Switch Mode

အခန်း ( ၁၇၀ )

သတ္တမမြောက်ခံတပ်

ယခုတွင် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်အုပ်သည် လျှပ်စီးများအကြားတွင် ပျံသန်းရင်း အလျင်အမြန် ချဉ်းကပ်လာနေကြပြီဖြစ်သည်။ ခံတပ်အပြင်ဘက်မှ နတ်ဘုရားရတနာများမှာ ထိုသားရဲကြီးများ အနားသို့ ကပ်မလာနိုင်ခင် လျင်မြန်စွာ တုံ့ပြန်နေကြ၏။ ကြောက်မက်ဖွယ်ကောင်းသော အသံကြီးတစ်သံနှင့်အတူ အသွားချွန်ထက်သော လှံများနှင့် အမြောက်များမှာ အလင်းတန်းများ ဆက်တိုက်ထုတ်လွှတ်ကာ ထိုသားရဲတိရစ္ဆာန်ကြီးများကို အကြင်နာကင်းမဲ့စွာ သတ်ဖြတ်နေ၏။

ထို လျှပ်စီးပျံ သားရဲကြီးများမှာ ထွက်ပြေးခွင့်ပင် မရလိုက်ဘဲ ချက်ချင်း သေဆုံးသွားကြ၏။ သူတို့ ဇီဝိန်မချုပ်ခင် ထွက်ပေါ်လာသော အော်ဟစ်မြည်တမ်းသံများမှာ လူတစ်ယောက်အား လိပ်ပြာလွင့်သွားစေနိုင်၏။

သို့သော် ခံတပ်ကြီးထဲတွင် ကိုယ်ပိုင်တာဝန်များဖြင့် အလုပ်ရှုပ်နေကြသည့် စစ်သားအမြောက်အမြား အတွက်မူ ဤအခြင်းအရာမှာ အထူးအဆန်း မဟုတ်ဘဲ နေ့တဓူဝ အလုပ်တစ်ခုသာ ဖြစ်သည်။

၎င်းမှာ ပြည်ထောင်စုကြီးကို ကာကွယ်ပေးနေသော ပထမအဆင့် ခံတပ်ကြီးတစ်ခုဖြစ်ပြီး ၎င်း၏နာမည်မှာ သတ္တမမြောက်တော်ဝင်တံခါး ဖြစ်သည်။

ပြည်ထောင်စုကြီး တစ်ခုလုံး၏ နေရာအသီးသီးတွင် ပထမအဆင့်ခံတပ် ခုနစ်ခု ရှိသည်။ ပထမအဆင့် ခံတပ်တစ်ခု၏ ကာကွယ်ဦးဆောင်မှုအောက်တွင် ရှိနေသော နေရာဒေသ တစ်ခုချင်းစီတွင် အသေးစား ခံတပ်ပေါင်း ရာနှင့်ချီ၍ ထပ်ရှိသေးသည်။

စစ်တပ်မှာ ထို ခံတပ်များထဲတွင် တစ်နှစ်ပတ်လုံး စခန်းချနေထိုင်ပြီး အနားသို့ရောက်လာသော သားရဲများအားလုံးကို သတ်ဖြတ်ကာ မကြာခဏဆိုသလို ပေါ်ပေါက်လာလေ့ရှိသည့် အသေးစား သားရဲလှိုင်းများကို ခုခံကြသည်။

ပထမအဆင့်ခံတပ်တိုင်းတွင် ဗိုလ်ချုပ်ကြီးတစ်ယောက်စီ ဦးစည်းလေ့ရှိသည်။ ထိုဗိုလ်ချုပ်ကြီးဖြစ်သူမှာ ထိုပထမအဆင့်ခံတပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော အသေးစားခံတပ် ရာပေါင်းများစွာ၏ တာဝန်ဖြစ်သည့် သားရဲများထံမှ ခုခံကာကွယ်ရသည်တာဝန်ကို ယူထားရသည်။

