Switch Mode

အပိုင်း(၄၀)-သူမပိုင်ဆိုင်သောအရာနှင့် စားခြင်း၊အိပ်ခြင်း

ရှီမာယူယူဂူသို့ပြန်လာချိန်မှာ ဝူလင်းယူတရားထိုင်နေချိန်ဖြစ်သည်။ သို့သော် သူမဝင်လာသည်ကို ခံစားမိသည်နှင့် တရားထိုင်ခြင်းအားရပ်တန့်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။

“မင်းပြန်လာပြီလား ငါတို့ဘယ်ရောက်နေလဲဆိုတာ သိရပြီလား” ဝူလင်းယူ သူမအားမေးလိုက်သည်။

“ကျွန်တော်တို့ဘယ်ရောက်နေလဲဆိုတာ ခင်ဗျားမသိဘူးလား ခင်ဗျားကိုယ်ဘာသာ လာခဲ့တာမဟုတ်ဘူးလား” သူမ ပြန်တုန့်ပြန်လိုက်သည်။

“ငါတို့ ပူလွောင်တောင်တန်းရောက်နေတယ်ဆိုတာပဲသိတယ် ငါဒီကိုရောက်ပြီး တချို့အရာတွေနဲ့ ပက်ပင်းကြုံပြီး အခုတော့ဘယ်ရောက်နေလဲဆိုတာ မသိတော့ဘူး” သူပြန်ပြောလိုက်သည်။

“ကွျှန်တော်တို့က ပူလွောင်တောင်တန်းရဲ့ အတွင်းပိုင်းမှာပဲ” သူမပြောလိုက်သည်။ “ကျွန်တော်က ဖြတ်လမ်းဝင်္ကပက ပို့လိုက်လို့ ဒီရောက်လာတယ်ထားတော့ ခင်ဗျားက ဒီလိုအန္တရာယ်များတဲ့နေရာမှာ အသက်ရှင်ပြီး မထိမခိုက်ရှိနေတာပဲ ဝိညာဉ်သားရဲတွေရဲ့အစမဖြစ်ပဲ အသက်ရှင်နေတာ ခင်ဗျားကံကောင်းတယ်”

“ငါတို့ဖြစ်တော့မလိုပဲ” သူရေရွတ်လိုက်သည်။ “ကောင်းပြီ မင်းက ဒီမှာရောက်နေတာကြာပြီဆိုတော့ ဒီမှာ ဘယ်လိုလုပ်အသက်ရှင်နေလဲဆိုတာပြောပြဦး ဘာလို့ ဝိညာဉ်သားရဲတွေကမင်းကို ဒုက္ခမပေးကြတာလဲ သူတို့က လူသားတွေကိုဆိုရင် ရန်လိုတယ်လေ”

ရှီမာယူယူ တစ်ခဏတာမျှ လန့်သွားပြီး သူမဒီမှာ နေတာကြာပြီဖြစ်သည် သို့သော် ဝိညာဉ်သားရဲများနှင့် ပက်ပင်းမကြုံရသည်ကို တွေးဆလိုက်သည်။ အစတွင် ဝိညာဉ်သားရဲများ ဒီမှာနေခြင်းမရှိဟု သူမတွေးထင်ခဲ့သည်။ သို့သော် ရာဟွောင်ပြောပြသည်မှာ အနီးဝန်းကျင်တွင် ဝိညာဉ်သားရဲများရှိသည်။

ကြက်သွေးရောင်မီးတောက်တည်ရှိမှုသည် ဝိညာဉ်သားရဲ များအား ဟန့်တားစေသည်လား။

သူမ သိသည်မှာ ဒီကမ္ဘာတွင် ဝိညာဉ်သားရဲများသည် ရာထူးဂုဏ်အလိုက် လုံးဝ ကြည်ညိုလေးစားရသည်။ ဟိန်းသံလေး၏ တုန့်ပြန်မှုမှတစ်ဆင့် သူမ ကြက်သွေးရောင်မီးတောက်နှင့် စာချုပ်ချုပ်ဆိုချိန်တွင် သူမကျင့်ကြံခြင်းမှာ ရုတ်တရက် အဆင့်ကျော်လွှားသွားခြင်းကြောင့် သူ၏ သရုပ်မှန်မှာ ရိုးရှင်းခြင်းမဟုတ်ဟု တွေးထင်လိုက်သည်။ သူ့ ဖိအားပေးမှုကြောင့် အနီးဝန်းကျင်မှ ဝိညာဉ်သားရဲများသည် ကြောက်လန့်၍ ချောက်တစ်ခုတစ်လုံး ငြိမ်းချမ်းနေခြင်းဖြစ်ရမည်။

