဆပ်ပြီးပြီ … သေမျိူးတစ်ယောက်က ဒီလိုသတ္တုမျိုး ဘယ်က ရလာလဲဆိုတာ ငါတကယ်ပဲ စိတ်ဝင်စားမိတယ်… ”
ဝမ်လင်း၏ ဦးလေးက ထိုပစ္စည်းကို ပန်းပဲဆရာထံမှ ဝယ်ခဲ့သည်ကို သက်လတ်ပိုင်း အရွယ်လူကြီး မသိခဲ့ချေ။ သူက ပစ္စည်း တော်တော် များများအား မြင်ဖူးသော်လည်း ထိုပစ္စည်းကို တွေ့မြင်လိုက်သည်နှင့် သာမန် မဟုတ်သည်ကို သိခဲ့သည်။
ထေ့ကျူးအား ဟုန်ယွီဂိုဏ်းသို့ ဝင်ခွင့်ပြုရန် ဦးလေးလေးက ထိုပစ္စည်းကို သူ့အား လာဘ်ထိုးခဲ့သည်။ သို့သော် ထိုပစ္စည်းက မည်သို့ အသုံးဝင်သည်ကိုကား သူမသိပေ။
သတ္တုအပိုင်းရှည်လေးက ဝမ်လင်း၏ ကံကြမ္မာအား ပြောင်းလဲ ပေးခဲ့သည်။ ဝမ်လင်းက သူ့အား ဂိုဏ်းသားအဖြစ် အကြောင်းပြချက် ရေရေရာရာမရှိဘဲ လက်ခံခြင်းအား အံ့သြနေ၏။
နှစ်ရက်ကြာပီးနောက် ဝမ်လင်းက သူ၏မိဘနှစ်ပါးအား ဟုန်ယွီဂိုဏ်း၌ တွေ့ပြီး ပြုံးပျော်နေသော မိဘနှစ်ပါး၏ မျက်နှာများအား မြင်တွေ့ပြီးနောက် ဝမ်လင်းက ကျင့်စဉ်အား ပြင်းပြင်းထန်ထန် လေ့ကျင့်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
သို့သော်လည်း သူ၏ အတွေးအခေါ်များက သူ၏ မိဘနှစ်ပါး ပြန်သွားချိန်မှစ၍ ပြောင်းလဲ သွားသည်။ တာဝန်ခွဲဝေရာဌာနသို့ ပို့ဆောင်ခံရပြီးနောက် ဝမ်လင်းက ထိုနေရာကို ရောက်သည်တွင် ကောက်ကျစ်စဉ်းလဲ ပုံရသော လူငယ် တစ်ယောက်သည် ဝမ်လင်းအား အထင်သေးစွာ လှမ်းခေါ်လိုက်သည်။ သူက ဝမ်လင်းအား ကြည့်ပြီး ပြောလိုက်၏။
“ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လို့ ဂိုဏ်းက လက်ခံလိုက်တဲ့ ကောင်လေးက မင်းလား … ဒါဆိုမင်းက ဝမ်လင်းပေါ့ …”
ဝမ်လင်းက သူ့အား အကဲစမ်း နေပုံရသော လူငယ်အား တိတ်တဆိတ် ကြည့်လိုက်သည်။ လူငယ်က အထင်သေးသော အပြုံးဖြင့် ဆက်ပြောသည် … ” ကောင်လေး … မင်း မနက်ဖြန်မနက်ကစပြီး အလုပ်လုပ်ဖို့ ငါ့ဆီလာခဲ့ … မင်း ရေသယ်ရမယ် … တစ်နေ့ကို စည်၁၀ပိုင်းကို ပြည့်အောင် ဖြည့်ရမယ် … တကယ်လို့မင်း ပြည့်အောင် မလုပ်နိုင်ဘူးဆို ရင် အစာမစားရဘူး … ပြီးတော့ ၇ ရက် ဆက်တိုက် အဲ့လိုဖြစ်နေပြီ ဆိုရင် အကြီးအကဲ တွေကိုပြောပြီး မင်းကို ဂိုဏ်းကနေ နှင်ထုတ်ခိုင်းမယ် … ဒါတွေက မင်းအတွက် အဝတ်အစားတွေ… မှတ်ထားပါ… ပြင်ပ တပည့်တွေက မီးခိုးရောင် အဝတ်တွေပဲ ဝတ်ရတယ် … မင်းက ပင်မတပည့် ဖြစ်လာမယ် ဆိုရင်တော့ တခြားအရောင်တွေ ဝတ်လို့ရမယ် … ”
ထိုသို့ ပြောပြီးနောက် သူက ဝမ်လင်းအား အဝတ်များပေးကာ သူ၏မျက်လုံးအား မှိတ်ထားလိုက်သည်။
ဝမ်လင်းက သူ၏ အဝတ်များအား ကောက်ယူပြီး မေးလိုက်သည် …
“ကျွန်တော် … ဘယ်မှာနေရမှာလဲ… ”
လူငယ်က သူ၏ မျက်လုံးများအား မဖွင့်ဘဲ ပြောလိုက်သည် …