ယခုအခါ သိုင်းပညာအဆောင်ပြိုင်ပွဲတွင် ကျိုးလုနှင့်အတူ ရောက်ရှိလာခဲ့သည့် ဗိုလ်ချုပ်ကြီးကျိုးမှာ သတ္တမမြောက်တော်ဝင်တံခါးထဲရှိ မျှော်စင်တစ်ခုပေါ်တွင် ရပ်နေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ခပ်လှမ်းလှမ်းရှိ တောနက်ကြီးအား လှမ်း၍ ငေးကြည့်နေ၏။ သူသည် စိုးရိမ်စိတ် အနည်းငယ် ကိန်းအောင်းနေသော မျက်ဝန်းများဖြင့် ထိုကဲ့သို့ အချိန်အတော်အတန်ကြာအောင် ရပ်နေ၏။

” နောက်လာမဲ့ သားရဲလှိုင်းက အသေးစားအဆင့်ပဲဖြစ်လိမ့်မယ်လို့ ပြည်ထောင်စုကြီးက ခန့်မှန်းထားတာ…. အဲဒါကို ဘာလို့ ငါ့ရဲ့ လတ်တလော စိုးရိမ်စိတ်တွေကို မဖျောက်နိုင်ဘဲ ဖြစ်နေရတာလဲ ”
ဗိုလ်ချုပ်ကြီးကျိုးမှာ မျက်မှောင်ကြုတ်ကာ တစ်ယောက်တည်း ရေရွတ်လိုက်၏။ ထို့နောက် သူသည် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။
” တာအိုကျောင်းလေးကျောင်းကို ဆက်သွယ်လိုက်။ ဒီနှစ် ငါတို့အဖွဲ့နဲ့ ပူးပေါင်းမယ့် လူအင်အားကို တိုးပေးမှ ဖြစ်မယ်လို့ ”

ဗိုလ်ချုပ်ကြီးကျိုး၏ အမိန့်များမှာ တာအိုကျောင်းလေးကျောင်းဆီသို့ ချက်ချင်းပင် ရောက်ရှိသွားကြ၏။ တစ်ပြိုင်နက်တည်းမှာပင် အခြားခံတပ်များဆီမှလည်း ထိုကဲ့သို့သော တောင်းဆိုမှုများ ရောက်ရှိလာကြသည်။

ကျောင်းများမှာ ထိုကဲ့သို့ ပြင်ဆင်နေကြချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ခြင်များကို စမ်းသပ်ပြီးသွားသောကြောင့် ပျော်ရွှင်ကျေနပ်နေ၏။ ထို့ကြောင့် သူသည် လေချွန်ရင်း သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်လည်လျှောက်လှမ်းလာ၏။ သူ၏ နတ်ဝိဇ္ဇာဂူကို လှမ်းမြင်လိုက်ရသောအချိန်တွင်….

ကြိုးတစ်ချောင်းမှာ မည်သည့်နေရာကမှန်းမသိ ပေါ်လာပြီး ဝမ်ပေါင်လဲ့အား မဟုတ်ဘဲ သူ၏ဘေးတွင်ရှိနေသော သစ်ပင်ကြီးဆီသို့ ဦးတည်သွား၏။ ၎င်းမှာ ထိုသစ်ပင်ကြီး၏ ပင်စည်ပတ်ပတ်လည်တွင် ရစ်ပတ်လိုက်ပြီးနောက် အားပါပါ ညှစ်လိုက်၏။

” ဘယ်သူလဲကွ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်းလမ်းကာ သူ၏ လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သောအခါ ခြင်ကိုးကောင် ပေါ်ထွက်လာ၏။ သူ၏ ညာဖက်လက်တွင်လည်း လက်အိတ်တစ်ခု ပေါ်လာပြီး သူ၏ ဘယ်ဖက်လက်ပေါ်တွင်မူ မြူခိုး အမျှင်အတန်းလေးများ ရစ်ဝဲလာကြ၏။ ထို့နောက် သူသည် ထို ကြိုး ထွက်ပေါ်လာသည့် အရပ်မျက်နှာဘက်သို့ သတိကြီးကြီးထား၍ စိုက်ကြည့်နေလိုက်သည်။