အဆင့်အမြင့်ဆုံးဝိညာဉ်သားရဲသည်ပင်လျှင် ကြောက်ရသည်ဆိုလျှင် သူမ စာချုပ်ချုပ်ဆိုလိုက်သော အရာသည် အလွန်ကြီးမားမြင့်မြတ်သော အရာများလား။

ရှီမာယူယူ လေးနက်စွာစဉ်းစားနေသည်ကို ဝူလင်းယူကြည့်၍ မေးလိုက်သည်။ “ဘာလို့လဲဆိုတာ မင်းသိလား”

“ကျွန်တော်က ဘယ်လိုသိမှာလဲ” သူမ ပုခုံးတွန့်လိုက်သည်။ “ကျွန်တော်က ကျော်ကြားတဲ့အမှိုက်ဆိုတာ မမေ့နဲ့လေ အဲလိုအရာကို ဘယ်လိုလုပ်သိမှာလဲ

“အဲဒီ ကောလဟလတွေက မယုံရဘူးလို့ မင်းပြောခဲ့တယ်မလား” သူ ပဟေဠိဆန်သော အပြုံး ပြုံးပြလိုက်သည်။

“ခင်ဗျားကြားတဲ့အရာကိုပဲ ပြောတာမလား ဆားနည်းနည်းလောက်ယူပေးနိုင်မလား” သူမ ဖြတ်ခနဲကြည့်လိုက်ကာ ညစာပြင်ဆင်ရန် အိုးအားထုတ်ယူလိုက်သည်။ သူရောက်နေမှတော့ သူမကျင့်ကြံရန်မဖြစ်နိုင်တော့ပေ တစ်ခုခုစားဖို့ ပြင်ဆင်တာမှ ကောင်းမည်။

“မင်းအခုလေးတင်စားထားတာမလား” ဝူလင်းယူ သူမအကြံအိုက်နေသည်ကို ကြည့်လိုက်သည်။

သူမ သူ့အားကြည့်ကာ ဖုံးဖုံးဖိဖိပြောလိုက်သည် “ခင်ဗျားနဲ့ ဟိန်းသံလေးအကုန်စားသွားတာလေ ညတောင်ရောက်တော့မယ် ညစာစားချိန်ရောက်ပြီလေ”

ပြောပြီးနောက် သူမလှည့်ပတ်ကြည့်လိုက်ကာ မှော်ဝင်လက်စွပ်အတွင်းသို့ အိုးကို ပြန်ထည့်လိုက်သည်။ သူမ ဟင်းချက်အသုံးအဆောင်များကို ယူကာ ဂူမှထွက်လာပြီး ညစာပြင်ဆင်တော့သည်။

ဝူလင်းယူ ထိုအကြောင်းများကို အနည်းငယ်စဉ်းစားပြီး အိပ်ရာမှဆင်းကာ သူမညစာပြင်ဆင်သည်ကို စောင့်ကြည့်ရန်ထွက်ခဲ့သည်။ အိုးထဲတွင် ရေအနည်းငယ်ရောထားသော ဆန်ထည့်ထားကာ မီးအေးအေးနှင့်တည်ထားသည်။ တစ်ဖက်တွင် သူမသည် ဟင်းလျာတချို့ကို ချက်ပြုတ်နေသည်။

“မင်း အိမ်မှာလည်းဒီလိုပဲလား” သူမေးလိုက်သည်။

သူမအမှိုက်ဆိုသော ဂုဏ်သတင်းကိုသာ သူကြားသည် ဟင်းချက်ရာတွင် အရည်အချင်းရှိသည်ကို မသိခဲ့ပေ။ သူမသည် ဟင်းလျာများကို ကျွမ်းကျင်သော ပုံစံဖြင့် သက်တောင့်သက်သာပင် ချက်ပြုတ်နေသည်။ သူမ ဟင်းချက်အရည်အချင်းသည် စားသောက်ဆိုင်များထက်ပင် သာနေဦးမည်။