“မင်းက မြောက်ဘက်ကို အဆောင်တန်းလေးတွေ မတွေ့မချင်း တန်းတန်းသွားလိုက် … အဲ့က တပည့်တွေကို မင်းရဲ့ တံဆိပ်ကို ပြလိုက် … မင်းနေရမဲ့အခန်းကို ပြပေးကြလိမ့်မယ် … ”
ဝမ်လင်းက မြောက်ဘက်ရှိ အဆောင်များ ရှိရာသို့ ဦးတည်လိုက်သည်။ ဝမ်လင်း ထွက်သွားသည်နှင့် လူငယ်က သူ၏ မျက်လုံးအား ဖွင့်၍ စက်ဆုပ်ရွှံရှာစွာ ပြောလိုက်သည်…
“သေကြောင်းကြံစည်ပြီး ရောက်လာတဲ့ ကောင်က ငါ့အချိန်တွေ လာဖြုန်းနေတာပဲ … ”
ဟုန်ဟွီဂိုဏ်းအတွင်း လျှောက်လာစဉ် ဝမ်လင်းက ဖြူရော် အေးစက်နေသော မျက်နှာထားများနှင့် အလျင်လိုနေသော မီးခိုးရောင် ဝတ်စုံဝတ်ထားသော လူများကို တွေ့လိုက်ရသည်။ တပည့်တချို့က ပစ္စည်းများ သယ်ကာ ပြေးလွှားနေသည် ကိုလည်း တွေ့ရသည်။ လမ်းအတိုင်း တန်းတန်းမတ်မတ် သွားပြီးနောက် သူက အိမ်တန်းများကို တွေ့လိုက်ရ၏။ ထိုနေရာတွင် မီးခိုးရောင်ဝတ် ဂိုဏ်းသားများအား ပိုမိုတွေ့ရကာ အချင်းချင်း စကားပြောဆို နေကြသည်။
ဝမ်လင်းက သူ၏တံဆိပ်အား အဝါရောင် ဝတ်ထားသော လူငယ် တစ်ယောက်အား ပြပြီးနောက် ထိုလူငယ်က တံဆိပ်ကို စစ်ဆေးပြီး သူနေရမည့် အခန်းအား ညွန်ပြလိုက်သည်။
ဝမ်လင်းသည် ဤနေရာ၌ ရှိကြသော လူများ အားလုံးက သူ့အား အေးစက်သော မျက်နှာထားများနှင့် ကြည့်နေကြသည်ဟု ခံစားလိုက်ရ၏။ သူက နေရမည့်အခန်းသို့ ရောက်သောအခါ မျက်နှာတည်တည်ဖြင့် အခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်းထဲတွင် အိပ်ရာစင်နှစ်ခု ၊ စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးရှိပြီး အတော်အတန် ကျယ်ဝန်းသည်။ အခန်းကလည်း သပ်ရပ်သန့်ရှင်း၏။
ဝမ်လင်းက အိပ်ရာလိပ်ကို ကောက်ယူ လိုက်ပြီးနောက် လွတ်နေသော အိပ်ရာစင်ကို ကြည့်လိုက်သည်။ သူက သူ၏ သေတ္တာကို ချလိုက်ပြီးနောက် အိပ်ရာပေါ်၌ လှဲလိုက်၏။
ဝမ်လင်းက ဟုန်ယွီဂိုဏ်းသို့ ဝင်ရောက်ခဲ့ ရသော်လည်း သူမျှော်လင့်ထားသော အင်မော်တယ် ပညာရပ်များအား သင်ရမည့်အစား သူ၏အလုပ်မှာ ရေသယ်ရသော အလုပ် ဖြစ်နေ၏။
ထိုအကြောင်းများအား စဉ်းစားရင်း ဝမ်လင်းက ရင်ဘတ်ထဲ၌ သိမ်းထားသော မှော်ကျောက်တုံးအား စမ်းမိကာ သက်ပြင်းချ လိုက်သည်။ သည်ကျောက်တုံးက သူရရှိခဲ့သော ရတနာဖြစ်သည်။ ဝမ်လင်းက စာအုပ် အများအပြားအား ဖတ်ဖူး၍ သည်ကျောက်တုံးက အန္တရာယ်အား ဖိတ်ခေါ်နိုင်သော ပစ္စည်းဖြစ်သည်ဟုလည်း သူသိသည်။ လူအများစုက ရတနာပစ္စည်းကို မြင်တွေ့ပါက လိုချင်တပ်မက် ကြပေလိမ့်မည်။