သူသည် တချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေရင်း သံသယများ ဝင်လာ၏။ မည်သည့်အရာကမှ ထူးဆန်းနေခြင်းမရှိပေ။ ထို့ကြောင့် သူသည် ဆွံ့အသွားရပြီး သစ်ပင်ကြီးကို ချုပ်ထားသော ကြိုးအား လှည့်ကြည့်လိုက်၏။ ၎င်းမှာ အဆင့်မြင့်ကျွန်းပေါ်ရှိ လူသုံးများသော ဓမ္မအဆောင်များထဲမှ တစ်ခုပင်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ချက်ချင်း မှတ်မိသွားခြင်း မရှိပါသော်လည်း ကြိမ်ဖန်များစွာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

” ဟိုကြိုးများ ဖြစ်နေမလားဟ ”

ဝမ်ပေါင်လဲ့မှာ ရှေ့သို့တိုး၍ အနီးကပ် ကြည့်ရှုစစ်ဆေးလိုက်၏။ ထိုအခါ ထိုကြိုးထဲတွင် သူ၏ ကိုယ်ပိုင်အမှတ်တံဆိပ် ရှိနေသည်ကို အာရုံခံမိလိုက်သဖြင့် မျက်လုံးများ မှေးသွားရတော့သည်။

” တကယ်ပဲကိုး…. ”
ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ ၎င်းမှာ လွန်ခဲ့သော လအနည်းငယ်ခန့်က သူ လက်နက်သဲကို အသုံးပြု၍ သန့်စင်ခဲ့ပြီးနောက် သူ ပစ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အစအန ရှာ၍မရအောင် ပျောက်ကွယ်သွားခဲ့သည် ကြိုးဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကြိုးအကြောင်းကို မေ့လုနီးပါးပင် ဖြစ်နေပြီဖြစ်သည်။ လအနည်းငယ်ခန့်ကြာပြီးမှ ၎င်းမှာ ပြန်ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

” ဒီကြိုးက တော်တော်လေးကို ဒုက္ခပေးနေတာပဲ…. ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ထိုကြိုးကို ပြန်လည်သိမ်းဆည်းလိုက်၏။ သူသည် နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ရောက်မှ ၎င်းအား ပြုပြင်ပြောင်းလဲမှုများ လုပ်ထားခြင်းရှိ၊မရှိ စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ ထိုကဲ့သို့ လုပ်ထားခြင်းမရှိပါက ထိုကြိုးမှာ အညံ့စားပစ္စည်းတစ်ခုသာ ဖြစ်နေဦးမည်ဖြစ်သည်။ ၎င်းမှာ ရန်သူ့ဆီသို့ ပစ်လွှတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ပျံတက်ကာ ပျောက်ကွယ်သွားမည်ဖြစ်ပြီး လအနည်းငယ်ကြာမှ ပြန်ပေါ်လာမည်ဖြစ်ရာ ထိုကဲ့သို့ ပြန်ပေါ်လာမည့် အချိန်တွင် အရာအားလုံးမှာ နောက်ကျနေလောက်ပြီ ဖြစ်သည်။

ထို့အပြင် လွန်ခဲ့သော လအနည်းငယ်အတွင်း ထိုကြိုးမှာ မည်သည့်နေရာများသို့ သွားခဲ့မည်ကိုလည်း ဝမ်ပေါင်လဲ့မှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်ပေ။

ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မြောနေရင်း ထိုကြိုးကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားလိုက်၏။ ထို့နောက် သူသည် အရည်ကျိုမီးဖိုဆီသို့ ချက်ချင်းပင်ပြေးသွားလိုက်သည်။ နာရီပေါင်းများစွာ လေ့လာဆန်းစစ်လိုက်ပြီးနောက် နောက်ဆုံးတွင် သူသည် အပြင်သို့ ပြန်ထွက်လာပြီး သက်းပြင်းအရှည်ကြီး ချလိုက်၏။ ထိုကြိုးမှာ အဖြေမရှိသော ပုစ္ဆာတစ်ခု ဖြစ်နေဆဲပင်။