“ဟုတ်တယ်” သူမ သူ့အား ခိုးကြောင်ခိုးဝှက်ကြည့်ကာ ဒီကမ္ဘာမှ ဆေးများနှင့် ပြဒါးရှင်လုံးများကို စိတ်တွင် တိတ်တဆိတ်ချီးကျူးမိသည်။ အရင်နေ့က ဗိုက်တွင် ကန့်လန်ဖြတ်ဒဏ်ရာရှိနေပြီး အခုတော့ ဘာမှမဖြစ်သိလိုပင် သူမနှင့်စကားပြောနေသည်လေ။ ဒီကမ္ဘာမှဆေးများသည် ရိုးရှင်းစွာပင် အံ့သြစရာကောင်းလှသည်။ သူမ အရင်လောကတွင်တော့ ထိုကဲ့သို့ဒဏ်ရာသည် သူအခုလိုပြန်ကောင်းသည့် အခြေအနေမျိုးရောက်ရန် အိပ်ရာထဲတွင် လအနည်းငယ်လောက် လှဲနေရဦးမည်ဖြစ်သည်။ အခုတော့ နာရီအနည်းငယ်အတွင်းတွင် သူအိပ်ရာပေါ်မှ ဆင်းနိုင်ပြီဖြစ်သည်။

ဝူလင်းယူသည် ဝင်ပေါက်နံရံကိုကျောပေးမှီကာ သူမချက်ပြုတ်နေသည်ကို တိတ်ဆိတ်စွာကြည့်နေသည်။

ရှီမာယူယူ အစားအစာများကိုချက်ပြုတ်ပြီးသည်နှင့် နှစ်ယောက်စာပြင်ဆင်ကာ စားပွဲပေါ်တွင် ခင်းကျင်းလိုက်သည်။ “ခင်ဗျားလို အားကောင်းတဲ့ကျင့်ကြံသူတွေက စားဖို့မလိုဘူးလေ ခင်ဗျားမစားချင်ရင် ဒီမှာပဲထားခဲ့လို့ရတယ်”

“ငါဗိုက်မဆာလည်း မင်းချက်တာကြည့်ပြီး ဒီဟင်းကို စားချင်စိတ်တွေပေါ်လာတယ် ငါစားကြည့်ချင်တယ်”

ငွေရောင်ဖြာသော လရောင်၊ တလက်လက်တောက်ပသော ကြယ်များခြုံလွှမ်းသောအောက်တွင် ရံဖန်ရံခါ ချောက်ကြားမှ ဝိညာဉ်သားရဲဟိန်းသံများ ပဲ့တင်ထပ်လာသောအသံနှင့်အတူ သူတို့နှစ်ယောက် လက်ဆုံစားလိုက်ကြသည်။

အနည်းငယ်နောက်ကျနေပြီဖြစ်၍ သူမ စွပ်ပြုတ်နှင့် ရိုးရှင်းသော ဟင်းလျာနှစ်မျိုးကိုသာ ချက်ပြုတ်လိုက်သည်။ ထိုကမ္ဘာမှ ဟင်းအရသာများသည် သာမာန်သာဖြစ်သည့်အပြင် အစားအစာတွင် စိတ်ဝင်စားမှုနည်းသောသူများသာရှိသည်။ ရိုးရှင်းသော ဟင်းလျာနှစ်မျိုးဖြစ်သော်လည်း သူဒုတိယမြောက် ပန်းကန်ကိုထပ်ထည့်လိုက်သည်။

သူမ စားပြီးသောအခါတွင် ပန်းကန်လုံးအားချကာ သူ့အားကြည့်လိုက်သည်။ “ခင်ဗျားပန်းကန်ဆေးလိုက်တော့ ကျွန်တော်သွားတော့မယ်”

“ငါ့ကို ပန်းကန်ဆေးခိုင်းနေတာလား” ဝူလင်းယူ နားကြားမှားနေသည်ဟု ထင်မိသည်။ ငယ်ရွယ်စဉ်ကပင် ထိုကဲ့သို့အစေအပါးအလုပ်ကို သူမလုပ်ခဲ့ရပေ ပြီးတော့ အခုလို နိမ့်ပါးသော နေရာမှာ၊ တစ်စုံတစ်ယောက်ကို ပုရွက်ဆိတ်တစ်ကောင်ကို ချေလိုက်သလိုလုပ်နိုင်သော သူ့အား ပန်းကန်ဆေးခိုင်းနေတာလား။

“ဒါပေါ့ ကျွန်တော်က စားစရာပြင်တယ်ဆိုတော့ ခင်ဗျားပန်းကန်ဆေးမှ မျှတမယ်လေ” သူမ မှန်ကန်သော အချက်ဖြစ်သလိုပင် ရိုးဖြောင့်စွာဖြေလိုက်သည်။