ဤသို့ဖြင့် ညရောက်လာသည်။ ထိုအချိန်တွင် အလွန်မောပန်း နေဟန်ရသော လူငယ်တစ်ယောက်က အခန်းတံခါးအား ဖွင့်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။ သူက ဝမ်လင်းအား မြင်သည်နှင့် ကြက်သေ သေသွား၏။ ထို့နောက် မည်သည့်စကားမျှ မပြောဘဲ သူ့ အိမ်ရာသို့ လျှောက်သွား လိုက်သည်။
ဝမ်လင်းကလည်း သူ့ကို ဂရုမစိုက်ပေ။ သူသိသည်က မနက်ဖြန် မနက်စောစော ထရမည်ကိုပင်။
သူက ဗိုက်အား ပွတ်လိုက်ကာ သူ၏အမေ ပေးလိုက်သော အာလူးကြော် အနည်းငယ်အား ထုတ်ယူလိုက်သည်။ သူ၏မိဘများက သူ့အားရှာရန် ထွက်လာသောအခါ သူတို့စားရန် ယူခဲ့သော အာလူးကြော်များ ဖြစ်သည်။ နောက်ပိုင်း ဝမ်လင်းကို တွေ့သောအခါ သူ၏မိဘများက ကျန်ရှိသော အာလူးကြော်များအား ဝမ်လင်းအား ပေးခဲ့ခြင်း ဖြစ်၏။
အာလူးကြော်များက အလွန်ချိူသည်။ ဝမ်လင်းက အာလူးကြော်များ စားနေသည်ကို ကြားလျှင် လူငယ်၏ မျက်လုံးများ ပွင့်လာသည်။ ထို့နောက် သူက အလွန် ဆာလောင်နေသော အသံဖြင့် ပြောသည်။
“ငါ့ကို နည်းနည်းလောက် ကျွေးလို့ရမလား… ”
ဝမ်လင်းက အာလူးကြော် အနည်းငယ်အား ထုတ်၍ ပေးလိုက်သည် … “ကျုပ်မှာ အများကြီး ရှိသေးတယ် … တကယ်လို့ ခင်ဗျားကြိုက်ရင် ထပ်ယူစား… ”
လူငယ်က အာလူးကြော်များကို အလျင်အမြန် ယူလိုက်ကာ ပလုတ်ပလောင်း မျိုချ စားသောက်သည်။ ထို့နောက် စားပွဲပေါ်၌ တင်ထားသော ရေအား သောက်ပြီးနောက် ပြောလိုက်သည် … “အင်း … ကျုပ် ဘာအစားအစာမှ မစားရတာ နှစ်ရက်လောက်ရှိနေပြီ … ဒါနဲ့ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ…. ”
ဝမ်လင်းက သူ၏နာမည်အား ပြောပြလိုက်သည်နှင့် လူငယ်က ရုတ်တရက် ရယ်မောပြီး ပြောလိုက်သည်။
”ဒါဆို ခင်ဗျားက ဝမ်လင်းပေါ့ … ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လို့ ဟုန်ယွီဂိုဏ်းကို ဝင်ခွင့်ရခဲ့တဲ့ အမှိုက်ကောင်က ခင်ဗျားပေါ့ … “
ရုတ်တရက် လူငယ်သည် သူဘာပြော လိုက်သည်ကို သတိထားမိသွားသည်…
“ကျွန်တော့်နာမည်ကကျန်းဟူ … အမှန်အတိုင်း ပြောရရင် ဂိုဏ်းမှာ ခင်ဗျားအကြောင်းကို မသိတဲ့သူ တစ်ယောက်မှမရှိဘူး … ဒါကြောင့် ကျွန်တော်က အဲလိုပြောခဲ့တာ အပြစ်မတင်ပါနဲ့ … ဒီနည်းလမ်းနဲ့ ဂိုဏ်းထဲကို ဝင်နိုင်တာ ခင်ဗျားကို ကျုပ် တကယ်အားကျတယ် … ”
ဝမ်လင်းက ရယ်လိုက်သည်။ ထို့နောက်သူက မည်သို့မျှ ရှင်းမပြတော့ဘဲ အာလူးကြော် အနည်းငယ်အား ကမ်းပေးလိုက်သည်။
ကျန်းဟူက အလျင်အမြန် လက်ခံလိုက်ပြီး အာလူးကြော်များကို ဝါးကာ စကားဆက် ပြောလိုက်၏… “ဝမ်လင်း … တစ်ချို့အရာတွေက လျစ်လျူရှု ထားတာ ပိုကောင်းတယ် … ဒီမှာမင်းက အသစ်ပဲ … ဘယ်သူသိမှာလဲ အဲဒီအဝါရောင် ဝတ်စုံဖျံကောင်က မကောင်းဆိုးဝါး ဆိုတာကိုလည်း မင်းသိမှာ မဟုတ်ဘူး … သူက ငါတို့ကို လူလိုမဆက်ဆံကြဘူး … ”
***
Ok
LIKE