သူသည် သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ထိုကြိုးပေါ်တွင် ရေးထွင်းထားသော ကမ္ဗည်းစာလုံးများမှာ လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို ကမ္ဗည်းစာလုံးများမှာ ဝှက်စာများကဲ့သို့ တစ်လုံးပေါ်တစ်လုံး ထပ်ကာ စုပြုံနေသောကြောင့် သူသည် ၎င်းတို့အား ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။

ထိုကြိုးအား သိမ်းဆည်းထားပြီး သူ ဓမ္မအဆောင်များနှင့် ပို၍ အကျွမ်းတဝင် ရှိလာသောအချိန်မှ ၎င်းအား ပြန်ထုတ်ကြည့်ရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိပေ။

” လောလောဆယ် ဒီကြိုးအကြောင်း မေ့ထားလိုက်တာပေါ့။ အခု ငါက ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာဖို့လိုအပ်တဲ့ အခြေခံသတ်မှတ်ချက်တွေနဲ့ ပြည့်မီသွားပြီဆိုတော့ နောက်တစ်ဆင့်က နတ်ဘုရားရတနာ သန့်စင်ခြင်း လုပ်ငန်းစဉ်နဲ့ ရင်းနှီးကျွမ်းဝင်လာအောင် လုပ်ပြီး အဆင့်တင်စာမေးပွဲအတွက် လိုအပ်တဲ့နတ်ဘုရားရတနာကို ပြင်ဆင်ရမှာပဲ ”

ဝမ်ပေါင်လဲ့မှာ ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထိုင်ချကာ ဓမ္မလက်နက်လမ်းညွှန်စာအုပ်ကို ဖွင့်လိုက်၏။ ထို စာအုပ်ထဲရှိ စာရင်းများကို ဖတ်ရှုရင်း နောက်ဆုံးတွင် သူ၏ အကြည့်မှာ နဂါးသွားဟု အမည်ရသော တတိယအဆင့် နတ်ဘုရားရတနာ တစ်ခုပေါ်သို့ ကျရောက်သွား၏။

တတိယအဆင့် နတ်ဘုရားရတနာများထဲတွင် နဂါးသွားမှာ ထိပ်တန်းအဆင့် ရတနာတစ်ခုဖြစ်သည်။ ၎င်းကို ဖန်တီးသန့်စင်ရန်မှာ ခဲယဉ်း၏။ ရေးထိုးရမည့် ကမ္ဗည်းစာလုံးများမှာ ရှုပ်ထွေးနေရုံသာမက ၎င်းအား ဖန်တီးရာ၌ အသုံးပြုရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာလည်း အလွန်ရှားပါး၏။ သတ္တုများနှင့် အဖိုးတန် ကျောက်တုံးများအပြင် သားရဲတိရစ္ဆာန်များဆီမှ သွား အမြောက်အမြားကိုလည်း လိုအပ်သေးသည်။

ဓမ္မလက်နက်လမ်းညွှန်စာအုပ်ထဲရှိ မှတ်စုတိုလေး တစ်ကြောင်းထဲတွင် သားရဲတိရစ္ဆာန်များ၏ သွားများကို များများ အသုံးပြုလေလေ ထိုနတ်ဘုရားရတနာ၏ အဆင့်မှာ ပို၍ ကောင်းမွန်လာလေလေ ဖြစ်မည်ဟု ရေးထား၏။ အကယ်၍ ပင်လယ်နက်ကြီးဆီသို့ သွားကာ ရှေးဦးဝိညာဥ်ခေတ်ရောက်မှ စတင်ပေါ်ထွက်လာခဲ့သော ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင် ဖြစ်သည့် ပင်လယ်နဂါးကြီးအား သတ်ဖြတ်၍ ၎င်း၏ သွားများကို ထုတ်ယူကာ ဖန်တီးရာ၌ အသုံးပြုလိုက်မည်ဆိုပါက နောက်ဆုံး ပေါ်ထွက်လာမည့် ရတနာမှာ ပဉ္စမအဆင့် နတ်ဘုရားရတနာကိုပင် ယှဉ်နိုင်စွမ်းရှိသည့် အစွမ်းမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ဆို၏။