“ငါ မင်းရဲ့ အလုပ်ရှင်လိုဖြစ်နေတာ မမေ့နဲ့ ငါနဲ့ ပူးပေါင်းမယ်ဆိုရင် မင်းကို ဆုတောင်ပေးဦးမှာလေ” သူမအား ညင်သာသော သတိပေးသလိုနှင့် လှောင်လိုက်သည်။

“ခင်ဗျားပြောတော့ ကျွန်တော့်ကို တိုးတက်ရေးဆေးနှစ်လုံးပေးမယ်ဆို ဘာလို့ကတိကို ဖျက်ချင်နေတာလဲ ဆုတစ်ဝက်ကို အရင်ပေးထားရင် ဒီအလုပ်ခန့်အပ်မှုကို တရားဝင်သတ်မှတ်လို့ရတယ်” သူမ လက်ကိုဖြန့်လိုက်ကာ သူ့အား စိတ်အားထက်သန်စွာကြည့်လိုက်သည်။

တောက်ပနေသော လရောင်အောက်တွင် သူ့ရှေ့တွင်ရှိသော သေးငယ်သော ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်ကလေးအား ဝူလင်းယူကြည့်လိုက်သည်။ သူရုတ်တရက် ထိုလက်အားကိုင်ချင်သော ဆန္ဒဖြစ်လာသည်။ ထိုလက်အားကိုင်လျှင် ဖြစ်ပေါ်လာမည့်ခံစားချက်ကို သူသိချင်လာသည်။

သို့သော် ထိုအတွေးသည် ဖြတ်ခနဲပေါ်သော အတွေးပင်ဖြစ်သည်။ သူသည် မိန်းကလေးများဆွဲဆောင်၍မရသော မိန်းကလေးများအပေါ်တွင် လုံးဝစိတ်ဝင်စားမှုမရှိသော သူဖြစ်သည်။ သူ့ကိုယ်ပိုင်နေရာမှ ကျောက်စိမ်းပုလင်းအား အလျင်အမြန် ထုတ်ယူလိုက်ကာ သူမလက်ပေါ်တင်ပေးပြီး ဂူထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။

ရှီမာယူယူ ပုလင်းအဆို့ကို ဆွဲထုတ်လိုက်ရာ နူးညံ့သော မွှေးသော အနံ့အားရလိုက်သည်။

“ဝိညာဉ်လေး” သူမခေါ်လိုက်သည်။

“အဲဒါဘာလဲ”

“မင်းရဲ့ အရင်သခင်က အဂ္ဂိရတ်ဆရာဆိုတော့ ဆေးလုံးမျိုးစုံနဲ့မင်းရင်းနှီးမှာပဲ ဒီဆေးက ဘာဆေးလဲဆိုတာ မင်းပြောနိုင်မှာပဲ ဟုတ်တယ်မလား ဒီဆေးက တကယ် တိုးတက်ရေးဆေးလုံးလားဆိုတာ ခွဲခြားပြပါဦး”

ဝိညာဉ်လေးသည် သူမလက်ထဲမှ ကျောက်စိမ်းပုလင်းအား ယူ၍ကြည့်ကာ “ဟုတ်တယ် ပြီးတော့ ဒါက အဆင့်အမြင့်ဆုံး တိုးတက်ရေးဆေးပဲ”

“အဲဒါဆိုလည်းကောင်းတာပဲ” ဝိညာဉ်လေး အဖြေအားကြားသည်နှင့် သူမ ပြုံးသွားကာ ပျော်ရွှင်စွာ ပန်းကန်ဆေးတော့သည်။ ပန်းကန်ဆေးနေစဉ်အတွင်းပင် တီးသွားပင် ညည်းလိုက်သေးသည်။

ဝူလင်းယူအိပ်ရာပေါ်တွင် လှဲလျောင်း၍နားနေခိုက် သူ့အပေါ်တွင် အရိပ်တစ်ခုကျရောက်လာသည်ကို ခံစားမိလိုက်သည်။ သူမျက်လုံးဖွင့်ကာ အလန့်တကြားပြောလိုက်သည်။ “မင်းဘာလုပ်နေတာလဲ”

“ဟိုဘက်တိုး” ရှီမာယူယူ ခြေဟန်လက်ဟန်ပြလိုက်သည်။

“ဘာလို့လဲ”

“ကျွန်တော် အိပ်ချင်တယ်လေ ပြီးတော့ ခင်ဗျားက အိပ်ရာတစ်ခုလုံးကိုသိမ်းပိုက်ပြီး အိပ်ရာအလယ်မှာရောက်နေတာ ဟိုဘက်တိုး” ပြောရင်းနှင့်ပင် အစွန်းတွင်ထိုင်ကာ ဖိနပ်ချွတ်နေသည်။