ထိုပင်လယ်နဂါးကြီးထက် ပို၍ အစွမ်းထက်ကာ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများ၏ သွားများကို အသုံးပြုနိုင်လျှင်လည်း အတူတူပင် ဖြစ်သည်။ ထိုကဲ့သို့သော သွားများကို အသုံးပြုပါက ဤ နတ်ဘုရားရတနာ၏ အစွမ်းမှာ အဆပေါင်းများစွာ တိုးတက်သွားမည် ဖြစ်သည်။

ထို နတ်ဘုရားရတနာမှာ တောင်ဝှေးတစ်ချောင်းနှင့် တူ၏။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်စာလိပ်ထဲရှိ ထို နတ်ဘုရားရတနာ၏ ရုပ်ပုံကို ချီတုံချတုံနှင့် စိုက်ကြည့်နေ၏။ သူသည် ဝေခွဲမရ ဖြစ်နေခြင်းဖြစ်သည်။

သို့သော် လမ်းညွှန်စာအုပ်ထဲရှိ အခြားနတ်ဘုရားရတနာများကို လေ့လာကြည့်လိုက်ပြီးနောက် ထို နဂါးသွားကို ဖန်တီးသန့်စင်နိုင်မှသာ ချောချောမွေ့မွေ့ အဆင့်တက်နိုင်မည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သုံးသပ်လိုက်သည်။

” သားရဲကြီးတွေရဲ့ သွားတွေကို ဓမ္မလက်နက်အဆောင်မှာ ရောင်းပေမဲ့ အများကြီးမရှိသလို အမျိုးအစားကလည်း မစုံဘူး။ ပြီးတော့ ဒီ နဂါးသွားက အဓိကသွားတစ်ချောင်း လိုသေးတယ်…. အဲ့နေရာမှာ ဘယ်သွားကို သုံးရမလဲ ”
ဝမ်ပေါင်လဲ့မှာ တွေးတောလိုက်၏။ ထို့နောက် သူ၏ အတွေးထဲတွင် စိန်လူဝံကြီး သူ့အား ရက်စက်ကြမ်းကြုတ်စွာ သွားဖြဲပြနေသော ပုံရိပ်များ ချက်ချင်းဆိုသလိုပင် ပေါ်လာ၏။

” အဲဒီ မျောက်ရူးကြီးရဲ့ သွားတွေက တော်တော်ကို ဖွေးတာ။ ပြီးတော့ တော်တော်လေးလည်း ခိုင်ခံ့မယ့် ပုံပဲ။ ငါသာ သူ့ရဲ့ သွားတစ်ချောင်းလောက် ယူပြီးတော့ အဓိကသွားနေရာမှာ သုံးနိုင်မယ်ဆိုရင် ငါ့ရဲ့ နတ်ဘုရားရတနာက တော်တော်လေးကို အစွမ်းထက်လာမှာပဲ ”

ဝမ်ပေါင်လဲ့မှာ လောဘများ တက်လာပါသော်လည်း ထိုသို့ လုပ်နိုင်ရန်မှာ အင်မတန်မှ ခဲယဉ်းမည်ဖြစ်ကြောင်း နားလည်ထား၏။ ထို့နောက် အောင်မြင်နိုင်ပါ့မလားဟူသော အတွေးများကို ဘေးချိတ်လိုက်ရတော့သည်။ သူသည် ၎င်း၏ သွားတစ်ချောင်းကို အောင်မြင်စွာ ရယူနိုင်ခဲ့လျှင်တောင် ၎င်းအား လူသိရှင်ကြား ထုတ်သုံးရဲမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် နောင်တရသွားပြီး အခြားရွေးချယ်စရာများကို စဉ်းစားကြည့်လိုက်ရတော့သည်။

ဓမ္မလက်နက်အဆောင်တွင် သားရဲအချို့၏ သွားများ ဝယ်ယူရရှိနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကွန်ရက်ပေါ်တွင် မေးမြန်းကြည့်လိုက်ပြီးနောက် အဆင့်မြင့်ကျွန်းပေါ်ရှိ ကျောင်းသားများစွာထံမှ အဖြေများကို ပြန်လည်ရရှိလိုက်၏။ ထို ကျောင်းသားအများစုမှာ သိုင်းပညာအဆောင်မှ ဖြစ်ကြသည်။ သူတို့မှာ သားရဲများစွာ၏ သွားများကို ပိုင်ဆိုင်ထားကြ၏။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စုံစမ်းစစ်ဆေးကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် လက်ချောင်းကျိုး ဝံပုလွေတစ်ကောင်၏ သွားကို မျက်စိကျသွား၏။ ၎င်းကို သူ ဖန်တီးသန့်စင်မည်ဖြစ်‌သော နတ်ဘုရားရတနာ၏ အဓိကသွားအဖြစ် အသုံးပြုနိုင်ပေသည်။

လက်ချောင်းကျိုး ဝံပုလွေများမှာ အုပ်လိုက် လှည့်လည်ကျက်စားလေ့ရှိသော သားရဲများ ဖြစ်ကြသည်။ အရွယ်ရောက်ပြီးသား ဝံပုလွေတစ်ကောင်မှာ အာနာပါနဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်မှာပင် ရှိသော ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိ၏။ ၎င်းမှာ ရက်စက်ကြမ်းကြုတ်သလို ၎င်း၏ ပုံပန်းသွင်ပြင်မှာလည်း ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်း၏ ခန္ဓာကိုယ် အနှံ့အပြားတွင် လူ့လက်ချောင်းများနှင့် ဆင်တူသော အရိုးနုများ ပေါက်နေ၏။

လက်ချောင်းကျိုး ဝံပုလွေတစ်ကောင်ကို ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရမည်ဆိုပါက ခပ်လှမ်းလှမ်းမှ လှမ်းကြည့်လျှင်တောင် ကြက်သီးမွေးညင်းများ ထသွားရမည်ဖြစ်သည်။

၎င်း၏ သွားများမှာ သင်တုန်းဓားများကဲ့သို့ ချွန်ထက်နေပြီး အဆိပ်လည်း ရှိသည်။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကျောက်တုံး အမြောက်အမြား အသုံးပြုကာ ၎င်းတို့ကို ဝယ်ယူလိုက်သည်။ ၎င်းတို့အား စမ်းသပ်ပြီးသွားသောအခါ သူသည် အံ့ဩမှင်တက်သွားရ၏။ တချိန်တည်းမှာပင် ထိုသွားအား သူ့ နတ်ဘုရားရတနာ၏ အဓိကသွားအဖြစ် အသုံးပြုရန် ရွေးချယ်လိုက်ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ယုံကြည်သွား၏။

သို့သော် သူ အခြား သားရဲများ၏ သွားများကို ထပ်၍ မဝယ်ယူနိုင်ခင် သတင်းတစ်ခု အဆင့်မြင့်ကျွန်းတစ်ခုလုံးပေါ်တွင် တောမီးကဲ့သို့ ပျံ့နှံ့သွား၏။

” သားရဲလှိုင်းတစ်ခု လာနေပြီတဲ့။ သိပ်မကြာခင် တိုက်ခိုက်ဖို့အတွက် ငါတို့ကို ဆင့်ခေါ်လိမ့်မယ်လို့ထင်တယ် ”

” သောက် သားရဲကြီးတွေကွာ။ သူတို့က ဝိညာဉ်ချီတွေကို ငါတို့နဲ့ အပြိုင် လုယူပြီးတော့ ငါတို့ထက် တိုးတက်နှုန်း ပိုမြန်လို့ ငါတို့ကို နောက်ကောက်ချနိုင်စွမ်း ရှိနေတဲ့အပြင် နှစ်စဉ်နှစ်တိုင်း ငါတို့ရဲ့ နယ်မြေတွေကိုပါ လာပြီးတော့ ကျူးကျော်သေးတာ ”