“မတိုးဘူး” ဝူလင်းယူ လှုပ်ရုံမျှလှုပ်၍ ငြင်းလိုက်သည်။

“ဘာလို့လဲ” သူမ ရပ်လိုက်ကာ သူ့အား နားမလည်သလိုကြည့်လိုက်သည်။

“ကျွန်တော်လည်း သူများနဲ့အိပ်ရတာမကြိုက်ပါဘူး ဒါပေမယ့် ဒါက ကျွန်တော့်မှာရှိတဲ့ တစ်ခုတည်းသော အိပ်ရာပဲ ခင်ဗျားမှာရှိသေးလား”

“မရှိဘူး” သူပြန်ပြောသည်။

သူ့အတွက် အခြေခံလိုအပ်သောအရာများကို စီစဉ်ပေးပြီးပြီလေ ဒီလိုအသေးအဖွဲအရာတွေကို ဂရိုစိုက်ပေးဖို့မလိုတော့ဘူးလေ။ သူ့ရဲ့ မှော်ဝင်လက်စွပ်ထဲမှာ ဒီလို အိပ်ရာမျိုး ဘာလို့မရှိတာလဲ။

“အဲဒါမဖြစ်သင့်ဘူး” သူမ မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက တစ်ခုတည်းသော အိပ်ရာပဲ ကျွန်တော်တို့အတူမအိပ်ရင် ကျွန်တော်က ဘယ်မှာအိပ်ရမှာလဲ ဒါမှမဟုတ်ရင် ကျွန်တော့် အိပ်ရာကိုပြန်ပေး”

သူမ ဖိနပ်နောက်တစ်ဖက်ကို ချွတ်ကာ သူလုံးဝလှုပ်ရှားခြင်းမရှိသည်ကိုတွေ့သည်နှင့် သူ့အားတွန်းလိုက်သည်။

“ဝူလင်းယူ ဒါကငါ့အိပ်ရာပဲ” သူမ သူ့အားအော်လိုက်သည်။

“အခု ငါ့ဟာပဲ” သူ အသံနိမ့်ကာပြောလိုက်သည်။ သူမ သူ့အားထိသည်ကို မြင်သည်နှင့် မသိစိတ်မှ သူမ လက်အားပုတ်ထုတ်လိုက်သည်။

အလိုအလျောက်တုန့်ပြန်မှုတွင် ရှီမာယူယူ၏လက်သည် တောင့်သွားပြီး သူမလက်အား ဓားကဲ့သို့ အသွင်ယူကာ ဝူလင်းယူဆီသို့ ထိုးလိုက်တော့သည်။ ရိုးရှင်းသော တွန်းမှုမှ တိုက်ခိုက်ခြင်းသို့ အရှိန်မြှင့်သွားသည်။

သူမ လှုပ်ရှားမှုသည်မြန်သည် မှန်ကန်တိကျသည် ရက်စက်သည် သို့သော် ဝူလင်းယူ ကြောက်စိတ်မရှိပဲ လှဲလျောင်းနေရင်းပင် သူမလှုပ်ရှားမှုအား ထိန်းထားနိုင်သည်။ နောက်ဆုံးတွင် သူတို့တိုက်ခိုက်ခြင်းအားရပ်တန့်လိုက်သည်။

သူ့အား မနိုင်သည်ကို သူမတွေ့သည်နှင့် ရပ်လိုက်ကာ လက်နှစ်ဖက်ဖြင့်သူ့အပေါ်သို့ခုန်အုပ်လိုက်သည်။ သူမ သူနှင့်မျက်နှာချင်းဆိုင်သောအခါ သူ့မျက်နှာတစ်ခုလုံး မှောင်မိုက်နေသည်ကိုတွေ့ရလေသည်။ သူမ သူ့အားအော်လိုက်သည် “မင်းမှာ တစ်ခုခုကို စွဲလမ်းတဲ့စိတ်ရှိနေတာလား ဒါမှမဟုတ် ရူးနေတာလား ယောက်ျားနှစ်ယောက် တစ်အိပ်ရာထဲအတူတူအိပ်တာပဲလေ အဲဒါက ဒီလောက် ပြင်းထန်တဲ့ တုန်ပြန်မှုလိုလို့လား”

Comment

Leave a Reply

Options

not work with dark mode
Reset