” ဘာ ဂရုစိုက်နေစရာ လိုလို့လဲ။ သားရဲစစ်ပွဲကြီးတွေတုန်းက အနိုင်ရခဲ့တာ ငါတို့ပါကွ။ အဲ့နောက်ပိုင်း ပေါ်လာသမျှ သားရဲလှိုင်းတိုင်းထဲမှာရှိတဲ့ သားရဲတွေကိုလည်း ငါတို့က တစ်ကောင်မကျန် သတ်ဖြတ်ခဲ့တာပဲလေ ”

” နှစ်စဉ်နှစ်တိုင်း အကျအဆုံးတွေတော့ ရှိပေမဲ့ အဲ့ကနေ ပြန်လာတဲ့ စီနီယာအစ်ကိုကြီးတွေအားလုံးက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခံရတဲ့အပြင် တခြား အကျိုးကျေးဇူးတွေကိုပါ ရသေးတာ ”

ထိုသတင်းများမှာ ကျောင်းသားသစ်များအတွက်မူ အံ့အားသင့်စရာတစ်ခု ဖြစ်သည်။ သူတို့မှာ အဆင့်နိမ့်ကျွန်းတွင် ရှိခဲ့စဉ်တုန်းက ထိုကဲ့သို့သော သတင်းများကို အပြည့်အဝ ဖတ်ရှုခွင့် မရခဲ့ဘဲ အပေါ်ယံလောက်သာ ကြားသိခဲ့ရသည်။

ယခုတွင်မူ အဆင့်မြင့်ကျွန်းပေါ်သို့ ရောက်လာပြီဖြစ်ရာ သူတို့မှာ ကမ္ဘာကြီး၏ အလုပ်လုပ်ပုံနှင့် ကြောက်မက်ဖွယ်ရာ သားရဲကြီးများအကြောင်းကို သိရှိနားလည်လာကြပြီဖြစ်သည်။ ထိုသတင်းမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် ဝမ်ပေါင်လဲ့မှာလည်း ထိုအကြောင်းကို ကြားသိလိုက်ရ၏။ ထို့နောက် ဝိညာဉ်ကွန်ရက်ပေါ်တွင် ထိုကိစ္စနှင့် ပတ်သက်သည့် နောက်ထပ် သတင်းအချက်အလက်များစွာ မရပ်မနား ပေါ်ပေါက်လာကြပြန်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ဈေးဝယ်ထွက်မည့် အစီအစဉ်ကို ဘေးချိတ်လိုက်ပြီး မကြာခင်ရောက်လာတော့မည့် သားရဲလှိုင်းအပေါ် စိုက်လိုက်သည်။ ထို့နောက် သူသည် ထို သတင်းအချက်လက်များနှင့် ဝိညာဉ်ကွန်ရက်ပေါ်ရှိ အကြောင်းအရာအချို့ကို လှန်လှောဖတ်ရှုလိုက်ပြီးနောက် သူ သိထားပြီးသားအရာများကို သေချာသွားအောင် လုပ်လိုက်၏။ ပြည်ထောင်စုကြီးတွင် ဗိုလ်ချုပ်ကြီးခုနစ်ယောက်ခန့် ရှိသည်။ သားရဲစစ်ပွဲကြီးများတုန်းက ထို ဗိုလ်ချုပ်ကြီးခုနစ်ယောက်မှာ ပြည်ထောင်စုကြီး၏ နယ်နိမိတ်ကို ချဲ့ထွင်ကာ ကမ္ဘာဦးနယ်မြေများ၏ အနီးသို့ တဖြည်းဖြည်း တိုးလာခဲ့ပြီးနောက် နောက်ဆုံးတွင် ပထမအဆင့်ခံတပ်ခုနစ်ခုကို တည်ထောင်နိုင်ခဲ့၏။

ထို ပထမအဆင့်ခံတပ်တစ်ခုချင်းစီ၏ ပတ်ပတ်လည်တွင် ချဉ်းကပ်လာသော သာရဲကြီးများကို သတ်ဖြတ်နှိမ်နင်းသည့် ရာပေါင်းများစွာသော အသေးစားခံတပ်များ ရှိကြသည်။ ပြည်ထောင်စုကြီးထဲရှိ ခံတပ်များအတွက်မူ သားရဲလှိုင်းများ ပေါ်ပေါက်လာလေ့ရှိသော နွေဦးရာသီတိုင်းမှာ စစ်တိုက်ထွက်ရာ ရာသီတစ်ခုပင် ဖြစ်သည်။

ဂုဏ်အဆင့်အတန်းမြင့်မားသော တာအိုကျောင်းလေးကျောင်းမှာလည်း ထိုတာဝန်ကို ခွဲဝေထမ်းဆောင်ရ၏။ နှစ်စဉ်နှစ်တိုင်းတွင် သက်ဆိုင်ရာ အဆင့်မြင့်ကျွန်းပေါ်ရှိ ကျောင်းများမှာ ကျောင်းသားများစွာကို စေလွှတ်၍ ထို ခံတပ်ခုနစ်ခုနှင့် ပူးပေါင်းခိုင်းရ၏။ ထိုကျောင်းသားများမှာ စစ်တပ်လက်အောက်သို့ ရောက်သွားကြမည်ဖြစ်သည်။ ထိုကဲ့သို့ သားရဲများ နှိမ်နင်းရာ၌ ကူညီပေးခြင်းမှာလည်း ကျင့်ကြံခြင်းနည်းလမ်း တစ်မျိုးပင် ဖြစ်သည်။

သိုင်းပညာအဆောင်မှ ကျောင်းသားများမှာ သတ်ဖြတ်နှိမ်နင်းကြ၏။ မှော်ဆေးရည်အဆောင်မှ ကျောင်းသားများမှာ ဆေးကုသပေးကြ၏။ မန္တန်အစီအရင်အဆောင်မှ ကျောင်းသားများမှာ သူတို့၏ မန္တန်အစီအရင်များဖြင့် ကူညီထောက်ပံ့ပေးကြရ၏။ အခြားအဆောင်များမှ ကျောင်းသားများမှာလည်း သူတို့၏ ကိုယ်ပိုင် တာဝန်များကို ထမ်းဆောင်ပေးကြရ၏။ ဓမ္မလက်နက်အဆောင်မှ ကျောင်းသားများမှာမူ ပျက်စီးနေသော ဓမ္မအဆောင်များနှင့် အထူးသဖြင့် ခံတပ်ထဲရှိ စုပေါင်းနတ်ဘုရားရတနာများကို ပြုပြင်ထိန်းသိမ်းပေးရာ၌ တာဝန်ယူထားရသည်။

ထိုခံတပ်များဆီသို့ သွားမည့်လူတိုင်းမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရမည်သာ ဖြစ်သည်။ အကယ်၍ အသက်ရှင်လျက် ပြန်ရောက်လာမည်ဆိုလျှင် တာအိုကျောင်း၏ ချီးကျူးဂုဏ်ပြုခြင်းကို ခံရမည်ဖြစ်ပြီး ဆုလာဘ်များ ရရှိမည်ဖြစ်သည်။ ထို့အပြင် သူတို့၏ ပညာရေးမှတ်တမ်းများထဲမှာပင် မှတ်တမ်းတင်ပေးဦးမည် ဖြစ်သည်။ အနာဂတ်တွင် ပြည်ထောင်စုကြီးထဲရှိ ရာထူးတစ်ခုခုအား လျှောက်ထားရာ၌ ထိုမှတ်တမ်းများကို စွမ်းဆောင်မှုများအဖြစ် ထည့်သွင်းလျှောက်ထားနိုငမည် ဖြစ်သည်။

ထို သားရဲလှိုင်းနှင့် ပတ်သက်သည့် သတင်းများမှာ ဆက်လက်ပျံ့နှံ့နေဆဲပင်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တာအိုကျောင်းမှ သ၀ဏ်လွှာတစ်စောင်ကို လက်ခံရရှိလိုက်သည်။ သူသည် ချန်းယွီထုံနှင့်အတူ ပူးပေါင်းကာ သတ္တမမြောက် ပထမအဆင့်ခံတပ်ဆီသို့ သွားရမည် ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset